SI THU LWIN
ကြိုးစားနေပါတယ်
21/06/2023
ပူလောင်ခြင်း ကင်းလိုလျှင်
********************
ဖတ်ကြည့်နော်…
#ဘဝဆိုတာ…
တွေ့ကြ ဆုံကြ ခဏလေးပါ။
#အချိန်တန်ရင်…
သူ့လမ်း သူသွား
ကိုယ့်လမ်း ကိုယ်လျှောက်ကြရမှာပါ။
#လမ်းခွဲရလို့လည်း
ဝမ်းမနည်းပါနဲ့။
#ဝေးသွားတော့လည်း
တမ်းတမနေပါနဲ့။
#ခွဲခွါသွားရတော့လည်း
ပူဆွေးမနေပါနဲ့။
#ကိုယ်က မထားခဲ့ရင်တောင်
သူက ထားခဲ့မှာပါ။
#သူက မထားခဲ့ရင်တောင်
ကိုယ်က ထားသွားရမှာပါ။
#ဒါကြောင့်…
ဖြစ်နေတဲ့ လူ့ဘဝလေးမှာ
ရနေတဲ့ အချိန်လေးကိုတော့
သူတစ်ပါးအတွက်လည်း
စိတ်ဆင်းရဲ မခံပါနဲ့။
ကိုယ့်ကိုယ်ကိုလည်း စိတ်ညစ်မခံပါနဲ့။
#ဘာပဲဖြစ်ဖြစ်
အချိန်တန်ရင် ပြီးသွားမှာပါ
မေ့သွားမှာပါ ဆိုတဲ့
အတွေးမျိုးနဲ့ နေလိုက်မယ်ဆိုရင်
ဘဝရဲ့ ပူလောင်မှုတွေဟာ
အေးချမ်းခြင်း တစ်ဖက်ဆီသို့
ကူးပြောင်းသွားမှာ အမှန်ပါပဲ။
21/06/2023
အိမ်🧡
အချစ်အပြစ် ၂၁
21/10/2022
😍
08/05/2023