𝙉𝙬𝙖𝙮 𝙊𝙤 𝘼𝙪𝙣𝙜 𝙋𝙬𝙖𝙡
တော်လှန်ရေးထောက်ပို့တပ်သားဖြစ် လုံခြုံစိတ်ချရသော အွန်လိုင်းစာမျက်နှာတွင် ပါဝင်နိုင်ပါတယ်။
Like, follow, share ပေးခြင်းဖြင့် RCS တပ်သားအဖြစ်ပါဝင်ပါ။

ဗန်းမော်မြို့ နမ့်ဖားရပ်ကွက်မှာ ၀၁-၀၂-၂၅ နေ့ရန်သူ ၂၀ကျော်လက်နက်ချအလင်း၀င်လာ။အခွင့်အရေးအချိန်ကုန်ပြီ။ယနေ့ (၀၅:၃၀) ချိန်မှ စကခ(၂၁) အပြီးသတ် ထိုးစစ်စတင်နေပြီ။

မြဝတီ ကုန်သွယ်ရေးဇုန်အနီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်
◾️အာရှလမ်းပိုင်းတွင်လည်း တိုက်ပွဲဖြစ်နေ၊ အောင်ဇေယျစစ်ကြောင်းမှ စစ်သားများ နေ့တိုင်းနီးပါး အလင်းဝင်လာ
ကရင်ပြည်နယ်၊ မြဝတီမြို့ ကုန်သွယ်ရေးဇုန်ရှိ တော်လှန်ရေးရဲဘော်များ တပ်စွဲနေရာယူဖူးသည့် ရွှေမြစန္ဒီမြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါမြို့ရှိ ကရင်သတင်းရင်းမြစ်က ပြောသည်။
ယမန်နေ့ည ၁၂နာရီကျော်အချိန်တွင် အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား စစ်ကောင်စီက ပေါင်၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။
"အဲနေရာက အရင်က တော်လှန်ရေးတပ်တွေ နေခဲ့တဲ့ ရပ်ကွက်ရုံးပေါ့။ အဲဒီကို ဗုံးကြဲတာ။ လူထိခိုက်မှုတော့ မရှိဘူး သိရတယ်။ ကဲကောင်းလို့ပြည်သူတွေ မထိတာ။ ပြည်သူတွေ အဲနေရာတွေမှာ ပြန်နေနေကြပြီ"ဟု မြဝတီမြို့ခံ ကရင်သတင်းရင်းမြစ်က ပြောသည်။
ထို့အပြင် ယမန်နေ့ညကလည်း မြဝတီမြို့စောင့်တပ်ဖြစ်သော ခြေလျင်တပ်ရင်းအမှတ်(၂၇၅)ကလည်း တော်လှန်ရေးတပ်များရှိရာအား လက်နက်ကြီးဖြင့် ပစ်ခတ်မှုပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။
" ဗိုလ်ဒါဘောပြောထားတာက သူတို့ထိရင် ချမယ်ပြောတယ်။ အဲတော့ မြဝတီမြို့ကို ဝင်တော့မယ်ထင်တယ်"ဟု ကရင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
လက်တလောတွင်လည်း အာရှလမ်းပိုင်း၌ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကော်ဘရာစစ်ကြောင်းနှင့် PDF ပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်နေသည်။
"တိုက်ပွဲက နေ့တိုင်းဖြစ်တယ်။ အလင်းဝင်လာတာတွေလည်း နေ့တိုင်းပဲ။ လက်နက်နဲ့ရော လက်နက်မပါတာတွေရော နေ့တိုင်းလိုလိုပဲ"ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။
ထိုင်း - မြန်မာနယ်စပ်ကုန်သွယ်ရေးဇုန်အတွက်အရေးပါသည့် မြဝတီမြို့နှင့် သင်္ဃန်းညီနောင်မြို့ စစ်ဆင်ရေးကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)ဦးဆောင်းသည့် PDF ပူးပေါင်းများက ၂၀၁၄ မတ်လတွင် စတင်ခဲ့သည်။
နယ်စပ်ကုန်သွယ်ရေးမြို့တော်ဖြစ်သော မြဝတီမြို့အတွက်စစ်ရေးအရအရေးပါသည့် သင်္ဃန်းညီနောင်မြို့ရှိ ဗျူဟာစခန်းအပါအဝင် ခြေလျင်တပ်ရင်းများအား ၂၀၂၄ မတ်လ ၇ရက်ကထိုးစစ်စတင်ရာ တစ်လအကြာ ဧပြီ ၅ရက်တွင် သင်္ဃန်းညီနောင်မြို့ဗျူဟာတစ်ခုလုံး သိမ်းပိုက်နိုင်ခဲ့သည်။
ထို့နောက် မြဝတီမြို့စောင့်တပ်ဖြစ်သော ခလရ(၂၇၅)တပ်ရင်းအား ဆက်လက်ထိုးစစ်ဆင်ရာ ၂၀၂၄ ဧပြီ ၁၀ရက်တွင် သိမ်းပိုက်ခဲ့သည်။ အဆိုပါ ခလရ(၂၇၅)မှ ထွက်ပြေးကြသည့် တပ်မ(၄၄)တပ်မမှူး ဗိုလ်မှူးချုပ် စိုးမင်းထက် ဦးဆောင်သော စစ်ကောင်စီတပ်သားများမှာ ထိုင်း - မြန်မာချစ်ကြည်ရေးအမှတ်(၂)တံတားအောက်၌ သွားရောက်ခိုလှုံခဲ့ကြသည်။
မြဝတီမြို့ အမှတ်(၂) ထိုင်း - မြန်မာချစ်ကြည်ရေးတံတားရှိ စစ်ကောင်စီတပ်ဖွဲ့အား တော်လှန်ရေးပူးပေါင်းတပ်က ၃၆နာရီကြာတိုက်ခိုက်ပြီးနောက် ၂၀၂၄ ဧပြီ ၂၁ရက် နံနက်တွင် ပစ်ခတ်မှုရပ်ပြီး ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
ထို့နောက်ပိုင်းတွင် စစ်ကောင်စီက မြဝတီမြို့ကို အင်အားထပ်ဖြည့်ပြီးနောက် မြို့အားထိန်းချုပ်ရန်ကြိုးပမ်းလာခြင်းဖြစ်သည်။
လက်ရှိတွင် မြဝတီမြို့စောင့်တပ်၌ တပ်မ(၄၄)တပ်မမှူး ဗိုလ်မှူးကြီးမင်းမင်းလတ်က ဦးစီးနေသည်။
လက်ရှိတွင် မြဝတီမြို့ရှိ ရဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များက မြို့ခံများအပေါ် ခြိမ်းခြောက်ဖမ်းဆီးငွေတောင်းခံနေမှု ဆိုးရွားစွာပြုလုပ်နေသည်ဟု အဆိုပါမြို့ခံများက ပြောသည်။
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ရွှေမြစန္ဒီမြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအားတွေ့ရစဉ်( ဓာတ်ပုံ - ပေးပို့)

ရဲဘော် Mc Ka Yah လေးရယ် မင်းသိပ်ကိုကံကောင်းပါလားကွာ ❤️

လွတ်အောင် ပြေးတော့မယ် (ဒါမှမဟုတ်) ပြေးသွားပြီးပြီ (ဒါမှမဟုတ်) ပြည်ပထွက် အလုပ်လုပ်နေပြီဆိုရင် ...
ဖေ့ဘုတ်မှာ လူပျောက်တင်ပါ။
ရဲစခန်း/အုပ်ချုပ်ရေးမှူးဆီမှာ လူပျောက်တိုင်ပါ။
အချိန်မရလိုက်ဘူးဆိုရင်လဲ လာမေးရင် "အလုပ်သွားမယ်ဆိုပြီး ထွက်သွားတာ၊ ပြန်မလာတာ ၂ ရက်ရှိပြီ။ မင်းတို့များ ခေါ်ထားသလား စုံစမ်းပေးပါဦး" စသဖြင့် အဆင်ပြေသလို ဖြေပါ။
LuThit

ထိုင်းနယ်စပ်က UWSA ဝ တပ်အတွက် ထိုင်းလေတပ်က အဆင်သင့်ဖြစ်အောင်လုပ်နေပြီဖြစ်ပါတယ်။
အမေရိကန်ဆီကဝယ်ထားတဲ့ AT-6 အပေါ့စားတိုက်လေယာဉ် ၈ စင်းလုံးကို ရပြီဖြစ်တာကြောင့် ချင်းမိုင်မှာအခြေစိုက်ထာပြီးအဆင်သင့်လုပ်ထားဖို့ လေတပ်ဦးစီချုပ် ဗိုလ်ချုပ်ကြီး ဖန်ဖတ်ဒီ ဖတ်ထနကူ က အမိန့်ပေးထားပါတယ်။
အဲဒီလေယာဉ်တွေဟာ အသံမကျယ်သလို အချိန်အကြာကြီးပျံသန်းနိုင်တယ်လို့ပြောပါတယ်။
သန်ဘက်ခါ ဇန္နဝါရီလ ၃၀ ရက်နေ့မှာ အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးလုပ်ပြီး ထိုင်းထဲကို မူးယစ်ဆေးသွင်းနေတဲ့ကိစ္စအပါအဝင် ထိုင်းပိုင်နက်ထဲဝင်နေတဲ့ကိစ္စနဲ့ UWSA ဝ တပ်တွေကို ကိုင်တွယ်မယ့် အစီအစဉ်အသေးစိပ်ကို ဆွေးနွေးကြပါလိမ့်မယ်။
ဇန္နဝါရီလ ၃၀ ရက်နေ့မှာပြုလုပ်မယ့် အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးမှာ လေတပ်ကနေ လုပ်ငန်းစဉ်အသေးစိပ် (ဗျူဟာ) တင်ပြဖို့ ၂၅ ရက်နေ့က ညွှန်ကြားခဲ့တာဖြစ်ပါတယ်။
ကြည်းတပ်ရော လေတပ်ကပါ အဆင်သင့်လုပ်ထားပြီးဖြစ်ပေမယ့် အဓိကတာဝန်ရှိတဲ့ တပ်စင်သမီး ဝန်ကြီးချုပ်နဲ့၊ တပ်စင်ရဲ့ ညာလက်ရုံး ကာကွယ်ရေးဝန်ကြီးတို့က ခွင့်ပြုမိန့် မပေးလို့ စစ်တပ်ကရော ပြည်သူတွေနဲ့ နိုင်ငံရေးသမားတွေကပါ အတော်မကျေနပ်ဖြစ်နေကြပါတယ်။
ဇန္နဝါရီလ ၂၈ ရက်၊ ၂၀၂၅

. ပြည်သူလူထုရဲ့ အခက်အခဲ အကြပ်အတည်းတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့အတွက် တရုတ်ရဲ့ကြားဝင် ညှိနှိုင်းမှုနဲ့အတူ တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိကြောင်း TNLA ကပြောလိုက်ပါတယ်၊ စစ်ကောင်စီကို ဆိုလိုဟန်တူပါတယ်၊ ဒီကာလအတွင်း TNLA ဒီစကားပြောတာ နှစ်ကြိမ်ရှိပါပြီ၊ မကြာခင် စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာအပြီး TNLA က ထပ်မံပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။ ဒီကာလမှာ စစ်ကောင်စီက TNLA သိမ်းထားတဲ့ သိန္နီ၊ မိုးကုတ်၊ နောင်ချို၊ ကျောက်မဲမြို့တွေမှာ ဖိအားပေးတဲ့သဘော ဗုံးတွေကြဲချထားတာရှိပါတယ်။ ဆွေးနွေးရင် စစ်ကောင်စီကတော့ ထုံးစံအတိုင်း မိုးကုတ် နမ့်ခမ်း သိန္နီ နောင်ချို ကျောက်မဲမြို့တွေကို ပြန်တောင်းလိမ့်မယ်လို့ ယူဆရပါတယ်၊ TNLA အနေနဲ့က ပြန်ပေးမှာမဟုတ်၊ TNLA အများဆုံးသဘောတူနိုင်တာက တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကိုပဲ သင့်လျော်တဲ့ အခွန်အချိုးအစားကယူပြီး ဖြတ်သန်းခွင့်ပြုလိမ့်မယ်လို့ ယူဆမိပါတယ်။
TNLA ခေါင်းဆောင်တွေ ဘယ်လိုဖိအားတွေ ရင်ဆိုင်နေရသလဲ အတိအကျမသိပါ၊ ဒါပေမယ့် သူတို့ ပြည်သူကို ပေးထားတဲ့ ကတိစကားတွေကို မှတ်သားစောင့်ကြည့်ကြပါ၊ စိတ်ဆန္ဒတွေမစောကြစေချင်ပါဘူး၊ စစ်တပ်မရှိတော့မှ အားလုံးငြိမ်းချမ်းစွာ ယှဥ်တွဲနေထိုင်ခွင့်ရမှာကို ကိုးကန့်ရော ပလောင်ပါ နားလည်ကြပါတယ်၊ အခုအခြေအနေကို အလွယ်ပြောရရင် အပြန်အလှန် ပလာတာရိုက် လေသံပစ်နေကြတာပါ၊ လူကြားကောင်းအောင်ပေါ့။ မနေ့က KIA TNLA ပဋိပက္ခဖြစ်တာနဲ့ စပ်လျဥ်းလို့ နားလည်တဲ့သူတယောက် ရေးထားတာ ကျမရှယ်ထားပါသေးတယ်၊ အဲဒီသဘောတွေရှိပါတယ်။ ဆရာဦးကြည်ညွန့် မကြာသေးခင်က သွားတွေ့တဲ့သတင်း ဖတ်ရပါသေးတယ်။
ဆွေးနွေးကြဖို့ ဖိအားပေးကြတဲ့အခါ တရုတ်အနေနဲ့က သူနဲ့ထိစပ်ရာ 3BHA မြောက်ပိုင်းညီနောင်သုံးဖွဲ့ကို အဓိက အတင်းအကြပ် ဖိအားပေးလေ့ ရှိပါတယ်၊ အထူးသဖြင့် MNDAA နဲ့ TNLA ကိုပေါ့၊ MNDAA ကို သူ့ခေါင်းဆောင် ပြန်ပေးဆွဲတဲ့ပုံစံမျိုးထိ၊ TNLA ကို ကြောက်ရွံ့ရိုသေကျိုးနွံအောင် ဆုံးမမယ် ပြောတဲ့အထိ အလွန်အကျူး ဖိနှိပ်ပြောဆိုတာပါ၊ အစည်းအဝေး ကျင်းပနေစဥ်အတွင်းလည်း ထမင်းစားချိန်တောင်မပေးပဲ သဘောတူညီချက် ထွက်တဲ့အထိ အတင်းဆွေးနွေးခိုင်းကြောင်း တက်ခဲ့သူက ပြန်ပြောတယ်လို့ သိရပါတယ်။
ကျမတို့ NUG နဲ့ K3C မဟာမိတ်အဖွဲ့တွေကတော့ ရှင်းပါတယ်၊ ဘုံသဘောတူညီချက် ၃ ချက်ထုတ်ပြန်ထားတယ်၊ ဆွေးနွေးမလား အချိန်မရွေးလာခဲ့လို့ ကြေငြာထားတာပါ၊ ကိုမြအေးတို့ ပြောသလို သွေးကြွေးမှာ ဆွေးနွေးစရာမရှိဘူး မပြောပါဘူး၊ ဒါပေမယ့် အဲဒီဘုံသဘောတူညီချက်ထဲက တချက်ကိုတောင် စစ်ကောင်စီလက်ခံနိုင်ဖို့ မလွယ်ပါဘူး၊ နားလည်အောင် အကြမ်းဖျဥ်းပြောရရင် - လွှတ်တော်ထဲဝင်ထိုင်နေတဲ့ အစိတ်သားထွက်သွား၊ နာဂစ်ဥပဒေ ကိုဖျက်သိမ်းတာနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် အခြေခံတဲ့ ခြေဥပြန်ဆွဲတာကို လက်ခံရမယ်၊ ဒီကြားထဲ သူတို့ကျူးလွန်ခဲ့သမျှ ပြစ်မှုတွေအတွက် တရားဥပဒေအရ အရေးယူစစ်ဆေး အပြစ်ပေးတာ လက်ခံရမယ်၊ ဒီသုံးချက်လေးပါပဲ၊ သူတို့လက်ခံနိုင်မလား စဥ်းစားသာကြည့်ကြပါ။
တရုတ်အနေနဲ့ 3BHA ကို နယ်ရုပ်လေးတွေလို သဘောထား အသုံးချစေခိုင်းပြီး မြန်မာ့ပြည်တွင်းရေးကို လိုသလိုမွှေနှောက် စွက်ဖက်ချင်တယ်။ EAO တွေအနေနဲ့က တသက်လုံး သူများနို့သက်ခံစို့ သူများမျက်နှာ မော့ကြည့်နေရမယ့်ဘဝ ဘယ်လိုချင်ပါ့မလဲ၊ ကိုယ့်အင်ကိုယ့်အားနဲ့ လွပ်လပ်စွာ ရပ်တည်ချင်တာချည်းပဲပေါ့၊ အတွေ့အကြုံများပြီး သူတို့သြဇာက ရုန်းထွက်နိုင်တဲ့ ရေမြေအခြေအနေကောင်းတွေ ပိုင်ဆိုင်တဲ့ KIA နဲ့ AA ကိုတော့ သူတို့လိုသလို ကြိုးဆွဲတိုင်းမရတော့ ကချင်နဲ့ ရှမ်းတွေ ဒွေးရောယှက်တင် နေထိုင်ကြတဲ့ ရှမ်းမြောက်မှာ လူမျိုးရေးပဋိပက္ခ ဖန်တီးခိုင်းပြီး KIA ကို ကြိုးကိုင်ချင်တယ်၊ အနောက်ဖက်အပေါက်မှာ ပါကစ္စတန်ကတဆင့် အကြမ်းဖက်အဖွဲ့လေးခု ထောက်ပံ့မွေးမြူပြီး AA ကို ဂုတ်ကြိုးဆွဲဖို့ ကြိုးစားနေတယ်၊ သူ့ရဲ့ အိန္ဒိယသမုဒ္ဒယာထွက်ပေါက်နဲ့ လောင်စာစွမ်းအင်ရဲ့ အဓိကဂိတ်ပေါက် ကျောက်ဖြူကို သူထိန်းချုပ်ချင်လို့ ဗျာများနေတာပါ ၊ စစ်ကောင်စီကတော့ သူခိုင်းသမျှ လိုက်လုပ်ရတဲ့ ပြာတာအဆင့်ပဲ ရှိတော့တာပါ၊ AA ကတော့ လက်ရှိအနေအထားအရ အပေါ်စီးရနေပေမယ့် နတ်မြစ် မယူမြစ်တကြောက တက်လာမယ့်ရန်သူ၊ တျုတ်ရန်တွေကြောင့် သူတို့နှစ်ဖက်လုံးကို ပိုထိရောက်အောင် ချုပ်ကိုင်နိုင်ဖို့ ဧရာဝတီတိုင်း နဲ့ အညာဧရာဝတီမြစ်ဝှမ်းအထိ ဝင်ရောက်လာလိမ့်မယ်လို့ ကျွန်မ ထင်ထားပါတယ်။ စစ်ကောင်စီ သင်္ဘောနဲ့သွားခေါ်လာတဲ့ အကြမ်းဖက်အဖွဲ့တွေ သတိမပြတ်ကြည့်နေရမှာပါ။
K3C မှာ Free Ranger တွေရှိနေတဲ့ ကရင်နီကို တျုတ် လက်လှမ်းမမှီ၊ အန္ဒိယနယ်စပ် ကပ်နေတဲ့ ချင်းကို လက်လှမ်းမမှီပေမယ့် ကရင်ကိုတော့ သူ လက်လှမ်းမီတဲ့သဘော ရှိပါတယ်၊ ထိုင်းကဖမ်းဆီးထားတဲ့ ရွှေကုက္ကိုပိုင်ရှင် ရှယ်ကျစ်ကျန်းကို သူ့ဆဲလ်အဖြစ် အစောကြီးကတည်းက လွှတ်ထားတာ၊ CIA ကသိတော့ ထိုင်းကိုဖမ်းခိုင်း၊ တရုတ်က သူ့အေးဂျင့်ဆိုတာ ပေါ်မှာစိုးလို့ လုပ်ကြံခိုင်း၊ သူ့ကိုလာလုပ်ကြံမှာသိလို့ အယ်ဂျာဇီးရာသတင်းဌာနကို သူ့ဇာစ်မြစ် ဖွင့်ချလိုက်တော့ တရုတ် အရှက်ကွဲ လူသိသွားရတယ်၊၊ ရွှေကုက္ကို သြဇာအာဏာက KNU အတွင်းသာမက ရတခတိုင်း နေပြည်တော်အထိ သြဇာသက်ရောက်တာကြည့်ရင် နောက်ကွယ်က ဘယ်သူလဲသိနိုင်တာပါပဲ၊ KNU အပေါ် ရော DKBA အပေါ် ရော၊ BGF အပေါ်ရော ၊ KTLA အပေါ်ရော သြဇာအာဏာ သက်ရောက်အောင် လုပ်ထားနိုင်တာက တရုတ် back ground ကြောင့်ပါပဲ။ ပြည်သူအပေါ် လက်မရွံ့ မလုပ်ရဲတာမရှိတဲ့ စစ်ခေါင်းဆောင်က ပြည်သူတွေအိုးအိမ် စာသင်ကျောင်း ဆေးရုံကစ ဗုံးကြဲ သ တ် ဖြ တ် ဖို့ ဝန်မလေးပေမယ့် သူ့ကို ကလန့်နေတဲ့ ရွှေကုက္ကိုကျ လက်ဖျားနဲ့တောင် မတို့ရဲပါဘူး၊ ဒါက ပကတိအခြေအနေပါပဲ။
Capt. ဇင်ယော်က တနေ့က ရေးတယ်၊ ဧရာဝတီ မှ မုတ္တမသို့ ဆိုတဲ့ စာသားလေးတွေ့လိုက်တော့ ခေါင်းကြီးသွားတယ် ၊ တခုကို သွားသတိရလိုက်လို့၊ လွန်ခဲ့တဲ့ နှစ်အတော်ကြာက ကျွန်မဆရာသမားတယောက်ဆီမှာ GMS Agreement (Greater Mekong Sub- Region ) ကို တွေ့ဖူးတယ်၊ သူက အစိုးရအရာရှိကြီးပါ၊ တထွာလောက် စာအုပ်ဖြူကြီး၊ မူရင်းပေါ့၊ နိုင်ငံခြား ပညာရှင်တွေဝိုင်းရေးထားတော့ အတော်ပြည့်စုံတဲ့ သဘောတူညီချက်ကြီး ပါ၊ လျှို့ဝှက်အဆင့်ပေမယ့် အမြန်လှန်ဖတ် စပ်စုကြည့်တာ မြန်မာကို ဝင်လာတဲ့လမ်းကြောင်းတွေ အသေးစိတ်ပါတယ်၊ နက်မှာရှာရင် တွေ့ရတာက မပြည့်စုံဘူး နဲနဲကွဲသလိုရှိတယ်၊ Protocol ( နောက်ဆက်တွဲအခြေပြစာချုပ်ငယ် ) ပြန်ပြင်ရင်တော့မသိ ၊ သိပ်မမှတ်မိပေမယ့် မှတ်မိသလောက် East - West Economic Corridor အရှေ့အနောက်စင်္ကြန်လမ်းက ဗီယက်နမ် ဒါနန်းကလာပြီး မြဝတီကဝင် မော်လမြိုင်မှာဆုံးတယ် ၊ ပဲခူး ရန်ကုန် ရေး ထားဝယ်ထိ ဆက်ချိတ်ထားတယ် ၊ North - South Economic Corridor က ကူမင်းကစပြီး တလမ်းက မူစယ်ကဝင်တယ်၊ တလမ်းက တာချီလိတ်ကဝင်ပြီး မန္တလေးမှာဆုံးတယ်၊ အနောက်ဖက် ကျောက်ဖြူဖက် အမ်းရိုးမကို ချိတ်ဆက်တယ်၊ မုံရွာ ကလေး တမူးဖက် ချိတ်ဆက်တယ်၊ Southern Economic Corridor က ဗီယက်နမ် အရှေဖျားကပဲ လာပြီး ထားဝယ်မှာလာဆုံးတယ်။ ဒါ မှတ်မိသလောက်ပါ။
ဆိုလိုချင်တာက GMS Agreement ဆိုတာက တရုတ်၊ မြန်မာ ၊ ထိုင်း၊ လာအို၊ ကမ္ဗောဒီးယား ၊ ဗီယက်နမ် ၆ နိုင်ငံ သဘောတူစာချုပ်ပါ ၊ သူက ခေတ်သစ်ပိုးလမ်းမ BRI ရဲ့ Pilot Project ရှေ့ပြေးလုပ်ငန်းတွေ ပြောရမလိုပါ၊ BRI ရဲ့ အစိတ်အပိုင်းတွေပါပဲ၊ ခုန ဗကဇင်ယော်ရေးတာတွေ့တော့ ကျမခေါင်းကြီးသွားတာက အဲဒါသတိရလိုက်မိလို့ပါ။ ကျမ ဆိုလိုချင်တာကို သဘောပေါက်ကြလားမသိ၊ အခုစစ်ပွဲတွေ ဖန်တီးလာတာ၊ တိုက်ပွဲတွေ ပြင်းထန်လာနေတာ ဒီနေရာတွေပဲမဟုတ်လား၊ ဒါဆို ဒီဖြစ်ရပ်တွေရဲ့ နောက်ကွယ်က ဘာလဲဆိုတာ စဥ်းစားမိကြမယ် ထင်ပါတယ်။
ကျားဖြန့်ကိစ္စတွေ နှိမ်နင်းဖို့ တရုတ်က စကစ ကိုပြောတယ်၊ စကစက အင်းမလှုပ် အဲမလှုပ်၊ ထပ်ပြောတယ်၊ လုပ်ငန်းကော်မီတီဖွဲ့သလို လုပ်ငန်းညှိနှိုင်းဆွေးနွေးသလို စကစက လုပ်ပြတယ်၊ ငွေလိမ်အသေးစားလေးတွေ ဖမ်းပြနေချိန် MNDAA က ချင်းရွှေဟော် သိမ်းပြလိုက်ပြီး လူတွေဖမ်း တရုတ်ကိုအပ်လိုက်တယ်၊ အကြီးပိုင်းတွေက ရဟတ်ယာဥ်နဲ့ နပတပြေးတယ်၊ တရုတ်ကအပ်ခိုင်းတော့ မလွန်ဆန်နိုင်ပဲ ထိုးအပ်လိုက်ရတယ်၊ နောက်ဆက်တွဲ ကွန်လုံ လောက်ကိုင် လားရှိုးအထိ ဆုံးရှုံးသွားတယ်။ ဒါက တောင်မြောက် စီးပွားရေး စင်္ကြန်လမ်းဒေသတွေပေါ့။
ခုက အရှေ့ အနောက် စင်္ကြန်လမ်းဧရိယာ ရောက်လာပြီ၊ တရုတ်မင်းသားနဲ့ ကန့်လန့်ကာဖွင့်တယ်၊ ထိုင်းဝန်ကြီးချုပ်က အရှိန်မြှင့်ပေးတယ်၊ ချည်လို့တုပ်လို့ကောင်းအောင် ၆ နိုင်ငံပူးပေါင်း ဇင်ယော်ဒုတိယအဆင့် ဘာညာအမည်တပ်တယ်၊ စကစ IQ မမှီတာလား ၊ ဘာအကြံလည်းမသိတော့ ဖယောင်းတိုင်ကိုကိုလှိုင်တော့ ရိပ်မိမှာပါ၊ သူ့အကြံတိုးမပေါက်တာလားပဲ၊ အတိုင်ပင်ခံခေါ်ထားတဲ့ ဗိုလ်ညိုစောလည်း ဒီ level အထိ မမှီဘူးထင်ပါတယ်၊ သူက နေရာဘယ်လိုယူရမလဲပဲ သိတာပါ၊ ဒါတွေသိပုံမရဘူး၊ ဗိုလ်ရဲဝင်းဦးကတော့ ဖြုတ်ထုတ်သတ်ပဲ စိတ်ဝင်စားတဲ့သူ၊ ဗိုလ်ညိုစောက ဒုသမ္မတကြီးလူရင်းနော်၊ သူ့ဆရာနေရာ အတင်းဝင်ယူတဲ့သူကို ကျေနပ်ပါ့မလား 🤭 ၊ ဂျပုက အတော်ယုံပုံပဲနော်၊ မနေ့က တျုတ်နှစ်ကူးအခမ်းအနားတောင် သူ့ကတော် အန်တီစမ်းကို QQK ဘေး တွေ့မိသေး 🤭 ။
ဟိုက ဇင်ယော်ဇာတ်ခင်းပြီး ချီလာပြီ၊ Task Force ဖွဲ့ပြီး ရန်သူကိုဘယ့်နှယ်ဝိုင်းမယ် လုပ်နေပြီ ၊ အကြမ်းဖက်ခေါင်းဆောင်က ဘာစဥ်းစားတယ်မသိ၊ ရတခဒုတိုင်းမှူးက ကိုတင့်တွေခေါ်ပြီး ကားယားကားယားတက်လာပြီး ဘယ်နားသွားဝပ်နေတယ်မသိ၊ သင်္ကန်းညီနောင် အချောင်ပြန်နှိုက်ဖို့ ချောင်းနေလားပဲ၊ နပတမှာတော့ Action Plan ဆွဲနေသလိုလို ခတ်ကွင်းပြင်နေတယ်၊ အဘသားစောချစ်သူတို့လည်း နပတပြေးသလိုလို အခြေအနေပါ။ ကျမတို့ NUG လူကြီးတွေက နပ်တယ်၊ ကျားဖြန့်နှိမ်နင်းရေး ပူးပေါင်းပါဝင်ဆောင်ရွက်မည်လို့ ကြေငြာပြီး သူ့ swing အတိုင်း follow လေး ပုတ်လွှတ်လိုက်တယ်၊ KNU ကလည်း အလားတူ ကြေငြာတယ်၊ ချစ်သူကလည်း လိုက်ကြေငြာတော့ မျက်စိလည်ရပါတယ် 😁 ။
စကစက အထူအပါး တကယ်နားမလည်တာပါ၊ ဦးသိန်းစိန်ရဲ့ အတိုင်ပင်ခံကြီးတောင် ရှမ်းမြောက်နဲ့အလားတူ တောင်ပိုင်းမှာလာလိမ့်မယ်လို့ အစောကြီးကတည်းက ကြို ဟောကိန်းထုတ်ထားခဲ့တာပါ၊ သူတို့မှမသိပဲ၊ NZL ပေါ့ ၊ သူကနပ်တယ်၊ ခပ်ခွာခွာအထာပါ။ ကျမတို့လည်း စောင့်ကြည့်နေရမှာ၊ ပတ်မကြီး ဘယ်သူစတီးမလဲပေါ့၊ တျုတ်ကိုယ်စားလှယ် ရွေးချယ်မဲ့ပွဲပါပဲ၊ ကိုယ်တွေက ဒီအခွင့်အရေးကို အမိအရယူရမှာပါ၊ MNDAA တို့လိုလေ။ ကိုယ့်လူတွေက နပ်ပြီးသား IQ level လိုက်မှိတယ်လေ၊ အခုက တရုတ်ရဲ့ Think Tank အဖွဲ့ ( Deep Seek ပါ ထည့်ရမလားမသိ ) နဲ့ တော်လှန်ရေး မဟာမိတ်တွေ ဉာဏ်ရည်ပြိုင်ရမယ့် ပွဲပါပဲ၊ ဗကဇင်ယော် ပြောတဲ့စကားက ဒါကိုဆိုလိုတယ် ယူဆမိလို့ပါ။ ခြေလှမ်းတွေလည်း လှမ်းထားတယ်လေ၊ ထားဝယ်နား စိုးမိုးထားတယ်၊ ရေးတဝိုက် မွန်ဒေသမှာ မွန်အဖွဲ့ လေးဖွဲ့ပေါင်း ရာမညအဖွဲ့ ရှိနေတယ်၊ တောင်ပိုင်းတိုင်း အဖွဲ့တွေ ရှိနေတယ်။
စကစအနေနဲ့ ဒါကို တွက်ဆမိလို့ ထားဝယ်ကို ရုရှအတင်းထိုးပေးနေတယ်ဆိုရင်တော့ သူ့အကွက်က မဆိုးပေမယ့် ပွေးဝဲကွက်ကြီးဖြစ်နေတယ်၊ ကျမတို့က ကြိုက်တာပေါ့လေ။ သူ့အတွက်ပိုဆိုးမယ့် အကွက်မို့ပါ။ မျက်စိရှင်ရှင်ထား စောင့်ကြည့်ကြရမှာပါ၊ ကျမတို့ အမြဲခေါင်းထဲထည့်ခါးရမှာက ဝမ်ယီပြောတဲ့ သူတ်ု့မူကိုပါပဲ၊ သူပြောတာ "တဖက်ဖက်က အပြတ်အသတ် နိုင်သွားမှာ မလိုလားဘူး" တဲ့ ၊ သူက နှစ်ဖက်လုံးကို ခွနေပြီး တိုက်ခိုက်မောပန်း ခြေကုန်လက်ပမ်းကျအောင် အမြဲလုပ်နေမှာပါ၊ အာဏာရှင်ကိုကာကွယ်ပေးရင်း ခေါင်းထောင် မလာအောင် ဖိနှိပ်ရင်းပေါ့၊ သူ့ကိုပဲ အမြဲမော့ကြည့် အကူအညီတောင်းနေမှ သူ့အတွက် သယံဇာတတွေ အလကားနီးပါးရ၊ စိတ်ကြိုက်ချယ်လှယ်နိုင်မှာ မဟုတ်ပါလားရှင်။ ကျွန်မရေးတာတွေ အချို့ နားလည်ရခက်ချင် ခက်မှာပါ၊ ဆက်စောင့်ကြည့်ရင် ဇာတ်ရည်လည်လာပါလိမ့်မယ်နော် ၊ တိုက်ပွဲအခြေအနေလေးတွေ သုံးသပ်ချင်ပေမယ့် စာကရှည်နေပြန်ပြီမို့ ဒီမှာ တဖြတ်ဖြတ်ထားပါဦးမယ်။
[ ကျမက စစ်ရေး နိုင်ငံရေး သိပ်နားလည်သူ မဟုတ်ပါ ၊ သတင်းတွေအခြေပြုပြီး ကိုယ်တွေးမိတာ ချရေးရုံမျှသာပါ၊ လွပ်လပ်စွာ သဘောထားကွဲနိုင်ပါတယ်။ ]
ဘေးရန်ကင်းကွာ စိတ်ချမ်းသာကြပါစေ••...

TNLA တပ်မဟာမှူး နဲ့ ကျောက်မဲ PDF အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ ခရိုင်မှူးတို့ သိမ်းပိုက်ထားတဲ့နယ်မြေကိုသွားရောက်ကြည့်ရှုစစ်ဆေး
ဇန်နဝါရီ ၂၉ ၊ ၂၀၂၅
PSLF/TNLA တပ်မဟာ ၂ နယ်မြေ တပ်မဟာမှူး နဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ကျောက်မဲခရိုင် တပ်ရင်း အထူးတိုက်ခိုက်ရေးအဖွဲ့က ခရိုင်မှူးတို့က သိမ်းပိုက်ထားတဲ့ နယ်မြေကိုသွား ရောက်ကြည့် ရှု့စစ်ဆေးခဲ့တယ်လို့ PDF ကျောက်မဲခရိုင်တပ်ရင်းက တာဝန်ရှိသူက PVTV ကိုပြောပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ဒုတိယဗိုလ်မှူကြီး တားခြိုူဝ်မျိုး နဲ့ ခရိုင်အထူးတိုက်ခိုက် ရေးတပ်ဖွဲ့ ခရိုင်မှူး ကိုကောင်း တို့က ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့နယ်၊ဂုတ်ထိပ်တံတားကို မနေ့က သွားရောက်ခဲ့ကြတာပါ။

မြ၀တီရှိ BGF ထိန်းချုပ်ထားသော ရွှေက္ကိုလ် ကျားဖြန့် လောင်းကစား မြို့ကို တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဌာန လက် ထောက် ဝန်ကြီးက ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်အခြမ်းမှ ကြည့်ရှုစစ်ဆေး
ရန်ကုန်၊ ဇန်နဝါရီ ၂၉
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ စစ်တပ်လက်အောက်ခံ BGF နယ်ခြားစောင့်တပ်က ထိန်းချုပ်ထားသော ရွှေက္ကိုလ် ကျားဖြန့် လောင်းကစား မြို့ကို တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး Liu Zhongyi က ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်အခြမ်းမှ ကြည့်ရှုစစ်ဆေးကြောင်း ထိုင်း The Reporter က သတင်းဖော်ပြသည်။
တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး Liu Zhongyi က ကျားဖြန့်အွန်လိုင်းငွေလိမ်လည်ဂိုဏ်းများကို တိုက်ဖျက်ရန်နှင့် လူကုန်ကူးခံထားရသော တရုတ်နိုင်ငံသားများကို ကယ်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက် ရန် ထိုင်းနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်ပြီး ယနေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ တစ်ဆင့် သောင်ရင်းမြစ် တစ်ဖက်ကမ်းရှိ BGF ထိန်းချုပ်ထားသော ရွှေက္ကိုလ်မြို့ကို လာရောက် စစ်ဆေးကြည့်ရှုသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
တရုတ်နိုင်ငံ ၊ ပြည်သူ့လုံခြုံရေးရာ လက်ထောက်ဝန်ကြီးနှင့်အဖွဲ့က မြ၀တီမြို့ နယ်၊ ရွှေက္ကိုလ်မြို့တွင် တွေ့ရှိရသော အထပ်မြင့်အဆောက်အအုံကြီးများကို ကြည့်ရှုသွားခဲ့ပြီး Ya Tai ကုမ္ပဏီ ဆိုင်းဘုတ်ကိုပါ အဆောက်အအုံကိုလည်း မဲဆောက်ဘက် အခြမ်းမှ မြင်တွေ့သွားကြောင်း၊ အဖွဲ့ဝင်တချို့က ဓာတ်ပုံနှင့်ဗီဒီယိုမှတ်တမ်းများ ရယူသွားကြောင်း သိရှိရသည်။
ရွှေက္ကိုလ်သည် BGF နယ်ခြားစောင့်တပ်၏ လွှမ်းမိုးထားသည့် နယ်မြေဖြစ်ပြီး ယင်းဧရိယာတွင် နှစ် ၉၀ မြေအငှားဖြင့် တရုတ်လုပ်ငန်းရှင်များကို ခွင့်ပြုထားကြောင်း၊ ရွှေက္ကိုလ်အတွင်း ကာစီနိုများ၊ ဖျော်ဖြေရေးစခန်းများ၊ ဟိုတယ်များ အပါအဝင် အထပ်မြင့် အဆောက်အအုံ ၁၀၀ ကျော်ရှိကြောင်း သိရှိရသည်။
တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးရာ လက်ထောက်ဝန်ကြီး၏ ပြောဆိုချက်အရ ကျားဖြန့်ငွေလိမ်း တရုတ်ဂိုဏ်း ၃၆ ခုရှိပြီး လူပေါင်း ၁ သိန်းကို အလုပ်ခန့်ထားပြီး ငွေကြေးများ လိမ်လည်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ- The Reporter။
ဘူးသီးတောင်မြို့ရှိ နေအိမ်တွေကို လူမျိုးရေးပဋိပက္ခဖြစ်ပွားစေရန် ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခိုင်းခြင်းဖြစ်ဟု ခမရ ၃၅၃ တပ်ခွဲမှူး ဗိုလ်မှူးလှိုင်ဝင်းထွန်းဝန်ခံပြောဆို
ဇန်နဝါရီ ၂၉ ရက်
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ ရခိုင်လူမျိုးများ၏ နေအိမ်တွေကို လူမျိုးရေးပဋိပက္ခဖြစ်ပွားစေရန် ရည်ရွယ်ချက်နဲ့ စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခိုင်းခြင်းဖြစ်တယ်လို့ ခမရ ၃၅၃ တပ်ခွဲမှူး ဗိုလ်မှူးလှိုင်ဝင်းထွန်းဝန်ခံပြောဆိုထားပါတယ်။
၂၀၂၄ ခုနှစ် ဧပြီလ ၂၅ ရက်နေ့မှ ဘူးသီးတောင်အခြေချ ဗျူဟာမှူး ဗိုလ်မှူကြီးတင်မိုးအောင်ရဲ့ အမိန့်ပေးစေခိုင်းချက်အရ စစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာလက်နက်ကိုင်တွေနဲ့အတူ ဘူးသီးတောင်မြို့ရှိ ရခိုင်လူမျိုးတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ရတယ်လို့ သူကဆိုပါတယ်။

မင်းကွန်းဒေသ မြသိန်းတန်ဘုရားအနီး တိုက်ပွဲဖြစ်
*******************
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ မင်းကွန်းဒေသရှိ နာမည်ကျော် မြသိန်းတန်ဘုရားအနီး ဇန်နဝါရီ ၂၇ ရက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောကြသည်။
မန္တလေးမြို့၏အနောက်ဘက် မင်းကွန်းဒေသတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ရံဖန်ရံခါ ရင်ဆိုင်ရတတ်သည့် စစ်ကောင်စီတပ်သည် မင်းကွန်းကျေးရွာမှ မြောက်ဘက်သို့ ထွက်လာစဉ် ရှားရောင်းကျေးရွာအနီး နံနက်ပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ညနေ ၃ နာရီခန့်တွင် မြသိန်းတန်ဘုရားအနီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မြသိန်းတန်ဘုရားတွင် တပ်စွဲထားသော ထိုစစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြုခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“မြသိန်းတန်က ထွက်လာတဲ့ စကစကင်းပုန်းနဲ့ ထိတွေ့ဖြစ်တာပါ။ သူတို့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်တယ်။ ဒီနေ့မနက်လည်း မြသိန်းတန်ဖက်ကနေ ကင်းရွာဖက်ကို သူတို့ပစ်နေတယ်။ အသေးစိတ်အခြေအနေတော့ မသိရသေးဘူးဗျ”ဟု အသက် ၃၀ အရွယ် အဆိုပါဒေသခံက ဆိုသည်။
မင်းကွန်းကျေးရွာ၏မြောက်ဘက်သို့ သွားရာ ရှားရောင်းကျေးရွာတွင် စစ်တပ် မိုင်းဆွဲခံရပြီးနောက် ပြန်လှည့်သွားကြောင်း၊ အထိအခိုက်အခြေအနေကို မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။
စစ်ကိုင်းမြို့အနီးတဝိုက်တွင်အခြေစိုက်ပြီး မင်းကွန်းဒေသတွင် စစ်ရေးလှုပ်ရှားနေသည့် “ ယူနီကွန်း “ အမည်ရှိ ပြောက်ကျားတပ်ဖွဲ့က တိုက်ပွဲအခြေအနေများကို အတည်ပြုခဲ့ပြီး အသေးစိတ်အခြေအနေကို မကြာမီသတင်းထုတ်ပြန်မည်ဟု ပြောသည်။
ထိုအဖွဲ့သည် ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နေ့က စစ်ကိုင်း-မင်းကွန်းကားလမ်းပေါ်တွင် ရိက္ခာပို့ပြန်လာသည့် စစ်ကိုင်းမြို့မှ နာမည်ကြီး ပျူစောထီး ခေါ် ပြည်သူ့စစ်ခေါင်းဆောင် ရွှေကျား(ခေါ်)ကျော်မျိုးထွန်း အပါအဝင် ၁၂ဦးခန့်လိုက်ပါလာ သော ကား ၂ စီးကို ချုံခိုတိုက်ခိုက်ခဲ့ပြီး ထိုခေါင်းဆောင် အပါအဝင် ၉ ဦးသေဆုံးခဲ့သည်။
ယမန်နေ့က မြသိန်းတန်စေတီအနီး တိုက်ပွဲအခြေအနေကို မန္တလေးမြို့မှ နာမည်ကျော် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဆိုသူက မင်းကွန်းမှ ပျူစောထီးဘက်တော်သားတစ်ဦးကို မေးမြန်းထားသည့် ရုပ်သံကို ၎င်း၏ တယ်လီဂရမ်စာမျက်နှာတွင် ဖော်ပြထားသည်။
အဆိုပါ ရုပ်သံတွင် မင်းကွန်းကျေးရွာအနီး ထုံးဘိုရွာ PDFစခန်းများမှ လာရောက်သည့် အင်အား၂၀၀ ခန့်သည် မြသိန်းတန်ဘုရားတွင် တပ်ချထားသည့် စစ်ကောင်စီလက်နက်ကိုင်များထံ လာရောက်တိုက်ခိုက်နေ၍ မန္တလေးမြို့ဘက်မှ လက်နက်ကြီးပစ်ကူပေးနေရသည်ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိကြောင်း၊ PDF ဘက်မှ အထိအခိုက် များပြားနိုင်ကြောင်း၊ ပြည်သူ့စစ်များ မင်းကွန်းဒေသမှ မဆုတ်ခွာဘဲ ကြံ့ကြံ့ခံခုခံစေလိုကြောင်း လည်း ယင်းရုပ်သံတွင် ပြော ထား သည်။
မင်းကွန်းဒေသရှိ စစ်ကောင်စီတပ်က တိုက်ခိုက်ခံရလျှင် အရပ်သားတို့ကို ရန်ရှာလေ့ရှိသည်ဟု လွန်ခဲ့သည့်၂ လခန့်က စစ်ကိုင်းမြို့ခံအမျိုးသား တစ်ဦးက ပြောသည်။
“မင်းကွန်းဒေသဖက်မှာက တော်လှန်ရေးအဖွဲ့စုံ လှုပ်ရှားနေတယ်။ စစ်ကိုင်း၊ မန္တလေး၊ ဝက်လက်အဖွဲ့တွေအစုံပေါ့။ မင်းကွန်းရဲစခန်းဆို မကြာခဏ အပစ်ခံရတယ်” ဟု ၎င်းက ပြောပြထားသည်။
“ဒီတော့ သူတို့ကလည်း ရွာတွေကို မကြာခဏစစ်ကြောင်းထိုးတယ် ။ သတ်ဖြတ်မီးရှို့တာတွေ လုပ်တယ်။ ဒေသခံတွေ အများစုလည်း ရှောင်နေကြရတယ်”
စစ်တပ်ကမူ မီးရှို့မှုများမှာ ၎င်းတို့လက်ချက်မဟုတ်ဟု ရံဖန်ရံခါ တုံ့ပြန်တတ်သည်။
မင်းကွန်းဒေသသည် စစ်ကိုင်းမြို့၏မြောက်ဘက်ခြမ်းတွင် တည်ရှိပြီး မန္တလေးမြို့၏အနောက်ဖက်နှင့်လည်း ဧရာဝတီမြစ်သာခြားထားသည်။ မြသိန်းတန် ဘုရားသည်လည်း ပြည်တွင်းပြည်ပ ဧည့်သည်များ စိတ်ဝင်စားသည့်နေရာတစ်ခု ဖြစ်သည်။
ရှေးဟောင်းစေတီပုထိုးများ၊သမိုင်းဝင်မင်းကွန်းခေါင်းလောင်းကြီးနှင့် မြန်မာ့လက်မှုပညာလက်ရာများ ကြောင့် နာမည်ကျော်သည့် မင်းကွန်းဒေသသည် ခရီးသွားဧည့်သည်များကိုပါ ဆွဲဆောင်ထားနိုင်သည့် ဒေသတစ်ခုဖြစ်သည်။
ဆင်းရဲခေါင်သီလှသော အဆိုပါဒေသ မြစ်ကမ်းနဖူး ကျေးရွာငယ်များသည် ခရီးသွားဧည့်သည်များကို မှီတင်းကာ လုပ်ကိုင်စားသောက်ခဲ့ကြရပြီး ယခုအခါ တိုက်ပွဲများပတ်လည်ဝိုင်းနေသည့် အခြေအနေများနှင့် ခရီးသွားဧည့်များရှားပါးလာမှုတို့ကြောင့် အများစုမှာ ဒေသကိုစွန့်ခွာကုန်ကြသည်ဟု သိရသည်။
မင်းကွန်းဒေသတွင် တိုက်ပွဲများ ယမန်နှစ်အတွင်းက ဖြစ်ပွားလာခဲ့ပြီး နှစ်ကုန်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ပေါ်ပေါက်လာသည်။
မင်းကွန်းတစ်ဖက်ခြမ်း အရှေ့မြောက်ဘက်တွင် တော်လှန်ရေးတပ်များ အင်အားကောင်းသော မတ္တရာ အနောက်ခြမ်းဒေသ မြစ်ကမ်းဘေးကျေးရွာများရှိပြီး ၂၀၂၄ နှစ်ကုန်ပိုင်းတွင် စစ်ကောင်စီတပ်က နယ်မြေစိုးမိုးမှုပြန်ရယူထားကာ ကျေးရွာများကို မီး ရှို့နေသည်ဟု သိရသည်။
ပုံစာ-ခရီးသွားများ လာရောက်လည်ပတ်လေ့ရှိရာ မင်းကွန်းပုထိုးတော်ကြီးကို ၂၀၂၀ ဇန်နဝါရီ ဒုတိယ ပတ်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)
KIA တို့ရဲ့ ပုဇင်းကင်လေး ကြည့်ရတာအားရလို့ပြန်လည်မျှဝေပါတယ်
#စစ်ကောင်စီ #နေပြည်တော် ゚ #အကြမ်းဖက်

မင်းအောင်လှိုင်၏ အမိန့်ဖြင့် ဗိုလ်မှူးချုပ်အဆင့်မှ ဗိုလ်ကြီးအဆင့်အထိ အရာရှိများကို ဝန်ကြီးဌာန အုပ်ချုပ်ရေး ယန္တရားများအတွင်းသို့ အရပ်ဘက်ရာထူးကြီးများဖြင့် အလုံးအရင်း ပြောင်းရွှေ့ သွတ်သွင်းနေ
ရန်ကုန်၊ ဇန်နဝါရီ ၂၉
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အမိန့်ဖြင့် ဗိုလ်မှူးချုပ်အဆင့်မှ ဗိုလ်ကြီးအဆင့်အထိ အရာရှိများကို ဝန်ကြီးဌာနဆိုင်ရာ ယန္တရားများအတွင်း အရပ်ဘက်ရာထူးကြီးများဖြင့် အစားထိုးလျက်ရှိကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ အကြမ်းဖက်မင်းအောင်လှိုင်၏ အမိန့်အရ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ စစ်ရာထူးခန့်ချုပ်ရုံးက စစ်တပ်ဘက်မှ ဗိုလ်မှူးချုပ် အဆင့် အရာရှိကြီးများမှစ၍ ဗိုလ်ကြီးအဆင့်အထိ အရာရှိငယ်များကို ဝန်ကြီးဌာနဆိုင်ရာ ယန္တရားများအတွင်းသို့ အလုံးအရင်းဖြင့် ခန့်ထား သွပ်သွင်းလျက်ရှိကြောင်း သိရှိရသည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်းတွင်ပင် စစ်ကောင်စီက ဗိုလ်မှူးချုပ်အဆင့် အရာရှိကြီးများမှစ၍ ဗိုလ်ကြီးအဆင့် အရာရှိငယ် ၅၀ ဝန်းကျင်ကို စစ်ကောင်စီ၏ ယန္တရားများအတွင်းသို့ အရပ်ဘက်ရာထူးများဖြင့် သွပ်သွင်းခဲ့ကြောင်း၊ စစ်အရာရှိများကို အရပ်ဘက် အနိမ့်ဆုံး ဦးစီးအရာရှိရာထူးမှ အမြင့်ဆုံး ဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ်နှင့်အတွင်းဝန်ရာထူးများအထိ သွပ်သွင်းခန့်အပ်ခဲ့ကြောင်း သိရှိရသည်။
"နိုင်ငံရေးရာထူး ဒုဝန်ကြီးနဲ့ ဝန်ကြီးအဆင့် ရာထူးတွေမှာလည်း အရန်အင်အားသွင်းထားတဲ့ စစ်ဗိုလ်ချုပ်တွေကို ခန့်အပ်နေသလို ဝန်ကြီးဌာန ယန္တရားတွေမှာလည်း ဗိုလ်မှူးချုပ်အဆင့်ကနေပြီး ဗိုလ်ကြီးအဆင့်အထိ အရာရှိတွေကို အရပ်ဘက်အသွင်းပြောင်းပြီး ခန့်အပ်တာတွေ အရမ်းကိုများလာနေပါတယ်" ဟု နေပြည်တော် တပ်သတင်းရင်းမြစ်က ဆိုသည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက မင်းအောင်လှိုင်၏ အမိန့်ဖြင့် ဗိုလ်မှူးချုပ် မျိုးကျော်သူကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေခဲ့ကြောင်း သိရှိရသည်။
"နှစ်ပိုင်းရှိပါတယ်။ တချို့ စစ်ဘက်ရာထူးကြီး အရာရှိကြီးတွေကို အရပ်ဘက် ဝန်ကြီးဌာနဘက်မှာ နိုင်ငံရေးရာထူးဖြစ်တဲ့ ဒုဝန်ကြီး၊ ဝန်ကြီး မဟုတ်ဘဲ အခြားယန္တရား ရာထူးကြီးတွေကို ပေးတာက အပြစ်ပေးတဲ့ အနေနဲ့ ပို့တာရှိသလို အပြစ်ပေးတာမဟုတ်ဘဲ တမင်ကို ရည်ရွယ်ချက်ရှိရှိ ပို့တာလည်းရှိပါတယ်။ ဗိုလ်မှူးချုပ် မျိုးကျော်သူကို အားကစားနဲ့ လူငယ်ရေးရာ ဝန်ကြီးဌာနကို ပို့တာကတော့ သူ့လူမို့ ရာထူးတမင်ပေးပြီး လုပ်ပိုင်ခွင့်ပေးတာဖြစ်ပါတယ်" ဟု တပ်သတင်းရင်းမြစ်က ရှင်းပြသည်။
အလားတူ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ ဒုတိယဗိုလ်မှူးကြီး စိုးမြတ်သူကို နေပြည်တော်စည်ပင်တွင် လက်ထောက်ဌာနမှူး (ဒုတိယညွှန်ကြားရေးမှူး) ရာထူးဖြင့်လည်းကောင်း၊ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဗိုလ်ကြီး မင်းကိုကိုဦး ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ဦးစီးအရာရှိအဖြစ်လည်းကောင်း၊ ဗိုလ်ကြီးကျော်မိုးထွန်းကို မော်လမြိုင်မြို့အခြေစိုက် ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဦးစီးအရာရှိအဖြစ်လည်းကောင်း ခန့်အပ်ခဲ့သည်။
ထို့ပြင် ၂၀၂၄ ခုနှစ် ၊ နိုဝင်ဘာလ ၁၄ ရက်နေ့ တွင် ဗိုလ်မှူးကြီး မင်းသော်အေးကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ်လည်းကောင်း ၊ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဗိုလ်မှူး မျိုးဇေယျာအောင်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြင့်တင်ရေးအဖွဲ့၏ လက်ထောက်ညွှန်ကြားရေးမှူး အဖြစ်လည်းကောင်း၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဗိုလ်ကြီးအောင်အောင်ဦးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၏ ဦးစီးအရာရှိအဖြစ်လည်းကောင်း ခန့်အပ်ခဲ့သည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ဒုတိယဗိုလ်မှူးကြီး နိုင်နိုင်လွင်ကို ဘဏ္ဍာရေးနှင့်စီမံကိန်းဝန်ကြီးဌာန၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူး အဖြစ်လည်းကောင်း၊ ဗိုလ်မှူး အာကာလရောင်ကိုလည်း အဆိုပါဌာန၏ လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် လည်းကောင်း ခန့်အပ်ခဲ့ပြန်သည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဗိုလ်မှူးနေနိုင်ထွန်းကို ငါးလုပ်ငန်းဦးစီးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး၊ ဗိုလ်မှူးထင်လင်းကျော်ကို ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး၊
ဗိုလ်ကြီးနေထူးနိုင်ကို ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ ဦးစီးအရာရှိများအဖြစ်လည်းကောင်း ခန့်အပ်ခဲ့သည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ရေတပ်မှ ဗိုလ်ကြီးကျော်ဇေယျာလွင်ကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ရုံးချုပ်၊ ဓာတ်အားဖြန့်ဖြူးရေးဌာနမှ မန်နေဂျာရာထူးနေရာသို့ လည်းကောင်း၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အမှတ် ၁၅ တပ်မတော်ဆေးရုံမှ ဗိုလ်ကြီး ညီညီထွန်းကို မန္တလေး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ မြစ်သားမြို့နယ် လျှပ်စစ်မန်နေဂျာရုံး၏ မန်နေဂျာ(စီမံ) ရာထူးသို့လည်းကောင်း ပြောင်းရွှေ့ ခန့်အပ်ထားသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဗိုလ်ကြီးဝင်းမောင်ကို စီးပွား/ကူသန်းဝန်ကြီးဌာန၏ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ဦးစီးအရာရှိ အဖြစ်လည်းကောင်း၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် အမှတ် ၅၁၅ ခြေမြန်တပ်ရင်းမှ အီးအေ ၁ အရာရှိ ဗိုလ်ကြီး ကျော်မိုးထွေးကို ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံး၏ ဦးစီးအရာရှိအဖြစ်လည်းကောင်း ခန့်အပ်လိုက်ကြောင်း သိရှိရသည်။
မင်းအောင်လှိုင်၏ ရည်ရွယ်ချက်မှာ ရွေးကောက်ပွဲ ကျင်းပဖြစ်၍ အရပ်သားအစိုးရ အပြောင်းအလဲများ ဖြစ်လာသည့်တိုင် စစ်အရာရှိများ ကြီးစိုးထားသော အုပ်ချုပ်ရေးယန္တရားကို ဆက်လက် အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း တပ်သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။
တော-င်တွ-င်းကြီးကနေ အာ-လူးအပြ-ည့်နဲ့ စ-စ်ယာ -ဉ်တ-န်း ၂၇ စီး မ-ကွေးဘက်ကို တ-က်လာနေပါတယ်။ငဖဲ ပဒါန်း ဘက်ကို ဦးတ-ည်ဖို့ များပါ့မယ်။ မကွေး-တို-င်း ငဖဲမြို့နယ် ဂု-တ်စ-ည်းရိုးအထိ ကိုချေတို့ ရောက်လာနေပြီ။ရတတမခ ၉၉ ရဲ့ ရတ ခမရ ၁၄(ကျော-က်ဆ-ည်) နဲ့ ရတခမရ ၄၁၉(ယ-င်း-တော်) တို့ ဆု-တ်လာကြရပြီပေါ့။ကြားထဲမှာ ကတုံးကြီးစခ-န်း ဒါပြီးရင် န-တ်ရေကန်ပဲ ရှိပါတော့မယ်။ပြီးရင်တော့ ပဒါ-န်းပေါ့ဗျာ။
မ-င်းတုန်းဘက်မှာ တို-က်ပွဲအရှိ-န် မ-ပြေသေးပါဘူး။အဲဒီမှာ တော်-လှ-န်-ရေး အ-င်-အားစုတွေကို လ-က်ထော-က်ချနေတဲ့ ဇီ၀စိုး ဆိုင်ပိုင်ရှင် (သ-န်းလှို-င် ၀- င်း)ဟာ မ-ကွေးလေတ-ပ် စခ-န်းဌာ-နချု-ပ်မှူးကို ဖုန်းဆက်ပြီး သတ-င်းပေး-ပို့နေခြင်း ဖြစ်ပါတယ်။
ဘာပဲပြောပြော ဒကစ (ပြ-ည်) ကတော့ မျက်ခုံးလှု-ပ်နေလောက်ပြီ။သူက မျက်ခုံးပဲ လှုပ်သေးတာ။ပန်းတော-င်းတ-ပ်န-ယ်ကတော့ မျက်လုံးပြူးနေမှာ သေ ချာနေပြီ။ခေ-တ္တ ဒက-စမှူး မိုးထိကို သွားတာ ရက် ပိုင်းရှိသေး ပ-လုံသွားပြီ။ကျွန်တော် ပြောခဲ့တာ မှတ် မိကြအုံးမလားတော့ မသိဘူး။ရောက်ခဲ့သည်ပေါ့နော်လို့။
နောက်တစ်ခု ရှိသေးတယ်။အခု ကိုချေတို့ သံချ-ပ်ကာ ယာ-ဉ်တ-န်းနဲ့ ချီ-တ-က်လာနေတာကိုလည်း ထု-တ်ပြလိုက်ပြီ။ဧရာ-၀တီတို-င်းဘက်ဆီသို့ ..ကြိုဆိုပါ၏..နှုတ်ခွန်းဆက်သပါ၏ ဆိုင်းဘုတ်လေးတွေနဲ့ မှတ်တမ်းတင်ပြတာလေးက ချစ်စရာဓလေ့။
"ရွှေကုက္ကိုလ်မှ ကြိုဆိုပါ၏" ဆိုတာတွေ ဘာတွေ မကြာမီ လာတော့လေမလား😁😁😁 ။အစ်ကိုချေတို့ အလု-ပ်များနေပါတယ်။မော-င်-တောမှာ အု-ပ်ချု-ပ်ရေး ယန္တ-ရား လ-ည်ပ-တ်နိုင်ရေး ကြိုး-စားနေရသလို စိုက်တွေမှာ အဖွ-င့်ဂိုး သွ-င်းနိုင်ရေး လုံး-ပ-န်းနေရပါသေးတယ်။
က-ရ-င်နီ ဖားဆော-င်း သတ-င်းတွေ တ-က်နေပေမယ့် အတ-ည်-ပြုလို့မရသေးပါဘူး။တကယ်တမ်း အလံဖြူသာ ထော-င်ခဲ့ရင်တော့ မို-က်ပြီပေါ့ဗျာ။အဲဒီဘက်ကို ကျွန်တော် သွားတုန်းက အဲဒီဂွ-င်ထဲက တ- ပ်ရ-င်းတွေ စခ-န်းတွေက သာမန်ပြည်သူတွေကိုတောင် အလွ-တ်ပေးတာ မဟုတ်ဘူးဗျ။တစ်ချို့နေ ရာတော်တော်များများက လ-မ်း-ဆိုးနေရင်တောင် အမြ-န်မော-င်းပြေး-ရတာချည်းဘဲ။မထင်ရင် မထင်သလို အာ-ပီ-ဂျီတွေ စ-က်လ-တ်တွေနဲ့ လှမ်းပြီး ထု- တတ်လို့။မိုးတွင်းဆိုတော့ ထူးချောင်းကို ကွေ့ပ-တ်ပြီး ခဲရာ ခဲဆစ် ဖြ-တ်ခဲ့ရသေးတာ။ကားကို ဆင်နဲ့ဆွဲရတယ်။လမ်းမှာ ကားကပျ-က်ပြီး တို-က်ပွဲ-ကြားထဲ ရောက်နေသေးတယ်။လိုက်ပို့ပေးတဲ့ တ-ပ်ရ-င်းမှူးကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။စီစ-ဉ်ပေးကြသူများကို ရောပေါ့ ခင်ဗျာ။
ရတခဂွ-င် လှို-င်းဘွဲ့ ဗျူ-ဟာကုန်းမှာ အခြေ-ချစ-စ်ဗျူ-ဟာမှူး ကာန-ယ် စိုးမ-င်းအော-င် ထိုင်ပါတယ်။လှိုင်းဘွဲ့ အ-ခြေစိုက် တ-ပ်တွေဖြစ်တဲ့ ရတခမရ ၂၈ (အာလူး ၇၀ )၊ ရတခမရ ၃၃၈ (အာ-လူး ၁၀၀) ၊ရတခမရ ၃၃၉ (အာလူး ၈၀ +) နဲ့ မုဒုံ အ-ခြေစိုက် ရတအမတ ၃၁၃ ရဲ့ အမြော-က်တ-ပ်ခွဲ တစ်ခွဲ အခြေပြုထားပါတယ်။
ကရခ ဂွင် ထား၀-ယ်မြို့နယ်ထဲက ၀-န်ကြီးအိမ်ယာနဲ့ တစ်မိုင်လောက်သာ အ-ကွာအဝေးရှိတဲ့ ကမြောကင်းတံတား စ-စ်-ဆေးရေးဂိ-တ်စခ-န်း ယမန်နေ့ည ၇နာရီ မထိုး-ခင်မှာ ပူး-ပေါ-င်းတ-ပ်ဖွဲ့တွေ စီး-န-င်းတို-က်ခို-က်နိုင်ခဲ့ပါတယ်။ကာကွ-ယ်-ရေးတ-ပ်ဖွဲ့ တွေ အ-ထိအခို-က် မရှိ ပြ-န်လ-ည်ဆု-တ်ခွာနိုင်ခဲ့ပေမယ့် လ-က် န-က်ကြီး ပ-စ်ခ-တ်မှုကြောင့် ဒေသခံပြည်သူတွေ ထိ -ခို-က်မှု ရှိပါတယ်။စကစဘက်က အကျ-အ-ဆုံးရှိပေမယ့် အရေအတွက် စိစစ်နေဆဲ ဖြစ်ပါတယ်။
ဆိပ်ဖြူ ရွှေပေါ်ကျွန်း အ-ခြေစိုက် ကပစ ၂၂ ကနေ ပတ်ချာလည် ကျေးရွာတွေကို ရ-မ်းသမ်းပြီး လ-က်န- က်ကြီးနဲ့ ပ-စ်ခ-တ်ခဲ့တယ်။ဒေသခံပြည်သူတွေ ထိခို-က်သေ-ဆုံးမှု ရှိခဲ့ပါတယ်။ကပစ စက်ရုံတွေဟာ စကစရဲ့ အဓိက ဒေါ-က်တို-င်တွေထဲမှာ အရေးကြီးတဲ့ အခ-န်းကဏ္ဍက ပါ၀င်နေပါတယ်။စက်ရုံတွေကို ဖျ-က်စီးပ-စ်ဖို့ထက် အဓိကကျတာက ရေလိုင်း၊ မီးလိုင်း တွေကို ဖြ-တ်တော-က်နိုင်ဖို့ပဲ ဖြစ်ပါတယ်။စက်ရုံတွေကို သီးခြား ဓာတ်အားလိုင်းတွေနဲ့ သွ-ယ် တ-န်းထားတာဖြစ်ပါတယ်။
ကပစ ၂၂ ဟာ ကိုယ်ပိုင်ထုတ်လုပ်မှု မရှိပေမယ့် ကပစ ၃ ၁၁ နဲ့ ၂၁ တို့ရဲ့ ထုတ်လုပ်မှု ပြ-တ်မသွားအောင် ထုတ်ပေးရတဲ့ အ-ကူစက်ရုံတစ်ခု ဖြစ်ပါတယ်။ကပစ ၃ (ဆင်တဲ)နဲ့ ၂၁ (ကဇွန်းမ)ဟာ အမြော-က်ဆံနဲ့ လေယာ-ဉ်ဗုံး-သီးထု-တ်တာဖြစ်သလို ကပစ ၁၁(ဖူးကြီး)ကတော့ လ-က်န-က်ငယ် စီးရီးဖြစ်တဲ့ MA 11/12/13 ထုတ်တဲ့ စက်ရုံတွေဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ ကပစ ၁ (တပ်ကုန်း) ဟာ ရေ- ဘေးကြောင့် စက်ရုံတွေ ပြန်လည်ပြုပြင်နေရတာမို့ ထုတ်လုပ်မှု ရပ်နားထားရပါတယ်။
ဒါကြောင့် ရွှေပေါ်ကျွန်း စက်ရုံဟာ ကပစ ၁၁ အ တွက် လ-က်န-က်ငယ် အစိတ်အပိုင်းတွေကို အဓိကထားပြီး ထု-တ်ပေးနေရချိန် ဖြစ်ပါတယ်။ကပစ ၁၃ (ပိတောက်ကန်) က ယ-မ်းချ-က်စက်ရုံ မဟုတ်ပါဘူး ။Black Powder ၊ Primer နဲ့ သတ္ထုတွင်းသုံး EE တွေ အဓိက ထုတ်ပါတယ်။ဖားက-န့်မှာဆိုရင် တ-ပ်စု တစ်စု သွားရောက် တွဲဖ-က်ထားရလေ့ရှိပါတယ်။ကပစ စ-က်ရုံအားလုံး (All DI) ထဲမှာဆိုရင် ကပစ ၁၃ ဟာ FO လို့ ခေါ်တဲ့ မီးထိုးဆီ ခွဲတမ်း အများဆုံး ရရှိတဲ့ စက်ရုံတစ်ခု ဖြစ်ပါတယ်။ဒါကြောင့် ကပစ ၁၃ ဟာ DI (De-fe-nse In-dustries) တွေရဲ့ ဒူဘိုင်းလို့တောင် ခေါ်ဆိုကြကြောင်းပါ ခင်ဗျာ။
ဇင်ယော်
၂၀၂၅ ဇန် ၂၈ ၁၆၄၅
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Bangkok