Camera For You - C4U

Camera For You - C4U

แชร์

" စားဝတ်နေရေးအတွက် Camera ရောင်းခြင်းမှ အမြတ်ယူပါတယ်
ဂျင်းမထည့်ပါ "

11/06/2026

တောင်ကိုးရီးယား Line up ကလည်း
Lee နဲ့ Kim နဲ့ များနေတယ် 😭

Photos from Camera For You - C4U's post 11/06/2026

ဗုဒ္ဓဟူးနေ့ အထိ Sold Out အမှာလေးတွေပါ ...

ပစ္စည်းပြတ်နေတဲ့
Canon 80D , Sony A6400 လေးတွေလည်း
၁လုံးစီ အသစ်၀င်ဖို့ရှိပါမယ် ...

မြန်မာပြည်တွင်းထဲ မပို့ဖြစ်တာတောင်
တကူးတက လူကြုံနဲ့ကော
Cargo တွေနဲ့ကော
ကိုယ့်အစီအစဉ်နဲ့ကိုယ်
အားပေးကြတဲ့အတွက် ...
ကျေးဇူးတင် အားနာမိပါတယ် ...

မြန်မာပြည်ထဲ ပို့နိုင်ဖို့ကြိုးစားနေပါတယ် ..
ကိုယ်တိုင်လည်း အလုပ်များ
ချာလပတ်ရမ်းနေတော့
ပြည်တွင်းထဲ Camera ပို့ဖို့ သိပ်အာရုံမစိုက်နိုင်သေးလို့ပါ
ထပ်ကြိုးစားနေပါတယ်ခင်ဗျာ ..

11/06/2026

မရောက်ရင်လည်း မရောက်ဘူး
ရောက်ရင်လည်း Sony Lens တွေ အုပ်လိုက်ကြီး အသစ်၀င်ပါတယ် ...

➡️ Sigma 30mm f1.4
➡️ Sony E 50mm f1.8 OSS
➡️ Sony E 18-105mm f4G OSS
➡️ Sony E 18-135mm OSS
➡️ Sony E 55-210mm OSS

နောက်ရက်ကျမှ
ဈေးနှုန်းနဲ့ အတူ Post လေးတွေတင်ထားပေးပါ့မယ်

#မဲဆောက်မြို့ #ထိုင်း_Instock
0640 610 923
0640 930 268

Photos from Camera For You - C4U's post 10/06/2026

6.6 Sale နောက်ဆုံးအသုတ်လေးရပါပြီ ...

အတူတူဖြတ်သန်း ၀ယ်ယူအားပေးကြ
ထမင်းဖိုး အိမ်လခ တွေပေးတာလည်း
ကျေးဇူး အထူးပါခင်ဗျာ 🙏🩷

Photos from Camera For You - C4U's post 10/06/2026

Insta360 Luna Ultra ထွက်ပါပြီ ...

Rumour တွေအတိုင်းပါပဲ ...
8K Resolution ရမယ် ..
12x Zoom ရမယ်
47 GB Internal Storage ပါမယ် ..
LCD Touch Screen ကို ဆွဲဖြုတ်လို့ရပြီး
Remote ပုံစံမျိုးသုံးလို့ရမယ် ..
Battery 4 နာရီ ခံမယ် ..

အကုန်ကောင်းပါတယ် ...
မကောင်းကတော့ သူ့ရဲ့ ဈေးပါပဲ ...

Standard Combo - 24,000 Baht 🇹🇭
Creator Combo - 30,000 Baht 🇹🇭 ဆိုတဲ့ဈေးက

Osmo Pocket 3, Pocket 4 နဲ့ ယှဉ်ရင်
အတော်လေးများပါတယ် ...

ကျွန်တော်ကတော့ အလကားရတဲ့
Hand-On သွားကိုင်မှာဖြစ်ပြီး ...
ဘာတွေကောင်းလဲ မကောင်းလဲဆိုတာ
ပြောပြသွားမှာဖြစ်ပါတယ် ...

Dual 1-inch and 1/1.3-inch camera sensors.
Features Dual Leica Summicron lenses: 20mm (f1.8, 155° FOV) and 120mm.
Suitable for 6x lossless zoom and a maximum of 12x zoom.
Triple AI Chip for enhanced processing.
Provides a maximum dynamic range (DR) of 14 stops.
Supports video recording up to 8K/30p resolution.
Max video bitrate up to 120 Mbps.
4K Live recording capability.
4K/120p slow-motion video recording for an immersive experience.
Supports 10-bit I-Log, 8K Dolby Vision, and Gamma Log color profiles.
Three built-in Leica Color Profiles.
Six additional Cinematic Profiles.
Adjustable portrait effects for flawless skin.
Detachable OLED touchscreen that can be used as a remote control. 3-axis mechanical stabilization system (3-axis gimbal)
Supports FlowState, Group Tracking, and Deep Track AI
Plenty of creative effects such as Dolly Zoom, Barrel Roll, Bullet Time, up to 360° Panorama, Time-Lapse
Comes with 47 GB of internal memory
Powerful, long-lasting battery with up to 4 hours of use
Weight: 232g

09/06/2026

ကဲ … ဒီကားနဲ့ ပတ်သက်ပြီး
တဗဲ့ဂျီး တို့ရဲ့ အမြင်ကိုလည်း
ဆရာ့ကို ပြောပြကြစမ်းကွာ ….

09/06/2026

6.6 Sale ဒုတိယအသုတ်ရပါပြီ ...

Insta360 တွေနဲ့ Late Order တွေကလွဲပြီး
အကုန်ရောက်ပါတယ် ...

DJI တွေက မြန်ပါတယ် ဗျ ..

ထပ်လာမှာမယ့် Customer များ ကတော့
မနေ့‌ကနောက်ဆုံးမို့
အခု မရတော့ပါ ..

ဈေးတန်တန်လိုချင်ရင်
ကြားရက် Sale တွေကို သာစောင့်ပါ ဗျ

08/06/2026

6.6 Sale ပထမအသုတ် ရောက်ပါပြီ ...

DJI ကမြန်ပါတယ် ...
6ရက်နေ့ Order မှာ
8 ရက်နေ့ မဲဆောက်ရောက်ပါတယ် ....

အခုနေလာမှာရင်တော့
6.6 Sale ထက် ဈေးနည်းနည်းပိုပါမယ် ..

မြန်မာဘက် မပို့ပါ ခင်ဗျာ ...

06/06/2026

Osmo Pocket 3 တွေထွက်တော့
ကိုယ့် Customer တွေက မေးကြတယ်
Osmo Pocket 4 ဘယ်တော့ထွက်မှာလဲ
စောင့်ချင်လို့တဲ့ ..

တကယ်လည်း Osmo Pocket 4 ထွက်ရော
" ဘာမှလည်း မကွာဘူး
Sale ချနေတုန်း
Osmo Pocket 3 ပဲ ‌ ၀ယ်ထားမှ " ဆိုတဲ့သူရယ်

" ဘာမှလည်း မကွာဘူး
Lens ၂လုံးပါတဲ့ Osmo Pocket 4 Pro ကိုပဲ
စောင့်မှာပေါ့ " ဆိုတဲ့သူရယ်
၂ပိုင်းထပ်ကွဲသွားတယ် ...

Osmo Pocket 4 Pro က ဘယ်ဆီနေမှန်းမသိဘူး ...
Insta360 Luna ကလည်း
အသစ်ထွက်မယ်ဆိုတော့
မျှော်ရပြန်ရော ...

ဒီကြားထဲ
Oppo တို့ Vivo တို့ကလည်း
Pocket Gimbal Camera ဈေးကွက်ကို
အတင်း ၀င်ချင်လာပြန်ရော
ဒါနဲ့ပဲ ဘာမှ မ၀ယ်ဖြစ်တော့ဘူး :3

စေတနာနဲ့ အကြံပေးပါရစေ...
ဒီကမ္ဘာကြီးမှာ နည်းပညာတွေက အသစ်အသစ်တွေထွက်နေသလို
Model တစ်ခုနဲ့ တစ်ခုလည်း
ထွေထွေထူးထူး ဘာမှမကွာပါဘူး ...

မကွာအောင်လည်း
နည်းပညာ Company တွေက
ဟိုဟာလေးနည်းနည်းထည့်
ဒီဟာလေး နည်းနည်းထည့်နဲ့
ဂျင်းထည့်နေကျတာပါ ...

ကျွန်တော့် အမြင်အရဆို
ဘာတွေ ဘယ်လိုထွက်ထွက် ..
အခုချိန်ထိ Osmo Pocket 3 ဟာ
သုံးလို့အဆင်ပြေဆုံးပါပဲ ...

အခုလို Sale ချတဲ့အချိန်ဆို
Standard Combo - 9000 B ကျော်
CC Combo - 12,000 B ကျော်နဲ့ရပါတယ်

ကိုယ့်အိုးကိုယ့်ဆန် တန်မှတန်
ရိုရိုသေသေသာကိုင်ရင်
သုံးပါလေ့ဗျာ တသက်လုံး..

Model အသစ်တွေဆိုတာ
ကျွန်တော်တို့သေသွားလည်း
ဆက်ပြီးထွက်နေဦးမှာပါပဲ ..

အဓိက ကတော့
ကိုယ်၀ယ်တဲ့ Camera ကို
ကိုယ်တိုင် အသုံးချပြီး ရိုက်နေဖို့ပါပဲ...

မသုံးဖြစ်ဘူးဆိုရင်တော့
သိကြားမင်းကိုင်တဲ့ Camera လိုက်ကိုင်လည်း
အဆင်ပြေမှာမဟုတ်ပါဘူး :3

Photos from Camera For You - C4U's post 06/06/2026

6.6 Sale ကတော့
DJI Day ပါပဲ ...

လာမှာပေးတဲ့ Customer တစ်ယောက်ချင်းဆီကို ကျေးဇူးပါခင်ဗျာ ...

DJI တွေက မြန်တဲ့အတွက်
မကြာခင်ရောက်ပါပြီ 🥰🩷

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริการถ่ายภาพ ใน Mae Sot?
คลิกที่นี่เพื่อเป็นสมาชิก?

ประเภท

เบอร์โทรศัพท์

เว็บไซต์

ที่อยู่

Mae Sot