21 Cm

21 Cm

แชร์

Freedom Is Not Free

Photos from 21 Cm's post 07/06/2026

21CM ရဲ့ ပထမဦးဆုံး Limited Edition နာရီလေးတွေ ထွက်ရှိခဲ့တာ 19 July 2026 ဆိုရင် ၁နှစ်ပြည့်ပါတော့မယ်။

ပထမဦးဆုံး ထွက်ရှိခဲ့တဲ့ product ဖြစ်တဲ့အလျောက် Limited Edition 1200 မှာ Error ဖြစ်တာလေးတွ ရှိခဲ့ပါတယ်။ ဒါဟာ Customer တွေအနေနဲ့ 21CM ကို အသိပေးဆက်သွယ်လာတာကြောင့် Limited Edition 1200 မှာ ဒီလို error ၃ လုံး ၄ လုံး ပါနေတယ်ဆိုတာ ကို 21CM အနေနဲ့ သိရှိခဲ့ရတာ ဖြစ်ပါတယ်။ အချို့သော 21CM ချစ်သူတွေအနေနဲ့ လည်း ကိုယ်ဝယ်ယူလိုက်တဲ့ 21CM ရဲ့ Product တွေမှာ Error တစ်ခုခုပါခဲ့သည်ရှိသော် အချိန်မရွေး ဆက်သွယ်အကြောင်းကြားပေးဖို့ မမေ့ပါနဲ့နော်။21 CM အနေနဲ့ 100%တာဝန်ယူပေးပါတယ်။

တော်လှန်ထုတ်ကုန် ဆိုတာနဲ့ စျေးကြီးပေးဝယ်ပြီး Quality လည်း အဆင်မပြေဘူး။ ဒါပေမယ့် တလရ အတွက်ပဲလေ ဆိုပြီး မပြောပဲ ဒီအတိုင်းမနေကြဖို့အထူးမေတ္တာရပ်ခံချင်ပါတယ်။

တော်လှန်ထုတ်ကုန်အများစုကို ဝယ်ယူအားပေးကြတဲ့ သူတွေထဲမှာ ကိုယ့်ရပ်တည်ရေးအတွက် ချွေးနဲစာ ကို ပင်ပင်ပန်းပန်းရှာဖွေ လုပ်ကိုင်နေရတဲ့သူတွေ အများစု ပါဝင်ကြပါတယ်။ဒီလူတွေရဲ့ ချွေးနဲစာတွေနဲ့ တန်ဖိုးထားဝယ်ယူလိုက်တဲ့ အလျောက် သူတို့ရရှိသွားတဲ့ 21CM ပစ္စည်းရဲ့ Quality ကိုလည်း အကောင်းဆုံး ကိုသာပေးချင်ပါတယ်။ တော်လှန်ရေးအတွက် မို့လို့ တော်လှန်ထုတ်ကုန်တွေကို စျေးကြီးပေး ဝယ်ရတယ်ဆိုတာ ထက် Quality ကို ကြိုက်လို့ စျေးကြီးပေးဝယ်ရတယ် ဆိုတာမျိုးကို 21CM အနေနဲ့ ဖြစ်စေချင်တာ အမှန်ပါ။

21CM ချစ်သူတွေဆီကနေ review တွေရမှ 21CM ဘက်က သိရှိမှာဖြစ်ပြီး Company ဘက်ကိုလည်း သေချာ ဂရုစိုက်ပြင်ဆင်ဖို့ အတွက် ပြန်လည်ပြောကြားနိုင်မှာဖြစ်ပါတယ်။ 21CM အနေနဲ့ ပထမဦးဆုံး ထွက်ရှိခဲ့တဲ့ Limited Edition 1200 မှာ Error ၃လုံးလောက်ပါရှိတာကို သ်ိရှိခဲ့ရတဲ့အတွက် နောက်ထပ်product တွေမှာ company ဘက်ကို Quality Reckeck လုပ်ဖို့အတွက် သေချာပြောနိုင်ခဲ့ပါတယ်။ Company အနေနဲ့ လည်း Error ပါရှိခဲ့တာကို သိရတဲ့အခါမှာ သူတို့အနေနဲ့ နောက်ထပ် product တွေကို သေချာ ဂရုစိုက်နိုင်ခဲ့ပါတယ်။

ဒါကြောင့်မို့ 21CM ချစ်သူတွေ အနေနဲ့ 21CM ရဲ့ Product တွေဟာ Error ပါရှိခဲ့သည်ရှိသော် အချိန်မရွေး 21CM ကို ဆက်သွယ် အကြောင်းကြားပေးဖို့ မေတ္တာရပ်ခံပါတယ်။ 21CM အနေနဲ့ 21CMရဲ့ Product တွေ ကို ပေးရတဲ့ စျေးနဲ့ တန်တဲ့ History& Quality အကောင်းဆုံးဖြစ်ဖို့ အစဉ် ကြိုးစားနေလျက်ရှိကြောင်း လည်း 21CM ချစ်သူများကို အသိပေးအပ်ပါတယ်။

Photos from 21 Cm's post 31/05/2026

21CM ချစ်သူများသို့ လေးစားစွာ အသိပေးအကြောင်းကြားခြင်း🙏

အမေစု ရဲ့ 81နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် ဂုဏ်ပြု ဖန်တီးထားတဲ့ 81 Tribute Collection SHE ကို 21CM ကနေ June 1 ရက်နေ့မှာ စတင်မိတ်ဆက်ပြီး order စတင်လက်ခံမှာ ဖြစ်ကြောင်း 21CMအနေနဲ့ ပထမရက်တွေမှာ ကြော်ငြာပေးခဲ့ပါတယ်။ သို့ပေမယ့် မထင်မှတ်ထားတဲ့ အခက်အခဲ တစ်စုံတစ်ရာကြောင့် SHE ကို စတင်မိတ်ဆက်ပြီး SHE အတွက် အရောင်းဖွင့်ပေးမယ့်ရက်ကို နောက်သို့ရက်အနည်းငယ် ရွှေ့ဆိုင်းကြောင်း လေးစားစွာ အသိပေး တင်ပြအပ်ပါတယ်။

အဓိက အခက်အခဲဟာ SHE အတွက် ရိုက်ကူရေး လုပ်ရမယ့် ပစ္စည်းတွေ Thai Custom မှာ ပိတ်မိနေတာကြောင့်ဖြစ်ပါတယ်။ဆက်သွယ်ရေး ပစ္စည်းဖြစ်တာတစ်ကြောင်း အမေ့ရဲ့ ပုံရိပ်ပါဝင်တာ တစ်ကြောင်း မို့ တန်ဖိုးကြီးပစ္စည်းအဖြစ်သတ်မှတ်ပြီး NBTC ကနေပါ Import Licenses တောင်းခိုင်းနေတဲ့ အခြေအနေထိ ရောက်ရှိနေလို့ပါ။

ပစ္စည်းတွေထွက်လာတာနဲ့ SHE ကို စတင်အရောင်းဖွင့်မယ့်ရက်ကို ပြန်လည်ကြေငြာပေးမှာဖြစ်ပါတယ်။
June ဒုတိယပတ်ဝန်းကျင်လောက်မှ SHE ကို Announce လုပ်နိုင်မှာဖြစ်လို့ 21CM ချစ်သူများအနေနဲ့ အခက်အခဲများစွာ ကြားထဲက ထွက်ရှိလာမယ့်SHE ကို အားကုန် ဝုန်းကြဖို့ Ready ပြင်ထားကြမယ်နော်။

27/05/2026

21CM ရဲ့ 81 Tribute Collection ဖြစ်တဲ့ SHE ကနေရရှိလာတဲ့ အကျိုးအမြတ် အားလုံး ကို မြေပြင် အဖွဲ့အစည်း ၃ခု အတွက် ဒီတစ်ခေါက်မှာ 100% စီးဆင်းပေးသွားမှာဖြစ်ပါတယ်။

SHE ကနေရရှိလာမယ့် အကျိုးအမြတ် 100% စီးဆင်းပေးမယ့် မြေပြင် အဖွဲ့အစည်း ၃ခု ထဲမှာ ပဲခူးတိုင်းစစ်ဒေသ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ MKG PDF လည်း ပါဝင်မှာဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ ပဲခူးတိုင်းဘက် မှာ အမှန်အကန် လှုပ်ရှားနေတဲ့ MKG PDF ရဲ့လိုအပ်ချက်တွေအတွက် အမှန်တကယ် ဖြည့်ဆည်းကူညီပေးနိုင်ဖို့ SHE နဲ့အတူ လက်တွဲကြမယ်ဗျို့။

Photos from 21 Cm's post 25/05/2026

21ST CENTURY MARTYRS Revosunglasses ရဲ့ အကျိုးအမြတ် 100%မှ သီးပွင့်လာခဲ့တဲ့ ကရင်နီမှ အသီးအပွင့်လေးတွေ ကို အားလုံး ကြည်နူးပီတိ ဖြစ်ရအောင် မျှဝေပေးလိုက်ပါတယ်။
ဒါဟာ 21CMနဲ့အတူ 21CM ချစ်သူတွေ စိုက်ထူနိုင်ခဲ့တဲ့ သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပါတယ်။

မလျော့သော ဇွဲ နဲ့ စိတ်ဓာတ်ခွန်အားအပြည့် ဖြည့်ပြီး အာဏာရှင် ကို ဆက်လက်တွန်း လှန်သွားမယ့် ကရင်နီရဲ့ သူရဲကောင်းတွေ ဖြစ်ပါတယ်။

Photo - 21CM မှ တာဝန်ယူတပ်ဆင်ပေးခဲ့သော ခြေတုများနှင့်ကရင်နီသူရဲကောင်းများ



#ဆက်လျှောက်

21/05/2026

June 1 ရက်နေ့မှာ ထွက်ရှိလာမယ့် 21CM ရဲ့ product အသစ်တစ်ခု ဖြစ်တဲ့ SHE ကနေ ရရှိလာမယ့် အကျိုးအမြတ် အားလုံးကို 100% စီးဆင်းပေးမယ့် မြေပြင် အဖွဲ့တွေထဲမှာ အမှတ်(၂) စစ်ဒေဿ တနသ်ာရီတစ်လျှောက်မှာ ရှိတဲ့ ဗျူဟာ (၃၃) လည်း ပါဝင်မှာဖြစ်ကြောင်း အသိပေးအပ်ပါတယ်။

Photos from 21 Cm's post 18/05/2026

19 July 2025 မှာ 21CM ကနေ ပထမဆုံး စတင်ထွက်ရှိခဲ့တဲ့ Limited Edition watch 1200လုံး 24နာရီအတွင်း all sold out တဲ့အထိစံချိန်တင်နိုင်ခဲ့တာကို 21CM ချစ်သူ အားလုံး မှတ်မိကြ မယ်ထင်ပါတယ်။

June 1 ရက်နေ့မှာ 21CM ကနေ အသစ်ထွက်ရှိလာမယ့် အမေစုရဲ့ 81 နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုဖန်တီးထားတဲ့ 81 Tribute Collection ဖြစ်တဲ့ SHE ကိုလည်း 21CM ချစ်သူတွေအနေနဲ့ ပထမ နာရီရဲ့ စံချိန်ကို အမှီချိုးနိုင်ပါ့မလားဆိုတာ သိချင်မိပါတယ်။

SHE ဟာ June 1 ရက်နေ့မှာ 21CM ချစ်သူအားလုံးရဲ့ အရှေ့ကို အမိုက်စားနဲ့ ရောက်ရှိလာဖို့ အဆင်သင့်ဖြစ်နေပါပြီ။ 21CM ချစ်သူတွေအနေနဲ့ SHE အတွက် အားအင်အပြည့် ဝန်းရံအားပေး ကြမယ်လို့ ယုံကြည်ပါတယ်ဗျို့။

Are you ready for SHE ?

Photos from 21 Cm's post 17/05/2026

21CM အနေနဲ့ 9လတာ ကာလအတောအတွင်း ဖန်တီးထုတ်လုပ်ခဲ့တဲ့ Revomech 3မျိုးကနေ ရရှိခဲ့တဲ့ အမြတ်ငွေ စုစုပေါင်း 5,279,735.91 THB ( မြန်မာငွေအားဖြင့် 668,354,180.94 ကျပ်) ကို မြေပြင်မှာ လိုအပ်နေတဲ့ တပ်ရင်းတပ်ဖွဲ့တွေအတွက် ထိထိရောက်ရောက်ကူညီပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။

ဒါ့အပြင် June 1 ရက်နေ့မှာ ထပ်မံထွက်ရှိလာမယ့် 21CM ရဲ့ Product အသစ်တစ်ခုဖြစ်တဲ့အမေစု ရဲ့ 81 နှစ်ပြည့် မွေးနေ့ အတွက် ဂုဏ်ပြုဖန်တီးထားတဲ့ SHE ကနေ ရရှိလာတဲ့ အကျိုးအမြတ်အားလုံး ကိုလည်း လိုအပ်နေတဲ့ မြေပြင်နေရာ ၃ခုစီသို့ 100% အပြည့်အဝ စီးဆင်းသွားမှာဖြစ်ကြောင်း အသိပေးတင်ပြ အပ်ပါတယ်။

Limited Edition 1200 ဖြစ်ပြီး 21CM ချစ်သူအားလုံးအတွက် ဆက်သွယ်ရေး၊ စီးပွါးရေး၊ ကျန်းမာရေး ၊အားကစား ဂဏ္ဌတွေမှာ ဘက်စုံအသုံး ပြုနိုင်မယ့် အပြင် Blind Box ရဲ့ Feeling ကိုပါ တစ်ပါတည်း ပေးစွမ်းနိုင်မယ့် Product တစ်ခုဖြစ်တာကြောင့် 1200 ထဲမှာ အမှီပါဝင်နိုင်အောင် Ready ပြင်ထားပေးကြဖို့မမေ့နဲ့နော်။

15/05/2026

June 19 ရက်နေ့မှာကျရောက်မယ့် အမေစု ရဲ့ 81 နှစ်ပြည့် မွေးနေ့အတွက် ဂုဏ်ပြုဖန်တီးထားတဲ့ SHE ဟာ June 1 ရက်နေ့မှာ ထွက်ရှိလာတော့မှာဖြစ်ပါတယ်။

SHE ကနေ ရရှိလာမယ့် အမြတ်ငွေ အားလုံး ကို မြေပြင် မှာ ထိထိရောက်ရောက် တိုက်ပွဲဝင်ပြီး လိုအပ်နေတဲ့ တပ်ရင်းတပ်ဖွဲ့ ၃ခုစီသို့ 100% စီးဆင်းပေးသွားမှာဖြစ်ပါတယ်။

SHE ကနေ ရရှိလာတဲ့ အမြတ်ငွေ 100% လုံးစီးဆင်းပေးမယ့် အဖွဲ့ တွေ ထဲမှာ ကရင်နီဘက်မှ ထိခိုက်ဒဏ်ရာ ရသူရဲကောင်းတွေအားလုံးကို စောင့်ရှောက်ကုသပေးနေတဲ့ KNDF PATIENT CENTER လည်း ပါဝင်မှာဖြစ်ပါတယ်။

လိုအပ်နေတဲ့ မြေပြင် အဖွဲ့အစည်းတွေအတွက် 100% ထိထိရောက်ရောက် ကူညီအားဖြည့် ပေးနိုင်ဖို့ SHE နဲ့အတူ ပါဝင်ကြပါစို့။

14/05/2026

Show your time for SHE.

She tells History.

Coming soon !!!

13/05/2026

21CM Revomerch တွေထဲက တစ်ခုဖြစ်တဲ့ RevoSunglasses ရောင်းရတဲ့ အကျိုးအမြတ်ငွေ ထဲမှ ကရင်နီ သူရဲကောင်း ၅၄ ဦး အတွက် ခြေတုတွေကို ကရင်နီသို့ သွားရောက်တပ်ဆင်ပေးမှု မှတ်တမ်းဖြစ်ပါတယ်။

စစ်ရေးအခြေအနေကြောင့် ကရင်နီသူရဲကောင်း ၅၄ ဦးရဲ့ ခြေတုတပ်ဆင်မှုတွေကို 21CM ကိုယ်စား iwalk နဲ့အတူ ကိုကောင်းကောင်း ၊ ကိုမင်းလွန် တို့မှ ကရင်နီသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်တပ်ဆင်ပေးနေတာဖြစ်ပါတယ်။

21CM ချစ်သူတွေ အနေနဲ့ ကိုယ်ဝယ်ယူအားပေးလိုက်တဲ့ 21CM ရဲ့ Revomerch တစ်ခုကနေ ဖြစ်ထွန်းသွားတဲ့ အကျိုးကျေးဇူးတွေဟာ သူရဲကောင်းတွေ အတွက် မရှိမဖြစ်လိုအပ်တဲ့ ခြေတုလေးတွေ ဖြစ်သွားတယ်ဆိုတဲ့အကြောင်း ဂုဏ်ယူပီတိ ဖြစ်စေရန် အလို့ငှါ အသိပေး ဖော်ပြ အပ်ပါတယ်။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Mae Sot?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่

Mae Sot