Clean Peacefully

Clean Peacefully

แชร์

Self-motivation & Quotes

02/04/2026

မနေ့က 𝒮𝒽𝒶𝓇𝒾𝓃𝑔 အဆက်လေးပါ...
-----------
The Four Agreements ရဲ့ ပထမဦးဆုံး အချက်ရဲ့ ဖော်ပြချက်လေးကို ဆက်လက်မျှဝေပေးပါမယ်နော်…
ပထမဦးဆုံး သဘောတူညီချက်ကတော့ ..
“ 𝗕𝗲 𝗜𝗺𝗽𝗲𝗰𝗰𝗮𝗯𝗹𝗲 𝘄𝗶𝘁𝗵 𝗬𝗼𝘂𝗿 𝗪𝗼𝗿𝗱 စကားလုံးများကို အပြစ်ကင်းစွာ အသုံးပြုခြင်း” ဆိုတာပါပဲ။
စာရေးဆရာက ဒီအချက်နဲ့ပတ်သက်ပြီး လိုက်နာဖို့ အခက်ခဲဆုံးဖြစ်ပေမဲ့ အရေးကြီးဆုံးပဲလို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုရင် စကားလုံးတွေက ရိုးရိုးအသံတွေ၊ စာလုံးတွေ မဟုတ်ပါဘူး။ မှော်စွမ်းအင်တွေဖြစ်တယ်လို စာရေးသူက ဆိုပါတယ်။
စဉ်းစားကြည့်လိုက်တဲ့အခါမှာ စကားလုံးတွေက လူတစ်ယောက်ကို ကောင်းကင်ပေါ်ရောက်သွားသလို၊ ပျော်ရွှင်နိုင်သလို၊ ငရဲကျသွားသလို ခံစားရအောင်လည်း လုပ်နိုင်စွမ်းရှိပါတယ်။ အသွားနှစ်ဖက်ပါတဲ့ ဓါးတစ်လက်လိုပါပဲ။ ကောင်းတဲ့ဘက်သုံးမလား၊ ဖျက်ဆီးတဲ့ဘက်သုံးမလား ဆိုတာ ကျွန်ုပ်တို့ရဲ့ လက်ထဲမှာပါ.. လို့ဆိုပါတယ်။
ဒါဆိုရင် “𝐈𝐦𝐩𝐞𝐜𝐜𝐚𝐛𝐥𝐞”လို့ခေါ်တဲ့ အပြစ်ကင်းစင်ခြင်းဆိုတာ ဘာကိုဆိုလိုတာလဲဆိုရင်.. စာရေးဆရာက ဒီနေရာမှာ အပြစ်ဆိုတာ ဘာသာရေးအရ အပြစ်ကို ပြောတာမဟုတ်ဘူး Toltec ပညာရှိတွေရဲ့ အလိုအရ ကိုယ့်ကိုယ်ကို ဆန့်ကျင်ပြီး လုပ်ဆောင်သမျှအရာအာလုံးကိုခေါ်တာပါ လို့ဆိုပါတယ်။
ဥပမာ “ ငါကဝလိုက်တာ ..ငါက ရုပ်ဆိုလိုက်တာ..ငါက တုံးလိုက်တာ.” အဲလို ကိုယ့်ကိုယ်ကိုပြောနေတာကို ဒါက ကိုယ်ကိုယ်ကို ဆန့်ကျင်တိုက်ခိုက်နေတာဖြစ်တဲ့အတွက် အပြစ်ကျူးလွန်ရာရောက်ပါတယ်။ ဒါကြောင့် “စကားလုံးတွေကို အပြစ်ကင်းစွာသုံးပါ” ဆိုတာ စကားလုံးတွေကို အသုံးပြုပြီး ကိုယ့်ကိုယ်ကို နဲ့ သူတပါးကို ပြန်မတိုက်ခိုက်ပါနဲ့လို့ ဆိုလိုတာပဲ ဖြစ်ပါတယ် လို့ စာရေးသူက ဆိုပါတယ်။
သို့သော် ဝမ်းနည်းစရာကောင်းတာက ကျွန်ုပ်တို့ လူ့ဘောင်အဖွဲ့အစည်းမှာ စကားလုံးတွေကို အတင်းအဖျင်းပြောခြင်း ဆိုတဲ့ ပုံစံနဲ့ အလွဲသုံးစားလုပ်နေကြပါတယ်။ စာရေးဆရာက အတင်းအဖျင်းပြောခြင်းကို Black Magic လမ်းမှားရောက်နေတဲ့ မှော်ပညာလိုတောင် တင်စားထားပါတယ်။ ကွန်ပျူတာ ဗိုင်းရပ်တစ်ခုလိုပါပဲ လူတစ်ယောက်က စေတနာမပါဘဲ သတင်းအမှာတစ်ခုခု၊ သတင်းစကားတစ်ခုခု ပြောလိုက်ရင် နားထောင်လိုက်တဲ့သူရဲ့ စိတ်ကို အဆိပ်ခတ်လိုက်သလို ဖြစ်သွားစေပါတယ်။
စာအုပ်ထဲမှာ ဥပမာလေးတစ်ခုကို ပြောပြထားတာကတော့ “ဉာဏ်ကောင်းပြီးတော့ ချစ်စရာကောင်းတဲ့ ကလေးမလေးတစ်ယောက်ရှိတယ်။ သူက သီချင်းဆိုတာ အရမ်းဝါသနာပါတယ် အသံလည်း အရမ်းကောင်းတယ်။ တစ်နေ့မှာ သူ့အမေ အလုပ်ကနေ ပြန်လာတဲ့အချိန်မှာ ခေါင်းတွေအရမ်းကိုက်ပြီးတော့ အရမ်းပင်ပန်းနေပါတယ်။ အဲဒီအချိန်မှာ ကလေးမလေးက ပျော်ပြီးတော့ အသံကုန် သီချင်းဆိုနေတာပေါ့…အဲအချိန်မှာ အမေလုပ်သူက ခေါင်းကိုက်နေတော့ စိတ်မရှည်ဘဲ ဒေါသထွက်ပြီး အော်မိလိုက်တယ်။ တိတ်စမ်း အသံက အရမ်းဆိုးတာပဲ..ပါးစပ်ပိတ်ထားစမ်းတဲ့.. တကယ်တော့ ကလေးမလေးအသံဆိုးလို့မဟုတ်ပါဘူး။ သူရဲ့အမေက စိတ်အခြေအနေမကောင်းလို့ ပြောလိုက်မိတာပါ။
ဒါပေမဲ့ အဲ့ဒီစကားလုံးတွေက ကလေးမလေးအပေါ် မှော်အစီအရင်တစ်ခုလို ဖြစ်သွားပါတယ်။ ကလေးမလေးက သူ့ကိုယ်သူ အသံဆိုးတယ်လို့ ယုံကြည်သွားပြီး အဲ့ဒီနေ့ကစပြီး ဘယ်တော့မှ သီးချင်းမဆိုတော့ပါဘူး။ လူတွေရှေ့မှာ စကားပြောဖို့တောင် ကြောက်သွားခဲ့ပါတယ်။
ဒီလိုပါပဲ ကျွန်ုပ်တို့ လူမှုပတ်ဝန်းကျင်မှာ ဒီလိုမျိုးတွေရှိနေလား…၊ လ္ဘက်ရည်ဆိုင်ထိုင်ရင်း သူများမကောင်းကြောင်းပြောတာတွေ၊ လူမှုစာမျက်နှာ(𝐟𝐚𝐜𝐞𝐛𝐨𝐨𝐤)ပေါ်မှာ လူတစ်ယောက်ကို ဝိုင်းပြီးတော့ 𝐂𝐲𝐛𝐞𝐫 𝐁𝐮𝐥𝐥𝐲𝐢𝐧𝐠 လုပ်တာတွေ ဒါတွေအားလုံးက ကိုယ့်ကိုယ်ကိုရော သူတပါးကိုပါ စိတ်ဒုက္ခပေးနေတဲ့ အရာတွေဖြစ်တယ်။
ဒါကြောင့် ဒီကနေ့ကစပြီး ကိုယ့်ကိုယ်ကို နှိမ့်ချပြီး ပြောနေတဲ့ စကားလုံးတွေကို ရပ်လိုက်ပါ၊ ကိုယ့်ညံ့တယ်ဆိုတဲ့ အစား ကိုယ်ကြိုးစားနေတယ်လို့ ပြောင်းပြောကြည့်ပါ။ သူတပါးအကြောင်း၊ အတင်း ပြောမည့်အစား သူတို့ရဲ့ကောင်းတဲ့အရာလေးတွေကို ရှာပြီး ပြောကြည့်ပါ။ စကားလုံးတွေကို အချစ်နဲ့အမှန်တရား မျှဝေဖိုအတွက်ပဲ အသုံးပြုပါလို့ စားရေးသူဆိုပါတယ်။
စကားလုံးတွေရဲ့ စွမ်းအားတွေကို သိသွားပြီးရင် တစ်ခါတလေ သူများတွေက ကိုယ်ကို မကောင်းပြောလာတဲ့အခါမှာ စိတ်မဆင်းရဲရအောင် ဘယ်လိုနေမလဲ…ဖြေရှင်းဖို့အတွက်
ဒုတိယ သဘောတူညီချက် ဆိုတဲ့ “𝐃𝐨𝐧’𝐭 𝐓𝐚𝐤𝐞 𝐀𝐧𝐲𝐭𝐡𝐢𝐧𝐠 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥𝐥𝐲 ဘယ်အရာကိုမှ ပုဂ္ဂိုလ်ရေးအရ ခံစားမနေခြင်း” ကို
နက်ဖန် ဆက်လက်မျှဝေပေးပါမယ်…
စာအရမ်းရှည်ရင် ဖတ်ရတာ ပျင်းမှာစိုးလို့ပါ။…..
ဒုတိယသဘောတူညီချက်ကို ဆက်လက်ဖတ်ချင်တယ်မလား…..

01/04/2026

ဒီညနေ့ 𝗔𝘂𝗱𝗶𝗼 𝗯𝗼𝗼𝗸 နားထောင် လေ့လာမိခဲ့တယ်အရာလေး ပြန်လည်မျှဝေခြင်းသာဖြစ်တယ်။
-------
ကိုယ်က စာဖတ်ဖို့အချိန်မပေးနိုင်တဲ့အခါမှာ များသောအားဖြင့် youtube ထဲမှာ ကိုယ်စိတ်ဝင်စားတဲ့ Audio book ကို ရှာဖွေပြီး နားထောင်လေ့လာလေ့ရှိတယ်။

များသောအားဖြင့်လည်း နားထောင်လေ့လာပြီးရင် ပြီးရော ဆိုပြီး နေလိုက်တာပဲရှိတယ်။ ဒီနေ့မှာတော့ နားထောင်ပြီးလေ့လာမိတဲ့ခေါင်းစဉ် အကြောင်းအရာလေးက အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ အဲဒါနဲ့ နားထောင်ခဲ့မိတဲ့အကြောင်းအရာလေးကို တခြားသူတွေကော သူငယ်ချင်းတွေအတွက် ပြန်လည်မျှဝေချင်တဲ့စိတ်လေး ဖြစ်လာခဲ့တယ်။
အဲတော့ ကိုယ်နားထောင်လေ့လာဖြစ်တဲ့အကြောင်းအရာလေးတွေကို ပြန်လည်ချရေးမိလိုက်တယ်။

နားထောင်းပြီး လေ့လာဖြစ်ခဲ့တဲ့ခေါင်းစဉ်က “သဘောတူညီချက်လေးခု” (𝗧𝗵𝗲 𝗙𝗼𝘂𝗿 𝗔𝗴𝗿𝗲𝗲𝗺𝗲𝗻𝘁𝘀 ) ခေါင်းစဉ်လေးပဲ ဖြစ်တယ်။

ဒီစာအုပ်က ကမ္ဘာတဝှမ်းမှာ သန်းနဲ့ချီတဲ့လူတွေရဲ့ ဘဝကို ပြောင်းလဲပေးခဲ့တဲ့ New York Times ရဲ့ ရောင်းအားအကောင်းဆုံး စာရင်းဝင် စာအုပ်ကောင်းတစ်အုပ်လို့ဆိုပါတယ်။

ဒီစာအုပ်ကို ရေးသားတဲ့သူက Don Miguel Ruiz ဟာ မက္ကဆီကို နိုင်ငံက Toltec လို့ခေါ်တဲ့ ရှေးဟောင်း ပညာရှိမျိုးနွယ်စုကနေ ဆင်းသက်လာသူတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။ Toltec ပညာရှိတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကတည်းက လူသားတွေရဲ့ စိတ်ပိုင်းဆရာ လွတ်မြောက်မှုနဲ့ ပျော်ရွှင်မှုအတွက် လျှို့ဝှက်ချက်တွေကို ရှာဖွေတွေ့ရှိခဲ့ကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒီစာအုပ်မှာ စာရေးသူက စာဖတ်သူတွေကို အရေးကြီးတဲ့ မေးခွန်းတစ်ခု ထုတ်ထားပါတယ်။ “လူသားတွေဟာ အမှားတစ်ခုလုပ်မိရုံနဲ့ အဲ့ဒီအမှားအတွက် ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် အခါခါ ပြန်ပြီး အပြစ်ပေးတတ်တဲ့ တစ်မျိုးတည်းသော သတ္တဝါတဲ့’’

စဉ်းစားကြည့်ပါ တခြားတိရိစ္ဆာန်တွေက အမှားလုပ်ရင် တစ်ခါပဲ ခံစားကြတယ်။ လူသားတွေကတော့ အတိတ်ကအမှားတစ်ခုကို တွေးမိတိုင်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တယ်၊ ရှက်တယ်၊ နောင်တရတယ်။ ဒီလိုနဲ့ သံသရာလည်ပြီး မပျော်မရွှင်ဖြစ်နေကြရပါတယ်။ ဒီသံသရာထဲက ဘယ်လိုထွက်ကြမလဲ။ အဲဒါကတော့ ကိုယ့်ကိုယ်ကို ထားရှိတဲ့ထားကြတဲ့ ကတိကဝတ်ဟောင်းတွေကို ဖျက်သိမ်းပြီး ဘဝအပေါ် ရှုမြင်ပုံတွေကို ပြောင်းလဲသွားစေမယ့် “သဘောတူညီချက် လေးခု” ( 𝐓𝐡𝐞 𝐅𝐨𝐮𝐫 𝐀𝐠𝐫𝐞𝐞𝐦𝐞𝐧𝐭𝐬 )ကို အစားထိုးလိုက်နာဖို့လိုတယ်လို့ ဆိုပါတယ်။

သဘောတူညီချက် ၁) - စကားလုံးတွေကို အပြစ်ကင်းစွာ အသုံးပြုခြင်း
သဘောတူညီချက် ၂) - ဘယ်အရာကိုမှ ပုဂ္ဂိုလ်ရေးအရ ခံစားမနေခြင်း
သဘောတူညီချက် ၃) - ထင်ကြေးတွေနဲ့ ကောက်ချက်မချခြင်း
သဘောတူညီချက် ၄) - အကောင်းဆုံးလုပ်ဆောင်ခြင်း

ဒီအချက်လေးချက်က ဘ၀မှာ ဘယ်လိုအသုံးချမလဲဆိုတာကို အချက်တစ်ချက်ချင်းစီကို ရှင်းပြထားပါတယ်။

စာရေးဆရာ Don Miguel Ruiz က ဘာပြောလဲဆိုရင် ကျွန်ုပ်တို့ အခုမြင်နေရတယ်၊ ကြားနေရတယ်ဆိုတာ အိမ်မက်တစ်ခု မက်နေတာနဲ့ အတူတူပါပဲ လို့ဆိုပါတယ်။ မွေးကတည်းက ကျွန်ုပ်တို့ ရောက်မလာခင်မှာ ဒီလူ့ဘောင်အဖွဲ့အစည်းက စည်းမျဉ်းတွေ၊ ယုံကြည်မှုတွေ နဲ့ ကမ္ဘာမြေရဲ့ အိမ်မက် “The Dream of the Planet” လို့ခေါ်တဲ့ လူ့ဘောင်ရဲ့ စုပေါင်းသတ်မှတ်ချက်တွေကို ဖန်တီးထားနိုင်ပြီးသာပါလို့ဆိုပါတယ်။

ကျွန်ုပ်တို့ ကလေးဘဝတုန်းက ဘာကိုယုံကြည်ရမယ်၊ ဘာကို မယုံကြည်ရဘူးဆိုတာ ကိုယ်တိုင်ရွေးချယ်ပိုင်ခွင့် မရှိခဲ့ပါဘူး။ ဘာသာစကားတွေ၊ ဘာသာတရားတွေနဲ့ ကိုယ့်ကျင့်တရား စတာတွေကို လူကြီးတွေသင်ပေးတဲ့အတိုင်း လက်ခံခဲ့ရတာပါ။ ကိုယ့်နာမည်ကိုတောင် ကိုယ်ရွေးချယ်ပိုင်ခွင့် မရခဲ့ပါဘူး လို့ဆိုပါတယ်။

ဒီဖြစ်စဉ်ကို စာရေးသူက 𝗗𝗼𝗺𝗲𝘀𝘁𝗶𝗰𝗮𝘁𝗶𝗼𝗻 ယဉ်ပါးအောင်ပြုလုပ်ခြင်းလို့ခေါ်ပါတယ်။ ကျွန်ုပ်တို့ လူသားတွေကို ငယ်ငယ်ကတည်းက ပတ်ဝန်းကျင်က သင်ကြားပေးခဲ့တာပါ။ ဘယ်လိုသင်ပေးခဲ့လဲဆိုရင် အပြစ်ပေးခြင်းနဲ့ ဆုချခြင်းစနစ်နဲ့ ပါ။ လူကြီးတွေ ပြောတာကို လိုက်လုပ်ရင် သားသားလေး လိမ္မာတယ်။ သမီးလေးတော်တယ်ဆိုပြီး ဆုချကြတယ်၊ ချစ်ကြတယ်။ သူတို့မကြိုက်တာ လုပ်မိရင်တော့ မလိမ္မာဘူး၊ ဆိုးတယ်ဆိုပြီး အပြစ်ပေးခဲ့ရတယ်။

ဒီလိုနဲ့ ကျွန်ုပ်တို့က စုလာဘ်ဆိုတဲ့ သူတပါးရဲ့ အာရုံစိုက်မှုကို ရချင်လာတယ်။ အပြစ်ပေးခံရမှာကို ကြောက်လာတယ်။ ရလာဘ်က ဘာဖြစ်သွားလဲဆိုရင် မိဘတွေ၊ ဆရာတွေနဲ့ ပတ်ဝန်းကျင် လက်ခံလာအောင် ကိုယ့်ရဲ့စစ်မှန်တဲ့ ပုံစံကို ဖျောက်ပြီး သူတို့အကြိုက်လိုက်နေထိုင်ရင်းနဲ့ ကိုယ်မဟုတ်တဲ့ လူတစ်ယောက်အဖြစ် ဟန်ဆောင်ရှင်သန်လာကြပါတော့တယ်လို့ဆိုပါတယ်။

အရွယ်ရောက်လာတဲ့အခါမှာတော့ ကျွန်ုပ်တို့ကိူ ထိန်းချုပ်ဖို့ မိဘတွေမလိုတော့ပါဘူး။ ကျွန်ုပ်တို့ စိတ်ထဲမှာ အဲ့ဒီ ယုံကြည်မှုစနစ်ကြီး အမြစ်တွယ်သွားပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းချုပ်ပါတယ်လို့ ဆိုပါတယ်။ စားရေးသူက ကျွန်ုပ်တို့ စိတ်ထဲမှာ ဇာတ်ကောင်နှစ်ကောင်ရှိတယ်လို့ ဆိုပါတယ်။
ပထမတစ်ကောင်က တရားသူကြီး 𝐓𝐡𝐞 𝐉𝐮𝐝𝐠𝐞 ပါ။ သူက ကျွန်ုပ်တို့လုပ်သမျှကို စိတ်ထဲကနေအမြဲတမ်းဆုံးဖြတ်နေတတ်တယ်။ ဒါမလုပ်သင့်ဘူး၊ မတော်ဘူး၊ အရှက်ကွဲတော့မယ်ဆိုပြီး အမြဲအပြစ်ရှာ တတ်တဲ့သူပါ။
ဒုတိယတစ်ကောင်ကတော့ သားကောင်း 𝐓𝐡𝐞 𝐕𝐢𝐜𝐭𝐢𝐦 ပါ။ တရားသူကြီးရဲ့ အပြစ်တင်သမျှကို ခံယူပြီး ငါက သနားစရာပါ။ ငါကမတော်ဘူး။ ငါက အချစ်ခံရဖို့ မထိုက်တန်ဘူးဆိုပြီး ဝမ်းနည်းစွာနဲ့ ခံယူနေတတ်သူပါ။
မိမိကိုယ်၌ကရော ကိုယ့်စိတ်ထဲမှာ ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်နေတဲ့ ဒီတရားသူကြီးရဲ့ အသံကို ကြားဖူးကြတယ်မလား။ တကယ်တော့ ကျွန်ုပ်တို့ ယုံကြည်လက်ခံထားတဲ့အရာတွေရဲ့ ကိုးဆယ်ငါး ရာခိုင်နုန်းလောက်က အမှားတွေ၊ လိမ်ညာမှုတွေဖြစ်နေတတ်ပါတယ်လို့ ဆိုပါတယ်။
ဒီအမှားတွေကြောင့်ပဲ ကျွန်ုပ်တို့က မလိုအပ်ဘဲ စိတ်ဆင်းရဲနေကြရပါတယ်။ ဒီလို ကိုယ့်ကိုယ်ကိုယ် ပြန်နှိပ်စက်နေတဲ့ အိမ်မက်ဆိုးထဲကနေ လွတ်မြောက်ဖို့အတွက် ကျွန်ုပ်တို့ လက်ခံထားတဲ့ သဘောတူညီချက် အဟောင်း (Old Agreements) တွေကို ဖျက်သိမ်းပြီး စွမ်းအားပြည့်ဝတဲ့ သဘောတူညီချက်အသစ် (New Agreements) လေးခုနဲ့ အစားထိုးရပါမယ်လို့ဆိုပါတယ်။

အဲ့ဒီအထဲက ပထမဆုံးနဲ့ အရေးကြီးဆုံး သဘောတူညီချက်ကတော့ ကျွန်ုပ်တို့ နေ့စဉ်ပြောဆိုနေတဲ့ စကားလုံးတွေနဲ့သက်ဆိုင်ပါတယ်။

ပထမ သဘောတူညီချက် - 𝘽𝙚 𝙄𝙢𝙥𝙚𝙘𝙘𝙖𝙗𝙡𝙚 𝙬𝙞𝙩𝙝 𝙔𝙤𝙪𝙧 𝙒𝙤𝙧𝙙 စကားလုံးများကို အပြစ်ကင်းစွာ အသုံးပြုခြင်း”

ပထမသဘောတူညီနဲ့ ပတ်သက်တဲ့ကြောင်းအရာကို နက်ဖန် ဆက်လက်မျှဝေပေးပါမယ်။။

စာအရမ်းရှည်ရင် ဖတ်ရတာ ပျင်းမှာစိုလို့ နောက်ရက် မှာ ဆက်လက်မျှဝေပါမယ်။။ ဖတ်ရှုလေ့လာချင်တယ်မလား…….

10/10/2025

Celebrating my 2nd year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

04/07/2025

Building Trust and Credibility

When people know you, they’re more likely to trust you. And trust is the starting point for working together. If you care deeply about education, for example, and you explain why it matters to you, others will see your commitment. They’ll understand that you're not just doing this as a job, you're doing it because you believe in it.
Being open about your background and your values helps people see the real you. As Brené Brown said, “Authenticity is a collection of choices that we have to make every day… to show up and be real.” People respect that. They’ll believe in what you’re doing, especially when they see you taking real steps toward your goals. That kind of trust leads to strong partnerships and bigger impact.

Next..Coming soon

03/07/2025

The Importance of Knowing Who You Are

Knowing who you are matters. It helps you grow, connect with others, and make a real impact. Your identity, your values, dreams, and even your struggles shape how you live and lead. When you share your story, people begin to understand what drives you. That builds trust, creates strong relationships, and encourages others to walk alongside you...





Next....coming soon

22/11/2024
05/11/2024

Natural

18/09/2024

I gained 14 followers and created 1 post in the past 90 days! Thank you all for your continued support. I could not have done it without you. 🙏🤗🎉

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Mae Sariang?
คลิกที่นี่เพื่อเป็นสมาชิก?

เบอร์โทรศัพท์

เว็บไซต์

ที่อยู่

Mae Sariang