Lin Pyae

Lin Pyae

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Lin Pyae, นักดนตรี, 21/61 ม.2 ถ.เจ็ดยอด-ช่างเคี่ยน ต.ช้, Chiang Mai.

26/02/2026

မင်္ဂလာပါ ၊ တာ့တာ

11/02/2026

Jamming

28/01/2026

track name - ကြိုး / ပျက်တောက်တတ်သောကြိုးများ

ဆုံးဖြတ်မှရမယ်
ဘဝရဲ့ မျှော်လင့်ချက် အပိုင်းအစတို့အတွက်
နောက်ကျနေဝင်လို့မသွားခင်
နောက်ကျနေဝင်ချိန်လေးမရောက်ခင်

သီချင်းတစ်ပုဒ်ရဲ့အဓိပ္ပာယ် အစက ပြန်ရှင်းပြဖို့မလိုဘူး
ကိုယ့်ရဲ့ဒဏ်ရာ ကိုယ်ဆေးတာ
ကိုယ့်ရဲ့ဒဏ်ရာ ကိုယ်ဆေးခြင်းပါ

ညဉ်ငှက်ရဲ့ တေးသံ
အဝေးက ကြယ်ကလေးတို့ နှလုံးသားထဲ
အေးမြခိုလှုံခွင့်ပေးပါ
အေးမြခိုလှုံခွင့်ကလေးပေးပါနော်

နှိုးစိတ်ရဲ့ အသိနဲ့
မီးခိုးနံ့ကလေးများ နှုတ်ဆက်ကြချိန်
အဆုံးသတ်မှာ ကျနော်တစ်ယောက်ထဲ
နောက်ကျ အိမ်ပြန်ချိန်လေးပေါ့ကွယ်

05/12/2025

မူလ နာမည်ကတော့ အပိုင်းအစပေါ့
နောက် ဝေဒနာငယ်လေးတဲ့ ၊ ဘာမှလည်း မဆိုင်ဘူး 😭

But lyrics လေး သေချာ ခံစားလို့ရအောင် တင်ပေးလိုက်ပါတယ်

22/10/2025

Khit Pyat Lu Instrumental is on YouTube now
https://youtu.be/-1dvmywCRaM?si=lX6Hh4LEoz8fWk7G

Created by Lin Pyae & Ai
Poster Design Artist - Creative Dagar

Thank you so much for your love

Photos from Lin Pyae's post 21/10/2025

ကိုယ့်အစ်ကိုတွေရဲ့ ရိုးသားမှုကိုတော့ လေးစားလွန်းလို့ မဆုံးနိုင်ပါဘူး၊ အရင်တုန်းက နားမလည်တာအများကြီး သင်ယူခဲ့ရတာတွေလည်း အများကြီးပါ၊ သတိရတယ်ဗျာ၊ ခုမှပဲ share ဖြစ်လို့ စိတ်ဆိုးနက်နော် ☮️

နောက်တစ်ပုံကတော့ ကိုနေကြီး နဲ့ ဆုံတုန်းလေး အမှတ်တရပေါ့ 💙၊ 7 Pound မှာ ကိုဆောလ်ချမ်း ရိုက်ပေးထားတာပါ၊ အဲ့ 7 Pound ဆိုတာကလည်း ချင်းမိုင်ကို မနှစ်နယူးရီးယားတုန်းက လာလည်ချိန် ဖုန်းအားကုန်ပြီး လမ်းပျောက်သွားတော့ လျှောက်ရင်းလျှောက်ရင်း Maya ရောက်၊ ပြီးမှ ကားနီကြီး လိုက်ပို့လို့ ရောက်သွားတဲ့နေရာပါ၊ နောက်မှပြန်မေးကြည့်တော့ 7 Eleven သွားကြတာတဲ့ 😂😂၊ ကျနော်တစ်ကောင်ထဲ ဒိုးသွားတာ ကံကောင်းလို့ ဘာမှမဖြစ်တယ် 😂

အမှတ်တရပေါ့‌ဗျာ
လင်းပြည့်

20/10/2025

Good Morning 🫶

18/10/2025

Lwan : Asscoolstick Cover Out Now on YouTube
https://youtu.be/zsOCCoScYvE?si=CdtZ_caxFrM7n2Ld

အစအဆုံးကိုတော့ နောက်ရက်မှပဲ တင်တော့မယ်ဗျာ၊ တကယ် ဂွတ်နိုက်ပါလို့ 🙏🌃😁

18/10/2025

သီချင်းအမည် - လွမ်း
ရေး တီး ဆို - လင်းပြည့်
Strings, mix and mastering - Htet Myat Kyaw

Lyrics Video Quality ကတော့ ဖုန်းနဲ့ ပဲ ဖန်တီးထားပြီး ပြန် download လုပ်ကာ တင်တာမို့လို့ အရမ်းကြီး ကောင်းဖို့လဲ မမျှော်လင့်ပါဘူး၊ အချိန်ရဲ့ အမှတ်တရတွေကို တည်ရှိစေချင်တဲ့ စေတနာသက်သက်သာ။

17/10/2025

သီချင်းအမည် - လွမ်း
ရေး တီး ဆို - လင်းပြည့်
Strings, mix and mastering - Htet Myat Kyaw

ဒီသီချင်းလေးကတော့ ကျနော်ဒီကို ရောက်ကာစ အသိအစ်ကို ကွီးကောင်းထက်အိမ်မှာ ခေတ္တခိုနားရတော့ စိတ်၊ ကိုယ် သန့်စင်ရင်း ဘာကိုလွမ်းလို့ လွမ်းနေမှန်း မသိတဲ့အချိန် ရေးသားရရှိခဲ့တဲ့ သီချင်းလေးပါ၊ ဒီအတိုင်းပဲ မှတ်စုစာအုပ်ထဲမှာ စာသားတွေအဖြစ်ရှိနေခဲ့ရင်းမှ ကိစ္စတွေကြောင့် ဘန်ကောက်သွားဖို့အကြောင်းဖန်ရင်း ရောက်တော့ ကိုဥက္ကာမြင့်မြတ် (လူအတု) မိတ်ဆက်ပေးရာမှ သိကျွမ်းခဲ့ရတဲ့ ကိုထက်မြတ်ရဲ့ studio လေးမှာ ညတွင်းချင်း ဖန်တီးဖြစ်ခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ပါဗျာ၊ အမှတ်တရတွေဖြစ်ခဲ့တယ်ပဲ ဆိုပါတော့၊ သီချင်းကို ကိုထက်မြတ်‌မှ မေတ္တာနဲ့ ကူညီ ထုတ်လုပ်ပေးခဲ့ပြီး Lyrics Video ကတော့ ဖုန်းမရှိလို့ သူငယ်ချင်း ကိုဆောလ်ချမ်း ငှားပေးခဲ့တဲ့ ဖုန်းလေးနဲ့ပဲ Lyrics Video လေးလုပ်ပြီး တင်ထားခဲ့တာ အချိန်တစ်ခုတောင်ရှိရောပေါ့၊
ဒီတစ်ကြိမ်မှာတော့ ပစ်ထားတာကြာပြီဖြစ်တဲ့ ဘဝနဲ့ နှစ်သက်ရာ အလုပ်လေးတွေ ပြန်လုပ်ဖို့ စိတ်အားတွေ တစ်အားထပ်သန်နေလို့၊ ဒီ Page လေးမှာပဲ အဲ့ video ကို YouTube ကနေ download လုပ်ပြီး မနက်ဖြန် မနက် ၇ နာရီလောက် တင်ပေးသွားမှာဖြစ်ပါတယ်၊ စိတ် နဲ့ ဝိဉာဉ် တို့ လွမ်းနေရင် ဒီ‌သီချင်းလေး နားထောင်လိုက်ပါ အလွမ်းပြေဖို့တော့ အာမမခံပါဘူး 😁
ကျေးဇူးပါဗျာ၊ လမ်းတစ်လျှောက် ဖေးမပေးခဲ့ကြတဲ့ လက်တစ်စုံတိုင်းရဲ့ ခွန်အားနဲ့ မေတ္တာကို ကျနော် ဘယ်တော့မှ မမေ့ပါဘူး။

https://youtube.com/-k7q?si=Ko2s8g2mVwWD1prJ

တစ်လက်စထဲ ဒီသီချင်းလေးရှိရာ ကျနော့် YouTube Channel လေးပါ Share ပေးခဲ့ပါတယ် အပန်းမကြီးရင် အစမ်းမြည်းပြီး တို့တွေရဲ့ နှလုံးသားတွေ တစ်လှမ်းနီးဖို့ မင်းယုံကြည်ရဲလား။

လင်းပြည့်
၁၇၊ ၁၀၊ ၂၀၂၅

17/10/2025

👋🫶☮️

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Chiang Mai?
คลิกที่นี่เพื่อเป็นสมาชิก?

ประเภท

เว็บไซต์

ที่อยู่

21/61 ม.2 ถ.เจ็ดยอด-ช่างเคี่ยน ต.ช้
Chiang Mai