MR.AI Entertainment
ရယ်မောချင်းဟာ အသက်ရှည်စေနှိုင်ပါတယ်။
25/12/2025
"နိုင်ငံရေး ဆိုတာ ဘာလဲဖေဖေ"
သားဖြစ်သူက ကျောင်းကပြန်လာပြီး သူ့အဖေကို မေးပါတယ်။
ဖေဖေ... နိုင်ငံရေးဆိုတာ ဘာလဲဟင်။
အေး... နားလည်အောင် ပြောပြမယ်။ ငါက အိမ်အတွက်
ပိုက်ဆံရှာပေးတော့ ငါက 'အရင်းရှင်'။ မင်းအမေက ပိုက်ဆံကို
စီမံခန့်ခွဲတော့ သူက 'အစိုးရ'။ မင်းကတော့
ငါတို့စောင့်ရှောက်ရမယ့် 'ပြည်သူ' ပေါ့။ အိမ်ဖော်မလေးက
'အလုပ်သမားလူတန်းစား'။ မင်းရဲ့ ညီလေးကတော့ ငါတို့ရဲ့
'အနာဂတ်' ပေါ့ကွာ။" ဒီလို့နဲ့ညသန်းခေါင်ယံရောက်တော့
ညီလေးကအီးအီးတွေပေနေလို့ ငိုတော့ သားဖြစ်သူက နိုးလာတယ်။
သူက အဖေ့တို့အခန်းထဲ သွားကြည့်တော့ အဖေကမရှိဘူး။
အမေကတော့ အိပ်ပျော်နေတာပေါ့ ဒါနဲ့ အိမ်ဖော်မလေးအခန်းထဲ
သွားကြည့်လိုက်တော့... အဖေက အိမ်ဖော်မလေးနဲ့
အလုပ်ရှုပ်နေတာကို တွေ့လိုက်ရတယ်။ အမေကတော့
အခန်းထဲမှာနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာပေါ့။
နောက်နေ့မနက် အဖေက မေးပါတယ် "ကဲ သား...
နိုင်ငံရေးဆိုတာ ဘာလဲဆိုတာ အခု နားလည်ပြီလား။"
ဟုတ်... နားလည်ပြီ ဖေဖေ။ နိုင်ငံရေးဆိုတာ...
အရင်းရှင်တွေက အလုပ်သမားလူတန်းစားကို
ချုပ်ကိုင်ထားချိန်မှာ၊ အစိုးရကတော့ ဘာမှမသိဘဲ
အိပ်ပျော်နေတာပဲ။ ပြည်သူတွေကတော့ ဘာလုပ်ရမှန်းမသိဘဲ
ကြောင်ကြည့်နေရပြီး၊ အနာဂတ်ကတော့ နံစော်နေတာပဲ ဖေဖေ!"
ဟိုက်!.....😂😂
#ဟာသ #ရယ်စရာ #ဗဟုသုတ
24/12/2025
"ထီပေါက်ရင် အိမ်ပေါ်က ဆင်းမယ်"
လင်မယားနှစ်ယောက် စကားများနေကြရင်း
မိန်းမဖြစ်သူက ဒေါသတကြီးနဲ့ အော်ပြောလိုက်တယ်။
မိန်းမ။ ။ "ရှင် မှတ်ထားနော်... ကျွန်မသာ ထီပေါက်လို့ကတော့
ရှင့်မျက်နှာကို တစ်စက္ကန့်တောင် မကြည့်ဘူး။ အဲ့ဒီနေ့မှာတင်
ရှင့်ကို ကွ-ာရှင်းပြီး ဒီအိမ်ပေါ်ကနေ အပြီးအပိုင် ဆင်းသွားမှာ!"
ယောကျ်ားဖြစ်သူက ဘာမှပြန်မပြောဘဲ အေးအေးဆေးဆေးပဲ
သူ့အိတ်ထဲက ထီလက်မှတ်တစ်စောင် ထုတ်လိုက်ပြီး...
ယောကျ်ား။ ။ "ကဲ... ရော့။ ဒီမှာ ထီလက်မှတ်၊ မနေ့ကပဲ
ထွက်သွားတာ။ အေးအေးဆေးဆေး တိုက်ကြည့်လိုက်ဦး။"
မိန်းမဖြစ်သူက စိတ်တိုတိုနဲ့ ထီစာရွက်ကို ယူတိုက်ကြည့်လိုက်တော့...
"ဟယ်... သိန်း ၅၀ ပေါက်တယ်! တကယ် ပေါက်တာဟေ့!"
မိန်းမဖြစ်သူဟာ ဝမ်းသာအားရ ဖြစ်သွားပြီးမှ
စောစောက ပြောထားတဲ့ စကားကို သတိရသွားပြီး
မျက်နှာပျက်သွားတယ်။ ဒါပေမဲ့ မာန်တင်းပြီး...
မိန်းမ။ ။ "ကဲ... စောစောက ပြောတဲ့အတိုင်းပဲ။
ကျွန်မ သိန်း ၅၀ ရပြီဆိုတော့ ရှင့်ကို ကွ-ာမယ်၊
အခုပဲ အိမ်ပေါ်က ဆ-င်းမယ်။"
ယောကျ်ားဖြစ်သူက ပြုံးစိစိနဲ့ ပြန်ပြောလိုက်ပုံက...
"အေးအေး... ဆ-င်းမယ်ဆိုလည်း ဆ-င်းလေ။
ဒါနဲ့ မင်းတိုက်တာက 'ရှေးဟောင်း' ထီစာရွက်လေ။
ငါ မနေ့ကမှ ၅၀၀ နဲ့ ဝယ်ထားတာ... မင်း အိမ်ပေါ်က
ဆ-င်းသွားအော-င်လို့!"
မိန်းမမှာ (လက်ထဲက ထီလက်မှတ်ကို ကြည့်ပြီး သွေးတက်သွားလေသည်) 😵💫🥊
#ဟာသ #လင်မယားဟာသ
คลิกที่นี่เพื่อเป็นสมาชิก?