Thutà 64 Racing
9-year-old racer 🏁 | Future Formula 1 driver in the making 🏎️ | Representing Myanmar 🇲🇲 | #RoadToF1 🏆
အသားကျနေပြီဖြစ်တဲ့ Birel Art chassis ကနေ handling nature မတူညီတဲ့ Tony kart chassis ကို ပြောင်းပြီး စလေ့ကျင့်ကြည့်နေပါတယ်။ 🏎️💨
နေ့တိုင်းက challenge အသစ်တွေပါပဲ။
လေ့ကျင့်ဖို့အတွက် တစ်ခြားနိုင်ငံတွေအထိ သွားရတယ်။
ခရီးပင်ပန်းတယ်။
အစားအသောက်တွေ မမှန်ဘူး။
ဒါပေမယ့် ပိုကောင်းတဲ့ driver တစ်ယောက်ဖြစ်ဖို့ဆိုရင် ဒီအရာတွေကို တွေးနေလို့ မရဘူးဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။
ခက်ခဲပေမယ့်...လက်မလျှော့ဘူး 💪🔥
New chassis.
New challenges.
Same dream. 🏎️🔥
Traveling.
Training.
Learning.
It's not always easy, but I will never give up💙
One step closer to my dream every day 🏁
15/06/2026
Hello Bira Circuit International Pattaya🙋♂️
Always happy to be here🏎️💙
Video ကတော့ တိုတယ်...
ဒါပေမယ့် အိပ်မက်အတွက် ကြိုးစားနေတဲ့ အချိန်တွေတော့ မတိုပါဘူး
နေ့တိုင်း သင်ယူနေပါတယ်။
နေ့တိုင်း တိုးတက်အောင် ကြိုးစားနေတယ်။ 💪🏎️🔥
အခု ကျောင်းပိတ်ဖို့ တစ်ရက်ပဲ လိုတော့တယ်😇
ဒါပေမယ့် Summer Holiday ကို ဘယ်လိုပျော်ရမလဲ မဟုတ်ဘူး။
ဘယ်ပြိုင်ပွဲတွေကို join ရမလဲ၊
ဘယ် Track မှာ လေ့ကျင့်ရင်ကောင်းမလဲ၊
ဘယ်လို ပိုမြန်အောင် လုပ်ရမလဲဆိုတာပဲ စဉ်းစားရင်း 🏎️💨
The journey continues... 🔥
Summer Holiday Loading..
Me: 🏎️💨
"Where should I race next?"
10/06/2026
True Vision - Toyota >>Junior Go Kart Academy 2025 က ဆင်းပြီး ပထမဆုံးပြိုင်ပွဲဖြစ်တဲ့ SKT Series အတွက် Toyota က half sponsor ပေးတဲ့ Birel Art Chasis နဲ့ X30 Engine မထုတ်ပေးခင်မှာ လေ့ကျင့်ဖို့ ဝယ်ခဲ့ရတဲ့ ပထမဆုံး ကိုယ်ပိုင် Racing Kart လေး။
ပထမဆုံးပိုင်ဆိုင်ရတဲ့ Racing Kart မို့လို့ အရမ်းလည်း တန်ဖိုးထားကြိုက်ခဲ့ရသလို၊ ပြိုင်ပွဲတစ်လျှောက်လုံး အတူတူကြိုးစားလေ့ကျင့်ပြီး Podium တွေပေါ်ရောက်ခဲ့တဲ့ ကျွန်တော့်ရဲ့ အချစ်တော်ကြီးပါ💙
အခုတော့ Asia ပွဲတွေ သွားပြိုင်တဲ့အခါ Kart သယ်သွားရတဲ့ အခက်အခဲတွေကြောင့် Chasis နဲ့ အင်ဂျင်ကို Team က ငှားပြီးပဲ ပြိုင်ဖြစ်တော့တယ်။ Pattaya မှာလည်း နောက်ထပ် Kart တစ်စီး ကျန်နေပြန်တော့... အမှတ်တရတွေအများကြီး ပေးခဲ့တဲ့ ကျွန်တော့်ရဲ့ ပထမဆုံး အဖော်မွန် Kart လေးကို ပိုင်ရှင်အသစ်လက်ထဲ လွှဲပြောင်းပေးဖို့ ဆုံးဖြတ်လိုက်ပါတယ် 😌🏁
သံယောဇဉ်ရှိပေမယ့်လည်း ရှေ့ဆက်ရမယ့် ခရီးအတွက် နှုတ်ဆက်ခဲ့ပါတယ်ကွာ 🏎️
Hard to say goodbye to my very first racing kart 😌🏁
Together, we fought through many competitions and made it all the way to the Podium 🏆 Thank you🙏🏻
Train like an athlete 🏋️♂️
Think like a racer 🏎️
Race like a champion 🏆🔥
သားဖြစ်ချင်တာလည်း လုပ်ရမယ်၊ စာကိုလည်း ကြိုးစားရမယ်နော်" လို့ ပြောထားတော့ တကယ်ကို သေချာကြိုးစားတဲ့ ကလေးလေးပါ🥰
End of Semester Test နဲ့ ပြိုင်ပွဲရက် တိုက်နေလို့ ကျောင်းကို request လုပ်ပြီး တစ်ရက်တည်းနဲ့ ၅ ဘာသာ ဖြေခဲ့တဲ့ သုတပါ။
စာမေးပွဲပြီး နောက်နေ့ ပြိုင်ပွဲကို တန်းသွားတာပဲ🏎️
အများကြီး မမျှော်လင့်ထားပေမယ့် တစ်တန်းလုံးမှာ ကျောင်းသား ၄ ယောက်ပဲ ရတဲ့ “Academic Excellence Award” ကို ရအောင် ကြိုးစားနိုင်ခဲ့တဲ့ သုတကို အရမ်းကျေနပ်ရပါတယ် 💙
ပြိုင်ပွဲတွေကြောင့် ကျောင်းပျက်ရတဲ့ အချိန်တွေမှာလည်း Extra Class တွေ စီစဉ်ပြီး စာပြန်သင်ပေးဖို့ ခွင့်ပြုတဲ့ Myanmar International School (MIS) နဲ့ Homeroom Teacher ကိုလည်း အထူးကျေးဇူးတင်ပါတယ် 🙏🏻
နောက်အပတ်ကစပြီး Summer Holiday ပါ။ ဒါပေမယ့် သုတအတွက်တော့ အားလပ်ရက် မဟုတ်ပါဘူး။ ပြိုင်ပွဲတွေအတွက် ပိုပြီး သေချာပြင်ဆင်ရမယ်၊ ပိုပြီး လေ့ကျင့်ရမယ် 💪🏻
သူငယ်ချင်းတွေနဲ့ ဆော့ဖို့အချိန် များများမရှိဘူး။ အနားယူဖို့ အားလပ်ရက် မရှိဘူး။
ဒါပေမယ့် သူ့အိပ်မက်နောက်ကိုတော့ ဆက်ပြီး လိုက်နေဦးမယ်တဲ့...🏎️📚💙
Follow your dream, but never forget your studies.
That’s what we told him, and he’s doing his best to honor both.
Dreams don't work unless you do.
I’m so proud of you my boy 🥰
Every racer loves this moment 😍📦
05/06/2026
အရင်တုန်းက playground ထဲက rental car လေးတွေကို မောင်းရတာနဲ့ ပျော်နေခဲ့တဲ့ကောင်လေး... 🚗😊
အခုတော့ race track ပေါ်မှာ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေပြီ💪🏻💨
ခရီးက အရှည်ကြီးကျန်သေးတယ်...
ဒါပေမယ့် အိပ်မက်ကတော့ အရင်အတိုင်းပဲ 💙
One picture shows where it started🏎️
The other shows where I'm going🏁
Do you know why my dreams are
coming true?
Because that is my dad's dreams too💙
He is my hero.
My best friend,
My life time coach,
My biggest supporter and the one who never stops believing in me🙏🏻
My hero and I, sharing the same track🎉
Thank you ဖေဖေ🥰
Woodie Sarawoot
KruWoodie WaraRace
ဒါကတော့ Chiang Rai Circuit မှာ ဖေဖေနဲ့
တူတူ ကားမောင်းခွင့်ရခဲ့တဲ့ ပျော်စရာ အချိန်လေးပေါ့🥰
လိုချင်တဲ့ result မဟုတ်ခဲ့ပေမယ့်…
Lap တစ်ပတ်ချင်းစီတိုင်းက သင်ခန်းစာအသစ်တွေပါပဲ🏎️💨
အိမ်မှာတော့ အားလုံးကိုချွဲတဲ့ အငယ်ဆုံးလေးပေမယ့် ကွင်းထဲရောက်ရင် accident ဖြစ်ရင်တောင် ဘယ်နားနာလဲ ဆိုတာထက် သူ့ position ဘယ်လောက်ဖြစ်သွားပြီလဲ ငိုပြီး မေးတဲ့ ကလေးလေး💙
သေချာတာကတော့ သုတ က မြန်မာက ဆိုတာ သိသွားကြပြီ🎉
Not the result we wanted… but every lap was another lesson learned 🏎️💨
Race recap from IAME Asia Round 4 ~ MACAU 🇲🇲🇹🇭🇲🇴🏁🔥
We keep learning. We keep pushing💪
คลิกที่นี่เพื่อเป็นสมาชิก?