Xing’s Playbook
ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Xing’s Playbook, ครีเอเตอร์ดิจิทัล, Bangkok.
29/04/2026
ဘန်ကောက်မှာ အခုနောက်ပိုင်း သတိထားမိနေတာ Bus Stop သေးတွေမှာပါ Bus တွေ ဘယ်အချိန် လာတယ် အချိန်နဲ့အမျှ သိအောင် Live Singnboard တပ်ပေးထားတာ လမ်းကြောင်း boardလေးပါ ထားပေးသေး
အရင်ကဆို ဒီလို bus stop တွေအစား ခုံ အပြည့်အစုံပါတဲ့ bus stopလောက်ဘဲ ထားပေးထားတာ
သူများနိုင်ငံများ ပြည်သူတွေအတွက် လုပ်ပေးတာ တစ်ခုပြီးတစ်ခု
ရွှေပြည်တော် မျှော်တိုင်းဝေး …
18/03/2026
စျေးကွက်မကောင်းလို့ အရောင်းကျတာလား?
ဒါမှမဟုတ် ကိုယ့်လုပ်ငန်းအနေအထားကို မသိသေးတာလား?
စျေးကွက်အနေအထား ဘယ်လိုပြောင်းနေတယ်ဆိုတဲ့ 𝐏𝐄𝐒𝐓𝐄𝐋 ကို လေ့လာပြီးတဲ့နောက်မှာ ကိုယ့်လုပ်ငန်း ဘယ်နေရာမှာ ရပ်နေတယ်ဆိုတာကို သိဖို့ 𝐒𝐖𝐎𝐓 𝐀𝐧𝐚𝐥𝐲𝐬𝐢𝐬 ကို သုံးပါတယ်။
ဒီ 𝐟𝐫𝐚𝐦𝐞𝐰𝐨𝐫𝐤 က ကိုယ့်လုပ်ငန်းရဲ့ လက်ရှိ အားသာချက်၊ အားနည်းချက်၊ စျေးကွက်အခွင့်အရေး၊ ပြိုင်ဘက်အန္တရာယ် တွေကို အလွယ်တကူ မြင်နိုင်အောင် ကူညီပေးတဲ့ 𝐬𝐭𝐫𝐚𝐭𝐞𝐠𝐢𝐜 𝐭𝐨𝐨𝐥 ဖြစ်ပါတယ်။
𝐒𝐖𝐎𝐓 ဆိုတာကတော့
1️⃣𝐒 – 𝐒𝐭𝐫𝐞𝐧𝐠𝐭𝐡 > ကိုယ့်လုပ်ငန်းရဲ့ အားသာချက်
2️⃣𝐖 – 𝐖𝐞𝐚𝐤𝐧𝐞𝐬𝐬 > ကိုယ့်လုပ်ငန်းရဲ့ အားနည်းချက်
3️⃣𝐎 – 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐲 > စျေးကွက်ထဲမှာ ရှိနေတဲ့ အခွင့်အရေး
4️⃣𝐓 – 𝐓𝐡𝐫𝐞𝐚𝐭 > စီးပွားရေးကို ထိခိုက်နိုင်တဲ့ အန္တရာယ်
အဓိက 𝐢𝐝𝐞𝐚 က ကိုယ့်အားသာချက်ကို အသုံးချပြီး အခွင့်အရေးကို ဖမ်းနိုင်အောင်လုပ်တာ ဖြစ်ပါတယ်။
ဥပမာ – 𝐅𝐌𝐂𝐆 𝐎𝐧𝐥𝐢𝐧𝐞 𝐒𝐡𝐨𝐩 (𝐒𝐡𝐚𝐦𝐩𝐨𝐨 / 𝐒𝐧𝐚𝐜𝐤𝐬 / 𝐇𝐨𝐮𝐬𝐞𝐡𝐨𝐥𝐝 𝐢𝐭𝐞𝐦𝐬)
✅𝐒𝐭𝐫𝐞𝐧𝐠𝐭𝐡
✔ 𝐎𝐧𝐥𝐢𝐧𝐞 𝐨𝐫𝐝𝐞𝐫 + 𝐝𝐞𝐥𝐢𝐯𝐞𝐫𝐲 ရှိလို့ အိမ်ကနေဝယ်လို့ရတယ်
✅𝐖𝐞𝐚𝐤𝐧𝐞𝐬𝐬
✘ 𝐁𝐫𝐚𝐧𝐝 𝐚𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 မရှိသေးဘူး
✘ 𝐂𝐨𝐧𝐭𝐞𝐧𝐭 / 𝐦𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 အားမကောင်းသေးဘူး
✅𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐲
✔ လူတွေ 𝐨𝐧𝐥𝐢𝐧𝐞 𝐬𝐡𝐨𝐩𝐩𝐢𝐧𝐠 ပိုလုပ်လာတယ်
✔ 𝐓𝐢𝐤𝐓𝐨𝐤 / 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 ကနေ 𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐫𝐞𝐯𝐢𝐞𝐰 တွေ 𝐯𝐢𝐫𝐚𝐥 ဖြစ်လွယ်
✅𝐓𝐡𝐫𝐞𝐚𝐭
✘ 𝐂𝐨𝐦𝐩𝐞𝐭𝐢𝐭𝐨𝐫 𝐨𝐧𝐥𝐢𝐧𝐞 𝐬𝐡𝐨𝐩 များလာတယ်
✘ 𝐏𝐫𝐢𝐜𝐞 𝐜𝐨𝐦𝐩𝐞𝐭𝐢𝐭𝐢𝐨𝐧 ဖြစ်နိုင်တယ်
📝အလွယ်ဆုံးမှတ်ထားရရင် 𝐒(𝐒𝐭𝐫𝐞𝐧𝐠𝐭𝐡) နဲ့ 𝐖(𝐖𝐞𝐚𝐤𝐧𝐞𝐬𝐬) က ကိုယ့်လုပ်ငန်းအတွင်းက လာတဲ့အရာ (𝐈𝐧𝐭𝐞𝐫𝐧𝐚𝐥 𝐅𝐚𝐜𝐭𝐨𝐫𝐬) ဖြစ်ပြီး 𝐎 (𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐲) နဲ့ 𝐓 ( 𝐓𝐡𝐫𝐞𝐚𝐭) က စျေးကွက်ထဲက လာတဲ့အရာ (𝐄𝐱𝐭𝐞𝐫𝐧𝐚𝐥 𝐅𝐚𝐜𝐭𝐨𝐫𝐬) ဖြစ်ပါတယ်။
𝐒𝐖𝐎𝐓 𝐀𝐧𝐚𝐥𝐚𝐲𝐬𝐢𝐬 မှာ လုပ်ငန်းတိုးတက်ဖို့ ဘယ်ဟာအရေးကြီးဆုံးလဲ❓ မေးလာရင်တော့
‼️အများစုက 𝐒 (𝐒𝐭𝐫𝐞𝐧𝐠𝐭𝐡) ကိုဘဲ ကြည့်ကြတယ်။
✅တကယ်တမ်း 𝐖(𝐖𝐞𝐚𝐤𝐧𝐞𝐬𝐬) ပါ။ ကိုယ့် 𝐖𝐞𝐚𝐤𝐧𝐞𝐬𝐬 ကို သိထားမှ ဘာတွေတိုးတက်အောင် လုပ်သင့်လဲဆိုတာ ပြန်အဖြေရှာလို့ရပြီး ကိုယ့်လုပ်ငန်းကို တိုးတက်အောင်လုပ်နိုင်မှာပါ။
💡𝐖𝐞𝐚𝐤𝐧𝐞𝐬𝐬 ကို 𝐟𝐢𝐱 လုပ်နိုင်ရင် 𝐒𝐭𝐫𝐞𝐧𝐠𝐭𝐡 အသစ်တွေ ဖြစ်လာနိုင်ပါတယ်။
ဆိုတော့ကား စျေးကွက်မကောင်းလို့ အရောင်းကျတာလည်း ဖြစ်နိုင်ပါတယ်။ဒါပေမယ့် ကိုယ့်လုပ်ငန်းအနေအထားကို မသိထားရင် အခွင့်အရေးကိုလည်း မမြင်နိုင်သလို အန္တရာယ်ကိုလည်း မပြင်ဆင်နိုင်ပါဘူး။
ဒါကြောင့် စျေးကွက်ကို နားလည်ဖို့ 𝐏𝐄𝐒𝐓𝐄𝐋 လိုအပ်ပြီး ကိုယ့်လုပ်ငန်းကို နားလည်ဖို့ 𝐒𝐖𝐎𝐓 လိုအပ်ပါတယ်။
📌 စျေးကွက်ကိုသာကြည့်တဲ့ 𝐛𝐮𝐬𝐢𝐧𝐞𝐬𝐬 က 𝐝𝐢𝐫𝐞𝐜𝐭𝐢𝐨𝐧 မရှင်းသလို ကိုယ့်လုပ်ငန်းကိုသာကြည့်တဲ့ 𝐛𝐮𝐬𝐢𝐧𝐞𝐬𝐬 က 𝐦𝐚𝐫𝐤𝐞𝐭 𝐨𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐲 မမြင်နိုင်ပါဘူး။
🎯နှစ်ခုလုံးကို ကြည့်နိုင်တဲ့ လုပ်ငန်းကဘဲ ရေရှည်မှာ ရပ်တည်နိုင်ပါလိမ့်မယ်။
ကိုယ့်လုပ်ငန်းကို တစ်ခါမှ 𝐒𝐖𝐎𝐓 𝐀𝐧𝐚𝐥𝐲𝐬𝐢𝐬 မလုပ်ဖူးသေးဘူးလား?
𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ “𝐒𝐖𝐎𝐓” လို့ရေးခဲ့ပေးပါနော်။
🎁𝐂𝐛 မှာ 𝐬𝐢𝐦𝐩𝐥𝐞 𝐒𝐖𝐎𝐓 𝐭𝐞𝐦𝐩𝐥𝐚𝐭𝐞 ကို 𝐬𝐡𝐚𝐫𝐞 ပေးပါမယ်။
𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 တွေနဲ့ ပတ်သက်ပြီး အချိန်မရွေး 𝐗𝐢𝐧𝐠 ဆီ လာမေးလို့ရပါတယ်ရှင့်။
17/03/2026
𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 မကောင်းလို့ အရောင်း(𝐒𝐚𝐥𝐞𝐬) ကျသွားတာလား…
ဒါမှမဟုတ် စျေးကွက်(𝐌𝐚𝐫𝐤𝐞𝐭) ပြောင်းသွားတာကို နည်းဗျူဟာ (𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲) မပြောင်းသေးတာလား?
တကယ်တော့ စျေးကွက်အခြေအနေ ပြောင်းသွားတဲ့အချိန် စျေးကွက်နည်းဗျူဟာ မပြောင်းတဲ့ လုပ်ငန်းတွေကပဲ အရင် 𝐬𝐭𝐫𝐮𝐠𝐠𝐥𝐞 ဖြစ်တတ်ပါတယ်။
စီးပွားရေးလောကမှာ စျေးကွက် ကို သုံးသပ်တဲ့အခါ သုံးလေ့ရှိတဲ့ 𝐟𝐫𝐚𝐦𝐞𝐰𝐨𝐫𝐤 တစ်ခုရှိပါတယ် ဒါကတော့ တော်တော်များများ တွေ့ဖူးကြတဲ့ 𝐏𝐄𝐒𝐓𝐄𝐋 𝐀𝐧𝐚𝐥𝐲𝐬𝐢𝐬 ပါ။
ဒါက ကိုယ်တွေရဲ့ လုပ်ငန်း ကို အပြင်ဘက်ကနေ သက်ရောက်နေတဲ့ အချက် ၆ ခုကို ကြည့်တဲ့နည်းပါ။
✅ 𝐏 – 𝐏𝐨𝐥𝐢𝐭𝐢𝐜𝐚𝐥 (နိုင်ငံရေး)
စစ်ပွဲ နိုင်ငံရေးအခြေအနေကြောင့် 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 တွေသုံးရတာ ပြောင်းနိုင်ပါတယ်။
𝐕𝐏𝐍 သုံးရတာ၊ 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 𝐚𝐜𝐜𝐞𝐬𝐬 အခက်အခဲတွေကြောင့်
𝐑𝐞𝐚𝐜𝐡, 𝐀𝐝𝐬 𝐩𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞, 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐛𝐞𝐡𝐚𝐯𝐢𝐨𝐮𝐫 အကုန်ပြောင်းသွားနိုင်ပါတယ်။ (𝐅𝐨𝐫 𝐞𝐠, 𝐓𝐢𝐤𝐭𝐨𝐤အရွေ့)
✅ 𝐄 – 𝐄𝐜𝐨𝐧𝐨𝐦𝐢𝐜 (စီးပွားရေး)
စီးပွားရေးကျပ်လာတဲ့အခါ 𝐂𝐨𝐧𝐬𝐮𝐦𝐞𝐫 𝐛𝐞𝐡𝐚𝐯𝐢𝐨𝐮𝐫 တစ်ခုလုံးပြောင်းပါတယ်။အကျိုးဆက်အနေနဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တွေရဲ့ ဝယ်လိုအား (𝐏𝐮𝐫𝐜𝐡𝐚𝐬𝐢𝐧𝐠 𝐏𝐨𝐰𝐞𝐫) က အလိုလိုကျလာပါတယ်။
အရင်က လူတွေ
“ကြိုက်လို့ဝယ်” တာများတယ်။
အခုတော့
“တန်လို့ဝယ်” တာများလာပါတယ်။
ဒါကြောင့် 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐦𝐞𝐬𝐬𝐚𝐠𝐞 တွေမှာ
𝐋𝐮𝐱𝐮𝐫𝐲 𝐦𝐞𝐬𝐬𝐚𝐠𝐞 ထက် 𝐕𝐚𝐥𝐮𝐞 𝐦𝐞𝐬𝐬𝐚𝐠𝐞 ပိုအရေးကြီးလာပါတယ်။
✅ 𝐒 – 𝐒𝐨𝐜𝐢𝐚𝐥 (လူမှုရေး)
𝐀𝐭𝐭𝐞𝐧𝐭𝐢𝐨𝐧 𝐬𝐩𝐚𝐧 အရမ်းတိုသွားပါတယ်။
𝐋𝐨𝐧𝐠 𝐚𝐝𝐬 တွေထက်
✨𝐒𝐡𝐨𝐫𝐭 𝐯𝐢𝐝𝐞𝐨
✨𝐑𝐞𝐚𝐥 𝐫𝐞𝐯𝐢𝐞𝐰
✨𝐔𝐆𝐂 𝐜𝐨𝐧𝐭𝐞𝐧𝐭
တွေကိုပဲ လူတွေ ပိုယုံကြည်လာပါတယ်။
အခုခေတ်မှာ
𝐏𝐞𝐫𝐟𝐞𝐜𝐭 𝐚𝐝 ထက် 𝐀𝐮𝐭𝐡𝐞𝐧𝐭𝐢𝐜 𝐜𝐨𝐧𝐭𝐞𝐧𝐭 က ပိုပြီးလွှမ်းမိုးလာပါတယ်။အရင်လို 𝐬𝐡𝐨𝐩𝐩𝐢𝐧𝐠 မဟုတ်ဘဲ “စိတ်ချရတဲ့ 𝐛𝐫𝐚𝐧𝐝” ကိုပဲ ရွေးဝယ်လာကြတယ်။
✅𝐓 – 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 (နည်းပညာ)
𝐀𝐈 𝐭𝐨𝐨𝐥𝐬 တွေကြောင့် 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 လုပ်ပုံလုပ်နည်းတွေ အရမ်းမြန်မြန်ပြောင်းနေပါတယ်။
𝐂𝐨𝐧𝐭𝐞𝐧𝐭 ဖန်တီးတာ
𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 အကြိုက်ကို နားလည်တာ
ကြော်ငြာတွေကို ပိုကောင်းအောင်ပြင်တာ
ဒီအရာတွေကို 𝐀𝐈 နဲ့လုပ်တဲ့ လုပ်ငန်းတွေက 𝐬𝐩𝐞𝐞𝐝 + 𝐢𝐧𝐬𝐢𝐠𝐡𝐭 နှစ်ခုလုံးမှာ ခြေတစ်လှမ်းသာလာပါတယ်။
✅ 𝐄 – 𝐄𝐧𝐯𝐢𝐫𝐨𝐧𝐦𝐞𝐧𝐭𝐚𝐥 (ပတ်ဝန်းကျင်)
ဖောက်သည် စားသုံးသူတွေက လုပ်ငန်း ရဲ့ 𝐯𝐚𝐥𝐮𝐞 ကိုလည်း ကြည့်လာပါတယ်။
𝐄𝐜𝐨-𝐟𝐫𝐢𝐞𝐧𝐝𝐥𝐲 𝐩𝐚𝐜𝐤𝐚𝐠𝐢𝐧𝐠 ဖြစ်ရဲ့လား?
𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐬𝐮𝐩𝐩𝐨𝐫𝐭 ရှိရဲ့လား?
တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ လုပ်ငန်း ဖြစ်ရဲ့လား?
ဒီလို 𝐚𝐜𝐭𝐢𝐨𝐧𝐬 တွေက လုပ်ငန်းပုံရိပ်နဲ့ ယုံကြည်မှု ကို တိုးစေပါတယ်။
✅ 𝐋 – 𝐋𝐞𝐠𝐚𝐥 (ဥပဒေ)
𝐃𝐚𝐭𝐚 𝐩𝐫𝐢𝐯𝐚𝐜𝐲
𝐂𝐨𝐩𝐲𝐫𝐢𝐠𝐡𝐭
𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 𝐩𝐨𝐥𝐢𝐜𝐢𝐞𝐬
ဒီအချက်တွေက 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 လုပ်တဲ့အခါ မဖြစ်မနေ သိထားရမယ့် 𝐫𝐮𝐥𝐞𝐬 တွေပါ။
‼️𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 ဆိုတာ 𝐀𝐝𝐬 𝐫𝐮𝐧 လုပ်တာတစ်ခုတည်းမဟုတ်ပါဘူး။အရင်ကလို 𝐀𝐝𝐬 𝐫𝐮𝐧 ရုံနဲ့လည်း အရောင်းတက်မလာတော့ပါဘူး။
လက်ရှိဖြစ်နေတဲ့ စျေးကွက်အခြေအနေကိုနားလည်ပြီး နည်းဗျူဟာ ပြောင်းနိုင်တာက ကိုယ့်စီးပွားရေး 𝐋𝐨𝐧𝐠-𝐭𝐞𝐫𝐦 𝐠𝐫𝐨𝐰𝐭𝐡 အတွက် အရေးကြီးဆုံးပါ။
ဆိုတော့ကား စျေးကွက်(𝐌𝐚𝐫𝐤𝐞𝐭) မပြောင်းဘူးဆိုရင် ဗျူဟာ ( 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲) မပြောင်းလည်းရပါတယ်။
ဒါပေမယ့် စျေးကွက် (𝐌𝐚𝐫𝐤𝐞𝐭) ပြောင်းသွားတဲ့အချိန် ဗျူဟာ (𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲) မပြောင်းတဲ့ ကိုယ့်လုပ်ငန်းစီးပွားရေးတွေက အမြဲနောက်ကျသွားတတ်မှာကို သတိပြုတတ်ရပါမယ်။
17/03/2026
ဒီပေ့ချ်ကို Xing လုပ်နေတဲ့ Digital Marketing Service Page ကနေ Personal Blog အနေနဲ့ လုပ်ထားပါတယ်။ ပြောင်းလိုက်ရတဲ့ အကြောင်းအရင်းက
✅ကိုယ့်Carrer ပိုင်းက အတွေးအမြင်တွေ
✅ပြီးတော့ အစားနဲ့ အသွားတစ်လိုင်းဆိုတော့ food & travel reviews တွေ ဒီပေ့ချ်မှာ Xing ဘာသာ လွတ်လွတ်လပ်လပ် Sharing ပေးချင်တာကြောင့် Xing's Playbook ဆိုပြီးပြောင်းလိုက်ပါတယ်။ ဒီပေ့ချ်မှာ စိတ်တိုင်းကျ လွတ်လွတ်လပ်လပ် အစုံသုပ် ကစားမယ်ပေ့ါ 🤣
🥹ဒီပေ့ချ်မှာ အရင်က Media Buying Service နဲ့ လုပ်ထားတဲ့ Clients တွေရဲ့ Testimonials တွေတော့ မဖျက်တော့ဘဲ အမှတ်တရအနေနဲ့ ထားထားပါတယ်
👉Digital Marketing Service နဲ့ ပတ်သက်သမျှအားလုံးကို Lan Start Marketing Group မှာ စုံစမ်းလို့ရပါတယ်ရှင့်
https://web.facebook.com/lanstartmktgroup
🤩Promotion Time for TikTok Boost Service
👉TikTok Boost Service လာအပ်တဲ့အခါ အမေးများတာလေးတွေ FAQ
✅အများဆုံး Post နှစ်ခု ကြေငြာပေးပါတယ်
✅TikTok acc ပေးစရာမလိုပါ
✅ကြေငြာမဲ့ video post link ကို share ပေးရုံပါဘဲ
✅TikTok acc follower တိုးတာဖြစ်ဖြစ် video like / views ( engagement rate ) တက်ချင်တာဖြစ်ဖြစ် ကိုယ့် လုပ်ငန်းအတွက် FB Page ကော TikTok ကောပါ ချိတ်ပြီး တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်အောင် ကြေငြာပေးတယ်
💸Post နှစ်ခုစာ Package 80000ks ကိုမှ 🤩70000ks နဲ့ ကြေငြာလို့ရပါပြီ
🎁Promotion ကာလက August လကုန်အထိဘဲဆိုတော့
💁♀️Tiktok မှာ ကြေငြာချင်တဲ့ Client တွေအတွက် တန်လွန်းတဲ့အတွက် အမြန်လာထားပြီး Service အပ်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ
09/03/2025
Review တွေ ကိုယ့်ရဲ့ social media platforms တွေမှာ လိုအပ်လား❓❓
💁♀️Reviews တွေက အရောင်းမြှင့်တင်ဖို့အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုမှာ ပါတယ်
🫶🏻Social Media Platforms တွေပေါ်မှာ Sale Post တွေအများကြီးတင်တာထက် Review Post တစ်ခုတင်တာက ပိုပြီး မဝယ်ရသေးတဲ့ Customer အသစ်တွေကို ဆွဲဆောင်စေနိုင်တယ်
🤔Sale Post တွေချည်းတင်နေရင် Page ကို follow လုပ်ထားသူတွေ ကြေငြာမြင်ရတဲ့သူတွေအတွက် အရမ်းBoring ဖြစ်ပြီး ကျော်ပစ်တာမျိုး Unfollow လုပ်တာမျိုး ရှိတတ်တယ်
Customer Behaviour အရ Review တွေကြည့်ပြီး ဝယ်ကြတဲ့ Cus တွေလည်းရှိတယ် (eg ကိုယ်က ထိပ်ဆုံးကဘဲ)
ဒီတော့ စစ်မှန်တဲ့ Review တွေကိုစုပါ
✅
‼️Spam Review တွေကို အားမပေးပါဘူးနော် Review အစစ်ဟုတ်မဟုတ် အလွယ်တကူ detect လို့ရတယ်
✅Customer တစ်ယောက် ကိုယ့်ဆီက Service or Product ဝယ်ပြီးတဲ့အခါ after care service ပေးတာမျိုး review တောင်းတာမျိုး လုပ်ပါ
👉Offline Activities / Webinar တွေမှာ Suggestion Box , Feedback Form ဖြည့်ရတာမျိုး ကြုံဖူးပါလိမ့်မယ် ဒါဟာ ကောင်းတဲ့ Follow Up Activity ပါဘဲ
✅Review ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကိုယ့်အတွက် အမြတ်ပါဘဲ Customer ဘက်က Bad reviews ပေးရင် ပြန်ပြီး analysis လုပ်ပြီး ပြင်သင့်တာမျိုး ပြင်လို့ရတယ်
✅Good Reviews ပေးရင် Social Media Platforms တွေပေါ်မှာ Follower တွေကြား မြင်သာအောင် တင်ပါ ကြေငြာပါ Gallery ထဲ သိမ်းမထားပါနဲ့
eg page မှာ Review Tab ဖွင့်ထားပေးတာမျိုး နောက်တစ်ခု Social Post အနေနဲ့ Testimonial Video သို့ Static Post တင်တာမျိုး Website ရဲ့ HomePage မှာ Reviews အနည်းငယ် ဖော်ပြထားတာမျိုး
👩💻ဒါတွေက ကိုယ့်Page ထဲ ဝင်ကြည့်တွေသူတွေအပေါ် impression မြင့်စေပါတယ်📈
02/03/2025
🤩TikTok Boost Service ပေးပါတယ် TikTok က ကာကာတွေ အလွယ်တကူ မှာလို့ရအောင် FB Online Shop Page နဲ့ ပါ ချိတ်ပြီး လုပ်ပေးတာကြောင့် VPN ကြောင့် Fb အခက်အခဲတွေ ခန ခေါက်ထားလိုက်နော်
TikTok က traffic ကောင်းတာကြောင့် အမြန်လေး Marketing ဖောက် Branding ကြိုဦးထားကြပါ Baht 500 ကစပြီး Service ပေးပါတယ်
Boost လုပ်တဲ့အခါ စာတွေဝင်တယ် ဘာလို့ အရောင်းမရလဲ???
💁♀️boost လုပ်တဲ့အခါ စာ(Leads)တွေက ဝင်တယ် ဒါမဲ့ အရောင်းမရှိဘူး ဒီလိုမျိုး Complain တက်တာတွေလည်းရှိတယ်
👩💻Boost လုပ်တာက အရပ်စကားနဲ့ပြောရင် ကျောင်း စျေး billboards လူသွားလူလာများတဲ့ နေရာမှာ လက်ကမ်းစာစောင် ဝေတဲ့ Marketing ပုံစံဘဲ
Leads မှာ နှစ်မျိုးရှိတယ် 👇
✅Marketing Qualified Leads (MQL)
✅Sales Qualified Leads(SQL)
👩💻Xing တို့ Media Buyer တွေက အစွမ်းကုန်လုပ်ပေးနိုင်တာက MQLရဖို့ထိပါဘဲ တစ်နည်း အရပ်စကားပြောရင် လက်ကမ်းစာစောင်ကနေတစ်ဆင့် Customer ကို ဆိုင်ပေါက်ထိဘဲ ရောက်အောင်လုပ်ပေးနိုင်တယ်
🛒SQL (ထုတ်ကုန်ကို ဝယ်သွား)ဖြစ်ဖို့ဆိုရင် salesperson ( chatbox မှာ စာမေးစာဖြေသူ) က အရေးပါသွားပြီ
💁♀️Marketing လုပ်တဲ့အခါ ကိုယ်ကြေငြာ ရောင်းတဲ့ ထုတ်ကုန် ကို ရောင်းနိုင်ဖို့ Lead Generation Process ( ငါးစာမျှားခြင်း crd) က အရမ်းအရေးပါတယ်
🆓ဥပမာအနေနဲ့ ပြောရင် အစားအသောက်ရရင် အမြည်းချကျွေးတာမျိုး အလှကုန်ပိုင်းမှာ tester ထားပေးပြီး စွဲဆောင်တာမျိုး ဒါတွေက offline marketing ဆိုင်တွေမှာ မြင်တွေ့နေကျ ပုံစံတွေပါ
🤔Online Marketing ဆိုရင် Content Strategy နဲ့ Sales-driven Campaign (Promotion Post)တွေက အရေးပါသွားပြီ
‼️Page ရှိရုံနဲ့ တန်းပြီး Sale Post တင် တန်းboost လုပ် ရောင်းရဖို့ မလွယ်တော့ဘူး 2021 အရှေ့ပိုင်းတွေက boost လုပ်ရင် ရောင်းရနိုင်ပေမဲ့ 2021 - 2025 က Covid အခြေအနေက တစ်ကြောင်း အကုန်လုံးဟာ Online ပေါ် ရွေ့လာပြီး အပြိုင်အဆိုင်ကြေငြာလာကြပြီ
🤔ရေရှည်အတွက် ရောင်းရဖို့ ကော နောက်ထပ်Branding ပါ တည်ဆောက်ဖို့ Content Marketing Strategy ဟာအရေးပါလာပါပြီ
ဆက်ရန် ….
👀ဘယ်လိုမျိုး ပိုစ်တွေတင်ရင် ကိုယ့် ပေ့ချ်အတွက် follower တွေကော Customer တွေကော စိတ်ဝင်စားနိုင်ကြလဲ ဆိုတာ သိသလောက် ဆွေနွေးသွားကြအုံးနော်🫶🏻
24/02/2025
ကိုယ့် client တွေရဲ့ အမောပြေတွေ Facebook မှာ Media Buying Service အပ်လိုက်တယ် ကြေငြာပြီးတဲ့အခါ ဘယ်လောက်ရောင်းရတယ် မရောင်းရဘူး ပြောပေးရင် ကောင်းတာပေါ့နော် Boost လုပ်တိုင်းတော့ မရောင်းရပါဘူး ရောင်းရ တယ် မရောင်းရဘူး ပြန် feedback ပေးတာက media buyer က performance marketer ဖြစ်လို့ပါ ဘာကြောင့်မရောင်းရတာလဲ ပြန် analyze လုပ်ဖို့ပါ 🥰
10/02/2025
Client တွေ အပ်ထားတဲ့ TikTok Post Boost Result🤩
TikTok acc မှာ follower တိုးvideo engagement တိုး Boost Service အပ်လို့ရပါပြီရှင့် 👩💻
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
Bangkok