Pyae Phyo Aung
Truck Driver လေးပါ😊
အိမ်ပြန်ချင်ကြပြီမလား
#ထိုင်းသတင်းစုံ #ထိုင်းအလုပ်အကိုင် #ထိုင်းရောက်မြန်မာ #နိုင်ငံခြား #ထိုင်းသတင်း
24/09/2026
နိုင်ငံခြားမှာ တစ်ရက် ၁၂ နာရီလုပ်ရတယ်။
မနက်အိပ်ရာထတာနဲ့
အလုပ်သွားဖို့ ပြင်ရတယ်။
အလုပ်ရောက်တာနဲ့
နာရီကို မကြည့်တော့ဘူး။
အလုပ်ပြီးမယ့်အချိန်ကိုပဲ စောင့်နေရတယ်။
မနက် ၈ နာရီ
နေ့လယ် ၁၂ နာရီ
ညနေ ၆ နာရီ
နာရီတွေက ရွေ့နေတယ်။
ကိုယ်ကတော့ အလုပ်ထဲမှာပဲ။
တစ်ခါတလေ ခြေထောက်တွေ နာလာတယ်။ခါးတွေ နာလာတယ်။
မျက်လုံးတွေ ပင်ပန်းလာတယ်။
ဒါပေမယ့်
နည်းနည်းပဲ ကျန်တော့တယ်
လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောပြီး
ဆက်လုပ်ရတယ်။
၁၂ နာရီပြည့်လို့အခန်းပြန်ရောက်တဲ့အခါရေချိုးတယ်။တစ်ခုခုစားတယ်။ဖုန်းခဏကြည့်တယ်။
ပြီးတော့ အိပ်တယ်။
ကိုယ်လုပ်ချင်တဲ့အရာတွေကို
လုပ်ဖို့အချိန် မကျန်တော့ဘူး။
တစ်ခါတလေ
သူငယ်ချင်းတစ်ယောက်က
ဒီနေ့ ဘာလုပ်လဲ လို့ မေးရင်
အလုပ်လုပ်တာပဲ
လို့ ပြန်ဖြေမိတယ်။
တစ်ရက် ၁၂ နာရီ။
ဒီလိုနဲ့
တစ်ပတ်ပြီးတစ်ပတ်။
တစ်လပြီးတစ်လ။
လစာရတဲ့နေ့ရောက်ရင်
အိမ်ကို ငွေပို့တယ်။
အခန်းလခ ပေးတယ်။
စားစရိတ်တွက်တယ်။
သွားလာစရိတ်တွက်တယ်။
ပြီးတော့ နောက်လစာကို
ပြန်စောင့်တယ်။
တစ်ခါတလေ
ကိုယ်ရလာတဲ့လစာကို ကြည့်ပြီး
ဒီလတော့ အဆင်ပြေတယ်
လို့ တွေးမိတယ်။
ဒါပေမယ့်
ကိုယ်ပေးလိုက်ရတဲ့အရာတွေကိုတော့
စာရင်းမတွက်မိဘူး။
အချိန်တွေ။
အနားယူချိန်တွေ။
ကိုယ်ချစ်တဲ့လူတွေနဲ့
အတူရှိရမယ့်အချိန်တွေ။
ကိုယ့်အတွက်ကိုယ်
ဘာမှမလုပ်ဖြစ်တဲ့နေ့တွေ။
နိုင်ငံခြားမှာ အလုပ်လုပ်ရတာ
ပိုက်ဆံရှာဖို့ပဲ မဟုတ်ဘူး။
တစ်ခါတလေပိုက်ဆံရဖို့အတွက်ကိုယ့်ဘဝရဲ့ အချိန်တချို့ကိုပြန်ပေးနေရတာ။
ဒါကြောင့်
တစ်ရက် ၁၂ နာရီလုပ်နေရတဲ့သူတစ်ယောက်ကို
နိုင်ငံခြားမှာဆို ဒီလိုပဲ
လို့ မပြောချင်ဘူး။သူလည်း ပင်ပန်းတယ်။သူလည်း အနားယူချင်တယ်။
သူလည်း တစ်ခါတလေ
အလုပ်မရှိတဲ့နေ့တစ်နေ့မှာ
ဘာမှမစဉ်းစားဘဲ
အေးအေးဆေးဆေး နေချင်တယ်။
ဒါပေမယ့်
အိမ်မှာ ကိုယ့်ကိုမျှော်နေတဲ့သူတွေရှိလို့
နောက်နေ့လည်း အလုပ်ပြန်သွားရတယ်။
အခက်ဆုံးက၁၂ နာရီလုပ်ရတာ မဟုတ်ဘူး။
၁၂ နာရီလုပ်ပြီးတဲ့နောက်
နောက်နေ့မှာလည်း
အဲ့ဒီ ၁၂ နာရီကို ပြန်စရတာ။
ဒါကြောင့်နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူတစ်ယောက်ရဲ့လစာကိုပဲ မမြင်ပါနဲ့။
အဲ့ဒီလစာရဖို့သူပေးနေရတဲ့ အချိန်တွေကိုလည်း
နည်းနည်း တွေးပေးပါ။
တစ်ရက် ၁၂ နာရီဆိုတာ
နာရီ ၁၂ လုံးပဲ မဟုတ်ဘူး။သူ့ဘဝထဲက
တစ်နေ့တာရဲ့ အကြီးမားဆုံးအပိုင်းတစ်ခုပါ။
#နိုင်ငံခြား
#ထိုင်းသတင်းစုံ #ထိုင်းအလုပ်အကိုင် #ထိုင်းရောက်မြန်မာ
19/09/2026
နိုင်ငံခြားမှာ လစာထက် ပိုအရေးကြီးတာတစ်ခု ရှိတယ်
နိုင်ငံခြားမှာ အလုပ်ရှာတဲ့အခါ
ပထမဆုံး မေးမိတာက
လစာဘယ်လောက်ရလဲ?တစ်လ ဘယ်လောက်ရမလဲ။
OT ရှိလား။
Service charge ရှိလား။
အလုပ်ဘယ်နှနာရီလုပ်ရလဲ။
ဒါတွေက အရေးကြီးတာမှန်တယ်။
ဒါပေမယ့်
အလုပ်တစ်ခုကို လအနည်းငယ်လုပ်ပြီးတဲ့အခါ
တချို့လူတွေ နားလည်လာကြတယ်။
လစာတစ်ခုတည်းနဲ့
အလုပ်ကောင်းမကောင်း မဆုံးဖြတ်နိုင်ဘူးဆိုတာ။
လစာပိုကောင်းတဲ့အလုပ်တစ်ခု ရတယ်။
ဒါပေမယ့်
မနက်ကနေ ညအထိ အလုပ်လုပ်ရတယ်။
အလုပ်ပြီးရင်
ကိုယ့်အတွက် အချိန်မရှိတော့ဘူး။
အနားယူဖို့အချိန် မရှိဘူး။
မိသားစုကို ဖုန်းဆက်ဖို့တောင်
အားမရှိတော့ဘူး။
လစာတော့ ပိုရလာတယ်။
ဒါပေမယ့်
ကိုယ့်ဘဝက ပိုကောင်းလာသလားဆိုတော့
ကိုယ်တိုင်ပဲ ပြန်မေးရတယ်။
နောက်တစ်နေရာမှာတော့
လစာက နည်းနည်းလျော့တယ်။
ဒါပေမယ့်
အလုပ်ခွင်မှာ လူတွေက တစ်ယောက်ကိုတစ်ယောက် လေးစားတယ်။
အလုပ်မှာ အမှားလုပ်ရင်
လူရှေ့မှာ အရှက်မခွဲဘူး။
မသိတာရှိရင် မေးလို့ရတယ်။
အလုပ်ပြီးရင်
ကိုယ့်ဘဝကိုယ် ပြန်နေဖို့ အချိန်ရှိတယ်။
အလုပ်သွားရမှာကို
မနက်တိုင်း ကြောက်မနေဘူး။
အဲဒီအချိန်မှာ နားလည်လာတယ်
အလုပ်တစ်ခုက ကိုယ့်ကို လစာပဲ ပေးတာမဟုတ်ဘူး။
ကိုယ့်ဘဝထဲက အချိန်တွေလည်း ယူတယ်။
တစ်လမှာ ကိုယ်ရတဲ့ငွေကို
တွက်လို့ရတယ်။
ဒါပေမယ့်
အဲ့ဒီငွေရဖို့ ကိုယ်ဆုံးရှုံးလိုက်ရတဲ့
အချိန်တွေကိုတော့ တွက်ဖို့ ခက်တယ်။
မိသားစုနဲ့ မတွေ့ရတဲ့အချိန်။
သူငယ်ချင်းတွေနဲ့ မတွေ့နိုင်တဲ့အချိန်။
ကိုယ့်အတွက် ကိုယ်မနေဖြစ်တဲ့အချိန်။
ကိုယ်အသစ်တစ်ခု လေ့လာနိုင်မယ့်အချိန်။
ပြီးတော့
တစ်နေ့ပြီးတစ်နေ့
ပင်ပန်းနေရင်း ကုန်သွားတဲ့အချိန်။
အဲဒါတွေက
လစာစာရွက်ပေါ်မှာ မပါဘူး။
ဒါကြောင့် နိုင်ငံခြားမှာ အလုပ်ရွေးတဲ့အခါ
လစာဘယ်လောက်ရမလဲ ဆိုတာကို မေးပါ။
ဒါပေမယ့် အဲဒီတစ်ခွန်းနဲ့ မပြီးသေးဘူး။
အဲ့ဒီလစာရဖို့
ငါဘယ်လိုဘဝနဲ့ နေရမလဲ?
လို့ပါ မေးကြည့်ပါ။
လစာကောင်းတယ်။
ဒါပေမယ့် ကိုယ်ပိုင်အချိန်မရှိဘူးဆိုရင်?
လစာကောင်းတယ်။
ဒါပေမယ့် နေ့တိုင်း စိတ်ဖိစီးနေရရင်?
လစာကောင်းတယ်။
ဒါပေမယ့် ကိုယ့်ကို တန်ဖိုးမထားတဲ့နေရာမှာ
နှစ်တွေကုန်သွားရင်?
တစ်ခါတလေ
ပိုက်ဆံပိုရတာထက်
ကိုယ့်ဘဝကို ပိုကောင်းအောင် နေနိုင်တဲ့အလုပ် က ပိုတန်ဖိုးရှိတယ်။
ဒါပေမယ့် ဒါက
လစာနည်းလည်း ရတယ် လို့ ပြောတာမဟုတ်ဘူး။
လစာကို ကြည့်ပါ။
ဒါပေမယ့် လစာတစ်ခုတည်းကို မကြည့်ပါနဲ့။
ကိုယ့်အလုပ်က
ကိုယ့်အိတ်ထဲကို ဘယ်လောက်ထည့်ပေးလဲဆိုတာနဲ့အတူ
ကိုယ့်ဘဝထဲက ဘယ်လောက်ယူသွားလဲဆိုတာကိုလည်း တွက်ကြည့်ပါ။
ဘာလို့လဲဆိုတော့
နိုင်ငံခြားမှာ ကိုယ်ရှာနေတာက
ပိုက်ဆံတစ်ခုတည်း မဟုတ်ဘူး။
ပိုက်ဆံရှာရင်း
ကိုယ့်ဘဝကိုပါ မပျောက်ဆုံးသွားဖို့ လိုတယ်။
#ထိုင်းသတင်းစုံ #ထိုင်းအလုပ်အကိုင် #ထိုင်းသတင်း #ထိုင်းရောက်မြန်မာ
14/09/2026
မှတ်ထားကြနော့်
#ထိုင်းသတင်းစုံ #နေ့စဉ်သတင်း $
#
07/09/2026
မြန်မာပြည်သား အများအပြားလုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံ ဆမုဆာခွန်တွင် အစားအသောက်နှင့် အဖျော်ယမကာစက်ရုံ မီးလောင်
၂၀၂၆ ခုနှစ် စက်တင်ဘာ ၇ ရက် နံနက် ၆ နာရီ ၅၀ မိနစ်ခန့်တွင် ထိုင်းနိုင်ငံ ဆမုဆာခွန်ခရိုင်၊ ကရထုမ်ဘန်မြို့နယ်၊ အွမ်နွိုင်ဒေသရှိ Sri Nananporn Marketing Public Company Limited (SNNP) ကုမ္ပဏီအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကုမ္ပဏီသည် အဆာပြေအစားအစာနှင့် အဖျော်ယမကာများ ထုတ်လုပ်ဖြန့်ချိသည့်လုပ်ငန်း ဖြစ်ပြီး မီးလောင်မှုမှာ ကုမ္ပဏီဝင်းအတွင်းရှိ ကုန်ပစ္စည်းသိုလှောင်ရုံ၌ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မီးလောင်မှုကြောင့် မီးခိုးများနှင့် မီးတောက်များ အများအပြား ထွက်ပေါ်ခဲ့သည်။
လက်ရှိတွင် ဒေသခံအာဏာပိုင်များနှင့် အနီးဝန်းကျင်ရှိ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များမှ မီးသတ်ယာဉ်များ ရောက်ရှိလာပြီး မီးငြှိမ်းသတ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြသည်။ မီးသည် အနီးဝန်းကျင်သို့ ဆက်လက်ကူးစက်မသွားစေရန် ထိန်းချုပ်နေကြောင်း သိရသည်။
လက်ရှိအချိန်အထိ ထိခိုက်ဒဏ်ရာရသူ သို့မဟုတ် သေဆုံးသူ မရှိသေးကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ထားပြီး ဖြစ်စဉ်နှင့်ပ #ထိုင်းသတင်းစုံ #ထိုင်းအလုပ်အကိုင် #ထိုင်းသတင်း #ထိုင်းရောက်မြန်မာ တ်သက်သည့် နောက်ဆုံးအခြေအနေများကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်သည်
#ထိုင်းသတင်း #နေ့စဉ်သတင်း #ထိုင်းရောက်မြန်မာ
ဟုတ်လား မိတ်ဆွေတို့ရေ
#ထိုင်းသတင်းစုံ #ထိုင်းရောက်မြန်မာ #ပြည်နှင်ဒဏ် #တတိယနိုင်ငံ #ထိုင်းအလုပ်အကိုင် #ထိုင်းသတင်း #နိုင်ငံခြားသား
29/08/2026
ပြည်ပကနေ ပြည်တွင်းကို ပြန်လာတဲ့ လူငယ်တွေကို လေဆိပ်မှာ တခါတည်း ပေါ်တာဆွဲတယ်။
အဲ့လို လေဆိပ်မှာ ပေါ်တာဆွဲတာ ဆက်တိုက်လုပ်ရင် သတင်းတွေ အရမ်းပျံ့မှာစိုးလို့ လေဆိပ်ကနေ ထွက်လာတဲ့ လမ်းတစ်လျှောက် က ကားတွေ အကုန်တားစစ်ပြီး လေဆိပ်အပြင်မှာ ဆွဲတယ်။
ဟိုရက်ကဆို ထိုင်းကပြန်လာတဲ့ ၁၈ ယောက်ကို တခါတည်း လမ်းမှာ ပေါ်တာဆွဲဖမ်းလိုက်ပီး စမထ ထဲ ပို့လိုက်တယ်။
လေဆိပ်ထဲမှာ ထည့်ထားတဲ့ တက္ကစီသမားတွေ နဲ့ လေဆိပ် ပတ်ဝန်ကျင်း အနီးအနားဂိတ်ထိုးထားတဲ့ တက္ကစီသမား မှန်သမျှ ရာခိုင်နှုန်း ၈၀ ကျော်က သူတို့ စကစ ဘက်က ကားတွေလို့ ဆိုတယ်။
ပထမ ပြည်တွင်းကို အလည်ပြန်လာတဲ့ သူတွေကို ပြည်ပကို ပြန်ထွက်ခွင့် ပိတ်ထားတယ်။
အခု ပတ်စပို့စ် PV တွေကို သက်တမ်းတိုးဖို့ ၂ လ နားတယ်။
နောက်ပိုင်းမှာ PJ မှန်သမျှ သက်တမ်းတိုးခွင့်ပါ ပိတ်ဖို့ ပြင်ဆင်ထားတယ်လို့ ဆိုတယ်။
အခု ထွက်မည့် PJ တောင် နပတ ခွင့်ပြုချက်မပါရင် ထွက်လို့မရဘူး လို့ ဆိုတယ်။
ပြည်ပရောက်နေတဲ့ PV.PJ မှန်သမျှ မြန်မာပြည်ကို တိုက်ရိုက်မပြန်ရဲတဲ့အခါ ထိုင်းကနေတဆင့် ၊ အိန္ဒိယကနေ တဆင့်ပြည်တွင်းကို ပြန်ဝင်လို့ရတယ် ဆိုတာကို သိထားတယ်။
ဒါ့ကြောင့် မအလ က ထိုင်းကို အရင် ဦးအောင် သွားသလို အိန္ဒိယကိုလည်း သွားတယ်။
အခု ရဲဝင်းဦးနဲ့ ထိုင်းစစ်တပ် ပူးပေါင်းပီး ဗမာ ကို စစ်သင်တန်း ပေးမယ် ဆိုတာ အဲ့တာတွေ
ကြောင့်ဖြစ်ပါတယ်။
ရဲဝင်းဦးနဲ့အတူ လဝက ညွှန်ချုပ်/ ဒုညွှန်ချုပ် တဦးပါသွားတယ်လို့ ဆိုတယ်။
အဲ့တော့ PV ဘဲ ဖြစ်ဖြစ် ၊ PJ ဘဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ ပတ်စပို့စ်သက်တမ်း / ဗီဇာ သက်တမ်း မကုန်ခင် ၆ လလောက် စောပြီး ပြည်ပကနေ တစ်နည်းနည်းနဲ့ ကြိုတင်ထွက်ခွာထားသင့်တယ်။
ဘာလို့လည်း ဆိုတော့ ပြည်ပရောက်နေတဲ့ ၁၈ နှစ်ကနေ ၄၅ နှစ်အတွင်းရှိ မြန်မာနိုင်ငံသား သုံးသန်း ကျော် အားလုံးဟာ စကစ ရဲ့ စစ်မှုထမ်း ထဲကို ရောက်မှာ ဖြစ်သလို စောတာနဲ့ နောက်ကျတာ နှစ်မျိုးဘဲ ကွာပါလိမ့်မယ်။
၂၀၂၆ အကုန်မှာ ပြည်ပနေ မြန်မာ အများစုကို ပတ်စပိုစ့် သက်တမ်း တိုးပေးခြင်းကို လုံးဝ ရပ်နားပစ်ဖို့ စီစဉ်ထားပါတယ်။
အကြောင်းပြချက်ကတော့
" နိုင်ငံတော်ရဲ့ အရေးပေါ်အခြေအနေ"
ခေါင်းစဉ်လား..
ဒါမှမဟုတ်
" နိုင်ငံတော်ပြန်လည်တည်ဆောက်ရေး "
ခေါင်းစဉ်လား..
သို့မဟုတ် အခြား ခေါင်းစဉ်နဲ့လား ဆိုတာတော့ မအလ ကိုယ်တိုင်ဘဲ သိပါလိမ့်မယ်။
ဆိုတော့ ..
ပြင်ဆင်မှု / ရွေးချယ်မှု ဆိုတာတွေဟာ ကာယကံရှင်များ ကိုယ်တိုင် ဆုံးဖြတ် ချက်နဲ့သာ သက်ဆိုင်ပါတယ် ခင်ဗျာ။
မအလ စစ်တပ်ကိုယ်တိုင် သည်ပင်လျင် တရားဝင် လူကုန်ကုး အဖွဲ့လိုဖြစ်နေ သလို
ပေါ်တာဆွဲဂိုဏ်း ၊ အကြမ်းဖက် ဂိုဏ်း၊ မုဒိမ်းဂိုဏ်း၊
လူကုန်ကူးဂိုဏ်း လို့ ခေါ်ရမှာ ဖြစ်သလို
နောက်ဆုံး သတင်းကတော့
လူ့ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို တောင် ရောင်းစားနေတဲ့ ဂိုဏ်းလို့ တချို့က ဆိုလာကြပါတော့တယ်။
ဒီနောက်ဆုံးက ဟုတ်မဟုတ် အတိအကျ မသိသေရးပေမယ့်
တဖြည်းဖြည်း နဲ့ ဖြစ်လာနိုင်ဖို့ များပါတယ်။
ဆက်ပီး နားစွင့်နေတုန်းပါဘဲ ခင်ဗျ..
တစ္ဆေ(တလရ မြေပြင်)
#ထိုင်းသတင်းစုံ #ထိုင်းရောက်မြန်မာ #တတိယနိုင်ငံ #ပြည်နှင်ဒဏ်
28/08/2026
ထိုင်းတွင် ဖမ်းဆီးခံရပြီး မူလနိုင်ငံပြန်ပို့ပါက နှိပ်စက်ခံရနိုင်သူများကို တတိယနိုင်ငံပို့နိုင်မည့် ထိုင်းဥပဒေသစ်စတင်
28 Aug 2026 By THIARATH
ထိုင်းနိုင်ငံတွင် ဥပဒေချိုးဖောက်သည့် နိုင်ငံခြားသားများကို လျင်မြန်စွာ ပြည်နှင်ဒဏ်ပေးနိုင်ရန် ချမှတ်ထားသည့် စည်းမျဉ်းသစ်သည် ယနေ့ ဩဂုတ် ၂၈ ရက်မှစ၍ စတင်အသက်ဝင်ပြီဖြစ်သည်။
Prime Minister's Office Regulation on Deportation B.E. 2569 (2026) ဟု အမည်ပေးထားသည့် အဆိုပါစည်းမျဉ်းကို ထိုင်းတော်ဝင်ပြန်တမ်းတွင် ဩဂုတ် ၂၇ ရက်က ထုတ်ပြန်ခဲ့ပြီး ဝန်ကြီးချုပ် အနူတင် ချန်ဗီရကူလ်က ဩဂုတ် ၂၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
စည်းမျဉ်းသစ်အရ ပြည်သူ့စည်းကမ်း၊ လူမှုလုံခြုံရေးနှင့် နိုင်ငံအတွင်း ငြိမ်းချမ်းရေးကို ထိခိုက်စေသည့် အပြုအမူများ ပြုလုပ်သည့် နိုင်ငံခြားသားများကို ပြည်နှင်ဒဏ်ပေးရန် ပြည်ထဲရေးဝန်ကြီးဌာနက လျင်မြန်စွာ ဆောင်ရွက်နိုင်မည့် အာဏာများ ရရှိလာမည်ဖြစ်သည်။
ထောင်ဒဏ်ကျခံပြီး လွတ်မြောက်လာသည့် နိုင်ငံခြားသားများကိုလည်း ပြည်ထဲရေးဝန်ကြီး၏ အမိန့်ဖြင့် ချက်ချင်း ပြည်နှင်ဒဏ်ပေးနိုင်မည်ဖြစ်သည်။ ယင်းတွင် တရားမဝင် ဝင်ရောက်ခြင်း သို့မဟုတ် နေထိုင်ခြင်း၊ တရားမဝင် အလုပ်အကိုင်ဆိုင်ရာ လုပ်ငန်းများ၊ တရားမဝင် စီးပွားရေးလုပ်ငန်းများနှင့် အမည်ခံပိုင်ရှင်များ အသုံးပြုသည့် Nominee လုပ်ငန်းများ ပါဝင်သည်။
ထို့အပြင် အစိုးရ၏ တရားဝင်စာရွက်စာတမ်းများကို အတုလုပ်ခြင်း သို့မဟုတ် အသုံးပြုခြင်းနှင့် ထောင်ဒဏ် ၅ နှစ် သို့မဟုတ် ထို့ထက်ပို၍ ချမှတ်နိုင်သည့် ပြစ်မှုများ ကျူးလွန်သူများကိုလည်း စည်းမျဉ်းသစ်အရ ပြည်နှင်ဒဏ်ပေးနိုင်မည်ဖြစ်သည်။ ပြစ်မှုကျူးလွန်သူများအပြင် ယင်းပြစ်မှုများကို အသုံးချသူ သို့မဟုတ် အားပေးကူညီသူများလည်း အကျုံးဝင်သည်။
ထောင်မှ လွတ်မြောက်မည့် နိုင်ငံခြားသားများနှင့် ပတ်သက်သည့် အချက်အလက်များနှင့် အမှုတွဲများကို အကျဉ်းဦးစီးဌာနက လွတ်မြောက်မည့်ရက်မတိုင်မီ အနည်းဆုံး ၁၅ ရက်ကြိုတင်၍ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ထံ ပေးပို့ရမည်ဖြစ်သည်။ ယင်းအချက်အလက်များကို အခြေခံ၍ ပြည်နှင်ဒဏ်ပေးရန်နှင့် ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် ပိတ်ပင်မည့်ကာလကို သတ်မှတ်နိုင်မည်ဖြစ်သည်။
တရားရုံးက ထောင်ဒဏ်ဆိုင်းငံ့ခြင်း သို့မဟုတ် ငွေဒဏ်ချမှတ်ခြင်းကဲ့သို့သော ဆုံးဖြတ်ချက်များ ချမှတ်ပါကလည်း သက်ဆိုင်ရာတရားရုံးက ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ထံ အမြန်ဆုံး အကြောင်းကြားရမည်ဖြစ်သည်။
ပြည်နှင်ဒဏ်ပေးရာတွင် လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများနှင့် ထိုင်းနိုင်ငံ၏ နိုင်ငံတကာတာဝန်ဝတ္တရားများကိုလည်း ထည့်သွင်းစဉ်းစားရမည်ဟု စည်းမျဉ်းတွင် ဖော်ပြထားပြီး ပုံမှန်အားဖြင့် ပြည်နှင်ဒဏ်ခံရသူများကို မိမိတို့၏ မူလနိုင်ငံ သို့မဟုတ် သတ်မှတ်ထားသည့် နိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်သည်။
သို့သော် မူလနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပါက ညှဉ်းပန်းနှိပ်စက်ခံရနိုင်ခြင်း၊ အတင်းအကျပ် ပျောက်ဆုံးခံရနိုင်ခြင်း သို့မဟုတ် ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်သည့် ဆက်ဆံမှုခံရနိုင်ခြေရှိပါက တတိယနိုင်ငံသို့ လွှဲပြောင်းပို့ဆောင်ပေးရန် တောင်းဆိုနိုင်သည်။
အဆိုပါ တတိယနိုင်ငံသို့ လွှဲပြောင်းပေးရေးအတွက် အခြားနိုင်ငံတစ်နိုင်ငံ သို့မဟုတ် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုက သံတမန်လမ်းကြောင်းမှတစ်ဆင့် ၇ ရက်အတွင်း တောင်းဆိုရမည်ဖြစ်ပြီး ပြည်နှင်ဒဏ်ခံရသူကိုယ်တိုင်ကလည်း လွှဲပြောင်းပို့ဆောင်မှုကို သဘောတူရမည်ဖြစ်ကာ၊ လက်ခံမည့်နိုင်ငံက လွှဲပြောင်းပို့ဆောင်ရေးကုန်ကျစရိတ်များကို တာဝန်ယူရမည်ဖြစ်သည်။
သတ်မှတ်ချက်များနှင့် ကိုက်ညီပါက တတိယနိုင်ငံသို့ လွှဲပြောင်းပို့ဆောင်မှုကို ရက်ပေါင်း ၃၀ အတွင်း ပြီးစီးရမည်ဖြစ်ပြီး လိုအပ်ပါက တစ်ကြိမ်လျှင် ရက်ပေါင်း ၃၀ ဖြင့် နှစ်ကြိမ်အထိ သက်တမ်းတိုးနိုင်ကြောင်း၊ သတ်မှတ်ထားသည့်ကာလအတွင်း တတိယနိုင်ငံသို့ ပို့ဆောင်ရန် မဖြစ်နိုင်ပါက ပုံမှန်လုပ်ထုံးလုပ်နည်းများအတိုင်း မူလနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်သည်။
စည်းမျဉ်းသစ်အရ ပြည်နှင်ဒဏ်ပေးရေး လုပ်ငန်းများအတွက် ကုန်ကျစရိတ်များကို ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်မည်ဖြစ်ပြီး အကောင်အထည်ဖော်ရာတွင် အငြင်းပွားဖွယ်ရာ သို့မဟုတ် မရှင်းလင်းသည့် အခြေအနေများ ပေါ်ပေါက်ပါက ပြည်ထဲရေးဝန်ကြီး၏ ဆုံးဖြတ်ချက်ကို အတည်ပြုချက်အဖြစ် သတ်မှတ်မည်ဖြစ်သည်။
#ပြည်နှင်ဒဏ် #နိုင်ငံခြားသား #တတိယနိုင်ငံ
#ထိုင်းသတင်းစုံ #ထိုင်းအလုပ်အကိုင် #ထိုင်းသတင်း #ထိုင်းရောက်မြန်မာ
คลิกที่นี่เพื่อเป็นสมาชิก?
เว็บไซต์
ที่อยู่
Chon Buri
13310
แจ้งเตือน
รับทราบข่าวสารและโปรโมชั่นของ Pyae Phyo Aungผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา