Little Spoon
ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Little Spoon, บุคคลสาธารณะ, Chachoengsao.
ဘုန်းကြီးကျောင်းထဲဝင်လို့ရှိရင်...
#ပါချုပ်ဆရာတော်ဘုရားကြီး
#တရားစကား
#တရား
27/10/2025
****မောင်နှမ****
👫မောင်နှမဆိုတာ ကမ္ဘာမြေကြီးက ပေးလိုက်တဲ့
အခိုင်မာဆုံး သံယောဇဉ်ကြိုး တစ်ချောင်းပါ။
တစ်ခါတစ်လေ မိဘကို တူတူဆိုးကြတာ ရှိမယ်
တစ်ခါတစ်လေ တူတူလိမ္မာကြတာလဲရှိပါတယ်။
အကိုကြီး အဖရာ၊ အမကြီး အမိရာ ဆိုသလို
မုန့်လေးဘာလေး စားရရင် ငါ့ညီ၊ ငါ့ညီမအတွက်
ထားထားကြတာ ရှိလိမ့်မယ်။
အငယ်တွေကလဲ ကိုယ့်အကိုကြီး၊အမကြီးတွေကို
အားကိုးကြပါတယ်။ ပြဿနာတစ်ခုခုဖြစ်ခဲ့ရင်
အရင်တိုင်ပင်တာ ကိုယ့် အကို၊ အမတွေကိုပါ။
တစ်ခါတစ်လေ အငယ်တွေကပြန်ပြီး ဦးဆောင်ကြတာရှိတယ်။ ဒါပေမယ့် သူတို့အကိုကြီး၊ အမကြီးတွေကို မမေ့ပါဘူး။
တစ်ခါတစ်လေ ရန်ဖြစ်ကြမယ်။ ပြီးရင် ပြန်ချစ်ကြမယ်။
အကြီးတွေကလဲ အငယ်တွေကို လမ်းပြပေးသလို
အငယ်တွေကလဲ ရင်ဖွင့်စရာရှိရင် ရင်ဖွင့်ကြတယ်။
ကိုယ်က ဘာကြီးပဲဖြစ်နေပါစေ၊ ကိုယ့်အကို အမရှေ့ရောက်ရင် ကလေးလေးပါပဲ။
တစ်ခါတစ်လေ ကိုယ့်အတွက် သူတို့က ရှေ့ဆုံးကနေ ဂုဏ်ယူတတ်ကြတယ်။
တစ်ခါတစ်လေ ကိုယ်က သူတို့အတွက် ရှေ့ဆုံးကနေ ဂုဏ်ယူနေရတယ်။
မိဘတွေ မရှိတော့တဲ့အခါ ကိုယ်ဒုက္ခရောက်လို့
မရှိ၊ရှိတာလေးနဲ့ ကူညီပေးတာ မောင်နှမဆိုတဲ့သံယောဇဉ် ကြိုးလေးကြောင့်ပါ။
ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ အဖေ၊ အမေပြီးရင်
ဘယ်သူ့ကို အချစ်ဆုံးလဲလို့ ပါးစပ်ကနေ ထုတ်မပြောရင်တောင် စိတ်ထဲကနေ ကိုယ်မသိပဲ ချစ်မိနေပါလိမ့်မယ်။
ဘာလို့ဆို လောကကြီးက သံယောဇဉ်ဆိုတဲ့ ကြိုးလေးတစ်ချောင်းကို မွေးလာကတည်းက ချည်နှောင်ထားလို့ပေါ့။
လောကမှာရှိတဲ့ မောင်နှမတိုင်း
ချစ်နိုင်ကြပါစေ...❤️
ဒုက္ခတွေဟာ ဘာကြောင့်ဖြစ်သလည်း
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ทีมทำอาหาร
เสื้อผ้า
เว็บไซต์
ที่อยู่
33975