Real Post By Me

Real Post By Me

แชร์

Travel

07/06/2026

Walk For Peace ဆရာတော် ဘိက္ခု ပညာကာရ ကို ဖူးမြှော်ရချိန် လက်တွေတုန် မျက်ရည်တွေဝဲခဲ့တဲ့အထိ ဖြစ်ခဲ့ရတယ်🥹(ပျော်တာရော ကြည်ညိုတာရောဆိုတော့..)

ဆရာတော်ဟာ ပုံထဲမှာထက် အပြင်မှာ ပိုပြီး ကြည်ညိုဖွယ်ကောင်းတယ် ..အေးချမ်းတယ် တည်ငြိမ်တယ် အကြည်ဓာတ်ဆိုတာလဲ တကယ်ကို လင်းထွက်နေတာ🙏🍀

ဆရာတော်က ဘုန်းကံထူးလို့ အားလုံးပဲရင်ထဲကကြည်ညိုစွာ လှိုက်လှိုက်လှဲလှဲဆုတောင်းကြပါနော် ပြည့်ပါတယ်(ဆရာတော်ကိုဖူးမြှော်လှူဒါန်းရဖို့ ကိုယ်တွေဆုတောင်းပြည့်ခဲ့တာ သက်သေပါပဲ)🍀🙏

ယနေ့ Walk For Peace ဆရာတော်ကို သွားရောက်ဖူးမြှော်ကြမယ့်သူတွေ အဆင်ပြေကြပါစေ🙏

Photos from Real Post By Me's post 06/06/2026

ဘဝမှာ ကြည်ညိုလေးစားရတဲ့ Walk For Peace ဆရာတော်ကိုဖူးရဖို့ မနက်အစောကတဲက ဆရာတော်ရှိရာ Wat Nak Prok ဘုန်းကြီးကျောင်းကို သွားခဲ့ပေမယ့် ဆရာတော်က အရေးကြီးတဲ့တစ်နေရာကို ကြွသွားလို့ မတွေ့ခဲ့ရဘူး..ကိုယ်ကံမကောင်းပါ့လားလို့ ခနတာတွေးပြီး စိတ်မကောင်းဖြစ်မိခဲ့တယ်..😥

နောက်တော့မှ ဆရာတော် ညနေပြန်ကြွပြီး တရားဟောမယ်ကြားလို့ မပြန်တော့ဘဲ ညနေထိ စောင့်ခဲ့တယ်..ခုတော့ ဇွဲရှိရှိနဲ့ စောင့်ရကျိုးနပ်ခဲ့ပါပြီ။လူတွေအုပ်အုပ်ကြပ်ကြပ်မဟုတ်ဘဲ ဆရာတော်နဲ့ အဆင်ပြေပြေအေးဆေး တွေ့ရပြီး ဖူးမြှော်ခဲ့ရတယ်..ဒီနေ့အတွက် ဝမ်းသာရလွန်းလို့ မျက်ရည်ဝဲမိတဲ့အထိပါပဲ🥹🙏

တစ်ခါဖူးမြှော်ရဖို့မလွယ်ကူတဲ့ ဆရာတော် ဘိက္ခု ပညာကာရ ကို ဖူးမြှော်ချင်သူတွေအတွက် ဆရာတော်က မနက်ဖြန် (7ရက်နေ့) ထိ Wat Nak Prok ဘုန်းကျောင်းမှာ ရှိမယ်လို့တော့ သိရပါတယ်..သို့ပေမယ့် ယနေ့‌လို ဆရာတော် မနက်ဆွမ်းလောင်းအလှူမှာ မပါခဲ့တာမျိုးလဲ ရှိနိုင်တာမလို့ အသေချာတော့ ပြောလို့မရပါဘူးနော်

ဆရာတော်က (၈)ရက်နေ့ဆို ပြန်ပြီလို့ သိရပါတယ်..ဒါကြောင့် တကယ်ဖူးမြှော်ချင်တဲ့ ထိုင်းရောက်မြန်မာများ သတင်းက မသေချာတောင် ရောက်အောင်သွားတာက ဆရာတော်နဲ့ တွေ့ရဖို့ အခွင့်အရေးတစ်ခုပါပဲ..🙏

အားလုံးပဲ လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ..ကိုယ့်ဆုတောင်းတွေတော့ ပြည့်ခဲ့ပြီ😊🙏

30/05/2026

ဒီနေ့ ဘန်ကောက် Central ကုန်တိုက်ကြီးမှာ ဈေးဝယ်ထွက်ရင်း မုန့်လျှောက်စားခဲ့တာလေး🥰🍀🍕🍲🫕

16/05/2026

စိတ်တွေပေါ့ပါး လန်းဆန်းစေမယ့် ဘန်ကောက်က နေရာသစ်လေးတစ်ခု🌳🌴🌊👇🫶

03/05/2026

နဂါးဂူ ကို ဘယ်လိုသွားရမလဲလို့ မေးထားကြတဲ့ သူလေး တွေအတွက် ♥️👇

နဂါးဂူကိုရောက်တဲ့ Busကား နံပတ်တွေ 🚌

ကိုယ်တိုင်သွားခဲ့တဲ့ လမ်းကြောင်းလေးကို ပြန်လည်မျှဝေ ပေးထားပါတယ်နော်

#နဂါးဂူသွားနည်း

28/04/2026

အရမ်းထည်ဝါပြီး ရုပ်လုံးကြွ အသက်ဝင် လွန်းတဲ့ ဘန်ကောက်မြို့ပေါ်က နဂါးဂူကြီး🙏

ရောက်ဖူးသူတိုင်း လာဘ်လာဘတွေ ပွင့်လို့ ဒေသခံထိုင်းတွေကြားမှာ အရမ်းနာမည်ကြီးနေတဲ့ကျောင်းတော်ကြီးပါ🪷🌿🪷

#နဂါးဂူ

Photos from Real Post By Me's post 28/04/2026

နဂါးအမျိုးအနွယ်ဝင်တွေနဲ့ ရေစက်ရှိသူတွေဆိုရင် ချက်ချင်းကံအကျိုးပေးပြီး အရမ်းတန်ခိုးကြီးလို့ နာမည်ကြီးနေတဲ့ ထိုင်းနိုင်ငံက နဂါးဂူကြီး..

ဒီနဂါးဂူကြီးက Wat Weru Wanaram ကျောင်းမှာ တည်ရှိတာပါ..သွားရောင်ဖူးမြှော်ကြတဲ့ လူတွေထဲမှာ နဂါးနဲ့ ဆက်နွယ်သူတွေဆို ပိုပြီး ထူးခြားမှု့တွေ ခံစားရတယ်လို့ သိရပါတယ်..

ယုံကြည်မှု့အပြည့်အဝနဲ့ ဆုတောင်းသူတွေအားလုံး ဆုတောင်းပြည့်ကြလို့ နောက်တစ်ခေါက် ပြန်ပြီး လာရောက်ပူဇော်သူအများအပြား ရှိသည်ဟု သိရ🙏🙏🙏

#နဂါးဂူ

27/04/2026

ဘန်ကောက်မြို့က ရှမ်းဆိုင်မှာ ရှမ်းအစားအစာတွေအပြင် တစ်ခြားအစားအသောက်တွေပါ ရှယ်ကောင်းတဲ့ ဆိုင်လေး..🥰🧑‍🍳🍜

21/04/2026

ကုန်တိုက်ပေါ်က ပန်းခြံကြီးမှာ အရမ်း လှတဲ့ Viewတွေကြည့်ပြီး အပန်းဖြေမယ်☘️🥰

19/04/2026

ဆုတောင်းပြည့်ပြီး ထီပေါက်ကြတဲ့ လူအများအပြားရှိလို့ အုက်အုပ်ကြပ် သွားရောက်ဖူးမြှော်ကြတဲ့ စံပယ်ပန်းဘုရား☘️🙏

#စံပယ်ပန်းဘုရား #ချင်းမိုင်

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่

Bangkok
10150