Shwe Burmese Channel
ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Shwe Burmese Channel, ผู้กำกับภาพยนตร์, Pattani.
19/06/2026
လူ့သဘောကို နောကျေသူ ဆရာကြီး ဘီအီးဒီအောင်သိုက်💫
ဘီအီးဒီအောင်သိုက် ဆိုသည်မှာ ဇာတ္ဆရာ၊ သရုပ်ဆောင်၊ ဒါရိုက္တာ၊ စာရေးဆရာ ဟူသည့် ဂုဏ်ပုဒ်များဖြင့် မသိသူ မရှိလောက်အောင် ထင်ရှားခဲ့သော အနုပညာရှင်ကြီး ဖြစ်သည်။💐💐💐
ကျော်ကြားခဲ့ သဘင်လောကမှာ ဘီအီးဒီအောင်သိုက် ဇာတ္ပြဲ ကျော်ကြားခဲ့ သလို ကက်ဆက်ဇာတ်လမ်းမှာလည်း သရုပ်ဆောင် ဒါရိုက္တာ အဖြစ် အောင်မြင်ခဲ့သည်။💫💫💫
မဂ္ဂဇင်းများတွင် ဆောင်းပါးများ ရေးသားလေ့ရှိသည့် စာရေးဆရာလည်း ဖြစ်သည်။ သူ၏ ဆောင်ပုဒ်ကား မည်သူ့ကို မွ အထင်မကြီးတတ်သလို မည်သူ့ကိုမှလည်း အထင်မသေး တတ်ပါ ဟူ၏။
သဘင်ဆောင်းပါးများ ရေးသားသည့် အယ္ဒီတာ ကိုအေးကြူ လေးနှင့် ပတ်သက်၍ သူနှင့် စတင် သိကျွမ်းခွင့် ရသည်။💐💐💐
နောက်ပိုင်းမှာ သရုပ်ဆောင် ဒါရိုက္တာ ဦးမြတ်လေး၏ လေးနဲ့ အပေါင်း ရုပ်ရှင်ကုမ္ပဏီ ရုံးခန်းတွင် မကြာခဏ ဆုံမိကြကာ ပိုမို ရင်းနှီးခဲ့ကြသည်။သူက ဦးမြတ်လေးကို ရုပ်ရှင် အတတ်ပညာပိုင်းနှင့် ပတ်သက်၍ တေလးတစား မေးမြန်း ဆွေးနွေးတတ်သည်။ သူတို့နှစ်ဦး ညီအစ္ကိုလို သံယောဇဉ် ရှိကြသည်။💫💫💫
ကိုအောင်သိုက်က ရန်ကုန်တိုင်း ပတ်ဝန်းကျင်တွင် သူဇာတ္က နေသည့် အခါမျိုး၌ မနက်ဆိုလျှင် သူစီးနေကျ ဒတ်ဆန်းကား အနီရောင်လေးဖြင့် ဦးမြတ်လေးထံ ရောက်လာတတ်သည်။ သူ သည် ရောက်ရာ ဒေသတွင်လည်း စာပေသမားများ ရှိရာသို့ သြား တတ္သူ ဖြစ်သည်။💐💐💐
ကိုအောင်သိုက်၏ အကျင့်တစ်ခုမှာ ကောင်းပေ့ဆိုသည့် လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်များသို့ သွားရောက် စားသောက် လေ့ရှိခြင်း ဖြစ်သည်။ရန်ကုန်မြို့တွင် ဘယ်ထမင်းဆိုင် ကောင်းသည်၊ ဘယ် လက်ဖက်ရည်ဆိုင် ကောင်းသည်ကို သူသိသည်။ နောက် သူ သည် ဟန်မဆောင်တတ်၊ လောကွတ် မလုပ်တတ်ပေ။💫💫💫
လူတစ်ယောက်ကို ကျွေးချင်လျှင် တစ်ခါတည်း ခေါ်ကျွေးသည်၊ စားမလား သောက်မလား ဆိုသည့် လောကွတ်မျိုး မမေးချေ။ ကျွန်တော့်ကို လာလိုက်ခဲ့ပါဦး ဆိုကာ သူ့ကားပေါ်ခေါ်တင်သွား ရာ ထမင်းဆိုင်ရောက်မှ ထမင်းကျွေးဖို့မှန်း သိရသည်။ ထိုသို့ သူ ကျွေး၍ စားဖူးသည်မှာ လေးငါးခါ ဖြစ်သည်။💐💐💐
ရန်ကုန်မြို့ပန်းဆိုးတန်းတွင် ရွှေမင်းသား လက်ဖက်ရည်ဆိုင်နှင့် ကိုတင်လှိုင်ဆိုင်တို့ ရှိခဲ့ပြီး ရုပ်ရှင် လောကသားများ၊ စာရေးဆရာများ၊ စာနယ်ဇင်း သမားမ်ား၊ အဆိုတော်များနှင့် စည်ကားနေတတ်သည်။ထိုဆိုင်များ၌ ကိုအောင်သိုက် လက်ဖက်ရည်သောက်ရင်း ထိုင် လေ့ရှိသည်။ သူခင်မင်သော သူတစ်ယောက် ခပ်လှမ်းလှမ်းမှ လာတာတွေ့သည်နှင့် လက်ဖက်ရည်၊ ကော်ဖီ စသည်ဖြင့် ထိုသူ သောက်လေ့ ရှိသည့်အတိုင်း မှာထားတတ်သည်။💫💫💫
ရောက်လာသည်နှင့် ဒါနေလး ဖြစ်သွားအောင် သောက်သွားပါဦး ဆိုကာ ခေါ်၍တိုက်တော့သည်။ ထိုသို့ မှတ်ဉာဏ် ကောင်းသလို သဒ်ဓါစိတျလညျး ထက္သန္သူ ဖြစ်သည်။💐💐💐
တစ်နေ့ ကိုအောင်သိုက်က မေးသည်။
ကိုအောင်ဟိဏ်း အားသလား။
ဟုတ်ကဲ့၊ ကျွန်တော် အားပါတယ်။
ကျွန်တော် ကျွန်တော် ကိုနီလွင် (သပြု) နဲ့ တွေ့ချင်တယ်ဗျာ၊ ကူညီနိုင်မ လား ရပါတယ်၊ သူက ကားရိုက် မျပတ္ဘူး။ သူဘယ်မှာ ရိုက်နေလဲ ဆိုတာ သွားစုံစမ်းလိုက်ဦးမယ်။💫💫💫
ကျွန်တော် ၃၅ လမ်း ဗီဒီယိုတန်းမှာ သွားစုံစမ်းသည်။ မကြီးကြီး လမ်း၊ ခြံနံပါတ် ၇ မွာဟု သတင်းရခဲ့သည်နှင့် ကိုအောင်သိုက်ကို ပြောပြရာ ထိုနေရာကို သူမသိ ဆိုသဖြင့် ကျွန်တော်ကိုယ်တိုင် လိုက်ပို့ပေးဖြစ်သည်။💐💐💐
ရောက်တော့ ကိုအောင်သိုက်က အိမ်အပြင်မှာ နေခဲ့သည်။ ကျွန်တော်က ကိုနီလွင်နှင့် အလွန် ရင်းနှီးသော သူငယ်ချင်း ဖြစ် သောကြောင့် ရိုက်ကွင်းထဲသို့ ဝင်ချသွားသည်။ ရိုက္လက္စ မပြီး သေး၍ ခဏ ရပ်စောင့်နေရသည်။💫💫💫
ပြီးသည်နှင့် ကိုနီလွင် မင်းကို ကိုအောင်သိုက်က တွေ့ချင်လို့တဲ့၊ အပြင်မှာ စောင့်နေတယ် ပြောလိုက်ရာ အော်... ဟုတ်ကဲ့ ဟုတ်ကဲ့ ဆိုကာ ရိုက်ကွင်းထဲမှ ကိုနီလွင် ထွက် လာသည်။ ကျွန်တော်က သူ့အိတ်ကပ်ထဲက စီးကရက္ဘူးကို နှိုက် ယူကာ တစ်လိပ် မီးညွိ သောက်လိုက်ပြီး ဘူးကို ပြန်ပေးလိုက် သည်။ ထို့နောက် ကိုအောင်သိုက်နှင့် အလုပ်ကိစ္စ ပြောပြီး ကျွန်တော်တို့ ပြန်လာကြသည်။💐💐💐
လမ်းမှာ ကိုအောင်သိုက်က ဆိုင်းမဆင့် ဗုံမဆင့် ရုတ်တရက် ထ ပြောသည်။ကိုအောင်ဟိဏ်း ခင်ဗျား စာရေးကောင်းပါလျက်နဲ့ ဆင်းရဲနေရ တဲ့ အကြောင်းရင်းကို အခုမွ သိတယ်။💫💫💫
သူ့ရဲ့စကားကြောင့် အံ့အားသင့်သွားပြီး မေးမိသည်။
ဆိုပါဦး၊ ဘာဖြစ်လို့လဲဗျ။
ကိုအောင်ဟိဏ်း ဇာတ်ညွှန်းရေးတာ ကိုနီလွင် သိလား
သိတာပေါ့၊ အရင်က သူ့တောင် သြားကူ ရေးပေးရသေးတာပဲ
ခင်ဗျားကို သူ ဇာတ်ညွှန်း အပ္ဖူးသလား မအပ္ဖူးပါဘူး။
ဘယ်အပ်ပါ့မလဲ၊ ခင်ဗျားက အလိုက်မှ မသိတာ။ ဆရာနီ ဆရာ နီ ဆိုပြီး ဝိုင်းရိုသေ နေကြရတဲ့ နေရာမျိုးမှာ ခင်ဗျားက 'ကိုနီလွင် မင်းကို ကိုအောင်သိုက်က တွေ့ချင်လို့တဲ့၊ အပြင်မှာ စောင့်နေ တယ်' လို့ ပြောတယ်။💐💐💐
ပြီးတော့ သူ့အိတ်ထဲက ဆေးလိပ်ဘူးကိုလည်း ယူသောက်လိုက် သေးတယ်။ ဘေးက သူ့တပည့်တွေက သူတို့ဆရာကို မေလးမ စား လုပ်လို့ ခင်ဗျားကို မကြည်ကြည့်နဲ့ ဝိုင်းကြည့်နေကြတာ ခင်ဗျား မသိဘူး။💫💫💫
မတတ်နိုင်ဘူးဗျာ။ ကျွန်တော်က သူ့ထက်လည်း အသက်ကြီး တယ်။ သူနဲ့ ဒီလိုပဲ ပြောဆိုနေကျလေ။ သူကအခု အောင်မြင်တဲ့ ဒါရိုက်တာကြီး ဖြစ်နေပေမယ့် ကျွန်တော့် သူငယ်ချင်း မောင်နီ လွင်ပဲလေအေး.. ခင်ဗျား အဲသလို ရိုးသားလွန်းလို့ ကျွန်တော်က ခင်တာ။
ထိုသို့ ဘီအီးဒီအောင်သိုက်သည် တစ်ခဏအတွင်း ပြောပုံဆိုပုံ၊ ပတ်ဝန်းကျင်နှင့် လူတို့၏ သေဘာကို ခြုံငုံသုံးသပ်ပြီး ကျွန်တော့် အား ဝေဖန်ပြသွားခဲ့ဖူးလေသည်။ ။
အောင်ဟိဏ်း (ကျိုက်ထော်)လေးစားစွာဖြင့်
#လေးစားစွာဖြင့်
19/06/2026
ဂန္ထဝင် အငြိမ့်မင်းသမီးကြီး ပန်တျာတင်တင်မြင့် အသက် ၇၆
ဘဝဇာတ်ကြောင်း💐💐💐
အငြိမ့်တခေတ်ရဲ့ “ဂန္ထဝင် မင်းသမီးကြီး”လို့ တင်စားရလောက်တဲ့ အငြိမ့်မင်းသမီးကြီး ပန်တျာတင်တင်မြင့်ဟာ သြဂုတ်လ ၆ ရက်နေ့က အဆုတ်ကင်ဆာ ရောဂါကြောင့် ဘဝတပါးသို့ ကူးပြောင်းသွားခဲ့ပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်းသမီးကြီး ပန်တျာတင်တင်မြင့်ဟာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကတည်းက အဆုတ်ကင်ဆာရောဂါကို ခံစားနေရသူ ဖြစ်ပါတယ်။
“လက်ကြိုးကောက်တော့ လက်မြှောက်၊ ခြေကြိုးရုတ်တော့ ခြေလှုပ်၊ ဘဝ မိုးမသောက်ခင် ကကြိုးလေးတွေ မပျောက်တဲ့ ရွှေမင်းသမီးလေးရယ်”လို့ တင်စားခံရတဲ့ ဂန္ထဝင် အငြိမ့်မင်းသမီးကြီး ပန်တျာ တင်တင်မြင့်ဟာ “ပါးမှာနံ့သာ ခါးမှာပဝါ”ဆိုတဲ့ အငြိမ့်သီချင်းနဲ့ လူသိများပါတယ်။
ပန်တျာတင်တင်မြင့်ရဲ့ ဘဝအစ
အဖ ဦးသိုက်၊ အမိ ဒေါ်ကြည်ညွန့်တို့မှ ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့မှာ ပန်တျာတင်တင်မြင့်အား ကြည့်မြင်တိုင် တဖက်ကမ်းရှိ ခလောက်ချိုင်ရွာတွင် မွေးဖွားခဲ့ပြီး၊ မွေးချင်း ၆ ယောက်အနက် စတုတ္ထသမီး ဖြစ်ပါတယ်။
ပန်တျာတင်တင်မြင့်ဟာ အသက် ၁၀ နှစ်သမီး အရွယ်ကတည်းက အနုပညာကို ဝါသနာပါခဲ့ပြီး၊ အနုပညာမျိုးရိုး မရှိခဲ့ပါဘူး။ မိခင်ဟာ သူ့ကို ပညာတတ်တယောက် ဖြစ်စေချင်ပြီး၊ မိဘများ မသိအောင် ခိုးကြောင် ခိုးဝှက် အနုပညာကို သင်ယူခဲ့ရသူ ဖြစ်ပါတယ်။
မိဘများက ကျောင်းပို့ခဲ့ပေမယ့် ငယ်စဉ်က ကျောင်းမှန်မှန် မတက်ဘဲ ကျောင်းလွယ်အိတ်ကို နီးစပ်ရာ မုန့်ဆိုင်မှာ အပ်ပြီး၊ ပလုတ်တုတ် တီးဝိုင်းနဲ့ အလှူခံရာနောက်ကို တောက်လျှောက် လိုက်ကခဲ့ပါတယ်။
ပန်တျာတင်တင်မြင့်ရဲ့ ဘဝတလျှောက်မှာ အနုပညာနဲ့ ပတ်သက်ပြီး အနိမ့်အမြင့်၊ အကွေ့အကောက်၊ အချိုးအကွေ့၊ အခက်အခဲ များလွန်းခဲ့ပြီး၊ အနုပညာလောကမှာ အငြိမ့်လောကရဲ့ မိခင်ကြီးအဖြစ် အထူးအောင်မြင်ခဲ့သူလည်း ဖြစ်ပါတယ်။
ပန်တျာတင်တင်မြင့်ဟာ အတန်းပညာအနေနဲ့ ဒုတိယတန်းအထိသာ ပညာသင်ကြားခဲ့ဖူးပြီး၊ ကျောင်းပညာရေးထက် အနုပညာကို ပိုစိတ်ဝင်စားတာကြောင့် မိဘများ မသိအောင် အကပညာကို ခိုးဝှက်ကာ သင်ယူခဲ့သူပါ။
ပန်တျာကျောင်း မတက်ခင် တင်တင်မြင့်ဟာ အသက် ၁၃ နှစ်အရွယ်သာ ရှိသေးပြီး၊ ထိုခေတ်အခါက ၄ တန်းအောင်မှသာ ပန်တျာကျောင်း တက်ခွင့်ရမှာ ဖြစ်တဲ့အတွက် သူ့ရဲ့လက်ဦးဆရာ၊ စာရေးဆရာ ဦးသိန်းဆွေလေးက ပန်တျာကျောင်း တက်ရောက်ရန် ကူညီပေးခဲ့ပါတယ်။
အဲဒီနောက် ပန်တျာကျောင်းမှာ တက်ရောက်ခွင့်ရခဲ့တဲ့ မင်းသမီး တင်တင်မြင့်ဟာ နိုင်ငံတော်အဆင့် “ဆို၊ က၊ ရေး၊ တီး” ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး၊ ဆုများ ရရှိခဲ့ကာ ပန်တျာကျောင်းမှာ ၃ နှစ် ပညာ သင်ကြားခဲ့ပါတယ်။
ဇာတ်လောကရဲ့ ပထမခြေလှမ်း
တင်တင်မြင့်ဟာ အဲဒီနောက် ပန်တျာဇာတ်ထဲသို့ လိုက်ကာ အငြိမ့်မင်းသမီးဘဝဖြင့် ဖြတ်သန်းခဲ့ပါတယ်။ ဇာတ်လောကရဲ့ ပထမခြေလှမ်းအဖြစ် ယိမ်းသမအနေနဲ့ ကပြ ဖျော်ဖြေရချိန်မှာ အဲဒီ ခေတ်က မင်းသမီးကြီးတွေ ဖြစ်တဲ့ အောင်သန်းတင်၊ ခင်ခင်ညွန့်၊ ခင်အုန်းမြင့်လေး၊ မနယ်လီမြိုင် စတဲ့ မင်းသမီးကြီးများနဲ့ တွဲဖက် ကပြ ဖျော်ဖြေခဲ့ပါတယ်။
မင်းသားကြီး ပန်တျာကြည်လင်နဲ့လည်း နှစ်ဦးသား တွဲဖက်ညီစွာ နှစ်ပါးခွင်ဇာတ်များ ကပြ ဖျော်ဖြေခဲ့ပါတယ်။ ဓာတ်ပြားခေတ်မှာလည်း ပန်တျာတင်တင်မြင့်ရဲ့ “တောသူအချစ်”ဆိုတဲ့ ဓာတ်ပြား သီချင်းဟာ ရောင်းမလောက်အောင် အထူး အောင်မြင်မှု ရရှိခဲ့ပါတယ်။
ပန်တျာတင်တင်မြင့်ဟာ ပန်တျာဇာတ်မှာ ယိမ်းသမ ခေါင်းဆောင်အဖြစ် ကပြ ဖျော်ဖြေခဲ့သူ ဖြစ်ပြီး၊ လူကောင်သေးကာ အသက်ငယ်ဆုံးဖြစ်တဲ့အတွက် နှစ်ပါးသွားခွင်မှာ နောက်ဆုံးမှသာ ကပြခဲ့ရသူ ဖြစ်ပါတယ်။ ဓာတ်ပြားခေတ်ကနေ ကက်ဆက်ခေတ်အထိ အငြိမ့်သီချင်းများစွာ ကပြ သီဆိုခဲ့သူ ဖြစ်ပါတယ်။
၁၉၆၁ ခုနှစ်မှာ ပန်တျာကြည်လင်နဲ့ ပြဇာတ်များ စတင် ကပြခဲ့ပြီး၊ ပန်တျာကြည်လင်နဲ့ ကပြခဲ့တဲ့ ရသာစုံလင် “နှစ်ပါးခွင်”၊ နာမည်ကျော် “မြစိမ်းရှင် သိုက်သမိုင်း” ဇာတ်ထုပ်တို့ဟာ လူကြိုက်များ ထင်ရှားပါတယ်။
၁၉၆၂ ခုနှစ်၊ ပြည်သူပိုင် အာဏာ မသိမ်းခင် ၂ လအလို ပန်တျာတင်တင်မြင့် အသက် ၁၈ နှစ်အရွယ်မှာ ပန်တျာကြည်လင်နဲ့ အိမ်ထောင်ကျခဲ့ပြီး၊ သားသမီး ၅ ဦး ထွန်းကားခဲ့ပါတယ်။
အငြိမ့်လောကသို့ ဒုတိယခြေလှမ်း
ပန်တျာတင်တင်မြင့်ဟာ ၁၉၇၅ ခုနှစ်မှာ ဇာတ်မှ အငြိမ့်သို့ ကူးပြောင်းခဲ့ပြီး၊ ဦးကျော်စိုး တည်ထောင်သည့် “ပြည်သူ့မုန်တိုင်း” ပဒေသာအငြိမ့်ကို ၁၉၇၆ ခုနှစ်မှာ စတင် ကပြ ဖျော်ဖြေခဲ့ပါတယ်။ ပြဇာတ်မင်းသား လူငယ် ကြည်ခိုင်နဲ့တွဲဖက် ကပြခဲ့ရာ ကတဲ့ နေရာတိုင်းမှာ ရုံပြည့်ရုံလျှံ အားပေးခြင်း ခံခဲ့ရပါတယ်။ တနှစ်ကို ပွဲချီ ၃၄၀ အထိ ကပြဖျော်ဖြေခဲ့ရပါတယ်။
နောက်တဖန် မင်းသား လူငယ် ကြည်ခိုင်နဲ့ ပြီးပြန်တော့လည်း ပြဇာတ်မင်းသား သန့်ဇင်နဲ့ အမြို့မြို့အနယ်နယ်မှာ “ပြည်သူ့မုန်တိုင်း” ပြဇာတ်အဖွဲ့ကြီးဟာ တညနဲ့တည မတူအောင် “မိန်းမသားဦးဆောင်တဲ့ ပြဇာတ်အဖွဲ့”ဆိုပြီး အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။
ဇာတ်ကချိန်မှာတော့ မင်းသားနဲ့ မင်းသမီး လိုက်ဖက်ညီစွာ ကပြ ဖျော်ဖြေရတာဖြစ်ပြီး၊ အငြိမ့်မှာတော့ မင်းသမီးနဲ့ လူရွှင်တော် အပေးအယူမျှစွာ မောင်းနှင်သလို အပို့ညီညီ ကြိုးစား ဖျော်ဖြေရတာ ဖြစ်ပါတယ်။ အငြိမ့်မှာတော့ အော်ပရာ၊ အငြိမ့်သီချင်းများစွာနဲ့ ဖျော်ဖြေခဲ့ပါတယ်။
“သူ့အကြောင်းကတော့ ပြောစရာမကုန်အောင် ထူးခြားတဲ့ မင်းသမီးပါ။ ဘယ်မင်းသမီးမှ ဓာတ်ပြား မသွင်းခင်၊ ရေဒီယို မဆိုခင်မှာ သူက “အာရောဂျံ ပရမံလာဘံ”၊ “ပါးမှာနံ့သာ ခါးမှာပဝါ” တို့ ဆိုတယ်။ သူကိုယ်တိုင် စာရေးဆရာတွေကို ရေးခိုင်းပြီး တိတိကျကျ ပြန်ဆိုတာ။ အခြား မင်းသမီးတွေ မကောင်းဘူးလို့ မဆိုလိုပါဘူး။ ဒါပေမဲ့ ဒေါ်တင်တင်မြင့်လို မင်းသမီးမျိုးက ရှားလိမ့်မယ်”လို့ လူရွှင်တော်ကြီး ထင်ပေါ်က မှတ်ချက်ပြုပါတယ်။
သူတို့လို အသက် မတိမ်းမယိမ်း မင်းသမီးတွေနဲ့ တော်တော်များများ ကျနော် ကဖူးပါတယ်။ ဒါပေမဲ့ ဒီလို မင်းသမီးတော့ မရှိဘူး။ အဲဒါ ထူးထူးခြားခြား ပါပဲ။ မင်းသမီး တော်တော်များများနဲ့ ကဖူးတယ်။ သူ့လောက် အကင်းမပါးဘူး။ သူလောက် သဘာ မရှိဘူး။ သူလောက် အပေးအယူ မမျှဘူး”လို့ လူရွှင်တော်ကြီး ထင်ပေါ်က ဆိုပါတယ်။
ပန်တျာတင်တင်မြင့်ဟာ ပရိသတ်ကို ငိုအောင်၊ ရယ်အောင်၊ ပျော်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ အငြိမ့် မင်းသမီးကြီး တလက် ဖြစ်ပါတယ်။ ဇာတ်ကစဉ်က ဆိုသလောက် မအောင်မြင်ခဲ့ပေမယ့် အငြိမ့်ကချိန်မှာ ပန်တျာတင်တင်မြင့်ဟာ ပရိသတ် ပိုသိလာပါတယ်။ မင်းသမီး ဦးဆောင်တဲ့ အငြိမ့်အဖွဲ့အစည်းအနေနဲ့ မြန်မာတပြည်လုံးမှာ ပန်တျာတင်တင်မြင့် တဦးသာ ရှိခဲ့ပါတယ်။
ပန်တျာတင်တင်မြင့်ရဲ့ ဓာတ်ပြားသီချင်းတွေ၊ ကက်ဆက်သီချင်းတွေကို ပြန်လည် သီဆိုမှုများ ရှိခဲ့ပြီး၊ ပြန်ဆိုတေးများကို ကန့်ကွက်ခြင်း မရှိပေမယ့် သူ့ဆီက ခွင့်ပြုချက် တောင်းစေလိုကြောင်း၊ သီချင်းစာသားများ မမှားယွင်းအောင် သီဆိုစေလိုကြောင်း ပန်တျာတင်တင်မြင့်က ဆိုခဲ့ဖူးပါတယ်။
မှတ်မှတ်ရရ မင်းသမီးကြီး ပန်တျာတင်တင်မြင့်ဟာ အငြိမ့်ပွဲတပွဲမှာ ကာလသားအချို့က “သဘင်သည် ဖက်ခွက်စား”လို့ ရိထေ့ထေ့ ပြောခဲ့တဲ့အပေါ် “ဖက်ခွက်စားလို့ သူတို့ ဆိုကြတာကိုပင်…” အစချီကာ အငြိမ့်ကရင်း အနုပညာသည်ဆိုတာ ရှင်ဘုရင် တည်ခင်းပေးတဲ့ ပွဲတော်စာကို “မြစိမ်းဖက်နဲ့ ပွဲတော်တည်တာ”လို့ ပြန်လည် အရွှန်းဖောက် ပြောဆိုခဲ့ဖူးပါတယ်။
ပန်တျာတင်တင်မြင့်ဟာ သူမြတ်နိုးတဲ့ အနုပညာ၊ ခက်ခဲစွာ သင်ခဲ့ရတဲ့ အနုပညာ၊ မျိုးရိုး မရှိဘဲ ဆရာတွေဆီက သင်ကြားခဲ့ရတဲ့ အနုပညာကို ပရိသတ်ထံ ဘဝတလျှောက်လုံး ကိုယ်ရောစိတ်ပါ နှစ်လို့ ဖျော်ဖြေခဲ့တာဖြစ်ပြီး၊ သူသေသွားသည့်တိုင် အနုပညာအမွေကို ဆက်ခံသူတွေထံ ပေးခဲ့ချင်တယ်လို့ ဆိုပါတယ်။
သူ့ရဲ့ အနုပညာအမွေကို သားဖြစ်သူ မင်းသား မျိုးကို၊ သမီး မင်းသမီး စောမြတ်မိုးတို့နဲ့ မြေးဖြစ်သူ မင်းသား သွေးသစ်အထိ အနုပညာအမွေ လက်ဆင့် ကမ်းနိုင်ခဲ့ပြီး၊ မြေးမလေးကိုလည်း အဆိုအက ပညာရပ်များ သင်ကြားပေးခဲ့သလို၊ မြေးမလေး ဆုလတ်ဝေက အနုပညာကျောင်း ဒုတိယနှစ် တက်ရောက်နေသူ ဖြစ်ပါတယ်။
ပန်တျာတင်တင်မြင့်ဟာ မကွယ်လွန်ခင် “ကျမ သေမယ့်အချိန်ကို ကြိုသိရင် မိတ်ကပ်လေး ပြင်ကာ လှလှလေး သေချင်တယ်။ အဲ့သလောက်ထိ ပရိသတ်ကို ချစ်တယ်”လို့ ဆိုဖူးပါတယ်။
ပန်တျာတင်တင်မြင့်ရဲ့ အောင်မြင်ခဲ့တဲ့ တေးသီချင်းပေါင်း ပုဒ်ရေများစွာ ရှိပြီး၊ “မဟူရာည” ၊ “ယသော်ဓယာအလွမ်း”၊ “တောသူအချစ်”၊ “ပါးမှာနံ့သာ ခါးမှာပဝါ”၊ “စိန်စီသောတေး”၊ “ဘဝတဆစ်ချိုး”၊ “အချစ်နာကျသော ရောဂါ”၊ “သဘင်သည် အနုပညာ”၊ “ကျမ မိန်းမသား” စတဲ့ သီချင်းတွေဟာ လူကြိုက်များလှပါတယ်။
ပန်တျာတင်တင်မြင့်ဟာ သူ့ရဲ့ ထူးခြားတဲ့ အနုပညာ ဆိုဟန်၊ ကဟန်၊ ဖျော်ဖြေဟန်တွေကြောင့် အများနဲ့မတူ ပရိသတ်ကို မရိုးရအောင် တင်ဆက် ဖျော်ဖြေနိုင်ခဲ့ပြီး၊ “အော်ပရာ”၊ “ပြဇာတ်”၊ “နှစ်ပါးသွား”၊ အငြိမ့်အခန်းတွေကို ညစဉ်ညတိုင်း တခုနဲ့ တခု မတူအောင် ကပြ ဖျော်ဖြေခဲ့ပါတယ်။
ပန်တျာတင်တင်မြင့်ရဲ့ ဘဝတဆစ်ချိုးနဲ့ နိဂုံး
ပန်တျာတင်တင်မြင့်ဟာ အသက် ၂၈ နှစ်အရွယ်မှာ အိမ်ထောင်ကွဲခဲ့ပြီး၊ အသက် ၃၈ နှစ်အရွယ်မှာ ကျန်းမာရေးကြောင့် အနုပညာလောကကနေ ခေတ္တအနားယူဖို့ အကြောင်းဖန်လာပါတယ်။
အသည်းမှာ ပြည်တည်တဲ့ ရောဂါကြောင့် ပန်တျာတင်တင်မြင့်ဟာ မကွေးဆေးရုံမှာ ၃ လတိတိ တက်ခဲ့ရပါတယ်။ အဲဒီနောက် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ ရွှေပေါ်ကျွန်း သာသနာမြေမှာ သာသနာ အကျိုးပြုအလုပ်တွေ ဆောင်ရွက်ဖို့ ဖြစ်လာပါတယ်။
မင်းသမီးကြီး ပန်တျာတင်တင်မြင့်ဟာ သာသနာအလုပ်တွေ လုပ်ဆောင်စဉ်မှာ ထီးတင်ခဲ့တဲ့ ဘုရားပေါင်း ၁၂၀၀ ကျော်ရှိခဲ့ပြီး၊ သူ့ရဲ့ ဆန္ဒကတော့ ဘုရားပေါင်း ၁၅၀၀ ပြည့်အောင် ထီးတင်ချင်ခဲ့တယ်လို့ ဆိုပါတယ်။
သာသနာပြု အလုပ်တွေ လုပ်ဆောင်ရင်း ဘုရား ထီးတင်ပွဲတွေမှာလည်း သူတတ်ကျွမ်းတဲ့ အနုပညာနဲ့ သီဆို ဖျော်ဖြေပေးမှုတွေ ရှိခဲ့သလို၊ သူ့ရဲ့ ရည်မှန်းချက်ကတော့ သာသနာပြုရင်း ဘဝနောက်ဆုံး အချိန်တွေကို ကုန်ဆုံးချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။
“အမေက ဘုရားထီးတင်တာ ၁၅၀၀ တင်ချင်တာ။ မပြည့်သွားရှာဘူး။ ၁၂၀၀ လောက် တင်နိုင်ခဲ့တယ်။ အမေ့ရဲ့ ဆန္ဒလေးတွေ ပြည့်မသွားတာတော့ စိတ်မကောင်းဘူးပေါ့။ အသက်ထွက်သွားတာလည်း ညင်ညင်သာသာပဲ။ ဘုရားတည်မယ့် ကိစ္စတွေ၊ ဘုရားမှာ ထုံးလိုတဲ့ ကိစ္စတွေ ပြောပြီး နောက်ဆုံး အသက်ထွက်သွားတာပေါ့”လို့ သားဖြစ်သူ မင်းသား မျိုးကိုက စိတ်မကောင်းစွာ ဆိုပါတယ်။
ကျန်းမာစဉ် အနုပညာအလုပ်များ လုပ်ကိုင်ချိန်မှာ ပန်တျာတင်တင်မြင့်ဟာ နေ့မအားညမနား အနုပညာအလုပ်တွေ တရစပ် လုပ်ကိုင်ခဲ့ပြီး၊ လွန်ခဲ့တဲ့ ၂ နှစ်ခန့် အဆုတ်ကင်ဆာ ရောဂါကို ခံစားရချိန် အိပ်ရာထဲ ဘုန်းဘုန်းလဲကာ ဆေးရုံတက်ရသည့်အချိန်ကျမှ အနုပညာအလုပ်တွေကို ရပ်နားခဲ့ပါတယ်။
ပန်တျာတင်တင်မြင့်ဟာ မကွယ်လွန်ခင် အရိမေတ္တယျ ဘုရား အကြိုတည်ကာ ဘဝဇာတ်သိမ်းချင်တယ်လို့ ဆိုဖူးပါတယ်။ မဆုံးပါးခင် သတိရတချက် မရတချက် ဖြစ်နေချိန်မှာလည်း ဘုရားတည်ဖို့ အကြောင်းအရာတွေ မှာကြားခဲ့ပြီး၊ သူ့ဘဝရဲ့ နောက်ဆုံးအချိန်ကို ညင်သာစွာပဲ ဖြတ်သန်းသွားခဲ့ပါတယ်။
“အမေက ဘဝမှာ သူလုပ်ချင်တာတွေအကုန် လုပ်လိုက်ရတယ်။ ဒါပေမဲ့ တခုပဲ မဆုံးခင် ၅ ရက်လောက်အလိုမှာ သူအရင်တည်းက တည်ချင်ခဲ့တဲ့ အရိမေတ္တယျ အကြို ဘုရား၊ သူအဓိဋ္ဌာန်ခဲ့တာ ကြာပြီ။ အဲဒါလေး အပြီးသတ် မတည်နိုင်ခဲ့ဘူး”လို့ သားဖြစ်သူ မျိုးကိုက ဆိုပါတယ်။
မင်းသမီးကြီး ပန်တျာတင်တင်မြင့် ကွယ်လွန်ချိန်မှာတော့ သားသမီး ၄ ဦး၊ မြေး ၁၁ ယောက်နဲ့ မြစ် ၂ ဦးတို့ ကျန်ရစ်ခဲ့ပါတယ်။ ။
#လေးစားစွာဖြင့်
19/06/2026
အမေဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ
ဇာတ်ပို့အကယ်ဒမီ ဒေါ်သိန်းရှင် ဘဝအကြောင်း💐💐💐
မြန်မာ့ရုပ်ရှင်သည် ဇာတ်လမ်း၊ ဇာတ်အိမ်ခိုင်မာပြီး ထူးချွန်သော ဒါရိုက်တာကြီးများ၏ ဇာတ်ကောင်ကို ပိုင်နိုင်စွာ ချုပ်ကိုင်ညွှန်ပြ ရိုက်ကူးနိုင်သောကြောင့် ရာဇဝင်ကားပင် ရိုက်ရိုက်၊ သရဲကားပင် ရိုက်ရိုက်၊ ဟာသကားပင် ရိုက်ရိုက် မင်းသား၊ မင်းသမီးအဆုံး ဇာတ်ပို့ဇာတ်ရံများကပင် ထူးထူးကဲကဲ သရုပ်ဆောင်နိုင်ကြသည်။
၁၉၆၉ ခုနှစ်တွင် ဒါရိုက်တာမောင်မောင် မြင့်ရိုက်ကူးသော "အသက်ကိုနှင်း၍” ရုပ်ရှင်ဇာတ်ကားဖြင့် အမျိုးသမီးကတ်ပို့ ထူးချွန်ဆု ရရှိခဲ့သည်။
မေတ္တာဘွဲ့ဇာတ်လမ်း၊ အိမ်ထောင်ရေး ဇာတ်လမ်းများတွင် ဇာတ်ပို့ဇာတ်ရံများက သရုပ် ဆောင်နိုင်စွမ်း ပြနိုင်ကြသဖြင့် ပရိသတ်၏ မျက်ရည်ကို ချူယူသည်ဟုပင် ဆိုစမှတ်ပြု ကြသည်။
ဇာတ်ညွှန်းနှင့် ဒါရိုက်တာများ၏ ဆန္ဒကို ပီပြင်စွာ သရုပ်ဖော်နိုင်သည့်အပြင် အလှအပ ထက်၊ သဘာဝကို ဦးစားပေးကာ ရုပ်ရည်၊ ဝတ်စားဆင်ယင်မှုမှအစ ဂရုတစိုက် လိုက်နာ ဆောင်ရွက်ကြပေသည်။
ယခင်မြန်မာ့ရုပ်ရှင်လောကတွင် စက်မှု ပစ္စည်း ခေတ်မမီသေးသော်လည်း ရှိသင့်သည့် ပစ္စည်း၊ ရှိသင့်သည့် အနေအထားကပင် သဘာဝကျစွာ ရိုက်ကူး ထုတ်လုပ်နိုင်စွမ်း ရှိခြင်းသည် အနုပညာလောကသားများ၏ ပင်ကို အရည်အသွေးဟုပင် ဆိုထိုက်သည်။ ထက် မြက်သည့် အရည်အချင်းရှိခြင်းသည် တိုးတက်
လာခြင်း အရည်အသွေးကို ပိုမိုတောက်ပြောင် လာစေသည်။
တချို့ အနုပညာဗီဇသွေး ပါလာခြင်း မရှိသော်လည်း လုပ်ယူနိုင်စွမ်းရှိခြင်း အရည် အသွေးကြောင့်လည်း အောင်မြင်ခြင်းဟူသည့် အရည်အချင်းတစ်ရပ်ကို ရယူနိုင်ပေသည်။
အဖေဇာတ်ရုပ်၊ အမေဇာတ်ရုပ်သည် မူလ သဘာဝ အရည်အသွေးဖြစ်သည်။ ထို အရည် အသွေးအပေါ်တွင် အရည်အချင်းပေါင်းလိုက် သည့်အခါ အဖေဇာတ်ရုပ်၊ အမေဇာတ်ရုပ်သည် ပို၍ပီသလာသည်။ ပို၍ပီပြင်လာသည်။
ဒေါ်သိန်းရှင်သည် ဤသို့ အရည်အချင်း ရှိသည်။ ပင်ကိုရုပ်ရည်က ကရုဏာနှလုံးသား ပိုင်ရှင်တစ်ဦးဖြစ်သဖြင့် တစ်ကွက်ကောင်း၊ နှစ်ကွက်ကောင်း သရုပ်ဖော်လိုက်လျှင်ပင် ပရိသတ်ရင်နင့်ရသည်။ ပြောဟန်ဆိုဟန်လေး ကပင် မေတ္တာအပြည့်ရှိသူ ဖြစ်သည်။
အမေဇာတ်ကို ရင်နင့်ဖွယ် သရုပ်ဖော် နိုင်သဖြင့် ဇာတ်ကားများစွာ သရုပ်ဆောင် ထားခြင်း မဟုတ်ပေသည့် ရုပ်ရှင်ထူးချွန်ဆုကို ဆွတ်ခူးနိုင်ခဲ့ပေသည်။
အကယ်ဒမီဒေါ်သိန်းရှင်ကို ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်း သာယာဝတီ နယ်ကြား ကျွဲသာယာရွာ၌ အဖဦးဖိုးရင်၊ အမိဒေါ်ဘုန်းကြွေတို့မှ မွေးဖွားခဲ့သည်။ အကယ် ဒမီထူးချွန်ဆုရ မင်းသမီးနွဲ့နွဲ့မူ၏ မိခင်တစ်ဦး ဖြစ်ပြီး အကယ်ဒမီများပိုင်ရှင် ကြည်ကြည်ဌေး ၏ အစ်မအရင်းလည်း ဖြစ်သည်။
မောင်မောင်စိုးရုပ်ရှင်၊ ဒါရိုက်တာ မောင် မောင်မြင့် ရိုက်ကူးသော “အသက်ကိုနှင်း၍” ရုပ်ရှင်ကားဖြင့် ၁၉၆၉ ခုနှစ် အမျိုးသမီး ဇာတ်ပို့ထူးချွန်ဆု ချီးမြှင့်ခြင်းခံရသည်။
မြန်မာ့ရုပ်ရှင်လောကတွင် ညီအစ်ကို၊ ညီအစ်မ၊ မောင်နှမ၊ သားအမိ၊ သားအဖ စသည်ဖြင့် အနုပညာ သွေးချင်းသားချင်းများ များစွာရှိခဲ့သည်။ ကြည်ကြည်ဌေးတို့ ညီအစ်မ၊ သီတာခင်ထွေးတို့ ညီအစ်မ၊ တင်တင်မူတို့ မိသားစု၊ နွဲ့နွဲ့မှုတို့သားအမိ၊ မြင့်မြင့်ခင်တို့
သားအမိ၊ ဝါဝါဝင်းရွှေတို့မိသားစု၊ မောင်မောင် မြင့်တို့သားအဖ၊ ဝင်းဦးတို့ ညီအစ်ကိုများ၊ အေဝမ်းမိသားစု(အဘိုး၊ အဖေ၊ ဦးလေး၊ ညီ အစ်ကိုမောင်နှမများ)၊ ရွှေမန်းတင်မောင်နှင့် ညွန့်ဝင်း၊ ဝင်းဗိုလ်၊ ဆန်းဝင်းတို့သားအဖများ၊ စိန်အောင်မင်း၊ စီစီစိန်တို့သားအဖ၊ ခင်ယုမေ၊ ခင်ယုဆွေတို့ညီအစ်မ၊ ကျော်ဟိန်းတို့ ညီအစ် ကိုများ၊ စန္ဒာတို့မောင်နှမများ၊ သာဓုတို့သား အဖများ၊ ဂျော်လီဆွေတို့သားအဖများ၊ ဒါရိုက် တာထွန်းမြင့်ထွန်း၊ ခင်လေးသိမ့်၊ ခင်သီတာ ထွန်း၊ ကြည်ဖြူသျှင်စသည့် ရုပ်ရှင်မျိုးဆက်၊ ခင်သန်းနု၊ ခင်ချိုဆက်၊ ကျော်မောင်မောင်သွင် မောင်နှမများ စသည်စသည် အနုပညာသွေး ချင်းဆက်၊ ရင်ချင်းဆက်များ အပြိုင်အဆိုင် ပေါ်ထွန်းခဲ့သည်။ ရုပ်ရှင်တွင်သာမက စာပေ၊ ပန်းချီ၊ ဂီတ၊ ဇာတ်သဘင်များတွင်လည်း အနုပညာ သွေးရင်းသားရင်း၊ မျိုးဆက်အမွေခံ များ အပြိုင်းအရိုင်း ရှိကြသည်။ ဗီဇသွေးသည် မျိုးရိုးလိုက်ကာ အနုပညာနယ်ပယ်တွင် ထာဝရ စီးဆင်းနေမည်မှာကား ဧကန်အမှန်ပင် ဖြစ် သည်။
ဒေါ်သိန်းရှင် ပါဝင်သရုပ်ဆောင်ခဲ့သော ဇာတ်ကားများကို လက်လှမ်းမီ စုဆောင်းရရှိသမျှ ဖော်ပြရလျှင်🎥🎥🎥
"တောင်နန်းဒေဝီ၊ အသက်ကိုနှင်း၍၊ ဆယ်ကျော်သက်ခက်တဲ့အရွယ်၊ ဖူးစာတစ်ရေးနိုး၊ မမုန်းသာသည်၊ မုန်းတဲ့ချစ်သူ၊ မုန်းစိတ်မရည်ရွယ်၊ မေတ္တာစိမ်းစိမ်း၊ မှန်းတစ်လှည့်ပြုံးတစ်လှည့်၊ ကေသွယ်ရယ် ကော့မိုင်ရယ်၊ မိုက်တယ်ဆိုတာလွယ်ပါတယ်၊ အားနွဲ့သူပါရှင်၊ ရှန်နံ့သာခြယ်ကာသပါလို့ ဇာတ်ကားများ ဖြစ်သည်။
မူပိုင်စာရေးသူ ပန်းချီဆရာကြီး ဆရာမောင်နေကြည်🙏
#လေးစားစွာဖြင့်
19/06/2026
ကျော်ဟိန်း နဲ့ ပြေငြိမ်း စတွေ့ခြင်း
ပိတောက်တွေရွှေရည်လူးခဲ့ပေါ့လေ
သုခုမရုပ်ရှင်၊
ဒါရိုက်တာ မောင်မောင်မြင့်၊
ပြေငြိမ်းကို မင်းသားအဖြစ်စတင်။
ပြေငြိမ်း မင်းသား မဖြစ်ခင်က သူ့အစ်မနဲ့သူနဲ့ ဦးကျော်သွားတဲ့ နောက်ကိုလျှောက်လိုက်ဖူးတယ်။ အဲဒီတုန်းက မူးယစ်ဆေးဝါး သုံးစွဲနေဆဲကာလပေါ့။ အဲဒီ ပိတောက်တွေရွှေရည်လူး ဇာတ်ကားရိုက်ဖို့ မင်းသားအသစ်တွေခေါ်တော့ သူတို့မောင်နှမ နှစ်ယောက်က
ပြေငြိမ်းကို မင်းသားခန့်ဖို့ သုခုမ ရုပ်ရှင်ပိုင်ရှင် သူတို့ရဲ့ အဘွားဒေါ်နန်းကို ပြောခိုင်းတယ်။ “နင်တို့ ဘိန်းစားတွေ ဆေးဖြတ်ရင် ရိုကပေးမယ်လို့” ဒေါ်နန်းက ပြောတာနဲ့ ပြေငြိမ်း ဆေးဖြတ်ပြီး အဲဒီကားကို ရိုက်ခွင့်ရသွားတာပဲ။
ပြေငြိမ်း နဲ့ ကျော်ဟိန်း နောက်ဆုံးတွေ့ဆုံခြင်း
ခွင့်ပြုရင်တစ်ကပြန်စမယ်
ဒါ ဦးကျော်ရဲ့ ပထမဆုံး ဗီဒီယိုဇာတ်လမ်း။
ဒါရိုက်တာက စန္ဒာအောင်သိန်း။ ပါဝင်တဲ့သရုပ်ဆောင်တွေက ကျော်ဟိန်း၊ ခိုင်ခင်ဦး။
အဲဒီကားရိုက်နေတဲ့အချိန်မှာ ပြေငြိမ်းနဲ့တွေ့တယ်။ “ပိတောက်တွေရွှေရည်လူး” ဇာတ်ကားရိုက်ပြီးတည်းက သူနဲ့မတွေ့တော့တာ။ ဦးကျော်ကိုတွေ့တော့ သူကမေးတယ်။ “ကိုကျော် ဘာတွေလုပ်နေလဲ”တဲ့ ဦးကျော်ကလည်း “ငါ သေကြည့်နေတယ်ကွာ” လို့ပြန်ပြောလိုက်တယ်။ အဲဒီမှာ သူက “တိုက်တိုက်ဆိုင်ဆိုင် ကိုကျော်ရာ ကျွန်တော်လည်း သေကြည့်နေတယ်” လို့ပြောတယ်။
သာကေတတံတားပေါ်က ခုန်ချတဲ့အခန်း ရိုက်နေတဲ့အချိန်မှာ ပြေငြိမ်း ရထားပေါ်ကပြုတ်ကျလို့ သေပြီဆိုတဲ့ သတင်းကို
ကြားရတာပဲ။
19/06/2026
ရှားရှားပါးပါး မြန်မာ့ရုပ်ရှင်ဂန္တဝင် အကယ်ဒမီမိသားစု🥰💝
ဖခင် ကျော်ဝင်း မိခင် တင်တင်မူ သမီးဘဒေစီကျော်ဝင်း
ကျော်ဝင်း - ၁၉၅၂ ခုနှစ် (မာလာရီ) အမျိုးသာပညာသည်ဆု💫
တင်တင်မူ - ၁၉၆၅ ခုနှစ် (သဲလွန်စ) ဇာတ်ပို႔💫အမှန်ကဇာတ်ဆောင်ရသင့်တာ ဆုတတ်မယူခဲ့ပါ💓
ဒေစီကျော်ဝင်း - ၁၉၇၁ ခုနှစ် (အားနွဲ့သူပါရှင်) ဇာတ်ဆောင်💫
#လေးစားစွာဖြင့်
#လေးစားစွာဖြင့်
19/06/2026
တစ်ချိန်က အကယ်ဒမီဂန္တဝင်မင်းသားကြီး ထွန်းဝေ💖💐
ရရှိခဲ့သော အကယ်ဒမီဆုများ🏆🏆🏆
၁၉၅၇ ခုနှစ် - ဗိုလ်မြဒင် ( ပညာသည်ဆု)💫
၁၉၅၉ ခုနှစ် - ကကြီးရေက, ချစ်တော့ ချစ်တယ်, ဗိုလ်အောင်နိုင် (ပညာသည်ဆု)💫
၁၉၈၃ ခုနှစ် - တတိယအရွယ်၏ ဒုတိယဝေဒနာ (ဇာတ်ပို့)💫
19/06/2026
ယိုးဒယားပြန် အငြိမ့်မင်းသမီးကြီး အမာစိန်💫💫💫
တစ်ချိန်က နာမည်ကျော်သော မန္တလေးအငြိမ့်မင်းသမီးဖြစ်သည်။ သဘင်ပညာရှင်ကြီး ရွှေဒေါင်းညို၏ တူမ တော်စပ်၍၊ ချစ်ဦးညို ၏ အစ်မဝမ်းကွဲ တော်စပ်သည်။၁၉၅၂ ခုနှစ်၊ မန္တလေး ပန်တျာကျောင်း စပြီးတည်ထောင်တေ အမျိုးသမီးအကနည်းပြ က ဒေါ်ဩဘာသောင်း၊ အမျိုးသားအကကိုသင်မယ့် ဆရာ ဦးရွှေဒေါင်းညို။ သင်ပေးမယ့်ဆရာတွေသာရှိတာ ကျောင်းက ဖွင့်စဆိုတေ သင်တန်းသူ၊ သင်တန်းသားက မရှိသေးဘူး။ ဒီတော့ ဦးရွှေဒေါင်းညိုက “အမာစိန်ရော၊ မခင်စိန်ရော၊ မစန်းရီရော” ပန်တာ ကျောင်းလာတက်ကြဆိုပြီး တူမတွေကို တက်ခိုင်းတော့တာပဲ။💫💫💫
ဦးလေးကို ကြောက်ပြီး သုံးယောက်စလုံး လာတက်ရတော့ အမာစိန်နဲ့ မခင်စိန်က အကသင်တန်း၊ မစန်းရီက ပတ္တလားသင်တန်း တက်ကြတယ်။ အမာစိန်ဟာ တတိယနှစ်အရောက်မှာပဲ နိုင်ငံတော်အစိုးရက စေလွှတ် တဲ့ နှစ်နိုင်ငံချစ်ကြည်ရေးဖလှယ်တဲ့ ခရီးစဉ်မှာ ရွေးချယ်ခံရပြီး ယိုးဒယား ကို သွားရောက်ဖျော်ဖြေခွင့်ရတဲ့ တစ်ဦးတည်းသော ကျောင်းသူဖြစ်ပါတယ်။ရွှေမန်းရီရီအငြိမ့်မှာ ရှေ့ထွက်မင်းသမီးအဖြစ် ကပြပြီး တစ်နှစ်ပြည့် ချိန် မင်းသမီးကြီး ဒေါ်အောင်မြသင်း တည်ထောင်ပြီး ဦးကြီးဖြစ်သူ ဦးဘစံ ဦးစီးစီစဉ်တဲ့ အငြိမ့်မှာ ခေါင်းဆောင်မင်းသမီးအဖြစ် ကပြနိုင်ခဲ့ပါတယ်။💫💫💫
လူရွှင်တော်ကြီးများဖြစ်ကြတဲ့ ဦးလိမ္မော်၊ ဦးမြမောင်၊ ဦးငွေတိုးတို့နှင့်အတူ ““ယိုးဒယားပြန် အမာစိန်အငြိမ့်””ဆိုပြီး ၁၉၅၆ ခုနှစ်မှာ စတင်ပေါ်ထွက် လာခဲ့ပါတယ်။အမာစိန်မာ အငြိမ့်လောကမှာ ငါးနှစ်ခန့် ကပြီး အလွန်အောင်မြင်နေဆဲမှာပဲ ရုပ်နှင့် ဒါရိုက်တာများရဲ့ မျက်စိကျခြင်းခံရပြီး ရုပ်ရှင်နယ်ထဲ ဆွဲခေါ်လိုက်တာကြောင့် အစပိုင်းမှာတော့ အငြိမ့်အားရက်တွေမှာ ရုပ်ရှင်ရိုက်နေရာက နောက်ပိုင်းမှာတော့ အငြိမ့်မင်းသမီးဘဝကို လုံးလုံးစွန့်လိုက်ပြီး ရုပ်ရှင် မင်းသမီးဘဝကို ပြောင်းလဲလှုပ်ရှားခဲ့ပါတယ်။💫💫💫
တကယ်တမ်းမှာတော့ ရုပ်ရှင်ဟာ အမာစိန် ဝါသနာပါတဲ့အလုပ်တစ်ခု မဟုတ်ပါဘူး။ ဒါကို တဖြည်းဖြည်းသိလာတဲ့အခါ ရုပ်ရှင်ကို များများစားစား မရိုက်တော့ဘဲ နှစ်ကား၊ သုံးကားလောက်ရိုက်ပြီးချိန်မှာ ဆက်မရိုက်တော့ ဘူး။ ရန်ကုန်မြို့၊ မြန်မာ့အသံမှာ အစီအစဉ်ကြေညာသူအဖြစ် ဝင်ရောက်ခဲ့ပါတယ် ။ မြန်မာ့အသံမှာ အစီအစဉ်ကြေညာသူအဖြစ်၊ အဆိုတော်အဖြစ်ကျင်လည် နေရင်း အဲ့ဒီအချိန်က ပြန်ကြားရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကို ပူးတွဲ တာဝန်ယူထားတဲ့ ဗိုလ်မှူးကြီး စောမြင့်က ယဉ်ကျေးမှု ကဇာတ်ဌာနမှာ နည်းပြဆရာမ လိုနေတယ်။ အမာစိန်က မြန်မာ့အသံထက် ယဉ်ကျေးမှု ကဇာတ်မှာ ပိုပြီးသင့်တော်တယ်ဆိုပြီး မြန်မာ့အသံကနေ ယဉ်ကျေးမှုကဇာတ် ဌာနကို ““အကနည်းပြဆရာမ””အဖြစ် ရာထူးတိုးခန့်အပ်လိုက်ပါတယ်။💫💫💫
မြန်မာ့အသံမှာ ခုနစ်နှစ်ခန့်လုပ်ခဲ့ပြီး ၁၉၆၄ ခုနှစ်ကစလို့ ယဉ်ကျေးမှု ကဇာတ်ဌာန အကနည်းပြဆရာမအဖြစ် တာဝန်ယူချိန်မှာ အမျိုးသမီး ယိမ်းပေါင်းများစွာကို သင်ကြားပေးခဲ့ရာ စိန်ကြောင်နီလာယိမ်း၊ လက်အလှ ယိမ်း၊ နန်းကြာညိုကျော့ယိမ်းများကို လူအများ နှစ်သက်တာကြောင့် ထင်ရှား ခဲ့ပါတယ်။💫💫💫
အမာစိန်ဟာ ယဉ်ကျေးမှုကဇာတ်မှာ သင်ကြားပေးရုံသာမက အစိုးရ ပွဲတွေ၊ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဦးနေဝင်းရဲ့ အိမ်တော်ပွဲတွေ၊ နိုင်ငံခြား ဧည့်သည်တော်များကို အထူးဧည့်ခံတဲ့ပွဲတွေမှာ တစ်ခါတစ်လေ အငြိမ့်၊ တစ်ခါတစ်လေ တပင်တိုင်အကနဲ့ ကိုယ်တိုင်ကပြ ဖျော်ဖြေရပါတယ်။ ယခုအခါမိုးကုတ်ဝိပသနာမှာ ရာသက်ပန်ယောဂီ အဖြစ်တရားအားထုတ်လျက်ရှိပါတယ် ။💫💫💫
#လေးစားစွာဖြင့်
19/06/2026
ဇာတ်ပို့လူကြမ်းမင်းသားကြီး ဦးမင်းစိန် အသက် ၅၆ နှစ်💫💫💫
ပရိသတ်မုန်းတဲ့ လူယုတ်မာအခန်း တွေကို ကျရာဇာတ်ရုပ်မှာ ပေးတဲ့ တာ ဝန်ကျေအောင်လုပ်မယ် ဆိုတဲ့စိတ်နဲ့ သရုပ်ဆောင်ပြခဲ့ပေမဲ့ အခုတာေ အသက်တွေကြီးလာလို့ထင်ပါရဲ့ လူယုတ်မာအခန်းတောင် သိပ်မရိုက် ရတော့ပါဘူး လို့ မကွယ်လွန်ခင်က အင်တာဗျူးတစ်ခုမှ ရင်ဖွင့်ပြောဆို ခဲ့ရှာတဲ့ ဗီလိန်သရုပ်ဆောင် ဦးမင်းစိန် ။💫💫💫
အသာမစံ အနာခံလူကြမ်းမင်းသားဘဝ💫💫💫
လူဆိုး၊ လူမိုက်၊ ဓားပြ၊ လူသတ်ကောင်၊ မူးယစ် ဂိုဏ်းစတား၊ အမျိုးသမီးတွေ ကို အဓမ္မကျင့်သူ နေရာတွေမှာ ပီပီပြင်ပြင်
သရုပ်ဆောင်ခဲ့တဲ့ ဦးမင်းစိန် က တာ့ အနုပညာလောကထဲသို့ သရုပ်ဆောင် ရဲကို ကိုနှင့် ရိုက်ကူးခဲ့သော ငရဲ ကလာသူပြာပူမကြောက် ၊ ရွှေသမင်ဘယ်ကထွက် စတဲ့ ဇာတ်ကား တွေ ရို က်ခဲ့ပြီး အနုပညာသက်တမ်း ၃ဝ ကျော် နဲ့ ဇာတ်ကားပေါင်း ၁ဝဝဝ ဝန်းကျင် ရိုက်ကူးခဲ့သူလည်း ဖြစ်ပါတယ်။💫💫💫
ဇန်နဝါရီ ၅-၂ဝ၁၉ ရုပ်ရှင် နဲ့ ဗီဒီယိုသရုပ်ဆောင်
လူကြမ်းမင်းသား ဦးမင်းစိန် ကတော့ ပန်းနာရင်ကြပ်ရောဂါနဲ့ ကွယ်လွန်ခဲ့သည်။
လူကြမ်းမင်းသား ဦးမင်းစိန် ကွယ်လွန်
ချိန်တွင် အသက် (၅၆) နှစ် ရှိပြီးဖြစ်သည်။💫💫💫
သားသမီး ၅ ယောက် ကျန်ရှိခဲ့သည်။💫💫💫
#လေးစားစွာဖြင့်
18/06/2026
ကျော်ကျော် နဲ့ ဝါဝါ ဘယ်ကားထဲကပုံရိပ်ဖြစ်မလဲ🥰
18/06/2026
မင်းသားချော ကျော်သူ + မင်းသမီးချော တင်နီလာဝင်း💖💐
ယခင်ကအသက်ရွယ်နဲ့ ခုအသက်ရွယ်ပုံရိပ်📸💓💞
#လေးစားစွာဖြင့်
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
THAI