Wonder World

Wonder World

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Wonder World, โรงเรียนสอนภาษา, Mae Sot.

10/10/2023

သီတင်းကျွတ် ပိတ်ရက်မှာ English စာလေ့လာချင်တဲ့သူများအတွက် course လေးတစ်ခု နဲ့ မိတ်ဆက်ပေးပါရစေရှင့်။

အင်္ဂလိပ်စာကိုလေ့လာချင်တယ် ဒါပေမဲ့ အချိန်လည်းသိပ်မပေးနိုင်ဘူးဆိုတဲ့သူတွေအတွက် သို့မဟုတ် ကျောင်းပိတ်ရက်၊အလုပ်ပိတ်ရက်မှာ အချိန်ကို အကျိုးရှိစွာအသုံးပြုချင်တဲ့သူတွေအတွက် Wonder World Seasonal Class အနေဖြင့် အခါရာသီအလိုက် ခေါင်းစဉ်အသီးသီးဖြင့် ရက်တိုတိုအတွင်းမှာ မိမိလေ့လာချင်သော သင်ခန်းစားများအား သင်ယူနိုင်မဲ့ အခွင့်အရေးကိုပြင်ဆင်ပေးထားပါတယ်။

ဒီတစ်ခေါက် WWSCရဲ့ ပထမဆုံးသော Batch 1 အနေဖြင့် Tr, Eliz နဲ့ အတူလေ့‌လာနိုင်မည့် သင်ခန်းစာများမှာ
🚩 English ဗျည်း/သရ နှင့် အခြေခံ စည်းမျဉ်းများအားလေ့လာခြင်း
🚩 မိမိကိုယ်ကိုမိတ်ဆက်ခြင်း
🚩 ရာသီအလိုက်နှုတ်ဆက်စကားပြောခြင်း
🚩 ခရီးသွားခြင်းဆိုင်ရာ စကားပြော
🚩 Grammar နှင့် အခြေခံအသုံးဝင်သော ဝါကျတည်ဆောက်ပုံများ
🚩 English (4) skill တွင် အဓိကအားဖြင့် Listening, Speaking ကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။

သင်တန်းကာလ - (၂)ပတ်
သင်တန်းချိန် - တစ်ပတ် (၅)ရက်
သင်ကြားချိန် - နာရီပေါင်း (၁၅)
သင်တန်းကြေး - ၅၅,၀၀၀ ကျပ် / ဘတ် ၅၀၀

အသက် ၁၃နှစ်နှင့်အထက် မည်သူမဆို တတ်ရောက်သင်ယူနိုင်ပါသည်။

သင်ကြားရေးထိရောက်စေရန်လူဦးရေကန့်သတ်ထားပါတယ်။

သင်တန်းနှင့်ပတ်သက်၍ ပိုမိုသိရှိလို စုံစမ်းလိုပါက page chat box တွင်လာရောက်မေးမြန်းနိုင်ပါတယ်။

29/09/2023

Wonder World English School မှ ကြိုဆိုပါတယ်။

English စာကို လေ့လာတဲ့အခါ... လက်ရှိအခြေအနေနဲ့ ကိုက်ညီပြီး သိသင့်သိထိုက်တဲ့ အကြောင်းအရာကို အဓိကထား လေ့လာသင်ကြားဖို့ လိုအပ်ပါတယ်။

Wonder World မှာ ကျောင်းသား/ကျောင်းသူ၊ လူငယ်များအတွက် လက်ရှိအခြေအနေအပေါ်မူတည်ပြီး Up-to-Date သင်ခန်းစာများကို သင်ကြားပေးမှာဖြစ်ပြီး English အခြေခံရှိသူများ (သို့မဟုတ်) စတင်လေ့လာသူများပါ လေ့လာသင်ယူလို့ရမယ့် English Basic Class (အတန်းသစ်များ) စတင် ဖွင့်လှစ်ပါပြီ။

English Basic Class (အတန်းသစ်)ကို အောက်တိုဘာလ ပထမအပတ်မှာ စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။
English Basic class တွင် သင်ကြားပေးမယ့် သင်ခန်းစာများကတော့

၁) Greeting and introducing (ကြိုဆိုခြင်းနှင့်မိတ်ဆက်ခြင်း)
၂) General conversation (အထွေထွေ စကားပြော)
၃) Numbers, Time and Date (နံပါတ်၊ အချိန်နှင့်နေ့ရက်)
၄) Direction and places (လမ်းညွှန်းခြင်းနှင့်နေရာများ)
၅) Transportation (သယ်ယူပို့ဆောင်ခြင်း)
၆) Emergency (အရေးပေါ်)
၇) Health (ကျန်းမာရေး) စတဲ့ နေ့တဓူ၀ အသုံးပြုနေတဲ့ အကြောင်းအရာများကို English စကားပြော နှင့် နားလည်ရလွယ်ကူသော English သဒ္ဒါများဖြင့်တွဲဖက် သင်ကြားပေးသွားမှာဖြစ်ပါတယ်။

သင်တန်း စတင်မည့် နေ့ - 7th Oct, 2023
သင်တန်းချိန် - တစ်ပတ် ၂ရက်
- 8:00am to 9:30am
- 11:00am to 12:30pm
- 3:00pm to 4:30pm
- 5:00pm to 6:30pm
- 7:00pm to 8:30pm

သင်တန်းကာလ - ၂လ

သင်တန်းကြေး
တစ်ဦးချင်း (2500 baht)
Online Class (2000 baht)

Early bird အစောဆုံး သင်တန်းအပ်သူ (၅)ဦးအတွက် အထူး Discount (20%).



သင်ကြားရေးထိရောက်စေရန်လူဦးရေကန့်သတ်ထားပါတယ်။

သင်တန်းနှင့်ပတ်သက်၍ ပိုမိုသိရှိလို စုံစမ်းလိုပါက page chat box တွင်လာရောက်မေးမြန်းနိုင်ပါတယ်။

01/01/2023

၂၀၂၃ နှစ်သစ်မှာ ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။ ✨

Photos from Wonder World's post 26/12/2022

Merry Christmas & Happy New Year Everyone!

Hope you all have a wonderful time with your loved ones.
May all your days be merry and bright!!!

See you all in 2023! ✨

18/12/2022

Hello, အေးချမ်းတဲ့ ဆောင်လလေးထဲ Wonder World ကျောင်းကနေပြီး ခရစ်စမတ်အကြိုရက်နဲ့ ခရစ်စမတ်ရက်မြတ်နေ့မရောက်ခင် ၂၁ ရက်နေ့ မှ ၂၃ ရက်နေ့ အထိ ၃ရက်တာ Christmas Class ရှိကြောင်းသတင်းကောင်းပါးလိုက်ပါတယ်။ 🎉

ဒီ (၃)ရက်တာ အတန်းမှာတော့ အသက် ၄နှစ်မှ ၁၄နှစ်အရွယ်ကလေးမည်သူမဆို တတ်ရောက်နိုင်ပါတယ်ရှင်။

သင်ယူရမည့် သင်ခန်းစာများကတော့
- ခရစ်စမတ်ဖြစ်ပေါ်လာပုံ
- ခရစ်စမတ် ဓလေ့ထုံးတမ်းများ
- ခရစ်စမတ် သီချင်းများ
- ခရစ်စမတ် ပုံပြင်များ
- ခရစ်စမတ်နဲ့ ပတ်သက်သော English ဝေါဟာရများ
- လက်မှုပညာ နှင့်
- Christmas Movie ကြည့်ခြင်းစသည်ဖြင့်ပါဝင်မှာဖြစ်ပါတယ်။

သင်တန်းကြေးကတော့ ၅၀၀ ဘတ် သတ်မှတ်ထားပါတယ်။ မြန်မာပြည်မှကျောင်းတတ်ရောက်မည့်ကျောင်းသားများကို‌တော့ ပုံမှန်အတိုင်း special price: ၁၀၀၀၀ကျပ် နှုန်းထားကို နှစ်ကုန်အထိ သတ်မှတ်သွားပေးမှာဖြစ်ပါတယ်။

Wonder World ကျောင်းသားဟောင်းများကို ပြန်လည်ဆုံတွေရဖို့ မျှော်လင့်သလို၊ ကျောင်းသားအသစ်များကိုလည်း ကြိုဆိုလျက်ပါ။ 💜

21/11/2022

ဒီနေ့ အတန်းကို မိနစ် ၃၀လောက်နောက်ဆုတ်ပါမယ်ရှင့်။ တီချယ် အလုပ်များနေလို့ပါ။ Thank you. 🙏

07/11/2022

နိုဝင်ဘာလ အတန်းများအတွက် အချိန်ဇယားဖြစ်ပါတယ်ရှင့်!
See you all soon! ❤️

06/11/2022

ပြီးခဲ့တဲ့ October class မှာ Join ကျတဲ့ ကလေးများနှင့် အမှတ်တရ ✨

Wonder World English School မှာ Basic, Beginner, and ASP (After School Program) class ဆိုပြီး class 3ခုရှိပါတယ်ရှင့်။ အတန်း (၃)မျိုးစလုံး ကျောင်းစာသင်ပြီးနောက် မှာသင်တဲ့ ASP class တွေပဲဖြစ်‌ပါတယ်။ သို့သော် အနည်းငယ်ကွာခြားချက်လေးကို ပြောပြချင်ပါတယ်။

Basic Class ကတော့ အသက် (၄)နှစ်ကနေ စလက်ခံပါတယ်ရှင့်။
အင်္ဂလိပ်စာ အရေးအပြောအဖတ်ကို ကလေးငယ်များသင်ယူလွယ်ကူစေမဲ့ သင်ခန်းစာများနဲ့ သင်ပေးပါတယ်ရှင့်။

Beginner Class ကတော့ (၇)နှစ်ကနေ စလက်ခံပါတယ်။ အင်္ဂလိပ်စာ အရေးအပြောအဖတ် နဲ့ အင်္ဂလိပ်စာသဒ္ဒါ ကိုမိတ်ဆပ်အနေနဲ့သင်ပေးပါတယ်ရှင့်။

ASP (After School Program) ကတော့ private class ဖြစ်ပြီး တစ်ဦးချင်း သင်ပေးတဲ့ အတန်းပဲဖြစ်ပါတယ်။ ကျောင်းစာ အင်္ဂလိပ်အိမ်စာများ၊ သင်ခန်းစာများကို ကူညီရှင်းပြပေးတာတွေပါဝင်ပါတယ်ရှင့်။

Basic and Beginner class
ကြာချိန် = တစ်လ (၄ပတ်) | တစ်ပတ် (၂)ရက်
Fees = 700 ဘတ် | ၁၅၀၀၀ ကျပ်

ASP (After School Program)
ကြာချိန် = တစ်လ (၄ပတ်) | တစ်ပတ် (၂)ရက်
Fees = 2100 ဘတ် | ၅၀၀၀၀ ကျပ်

* မြန်မာပြည်မှ တတ်ရောက်မည့် ကျောင်းသူကျောင်းသားများ
အတွက် အထူးဈေးနှုန်းထားပေးပါတယ်ရှင့်။

ကလေးငယ်များ ဖြည်းဖြည်းနဲ့ မှန်မှန် သင်ယူနိုင်ရန်စီစဉ်ထားသော သင်ခန်းစားများနဲ့ package ဖြစ်ပါတယ်ရှင့်။ 🙏✨

(၂) လတာ အတွင်း ကျောင်းကို ယုံကြည်ပြီး အပ်နှင်းကြတဲ့ ကျောင်းသားမိဘများအား ‌ကျေးဇူးအထူးတင်လျက်။ 🌿

Teacher Eliz

P.S. - ကျောင်းသား၊ကျောင်းသူများ၏ရုပ်ပုံများကို ကျောင်းသားမိဘများ၏ခွင့်ပြုချက်ဖြစ့် အသုံးပြုပါတယ်ရှင့်။

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Mae Sot?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่

Mae Sot

เวลาทำการ

จันทร์ 09:00 - 16:00
อังคาร 09:00 - 16:00
พุธ 09:00 - 16:00
พฤหัสบดี 09:00 - 16:00
ศุกร์ 09:00 - 16:00