Labour Rights Foundation LRF / MWSC
အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF) သည် ရွှေ့ပြောင်းအလုပ်သမားများ၏အခွင့်အရေး များကိုကာကွယ်မြှင့်တင်ပေးသည့်၊
အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
Labour Rights Foundation, LRF is a migrant worker-led organization that protects and promotes migrant workers’ rights by empowering migrant workers to be able to organize themselves, raise their voices, and engage in a meaningful social dialogue with the government, the employer, and other stakeholders. We also assist workers to get access to justice when their rights are violated.
10/06/2026
📢 အလုပ်ရှင်များ၊ လုပ်ငန်းခွင်များနှင့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများအား အသိပေးကြေညာချက်
ထိုင်းနိုင်ငံ အလုပ်အကိုင်ခန့်ထားရေးဦးစီးဌာန (Department of Employment) သည် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့ ကက်ဘိနက်အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် စာရွက်စာတမ်းများ ဆောင်ရွက်ထားသော်လည်း အထောက်အထား မပြည့်စုံသေးသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI) ကို သတ်မှတ်ကာလအတွင်း အမြန်ဆောင်ရွက်ကြရန် တိုက်တွန်းထားပါသည်။
📅 CI ပြုလုပ်ရန် နောက်ဆုံးသတ်မှတ်ရက် – ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၇ ရက်
CI ပြုလုပ်နိုင်သည့် စင်တာများမှာ -
📍 စမုတ်ဆာခွန်ခရိုင် (Samut Sakhon)
📍 စမုတ်ပရာကန်ခရိုင် (Samut Prakan)
📍 ဆူရတ်ဌာနီခရိုင် (Surat Thani)
📍 ချင်းမိုင်ခရိုင် (Chiang Mai)
ထို့အပြင်
📍 ချွန်ဘူရီခရိုင် (Chonburi) တွင် ဖွင့်လှစ်ထားသည့် Mobile Unit မှတစ်ဆင့်လည်း CI ဆောင်ရွက်နိုင်ပါသည်။
⚠️ သတ်မှတ်ထားသည့် ကာလအတွင်း CI မပြုလုပ်ပါက နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်ဆိုင်ရာ ပြဿနာများ ကြုံတွေ့ရနိုင်ပါသည်။
ထို့ကြောင့် သက်ဆိုင်ရာ အလုပ်ရှင်များနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အချိန်မီ ဆောင်ရွက်နိုင်ရန် အလုပ်ရှင်နှင့် ပူးပေါင်း၍ CI လုပ်ငန်းစဉ်များကို အမြန်ဆုံး ဆောင်ရွက်ကြပါရန် အသိပေးအပ်ပါသည်။
09/06/2026
Heading to Malaysia! 🎊🎉
2026 ခုနစ် ဇွန်လ 9ရက် နေ့တွင် အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း LRFနှင့် ရွေ့ပြောင်းအလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ MWSC မှ ကိုယ်စားလှယ် ၃ ဦးတို့သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့ နိုင်ငံတကာရွေ့ပြောင်းအလုပ်သမားအစုအဖွဲ့ များစုံညီ ပွဲတော် သို့တတ်ရောက်ရန်အတွက် ထိုင်းနိုင်ငံမှ မလေးရှားနိုင်ငံသို့စတင်ထွက်ခွာရန်အတွက် သုဝဏ္ဏဘူမိ လေဆိပ်သို့ရောက်ရှိပါပြီ😍😍😍
ရွေ့ပြောင်းအလုပ်သမား များ လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရပါက လူကိုယ်တိုင်သော်လည်းကောင်း Chat Boxမှ သော်လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ပါသည်။
ဆက်သွယ်ရန်
မဟာချိုင် ရုံး 0948835552
အမှတ် 93/259 မဟာချိုင်ရပ်ကွက်၊ဝေလ 9လမ်း၊ ထစိုင်းရပ်ကွက်၊စာမူစာခွန်မြို့နယ်၊စာမူစာခွန်ခရိုင်။
ဟတ်ရိုင်ရုံး 0627563837
103/22လမ်း၊12လမ်း၊နန်းစဌာနီလော့ထိုင်(ရထားဘူတာရှေ့) ဟတ်ရိုင်မြို့၊စုန်ခလာခရိုင်။
Mailto:[email protected]
Website: www.lrfmwsc.org
#ရွှေ့ပြောင်းအလုပ်သမားများအတွက်
04/06/2026
ထိုင်းနိုင်ငံ၏ စီးပွားရေးကဏ္ဍများဖြစ်သော ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှုနှင့် ပင်လယ်စာလုပ်ငန်းများတွင် မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများမှ ရွှေ့ပြောင်း အလုပ်သမားများ သည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ သို့သော် Mahidol University နှင့် Baan Dek Foundation တို့၏ လေ့လာမှုအရ ရွှေ့ပြောင်း အလုပ်သမား အများစုသည်လုပ်ငန်းခွင်အမြတ်ထုတ်မှု၊ လုပ်ခလစာနည်းပါးမှု၊ အလုပ်အကိုင် မတည် ငြိမ်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုရရှိရန် အခက်အခဲများ ကို ရင်ဆိုင် နေရဆဲဖြစ်ကြောင်းတွေ့ရှိထားသည်။
ရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်း GDP ၏ ၄.၃ မှ ၆.၆ ရာခိုင်နှုန်းအထိ အထောက်အကူပြု နေ သော်လည်း ၎င်းတို့ကို ရေရှည်လူမှုအသိုင်းအဝိုင်း၏ အစိတ်အပိုင်းအဖြစ်မမြင်ဘဲယာယီအလုပ်သမား များအဖြစ်သာ ဆက်လက်သဘောထားနေကြောင်း သုတေသီများက ထောက်ပြထား သည်။ ထို့ကြောင့် အလုပ်သမားအခွင့်အရေး ကာကွယ်ရေး၊ မှတ်ပုံတင်စနစ် ရိုးရှင်းလွယ်ကူစေရန်နှင့် အခြေခံဝန် ဆောင်မှုများ ပိုမိုရရှိနိုင်ရေးအတွက် ပြုပြင်ပြောင်းလဲမှုများ လိုအပ်နေကြောင်း အစီရင်ခံစာ က ဖော်ပြ ထားသည်။
အသေးစိတ်ဖတ်ရှုလိုပါက ကောမန့်တွင်ပေးထားသည့် လင့်မှတစ်ဆင့် သွားရောက် ဖတ်ရှုနိုင်ပါသည်။ သို့မဟုတ် မဟာချိုင် ဝေလ ၉လမ်း LRF/MWSC ရုံးတွင် လာရောက်မေးမြန်းနိုင်ပါသည်။
**အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF)** သည် ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်မြှင့်တင်ပေးသည့် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ **ရွှေ့ပြောင်းအလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ – MWSC** နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိ သည်။
သင့်အခွင့်အရေးများ ချိုးဖောက်ခံရပါက လူကိုယ်တိုင် သော်လည်းကောင်း၊ Chat Box မှ သော်လည်းကောင်း ဆက်သွယ် တိုင်ကြားနိုင်ပါသည်။
ဆက်သွယ်ရန်
**မဟာချိုင်ရုံး**
၀၉ ၄၈၈ ၃၅၅ ၅၂
အမှတ် ၉၃၊ ၂၅၉ မဟာချိုင်ရပ်ကွက်၊ ဝေလ ၉ လမ်း၊ ထစိုင်းရပ်ကွက်၊ စမူစာခွန်မြို့နယ်၊ စမူစာခွန်ခရိုင်။
**ဟတ်ယိုင်ရုံး**
၀၆ ၂၇၅ ၆၃၈ ၃၇
၁၀၃/၂၂ လမ်း၊ ၁၂ လမ်း၊ နန်းစဌာနီလော့ထိုင် (ရထားဘူတာရှေ့) ဟတ်ယိုင်မြို့၊ စုန်ခလာခရိုင်။
[[email protected]](mailto:[email protected])
Website: [www.lrfmwsc.org](http://www.lrfmwsc.org)
TikTok: .rights.fou
▶︎ YouTube: Labour Rights Foundation
05/05/2026
ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနသည် နိုင်ငံတစ်ဝန်းရှိ နိုင်ငံခြားသား အလုပ်သမားအား စစ်ဆေးမှု တင်းကျပ် မည့် "အထူးစစ်ဆေးမှုစီမံချက် (Blanket Inspections)” ကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် တရားဝင်အမိန့်ထုတ်ပြန်ထားကြောင်း သတင်းများမှာဖော်ပြထားပါတယ်။
ခွင့်ပြုမိန့်မရှိဘဲဖြစ်စေ၊ခွင့်ပြုထားသောလုပ်ငန်းတာဝန်များထက်ကျော်လွန်၍ဖြစ်စေ လုပ်ကိုင်နေသည့် မည်သည့် နိုင်ငံခြားသားအလုပ်သမားမဆို ဥပဒေကြောင်းအရ အရေးယူမှုရင်ဆိုင်ရမည်ဟု သတိပေးခဲ့ သည်။
အသေးစိတ်ဖတ်ရှုလိုပါက ကောမန့်တွင်ပေးထားသည့် လင့်မှတစ်ဆင့် သွားရောက် ဖတ်ရှုနိုင်ပါသည်။ သို့မဟုတ် မဟာချိုင် ဝေလ ၉လမ်း LRF/MWSC ရုံးတွင် လာရောက်မေးမြန်းနိုင်ပါသည်။
**အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF)** သည် ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်မြှင့်တင်ပေးသည့် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ **ရွှေ့ပြောင်းအလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ – MWSC** နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ သည်။
သင့်အခွင့်အရေးများ ချိုးဖောက်ခံရပါက လူကိုယ်တိုင် သော်လည်းကောင်း၊ Chat Box မှ သော် လည်းကောင်း ဆက်သွယ် တိုင်ကြားနိုင်ပါသည်။
ဆက်သွယ်ရန်
**မဟာချိုင်ရုံး**
၀၉ ၄၈၈ ၃၅၅ ၅၂
အမှတ် ၉၃၊ ၂၅၉ မဟာချိုင်ရပ်ကွက်၊ ဝေလ ၉ လမ်း၊ ထစိုင်းရပ်ကွက်၊ စမူစာခွန်မြို့နယ်၊ စမူစာခွန်ခရိုင်။
**ဟတ်ယိုင်ရုံး**
၀၆ ၂၇၅ ၆၃၈ ၃၇
၁၀၃/၂၂ လမ်း၊ ၁၂ လမ်း၊ နန်းစဌာနီလော့ထိုင် (ရထားဘူတာရှေ့) ဟတ်ယိုင်မြို့၊ စုန်ခလာခရိုင်။
[[email protected]](mailto:[email protected])
Website: [www.lrfmwsc.org](http://www.lrfmwsc.org)
TikTok: .rights.fou
▶︎ YouTube: Labour Rights Foundation
04/05/2026
Extended Deadline for Application of the Position
WE ARE HIRING!
Director
Labour Rights Foundation, Thailand is seeking a visionary and committed leader to serve as a Director and leads the organisation’s mission to empower workers and ensure labour rights promoting and protections in Thailand and sending countries with strategic and operational leadership.
Location: Samut Sakhon, Thailand (Full-time)
Deadline for application extended to 15 May 2026
More information about of the position , please see in the comment
27/04/2026
၂၀၂၆ ခုနှစ် ၊ မေလ ၁ ရက်နေ့ (သောကြာနေ့ )တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား နေ့အထိမ်းအမှတ် ချီတတ်ပွဲကို ဘန်ကောက်တွင် ကျင်းပမည်ဖြစ်ရာ ပူးပေါင်း ပါဝင်ကြပါ ရန် လေးစား စွာ ဖိတ်ကြားအပ်ပါသည်။
**အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF)** သည် ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်မြှင့်တင်ပေးသည့် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ **ရွှေ့ပြောင်းအလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ – MWSC** နှင့် ပူးပေါင်း ဆောင်ရွက် လျက်ရှိသည်။
သင့်အခွင့်အရေးများ ချိုးဖောက်ခံရပါက လူကိုယ်တိုင် သော်လည်းကောင်း၊ Chat Box မှ သော်လည်းကောင်း ဆက်သွယ် တိုင်ကြားနိုင်ပါသည်။
ဆက်သွယ်ရန်
**မဟာချိုင်ရုံး**
၀၉ ၄၈၈ ၃၅၅ ၅၂
အမှတ် ၉၃၊ ၂၅၉ မဟာချိုင်ရပ်ကွက်၊ ဝေလ ၉ လမ်း၊ ထစိုင်းရပ်ကွက်၊ စမူစာခွန်မြို့နယ်၊ စမူစာခွန်ခရိုင်။
**ဟတ်ယိုင်ရုံး**
၀၆ ၂၇၅ ၆၃၈ ၃၇
၁၀၃/၂၂ လမ်း၊ ၁၂ လမ်း၊ နန်းစဌာနီလော့ထိုင် (ရထားဘူတာရှေ့) ဟတ်ယိုင်မြို့၊ စုန်ခလာခရိုင်။
[[email protected]](mailto:[email protected])
Website: [www.lrfmwsc.org](http://www.lrfmwsc.org)
TikTok: .rights.fou
YouTube: Labour Rights Foundation
26/04/2026
📣 အလုပ်သမား အခွင့်အရေးဖောင်ဒေးရှင်း (LRF) နှင့် အလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ (MWSC) တို့ပူးပေါင်းဖွင့်လှစ်သည့် ထိုင်းစာနှင့် ထိုင်းစကားသင်တန်း (အပတ်စဉ် ၈) အတွက် သင်တန်းသားများခေါ်ယူနေပါပြီ။
ထိုင်းစာ၊ ထိုင်းစကား အခမဲ့ သင်တန်းသည် MWSC အဖွဲ့သားများအတွက် အကျိုးခံစားခွင့်ဖြစ်သည်။ အဖွဲ့ဝင်လိုသူများအနေဖြင့် နီးစပ်ရာ အဖွဲ့ဝင်များကို မေးမြန်း၍ဖြစ်စေ ရုံးတွင်ဖြစ်စေ ဖောင်လာဖြည့်ပြီး လျှောက်ထားနိုင်ပါသည်။
📌သင်တန်းစတင်မည့်ရက် - ၃-၅-၂၀၂၆ ၊ တနင်္ဂနွေနေ့။
📌သင်တန်းကာလ - ၃ လ
📌ဒီနေ့မှစ စတင်လက်ခံနေပါပြီ၊၊
မှတ်ချက် သင်တန်းတက်ရောက်မည့်ကျောင်းသားများ Post ကို Like&Share လုပ်ထားရမည်၊၊
သင်ကြားသူ - ဆရာမ Siriwan Somsri နှင့် ဆရာမ นางสาวคุณานนต์ ศรีงาม
(ครูนา) တို့မှသင်ကြားပေးမည်၊၊
ဆရာမ Siriwan သည် စာမူစာခွန် ကွန်မြူနတီ ကောလိပ်တွင် ထိုင်းနှင့် မြန်မာဘာသာကို သင်ကြားနေပြီး မဟာစာရခန် တက္ကသိုလ်တွင် မြန်မာဘာသာအထူးပြုဖြင့် ပညာသင်ကြားခဲ့သူဖြစ်သည်။
ဆရာမ นางสาวคุณานนต์ ศรีงาม(ครูนา)သည် ဝပ်စရိမိုခွန် ထိုင်းအစိုးရကျောင်းတွင် သင်ကြားနေသူဖြစ်သည်၊၊
🎯ဆက်သွယ်ရန်
မဟာချိုင်ရုံး
☎ ၀၉၄ ၈၈၃ ၅၅၅၂၊ ၀၆၅ ၄၃၀ ၂၂၄၁
🏠 ဝေလ ၉လမ်းထိပ်၊ အမှတ် ၉၃၊၂၅၉ မဟာချိုင်ရပ်ကွက်၊ ထစိုင်းရပ်ကွက်၊
စမူစာခွန် မြို့နယ်၊ စမူစာခွန် ခရိုင်။
📩 LRF/MWSC ဖေ့စ်ဘုတ်မှ တဆင့် စာပို့၍လည်း မေးမြန်းနိုင်ပါသည်။
📩 [email protected]
TikTok: .rights.fou
YouTube: https://www.youtube.com/
22/04/2026
"လူမှုဖူလုံရေးအကျိုးခံစားခွင့် ထုတ်ယူရန် အကူအညီပေးခြင်း"
===================================
📌 22/04/2026 နေ့တွင် အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း-LRF ဆုန်ခလာခရိုင်ရုံး တာဝန်ခံများသည် ထိုင်းတောင်ပိုင်း နာလာထီဝခရိုင် စငိုင်ကိုလော့နယ်မြေရှိ လုပ်သက် ၁၃နှစ်ရှိ မြန်မာ ဆောက်လုပ်ရေးသမားတစ်ဦးက သက်ကြီးပင်စင်ငွေထုတ်ရန်အတွက် အကူအညီတောင်းခံလာသဖြင့် ဟတ်ယိုင်မြို့ လူမှုဖူလုံရေး (ပါကန်စမ်ခွမ်) ရုံးတွင် အလုပ်သမား၏ သက်ကြီးပင်စင်ငွေအကျိုးခံစားခွင့်အရ 55,593 ဘတ်ကို ရရှိအောင် ကူညီထုတ်ယူပေးခဲ့ပါသည်။
---
🔗 **ရွှေ့ပြောင်းအလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ (MWSC)သည်ရွှေ့ပြောင်းအလုပ်သမားများ၏အခွင့်အရေးများကိုကာကွယ်မြှင့်တင်ပေးသည့်၊ရွှေ့ပြောင်းအလုပ်သမားများဦးဆောင်သောအဖွဲ့အစည်းတစ်ခုဖြစ်ပြီး အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း(LRF)နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။**
📨 သင့်အခွင့်အရေးများ ချိုးဖောက်ခံရပါက လူကိုယ်တိုင် သော်လည်းကောင်း၊ Chat Box မှ သော်လည်းကောင်း ဆက်သွယ် တိုင်ကြားနိုင်ပါသည်။
📌 ဆက်သွယ်ရန်
**မဟာချိုင်ရုံး**
📞 ၀၉ ၄၈၈ ၃၅၅ ၅၂
📬 အမှတ် ၉၃၊ ၂၅၉ မဟာချိုင်ရပ်ကွက်၊ ဝေလ ၉ လမ်း၊ ထစိုင်းရပ်ကွက်၊ စမူစာခွန်မြို့နယ်၊ စမူစာခွန်ခရိုင်။
**ဟတ်ယိုင်ရုံး**
📞 ၀၆ ၂၇၅ ၆၃၈ ၃၇
📬 ၁၀၃/၂၂ လမ်း၊ ၁၂ လမ်း၊ နန်းစဌာနီလော့ထိုင် (ရထားဘူတာရှေ့) ဟတ်ယိုင်မြို့၊ စုန်ခလာခရိုင်။
#အလုပ်သမားအခွင့်အရေး
#ပကန်စမ်ခွမ်
09/02/2026
နောက်ဆုံးလျှောက်ထားရက်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်အထိ တိုးမြှင့်ထားပါသည်။
------------------------------------------------------------------------------
အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF) မှ ဒါရိုက်တာရာထူးအတွက် အလုပ်အကိုင် ခေါ်ယူနေ ပါသည်။
အသေးစိတ်အချက်အလက်များအတွက် အောက်ပါ လင့်မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.lrfmwsc.org/about/careers
**အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF)** သည် ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်မြှင့်တင်ပေးသည့် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ **ရွှေ့ပြောင်းအလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ – MWSC** နှင့် ပူးပေါင်း ဆောင်ရွက် လျက် ရှိ သည်။
သင့်အခွင့်အရေးများ ချိုးဖောက်ခံရပါက လူကိုယ်တိုင် သော်လည်းကောင်း၊ Chat Box မှ သော်လည်းကောင်း ဆက်သွယ် တိုင်ကြားနိုင်ပါသည်။
ဆက်သွယ်ရန်
**မဟာချိုင်ရုံး**
၀၉ ၄၈၈ ၃၅၅ ၅၂
အမှတ် ၉၃၊ ၂၅၉ မဟာချိုင်ရပ်ကွက်၊ ဝေလ ၉ လမ်း၊ ထစိုင်းရပ်ကွက်၊ စမူစာခွန်မြို့နယ်၊ စမူစာခွန်ခရိုင်။
**ဟတ်ယိုင်ရုံး**
၀၆ ၂၇၅ ၆၃၈ ၃၇
၁၀၃/၂၂ လမ်း၊ ၁၂ လမ်း၊ နန်းစဌာနီလော့ထိုင် (ရထားဘူတာရှေ့) ဟတ်ယိုင်မြို့၊ စုန်ခလာခရိုင်။
Mailto: [email protected]
Website: [www.lrfmwsc.org](http://www.lrfmwsc.org)
TikTok: .rights.fou
YouTube: Labour Rights Foundation
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Samut Sakhon
74000
เวลาทำการ
| จันทร์ | 09:00 - 18:00 |
| อังคาร | 09:00 - 18:00 |
| พุธ | 09:00 - 18:00 |
| พฤหัสบดี | 09:00 - 18:00 |
| อาทิตย์ | 09:00 - 18:00 |