Fashionista RENiDi

Fashionista RENiDi

ReNiDi will make you perfect fashion knowledges.

Photos from Fashionista RENiDi's post 02/05/2023

2023 Met Gala Di's Personal Pick Up Fashion Looks✨

Karl Lagerfeld: A Line of Beauty Theme နဲ့ ကျင်းပခဲ့တဲ့ Met Gala 2023 ပွဲမှာ တက်ရောက်လာကြတဲ့ Celebrity တွေရဲ့ fashion တွေထဲကမှ Di အကြိုက်ဆုံး Fashion လေးတွေကို ရွေးပြီး မျှဝေပေးချင်ပါတယ်။ ဒီနှစ်ကတော့ Chanel ရဲ့ Designer ကြီးရဲ့ dress တွေကို ဂုဏ်ပြုထားတဲ့ Themes ဖြစ်တဲ့အတွက် Chanel Vibe အပြည့်ပါတဲ့ Black and White ,Tweed နဲ့ Prarl တွေကို အဓိကထားသုံးထားတာတွေ့ရပါတယ်။ အဖြူမကြိုက်တဲ့ကိုယ်တောင် အဖြူရောင်တွေကြားမှာ ကျရှုံးသွားခဲ့ရပေါ့...🤍

ကမ္ဘာ့ဖလားက အက်ဒီးစ်ဒက်ဖိနပ်ချုပ်သူတွေ - BBC News မြန်မာ 20/12/2022

ကမ္ဘာ့ဖလားက အက်ဒီးစ်ဒက်ဖိနပ်ချုပ်သူတွေ - BBC News မြန်မာ ကမ္ဘာကျော်ဘောလုံးကစားသမား လီယွန်နယ် မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနားအသင်းကတော့ ဒီကနေ့ ဒီဇင်ဘာ ၁၈ရက်မှာ ကမ္ဘ....

Photos from Fashionista RENiDi's post 18/12/2022

ကိုယ့်အသားအရောင်ကို သိရုံနဲ့ ကိုယ်နဲ့လိုက်ဖက်တာတွေရွေးချယ်နိုင်တာ တကယ်လား?😮

ကိုယ်ဟာ ဘယ်လိုအသားအရောင်ပိုင်ရှင်လဲ သိပြီးပြီလား?😀

ဟုတ်ပါတယ်👍

ကိုယ့်အသားအရောင်ကို သေချာသိမှ ကိုယ်နဲ့လိုက်ဖက်မယ့်အရောင်တွေ လက်ဝတ်ရတနာတွေ မိတ်ကပ် Foundation အရောင်လေးတွေကို ရွေးချယ်တတ် မှာပါရှင်။😊

သာမန်အားဖြင့် ကိုယ်တို့ဟာ အသားဖြူတာ အသားညိုတာ အသားရောင်ညိုပြာညက်တာ အသားဝါ(သနပ်ခါး) ရောင်ဘက်သွားတယ်ဆိုပြီး သတ်မှတ်လေ့ရှိကြပါတယ်။💛💚💙

ဒီလိုအသားအရောင်တွေမှာမှ မိမိရဲ့ အသားအရေဟာ အအေးဘက်သွားတာလား? အပူဘက်သွားတာလား? ကြားနေအရောင်ဖြစ်နေတာလားဆိုတာတော့ ခွဲခြားရအနည်းငယ်လေး ခက်တတ်ပါတယ်။ တချို့သော သူ​လေးတွေက ခွဲတတ်ပြီးဖြစ်ချင်ဖြစ်မှာပါနော်။😘

ဒီပို့စ်လေးမှာတော့ ယူတို့ အသားအရောင်လေးတွေကို သေချာလေးနားလည်သွားပြီး မိမိနဲ့လိုက်ဖက်မယ့် ကာလာလေးတွေ Accessories လေးတွေ ရွေးတတ်သွားရအောင် ကိုယ်က ကူညီပြောပြပေးမယ်နော်။😎

Photo from pintrest

Photos from Fashionista RENiDi's post 06/12/2022

Fashion Weeks🗓️

fashion week လို့ပြောလိုက်တာနဲ့ Fashion industry မှာ မသိသူမရှိတဲ့ ရက်သတ္တပါတ်တစ်ခုစာလောက်အချိန်ကြာအောင် ခမ်းခမ်းနားနားကျင်းပကြတဲ့ event တစ်ခုကို‌‌ေပြးမြင်မိမှာပါ။ ဒီ event မှာတော့ fashion designer တွေ brand တွေဟာ ဝယ်သူတွေနဲ့ media ‌တွေကို သူတို့ရဲ့နောက်ဆုံးပေါ် collection တွေကို runway ပေါ်မှာခင်းကျင်းပြသကြပါတယ်။ ဒီ event တွေရဲ့လွှမ်းမိုးမှုက လက်ရှိfashion trendတွေ နောက်season အတွက် fashion trendတွေအပေါ် လုံးဝ သက်ရောက်‌ နေပါတယ်။

🏢အထင်ရှားဆုံးfashion week တွေကို fashion မြို့တော်ကြီးတွေဖြစ်တဲ့ New York, London, Milan ,Paris မြို့ကြီးတွေမှာ ကျင်းပလေ့ရှိပါတယ်။လက်ရာမြောက်တဲ့ fashion အ‌မွေအနှစ်တွေနဲ့အတူ ၂၁ ရာစုရဲ့ လက်ရာအမြာက်ဆုံး Fashion Designer တွေစုဆောင်းနေတဲ့ ဒီမြို့ကြီး ၄ မြို့ကို “Big Four” လို့လည်းခေါ်ပါတယ်။ အဓိက စာနယ်ဇင်းလွှမ်းမိုးမှုအရှိဆုံးမြို့တော်တွေလည်းဖြစ်ပါတယ်။

Fashion Week ရဲ့ ကနဦးအစက Fashion Designer “Charles Frederick Worth” က စတင်တယ်လို့ဆိုကြပါတယ်။ Fashion ဈေးကွက်ကို ချဲ့ထွင်ချင်တဲ့ designerတွေ လုပ်ငန်းရှင်တွေက သူတို့ရဲ့ ဝတ်စုံတွေကို ပြိုင်ပွဲတွေကနေ public area တွေထိ အမျိုးသမီးတွေဝတ်ဆင်လာဖို့ကို ကြိုးစားအားထုတ်လာကြပါတယ်။ ဒါကြောင့် Paris မှာ fashion show တစ်ခု ကျင်းပခဲ့ပါတယ်။

🍂Style show တွေကို fall/winter season , Spring /summer season ဆိုပြီး ရာသီနှစ်ခုခွဲပြီး ကျင်းပလေ့ရှိကြပါတယ်။
🏬🛍️1903ခုနှစ်တွင် Enrich brothersဖွင့်လှစ်ထားတဲ့ Mehattan shop ဆိုတဲ့ store ဆိုင်လေးအတွင်းမှာ လူလတ်တန်းစားတွေအတွက် fashion show တစ်ခုကိုစတင်ကျင်းပခဲ့ပါတယ်။ 1910ရောက်တဲ့အခါမှာ Store ဆိုင်ကြီးတော်တော်များများဟာ သူတို့ရဲ့ ကိုယ်ပိုင် fashion show တွေကို ကျင်းပလာကြပါတယ်။
🥠တစ်ခါတစ်ရံ luch time သို့မဟုတ် tea time တွေမှာ စား‌ေသာက်ဆိုင်အတွင်းမှာ fashion show ပွဲတွေကျင်းပလာကြပါတယ်။ New York က store ဆိုင်တွေမှာ fashion show ကျင်းပပြီဆိုရင် လူထောင်ပေါင်းများစွာ ကြိတ်ကြိတ်တိုးစည်ကားလာတဲ့အထိကို popular ဖြစ်လာပါတယ်။
🪪1950မှာတော့ show ပွဲတွေကျင်းပဖို့ တရားဝင် license ရရှိခဲ့ပါတယ်။
🗽1943 ,July 19မှာတော့ ဒုတိယ ကမ္ဘာစစ်အတွင်း အဆက်အသွယ်ပြတ်နေတဲ့ French fashion တွေကို ဝယ်သူတွေဆီချပြနိုင်ဖို့ အတွက် “New York fashion week”ကို ကျင်းပခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့ပထမဆုံး fashion week ဖြစ်ပါတယ်။

🇫🇷ပထမဆုံး Paris fashion week ကိုတော့ 1973မှာစတင်ခဲ့ပါတယ်။
1994ထိ show ပွဲတွေကို hotelတွေနဲ့ တခြားနေရာ အမျိုးမျိုးမှာ ပြောင်းလဲကျင်းပကြပါတယ်။

📍1994ကနေ 2009ခုနှစ်အထိ New York ပြည်သူ့စာကြည့်တိုက်ကိုနောက်ခံထားပြီး Bryan Parkမှာ tent လေးတွေထိုးပြီးကျင်းပခဲ့ကြပါတယ်။
2010-2015အထိ Lincoln Center နဲ့ အဲ့နောက်ပိုင်းမှာတော့ SoHo မှာကျင်းပပါတယ်။

နောက်ပိုင်း fashion showတွေမှာ ပွဲဆူအောင် model တွေအဖြစ် ကမ္ဘာကျော် celebrities တွေကို ထည့်သွင်းကြပါတယ်။ သူတို့ကို”show stealers” လို့ခေါ်ပါတယ်။

Fashion မြို့တော်ကြီးတွေမှာ fashion showတွေကိုတစ်နှစ် နှစ်ကြိမ် နှစ်စဉ်ကျင်းပလေ့ရှိကြပါတယ်။ နောက်လာမယ့် fashion trendတွေကို ဝယ်သူနဲ့ စာနယ်ဇင်းတွေကို မိတ်ဆက်ဖို့အတွက် season တစ်ခုမစတင်ခင်တိုင်းမှာ fashion weeks တွေကျင်းပကြတာပါ။ အများအားဖြင့် February နဲ့ March လတွေမှာ Autumn နဲ့ winter collection တွေကို ပြသပြီးတော့ September, Octoberမှာတော့ Spring/Summer collection ကိုပြသကြပါတယ်။

ဒီ season show တွေကိုကြည့်ပြီး small business brand တွေ designer တွေက သူတို့ရဲ့ product design တွေကိုတီထွင်ဖန်တီးကြပါတယ်။ Customer အများစုကလည်း show‌ေတွက‌ေန fashion trend တွေကိုခန့်မှန်းဝယ်ယူကြတာပါ။ ဒါကြောင့် Designer တွေကလည်း 2016လောက်ကနေစပြီး ရာသီအလိုက် “in season show” တွေ တွင်ကျယ်စွာ ပြုလုပ်လာကြပါတယ်။
Di ✨

29/11/2022

ဒီနေ့အတွက် မှတ်သားစရာ ကတော့
19ရာစုမှာသြဇာကြီးတဲ့ ဒီဇိုင်နာတဦးဖြစ်တဲ့ John Redford အကြောင်းအနည်းငယ်ကို မျှဝေပေးပါမယ်။

John Redford ဟာ အင်္ဂလိပ်ဒီဇိုင်နာတဦးဖြစ်ပြီး fitting ကျတဲ့ ဂျက်ကက်နဲ့ စကပ်ကို တွဲရက်သား ပထမဆုံးဒီဇိုင်းထုတ်ခဲ့သူ တဦးဖြစ်ပါတယ်။

အဲ့ဒီ့အချိန်က အမျိုးသမီးတွေဟာ သူတို့ဘယ်လောက်မိန်းမဆန်လဲ၊ ဘယ်လောက်ခါးသေးလဲ ဆိုတာပေါ်လွင်စေတဲ့ Fashion တွေကို နှစ်သက်မြတ်နိုးဝတ်ဆင်နေကြတာပါ။

သူဟာ ပဲရစ်မှာ John Redford and Sons ဆိုတဲ့နာမည်နဲ့ လုပ်ငန်းလည်ပတ်ခဲ့ပြီး 1800ခုနှစ်နှောင်းပိုင်းမှာတော့ ခေတ်မီတက်ကြွတဲ့ အမျိုးသမီးတွေကြားမှာ John Redford ဒီဇိုင်းတွေဟာ ရေပန်းအစားဆုံးဖြစ်ခဲ့ပါတယ်။

Redford ရဲ့ Tailor-made styles တွေဟာ19ရာစုအကုန်မှာ Dress revolution ဖြစ်စေခဲ့ပြီး 20ရာစုမှာ ပိုပြီးသက်တောင့်သက်သာဖြစ်တဲ့ အဝတ်အစားတွေအတွက် လမ်းခင်းပေးခဲ့ပါတယ်။

28/11/2022

ကိုယ်တို့ မျှဝေပေးထားတဲ့ထဲက ဘယ်သူတွေဘယ်လောက်မှတ်မိလဲ သိချင်လို့ အမေးအဖြေ ကဏ္ဍလေးထည့်ပြီး စမ်းသပ်ကြည့်ရအောင်😀

Photos from Fashionista RENiDi's post 27/11/2022

Own creation လုပ်ချင်သူတိုင်း ဖတ်ကိုဖတ်ပါ။

Elements of Fashion Design

ဖက်ရှင်ဒီဇိုင်းအတွက် မပါမဖြစ်အရာများ

Fashion design တခု ဖန်တီးတော့မယ်ဆိုရင် Principles of Fashion Design နဲ့ elements of Fashion Design တွေကို သိကိုသိထားရပါမယ်။

Priciples of fashion design အကြောင်းးး

https://m.facebook.com/story.php?story_fbid=137665122376196&id=100083981265397&mibextid=Nif5oz

ဒါတွေကို သေချာနားလည်ထားမှ အသစ်အသစ်သောဒီဇိုင်းတွေ ဖန်တီးဖို့
အသုံးချနိုင်မှာဖြစ်ပါတယ်။

ဖက်ရှင်ဒီဇိုင်းတခု ကို ဟင်းတခွက်နဲ့တင်စားကြမယ်ဆိုရင် Principles of Fashion design တွေဆိုတာဟာ
ချက်ပြုတ်ဖို့နည်းလမ်းတွေဖြစ်ပြီး Elements ဆိုတာဟာ ဟင်းတခွက်ထဲက ပါဝင်ပစ္စည်းတွေဖြစ်ပါတယ်။ ဟင်းကောင်းတခွက်စားရဖို့ ပါဝင်ပစ္စည်းတွေရဲ့ ကဏ္ဍက အရေးကြီးသလို နည်းစနစ်တကျ အစပ်အဟပ် တည့်အောင် ချက်နိုင်ဖို့ကလည်း အင်မတန်အရေးကြီးပြန်တယ်။ ဆိုတော့ ဒီဇိုင်းကောင်းတခုရဖို့ ဘာတွေကိုထည့်ပြီး ဘယ်လိုနည်းနဲ့ဖန်တီးမလဲ ဆိုတာ နောကြေနေဖို့ လိုအပ်ပါတယ်။
သဘောပေါက်ရဲ့လား မသိဘူး😁

ကဲ စလေ့လာလိုက်ကြရအောင်နော်။

ဒီဇိုင်းဖန်တီးဖို့ မပါမဖြစ်အရာတွေကတော့
1.Line
2.Shape
3.Colour
4.Texture တို့ကို မျှဝေပေးသွားပါမယ်ရှင်။

27/11/2022

Sharing လုပ်​ပေးဖို့ ရှိတယ်နော်။ ဒီည မပျက်မကွက် ဖတ်ဖို့ Ready ပဲလား?

Photos from Fashionista RENiDi's post 21/11/2022

Fashion branding ကိုစိတ်ဝင်စားတဲ့သူတွေအတွက် brand တစ်ခုပျိုးထောင်ရာမှာသိသင့်တဲ့အချက်အလက်လေးတွေကို Di က ဆက်လက်မျှဝေပေးပါ့မယ်။✨

(Part 2 )✨..................................................

5. Design ပညာရပ်ကိုစတင်အသုံးချပါ။
ဒီအဆင့်ကတော့ ကိုယ့်ရဲ့brand အတွက် ပထမဆုံးproductကို ဘယ်လိုdesignမျိုးနဲ့ launch လုပ်မလဲ ဆိုတာဆုံးဖြတ်ရမှာပါ။ ပထမဆုံး ထုတ်ကုန်ဖြစ်တဲ့အတွက် Impression ကောင်းနေဖို့အရေးကြီးပါတယ်။ဒီအဆင့်မှာတော့ သင်targetထားတဲ့ customer က သင့်ရဲ့brand ကိုမှတ်မိနေစေနိုင်တဲ့ product တစ်ခုကိုစထုတ်နိုင်ရင် brandက အောင်မြင်တယ်လို့ပြောလို့ရနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ဈေးကွက်နဲ့ကိုယ်ညီတဲ့ design တစ်ခုရဖို့ လုံလောက်တဲ့အချိန်ပေးသင့်ပါတယ်။
ဒီအဆင့်မှာ ကိုယ်ထုတ်မယ့် design နဲ့ အသုံးပြုမယ့် ငွေပမာဏ နဲ့ကိုက်ညီဖို့အတွက်လည်း ထည့်စဉ်းစားဖို့လိုပါတယ်။
Design ပုံကို စာရွက်ပေါ်မှာ sketch စဆွဲပါ။ ပြီးမှ အသုံးပြုမယ့် pattern, ပိတ်စ, ဇာ , ကြယ်သီး , beads , စတဲ့ accessories လေးတွေကိုပါ အသေးစိတ်ကအစ concept board တစ်ခု လုပ်ထားရပါတယ်။
Design တစ်ခုအတွက် စဉ်းစားရမယ့်အခြေခံအချက်တွေကတော့
✨လက်အရှည်နဲ့ ပုံစံ
✨လည်ပင်း ပုံစံ
✨အင်္ကျီပုံစံနဲ့ အရှည်
✨ skirt ပုံစံနဲ့ အရှည်
✨ချုပ်ရိုးချုပ်သား
✨အင်္ကျီဒေါက်နေရာတွေဘဲဖြစ်ပါတယ်။
စဉ်းစားထားတဲ့ designအပြင် pattern တွေ color တွေကို mix and match လုပ်ကြည့်ပါ။

6.ပိတ်စအမျိုးအစားနဲ့ designကိုမှန်ကန်စွာရွေးချယ်ပါ။
သင့်စိတ်ကူးထဲက designပုံစံကို ပိုမိုတောက်ပစေဖို့အတွက် ပိတ်စရွေးချယ်ရမယ့်အဆင့်ရောက်ပါပြီ။သင်စိတ်တိုင်းကျဖြစ်စေမယ့် fabric designer သို့မဟုတ် supplier တွေဆီက မှန်ကန်တဲ့ ပိတ်စနဲ့ design ကိုရွေးချယ်ပါ။ Unique ဖြစ်တဲ့ fabric တွေအသုံးပြုနိုင်ဖို့ localထဲကဘဲ fabric designer တွေကိုစိတ်တိုင်းကျ patternတွေ print ပုံတွေအပ်လို့ရပါတယ်။သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ် ကြာချိန်တို့နဲ့ သင့်လျော်တဲ့ဈေးနှုန်း သင့်လျော်တဲ့ ပိတ်စပမာဏ ကိုချင့်ချိန်ပြီး ဝယ်ယူရပါမယ်။

7.အထည်ချုပ်လုပ်ရာမှာ ဂရုစိုက်ပါ။
Designဆွဲတဲ့ လုပ်ငန်းစဉ်တွေပြီးရင်တော့ အဝတ်အစားတွေချုပ်လို့ရပါပြီ။ ဒီအဆင့်မှာ ကိုယ့်ရဲ့ထုတ်ကုန် အဝတ်အထည်တွေကို ဘယ်လို စက်ရံု‌ေတွတွေ dress maker‌ေတွဆီမှာ အပ်မလဲ ဆိုတာကိုဆုံးဖြတ်ရမှာပါ။အရေးကြီးတဲ့ အဆင့်ဖြစ်ပါတယ်။ ဒီအဆင့်မှာ အနည်းငယ်လွဲချော်ရုံနဲ့ အရင်းအနှီးတွေ ပလုံသွားနိုင်ပါတယ်😌။ စက်ရုံအပ်မယ်ဆို စက်ရုံက အရင်ထုတ်ဖူးတဲ့ ချုပ်ရိုးချုပ်သားနဲ့ အဝတ်အစား sample တွေကိုမဖြစ်မနေယူကြည့်ပါ။ ကိုယ့် product ဘယ်လို နေရာတွေကိုကြိုက်တယ် မကြိုက်ဘူး ‌ဖြစ်စေချင်တဲ့ ချုပ်ရိုးချုပ်သား ကုန်ကျငွေကို ညှိနှိုင်းယူပါ။ ရေရှည်လက်တွဲဖို့ စဉ်းစားပြီးရင် စက်ရုံနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးတစ်ခုတည်ဆောက်ထားပါ။

8.ရောင်းချလို့ရပါပြီ။
အထည်ချုပ်လုပ်ပြီးတာနဲ့ စတင်ရောင်းချလို့ရပါပြီရှင့်။clothing shop တွေမှာ တင်သွင်း ရောင်းချလို့ရတဲ့အပြင် social media website တွေ platformတွေကနေ တစ်ဆင့်လည်း ကိုယ့်ရဲ့ brandကိုရောင်းချနိုင်ပါတယ်။ Brand name, logo, slogan စတာတွေနဲ့လည်း audience attention ရအောင် promoteလုပ်သင့်ပါတယ်။ brandရဲ့ အားသာချက်တွေ, brand ကိုစတင်တည်ထောင်ပုံတွေ, brand history တွေအကြောင်းကို content ကောာင်းကောင်းတွေ ဖန်တီးကာ marketing လုပ်နိုင်ပါတယ်။ ဒါမှ သင့်brand အကြောင်းကိုသာမန်လူတွေပါ ပိုမိုစိတ်ဝင်စားလာပြီး brand image နဲ့ customer ကြား public relationship တည်ဆောက်နိုင်မှာပါ။
စိတ်ကူးထဲကအတိုင်း သေသပ်လှပတဲ့ packaging နဲ့ quality ပြည့်မီတဲ့ first collection လေးကိုစတင်နိုင်ပြီးဆိုရင်တော့ စီးပွါးရေးနယ်ပယ်မှာ ခြေတစ်လှမ်းလှမ်းနိုင်ခဲ့ပါပြီ လို့ဆိုနိုင်ပါတယ်။ ပိုပြီးတော့ အောင်မြင်မှုနဲ့ အကျိုးအမြတ်တွေရနိုင်အောင် ဈေးနှုန်းသတ်မှတ်ချက်တွေ business နဲ့ ပတ်သတ်တဲ့ နည်းဗျူဟာတွေကိုတော့ ကျွမ်းကျင်သူများထံ ချဉ်းကပ်ပြီး အစဉ်မပြတ် လေ့လာနေသင့်ပါတယ်။

ဒါဆိုရင်တော့ Di ဝေမျှပေးခဲ့တဲ့ facts‌ေလး‌‌ေတွကို လေ့လာမှတ်သားပြီးပြန်လည်အသုံးချကြည့်ဖို့ မမေ့ပါနဲ့နော်။

ကဲ.....အိပ်မက်တွေ‌ကို အလှပဆုံးရုပ်လုံးဖော်နိုင်ပါစေဗျာ✨

Part 1 link👇👇👇
https://m.facebook.com/story.php?story_fbid=140047682137940&id=100083981265397

Di ✨

16/11/2022

မိမိရဲ့ ဖက်ရှင်ဒီဇိုင်းပညာကို ဘယ်လိုပျိုးထောင်မလဲ?

ဖက်ရှင်ဒီဇိုင်းပညာနဲ့ပတ်သတ်ပြီး မွေးကတည်းက ပါရမီ ပါလာတဲ့ gifted လေးတွေရှိသလို ဒီပညာကို ရူးသွပ်တယ် အိမ်မက်တွေအကောင်အထည်ဖော်ချင်တယ် လေ့လာသင်ကြားရင်း ဝမ်းစာဖြည့်နေကြတဲ့သူလေးတွေလည်း မနည်းမနောရှိပါတယ်။

ဖန်တီးနိုင်စွမ်းအားကို မွေးမြူလို့ရလို့ ပါရမီမပါလည်း ကြိုးစားလို့ရတယ်နော်။

ဝမ်းစာဖြည့်တဲ့နေရာမှာ
မိမိကိုယ်တိုင် လေ့လာလို့ရတယ် (self study)။ youtube , Google, Facebook တို့ကလေ့လာနိုင်သလို စာအုပ်တွေကနေ လည်း ဖတ်ရှုလေ့လာနိုင်ပါတယ်။ ဒီနည်းက ကျမကိုယ်တိုင်အားပြုနေရတဲ့ နည်းလမ်းတခုပါ။ ငွေသိပ်မကုန်ဘဲ လိုချင်တာလေးတွေ လေ့လာနိုင်တယ်လေ။

တိုးတက်လာတဲ့ခေတ်ကြီးထဲမှာ English စာ တတ်မြောက်ထားဖို့လည်း အရေးပါလာပါပြီ။

မိမိနဲ့အဆင်ပြေမယ့် သင်တန်းကျောင်းတခုခုမှာ တက်ရောက်သင်ယူနိုင်ပြီး Training များလည်း ရယူနိုင်ပါတယ်။ ကိုယ်မရှင်းလင်းတာတွေကို ဆရာတွေကို မေးဖို့လည်း မကြောက်ပါနဲ့နော်။ Guide တွေ Coach တွေဆီကနေ အကူအညီရယူနိုင်ပါတယ်။ ကိုယ်တိုင်တိုးတက်လာဖို့ Mentor တကယ်ကိုလိုအပ်ပါတယ်။
ကိုယ်သွားမယ့်လမ်းကြောင်းကို ရှင်းရှင်းလင်းလင်းသိနိုင်ဖို့ Consutant တွေနဲ့တိုင်ပင်ဖို့လည်းမမေ့ပါနဲ့နော်။

ကိုယ့်ကို motivation ဖြစ်စေတဲ့ လူပုဂ္ဂိုလ်၊ Page တွေကို အဆက်အသွယ်မပျက်ပါစေနဲ့။
ကိုယ့်အတွက် အကူအညီဖြစ်စေတဲ့ မိတ်ဆွေကောင်းများကိုလည်း ဂရုစိုက်ဖို့မမေ့သင့်ဘူးနော်။
ကိုယ်လိုမှ သတိရတတ်တဲ့အကျင့်ကို ပြင်ကြပါနော်။

Fashion Design industry မှာ ယူတို့အတွက် ရွေးချယ်စရာ Carrier များလွန်းပါတယ်။
မိမိရောက်ချင်တဲ့နေရာကို သိရှိဖို့ အရင်ရှာဖွေသင့်ပါတယ်။
ကိုယ့်ရဲ့ ရည်မှန်းချက်က Designer လား စက်ချုပ်ဆရာလား သရုပ်ပြပုံဆွဲမှာလား patternerလား ကွဲကွဲ ပြားပြားသိပါစေ။

ကိုယ်ကိုယ်တိုင် ဘယ်နေရာရောက်နေလဲဆိုတာလည်း နားလည်နေဖို့ လိုပြန်တယ်။
ဒါမှ လိုအပ်တာတွေ ဆက်ဖြည့်နိုင်မှာကိုးးး။

ဘယ်ပညာရပ်မဆို ခုသင်ခုတတ် မရှိပါဘူးနော်။ အချိန်ကာလတခုတော့ အရင်အနှီး ပြုရပါတယ်။ ကိုယ့်တို့ ဗမာစကားပုံမှာလည်း " တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ" လို့ရှိတယ်မဟုတ်လား။ နေ့စဥ်ပုံမှန်ကြိုးစားနေတဲ့လူတယောက်အတွက် အောင်မြင်မှုပန်းတိုင်က စောင့်ကြိုနေမှာပါ။

Fashion Design Industry ထဲကိုမှ ဝင်ချင်တဲ့သူလေးတွေကို အကြံပေးချင်တာက ကိုယ့်ကိုယ်ကိုယ် အရင်းအနှီးထည့်ပါ။ ပညာရပ်အတွက် ငွေရင်းနှီးဖို့ လက်မတွန့်ပါနဲ့။
ပညာဖြည့်ဖို့ မတွေဝေပါနဲ့။ လေ့လာသင်ကြားရင်း အချိန်ကို အကျိုးရှိရှိ
အသုံးချကြပါလို့...

ချစ်တဲ့

Photos from Fashionista RENiDi's post 14/11/2022

💏မင်္ဂလာဆောင်တွေ တက်ဖူးကြတယ်ဟုတ် !

💑မင်္ဂလာဆောင်တစ်ခုတက်ရတိုင်း သူများတွေတော့မသိ ကျနော်စိတ်ဝင်စားမိတာက စင်မြင့်ထက်က သတို့သမီးလေး။

ခန်းမထဲဝင်လိုက်တာနဲ့ အရင်ဆုံးရှာမိသော မိန်းမပျိုလေး ....

သူမ ဘာလေးဝတ်ထားပါလိမ့် ?
မည်သည့်အရောင်ကို ဆင်မြန်းထားပါလိမ့် ?
မည်သို့သော ဝတ်စုံမျိုးပါလိမ့် ????
🤔🤔🤔🤔
စသည်ဖြင့် . . .

👚မြန်မာဝတ်စုံကို ဆင်မြန်းထားသည် ဖြစ်စေ
👗အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသည် ဖြစ်စေ
👘ရိုးရာဝတ်စုံကို ဆန်းသစ်ထားသည် ဖြစ်စေ
ပွဲခင်းတစ်ခုလုံးမှာ အလှဆုံးသော မိန်းမပျိုလေးက သတို့သမီးများသာ ဖြစ်ကြတာကိုတော့ ငြင်းမရပါချေ ။

🌸ကဲ ခုလောက်ဆို ဒီနေ့ ကျနော်မျှဝေမယ့် အကြောင်းအရာက သတို့သမီးတွေရဲ့ ဆင်ယင်မှုအကြောင်းဆိုတာ စာဖတ်သူတို့ ရိပ်မိနေလောက်ပါပြီ ဟုတ်စ 😉 ။

👚မြန်မာထိုင်မသိမ်းဝတ်စုံ

🌸မြန်မာလူမျိုးတို့က ရွှေဖလားရောင်ကို မဂ်လာအရောင်အဖြစ် သက်မှတ်ကြတာများပါတယ် ။

🌸များသောအားဖြင့်
ရွှေဖလားရောင်
ပန်းနုရောင်
အဖြူရောင်
တို့ကို ထိုင်မသိမ်းဓဝတ်စုံလေးတွေအနေနဲ့ တွေ့မြင်ရမှာ ဖြစ်ပါတယ် ။

🌸ဆံထုံးမြင့်မြင့်လေးမှာ စိန်တန်းလေးစိုက် ထိုင်မသိမ်းဝမ်းဆက် ရွှေခြေချင်း နဲ့ ပုံတော်ဖိနပ်ထူထူလေးဝတ်ပြီး တင့်တယ်လှပသော မြန်မာ့ကျက်သရေနှင့်အတူ တလက်စာတည်း သတို့သမီးလေးတွေရဲ့ အလှတရား ထယ်ဝါမှုကို မြန်မာတို့၏ မင်္ဂလာဆောင်မှာ မြင်တွေ့ရနိုင်တာမျိုး

🌸ရွှေဖလားရောင်
ပန်းနုရောင်
အဖြူရောင်တွေ အဝတ်များသလို ဒီဘက်ခေတ်မှာ ကြည်ပြာရောင် ဗေဒါဖျော့ သခွားရောင် ထိုသို့သော အရောင်ဆန်းလေးတွေကိုလည်း ဝတ်ဆင်လာကြပါပြီ

👗အနောက်တိုင်းဝတ်စုံ ဂါဝန်

🌸ဖြူလွှလွှဂါဝန်လေးတွေက သတို့သမီးလေးကို အပျိုစင် Virgin လို့ သက်မှတ်သည်တဲ့ လေ ။ အဲ့ဒါကြောင့် အနောက်တိုင်းဝတ်စုံဝတ် မဂင်္ံလာဆောင် အခမ်းအနားတွေမှာ သတို့သမီးလေးတွေကို အဖြူရောင်ဂါဝန်လေးတွေနဲ့ အများဆုံးတွေကြနေရတာ ဖြစ်ပါတယ် ။

🌸ဆန်းပြားလှသော ဆံပင်ထုံးဖွဲ့မှုနဲ့အတူ အဖြူရောင်ဂါဝန် ဒေါက်ဖိနပ်လှလှလေး ဆင်မြန်းကြပါတယ် ။
အဖြူမှမဟုတ် ပန်းနုရောင် ဗေဒါရောင် စိမ်းပြာရောင် မိတ်ကပ်ရောင် ကြည်ပြာရောင် အစရှိသည်ဖြင့် သတို့သမီးအကြိုက် အရောင်တွေကို မင်္ဂလာပွဲအတွက် ဝတ်ဆင်ကြပါသေးသည် ။

👘ရိုးရာဝတ်စုံနှင့် သတို့သမီးလေးများ

🌸မိရိုးဖလာအယူအဆတွေအရ ရိုးရာဝတ်စုံလေးတွေနဲ့ မဂ်လာဆောင်ကြသော သတို့သမီးလေးတွေကိုလည်း ကမ္ဘာတစ်ဝှမ်းမှာ တွေ့နိုင်ကြပါတယ် ။
ကျနော်တို့ မြန်မာနိုင်ငံတစ်ခုတည်းမှာတင် လူမျိုးစု ၈ စုရဲ့ ရိုးရာဝတ်စုံလေးတွေလည်း ရှိတယ် မဟုတ်ပါလား ။
ကချင်
ကယား
ကရင်
ချင်း
ဗမာ
မွန်
ရခိုင်
ရှမ်း 😊
🌸ကိုယ့်လူမျိုးရိုးရာဝတ်စုံလေးတွေကို အခမ်းအနားအတွက် သုံးလိုသော သတို့သမီးလေးတွေက ရိုးရာဟန်လည်း မပျက်အောင်ပွဲမှာလည်း သူတထူးပေါ်လွင်အောင် Designer တို့နှင့် တိုင်ပင်၍ အဆန်းထွင် ဝတ်ဆင်ကြသော မင်္ဂလာဆောင်ဝတ်စုံလေးတွေလည်း တွေ့လာရပါပြီ 😊

🌸ရာထူးအလိုက် ယူနီဖောင်းလေးတွေ ဝတ်ပြီး မဂ်လာဆောင်ကြတာကိုလည်း ထူးထူးခြားခြား ရှားပါးစွာ တွေ့နိုင်ပါသေးတယ်

🌸တတ်နိုင်သလောက်လေး ပုံလေးတွေ စုစည်းတင်ပြလိုက်ပါတယ်နော်

Photo credit

#🌸CherryMinnSwe🌸
#🌸14.11.2022🌸
🌸
dress

Photos from Fashionista RENiDi's post 12/11/2022

လူငယ်တွေ fashion brand founder တစ်ယောက်ဖြစ်ချင်တဲ့ ရည်မှန်းချက်ကို‌ေတာ်‌ေတာ်‌ေလးစွဲလန်းနေကြပါပြီ.......
Part (1)

ခုရက်ပိုင်း Diတို့ page cbမှာလာဆေွးနွေးကြသူ လူငယ် အများစုက brand တစ်ခုထောင်ချင်တဲ့သူ brand founderဖြစ်ချင်တဲ့သူတေွတော်တော်များများတွေ့ရတယ်။ ဒါကြောင့် Di က fashion brand တစ်ခုစလုပ်မယ် ဆိုရင် ဘယ်လို steps လေးတွေလိုလဲ ဆိုတာကို နည်းနည်းလေးရှင်းပြချင်တယ်။✨

1.Business Plan ဆွဲပါ။
Branding ဟာ စီးပွါးရေးလုပ်ငန်းတစ်ခုဖြစ်တာကြောင့် business plan ဆွဲကိုဆွဲရပါတယ်။လုပ်ငန်းစမယ်တွေးတာနဲ့
👉Vision(Goalပါဘဲ။ဒီ brandကိုဘယ်ထိအောင်မြင်အောင်လုပ်မယ်ဆိုတဲ့ရည်မှန်းချက်,Eg. နောက်5နှစ်နေရင်ငါ့brandက ဘယ်လောက်ထိအောင်မြင်ရမလဲဆိုတာမျိုးပေါ့။ အနည်းဆုံး 5နှစ်စာလောက်တော့ထားသင့်တယ်)
👉 Mission(ကိုယ်ဖြစ်ချင်တဲ့ goal ကိုရောက်ဖို့ ဘယ်လိုနည်းလမ်းတွေ၊ဗျူဟာတွေ လမ်းကြောင်းတွေနဲ့သွားမလဲဆိုတာမျိုးပေါ့)
👉Values(Goal တစ်ခုကိုရောက်အောင်သွားနေတဲ့အချိန်မှာဘဲ ကိုယ့်brandရဲ့ နာမည်ကိုတန်ဖိုးရှိေအာင်ဘယ်လို ဖြည်းဖြည်းချင်းတည်ဆောက်သွားမလဲဆိုတာကိုပြောတာပါ)
ဒီ(3)ချက်ကိုတော့သတ်မှတ်ထားသင့်ပါတယ်။

✨ဒါ့အပြင် ကိုယ့် productက ဘယ်အသက်အရွယ်၊ လူနေမှု အဆင့်အတန်း, gender ကိုtargetထားမှာလဲ?
✨ဘယ်လိုဈေးနှုန်းအပိုင်းအခြားတွေနဲ့ရောင်းပေးမှာလဲ?
✨ဘယ်လိုကုန်ကြမ်းတွေကိုအသုံးပြုမှာလဲ?
✨ဘယ်နေရာမှာရောင်းချမှာလဲ?
✨ဘယ် platform ကိုအဓိကသုံးပြီးmarketing လုပ်မှာလဲ?

စတဲ့ အချက်တွေကိုကြိုတင် သတ်မှတ်ထားဖို့ လိုပါတယ်။ စစချင်းမှာ အချိန်ယူ ရတယ်ဆိုပေမယ့် နောက်ပိုင်းအခြေကျသွားရင် business planဆွဲထားတဲ့အတွက်ကြောင့် ပိုမိုလွယ်ကူမြန်ဆန်ပြီး စနစ်ကျပါတယ်။

2.Research လုပ်ပါ။
ကိုယ့်ရဲ့ brandကို အမြဲ up to dateဖြစ်ချင်သူ အခြား brandတွေနဲ့ယှဉ်ရင် customerရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းထုတ်လုပ် ပေးနိုင်ဖို့ဆို fashion show တွေများများကြည့်ပါ။ colourတွေ shapeတွေ themesတွေကိုမှတ်ပါ။ တစ်နှစ်ထဲမှာကျင်းပတဲ့ fashion show တွေများများကြည့်ရင် တစ်ခုနဲ့တစ်ခု တူညီတဲ့အချက်လေးတွေ ideas လေးတွေရှိ နေတတ်ပါတယ်။အဲ့ဒါ trendေတွပါဘဲ။မြင်အောင်ကြည့်ပါ။ ထပ်ခါထပ်ခါကြည့်ပါ။ ကိုယ့် brandမှာဘယ်လိုပြန်ပြီးအသုံးချရမလဲစဉ်းစားပါ။Influencer တွေရဲ့ fashion တွေကို မျက်ခြေမပြတ်စောင့်ကြည့်ပါ။သတိထားရမှာက ကိုယ် inspireလုပ်လိုက်တဲ့ trend က ကိုယ်target ထားတဲ့ customer ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီနေရပါမယ်။

3.ကိုယ့်ရဲ့ brandကို အမြဲတဆင့်တက်နေအောင် တည်ဆောက်ပါ။
Brandတစ်ခုအောင်မြင်လာပြီ ဆိုရင် အောင်မြင်ရတဲ့ အားသာချက် ကိုတွေ့အောင်ရှာပါ။ ကိုယ့်ရဲ့ ကောင်းတဲ့ အားသာချက်ကို သိပြီဆိုရင် အသုံးချပြီး collection တစ်ခုထက် တစ်ခုပိုကောင်းအောင် လုပ်နိုင်ပါတယ်။
အောင်မြင်နေတဲ့ brandအများစုက customerရဲ့ ဝယ်လိုအားကိုတိတိကျကျသတ်မှတ်နိုင်လို့ လည်းပါပါတယ်။
ဉပမာ- baby wear မှ eco friendly baby wearသို့
active wear မှ plus size active wear သို့
အမြဲတဆင့်တက်ပြီး ထုတ်နိုင်ရပါမယ်။
Brand တစ်ခုရဲ့တိုးတက်မှုမှာ brandရဲ့ ဈေးကွက်, design, quality,brand imageတို့ကိုလည်း တိုးတက်အောင်လုပ်ဖို့ အကျုံးဝင်ပါတယ်။

4.Inspire ယူတတ်ပါစေ။
Inspiration pointsတွေဆိုတာ ဘယ်တော့မှ မကုန်နိုင်မခမ်းနိုင် ကမ္ဘာတည်သရွေ့ရှိနေမှာပါ။ ဒါကြောင့် influencer တွေရဲ့ social media account တွေ designer, stylist,blogs newspaper, megazines တွေအားလုံးနဲ့ ချိတ်ဆက်ထားပါ။
Pinterest ကဝောာ့ လူသိများပြီး inspire ယူလို့ အကောင်းဆုံး social appပါဘဲ။ ကိုယ် inspire ယူမယ့် collection အတွက် board တစ်ခုသက်သက်ထားပြီး saveလို့ရပါတယ်။
ပြီးတော့မှ idea တွေစုပြီး mood board , ထိုမှတစ်ဆင့် concep board တေ‌ွရလာပါမယ်။ အဲ့ကနေ ကိုယ့်ရဲ့ ကိုယ်ပိုင် designတွေကို fashion sketch ဆွဲချပြီး ထုတ်လုပ်တဲ့ အဆင့်ကို ရောက်နိုင်ပါပြီ။ Di ကတော့ Pinterest boardထက် စာရွက်ပေါ်မှာ journaling လုပ်ရတဲ့aesthetic or feelingကိုပိုပိုပြီးကြိုက်ပါတယ်။🤗Inspire ယူတဲ့ နေရာမှာ social media platform တွေမှမဟုတ်ပါဘူး။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်က မိသားစု သူငယ်ချင်းတွေ ဆီကလည်း လိုအပ်ချက်တွေ ကြိုက်တတ်တာလေးတွေကို research လုပ်သင့်ပါတယ်။ ဒါမှ လက်တေ‌ွ့နဲ့ social media life ကြားက customer ရဲ့လိုအပ်ချက်ကွာဟမှုတွေ ကိုပိုပြီးသိမြင်လာပြီး မှန်ကန်တဲ့ designတွေထုတ်နိုင်လိမ့်မယ်လို့ Di ကတော့ယူဆပါတယ်။
နောက်ထပ်ဘယ်လို steps တွေ ideasတွေလိုအုံးမလဲဆိုတာကတော့ Part(2) မှာဖတ်ရှုပေးကြနော်။

Part 2 link👇👇
https://m.facebook.com/story.php?story_fbid=142368148572560&id=100083981265397

Di ✨

Photos from Fashionista RENiDi's post 09/11/2022

Shapes of fashion

⏺◀⏹💠❇

နာမည်ကျော်ဒီဇိုင်နာတွေဖန်တီးထားတဲ့ ဝတ်စုံတွေကို ပုံမှန်ကြည့်ဖြစ်တဲ့လူတွေရှိလား?

Pintrest စွဲနေသူလေးတွေရော ရှိလား?

Fashion show တွေကိုရော ကြည့်ဖြစ်ကြလား?

ဒီ ဒီဇိုင်နာတွေရဲ့ ဒီဇိုင်းတွေ အမြဲတမ်း ဘာကြောင့် ဆန်းသစ်နေတာလဲ။ သူတို့ ဒီဇိုင်းတွေထဲမှာ ဘယ်လိုအရာတွေကို ထည့်သွင်းပုံဖော်ထားလို့ အမြင်မရိုးရတာလဲ တွေးကြည့်ဖူးလား?

Fashion show တွေ ဒီဇိုင်းအသစ်တွေကို မျက်ချေမပြတ်ကြည့်တော့ကြည့်ပါရဲ့။ သို့ပေမယ့် ဘာကို ဆိုလိုချင်လဲ သေချာမသိရင် အချိန်ပေးရတာနဲ့မတန် ဖြစ်နေမှာပေါ့နော်။

ဒီလို လေ့လာတတ်တဲ့သူလေးတွေအတွက် ဒီနေ့ မျှဝေမှုလေးက အမှန်တကယ် အကျိုးရှိမှာပါ။

ရှေ့မှာ Principles of fashion design တွေကို ရေးသားမျှဝေပြီးလို့ Elements of Fashion တွေအကြောင်းဆက်လက်မျှဝေပေးပါအုံးမယ်။

Elements of fashion ထဲပါတဲ့ Shapes တွေကို ကမ္ဘာကျော် ဖက်ရှင်ဒီဇိုင်နာတွေ ဘယ်လို အသုံးချသွားလဲ ကိုယ်နဲ့အတူ ဆက်လက်လေ့လာကြည့်ကြရအောင်နော်။

Photos from Fashionista RENiDi's post 08/11/2022

Online Survey for Gucci ✨✨........................................
Gucciဟာကမ္ဘာ့ထိပ်တန်းluxury brandတွေထဲကတစ်ခုအပါအဝင်ဖြစ်ပါတယ်။
📦Gucci brandဟာqualityပြည့်ဝတဲ့ကုန်ကြမ်းတွေကနေပြုလုပ်ထားပြီးတော့packagingကောင်းကောင်းနဲ့ customerကိုလုံးဝစိတ်ကျေနပ်မှုပေးနိုင်တဲ့brandမျိုးဘဲဖြစ်ပါတယ်။
🇮🇹Gucci ရဲ့ထုတ်ကုန်တွေက Italian culture ကို ထင်ဟပ်စေတယ်လို့ခံစားရပါတယ်။colour combinationတွေနဲ့ pattern‌ေတွကလည်းသာမန်နဲ့မတူဘဲဖောက်ထွက်ပြီးထူးခြားနေပါတယ်။✨Glitterလေးတွေကိုလည်း ready to wearမှာသုံးထားရင်အရမ်းလူငယ်ဆန်ပြီးလှနေရောဘဲ😍။ဒါကြောင့်နဒီ့ရဲ့favourite luxury brand က Gucciပါ။
Luxury Brand ထဲမှာတော့ Gucci brandဟာမသိတဲ့သူမရှိသလောက်ပါဘဲ။
🛍️ကမ္ဘာကျော် GUCCI brandကို1920ခုနှစ်ကအီတလီနိုင်ငံသား Designer Mr.Guccio Gucci က Italy နိုင်ငံ Florenceမြို့မှာ စတင်ပြီးတော့အသက်သွင်းခဲ့ပါတယ်။
GUCCI ရဲ့ပထမဆုံးဆိုင်ကိုတော့ Via Vigna Nouva မှာစတင်ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် Via Del Parioneမှာဖွင့်လှစ်ခဲ့ပြီးတော့ Gucci ရဲ့အိမ်‌ေတာ် တစ်ခုဖြစ်လာခဲ့ပါတယ်။
1936ခုနှစ်မှာ GUCCI brand ဟာစတင် တွင်ကျယ်ခဲ့ပါတယ်။နိုင်ငံ‌ေရးပြုပြင်‌ေပြာင်းလဲမှု‌ေတွ‌ေကြာင့်leatherထုတ်ကုန်တွေကိုဆန့်ကျင်ပြီး အသစ်တင်သွင်းသောကုန်ကြမ်းများကိုအသုံးပြုပြီး product‌ေတွကိုထုတ်လုပ်နိုင်ခဲ့တယ်။

🏬1930ခုနှစ်တွေမှာ equestrianကို inspireယူထားတဲ့ lineတွေကို logoအ‌ေနနဲ့စတင်မိတ်ဆက်ခဲ့ပြီးတော့
Guccio Gucciဟာသူ့ရဲ့မြင်းဇက်ကြိုး ပုံစံအမှတ်အသားကြောင့့် လူစိတိဝင်စားမှုရရှိပြီး အကြီးအကျယ် အောင်မြင်လာခဲ့ပါတယ်။
1938ခုနှစ်မှာ GUCCI store ဟာ ရောမမြို့ရှိ Via Condotti သို့ရောက်ရှိအ‌ေခြစိုက်ခဲ့ပါတယ်။

🪖အီတလီနိုင်ငံရဲ့ဖက်ဆစ် အာဏာသိမ်းမှုတွင်အမျိုးသားအဖွဲ့အစည်း၏ကုန်သွယ်မှာရပ်ဆိုင်းထားခြင်းနှင့်စစ်ပွဲတွေကြောင့်1940ခုနှစ်မှာ leather ရရှိမှုအနည်းငယ်သာရှိခဲ့ပါတယ်။
🎍Gucci ကတစ်ဖက်တစ်လမ်းကနေ linen နဲ့ဝါးချည်တွေကိုအသုံးပြုပြီး အိတ် designအမျိုးမျိုးကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။
👜ထို့နောက် GUCCI bamboo bagsဆိုပြီးကျော်ကြားလာပါတယ်။

1951 နှစ်မှာ Gucci ရဲ့သားဖြစ်သူ Rodolfo ဟာ Milanမြို့ ရဲ့ပထမဆံုးဆိုင်ကို Via Montenapoleoneမှာဖွင့်ခဲ့ပါတယ်။
🗽1953 ခုနှစ်တွင်New York, Savoy Plaza Hotelတွင်ဆိုင်သစ်တစ်ဆိုင်ထပ်မံဖွင့်လှစ်နိုင်ခဲ့ပါတယ်။
🥀New York ထိချဲ့ထွငိနိုင်ခဲ့ပြီး15ရက်အကြာမှာဘဲအသက်72နှစ်အရှယ်ရှိတဲ့ Gucciရဲ့ အုတ်မြစ် Guccio Gucciတစ်ယောက်‌ေကြွလွင့်ခဲ့ရပါတော့တယ်။

👨👨👨Mr.Gucciရဲ့သား‌ေတွဖြစ်တဲ့Aldo, Vasco, Ugo and Rodolfo တို့က GUCCI brandကိုဆက်ခံထိန်းသိမ်းရမယ့် အချိန်ကိုရောက်ရှိလာပါပြီ။

equestrian line logoနဲ့ brandဟာလည်း အနောက်နိုင်ငံရဲ့ brand လောကကို လွှမ်းမိုးထားနိုင်နေပြီ

1955 ခုနှစ်မှာတော့Gucci ရဲ့ logoဖြစ်တဲ့ ရှေ့နောက်ယှက်နေတဲ့Gနှစ်လံုးပံုစံ logoဟာတရားဝင်ထုတ်ကုန် အမှတ်တံဆိပ်တစ်ခုအဖြစ် ပြောင်းလဲလာခဲ့ပါတယ်။
ထိုအမှတ်တံဆိပ်logoကိုအဝတ်အစားတွေရဲ့အပေါ်ပိုင်းနဲ့leatherထုတ်ကုန်တွေမှာထည့်သွင်းလာခဲ့ပါတယ်။
👜1960ခုနှစ်မှာJackie Kennedy Onassis က Gucci ရဲ့shoulder bagကိုဝတ်ဆင်ခဲ့ပြီးတော့ the ‘Jackie O' bag.လို့လူသိများလာကြပါတယ်။

1970ခုနှစ်မှာပထမဆုံး GUCCI ဟာရေမွှေး‌ေတွကိုပါ ဖန်တီးထုတ်လုပ်နိုင်ခဲ့ပါတယ်။

🇯🇵🗼ဆိုင်ကိုParis,Beverly Hills, တို့တွင်သာမက အာရှနိုင်ငံ‌ေတွဖြစ်တဲ့ Hong Kongနဲ့ Tokyoတို့တွင်ပါတိးချဲ့ဖွင့်လှစ်ခဲ့ပါတယ်။

Gucciရဲ့fashion ကဏ္ဍကတိုးတက်လာပါပြီ။
New Yorkမှာ အဝတ်အစားတွေချည်းဘဲအတွက်သီးသန့်ဆိုင်တစ်ဆိုင်ကိုလည်းဖွင့်ခဲ့ပါတယ်။

1980ခုနှစ်Florentine fashion shows မှာပထမဆုံးပြသခဲ့တဲ့ Gucci ရဲ့ ready-to-wear collection ဟာ အကြီးအကျယ် ‌ေအာင်မြင်မှုကိုရရှိခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ companyဟာမိသားစုသဘောတူညီချက်ချမှတ်ခြင်း၊အခွန်ရှောင်ခြင်း၊စီမံခန့်ခွဲမှုညံ့ဖျင်းခြင်း၊companyရဲ့ဂုဏ်သတင်းနဲ့အပြေင်းအလဲဖြစ်စေတဲ့အရာတွေအားလုံးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

👗1990ခုနှစ်မှာတော့ Tom Ford ဆိုသူဟာwomens wearတွေရဲ့ပဲ့ကိုင်ရှင်တစ်ယောက်ဖြစ်လာပြီး မကြာခင်မှာဘဲ creative directorတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

2000ခုနှစ်မှာတော့ Gucci ရဲ့ bag designer ဖြစ်တဲ့Friday Gianniniက womens wearတွေကိုဦးဆောင်ခဲ့ပြီးနောက်ပိုင်းမှာသူမကGucciရဲ့ creative director အဖြစ်လွှဲ‌ေပြာင်းရယူခဲ့ပါတယ်။

🚗2010ခုနှစ် GUCCIရဲ့90th anniversaryမှာFiat နဲ့ collaborate"Fiat 500"ဆိုတဲ့ကားအမျိုးအစားကိုစတင်မိတ်ဆက်ခဲ့ပါတယ်။

⛵Riva Aquariva ဆိုတဲ့ဇိမ်ခံလှေသ‌ေင်္ဘာဟာလည်း GUCCİ logoနဲ့ပေါ်ထွက်လာခဲ့ပါတယ်။
Giannini ကရာထူး ကနှုတ်ထွက်ပြီး‌ေတာ့ Alessandro Michelle ဟာ Creative Directorတစ်ယောက်ဖြစ်လာပြန်ပါတယ်။

👨‍💼2015ခုနှစ်မှာတော့ GUCCI ရဲ့CEOဟာMarco Bizzarriဖြစ်လာခဲ့ပါတယ်။ယခုအချိန်မှာတော့ GUCCI brandကိုပြင်သစ် luxury groupဖြစ်တဲ့ Keringကဦးဆောင်နေပါတယ်။
💵2020ခုနှစ်ထိကမ္ဘာအနှံ့တွင် GUCCI storeပေါင်း483ဆိုင်နှင့်ဝန်ထမ်းပေါင်း17000ကျော်နှင့်အတူလည်ပတ်နေပြီးဝင်‌ေငွစီးဆင်းမှုက‌ေတာ့€7,440.6 millionရှိပါတယ်။

ယခုလက်ရှိGUCCIရဲ့အဓိကထုတ်ကုန်တွေကတော့ ဖိနပ် ၊အိတ် ၊ready to wear အဝတ်အစာများ၊ နာရီ ၊လက်ဝတ်ရတနာ၊ accessories၊ ရေမွှေးနဲ့အလှဆင်ပစ္စည်းတွေအထိပါထုတ်လုပ်ရောင်းချနေပါပြီ။

GUCCI brandရဲ့ luxury အိတ်တစ်အိတ်ပျမ်းမျှတန်ဖိုးဟာ$2377ရှိပါတယ်။
လူတိုင်းငေးရတဲ့Gucci ရဲ့ runwaymodel တစ်ယောက်ဖြစ်ဖို့ဆိုရင် လှပတဲ့ရုပ်ရည်၊ပြည့်စုံတဲ့ခန္ဓာကိုယ်အချိုးအစားအပြင် good personalityပါရှိရပါမယ်။
Gucci modelတစ်ယောက်ဟာပျမ်းမျှ $62670 လောက်ရရှိပါတယ်။
ဒါက‌ေတာ့ Di လေ့လာမိသ‌ေလာက်Gucciအကြောင်းဘဲဖြစ်ပါတယ်။
Di✨






Source: Wikipedia
Pinterest

08/11/2022

ဒီည Sharing လုပ်ပေးမယ့် ခေါင်းစဥ်လေးက အားလုံးရဲ့ စိတ်ကူးထဲက အလိုချင်ဆုံး Brand တခုဖြစ်ပါတယ်👏👏👏

Gucci brand နဲ့ပတ်သတ်ပြီး စေ့စေ့စပ်စပ် ပြောပြပေးမယ့် အငယ်ဆုံးလေး Di ရဲ့ Post လေးကို အားပေးကြပါအုံးရှင့်😍

Elements မျိုးစုံနဲ့ Harmony ဖြစ်အောင် အချိန်ပြည့်ကစားတတ်တဲ့ Gucci brand ဟာ RENiDi တို့ရဲ့ Favourite brand တခုပါပဲ💛

ကဲအားလုံးပဲ ညကျတွေ့ကြမယ်နော်😊

Photos from Fashionista RENiDi's post 06/11/2022

Zara brand အကြောင်း တစေ့တစောင်း😊

ဒီနေ့ ကျနော်မျှဝေဖို့ ရွေးချယ်ဖြစ်တဲ့ Brand က ' Zara ' ပါ။

💖Brand တွေ အများကြီး ရှိပေမယ့် ဒီနာမည်လေးကို မြင်မြင်ချင်း မျှဝေချင်စိတ် ဖြစ်မိတယ်။

💛Zara ကို ၁၉၇၄ မေလ ၂၄ ရက် Spaing နိုင်ငံ ရဲ့ A Coruna မှာ စတင်တည်ထောင်ခဲ့ပါတယ် ။

👫Founderတွေက Amancio Ortega နဲ့ Rosalia Mera. တို့ နှစ်ဦးဖြစ်ပါတယ် ။

Zara ကုမ္ပဏီ အကြောင်း ကတော့

စတင်တည်ထောင်ခြင်းမှာ Zorba နာမည်နဲ့ စခဲ့ပြီး နောက်ပိုင်းမှာ Zara လို့ အမည်ပြောင်းခဲ့ပါတယ် ။ စပိန်မှာ စအခြေစိုက်ခဲ့တဲ့ zara ဟာ ၁၉၈၈ မှာ ပေါ်တူကီ ကို စတင်ထိုးဖောက်နိုင်ခဲ့ပြီး
👉၁၉၈၉ မှာ U.S.A
👉၁၉၉၀ မှာ ပြင်သစ်
👉၁၉၉၂ မှာ မက်စီကို
👉၁၉၉၃ မှာ ဂရိ. . ဘယ်ဂျီယံ . .နဲ့ ဆွီဒင်
👉၂၀၀၀ ခုနှစ်ကနေ ၂၀၀၂ အတွင်း ဂျပန်နဲ့ စင်ကာပူ
👉၂၀၀၃ မှာ ရရှား နဲ့ မလေးရှား
👉၂၀၀၄ မှာ တရုတ် . . အက်စ်တိုးနီးယား . . ဟန်ဂေရီ. . နဲ့ ရိုမေးနီးယား
👉၂၀၀၈ မှာ တောင်ကိုရီးယား
👉၂၀၁၀ မှာ အိန္ဒိယ
👉၂၀၁၁ မှာ တောင်အာဖရိက နဲ့ သြစတေးရီးယား နဲ့ စီးပွားရေးနယ်ပယ်တွေ ချဲ့ထွင်လာလိုက်တာ ဆိုရင်ဖြင့် ခုဆို တစ်ကမ္ဘာလုံး မသိသူမရှိလောက်အောင် ကောင်းသတင်းနဲ့ နာမည်ကျော်ကြားနေပါပြီ ။
👉၂၀၁၀ မှတ်တမ်းအရ နိုင်ငံပေါင်း ၉၃ နိုင်ငံမှာ ကုန်တိုက်ပေါင်း ၇၂၉၂ ထိ ရှိလာခဲ့တာပါ ။

➡INDITEX
➡ZARA
➡PULL & BEAR
➡MASSIMO DUTTI
➡BERSHKA
➡OYSHO
➡UTERQUE
➡H & M. and ect:

တံဆိပ်ပေါင်းမြောက်များစွာဖြင့် ရပ်တည်လာခဲ့သော ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ် ။

👴Founder Amancio Ortega ဟာဆိုရင်လည်း ကမ္ဘာ့အချမ်းသာဆုံး လူပုဂ္ဂိုလ် စာရင်းမှာ ဒုတိယမြောက် ဖြစ်လာခဲ့ပါတယ် ။

Zara ရဲ့ ထုတ်ကုန်တွေက ကလေး ၊ မိန်းကလေးတွေနဲ့ လူငယ် လူကြီးလူကောင်း တွေ (မွေးကင်းစကနေ အသက် ၄၅ ထိတိုင်အောင် အရွယ်အမျိုးမျိုး) အတွက် အဝတ်အစား ဖိနပ်နဲ့ တခြားဖက်ရှင်ကျ အသုံးအဆောင်တွေ ထုတ်လုပ်ပေးတာမျိုးပါ။ 👗👔👚🎽👖👞👠👛

🌟အသစ်အသစ်သော ဖန်တီးမှုတွေနဲ့ အမြဲဆန်းသစ်နေစေခြင်း ၊ ပုံစံဒီဇိုင်းတွေ လတ်ဆတ်နေခြင်း အရည်အသွေးကောင်းမွန်ပြီး အများအားဖြင့် လက်လှမ်းမှီနိုင်သော စျေးနှုန်း ရှိနေခြင်းတို့က Zara ကို ဒီအခြေအနေထိ တွန်းပို့နေတာလို့ မြင်မိပါတယ် ။

အထက်ပါ အချက်တွေကကြောင့်လည်း လူကြိုက်များစေခြင်း ဖြစ်ခဲ့ပါတယ် ။ 💕

Zara က ဖန်တီးထားတဲ့ အမိုက်စား Look တွေကို အောက်ကပုံတွေမှာခံစားကြည့်ပါအုံးနော်။

🍒 Reference Google

#ချယ်ရီမင်းဆွေ




Zara website

Photos from Fashionista RENiDi's post 03/11/2022

Fashion design ပညာရဲ့ အခြေခံသဘောတရားများ

🔷 ဖက်ရှင်အနုပညာဟာ ဖန်တီးမှုနဲ့ ဆန်းသစ်တီထွင်မှုတွေ ပြည့်နှက်နေတဲ့ ကမ္ဘာတခုဖြစ်ပါတယ်။

🔷 ဖက်ရှင်ဒီဇိုင်နာတွေဟာ နောက်ဆုံးပေါ် trends အကြောင်း အရာရာတိုင်းကို သိနေရမှာဖြစ်ပြီး မတူညီတဲ့အချိန်တွေအတွက် လိုက်ဖက်တဲ့အဝတ်အစားအသစ်တွေကို ဖန်တီးနိုင်ရမှာ မဟုတ်လား။

🔷 Client တွေဟာ သူတို့ရဲ့လိုအပ်ချက်အရ ဝတ်စုံတွေဖန်တီးဖို့ ဒီဇိုင်နာတွေကို အလုပ်အပ်ရတယ်။ ဒီဇိုင်နာတွေကလည်း အရည်အသွေးကို လုံးဝမလျှော့ဘဲ ထူးခြားလှပတဲ့ ဒီဇိုင်းတွေဖန်တီးပေးရတဲ့အတွက် ဒီဇိုင်နာချုပ်ဝတ်စုံတွေဟာ တခြားသောဝတ်စုံတွေထက် စျေးပိုကြီးနေနိုင်ပါတယ်။

🔷 တိုးတက်လာတဲ့ခေတ်ကြီးထဲမှာ Fashion designer တဦးအဖြစ်ရပ်တည်ချင်ရင် ဖက်ရှင်ဒီဇိုင်းတွေရဲ့ အခြေခံသဘောတရားတွေကို ကျေညက်ထားဖို့ အမှန်တကယ်လိုအပ်ပါတယ်။

🔷 အခြေခံသဘောတရားများဟာ ဖက်ရှင်ဒီဇိုင်နာတိုင်းcareer မစခင်သိထားရမယ့် ဖက်ရှင်ဒီဇိုင်းပညာဆိုင်ရာ အယူအဆတွေဖြစ်ပါတယ်။

🔷 ဒီဇိုင်နာလောကထဲမဝင်ခင် ဖက်ရှင်ဒီဇိုင်း
ဖန်တီးနိုင်စွမ်း​မြင့်ဖို့ အခြေခံအုတ်မြစ်ကောင်းတွေက သင့်အောင်မြင်မှုအတွက် အရေးကြီးပါတယ်။

🔷 ဖက်ရှင်ဒီဇိုင်းအကြောင်းသင်ကြားပေးနေတဲ့ Fashion design သင်တန်းများစွာရှိပေမယ့် ဒီပို့စ်က ဒီဇိုင်းအခြေခံ သဘောတရားတွေနားလည်ဖို့ ကူညီပေးပါလိမ့်မယ်။

ဒီ​နေ့မျှဝေပေးမယ့်
အခြေခံသဘောတရားတွေကတော့

♠Balance
♠Proportion
♠Emphasis
♠Rhythm
♠Harmony

တို့ဖြစ်ပါတယ်။




Reference
www. Hamstech.com
Photo from Pintrest

01/11/2022

ဒီနေ့လေးက Page Activities တွေစခဲ့တာ 3လ ပြည့်တဲ့နေ့လေးပါရှင်။

ရည်ရွယ်ချက်ကောင်းတွေနဲ့ စတင်ခဲ့တဲ့ ဒီစာမျက်နှာလေးကို ဝိုင်းဝန်း Support ပေးကြတဲ့ တယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။

Fashion RENiDi ကိုစလုပ်တုန်းက သုံးလရေးကြမယ်လို့ တိုင်ပင်ခဲ့ကြတာ ဒီနေ့လေးက သုံးလ ပြည့်မြောက်ခဲ့ပါပြီ။

ကိုယ်တို့ ကြိုးစားမျှဝေခဲ့တာတွေက အကျိုးရှိမယ်လို့ မျှော်လင့်မိပါတယ်ရှင့်။

သူငယ်ချင်းတို့ရော ဒီစာမျက်နှာလေးကို ဘယ်လိုမြင်ကြလဲ။
RENiDi က သူငယ်ချင်းတို့အမြင်လေးတွေ သိချင်လို့ ​ပြောပြခဲ့ပါအုံးနော်။

💙
RENiDi

Photos from Fashionista RENiDi's post 01/11/2022

Fashion collection လုပ်မယ့် သူငယ်ချင်းတွေအတွက် အပြီးသတ်အဆင့်တွေ မျှဝေပေးပါမယ်ရှင်။

ရှေ့ကအဆင့်တွေပြန်ဖတ်ချင်ရင် ဒီလင့်တွေမှာဖတ်ကြည့်နော်။
No. 1
https://m.facebook.com/story.php?story_fbid=130033006472741&id=100083981265397
No. 2
https://m.facebook.com/story.php?story_fbid=130033006472741&id=100083981265397

Photos from Fashionista RENiDi's post 29/10/2022

Trick🎃💀🦴 or Treat🍬

ဒီနှစ်halloween partyပွဲတွေမှာ ဘယ်လို costumeတွေက trendဖြစ်‌နေလဲ ?
ဘယ်လို party dressတွေကို‌ ရွေးချယ်ဝတ်ဆင်ရမလဲ?
ဆိုတာကို Diက sharing လုပ်ပေးမှာပါ။✨

Di ✨

Photos from Fashionista RENiDi's post 28/10/2022

Collars ကော်လာများ

🌸ဒီနေ့မှာတော့ ကျနော်က ကော်လံလေးတွေအကြောင်းပြောပြပေးသွားပါမယ်
ဘယ်လိုကော်လံပုံစံမျိုးဆို ဘယ်နာမည် ခေါ်သလဲပေါ့ 🤔

🌸ကျနော်တို့ စက်ချုပ်သူတွေအတွက် ပညာရပ်တွေဆိုတာ လေ့လာသင်ယူလို့ မကုန်နိုင်ပါဘူး
ခု ပြောပြပေးတဲ့ ကော်လံလေးတွေကို အခြေခံယူပြီး သူများထက် တမူထူးခြားသော ဒီဇိုင်းလေးတွေကိုလည်း တီထွင် ကြံဆလျှင် ကြံဆသလောက် အသုံးဝင်မယ် လို့ မျှော်လင့်ပါတယ် 😊

🌸နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ကိုယ်သင်ယူချင်သော ဘာသာရပ်တွေကို ဖုန်းလေး ကိုင်ရင်း Youtube တို့ pintrest တို့ကနေ ကိုယ်သိချင်တဲ့ ကော်လံနာမည်လေး ရိုက်ထည့်ပြီး အလွယ်တကူ သင်ယူနိုင်စေဖို့ ရည်ရွယ်ပြီး ဒီတခေါက်က ကော်လံနာမည်လေးတွေ ပြောပြဖို့ စိတ်ကူးမိတာပါ ။

🌸လိုအပ်သူတို့ အကျိုးဖြစ်စေမယ် ယုံကြည်လျှက်

🌸ပုံလေးတွေ ကြည့်လိုက်ကြရအောင်နော် ။ ပုံအောက်က စာလေးလည်းဖတ်ကြည့်နော်။

Photo credit Winifred Aldrichp

မှီငြမ်း Winifred Aldrich

#🌸CherryMinnSwe🌸
#🌸28..10.2022🌸
🌸

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านขายเสื้อผ้า ใน Mae Sot?
คลิกที่นี่เพื่อเป็นสมาชิก?

วิดีโอทั้งหมด (แสดงผลทั้งหมด)

Sharing လုပ်​ပေးဖို့ ရှိတယ်နော်။ ဒီည မပျက်မကွက် ဖတ်ဖို့ Ready ပဲလား?

เว็บไซต์

ที่อยู่

Mae Sot
63110

แฟชั่นและการออกแบบ อื่นๆใน Mae Sot (แสดงผลทั้งหมด)
Beautify Beautify
Mae Sot, 63110

Beautify is the page created to share creating beautiful accessories and clothes.

Maesot Thrift Store Maesot Thrift Store
Parasatwithi
Mae Sot, 63110

Be fashionable! Save money!

ထက်ထက်အထည်နှင့်စတိုး- Htet Htet Clothing and Store ထက်ထက်အထည်နှင့်စတိုး- Htet Htet Clothing and Store
Mae Sot, 63110

အထည်နင့်အိမ်သုံး၊ ပလပ်စတစ် မျိုးစု?

Dewสินค้า-แฟชั่น Dewสินค้า-แฟชั่น
Mae Sot, 63110

จำหน่ายสินค้าแฟชั่น

เอเมนตู่  S H O P เอเมนตู่ S H O P
Mae Sot, 63110

ขายปลีกขายส่ง

Shwe Hnin Lay Fashion & Design Shwe Hnin Lay Fashion & Design
Mae Sot

💙🌼Cloth design for Lady💙🌼 အပ်ထည်လေးများ လက်ခံချူပ်ပေးပါသည် Maesot /Thailand ( Thankyou all😘)

OB Closets Fashion OB Closets Fashion
98/99 ถนน ประสาทวิถี ตำบล แม่สอด อำเภอ แม่สอด จังหวัด ตาก
Mae Sot, 63110

BKK ,ချင်းမိုင်ထည်များကို မဲဆောက်မြို့မှ တိုက်ရိုက် လက်လီလက်ကားရောင်းချပေးနေပါသည်

Cleo May Cleo May
Mae Sot, 63110

HERA HERA
Soi Muban Mae Sot Villa
Mae Sot, 63110

Remember that we only live once!

Ma&d เสื้อยืดสไตล์ "มินิมอล" และรับสกรีนเสื้อยืด Ma&d เสื้อยืดสไตล์ "มินิมอล" และรับสกรีนเสื้อยืด
แม่สอด
Mae Sot, 63110

MA&D เสื้อยืดสไตล์ "มินิมอล" และรับสกรีนเสื้อยืด จัดส่งทั่วประเทศ