Pouk Digital
AI Driven Digital Marketing Agency.
"အမြင်ဆန်းတဲ့ ကြော်ငြာ အလန်းတွေ" နဲ့ ကိုယ့်လုပ်ငန်း "ရောင်းအားတက်"ချင်တယ်ဆိုရင် Burmese AI Studio ကိုသာ သတိရလိုက်ပါခင်ဗျာ..🤗
ဒီ Video လေးကတော့ Naing Wing Telecom အတွက် ကျွန်တော်တို့ Team က လုပ်ပေးထားတဲ့ Video လေးပါ..။
ဒီလိုမျိုး ကြော်ငြာ Video လေးတွေ ကိုယ်တိုင်ဖန်တီးတတ်ချင်သူတွေအတွက်လည်း AI Creator 101 Class လေးကို (၃၅,၀၀၀) ကျပ်တည်းနဲ့ ဖွင့်လှစ်ပေးထားပါတယ်ခင်ဗျာ..။
02/08/2025
page ဆိုတာ Online ပေါ်က ဈေးဆိုင်တစ်ဆိုင်ပါပဲခင်ဗျာ..။
ကျွန်တော်တို့ ကိုယ်တိုင်လည်း ဆိုင်တစ်ဆိုင်ထဲဝင်လိုက်လို့ အမြင်မလှရင် မဝယ်ချင်တော့ဘူးမဟုတ်လား .🤔
ဒီတော့ ကိုယ့် Page ထဲကို ဝင်ကြည့်လိုက်တာနဲ့ ဝယ်ချင်စဖွယ်ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ ?
(1) Profile နဲ့ Cover
◾ကိုယ့်ဆိုင်ရဲ့ ဆိုင်းဘုတ်နဲ့ တူတဲ့ Profile နဲ့ Cover Photo ကို ရှင်းလင်းပြတ်သားပြီး ကြည့်ကောင်းနေအောင် ထားဖို့လိုပါတယ်..။
တူညီတဲ့ Color Theme လေးတွေကို အသုံးပြုသင့်ပြီး ကိုယ့်လုပ်ငန်းကို ကိုယ်စားပြုတဲ့ အရာတစ်ခုခုကို Profile နဲ့ Cover မှာ ထည့်ထားနိုင်ဖို့က Customer တွေနဲ့ ယုံကြည်မှု တည်ဆောက်နိုင်ဖို့ အရေးကြီးပါတယ်..။
(2) Call to Action Button
◾page ထဲဝင်လိုက်တာနဲ့ Like Button ရဲ့ဘေးမှာ Call To Action လေးတစ်ခု ထည့်ရပါတယ်။ “Send Message” “Call Now” စသဖြင့် ကိုယ်ကြိုက်တဲ့ Button ကို ရွေးချယ်နိုင်ပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံကလူတွေက Message ပို့ရတာ ပိုပြီး Comfortable ဖြစ်တာကြောင့် Sent Message Button လေး ထားတာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်..။
(3) Page Info
◾About Section ထဲမှာ ကိုယ့် Page ရဲ့ လိပ်စာ ၊ ဖုန်းနံပါတ် အစရှိတဲ့ Information တွေကို စုံစုံလင်လင် ထည့်ထားဖို့ လိုအပ်ပါတယ်။
ဒါမှသာ စိတ်ဝင်စားလို့ Page ထဲဝင်ကြည့်တဲ့သူတွေက လုပ်ငန်းအပါ် ယုံကြည်မှု တိုးလာနိုင်သလို အလွယ်တကူ ဆက်သွယ်ဝယ်ယူနိုင်မှာပါ..။
(4) Pinned Post
◾ကိုယ့်လုပ်ငန်းအကြောင်းကို ပြည့်ပြည့်စုံစုံရေးထားတဲ့ Branding Post , ဒါမှမဟုတ် လျှော့ဈေးပေးနေတဲ့ Promotion Post တစ်ခုကို Pin ထားထားဖို့ မမေ့ပါနဲ့..။
(5) Daily Contents
◾နေစဉ်တင်နေတဲ့ Content တွေကလည်း အရေးကြီးပါတယ်..။ Customer တစ်ယောက်ယောက်က မိတ်ဆွေရဲ့ ကြော်ငြာ Post ကို မြင်ပြီး page ထဲဝင်ကြည့်တယ် ဆိုပါစို့..
တကယ်လို့သာ Page ထဲမှာ မသပ်မရပ်နဲ့ ဖြစ်သလို တင်ထားတဲ့ Post တွေကိုသာ တွေ့သွားရင် ယုံကြည်မှု လျှော့နည်းသွားနိုင်ပါတယ်..။
◾ကိုယ့် Brand နဲ့ ပတ်သတ်တဲ့ Branding Post လေးတွေ ၊ ကိုယ့် Product ရဲ့ Information ကို ပြည့်ပြည့်စုံစုံ တင်ထားတဲ့ Content လေးတွေကို တွေ့ရင်တော့ ယုံကြည်မှုရော ၊ ဝယ်ယူလိုစိတ်ပါ ပိုပြီး ဖြစ်လာနိုင်ပါတယ်..။
ဒီတော့ Daily Content လေးတွေကို စနစ်တကျ ဖန်တီးဖို့ မမေ့ပါနဲ့ခင်ဗျာ..
◾မိတ်ဆွေတို့ရဲ့ Social Media Page တွေနဲ့ ပတ်သတ်ပြီး တစ်ခုခု ဆွေးနွေးချင်တာ ရှိရင် Pouk Digital က အခမဲ့ ဆွေးနွေးပေးဖို့ အသင့်ပါပဲ..။
စီးပွားရေးလုပ်ငန်းတွေအတွက် Online ပေါ်မှာ အမှန်တကယ် ရောင်းအားတက်စေမယ့် နည်းစနစ်တွေ အမြဲမျှဝေပေးသွားမှာမို့ Page လေးကို Follow လုပ်ထားဖို့ မမေ့ပါနဲ့ခင်ဗျာ..🤗
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Phra Khanong
10330