Myanmar Motorgraph
Automotive Media and Entertainment
21/10/2025
Toyota Land Cruiser FJ (500D)
SUV/PPV based on Hilux IMV platform
2.7 liter gasoline
163 horsepower
6AT - 4WD.
23/09/2025
Toyota ရဲ့ အလိုအလျောက်မောင်းနှင်စေနိုင်သော EV ကား e-Palette ကို စတင်ရောင်းချ
Toyota မှ အလိုအလျောက်မောင်းနှင်စေနိုင်သော EV ကား e-Palette ကို ဂျပန်နိုင်ငံမှာ စတင်ရောင်းချတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ 2020 တုန်းက Tokyo Olympics ပွဲမှာ ပြိုင်ပွဲဝင်အားကစားသမားများနဲ့ အဖွဲ့ဝင်များကိ သယ်ယူပို့ဆောင်ရာတွင် အသုံးပြုခြင်းများ လုပ်ဆောင်ခဲ့ပြီးတဲ့နောက် ယခုအခါမှာတော့ Toyota ကနေဈေးကွက်လိုအပ်ချက်အလိုက် လက်တွေ့အသုံးတည့်မယ့် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ကာ စတင်ရောင်းချဖို့ လုပ်ဆောင်လာတာဖြစ်ပါတယ်။
Toyota e-Palette ကို 250 km (155 miles) အထိ မောင်းနှင်နိုင်စေမယ့် 72.82 kWh lithium-ion battery ကို တပ်ဆင်ပေးထားပြီး၊ bidirectional chargingစနစ်ကို အသုံးပြုနိုင်မှာဖြစ်ကာ မိနစ် 40 လောက်အားသွင်းတာနဲ့ battery အား 80% လောက်အထိရနိုင်မယ်လို့ဆိုပါတယ်။ စက်ပိုင်းဆိုင်ရာအနေနဲ့ 201hp/226 Nm-torque ရှိတဲ့ လျှပ်စစ်မော်တာတစ်လုံးကို တပ်ဆင်ပေးထားပြီး အမြန်ဆုံး 80 km/h အရှိန်နှုန်းအထိ မောင်းနှင်နိုင်မှာဖြစ်ပါတယ်။ ကားကို ထိန်းချုပ်ဖို့အတွက် Steer-by-Wire System ကို တပ်ဆင်ပေးထားပြီး LiDAR နည်းပညာသုံး Level 2 Autonomous Driving Assistant System ပါရှိကာ Toyota အနေနဲ့ လာမယ့် 2027 မှာ Level 4 Autonomous Driving System ကို တပ်ဆင်နိုင်ဖို့ကို လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။ Toyota e-Palette ရဲ့အရွယ်အစားဟာ အလျား 4,950 mm x အနံ 2,080 mm x အမြင့် 2,650 mm ရှိပြီး ခရီးသည် ၁၄ယောက်အထိ တင်ဆောင်နိုင်တဲ့ အသေးစား shuttle bus ကားအဖြစ် အသုံးပြုနိုင်သလို အသုံးပြုလိုသူရဲ့ လုပ်ငန်း လိုအပ်ချက်အလိုက် ကုန်တင်ယာဉ် သို့မဟုတ် ဈေးကား အဖြစ်လည်း စိတ်ကြိုက်ပြောင်းလဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Toyota e-Palette ကို ဂျပန်ပြည်တွင်းဈေးကွက်အတွက် အဖွင့်ဈေး ဂျပန်ယန်းငွေ 29,000,000 ¥ (USD-197,000$) သတ်မှတ်ထားပြီး Toyota ရဲ့ အဆိုအရ ဂျပန်အစိုးရရဲ့ လျှပ်စစ်ကားဆိုင်ရာ ထောက်ပံ့မှုအတွက် ဂျပန်ယန်းငွေ 15,835,000 ¥ (USD - 107,500$) ပမာဏ ခံစားခွင့်မှာလည်း အကျုံးဝင်တယ်လို့ သိရပါကြောင်း။
-palette
Myanmar Motorgraph ကို Telegram မှာလည်း Subscribe လုပ်ပြီး ဖတ်နိုင်ပါပြီ။
t.me/myanmar_motorgraph
02/09/2025
EV အဖြစ် တကျော့ပြန် ထွက်ရှိလာမယ့် Chery QQ3
တစ်ခေတ်တစ်ခါတုန်းက မြန်မာနိုင်ငံရဲ့ လမ်းမတွေပေါ်မှာ မြင်တွေ့ခဲ့ရဖူးတဲ့ Chery QQ3 ကားလေးရဲ့ အမည်နဲ့ EV ကားကို တရုတ်နိုင်ငံမှာ ထုတ်လုပ်တော့မှာဖြစ်ပါတယ်။ Daewoo Matiz ကို အခြေခံပြီးထုတ်လုပ်ထားတဲ့ Chery QQ3 ကို 2003 ခုနှစ်တုန်းက တရုတ်ပြည်မှာ စတင်ထုတ်လုပ်ခဲ့ပြီး လူကြိုက်များခဲ့ကာ ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်သော 2014 ကာလအထိ အစီးရေ 1သန်းကျော် ထုတ်လုပ်ရောင်းချခဲ့ရတဲ့ကားလည်း ဖြစ်ပါတယ်။ အဆိုပါ Chery QQ3 ကို ယခု တဖန် EV version ဖြင့် တရုတ်ဈေးကွက်ထဲမှာ ရောင်းချတော့မှာဖြစ်ပြီး 2025 Chengdu Auto Show ပွဲမှာ တရားဝင် မိတ်ဆက်ခဲ့ပါတယ်။ Chery QQ3 EV ကို T12 platform ပေါ်မှာ တည်ဆောက်ထားပြီး 90 kW (121 hp) ရှိတဲ့ လျှပ်စစ်မော်တာကို RWD အနေနဲ့ တပ်ဆင်ပေးမှာဖြစ်ပါတယ်။ Battery capacity ဘယ်လောက်ပါဝင်လဲဆိုတာကိုတော့ မသိရသေးပဲ ကားရဲ့ အရွယ်အစားဟာ BYD Dolphin နဲ့ Geely Geome Xingyuan တို့လိုကားမျိုးနဲ့ မတိမ်းမယိမ်းလောက်ရှိလိမ့်မယ်လို့ ယူဆရကာ လာမယ့် နှစ်ကုန်ပိုင်းလောက်မှာ တရုတ်ပြည်တွင်း ဈေးကွက်ထဲကို ရောက်ရှိလာလိမ့်မယ်လို့ သိရပါကြောင်း။
Photo courtesy of Alamy
Myanmar Motorgraph ကို Telegram မှာလည်း Subscribe လုပ်ပြီး ဖတ်နိုင်ပါပြီ။
t.me/myanmar_motorgraph
23/07/2025
တရုတ်ကားလုပ်ငန်းတို့သမိုင်းကြောင်း - အမြည်း
Geely မှ ပထမဆုံး ထုတ်လုပ်ခဲ့သောကား
Geely မှ ပထမဆုံး ထုတ်လုပ်ခဲ့သောကား ဟာ Audi 100 ကိုအခြေခံထားတဲ့ Mercedes-Benz E-Class (W210) body နဲ့ ကားပဲဖြစ်ပါတယ်။ Li Shufu (Geely ကို တည်ထောင်သူ) ဆိုသူက အဲ့ဒီခေတ်အချိန်အခါတုန်းက တရုတ်နိုင်ငံမှာ Cadillac ဒါမှမဟုတ် Mercedes-Benz လိုမျိုး ပြည်တွင်းဖြစ် ဇိမ်ခံကားထုတ်လုပ်တာမျိုး မရှိတာကို စိတ်ပျက်မိပြီး တရုတ်ကုမ္ပဏီ (သူ့ကုမ္ပဏီ)ကနေ အလားတူ ကားမျိုး ထုတ်လုပ်နိုင်တယ်ဆိုတာကို ပြသချင်ခဲ့တာကြောင့် သူက "Chinese Benz"တန်းဝင် ကားကို တည်ဆောက်ရန် ဆုံးဖြတ်ပြီး ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
ထိုအချိန်အခါတုန်းက တရုတ်ကားလုပ်ငန်းတွေမှာ ကိုယ်ပိုင် ဒီဇိုင်း နည်းပညာနှင့် ကားထုတ်လုပ်နိုင်ခြင်း မရှိခဲ့ပဲ ဂျပန်၊ ရုရှား၊ အမေရိကန်နဲ့ ဥရောပရှိ အထင်ကရ ကားလုပ်ငန်းကြီးများထံမှ အစစအရာရာ ပံ့ပိုးမှုတွေယူပြီးမှ ထုတ်လုပ်ခဲ့ကြရတာဖြစ်ပါတယ်။ ထိုသို့ ထုတ်လုပ်ရာမှာ တရုတ်နိုင်ငံရဲ့ အထင်ကရ ကားထုတ်လုပ်သူဖြစ်တဲ့ First Auto Works မှ ဂျာမန်ကားထုတ်လုပ်သူ Volkswagen နှင့် အကျိုးတူပူးပေါင်းကာ တရုတ်ပြည်တွင်းမှာတင် "C3 Audi 100/200" ကို Hongqi ဆိုသော အမှတ်တံဆိပ်ဖြင့် တရုတ်နိုင်ငံ၏ ဌာနဆိုင်ရာ အရာရှိကြီးများ၊ ပါတီလူကြီးများနဲ့ သူကြွယ်များအတွက်ကို ရည်ရွယ်ပြီး ကားများထုတ်လုပ်ခဲ့ပါဝယ်။ Geely ရဲ့ ပထဆုံးကားဟာ အဆိုပါ C3 Audi 100 (Hongqi) ကားကိုပဲ နမူနာယူပြီး ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
သို့ပေမယ့်လည်း Geely ရဲ့ ပထဆုံးကားဟာ စီးပွားဖြစ် ထုတ်ဖို့အထိ ရည်ရွယ်ခဲ့ခြင်းမရှိခဲ့တာကြောင့် စမ်းသပ်ထုတ်လုပ်သော ကားအဖြစ်သာ စက်ရုံထဲမှာ ပဲ သိမ်းထားခဲ့ပြီး နှစ်ကာလကြာညောင်းလာတာနဲ့အမျှ တဖြေးဖြေးနဲ့ ပျက်စီးယို့ယွင်းသွားခဲ့ပါတော့တယ်။ အဆိုပါ ကားပျက်ကြီးကို CCTV ရုပ်သံရိုက်ကူးရေးအဖွဲ့က 2009 ခုနှစ်တုန်းက အမှတ်မထင် တွေ့ရှိခဲ့ပြီး မြေပြင်ပကတိ မျက်မြင်အခြေအနေကို မှတ်တမ်းတင်ခဲ့လိုက်နိုင်ပါတယ်။ ရုပ်ပုံ မှတ်တမ်းများအရ ကားဟာ ကိုယ်ထည်ပိုင်းဟာ မပြည့်မစုံနဲ့ သံချေးကိုက်၊ ဆေးကွာ ဆွေးမြေ့နေပြီး တံခါးချပ်တချို့လည်း မရှိနေတော့ပါဘူး။ ယခုအခါမှာတော့ ကားကို ဘယ်မှာထားရှိမှန်း မသိရတော့ပဲ ယုံတမ်းစကားတွေအရ Geely ပိုင်တဲ့ သိုလှောင်ရုံ တစ်ခုခုထဲမှာ ရှိနေနိုင်ပြီး တချို့ကလည်း ကားဟာ လုံးဝ အစအနစ မကျန်တော့ဘူးလို့ ပြောနေသူများလည်း ရှိကြပါကြောင်း။
Courtesy of ChinaCarHistory
မျှော် - တရုတ်ကားလုပ်ငန်းတွေ ဘယ်သူတွေက ဘယ်လိုပိုင်ဆိုင်ကြလဲ?
Myanmar Motorgraph ကို Telegram မှာလည်း Subscribe လုပ်ပြီး ဖတ်နိုင်ပါပြီ။
t.me/myanmar_motorgraph
18/07/2025
Nissan ရဲ့ ဂျပန်နိုင်ငံမှာ လည်ပတ်နေသော စက်ရုံတချို့ကို ရပ်ဆိုင်းမည်။
ဂျပန်ကားထုတ်လုပ်သူ Nissan မှ ဂျပန်နိုင်ငံမှာရှိတဲ့ Oppama plant နဲ့ Shonan production facility စက်ရုံတို့ကို လာမယ့် 2028 မှာ ရပ်ဆိုင်းသွားတော့မယ်လို့ သိရပါတယ်။ Nissan ဟာ ဘဏ္ဍာရေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး အခက်အခဲများပြေလည်စေဖို့အတွက် နည်းလမ်းများကိုရှာဖွေ ဖြေရှင်းနေရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ Oppama plantမှာ ဂျပန်ပြည်တွင်းဈေးကွက်အတွက် Note နဲ့ Note Aura ကားများကိုထုတ်လုပ်လျက်ရှိပြီး Shonan production facility စက်ရုံမှာတော့ NV200 နဲ့ AD Van ကဲ့သို့သော ကားများကို ထုတ်လုပ်နေလျက်ရှိပါတယ်။ အဆိုပါစက်ရုံများမှ ထုတ်လုပ်မှုကို လာမယ့် 2028Marchလ (2027-2028 ဂျပန် ဘဏ္ဍာရေးနှစ်ပြီးဆုံးချိန်) အထိ ထုတ်လုပ်သွားမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ Nissan ရဲ့Kyushu plant မှာ ပြောင်းလဲထုတ်လုပ်သွားဖို့စီစဉ်ထားပါတယ်။ Oppama plantမှာ research centre နဲ့ crash test facility တို့ လည်းတည်ရှိနေတာဖြစ်ပြီးအဆိုပါ ဌာနများကတော့ စက်ရုံရပ်ဆိုင်းမှုကြောင့် သက်ရောက်မှုရှိမှာ မဟုတ်ပဲ ဆက်လက်ပြီးတော့တည်ရှိလည်ပတ်ဆောင်ရွက် နေအုံးမယ်လို့ဆိုပါတယ်။ သို့ပေမယ့်လည်း အဆိုပါ စက်ရုံများမှာ လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ ဝန်ထမ်းအင်အား ၂၄၀၀ ကျော်ကတော့ စက်ရုံရပ်ဆိုင်းတဲ့အခါမှာ လျှော့ချခံရဖွယ်ရှိနေတယ်လို့ သိရပါကြောင်း။
Myanmar Motorgraph ကို Telegram မှာလည်း Subscribe လုပ်ပြီး ဖတ်နိုင်ပါပြီ။
t.me/myanmar_motorgraph
12/07/2025
ထိုင်းကို တရုတ် EV ကားများစွာ ဝင်ရောက်လာပေမယ့် After-sale Service အားနည်းနေ
ထိုင်းနိုင်ငံရဲ့ လျှပ်စစ်ကား (EV) ဈေးကွက်ဟာ အစိုးရရဲ့ ထောက်ပံ့ကြေးတွေနဲ့ အခွန်သက်သာခွင့်တွေကြောင့် အရှိန်အဟုန်နဲ့ တိုးတက်နေပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံထုတ် EV brand တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာမှုက အရောင်းအပြီးဝန်ဆောင်မှု (after-sales service) မလုံလောက်တဲ့အပေါ် စိုးရိမ်မှုတွေကို ဖြစ်ပေါ်စေခဲ့ပြီး စားသုံးသူတွေကို ဒုက္ခတွေ့စေပါတယ်။ အထူးသဖြင့် သုံးစွဲသူတွေရဲ့ မကျေနပ်မှုတွေကို ဖြေရှင်းနိုင်ခြင်းမရှိလို့ တရားစွဲဆိုခံနေရတဲ့ တရုတ် EV brand တစ်ခုဖြစ်တဲ့ NETA ရဲ့ အငြင်းပွားဖွယ်ရာအမှုက ဒီပြဿနာကို ပိုပြီးမြင်သာစေခဲ့ပါတယ်။
China Association of Automobile Manufacturers (CAAM) ရဲ့ အဆိုအရ တရုတ်နိုင်ငံဟာ ၂၀၂၄ ခုနှစ်မှာ EV ကားအစီးရေ ၉ သန်းကျော်ထုတ်လုပ်ခဲ့ပြီး နှစ်စဉ်ထုတ်လုပ်မှုဟာ ၃၀% ကျော် တိုးတက်နေပါတယ်။ ပြည်တွင်းဝယ်လိုအား တန့်သွားတာကြောင့် တရုတ်ထုတ်လုပ်သူတွေဟာ ဥရောပ နဲ့ အရှေ့တောင်အာရှ အပါအဝင် ပြည်ပဈေးကွက်တွေကို ဝင်ရောက်လာပါတယ်။ EV ကားတွေကို အားပေးတဲ့ မူဝါဒတွေရှိတဲ့ ထိုင်း ဟာ အဓိကပစ်မှတ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုတိုးချဲ့လာမှုက ကားတွေပိုလျှံစေပြီး ပြင်းထန်တဲ့ ဈေးကွက်လုစစ်ပွဲတွေကို ဖြစ်ပေါ်စေကာ ဝန်ဆောင်မှုအခြေခံအဆောက်အအုံနဲ့ အပိုပစ္စည်းရရှိနိုင်မှုတွေကိုတော့ လျစ်လျူရှုသလို ဖြစ်နေပါတယ်။
ထိုင်း ရဲ့ EV ဈေးကွက်ဖွံ့ဖြိုးမှုဟာ အဓိကအားဖြင့် EV 3.0 နဲ့ EV 3.5 လိုမျိုး အစိုးရရဲ့ အစီအစဉ်တွေကြောင့်ဖြစ်ပြီး ကားတစ်စီးကို ဘတ် ၁၅၀,၀၀၀ အထိ ထောက်ပံ့ကြေးပေးတာနဲ့ အခွန်ကင်းလွတ်ခွင့်တွေ ပါဝင်ပါတယ်။ ဒီမက်လုံးတွေကြောင့် BYD, MG, GWM (Ora), Changan, နဲ့ Aion (GAC Motor) တို့လို တရုတ်ကုမ္ပဏီကြီးတွေ ဝင်ရောက်လာခဲ့ပြီး တချို့ကုမ္ပဏီတွေက ပြည်တွင်းမှာ ထုတ်လုပ်ရေးစက်ရုံတွေ တည်ထောင်ဖို့အထိ ကတိပြုခဲ့ပါတယ်။ ဒီလိုတွေရှိနေပေမယ့်လည်း နိုင်ငံရဲ့ EV မှတ်ပုံတင်ထားတဲ့အရေအတွက်ဟာ ၂၀၂၄ မှာ မျှော်မှန်းထားသလောက်မရှိဘဲ အစီးရေ ၇၀,၀၀၀ သာရှိခဲ့ပြီး စနစ်ရဲ့အားနည်းချက်တွေကို ဖော်ပြနေပါတယ်။ အထူးသဖြင့် After-sale Service အပိုင်းမှာ အားနည်းချက်တွေ ပေါ်လွင်နေပါတယ်။
NETA ရဲ့အမှုကတော့ သတိပေးခေါင်းလောင်းသံတစ်ခု ဖြစ်လာပါတယ်။ တစ်ချိန်က ဈေးနှုန်းသက်သာမှုကြောင့် နာမည်ကြီးခဲ့တဲ့ ဒီ brand ဟာ အခုတော့ ပြင်ဆင်မှုတွေနောက်ကျတာ၊ အပိုပစ္စည်းမရှိတာနဲ့ အဓိကပြည်နယ်တွေမှာ service center မရှိတာတွေကြောင့် ထိုင်းစားသုံးသူတွေရဲ့ ပြင်းထန်တဲ့ဝေဖန်မှုကို ခံနေရပါတယ်။ ထိုင်းစားသုံးသူများကောင်စီ က တိုင်ကြားစာပေါင်း ၂၂၀ ကျော် လက်ခံရရှိထားပြီး တချို့ကားတွေဆိုရင် လပေါင်းများစွာ သုံးမရဘဲ ပစ်ထားရတဲ့အထိ ဖြစ်နေပါတယ်။ ကောင်စီက အုပ်စုလိုက်တရားစွဲဆိုမှု (class-action lawsuit) တစ်ခုကို ပြင်ဆင်နေပြီး လာမယ့် ဩဂုတ်လမှာ တရားစွဲဆိုဖို့ ရည်မှန်းထားပါတယ်။
စက်မှုလုပ်ငန်းကျွမ်းကျင်သူတွေနဲ့ စားသုံးသူအခွင့်အရေးလှုပ်ရှားသူတွေကတော့ အစိုးရကို စည်းမျဉ်းတွေပိုမိုတင်းကျပ်ဖို့ တိုက်တွန်းနေကြပါတယ်။ အဆိုပြုထားတဲ့ အချက်တွေထဲမှာတော့ ဈေးကွက်ထဲဝင်ရောက်ပြီး တစ်နှစ်အတွင်း service center တွေ မဖြစ်မနေဖွင့်လှစ်ဖို့၊ အပိုပစ္စည်းတွေကို ငါးနှစ်အာမခံပေးဖို့နဲ့ brand ရဲ့နောက်ကြောင်းရာဇဝင်နဲ့ ပြုပြင်ထိန်းသိမ်းမှုကုန်ကျစရိတ်တွေကို ပွင့်လင်းမြင်သာစွာဖော်ပြဖို့တို့ ပါဝင်ပါတယ်။ ဒါ့အပြင် စားသုံးသူကာကွယ်ရေးဘုတ်အဖွဲ့ နဲ့ ကုန်းလမ်းပို့ဆောင်ရေးဌာန လက်အောက်မှာ EV ကားတွေအတွက် သီးသန့်တိုင်ကြားရေးစင်တာတစ်ခု ဖွင့်လှစ်ဖို့ကိုလည်း အကြံပြုထားပါတယ်။
ထိုင်းဟာ ဒေသတွင်း EV အချက်အချာနေရာတစ်ခုအဖြစ် ရပ်တည်ဖို့ကြိုးစားနေချိန်မှာ After-sale Service ခိုင်မာဖို့ သေချာမလုပ်ဘဲ အရေအတွက်တိုးတက်မှုတစ်ခုတည်းကိုပဲ အာရုံစိုက်နေရင် စားသုံးသူတွေရဲ့ပြဿနာတွေ ထပ်ခါထပ်ခါဖြစ်နေဦးမှာပဲလို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။ ခိုင်မာတဲ့အကာအကွယ်တွေမရှိရင်တော့ ကားဝယ်သူတွေပဲ ဒီဒဏ်ကို တစ်ယောက်တည်း ခါးစည်းခံရနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
Ref : Bangkokpost
#ဘန်ကောက်လမ်းညွှန်ကိုစိုင်း
-saleSevice #ထိုင်း
28/06/2025
https://www.facebook.com/share/1C2MBDLRZQ/
YU7 ဟာ အမှာစာဖွင့်ပြီး ၃ မိနစ်အတွင်းမှာ အစင်းရေ ၃ သိန်းရောင်းချခဲ့ရပြီး ဒီရောင်းအားဟာ သူ့ရဲ့ ပထမ EV ဖြစ်တဲ့ SU7 sedan ၁၄ လတာရောင်းအားထက်ပိုများပါတယ်။
ဖုန်းလောကမှာ တစ်ရှိန်ထိုးအောင်မြင်လာခဲ့တဲ့ Xiaomi က သူ့ရဲ့ Automibile industry ဒုတိယခြေလှမ်းကို လှမ်းခဲ့ပါပြီ။ YU7 mid sized family SSUV ပါ။ SU7 sedan ကို မိတ်ဆက်ပြီး ၁ နှစ်အကြာမှာ YU7 ကို မိတ်ဆက်ပေးခဲ့တာလည်းဖြစ်ပါတယ်။ အခုချိန်မှာတော့ သူ့ရဲ့ Specification တွေနဲ့ စျေးနှုန်းထုတ်ပြရင်း ရောင်းချခဲ့ပါပြီ။
မိတ်ဆွေအနေနဲ့ တရုတ်ကားကြီးပါဆိုပြီး အထင်သေးရင်သေးသွားမှာပါ။ Xiaomi ဖုန်းစရောင်းခဲ့စဉ်ကလည်း တရုတ်ဖုန်းကြီးပါကွာဆိုပြီး အထင်သေးခဲ့ကြပေမယ့်လည်း အချိန်ကာလကြာမြင့်လာတဲ့အခါ Price to Performance ဖြစ်တယ်ဆိုပြီး လက်ခံလာကြပြီး အခုဆို Xiaomi မှ Xiaomi ဖြစ်နေကြသူတွေများနေပါပြီ။
YU7 စတင်မိတ်ဆက်စဉ်က Ferrari Purosangue နဲ့တူတယ်လို့ လူပြောများခဲ့ကြပါသေးတယ်။ ဒါပေမယ့် ရုပ်ထွက်ပိုင်း ဆင်သယောင်ရှိပေမယ့် YU7 မှာ ကိုယ်ပိုင်ဟန်တွေ ပိုင်ဆိုင်ထားပါတယ်။
YU7 က mid-szed SUV ၁ စင်းအဖြစ်ပွဲထွက်လာခဲ့တာဖြစ်ပြီး Brembo ဘရိတ်ကလစ်တွေ၊ ရှေ့ဘက်တည်ဆောက်ပုံဒီဇိုင်းတွေ၊ ရှေ့ဘီးနောက်ဘက်က လေထွက်ပေါက်တွေ၊ Spoiler တွေ နဲ့ နောက်ဘက် diffuser တွေက Sporty ဆန်တဲ့ အရသာကိုအပြည့်အ၀ပေးစွမ်းမှာပါ။
အတွင်းခန်းအပြင်အဆင်မှာတော့ Sporty ဆန်မှုထက် Family Forcus အဖြစ်တည်ဆောက်ပေးထားတာကို တွေ့ရပါတယ်။ ရှေ့ဘက် Windshield အောက်ခြေမှာ 43.3 ultrawide display ကို ထည့်သွင်းပေးထားပြီး Dashboard အလယ်မှာတော့ 16 လက်မအရွယ် LCD display ကြီးလည်း ပါရှိဦးမှာဖြစ်ပါတယ်။ နောက်ခန်းအတွက်လည်း LCD display ၂ ခုထည့်သွင်းပေးထားပါတယ်။ ရှေ့ဘက်ခုံတွေက queen seat တွေဖြစ်ပြီး နောက်ဘက်ခုံတွေကလည်း နောက်ကို ၁၃၅ ဒီဂရီလောက်လှန်လို့ရတာဖြစ်တဲ့အတွက် ခရီးဝေးတွေအတွက် သက်တောင့်သက်သာစီးနင်းနိုင်မှာပါ။
YU7 ကို entry level YU7၊ YU7 Pro နဲ့ YU7 Max ဆိုပြီး ရောင်းချသွားမှာဖြစ်ပြီး entry level YU7 မှာတော့ 235kW (316 hp) လျှပ်စစ်မော်တာ ၁ လုံး၊ 96.3 kWh battery တပ်ဆင်ပေးထားပါတယ်။ YU7 Pro နဲ့ YU7 Max တို့ကတော့ Dual Motor AWD စနစ်နဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။
YU7 Pro က 365 kw( 489 hp )၊ YU7 Max ကတော့ 508 kW ( 681 hp) စွမ်းဆောင်ရည်အသီးသီးကို ပိုင်ဆိုင်ထားကြပါတယ်။
YU7 က ၅၁၉ မိုင် ( ၈၃၅ ကီလိုမီတာ)၊ YU7 Pro က ၄၇၂ မိုင် (၇၆၀ ကီလိုမီတာ) rage ရှိတဲ့အတွက် စိတ်ကျေနပ်စရာ range ရတယ်လို့ဆိုရမှာပါ။ YU7 Max မှာက 101.7 kWh battery Pack တပ်ဆင်ပေးထားပြီး ၄၇၈ မိုင် (၇၇၀ ကီလိုမီတာ) ထိ မောင်းနှင်နိုင်မှာဖြစ်ပါတယ်။
DC charger နဲ့ အားသွင်းမယ်ဆိုရင် 10-80% ကို ၁၂ မိနစ်နဲ့ ပြန်လည်ဖြည့်သွင်းနိုင်ပြီး ၁၅ မိနစ်အားသွင်းရုံနဲ့ ၃၈၅ မိုင် (၆၂၀ ကီလိုမီတာ) ထိ မောင်းနှင်နိုင်မယ်လို့ ဆိုထားပါတယ်။
YU7 မှာ ယာဉ်မောင်းနှင်မှုစနစ်အတွက် ဘေးကင်းလုံခြုံရေးစနစ်တွေလည်း ထည့်သွင်းပေးထားပါသေးတယ်။ ဒီလို Specification တွေနဲ့ ကားတစ်စင်းရဲ့ တန်ဖိုးက ဒေါ်လာ ၄၄,၇၀၀ အောက်မှာပဲ ဖြစ်တဲ့အတွက် Price to Performance ရတယ်လို့ ဆိုနိုင်ပါတယ်။
YU7 ရဲ့ အချက်အလက်တွေအရတော့ Price to Performance ဖြစ်တယ်ဆိုနိုင်ပေမယ့် ရေရှည်မှာတော့ ဘယ်လောက်ထိ reliable ဖြစ်တယ်ဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း ကားချစ်သူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
ရုပ်ထွက်နဲ့ အတွင်းခန်းအသေးစိတ်ကိုတော့ ဒီ video လေးမှာ ကြည့်နိုင်ပါတယ်....
https://youtu.be/e6A3LVRdeYM
15/06/2025
https://www.facebook.com/share/1ApzRGr7Nm/
"ကျွန်တော်တို့ Hybrid ကား ၂၇ သန်းလောက်ရောင်းချခဲ့ပြီးပြီ၊ ဒီကားတွေရဲ့ သက်ရောက်မှုဟာ အခုလမ်းပေါ်မှာသွားလာနေတဲ့ EV ကား ၉ သန်းနဲ့ ညီမျှတယ်၊
တကယ်၍ ကျွန်တော်တို့သာ လျှပ်စစ်ကား ၉ သန်းကိုသာ ဂျပန်မှာတည်ဆောက်ခဲ့ရင် ကာဗွန်ထုတ်လုပ်မှုက ပိုတိုးလာလိမ့်မယ်၊ လျော့သွားမှာမဟုတ်ဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ဂျပန်နိုင်ငံက လျှပ်စစ်ဓါတ်အားအတွက် အနုမြူဓါတ်ပေါင်းဖိုတွေနဲ့ ရုပ်ကြွင်းလောင်စာတွေအပေါ်မှာ မှီခိုနေရလို့ပါပဲ"...........
(၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း Automotive News နဲ့ မေးမြန်းမှုတွင် Toyota Chairman Akio Toyoda ရဲ့ ဖြေကြားမှု)
လေကာမှန် ခံနိုင်ရည် စမ်းသပ်ခြင်း 😁😁😁😁😁
02/06/2025
31/05/2025
Toyota Land Cruiser FJ (500D) ကို နှစ်ကုန်ပိုင်း လောက်မှာမြင်တွေ့ရဖွယ်ရှိပြီး ထိုင်းမှာ ထုတ်မည်
Toyota ကနေ Land Cruiser FJ (Development project Code Name - 500D) ကို စတင်ထုတ်လုပ်ဖို့ ပြင်ဆင်နေပြီဖြစ်ပြီး လာမယ့် 2025 ခုနှစ်ကုန်ပိုင်းလောက်မှ စတင် တွေ့မြင်ကနိုင်ဖွယ်ရှိပါတယ်။ အဆိုပါ FJ(500D) ကို ပြီးခဲ့တဲ့ Februaryလ 17 ရက် နေ့တုန်းက ထိုင်းနိုင်ငံရှိ Ministry of Commerce ရဲ့ Department of Intellectual Property မှာ တရားဝင် trademark မှတ်ပုံတင်ခဲ့ပြီး "Land Cruiser FJ" ဆိုသော အမည်ဖြင့် ကမ္ဘာတဝှမ်းရောင်းချသွားမယ်လို့ သိရပါတယ်။ Land Cruiser FJ ကို အရှေ့တောင်အာရှဈေးကွက်အတွက် ရည်ရွယ်ထုတ်လုပ်နေတဲ့ Hilux Champ ရဲ့ IMV-0 platform ပေါ်မှာ တည်ဆောက်သွားမှာဖြစ်ပြီး 5ယောက်စီး SUV အဖြစ်နဲ့ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။
စက်ပိုင်းဆိုင်ရာ အနေနဲ့ 2.7 liter 2TR-FE အမျိုးအစား inline 4 cylinders (2,694 cc) gasoline engine ကို 6-speed Automatic Transmission ကို RWD layout ဖြင့်ထုတ်လုပ်ပေးသွားမှာဖြစ်ပြီး၊ စွမ်းဆောက်ရည်အားဖြင့် 166 hp / 245 Nm torque ထွက်ရှိမှာ ဖြစ်ကာ optional အနေနဲ့ 4-wheel drive model ကို Full-Time 4WD နဲ့ ထုတ်လုပ်ရောင်းချနိုင်ပါတယ်။
Land Cruiser FJ ကို လာမယ့် 2025 October လကုန်လောက်မှာ ကျင်းပမယ့် Japan Mobility 2025 ပွဲမှာ world debut အဖြစ် တရားဝင် မိတ်ဆက်ပွဲထုတ်သွားနိုင်ဖွယ်ရှိပြီး အာဆီယံဈေးကွက် အတွက်ကိုတော့ ကနဦး အနေနဲ့ ထိုင်းနိုင်ငံမှာ လာမယ့် November လကုန်လောက်မှာ ကျင်းပမယ့် Motor Expo ပွဲမှာ မိတ်ဆက်နိုင်ဖွယ်ရှိပါတယ်။ လက်ရှိမှာတော့ Land Cruiser FJ ရဲ့ patent image ပုံကြမ်းကိုသာ တွေ့မြင်နေရပြီး ကြားသိရသော သတင်းများအရ လာမယ့် 2026 မှ စတင်ကာ ထိုင်းနိုင်ငံ Chachoengsao Province မှာရှိတဲ့ Toyota ရဲ့ Ban Pho plant ကနေ ထုတ်လုပ်သွားမယ်လို့ သိရပါကြောင်း။
Myanmar Motorgraph ကို Telegram မှာလည်း Subscribe လုပ်ပြီး ဖတ်နိုင်ပါပြီ။
t.me/myanmar_motorgraph
25/05/2025
Mitsubishi မှ EV ကားများကို ထိုင်းနိုင်ငံမှာ ထုတ်လုပ်မည်
Mitsubishi မှထုတ်လုပ်သော လျှပ်စစ်ကားတစ်မျိုးဖြစ်တဲ့ MiEV Minicab EV ကားကို Thai နိုင်ငံ Chonburi မှာရှိတဲ့ Laem Chabang စက်ရုံမှာ တပ်ဆင်ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ Mitsubishi ဟာ MiniCab EV ကို Indonesia နိုင်ငံမှာ တပ်ဆင်ထုတ်လုပ်နေပြီးဖြစ်ကာ ထိုင်းနိုင်ငံဟာ အာဆီယံ ဒေသတွင်းမှာ ဒုတိယမြောက် Mitsubishi EV လျှပ်စစ်ကားထုတ်လုပ်တဲ့ နိုင်ငံဖြစ်လာပါတယ်။ Mitsubishi MiniCab MiEV ဟာ Kei-segment အရွယ်အစားရှိ ကားတစ်မျိုးဖြစ်ပြီး (မြန်မာနိုင်ငံမှာ JDM MiniCab EV အစီးရေ အနည်းငယ်မျှရှိပါတယ်) စွမ်းဆောင်ရည် 41hp နဲ့ 196 Nm torque ထွက်ရှိတဲ့ လျှပ်စစ်မော်တာကို အသုံးပြုထားကာ အားအပြည့်သွင်းထားလျှင် အကွာအဝေး 150 km အထိ မောင်းနှင်နိုင်မယ့် 16 kWh lithium-ion battery ကို တပ်ဆင်ပေးထားပါတယ်။ Mitsubishi MiniCab MiEV ဟာ အသေးစား မြို့တွင်း လုပ်ငန်းသုံးအတွက်ကို ရည်ရွယ်ထုတ်လုပ်တာဖြစ်ပြီး 2024 ခုနှစ်တုန်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာရှိတဲ့ Lak Si Post Office နဲ့ Khlong Luang Post Office တို့မှာ pilot project အဖြစ် စမ်းသပ်အသုံးပြုခဲ့ကာ Charging Station များတပ်တင်အသုံးပြုခြင်း တို့ကိုပါ လုပ်ဆောင်လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ Mitsubishi ရဲ့ ထုတ်ပြန်ချက်အရ MiniCab MiEV လျှပ်စစ်ကားကို တစ်ဦးတယောက်စီ ဝယ်ယူအသုံးပြုဖို့ လက်လီစနစ်ဖြင့် ရောင်းပေးမှာမဟုတ်ပဲ၊ စီးပွားရေးလုပ်ငန်းကြီးများနဲ့ အစိုးရ ဌာနဆိုင်ရာ ကဲ့သို့သော အဖွဲ့အစည်းများအတွက်ကိုသာ အရေအတွက်များစွာ အသုတ်လိုက် အမှာစာဖြင့်သာ လက်ခံထုတ်လုပ်ရောင်းချဝန်ဆောင်မှုပေးသွားမှာဖြစ်တယ်လို့ သိရပါကြောင်း။
Myanmar Motorgraph ကို Telegram မှာလည်း Subscribe လုပ်ပြီး ဖတ်နိုင်ပါပြီ။
t.me/myanmar_motorgraph
คลิกที่นี่เพื่อเป็นสมาชิก?