Ma Shwe Phal

Ma Shwe Phal

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Ma Shwe Phal, บริการช้อปปิ้ง, Chang Rai.

11/06/2025

(၁)
တစ်ချိန်က ပညာရှိတစ်ဦးက ပြောခဲ့ဖူးသည်။
“မင်းဘဝရဲ့ အခက်အခဲဆုံးအချိန်တွေမှာ မင်းတစ်ယောက်တည်းနေလိမ့်မယ်။”
ဒီစကားလေးဟာ ထုထည်ကြီးတဲ့ ပညာမပေးနိုင်ခဲ့ပေမယ့်
စိတ်နာတဲ့လမ်းမတော်တွေကို ဖြတ်သွားရင်း
ကိုယ့်ရဲ့ မျက်ဝန်းနဲ့ မြင်ဖူးရတဲ့ အမှန်တရားတစ်ခုပါပဲ။

(၂)
ဘဝတစ်ခုမှာ…
အရာအားလုံး ပြတ်ပြတ်သားသားဖြစ်နေတဲ့အချိန်တွေမှာ
နောက်ကြောင်းကို မလှည့်ဖို့ သံ့သက်နေတဲ့သူတစ်ယောက်ဖြစ်လာဖို့
ကိုယ်တိုင်ရဲ့ ခြေလှမ်းကို ယုံကြည်လာဖို့
ကိုယ့်ကိုယ်ကိုသာ အားထားဖို့
အထီးကျန်မှုဟာ ကျွန်ုပ်တို့ကို သင်ကြားပေးပါသည်။

(၃)
အကြောင်းမဲ့နဲ့ ဆုံးဖြတ်ချက်တွေချခဲ့ရတဲ့ညများ
သဘောမတူနိုင်တဲ့အခွင့်အလမ်းတွေနဲ့ တုန်လှုပ်ရတဲ့အချိန်များ
အနားမှာမရှိတော့တဲ့သူတွေ၊
အသံတိတ်နေတဲ့ဖုန်း၊
မရောက်တဲ့အထောက်အပံ့။
အဲ့ဒီအချိန်မှာပဲ
တိတ်တိတ်လေးနဲ့ ကိုယ့်ရဲ့အသံကို ရှာတွေ့လာရပါတယ်။

(၄)
တစ်ယောက်တည်းဖြစ်နေသည်မှာ
ဖျက်စီးမှုမဟုတ်ပါ။
ဘယ်သူကမှ မပေါ်လာတဲ့အခါ
ကိုယ့်ရဲ့ခွန်အားကို ကိုယ်တိုင်ဖြစ်လာဖို့
သင်ယူရတဲ့အချိန်ဖြစ်သည်။
မကြောက်မရွံ့ဖြစ်လာဖို့၊
မလှန်မယှဉ်ဘဲ တည်ကြီးသံ့ခိုင်လာဖို့၊
အထီးကျန်မှုသည် သင်ခန်းစာများပေးသည့်ကျောင်းကြီးတစ်ခုပါပဲ။

(၅)
တခါတလေ သင်ပျက်စီးနေသောအချိန်မှာပင်
သင်ပြန်လည်ဖန်တီးနေသည်။
နာကျင်မှုသည် သင့်ရဲ့အကြီးမားဆုံးဆရာဖြစ်လာသည်။
မထင်မှတ်ဘဲ
အနာဂတ်တစ်ခုကို တည်ဆောက်နေသည်။
နူးညံ့မှုထဲကမှ တည်ငြိမ်မှုတစ်ခုကို ဖန်တီးနေသည်။

(၆)
ထင်ယောင်ထင်မှားသူများက ဖြတ်ကွက်ကြသွားပြီး
အမှန်တကယ်အရေးကြီးသူများသာ ကျန်ရှိလာသည်။
သူများ၏ပျက်ကွက်မှုများကလည်း
ကိုယ့်ကိုယ်ကို နားလည်လာဖို့
အခြေအနေတစ်ခုဖြစ်လာသည်။
မကြာမီ…
သင့်အတွင်းမှာ “ဘယ်သူ့မှမလိုအပ်တဲ့ ခိုင်မာမှု” ပေါက်ဖွားလာမည်။

(၇)
အထီးကျန်မှုသည်
အနာဂတ်ထဲကမှ သင့်ကိုဖန်တီးနေသည်။
တိတ်တိတ်လေးနဲ့
သင့်ရဲ့အပြင်းထန်ဆုံးဗားရှင်းကို ပေါ်ထွက်လာစေသည်။
တစ်နေ့မှာ ပြန်ကြည့်လျှင်
အထီးကျန်မှုသည် ရုပ်ဖျက်မှုမဟုတ်ဘဲ
ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းသစ်စေသော
ကောင်းချီးတစ်ခု ဖြစ်သည်ကို သဘောပေါက်လိမ့်မည်။

(၈)
ထိုကောင်းချီးသည်
အခြားသူမည်သူမှ မပေးနိုင်ပါ။
သင်ကိုယ်တိုင်အပေါ်မှ သင် ယုံကြည်နိုင်ခဲ့တဲ့အခိုက်၊
အသဲနာမှုကြောင့် ထိတ်လန့်ခြင်းမဟုတ်ဘဲ
တည်မြဲလာခဲ့တဲ့အခိုက်၊
တစ်နေ့မှာ…
အထီးကျန်ခြင်းကို အသိဉာဏ်တစ်ခုအဖြစ်
အတန်ဆုံး ဆုတစ်ခုအဖြစ်
သင်လက်ခံနိုင်လိမ့်မည်။

နိဂုံးချုပ်

အထီးကျန်မှုမှာ ပျက်စီးမှုမဟုတ်ဘဲ ပြုပြင်မှုပါ။
နာကျင်မှုမှာ ဒဏ်ရာမဟုတ်ဘဲ သင်ခန်းစာပါ။
တိတ်ဆိတ်ခြင်းမှာ လွတ်မြောက်မှုပါ။
သင့်ဘဝမှာ အတိတ်လှည့်ကြည့်တဲ့အခိုက်
ဒါတွေကို နားလည်နိုင်တဲ့နေ့တစ်နေ့…
သင့်ရဲ့အထီးကျန်မှုက အကြီးမြတ်ဆုံးဆုလာဘ် ဖြစ်လာမည်။

Kh,John(Hantharwaddy)

Photos from Ma Shwe Phal 's post 10/06/2025

"သံမဏိဆိုတာ မီးနဲ့တိုက်မှအရည်ပျော်တာ
စိန်ကိုစိန်ခြင်းဖြတ်မှ၊သံကိုသံခြင်းဖြတ်မှ
နှလုံးသားကိုလည်း နှလုံးသားခြင်းဖြတ်မှပြတ်တာ
ငါဖြတ်ပါ့မယ် ငါ့နှလုံးသားအကြွေမွခံ"
ပြီးငါဖြတ်ပါ့မယ်"💔

#ပြုံး၍လည်းကန်တော့ခံတော်မူပါ
#ရယ်၍လည်းကန်တော့ခံတော်မူပါ

Photos from Ma Shwe Phal 's post 09/06/2025

\\Basic Types of Shirt Collar//
ရှပ်က အမျိုးသားရော အမျိုးသမီးရော ဝတ်ဆင်ကြတယ်။ ရှပ်အမျိုးအစားပေါင်းကော်လာဒီဇိုင်းပုံများစွာရှိပေမယ့် ‌အခြေခံ ကော်လာ ၃ မျိုးကိုတော့ လူဝတ်များကြပါတယ်။

(၁) ရှပ်ကော်လာ (လည်ပင်းပတ်လည်မှာတွဲချုပ်ရတဲ့ ကော်လာအပိုင်းမှာကို သူက အပိုင်းနှစ်ပိုင်း ကော်လာနှစ်ဆင့်ရှိပါတယ်။ တစ်ဆင့်က စတစ်ကော်လာလို အထောင်ဖြစ်ပြီး နောက်အပေါ်တဆင့်က လည်ပင်းပေါ်ပြန်ချိုးချရတဲ့ ကော်လာအပြားတဆင့်ဖြစ်ပါတယ်။)

(၂) စပို့ရှပ်ကော်လာ (‌လည်ပင်းပတ်လည်မှာတွဲချုပ်ရတဲ့ ကော်လာအပိုင်း တစ်ပိုင်း တစ်ခုတည်း ရှိပါတယ် စပို့ရှပ်တွေမှာအများအားဖြင့်တပ်ကြပေမယ့် တချို့ အမျိုးသမီးအင်္ကျီတွေမှာလည်းတပ်ကြပါတယ်။ အနွေးထည် ဂျက်ကတ်နဲ့ ကျောင်းသူကျောင်းသား အင်္ကျီတွေမှာလည်းတပ်ကြပါတယ်)

(၃) ဟာဝေယံကော်လာ ( လည်ပင်းပတ်လည်မှာတွဲချုပ်ရတဲ့ ကော်လာအပိုင်း တစ်ပိုင်း တစ်ခုတည်းရှိပြီး ကိုယ်ထည်က အပြားကို အောက်တဆင့်ကော်လာအချိုးပုံပြန်ယူထားပါတယ်။ ညဝတ်အင်္ကျီ၊ ရုံးယူနီဖေါင်း၊ ကုတ်ကော်လာပုံတူအဖြစ်အလွယ်နည်း ဟာဝေယံကော်လာကို တပ်ကြပါတယ်။ အမျိုးသားဝတ်က လည်ပေါက်တိမ်ပေမယ့် အမျိုးသမီးဝတ်တွေမှာတော့ လည်ပေါက်ကျကျဟိုက်ဟိုက်လေး ချုပ်ဝတ်ကြပါတယ်)

ကော်လာအမျိုးမျိုးရှိသလို လည်ပင်းအကျပေါ်မူတည်ပြီး ကော်လာပက်တန်ဆွဲနည်းလည်း အမျိုးမျိုးရှိပါတယ်။

Photos from Ma Shwe Phal 's post 09/06/2025

သားရေကြိုးတက်ဘောင်းဘီကို
pattemကောင်းကောင်းဝတ်ချင်သူတွေအတွက် ဒီနည်းလေးသုံးကြည့်နော်🥰
ဒဲ့ပွကြိုက်သူတွေက ဘေးနားမသိမ်းလဲရပါတယ်။
M-size
ခါး-68cm
တင်-92cm
ခါးခြေဖျား(အရှည်)-97cm
တင်အမြင့်-21cm
ဂွအမြင့်-27cm
ခြေဝ-20cm
တွက်နည်း....
H÷4+3cm(တင်အမြင့်မှာထည့်ရန်)တင်မျဉ်း
H÷4+5cm(ဂွအမြင့်မှာထည့်ရန်)ဂွမျဉ်း
ခါး-13(or)15cm(သရေကြိုးဖြတ်ရန်)
#စက်ချုပ်ပညာ
#စက်ချုပ်

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านขายของ ใน Chang Rai?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่

Chang Rai
THAI