အစ်ဆာရာမြန်မာ - Issara

အစ်ဆာရာမြန်မာ - Issara

แชร์

အစ်ဆာရာသည် ​ရွှေ့​ပြောင်းအလုပ်သမားအ​ရေးကို​ဆောင်ရွက်​နေသည့်အဖွဲ့ဖြစ်သည်။

အစ်ဆာရာအဖွဲ့သည် ​ရွှေ့​ပြောင်းအလုပ်သမားများ၊ အလုပ်ရှာ​ဖွေ​နေသူများ၊ အလုပ်သမား​အရေး​ဆောင်ရွက်​နေသည့်အဖွဲ့အစည်းများနှင့်သာမက နိုင်ငံတကာဝယ်လက်များ၊ အလုပ်ရှင်များနှင့် လုပ်သားစု​ဆောင်းသည့်​အေဂျင်စီများနှင့်ပူးပေါင်း၍ လုပ်သား​ခေါင်းပုံဖြတ်ခံရမှုများကို​ဖြေရှင်း​ဆောင်ရွက်လျက်ရှိပါသည်။ အလုပ်သမားများ၏အသံနှင့် အကြံဥာဏ်များဖြင့် ဤပြသနာများကိုထိ​​ရောက်စွာ​ဖြေရှင်းနိုင်မည်ဟု ယုံကြည်ပါသည်။
ထိုင်းနိုင်ငံ​ရောက်အ

14/05/2026

👇အရေးကြီးသတိပေးချက် - စက်ရုံအလုပ်သမားများအတွက် အရက်၊ ဘီယာနှင့် ပတ်သက်သည့် စည်းကမ်းအသစ် (၂၀၂၆)

✅၂၀၂၆ ခုနှစ်၊ မေလ (၁၂) ရက်နေ့မှစတင်၍ ထိုင်းနိုင်ငံတော်အစိုးရသည် စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံးခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ ဥပဒေသစ်ကို ပြဌာန်းလိုက်ပြီဖြစ်ပါသည်။ မိမိတို့၏ အလုပ်အကိုင်နှင့် တရားဝင်နေထိုင်ခွင့် အဆင့်အတန်းကို ထိခိုက်မှုမရှိစေရန်အတွက် အောက်ပါစည်းကမ်းချက်များကို တိကျစွာ လိုက်နာကြပါရန် အသိပေးအပ်ပါသည်။

၁။ အဓိကတားမြစ်ချက်
❎စက်ရုံလုပ်ငန်းခွင် ဧရိယာအတွင်း မည်သည့်နေရာတွင်မဆို အရက်၊ ဘီယာနှင့် မူးယစ်စေတတ်သောသောက်စရာများကို သောက်သုံးခြင်း နှင့် ရောင်းချခြင်း ကို ပြတ်သားစွာ တားမြစ်ထားပါသည်။

၂။ မည်သည့်နေရာများတွင် သက်ဆိုင်သနည်း
ဤဥပဒေသည် စက်ရုံဝန်းတစ်ခုလုံးနှင့် သက်ဆိုင်ပြီး အထူးသဖြင့်
အောက်ပါနေရာများ ပါဝင်ပါသည် -
စက်ရုံထုတ်လုပ်မှုလိုင်းနှင့် အလုပ်လုပ်သည့်နေရာများ
❎ကုန်လှောင်ရုံနှင့် ပစ္စည်းသိုလှောင်သည့်နေရာများ
❎စက်ရုံဝင်းအတွင်းရှိ ထမင်းစားဆောင်၊ အနားယူဆောင်နှင့် ယာဉ်ရပ်နားစခန်းများ

၃။ မည်သည့်အချိန်တွင် လိုက်နာရမည်နည်း
✅အချိန်ပြည့်လိုက်နာရန် - အလုပ်လုပ်နေချိန်သာမက ထမင်းစားနားချိန်နှင့် အလုပ်ဆင်းချိန်များတွင်လည်း စက်ရုံဝင်းအတွင်း၌ သောက်သုံးခြင်း မပြုရပါ။

၄။ ဘာကြောင့် လိုက်နာရမှာလဲ (အရေးကြီးချက်)
❎ထောင်ဒဏ်နှင့် ငွေဒဏ်ခံရနိုင်ခြင်း - ထိုင်းနိုင်ငံ ဥပဒေကို ချိုးဖောက်တာဖြစ်လို့ ရဲဖမ်းခံရခြင်း၊ ငွေဒဏ်အမြောက်အမြား ပေးဆောင်ရခြင်းများ ဖြစ်လာနိုင်ပါတယ်။
❎အလုပ်ပြုတ်ပြီး နေရပ်ပြန်ရနိုင်ခြင်း - စည်းကမ်းဖောက်ဖျက်ရင် အလုပ်ကချက်ချင်း ထုတ်ပယ်ခံရမှာဖြစ်ပြီး ဝပ်ပါမစ် (Work Permit) ပါ ပယ်ဖျက်ခံရနိုင်ပါတယ်။
❎မတော်တဆမှု ဖြစ်နိုင်ခြင်း - အရက်သောက်ပြီး အလုပ်လုပ်ရင် စက်ပစ္စည်းတွေနဲ့ ထိခိုက်ဒဏ်ရာရတာ၊ အသက်ဆုံးရှုံးတာတွေ ဖြစ်တတ်ပါတယ်။
Reference:https://ratchakitcha.soc.go.th/documents/113971.pdf

13/05/2026

" အမိမြန်မာနိုင်ငံကို ခေတ္တအလည်ပြန်လာကြမယ့် ရွှေ့ပြောင်း ညီအကိုမောင်နှမတို့ရေ”
မိမိတို့ရဲ့ နောင်ရေးအလုပ်အကိုင် အခွင့်အရေးတွေ မဆုံးရှုံးရအောင် အရေးကြီးတဲ့ အချက်လေးတစ်ခုကို အစ်ဆာရာက ကြိုတင် သတိပေးချင်ပါတယ်။ PJ (Passport for Job) သို့မဟုတ် CI (Certificate of Identity) ကိုင်ဆောင်ထားတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားအားလုံးဟာ မြန်မာပြည်ကို ခေတ္တ အလည်ပြန်လာကြမယ်ဆိုရင် လေဆိပ်ရောက်တာနဲ့ အလုပ်သမားဝန်ကြီးဌာန ကောင်တာမှာ မဖြစ်မနေ စာရင်းပေးသွင်းခဲ့ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒီထုတ်ပြန်ချက်က ယခုနှစ် ၂၀၂၆ ဇန်နဝါရီ (၁၅) ရက်ကစပြီးအသက်ဝင်ထားတာ ဖြစ်ပါတယ်။
ဒါက ဘာလို့ ဒီလောက်အရေးကြီးတာလဲဆိုတော့ အခုနောက်ပိုင်း ရွှေ့ပြောင်း အလုပ်သမား စာရင်း အဝင်အထွက်ကို ကွန်ပျူတာစနစ်နဲ့ တိတိကျကျ မှတ်တမ်းတင်နေလို့ပါ။ လေဆိပ်မှာ သတင်းမပို့ခဲ့ရင် စနစ်ထဲမှာ 'တရားဝင်ပြန်ဝင်လာသူ' အဖြစ် စာရင်းမပေါက်ဘဲ နောက်တစ်ခါ ပြည်ပပြန်ထွက်ဖို့ ကြိုးစားတဲ့အခါ ထွက်လို့မရတာမျိုး ဖြစ်နိုင်ပါတယ်။ ကံဆိုးရင် အပြီးအပိုင် ပိတ်ပင်ခံရနိုင်တဲ့အထိ အရေးယူခံရနိုင်ပါတယ်။ ဒ့ါကြောင့် ခရီးပန်းလာပေမယ့်လည်း မိနစ်ပိုင်းလောက် အချိန်ပေးပြီး ကောင်တာမှာ စာရင်းသွင်းခဲ့ကြဖို့ တိုက်တွန်းပါရစေ။ အားလုံးပဲ မိသားစုနဲ့အတူ ပျော်ရွှင်စရာ အချိန်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ အစ်ဆာရာက ဆန္ဒပြုပါတယ်။

08/05/2026

😍အားလုံးပဲ မဂ်လာပါ။

🤓ဒီရက်ပိုင်း အစ်ဆာရာကို ဖုန်းခေါ်ဖြစ်ကြသေးလား။

😀ကွန့်မန့်မှာ ဖြေပေးခဲ့ပါဦး။

01/05/2026

🥰🥰2026 ခုနှစ်မှာ ကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာ အလုပ်သမား” နေ့အတွက် အစ်ဆာရာမှ နှုတ်ဆက်ဆုတောင်းစကား 🙏🙏🙏

30/04/2026

စီအိုင်စာအုပ် (အစိမ်းရောင် CI) စာအုပ်သမားများအတွက် သတင်းကောင်း_
************************************************************************
✅စီအိုင်_CI စာအုပ်ထုတ်လုပ်ပေးသည့် စခန်း များအား ၃-လ ထပ်မံသက်တမ်းတိုးခြင်း
ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း ထောက်ခံပေးသည့် သက်သေခံလက်မှတ် (CI) အစိမ်းရောင် စာအုပ် ထုတ်ပေးသည့် စခန်း/ စင်တာများနှင့် မိုဘိုင်း (ရွေ့လျားစခန်း) များ ပိတ်သိမ်းမည့် ရက်ကို အောက်ပါအတိုင်း ပြောင်းလဲသတ်မှတ်လိုက်ခြင်း ဖြစ်သည် -

👉ယခင်ထုတ်ပြန်ချက်အရ မူလပိတ်သိမ်းမည့်ရက် -၁၇ မေ ၂၀၂၆ (17-05-2026)
👉 အသစ် တိုးမြှင့်လိုက်သည့်ရက် - ၁၇ သြဂုတ် ၂၀၂၆ (17-08-2026) (နောက်ထပ် ၃ လ အချိန်သတ်မှတ်ပေးခြင်း)

📍📍စီအိုင်စင်တာရာနေရာများ
၁။ စမွတ်စာခွန် (Samut Sakhon) စင်တာ
၂။ စမွတ်ပရာကန် (Samut Prakan) စင်တာ
၃။ စူရတ်ဌာနီ (Surat Thani) စင်တာ
၄။ ချင်းမိုင် (Chiang Mai) စင်တာ
၅။ ချွန်ပူရီ (Chonburi) ရွေ့လျားဝန်ဆောင်မှုယူနစ် (Mobile Unit)

🏬🏬CI လျှောက်ထားလိုသော အလုပ်သမားများသည် အနီးဆုံး 7-Eleven ဆိုင်တွင် ဝန်ဆောင်ခ ၂,၆၇၀ ဘတ်ကို ပေးချေပြီး လျှောက်ထားနိုင်ပါတယ်။ ငွေပေးချေပြီးနောက် မိမိနှစ်သက်သော CI စင်တာနှင့် ချိန်းဆိုမည့် နေ့ရက်ကို ရွေးချယ် ရမှာ ဖြစ်ပါတယ်။ 7-Eleven မှာ ငွေပေးချေပြီးပါက ဆိုင်မှ ပေးအပ်သော ပြေစာကို သတ်မှတ်ထားသော နေ့ရက်တွင် ရွေးချယ်ထားသော စင်တာသို့ ယူဆောင်သွားပြီး လုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ မလိုအပ်သော အပိုကုန်ကျစရိတ် မဖြစ်စေရန် အလုပ်သမားများအနေဖြင့် ကိုယ်တိုင် လျှောက်ထားခြင်း သို့မဟုတ် မိမိအလုပ်ရှင်မှ စီစဉ်ပေးသည့် နည်းလမ်းများမှတစ်ဆင့် လျှောက်ထားရန် တိုက်တွန်းချင်ပါတယ်။

Ref: New Light of Myanmar မှ သတင်းကို အစ်ဆာရာမှ ဘာသာပြန်ကောက်နှုတ်ထားပါသည်။
https://www.gnlm.com.mm/extension-granted-until-august-for-myanmar-workers-in-thailand-to-apply-for-c-of-i-booklets/

Photos from အစ်ဆာရာမြန်မာ - Issara's post 29/04/2026

ပြည်ပမှာ အလုပ်လုပ်နေရင်း ခွင့်နဲ့မြန်မာပြည်ပြန်ဖို့ ပြင်ဆင်နေတဲ့ အလုပ်သမားညီအကိုမောင်နှမတွေအတွက် အရေးကြီးတဲ့ အပြောင်းအလဲလေးတစ်ခုရှိလို့ အစ်ဆာရာက သတိပေးပါရစေ။
ခွင့်နဲ့ မြန်မာပြည်ကို ပြန်လာပြီးနောက်ပိုင်း လုပ်ငန်းခွင်ကို ပြန်ထွက်နိုင်ဖို့ ဘာတွေပြင်ဆင်ထားရမလဲဆိုရင် -
အလုပ်ရှင်ဆီက ခွင့်စာ (Leave Letter) ယူထားပါ: မြန်မာပြည်မပြန်ခင် အလုပ်ရှင်ဆီက တရားဝင်ခွင့်ပြုချက်စာကို အရင်ရယူထားဖို့ လိုပါမယ်။
သံရုံးမှာ ထောက်ခံချက်အရင်ယူပါ: ရရှိထားတဲ့ခွင့်စာကို မိမိရောက်ရှိနေတဲ့နိုင်ငံက မြန်မာသံရုံး (သို့မဟုတ်) ကောင်စစ်ဝန်ချုပ်ရုံး မှာ အရင်ဆုံးပြသပြီး မပြန်လာခင်ကတည်းက ထောက်ခံချက် ကြိုယူခဲ့ရပါမယ်။ (ဒါမှ ပြန်ထွက်တဲ့အခါ အဆင်ပြေမှာပါ။ ထုတ်ပြန်ချက်သစ်အရ သံရုံးထောက်ခံစာမပါလာရင် ပြန်ထွက်ခွင့် ပိတ်ပင်ခံရနိုင်ပါတယ်။)
OWIC ကတ် အချက်အလက်စစ်ဆေးပါ: အကယ်၍ လက်ရှိအလုပ်နဲ့ OWIC ကတ်ထဲက အချက်အလက်တွေမတူရင် မြန်မာပြည်ရောက်တဲ့အခါ ကတ်အသစ်ပြန်လျှောက်ရပါမယ်။ ကတ်အသစ်ရမှ ပြန်ထွက်လို့ရပါမယ်။
အနည်းဆုံး ၅ ရက် ကြိုတင်လျှောက်ထားပါ: လိုအပ်တဲ့ စာရွက်စာတမ်းတွေလျှောက်ထားရာမှာ ရုံးပိတ်ရက်မပါဘဲ (၅) ရက်ကြိုပြီး လျှောက်ထားဖို့ မမေ့ပါနဲ့နော်။
အကယ်၍ ခွင့်စာအတုဖြစ်နေတာမျိုး စစ်ဆေးတွေ့ရှိရင် ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခံရမယ့်အပြင် နာမည်ပျက်စာရင်း (Blacklist) အသွင်းခံရနိုင်လို့ အရမ်းသတိထားကြပါနော်။
အားလုံးပဲ စာရွက်စာတမ်းလေးတွေ အစုံအလင်နဲ့ မိသားစုဆီ စိတ်အေးချမ်းသာစွာ ပြန်လာနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

29/04/2026

မင်္ဂလာပါ အလုပ်သမား ညီကိုမောင်နှမတို့ရေ လာမဲ့ မေလ (၁) ရက်နေ့မှာ အလုပ်ပိတ်ကြလား ဖြေပေးခဲ့ကြအုံးနော်

27/04/2026

🥰အလုပ်ရှာဖွေရာ နေရာ ကနေ CV ဖောင် ဖြည့်ဖူးပြီးကြပြီလား?

16/04/2026

🙏🙏🙏ရွှေ့ပြောင်းလုပ်သား ညီအစ်ကိုမောင်နှမတို့ရေ မြန်မာနှစ်သစ်မှာ စိက်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်း နဲ့ ပြည်စုံကြပါစေလို့ နှစ်သစ် ဆုမွန်ကောင်းတောင်းလိုက်ပါတယ် 😍🥰😍

13/04/2026

မဂ်လာပါ။ အားလုံးပဲ ဘေးကင်းလုံခြုံပြီး ပျော်ရွှင်စရာ သကြ်န်ချိန်ခါလေး ပိုင်ဆိုင်နိုင်ကြပါစေ။
"Happy Thingyan Water Festival for you all"

10/04/2026

ဂျပန်ရောက် TITP လုပ်သားများအတွက် လစာနှင့် သိကောင်းစရာများ (၂၀၂၆ ခုနှစ်အတွက်)

ဂျပန်ကို TITP (သင်တန်းသား) ဗီဇာနဲ့ သွားဖို့ ပြင်နေပါသလား? 🇯🇵🛠️
နည်းပညာသင်တန်းသား (Technical Intern Training Program - TITP) တွေအနေနဲ့ ဂျပန်မှာ ရရှိနိုင်မယ့် လစာနှုန်းထားတွေနဲ့ ဖြတ်တောက်မှုတွေကို ကြိုတင်တွက်ချက်ထားနိုင်ဖို့ ဒီအချက်အလက်တွေကို သိထားဖို့ လိုပါတယ်။
📊 ၂၀၂၆ ခုနှစ် TITP လုပ်သားများ၏ ပျမ်းမျှလစာနှုန်းထား:
ဂျပန်နိုင်ငံရဲ့ အနိမ့်ဆုံးအခကြေးငွေတွေ တိုးမြင့်လာတာနဲ့အမျှ TITP လုပ်သားတွေရဲ့ ပျမ်းမျှလစာဟာလည်း အနည်းငယ် မြင့်တက်လာပါတယ်။
ပျမ်းမျှ လစဉ်လစာ (Gross Salary): ¥165,000 မှ ¥185,000 ဝန်းကျင် (အလုပ်ချိန်နှင့် ဒေသအပေါ် မူတည်သည်)
လက်ကျန်လစာ (Net Take-home Pay): ¥110,000 မှ ¥140,000 ဝန်းကျင် (ဖြတ်တောက်မှုများအပြီး)
⚠️ မဖြစ်မနေ သိထားရမယ့် 'ဖြတ်တောက်မှုများ' (Deductions):
ဂျပန်မှာ TITP လုပ်သားတစ်ယောက်ရဲ့ လစာကနေ အောက်ပါစရိတ်တွေကို ပုံမှန်ဖြတ်တောက်လေ့ရှိပါတယ်။
၁။ နေထိုင်စရိတ် (Rent/Dormitory): ကုမ္ပဏီက စီစဉ်ပေးပါက ¥15,000 မှ ¥35,000 ကြား။
၂။ အာမခံနှင့် အခွန် (Health Insurance, Pension, Tax): စုစုပေါင်းလစာရဲ့ ၁၅% မှ ၂၀% ခန့်။
၃။ ယူတီလတီစရိတ် (Utilities): မီးဖိုး၊ ရေဖိုး၊ ဂတ်စ်ဖိုး (မိမိသုံးသလောက် ပေးဆောင်ရသည်)။
💡 Issara Myanmar ၏ အကြံပြုချက်:
စာချုပ်ကို သေချာဖတ်ပါ: အခြေခံလစာ (Base Salary) ဟာ မိမိအလုပ်လုပ်မယ့် ခရိုင်ရဲ့ အနိမ့်ဆုံးအခကြေးငွေထက် မနည်းရပါဘူး။
Overtime (OT): အချိန်ပိုဆင်းရင် ပုံမှန်ထက် ၂၅% ပိုရရပါမယ်။ လစာစာရွက် (Payslip) ထဲမှာ OT ခေါင်းစဉ်နဲ့ သီးသန့်ဖော်ပြထားရမှာ ဖြစ်ပါတယ်။
SSW သို့ ကူးပြောင်းခြင်း: TITP (၂) ကို ပြီးမြောက်အောင်မြင်သူတွေဟာ စာမေးပွဲဖြေဆိုစရာမလိုဘဲ လစာပိုများတဲ့ ကျွမ်းကျင်လုပ်သား (SSW) ဗီဇာကို ပြောင်းလဲနိုင်တဲ့ အခွင့်အရေးရှိပါတယ်။
မိမိရရှိတဲ့ လစာဟာ ပုံမှန်မဟုတ်ဘူးလို့ သံသယရှိရင်ဖြစ်စေ၊ စာချုပ်ပါအတိုင်း မရရှိရင်ဖြစ်စေ Issara Myanmar ကို လျှို့ဝှက်စွာ ဆက်သွယ်တိုင်ပင်နိုင်ပါတယ်။

ต้องการให้ธุรกิจของคุณ องค์กร ขึ้นเป็นอันดับหนึ่ง องค์กรไม่แสวงหาผลกำไร ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Bangkok
10110