Chit Thu
သိချင်းချစ်သူ
09/02/2025
ယောက်ျားတိုင်း လိုချင်နေတဲ့
မိန်းမ ဖြစ်အောင် မနေပါနဲ့
ယောက်ျားတိုင်း မရနိုင်တဲ့
မိန်းမ ဖြစ်အောင်နေ..
ယောက်ျားတိုင်းလွယ်လွယ်ရတဲ့
မိန်းမဖြစ်အောင်မနေပါနဲ့..
ယောက်ျားတိုင်းလွယ်လွယ်မရနိုင်တဲ့မိန်းမဖြစ်အောင်ကြိုးစားပါ..
ပျော့ညံ့နေတဲ့မိန်းမဖြစ်အောင်မနေပါနဲ့..
စိတ်ဓာတ်မာကျော့တဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ..
မပြတ်သားတဲ့မိန်းမ ဖြစ်အောင်မနေပါနဲ့
ဆုံးဖြတ်ချက်ချပြီးနောက်လှည့်မကြည့်တတ်တဲ့မိန်းမဖြစ်အောင်ကြိုးစားပါ..
အရာရာအရှုံးပေးတတ်တဲ့မိန်းမဖြစ်အောင်မနေပါနဲ့အရှုံးတွေထဲ့ကသင်ခန်းစာယူပြီးဘဝခရီးဆက်နိုင်တဲ့မိန်းဖြစ်အောင်နေထိုင်ပါ..
မျက်ရည်လွယ်တဲ့ မိန်းမတစ်ယောက်ဖြစ်အောင်မနေပါနဲ့..မျက်ရည်ကျတိုင်းကိုယ်မျက်ရည်ကိုယ်သုတ်ပြီးပြုံးနိုင်တဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ
အချစ်တွေအလွမ်းတွေနဲ့အချိန်ကုန်နေတဲ့မိန်းမဖြစ်အောင်မနေပါနဲ့..အချစ်ဆိုတာမရှိမဖြစ်မဟုတ်ဘူးဆိုတဲ့စိတ်ဓာတ်နေထိုင်အောင်ကြိုးစားပါ..
အိမ်နောက်ဖေးမှာဘဝကုန်ဆုံးတော့မယ်မိန်းမတစ်ယောက်ဖြစ်အောင်မနေပါနဲ့နဲ့အိမ်ဦးခန်းမှာအိမ်ထောင်ဦးစီးကိုလမ်းပြနိုင်တဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုး
စားပါ..
အသိဥာဏ်မဲ့တဲ့မိန်းမတစ်ယောက်
ဖြစ်အောင်မနေထိုင်ပါနဲ့..အသိဥာဏ်ကြွယ်တဲ့မိန်းမတစ်ယောက်ဖြစ်အောင်
ကြိုးစားပါ...
တန်ဖိုးမဲ့မိန်းမတစ်ယောက်
ဖြစ်အောင်မနေထိုင်ပါနဲ့တန်ဖိုးကြီးတဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ
အနာဂတ်အမေဖြစ်လာမယ့်
မိန်းမတွေ ထက်မြက်ဖို့လို့ပါတယ်..
09/02/2025
ခဏလောက် ဖတ်ကြည့်ပါလား...
တစ်ခြားသူတွေကိုသာ လိမ်လို့ ရချင်ရမယ်
ကိုယ့်စိတ်ကိုတော့ လိမ်မရဘူး...
ဟန်ဆောင်ခြင်းက ပင်ပန်းမှုကို
ဖြစ်စေတယ်...
နေသားကျလာတဲ့ ဟန်ဆောင်ခြင်းက
လူရဲ့ပါဝါတွေကို တဖြည်းဖြည်းတိုက်စား
စိတ်ဓာတ်တွေ ခြောက်ခြားလာမှ
နောင်တတွေ မရမိပါစေနဲ့....
အကြိုက်မို့ ကောင်းတာ မဟုတ်ဘဲ
အကောင်းကို ကြိုက်တတ်မှ
ဘဝရဲ့အလှဆိုတာ ရှာစရာမလိုပဲတွေ့ရမှာ....
ကိုယ်ချင်းစာတယ်ဆိုတဲ့စကားက
ပါးစပ်ဖျားမှာ ထားရမှာ မဟုတ်ဘူး...
နှလုံးသားနဲ့ ခံစားပြီးမှ ပြောသင့်တယ်...
ကျေးဇူးပါ လို့ ခပ်ပေါ့ပေါ့လေးပြောပြီး
အပြုံးတုတွေ လာပေးနေတဲ့ မျက်နှာတချို့ကိုကြည့်ရင်း
ကျေးဇူးရဲ့ အဓိပ္ပာယ်ကို သူတို့သိပါ့မလား
တွေးမိတယ်....
အခွင့်အရေးကို လက်တဆုံးနှိုက်ပြီးမှ
အားနာပါတယ်ဆိုတဲ့ စကားက
စော်ကားသလို ဖြစ်မနေဘူးလား
တချက်လောက်တော့
စဉ်းစားကြည့်စေချင်တယ်...
စေတနာကောင်းဆိုတာ လူတိုင်းခံစားခွင့်ရှိတယ်
ဒါပေမယ့်....
တန်ဖိုးဖြတ်ခွင့်တော့ မရှိဘူး....
စော်ကားခွင့်လဲ မရှိဘူး...
သူကိုချစ်နေမိကြောင့်
ပြောပြပေးပါလား
မင်္ဂလာပါ
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Rangsit
12000