Jimmy Tube
Travel with me! blog
Jungle Party ရဲ့ တောနက်ထဲက စည်းချက်တွေကနေ... နောက်တစ်ရက်မှာ သူငယ်ချင်းတွေနဲ့အတူ ဆုံခဲ့တဲ့ ကမ္ဘာကျော် Full Moon Party အထိ! 🌕🔥 ၂ ညဆက်တိုက် Koh Phangan ရဲ့ အလန်းဆုံး Vibes တွေကို Jimmy Tube မှာ အတူတူ ခံစားကြည့်လိုက်ရအောင်။
🌕 Full Moon Party
"ကမ္ဘာကျော် သဲသောင်ပြင် ကခုန်ပွဲတော်ကြီး"
Koh Phangan ရဲ့ အထင်ကရအဖြစ်ဆုံးပွဲကတော့ Haad Rin (ဟတ်ရင်း) ကမ်းခြေမှာ လပြည့်ညတိုင်း ကျင်းပတဲ့ Full Moon Party ပါပဲ။
Vibe: လူပေါင်းသောင်းနဲ့ချီပြီး ကမ်းခြေတစ်ခုလုံး နီယွန်ဆေးရောင်တွေ၊ မီးရှူးမီးပန်းတွေနဲ့ အရမ်းစည်ကားတာပါ။ EDM, Hip-Hop, House နဲ့ Reggae စတဲ့ music zone ပေါင်းစုံရှိပါတယ်။
Highlights: နာမည်ကြီး "Bucket" အရက်ကော့တေးများ၊ မီးကစားပြပွဲ (Fire Shows) နဲ့ မိုးလင်းတဲ့အထိ ကမ်းခြေမှာ လွတ်လပ်စွာကခုန်နိုင်တဲ့ ပျော်ရွှင်မှုတွေ ရနိုင်ပါတယ်။
ဘယ်သူတွေအတွက်လဲ: လူအများကြီးနဲ့ ပျော်ရွှင်ရတာကြိုက်တဲ့သူတွေ၊ ကမ္ဘာအရပ်ရပ်က ခရီးသွားသစ်တွေနဲ့ မိတ်ဖွဲ့ချင်သူတွေအတွက် အသင့်တော်ဆုံးပါ။
🌴 Jungle Party
"တောနက်ထဲက လျှို့ဝှက်ဆန်းကြယ် ဂီတည"
Full Moon Party မတိုင်ခင် တစ်ရက်အလိုမှာ ကျင်းပလေ့ရှိတဲ့ ဒီပွဲကတော့ Ban Tai တောအုပ်ထဲမှာ ရှိပါတယ်။
Vibe: ကမ်းခြေပါတီနဲ့မတူဘဲ သစ်ပင်ကြီးတွေ၊ တောင်ကုန်းတွေကြားထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့အပြင်အဆင် (Decors) တွေနဲ့ တကယ့်ကို Wild ဖြစ်တဲ့ ခံစားချက်ကို ပေးပါတယ်။ သီချင်းကတော့ Underground Techno နဲ့ House music ကို အဓိကထားပါတယ်။
Highlights: 3D အနုပညာလက်ရာတွေ၊ ခန္ဓာကိုယ်ပေါ်မှာ ဆေးရောင်ခြယ်ပေးတဲ့ Body Art တွေနဲ့ ပိုပြီး Professional ကျတဲ့ Sound system တွေကို ခံစားရမှာပါ။
ဘယ်သူတွေအတွက်လဲ: သီချင်းအလန်းစားတွေကိုမှ တောတောင်သဘာဝကြားမှာ အေးအေးဆေးဆေး (သို့) စည်းချက်ကျကျ ကခုန်ချင်သူတွေအတွက် ဖြစ်ပါတယ်။
27/03/2026
ဒီနေ့တော့ Koh Phangan ရဲ့ တောတောင်ရေမြေအလှတွေကို တဝကြီး ခံစားခဲ့ရပါတယ်။ ရေတံခွန်မှာ ရေအေးအေးလေးချိုးရင်း၊ ဖြူဖွေးတဲ့ သဲသောင်ပြင်ပေါ်မှာ အပန်းဖြေခဲ့တဲ့ ကျွန်တော်တို့စုံတွဲရဲ့ ခရီးစဉ်လေးကို ဗီဒီယိုထဲမှာ အတူတူကြည့်လိုက်ရအောင်နော်! ပြီးတော့
Jungle Party ရဲ့ တောနက်ထဲက စည်းချက်တွေကနေ... နောက်တစ်ရက်မှာ သူငယ်ချင်းတွေနဲ့အတူ ဆုံခဲ့တဲ့ ကမ္ဘာကျော် Full Moon Party အထိ! 🌕🔥 ၂ ညဆက်တိုက် Koh Phangan ရဲ့ အလန်းဆုံး Vibes တွေကို Jimmy Tube မှာ အတူတူ ခံစားကြည့်လိုက်ရအောင်။
08/03/2026
Next Vlog is Koh Phangan ( Part II )
ဒီတစ်ခေါက်ကတော့ ၁ ညလုံးကျင်းပတဲ့ Party ၂ ရက်ဆက်တိုက်
Experience လေး တင်ပါမယ်။
🌕 Koh Phangan Full Moon Party & Jungle Party 🌴🔥
Thailand ရဲ့ နာမည်ကြီး party island ဖြစ်တဲ့ Koh Phangan မှာ လတိုင်းကျင်းပတဲ့ Full Moon Party က Haad Rin Beach ပေါ်မှာ music, fire show, neon paint နဲ့ မနက်မိုးလင်းထိ ပျော်ရွှင်နိုင်တဲ့ world famous beach party တစ်ခုပါ။
အပြင် island ရဲ့ jungle အလယ်မှာ DJ music နဲ့ light show တွေနဲ့ vibe အပြည့်ရှိတဲ့ Jungle Party လည်း အရမ်းနာမည်ကြီးပါတယ်။ Nature vibe နဲ့ party vibe ကို တစ်ခါတည်းခံစားရတဲ့ unique experience ပါ။
🎧 International DJ music
🔥 Fire show & neon body paint
🌊 Beach party vibe
🌴 Jungle dance floor experience
Party culture ကို စိတ်ဝင်စားတဲ့သူတွေ၊ travel experience အသစ်တွေကို စမ်းချင်တဲ့သူတွေဆိုရင် Koh Phangan ရဲ့ Full Moon Party နဲ့ Jungle Party ကို Must try ပါ။
IVY's Birthday Vlog ( သို့မဟုတ်)
Koh Samui Road Trip အပိုင်း (၁ )
Welcome back to my channel!
Coming soon!
26/09/2025
Spotted out at Phuket old town.
Captured by Jounce Zinger
11/07/2025
အထီးကျန်မှုကိုခံစားနေရတဲ့ကျွန်းများ
တစ်ချိန်က မြန်မာ့ကျွန်းခရီးသားလုပ်ငန်းရဲ့
ထိပ်တန်းဖြစ်ခဲ့တဲ့ ခရင်းခွကျွန်းပေါ်က
Andaman Myanmar Resort ရဲ့ တံတားကြီး
တောင် Google maps ကနေကြည့်တာ
ပျက်စီးပြိုပျက်နေပြီ။
မြန်မာ့ကျွန်းခရီးသွားလုပ်ငန်းလည်း
မြန်မာကျပ်ငွေအဆမတန်
ဖောင်းပွမှူကြောင့် ၅နှစ်အတွင်းမှာ
သိသိသာသာကျဆင်းသွားပါတယ်။
ဒေသခံ ခရီးသွားလုပ်ငန်း ၄င်းနဲ့ ဆက်စပ်တဲ့
လုပ်ငန်းတွေလည်း မသေချာတော့တဲ့ ခရီးသွားလုပ်ငန်းကြောင့် ဘ၀ရှေ့ဆက်ရပ်တည်ရေးအတွက် အသက်မွေး၀မ်းကျောင်းလုပ်ငန်းတွေ တစ်ဖြည်းဖြည်းပြောင်းလဲသွားကြတယ်။
ဒီ ၂၀၂၁-၂၀၂၅ ဆိုတဲ့ ၅နှစ်မှာ အပြောင်းအလဲတွေအများကြီးဖြစ်သွားတယ်။ ကောင်းသောပြောင်းလဲခြင်းတွေဟာ သ်ိပ်မရှိ ပါဘူး။ အားလုံးက ဘ၀တိုးတက်ရေးထက် အသက်ရှင်ဖို့ ရုန်းကန်နေကြရတယ်။
တိုးတက်ဖို့အရှိန်အဟုန် နဲ့သွားနေတဲ့
နိုင်ငံ ချက်ချင်းထိုးကျသွားအောင်
အချိန်တိုအတွင်း ဖျက်စီးခံလိုက်ရတယ်နိုင်ငံမှာ
လူတိုင်း/ အိမ်တိုင်းက လူတွေလည်း
အထီးကျန်မှုကို အများစုက ရင်ဆိုင်နေရပါတယ်။
လိုရင်းပြောရမယ်ဆိုရင်
၂၀၂၁-၂၀၂၅ ခုနှစ်အတွင်း မြန်မာ့ကျွန်းခရီးသွားလုပ်ငန်းက နိုင်ငံရေး၊ စီးပွားရေးနှင့် ကမ္ဘာ့ကပ်ရောဂါကြောင့် မတည်ငြိမ်မှုများ၊ ငွေကြေးဖောင်းပွမှုများကြောင့် သိသိသာသာကျဆင်းခဲတယ်။
ဒေသခံများအနေနဲ့လည်း အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်ပြောင်းရွှေ့မှုများ၊ ငလျှင်ကြောင့်လည်းမြန်မာပြည်အပေါ်ပိုင်းးဒေသ အခြေခံအဆောက်အအုံ ပျက်စီးမှုများကြောင့်
အနာဂတ်အပေါ် မသေချာမှုများ
ရှိနေဆဲလည်းဖြစ်ပါတယ်။
20/06/2025
ဖူးခက် (Phuket) ကို ရောက်ဖူးသူတိုင်း မေ့မရနိုင်တဲ့ အထင်ကရ နေရာ ၅ ခု ကတော့ အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်။ ထိုင်းနိုင်ငံရဲ့ အကြီးဆုံးကျွန်းဖြစ်တဲ့ ဖူးခက်ဟာ လှပတဲ့ ကမ်းခြေတွေ၊ ကြွယ်ဝတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ စွန့်စားခန်းတွေ ပေါင်းစပ်နေတဲ့ နေရာတစ်ခုပါ။ 🛶🏝️🌄
ကမ်းခြေနဲ့ ပင်လယ်ရေ ကြည်ကြည်လင်လင် ကြိုက်ပြီး Party တွေလည်းကဲချင်တယ်/ သဘာဝကိုလည်း သဘောကျတယ်ဆိုရင် ဖူခက်ဟာ သင့်အတွက် အိမ်ဖြစ်ပါတယ်။😎✨
🏝️၁။ ရင်သပ်ရှုမောဖွယ် ကမ်းခြေများ (Stunning Beaches)
ဖူးခက်ရဲ့ နာမည်ကျော်ကြားမှုရဲ့ အဓိက အကြောင်းရင်းကတော့ သူ့ရဲ့ သဲဖြူဖြူ ကမ်းခြေတွေနဲ့ ကြည်လင်တဲ့ ပင်လယ်ရေတွေပါပဲ။
ပတောင်း ကမ်းခြေ (Patong Beach): ဒါဟာ ဖူးခက်ရဲ့ အကျော်ကြားဆုံးနဲ့ စည်ကားဆုံး ကမ်းခြေ ပါ။ ညဘက်ဆိုရင် ဖျော်ဖြေရေးနေရာတွေ၊ စားသောက်ဆိုင်တွေနဲ့ ဈေးဆိုင်တွေက သွားစရာမကုန်အောင် ပေါများလှပါတယ်။ ရေအားကစားမျိုးစုံကိုလည်း လုပ်နိုင်ပါတယ်။
ကာတာ ကမ်းခြေ (Kata Beach): ပတောင်းထက် ပိုပြီး တိတ်ဆိတ်အေးချမ်း လိုသူတွေအတွက် ကာတာကမ်းခြေက အသင့်တော်ဆုံးပါပဲ။ မိသားစုလိုက် အပန်းဖြေဖို့ ကောင်းသလို လှိုင်းစီးဝါသနာရှင်တွေအတွက်လည်း လှိုင်းအသင့်အတင့်ရှိပါတယ်။
ကာရွန် ကမ်းခြေ (Karon Beach): ဖူးခက်မှာ တတိယအရှည်ဆုံး ကမ်းခြေဖြစ်ပြီး သဲဖြူဖြူတွေနဲ့ ပြန့်ပြူးတဲ့ ကမ်းခြေက လမ်းလျှောက်ဖို့ အကောင်းဆုံးပါပဲ။ ကမ်းခြေအလှကိုလည်း အပြည့်အဝ ခံစားနိုင်ပါတယ်။
🏝️၂။ ဖီဖီကျွန်းများဆီ စွန့်စားခန်း (Adventure to Phi Phi Islands)
ဖူးခက်ကနေ လှေနဲ့ နာရီအနည်းငယ် သွားရတဲ့ ဖီဖီကျွန်းစု (Phi Phi Islands) ဟာ ကမ္ဘာ့အလှဆုံး ကျွန်းတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။
မာယာပင်လယ်အော် (Maya Bay): "The Beach" ရုပ်ရှင်ရိုက်ကူးခဲ့တဲ့ ဒီပင်လယ်အော်ဟာ ကျောက်ဆောင်ကြီးတွေ ဝန်းရံထားပြီး ရေစိမ်းပြာပြာလေးတွေက သင့်ကို ဖမ်းစားပါလိမ့်မယ်။ Snorkeling နဲ့ Scuba Diving ဝါသနာရှင်တွေအတွက်တော့ ရေအောက်ကမ္ဘာအလှက အံ့မခန်းပါပဲ။
🔔၃။ ဘစ်ဗုဒ္ဓရုပ်ပွားတော် (The Majestic Big Buddha)
ဖူးခက်ရဲ့ ကုန်းမြင့်ပေါ်မှာ တည်ရှိတဲ့ မီတာ ၄၅ မြင့်တဲ့ ဘစ်ဗုဒ္ဓရုပ်ပွားတော် (Big Buddha) ဟာ ကျွန်းရဲ့ အထင်ကရ သင်္ကေတတစ်ခုပါပဲ။
ဒီနေရာကနေဆိုရင် ဖူးခက်ကျွန်းရဲ့ ပတ်ပတ်လည် ရှုခင်းအလှ ကို ၃၆၀ ဒီဂရီ အပြည့်အဝ ရှုစားနိုင်မှာ ဖြစ်ပါတယ်။ နေဝင်ဆည်းဆာချိန်ဆိုရင် ပိုပြီး လှပတဲ့ မြင်ကွင်းကို ခံစားရပါလိမ့်မယ်။ ဘုရားဖူးရင်း၊ စိတ်အေးချမ်းသာစွာ အပန်းဖြေရင်း ရှုခင်းကြည့်ရှုနိုင်ပါတယ်။ (မိုးရာသီဆိုရင် safty အရ ပိတ်ထားတတ်ပါတယ်)
📸၄။ ဖူးခက်မြို့ဟောင်းရဲ့ ဆွဲဆောင်မှု (Charm of Phuket Old Town)
ဖူးခက်ရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုကို စိတ်ဝင်စားတယ်ဆိုရင်တော့ ဖူးခက်မြို့ဟောင်း (Phuket Old Town) ကို သွားရောက်လည်ပတ်သင့်ပါတယ်။
Photo ကြိုက်တဲ့ အချောလေးတို့အတွက် နောင်တရစရာမရှိပါဘူး။
Sino-Portuguese ဗိသုကာလက်ရာ တွေနဲ့ တည်ဆောက်ထားတဲ့ ရှေးဟောင်းအဆောက်အအုံတွေ၊ ရောင်စုံလမ်းကြားလေးတွေ၊ အနုပညာဆိုင်လေးတွေနဲ့ ကော်ဖီဆိုင်လေးတွေက သင့်ကို အချိန်အကြာကြီး မေ့မရနိုင်အောင် ဖန်တီးပေးပါလိမ့်မယ်။
✨ Tip: တနင်္ဂနွေနေ့ညတွေမှာ ဖွင့်လှစ်တဲ့ ညဈေးတန်း (Walking Street) ကလည်း ဒေသအစားအစာတွေနဲ့ အမှတ်တရပစ္စည်းတွေ ရှာဖွယ်ဝယ်ယူဖို့ အကောင်းဆုံးပါပဲ။
🔔၅။ ဝပ် ချာလွန်ဂ် (Wat Chalong)
ဖူးခက်မှာရှိတဲ့ အကြီးဆုံးနဲ့ အရေးပါဆုံး ဘုရားကျောင်း (Temple) ဖြစ်တဲ့ ဝပ် ချာလွန်ဂ် (Wat Chalong) ဟာ ထိုင်းဗုဒ္ဓဘာသာရဲ့ ယဉ်ကျေးမှုကို ထင်ဟပ်နေတဲ့ နေရာတစ်ခုပါ။
လှပတဲ့ ဗိသုကာလက်ရာတွေ၊ ရွှေရောင်ဆင်းတုတော်တွေနဲ့ တန်ဆာဆင်ထားတဲ့ ဘုရားကျောင်းဝင်းထဲမှာ ငြိမ်သက်အေးချမ်းမှုကို ခံစားရမှာပါ။ ဘုရားဖူးလာတဲ့ ဒေသခံတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေရဲ့ ဝတ်ပြုဆုတောင်းသံတွေကလည်း နားဆင်စရာတစ်ခုပါပဲ။
ဒီအထင်ကရနေရာတွေအပြင် ဖူးခက်မှာ သင်စိတ်ဝင်စားရာ အခြားလှုပ်ရှားမှုတွေ၊ အပန်းဖြေစရာတွေ အများကြီး ရှိပါသေးတယ်။
ဖူခက်မှာခရီးသွားရင်း Day Tour များကို ၀ယ်လိုပါက Lee Phuket Travelနဲ့ချိတ်ဆက်ပြီး Online မှမေးမြန်းဝယ်ယူနိုင်ပါသည်။
15/06/2025
ကိုယ့်နိုင်ငံကျွန်းတွေနဲ့ အမှတ်တရပုံတွေကို ဂျပန် Anime Verison ပြောင်းကြည့်သောအခါ
Men to men ခင်လို့ပြောပြတာ
Page ထဲ Follower က ၈၀ % ကျော်
အားတီတို့ အထီးချည်းဘဲ့မို့
ဒီပိုစ့် share ပေးလိုက်ပါတယ်။
ငယ်တုန်းကြိုးစားကြပါ🥷🏼
คลิกที่นี่เพื่อเป็นสมาชิก?