Shat Pyar Entertainment
တင်ချင်တာတင်မာဖြစ်လို သီးခံပေးပါနော်
04/08/2025
#ကမ္ဘာ့ချန်ပီယံဖြစ်သွားတဲ့ PUBG မြန်မာအသင်း
ဒီပြိုင်ပွဲကို ဆော်ဒီမှာကျင်းပနေတာဖြစ်ပြီး ဆုကြေးငွေစုစုပေါင်း အမေရိပန်ဒေါ်လာ သုံးသန်းအထိ ချီးမြှင့်ခဲ့ပါတယ်
သမိုင်းတစ်လျှောက် မြန်မာနိုင်ငံကနေပထမဆုံးချန်ပီယံဖြစ်သွားတဲ့ Yangon Glaticos အသင်းက ဒေါ်လာငါးသိန်းရသွားတာပါ
Congratulations 🎉🎉🏆
28/07/2025
ဆေးရုံပေါ်မှာ😭ကလေးသုံးယောက်အမွှာမွေးနေတုန်းအချိန်မှာယောက်ကျားဖြစ်သူစစ်သားဟာကမ္ဘောဒီးယားနှင့်စစ်ပွဲမှာကျဆုံးသွားတာသိရသော ထိုင်းစစ်သည်🥺အမျိုးသားရဲ့ဇနီး🥺 #ဟီးဟီး
24/07/2025
ကမ္ဘောဒီးယားစခန်းနှစ်ခုကို F-16 တိုက်လေယာဉ်ဖြင့် ထိုင်း တိုက်ခိုက်
ဧရာဝတီ၊ ဇူလိုင် ၂၄၊ ၂၀၂၅
ထိုင်းနှင့်ကမ္ဘောဒီးယားတို့ကြား နယ်စပ်ဒေသဖြစ်သော Ta Muen Thom ဘုရားကျောင်းဒေသတွင် ယနေ့နံနက် စတင်ဖြစ်ပွားသည့် နှစ်ဖက်တိုက်ပွဲအတွင်း ထိုင်းလေတပ်မှ F-16 တိုက်လေယာဉ်များသုံးပြီး ကမ္ဘောဒီးယားစစ်အခြေစိုက် စခန်းနှစ်ခုအား တိုက်ခိုက်ခဲ့ကြောင်း Khaosod English သတင်းဌာနက ဖော်ပြသည်။
နယ်စပ်တိုက်ပွဲနှင့် ပတ်သက်ပြီး ထိုင်းလေတပ်က F-16 တိုက်လေယာဉ် ၆ စင်းအထိ တပ်ဖြန့်ထားပြီးဖြစ်ကြောင်းလည်း သိရသည်။
ယနေ့ဖြစ်ပွားသည့် နယ်စပ်တိုက်ပွဲတွင် ကမ္ဘောဒီးယားစစ်တပ်ဘက်က ယာဉ်တင်အတွဲလိုက်ဒုံးများ အသုံးပြုတိုက်ခိုက်မှု ကြောင့် ထိုင်းနိုင်ငံသားအချို့ ထိခိုက်မှုများရှိနေကြောင်း သိရသည်။
နှစ်နိုင်ငံနယ်စပ်ဒေသ အငြင်းပွားမှုမှတဆင့် တိုက်ပွဲစတင်ဖြစ်ပွားကာ လက်နက်ကြီးများ၊ ဂျက်တိုက်လေယာဉ်များအသုံးပြု တိုက်ခိုက်သည်အထိ စစ်ရေးအရှိန် မြင့်တက်လာလျက်ရှိသည်။
24/07/2025
#ထိုင်းခမာတိုက်ပွဲဆက်စပ်သတင်းများထပ်ဖြည့်ပေးသွားပါမယ်မူရင်းပိုစ်ကိုLike_and_Shareလုပ်ထားပေးပါဗျ
BM-21 ချောင်းပစ်ဒုံးကျည်ကွဲ၊ ထိုင်းပြည်သူ ၃ ဦး ဒဏ်ရာရ – ထိုင်းတပ်မတော်က ကမ္ဘောဒီးယားအကြမ်းဖက်မှု ပြင်းထန်စွာ ဝေဖန်
ဇူလိုင် ၂၄၊ ၂၀၂၅ ဘုရားသုံးဆူသတင်းပေါင်းစုံ
ယနေ့နံနက်က ကမ္ဘောဒီးယားတပ်ဖွဲ့မှ ပြည်သူနေရပ်ဧရိယာသို့ BM-21 ချောင်းပစ်ဒုံးကျည် ၂ ချောင်းပစ်ခတ်မှုကို “အကြမ်းဖက်မှုနှင့်မနုပျိုသောအပြုအမူ” ဟု ပြင်းထန်စွာ ဝေဖန် ပြောကြားသည်။
ဒုံးကျည်များသည် နယ်စပ်ဖွံ့ဖြိုးရေးဗဟိုဌာနအတွင်း လူနေဧရိယာတွင် ကျရောက်ခဲ့ပြီးပြည်သူ ၃ ဦး ဒဏ်ရာရ ခဲ့ကြောင်း တပ်မတော်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ထိုင်းတပ်မတော်နှင့် သက်ဆိုင်ရာဌာနများကလည်း အခြေအနေကိုနီးကပ်စွာ စောင့်ကြည့်ခြင်းနှင့် လုံခြုံရေးဆိုင်ရာ စီမံချက်များ ပြင်ဆင်ထား ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထိုင်းတပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူများအဆိုအရ၊ ဤကဲ့သို့သော ပြည်သူများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများသည် လူသားတန်ဖိုးနှင့်စစ်ရေးသတ္တိဓမ္မာများကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း တင်ပြထားသည်။
#တွမ်တီးမီးနစ်လိတ်တာ
21/07/2025
အရေးပေါ်အကူအညီတောင်းခံခြင်း 📢
ဦးမုန်အောင် (အသက် ၃၉ နှစ်)၊ (ပြီးခဲ့သည့်နှစ်က Man of the Year Myanmar ဆုရှင်) ဟာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့ ကတည်းက ပျောက်ဆုံးနေပါတယ်ရှင့်။ မြစ်ကြီးနားကနေ ရန်ကုန်ကို လုပ်ငန်းကိစ္စနဲ့ ရောက်ရှိနေတာပါ။
ပျောက်ဆုံးသွားချိန်မှာ ဦးမုန်အောင်ဟာ မိတ်ကပ်ရောင် TOYOTA HILUX SURF ကား (ယာဉ်အမှတ် ***") ကို မောင်းနှင်သွားတာဖြစ်ပါတယ်။
နောက်ဆုံးတွေ့ရှိခဲ့တဲ့နေရာကတော့
စမ်းချောင်းမြို့နယ်၊ ရွှေပြည်အေးလမ်းပေါ်က ရန်ကုန်ကချင်နှစ်ခြင်းခရစ်ယာန်ကျောင်းတော်
(Yangon Kachin Baptist Church) ရဲ့ အဆောင်မှာ ညနေပိုင်းအထိ တွေ့ခဲ့ရတာပါ။
မိသားစုဝင်တွေနဲ့ ရုံးအဖွဲ့သားတွေအားလုံး အရမ်းစိုးရိမ်ပူပန်နေကြပါတယ်။😭😭😭
🙏🙏 တွေ့ရှိသူများ သို့မဟုတ် သတင်းရရှိသူများရှိပါက အောက်ပါဖုန်းနံပါတ်ကို ချက်ချင်းဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံပါတယ်ရှင့် 🙏🙏
အရမ်းကိုစိတ်ပူနေရလို့ ကူရှာပေးကြပါနော်
📞 09680 900 900
*Min Naing (21.7.2025)
#အရေးပေါ်အကူအညီ #ပျောက်ဆုံးသူရှာဖွေခြင်း #ဦးမုန်အောင် #ရန်ကုန် #မြန်မာ**
20/07/2025
ဝေါလေမြိုင်ဒေသမှ DKBA အဆောက်အဦနှင့် အွန်လိုင်းငွေလိမ်လုပ်ငန်းကို စစ်ကောင်စီ ဗုံးကြဲ
ဟန်ထူးဇော်
မဇ္ဈိမ။ ။ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်း ထိုင်း-မြန်မာနယ်စပ် ဝေါလေမြိုင်မြို့နယ်အနီးရှိ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)အဆောက်အဦတခုကို ယမန်နေ့(ဇူလိုင် ၁၉ ရက်) နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ဝေါ်လေမြိုင်မြို့အပြင်ဘက် DKBA သင်တန်းကျောင်းနေရာကိုကြဲတာ။ လူထိခိုက်မှုရှိတယ်။ အဆောက် အဦကတစစီဖြစ်သွားတယ်။ ပေါင် ၅၀၀ နဲ့ကြဲသွားတာ”ဟု သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။
ဝေါလေမြိုင်မြို့အနီး ဝေါလေဗျူဟာစခန်းကုန်းကို KNU, PDF နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က စခန်းသိမ်းတိုက်ပွဲပြုလုပ်နေခြင်းနေစဉ် ယခုကဲ့သို့ ဗုံးကြဲသွားခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့က စစ်ကောင်စီတပ်သည် ကာမီကဇေ အသေခံဒရုန်းလေးစီးဖြင့် ဝေါလေ မြိုင်မြို့အနီးရှိ ရှေ့တန်းနေရာအချို့ကို တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုတွင် ဒရုန်းနှစ်စီးသည် ည ၈ နာရီခွဲဝန်းကျင်၌ ဝေါလေမြိုင်မြို့အပြင်ဘက် ဝေါလေကားလမ်းမဘေးရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ် ကိုင်နေသည့် ခြံဝန်းအတွင်းကို ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။
“အဲဒီနေ့က ညဖက်ကြီးနှစ်စီးလာတာ၊ တစီးကျပြီး နောက်တစီးက ၁၅ မိနစ်ပဲ ကွာတယ်။ ထမင်းစား ဆောင်နားကိုကျတာ၊ လူထိခိုက်မှုမရှိဘူး။ အဆောက်အဦးတော့ နည်းနည်းထိသွားတယ်။ တချို့ပြောတာ တော့ ဂျန်မာ(Jammar) မိပြီး ဒီထဲကျတယ်လို့ပြောတာပဲ။ ဒါပေမယ့် နှစ်စီးလုံးက တနေရာတည်းကိုကျ တာ။ ပြီးခဲ့တဲ့ရက်က ကျည်ကျော်ကျတာ လက်နက်ကြီးအနားမှာ ကျတာတော့ရှိတယ်” ဟု DKBA လက် နက်ကိုင်အဖွဲ့နှင့်နီးစပ်သူတဦးကပြောသည်။
အဆိုပါဗုံးကြဲခံရမှုနှင့်ပတ်သက်ပြီး မဇ္ဈိမက DKBA တာဝန်ရှိသူများထံ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော် လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။
ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့က သေ့သော်ဘိုးစခန်းကုန်းမကျရေးအတွက် ဝေါ်လေဗျူဟာစခန်းမှ စစ်ကူ လာသည့် စစ်ကောင်စီတပ်သည် DKBA ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်ကျေးရွာတွင် KNU, PDF နှင့် တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သေဆုံး၊ ဖမ်း ဆီးခံရမှုများပြားခဲ့သလို အချို့မှာ ထိုင်းနိုင်ငံကို ထွက်ပြေးသွားခဲ့ပြီး စစ်ကြောင်းတကြောင်းလုံး ပျက်သွား ခဲ့ခြင်းကြောင့် DKBA ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သော မေလမှစတင်ကာ KNU, PDF နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့သည် မြဝတီ-ဝေါလေကား လမ်းမဘေးရှိ စစ်ကောင်စီတပ်စခန်းများနှင့် ထိုင်း-မြန်မာနယ်စပ်ဘေးရှိ တပ်စခန်းရှစ်ခုကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။ ယင်းဒေသတွင် နောက်ဆုံးကျန်ရှိနေသည့် ဝေါလေဗျူဟာစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝိုင်းဝန်ပိတ်ဆို့တိုက်ခိုက်လျှက်ရှိသည်။
စာတည်း။ ။စောဖေ
ပုံအညွှန်း - ဇူလိုင်လ ၁၉ ရက်နေ့က စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့်DKBA အဆောက်အဦး
ပုံ-ချမ်းမြေ့ (ကော်ဘရာစစ်ကြောင်း) ပြည်သူ့ကာကွယ်ရေးတပ်မတော်
#ကရင်ပြည်နယ်
#ဝေါလေမြိုင်ဒေသ
#စစ်ကောင်စီ
#မမဟုန် #မမဟုန်ကျေးဇူးနဲ့အေကိုက်ကုန်ကြပြီတဲ့ #ကောင်မလေးသနားပါတယ်
17/07/2025
ဓါးပြတိုက် ပြန်ပေးဆွဲ ဖမ်းမိအဖွဲ့ထံတွင် DKBA ကဒ်ပြားတွေ့မှုအပေါ် ရှင်းလင်းမည်
ဇူလိုင် ၁၇၊ ၂၀၂၅
မြဝတီမြို့လယ်တွင် ဓါးပြတိုက်၊ ပြန်ပေးဆွဲမှု ကျူးလွန်ခဲ့သည့် အဖွဲ့ဝင်များကို ဖမ်းဆီးရမိစဉ် DKBA အဖွဲ့ ကဒ်ပြား တွေ့ မှုအပေါ် ရှင်းလင်းပြောဆိုသွားရန် စီစဉ်နေသည်ဟု DKBA ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးက ကေအိုင်စီသို့ ပြောသည်။
မြဝတီ မြို့တွင် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ရောင်းဝယ်တင်သွင်းသည့် လုပ်ငန်းရှင်ဟာဂျီ ဦးမြတ်ကို အား ပြီးခဲ့သည့် ဇွန် ၃၀ ရက်နေ့တွင် နေအိမ်သို့ လူတစ်ဖွဲ့က ဝင်ရောက်ဓါးပြတိုက်ခဲ့ပြီးနောက် ငွေကျပ် ၁၀ သိန်း နှင့် ဘဏ်စနစ်အတွက် အသုံးပြုသည့် ဖုန်းကို ယူဆောင်သွားမှု ဖြစ်ပွားခဲ့သည်။
ထို့အပြင် ထိုအဖွဲ့က ထပ်မံ၍ ဇူလိုင် ၁၄ ရက်နေ့တွင် ၎င်းကို ဖမ်းဆီးကာ မိသားစုကို ဘတ် ၃ သန်းဖြင့် ရွေးရန် အကြောင်းကြားခဲ့ရာ မိသားစုက ကရင်နယ်ခြားစောင့်တပ်ထံ တိုင်ကြားခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို BGF က ဇူလိုင် ၁၅ ရက်နေ့တွင် လိုက်လံဖမ်းဆီးခဲ့မှု အခြေအနေကို မြို့ခံတဦးက ယခုလို ပြောသည်။
“၁၅ရက်ညက မြေနီကုန်းလမ်းမမှာ ပစ်ကြတာကနေ အသေ တစ်ယာက်မိတယ်၊ အရှင်၄ ယောက်မိတယ်။ ခေါင်းဆောင် တစ်ယောက်က လွတ်နေတယ်။ အဲဒီ့ ထဲက ၂ ယောက်က DKBA တပ်ဖွဲ့ကဒ်တွေ တွေ့တယ်။ ဟာဂျီ မြတ်ကို ကို ည တစ်နာရီ ကျော်မှာ ပြန်ကယ်နိုင်ခဲ့တယ်" ဟု ၎င်းက ပြောသည်။
ယခုလို ဓါးပြနှင့် ပြန်ပေးဆွဲမှု ကျူးလွန်သည့် အဖွဲ့ထံတွင် DKBA ကဒ်ပြား တွေ့ရရှိမှုအပေါ် တပ်ဖွဲ့ ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးက ယခုလို ပြောသည်။
“ဒီရက်ပိုင်းမှာ သတင်းစာရှင်းလင်းပွဲ လုပ်သွားဖို့ စီစဉ်နေပါတယ်” ဟု ၎င်းက ပြောသည်။
ဓါးပြတိုက်မှုနှင့် ပြန်ပေးမှု ကျူးလွန်သူများ အသုံးပြု ခဲ့သည့် ကားကို ဖမ်းဆီးရမိထားပြီး DKBA အဖွဲ့ဝင် ကုန်သွယ်ရေး ဆိုင်ရာ အထောက်အထားများ တရားခံများထံတွင် တွေ့ရသည်ဟု ပြန်ပေးဆွဲခံရသူ၏ မိတ်ဆွေ တစ်ဦးက ကေအိုင်စီသို့ ယမန်နေ့ ကတည်းက ပြောဆိုသည်။
လက်ရှိ မြဝတီမြို့တွင် စစ်ကောင်စီ ဌာနဆိုင်ရာရုံးများ ရှိသော်လည်း မြို့လုံခြုံရေးအတွက် ကရင်နယ်ခြားစောင့် တပ်-BGF က အဓိက တာဝန်ယူထားသည့် အခြေအနေမျိုးဖြစ်သည်ဟု မြို့ခံများထံမှ သိရသည်။
Photo: CJ
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
63110