Hand Over Hand

Hand Over Hand

Share

BKK Supplier ( Toys / Fashion / medical / cosmetics / Kitchenware and accessories )

Photos from Hand Over Hand's post 14/02/2025

နာမည်ကြီး Vshop Brand ထဲက
စျေးသက်သက်သာသာလေးနဲ့ ရောင်းပေးမယ်နော်
လိုချင်တာရှိရင် CB မှာ အော်ဒါတင်လို့ရပါပြီ။

ရန်ကုန်အရောက်ကြာချိန် ၇ ရက် to ၁၀ ရက်ကြာပါမယ်
+ Cargo ရှိပါမယ်ခင်ဗျ 😊🙏🙏🙏

Photos from Hand Over Hand's post 12/02/2025

BKK platinum Mall Brand ထည်များ ကို
HOH မှ မြန်မာပြည်အရောက် တိုက်ရိုက်
ရောင်းချပေးနေပါပြီ

Update Design ✅ များကိုတင်ထားပေးပြီး
မြန်မာပြည်အရောက် + Cargo ခရှိပါမည်🤘

စျေးနှုန်းများဖွင့်ထားပေးပါတယ်
Size / colour သိချင်ရင် CB လာပေးပါ

လက်ကားလိုချင်ပါက CB မှာအသေးစိတ်မေးမြန်းနိုင်ပါတယ်👌✌️

🙏🙏🙏

Phone/Line/whatsapp 0654407967

12/02/2025

2025 မှာ ဘန်ကောက်ဟာ ကမ္ဘာ့အကောင်းဆုံး ဒုတိယမြို့အဖြစ်သတ်မှတ်ခံရ

ဘန်ကောက်မြို့ဟာ ကမ္ဘာရဲ့ ဒုတိယအကောင်းဆုံးမြ်ို့ဖြစ်တယ်လို့ Time Out မဂ္ဂဇင်းမှာဖော်ပြလာပါတယ်။

ဒီ Ranking ဟာ ကမ္ဘာတစ်ဝှမ်းက ခရီးသွား ၁၈၅၀၀ရဲ့ မြို့တွေရဲ့အပေါ် အမြင်ကို စစ်တမ်းကောက်ယူပြီးရလာတာပါတဲ့။ မြို့တစ်ခုချင်းစီရဲ့ ယဉ်ကျေးမှု၊ အစားအသောက်၊ nightlife စတဲ့ ရှုထောင့်အမျိုးမျိုးအပေါ်မူတည်ပြီး စစ်တမ်းကောက်ထားတာပါ။

ထိုင်းနိုင်ငံက လှပတဲ့ ပန်းခြံတွေ၊ ဘုရားတွေနဲ့ မဟာနန်းတော်တွေလို ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ အထင်ကရနေရာတွေကြောင့်လဲဖြစ်တယ်လိုြဆိုပါတယ်။

အဲ့ဒီအပြင် BTS နဲ့ MRT တွေလို ဒေသခံတွေရော ခရီးသွားတွေအတွက်ပါ ထိရောက်တဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကလဲ ချီးကျူးခံနေရပါတယ်။

ဘန်ကောက်ဟာ အရင်က Ranking ၂၄ ကနေ အခု နံပါတ် ၂ နေရာအထိခုန်တက်လာခဲ့တာဘဲဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံရဲ့တိုးတက်မှုကတော့ အံ့မခန်းဘဲလို့ပြောရပါမယ်။

Source: Bangkok Post

12/02/2025

❝၄၃ ဒီဂရီအထိ အမြင့်ဆုံးပူမယ့် ထိုင်းနွေဥတု❞

ကဲ…မကြားချင်သမျှအဆုံး သတင်းကြီးလာပါပြီ။ ထိုင်းနိုင်ငံတော် မိုးလေးဝသဌာနရဲ့ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံရဲ့ နေရာတော်တော်များများမှာ ဖေဖော်ဝါရီလကုန်ဆို နွေရာသီ စဝင်ပါပြီ။ အရမ်းပူပြင်းတဲ့ နွေရာသီကိုတော့ အပူချိန်မြင့်မြင့်နဲ့ မေလကုန်အထိ ခံစားရတော့မှာပါ။ နည်းနည်း ခံသာသွားတဲ့အချက်ကတော့ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းတွေက ရာသီဥတု အရမ်းကြီး ပူပြင်ဦးမှာမဟုတ်ပဲ နည်းနည်းလေး အအေးပိုဦးမှာဖြစ်တဲ့အတွက် နေလို့ ထိုင်လို့ရဦးမှာလို့ဆိုပါတယ်။
အပူချိန်က နွေရာသီအလယ် မတ်လအစကနေ ဧပြီလအလယ်ထိ တောက်လျှောက်ထိုးတက်မှာဖြစ်ပြီး တချို့ဒေသတွေမှာ အမြင့်ဆုံးအဖြစ် ၄၃ ဒီဂရီအထိ ခံစားရနိုင်တယ်လို့ အသိပေးပါတယ်။ ဧပြီနှောင်းပိုင်းနဲ့ မေလဦးမှာတော့ မိုးတွေရွာ၊ မိုးကြိုးမုန်တိုင်းတွေ တိုက်ဖို့ရှိလို့ အနည်းငယ်ခံသာမှာပါတဲ့။ ပူပြင်းတဲ့ ရာသီဥတုကြောင့် မီးဘေးအန္တရာယ်ကိုလည်း အသိပေးထားပြီး ပြည်သူတွေအနေနဲ့ သတိထားကြီးကြီးနေဖို့လိုကြောင်း၊ ကျန်းမာရေးအတွက်လည်း ရေဓာတ်ပြည့်ပြည့်ဝဝ မှီဝဲပြီး သက်ကြီးရွယ်အိုနဲ့ ကလေးတွေကို အရိပ်ရအေးတဲ့နေရာမှာထားဖို့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။ ရာသီဥတုနဲ့ လေထုညစ်ညမ်းတာနဲ့တော့တွေ့ပြီ။

Ref: NT THAILAND

ထိုင်းနိုင်ငံ သတင်ထူးများဖတ်ရန် Join ပါ။
https://www.facebook.com/groups/thailandupdatenews

11/02/2025

ဘန်ကောက်မြို့က အဝေးပြေး (Express) ကားဝင်းများ

ထိုင်းနိုင်ငံကို အလည်လာရင်ပဲ ဖြစ်ဖြစ် ၊ ထိုင်းနိုင်မှာ နေထိုင်ရင်ပဲ ဖြစ်ဖြစ် တစ်ချိန်မဟုတ် တစ်ချိန်တော့ အဝေးပြေးကားတွေ စီးပြီး ခရီးဝေးတွေ သွားဖို့ကြုံကြိုက်ကြမှာပါ ၊ ထိုင်းနိုင်ငံရဲ့နယ်မြို့တွေမှာ နေထိုင်သူတွေကတော့ မြို့တိုင်းလိုလိုမှာ ကားဝင်းတစ်ခုလောက်ပဲ ရှိကြမှာ ဖြစ်ပေမယ့် ၊ ထိုင်းနိုင်ငံရဲ့ မြို့တော် ဖြစ်တဲ့ ဘန်ကောက်မှာကတော့ အဓိက အဝေးပြေးကားဝင်း(၃)ခု ရှိပါတယ် ။

ဘန်ကောက်က ကားဝင်းတစ်ခုချင်းစီဟာ ရောက်နိုင်တဲ့မြို့တွေလည်း ကွာခြားကြတာမို့ ဘန်ကောက်က အဝေးပြေးကားဝန်း (၃) ခု အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်ဗျ။

📍Mochit Bus Terminal (Northern Bus Terminal)
ဘန်ကောက်မှာ အကြီးဆုံး အဝေးပြးကားဝင်းကတော့ Mochit ကားဝင်းပါ ၊ Mochit ကားဝင်းကို Northern Bus Terminal လို့လည်း ခေါ်ကြပါတယ် ၊ အဓိကအားဖြင့် ဒီကားဝင်းကနေ ထိုင်းနိုင်ငံမြောက်ပိုင်းကို သွားတဲ့ အဝေးပြေးကားတွေ ထွက်ကြတာမို့ Northern Bus Terminal လို့ ခေါ်တာပါ ၊ ဘန်ကောက်ရဲ့ အဓိက ကားဝန်းဖြစ်တာမို့ မြောက်ပိုင်းသွားတဲ့ ကားတွေအပြင် အခြားနေရာတွေကို ပြေးဆွဲတဲ့ ကားတွေလည်း အနည်းငယ်စီတော့ ရှိပါတယ် ။

ကားဝင်းထဲမှာ စားသောက်ဆိုင်တွေ ၊ လက်မှတ်အရောင်းကောင်တာတွေနဲ့ အခြားဈေးဆိုင်တွေလည်း အများအပြားရှိပါတယ်။ Mochit ကားဝင်းကြီးရဲ့ကားလမ်းမတစ်ဖက်ခြမ်းမှာဆိုရင်လည်း New Mochit Minivan Terminal ဆိုပြီး ဗန်ကားသီးသန့်ပြေးဆွဲတဲ့ ကားဂိတ်တစ်ခု ထပ်ပြီးတော့ ရှိပါမယ်။ ဘန်ကောက်ကနေ (၂) နာရီ (၃)နာရီလောက်သာ သွားရတဲ့ မြို့တွေကိုတော့ လိုင်းကားကြီး (Express ကားကြီး) တွေ ပြေးဆွဲလေ့ မရှိပဲ ဗန်ကားလေးတွေက အဓိက ပြေးဆွဲလေ့ ရှိပါတယ်။

📌 Mochit ကားဝန်းကနေ အဓိက စီးနိုင်မယ့် မြို့များ

✅ ထိုင်းနိုင်ငံ မြောက်ပိုင်း ➡️ ချင်းမိုင် ၊ ချင်းရိုင် ၊ မဲဆောက် ၊ ဆူကိုထိုင်း ၊ Lampang
✅ ထိုင်းနိုင်ငံ အလယ်ပိုင်း ➡️ အယုဒယ ၊ ကန်ချနပူရီ ၊ ဟွာဟင်း
✅ ထိုင်းနိုင်ငံ အရှေ.မြောက်ပိုင်း ➡️ Nakhon Ratchasima (Korat) ၊ Khon Kaen ၊ Udon Thani
✅ ထိုင်းနိုင်ငံ အရှေ.ပိုင်း ➡️ ပတ္တယား ၊ Rayong ၊ Trat
✅ ထိုင်းနိုင်ငံတောင်ပိုင်း ➡️ ဖူးခက် ၊ ခရာဘီ ၊ ဆူရာဌာနီ (ကော့စမွေ ၊ ကော့ဖငန်) ၊ Hat Yai
အခုကျွန်တော်ဖော်ပြပေးခဲ့တာက ထိုင်းနိုင်ငံထဲက ထင်ရှားပြီး အသွားအလာများတဲ့ မြို့တွေကိုသာ ဖော်ပြပေးခဲ့တာပါ။ Mochit ကားဝန်းကနေ အခြားသော မြို့တွေ နေရာတွေကိုလည်း ရောက်ရှိနိုင်ပါတယ်။

📌 Mochit ကားဝင်းကို ဘယ်လိုသွားမလဲ ?

Mochit ကားဝင်းက အဓိကကားဝင်းဖြစ်ပေမယ့် MRT/BTS မြို့ပတ်ရထားတွေစီးပြီး အလွယ်တကူသွားလို့ ရတဲ့ကားဝင်းတော့ မဟုတ်ပါဘူး ၊ BTS အစိမ်းလိုင်းမှာ Mochit ဘူတာရှိတာမို့ Mochit ဘူတာထိ ရထားစီးရုံနဲ့ ကားဝင်းနေရာကို ရောက်မယ်လို့ တချို့က ထင်တတ်ကြပါတယ်။
Mochit ဘူတာကနေ လိုင်းကားထပ်စီးမှသာ Mochit ကားဝင်းကို ရောက်နိုင်ပါမယ် ။
Mochit ကားဝင်းကို လိုင်းကားနဲ့သွားချင်ရင်တော့ မိမိနဲ့ နီးစပ်ရာမှတ်တိုင်ကနေ ဘယ်ကားရောက်သလဲဆိုတဲ့ လိုင်းကားနံပါတ်တွေကို Via Bus App ကနေ တစ်ဆင့် ကြည့်နိုင်ပါတယ်။

📍 Ekkamai Bus Terminal (Eastern Bus Terminal)

Ekkamai ကားဝင်းကတော့ ဘန်ကောက်က ကားဝင်း (၃) ခု ထဲမှာ အသေးဆုံးကားဝင်း ဖြစ်ပြီးတော့ ထိုင်းနိုင်ငံ အရှေ့ပိုင်း မြို့တွေကို သွားတဲ့ ကားတွေ အဓိကထွက်တာမို့ Eastern Bus Terminal လို့လည်း ခေါ်ကြပါတယ်။ ထိုင်းနိုင်ငံ အရှေ့ပိုင်းက နာမည်ကျော် ကမ်းခြေ ပတ္တယားကို လိုင်းကားနဲ့ သွားချင်ရင် ဒီကားဝင်းကနေ စီးတာက အဆင်ပြေဆုံးပါပဲ။

ထိုင်းနိုင်ငံအရှေ့ပိုင်းက မြို့တွေဟာ ဘန်ကောက်ကနေ (၂) နာရီကနေ (၅) နာရီလောက်ထိသာ ကားစီးရတာမို့ Ekkamai ကားဝင်းမှာရှိတဲ့ ကားအများစုက ဗန်ကားတွေနဲ့ Mini Bus တွေများပါတယ် ၊ အဝေးပြေးကားပုံစံ Express ကားကြီးတစ်ချို့လည်းရှိပါတယ်။

📌 ကားဝင်းကနေ ရောက်တဲ့နေရာတွေကတော့ ပတ္တယား ၊ ဟွာဟင်း ၊ Koh Chang ၊ Trat ၊ Koh Samet ၊ Bang Saen ၊ Chanthaburi ၊ Chonburi ၊ Samut Songkhram ၊ Chachoengsao နဲ့ Aranyanprathet တို့ဖြစ်ပါတယ် ၊

Aranyaprathet မြို့ကတော့ ထိုင်း ကမ္ဘောဒီးယား နယ်စပ်မြို.ဖြစ်တာမို့ ကမ္ဘောဒီးယားနိင်ငံကို ဆက်သွားချင်သူတွေဆိုရင် ဒီမြို့ကို ကားစီးနိုင်ပါတယ်။ ကားစီးရချိန် (၅) နာရီလောက်ကြာပါမယ်။

📌 Ekkamai ကားဝန်းကို ဘယ်လိုသွားမလဲ ?

ဘန်ကောက်ထဲက ကားဝင်းတွေအားလုံးထဲမှာ Ekkamai ကားဝင်းကို သွားရအလွယ်ကူဆုံးပါပဲ ၊ BTS အစိမ်းရောင်လိုင်းရထားကို စီးပြီး Ekkamai ဘူတာမှာ ဆင်းလိုက်တာနဲ့ ကားဝင်းဆီကို တန်းပြီးတော့ ရောက်ပါတယ်။ ကိုယ်နေတဲ့နေရာကနေ ဘယ်လိုင်းကားစီးရင် ရောက်မလဲဆိုတာကိုတော့ Via Bus App ကနေ တစ်ဆင့် ကြည့်နိုင်ပါတယ်။

📍 Sai Tai Mai Bus Terminal (Southern Bus Terminal)

Sai Tai Mai ကားဝင်းကတော့ အတော်အသင့်ကြီးမားတဲ့ ကားဝန်းတစ်ခုပါ ၊ ဒီကားဝင်းကနေပြီးတော့ ထိုင်းနိုင်ငံတောင်ပိုင်းက မြို့တွေကို သွားနိုင်တာမို့ Southern Bus Terminal လို့လည်း ခေါ်ကြပါတယ်။ ကားဝင်းထဲမှာတော့ စားသောက်ဆိုင်တွေ ၊ ဈေးဆိုင်တွေနဲ့ ကားလက်မှတ် အရောင်းကောင်တာတွေ ရှိကြပါတယ်။

Sai Tai Mai ကားဝင်းမှာကတော့ ထိုင်းနိုင်ငံတောင်ပိုင်းကိုသွားတဲ့ Express ကားကြီးတွေကို အဓိက တွေ့ရမှာ ဖြစ်ပြီးတော့ ၊ ထိုင်းနိုင်ငံအရှေ့ပိုင်းမြို့တွေဖြစ်တဲ့ ပတ္တယား ၊ ထိုင်းနိုင်ငံအလယ်ပိုင်းမြို့တွေကိုသွားတဲ့ Mini Van တွေလည်း ရှိပါတယ်။

📌 Sai Tai Mai ကားဝင်းကနေ အဓိကရောက်တဲ့ မြို့တွေကတော့ ဖူးခက် ၊ ခရာဘီ ၊ ဆူလတ်ဌာနီ ၊ ကော့စမွေ ၊ ကော့ဖငန်၊ Chumphon ၊ Ranong ၊ Hat Yai အပါအဝင် ထိုင်းတောင်ပိုင်းက မြို့တွေကို သွားပါတယ်။

📌 Sai Tai Mai ကားဝင်းကို ဘယ်လိုသွားရမလဲ ?

Sai Tai Mai ကားဝင်းက အခြားကားဝင်း (၂) ခုနဲ့ ယှဉ်ရင် ဘန်ကောက်မြို့ထဲပိုင်း ဧရိယာနဲ့ အနည်းငယ် အလှမ်းဝေးတယ်လို့ ဆိုနိုင်ပါတယ် ၊ MRT/ BTS ရထားလိုင်းတွေ မရောက်ပါဘူး ၊ SRT Red Line ကို စီးမယ်ဆိုရင်တော့ Taling Chan ဘူတာအထိ စီးပြီး ၊ ဘူတာကနေ တက္ကစီ ထပ်ငှါးစီးရမှာ ဖြစ်ပါတယ် ။ ကိုယ်နေတဲ့နေရာကနေ ဘယ်လိုင်းကားစီးရင် ရောက်မလဲဆိုတာကိုတော့ Via Bus App ကနေ တစ်ဆင့် ကြည့်နိုင်ပါတယ်။

✅ ထိုင်းနိုင်ငံမှာ အဝေးပြေးကားစီးမယ်ဆိုရင် သိထားသင့်တာလေးတွေ

ထိုင်းနိုင်ငံက အဝေးပြေးကားဝင်းတွေရဲ့လည်ပတ်ပုံက ကျွန်တော်တို့ နိုင်ငံနဲ့ ကွာခြားပါတယ် ၊ ကျွန်တော်တို့ဆီမှာဆိုရင် ကားလိုင်းတွေက ကိုယ်ပိုင် ကားဂိတ်တွေရှိပြီးတော့ ကားလိုင်းရဲ့ဂိတ်ကနေ စီးရုံပါပဲ ။ ထိုင်းနိုင်ငံမှာကတော့ ကားလိုင်းတွေဟာ ကိုယ်ပိုင်လက်မှတ်ရောင်းတဲ့ အရောင်းကောင်တာလေးတွေ ရှိပြီး အဲ့ဒီ အရောင်းကောင်တာတွေကနေ လက်မှတ်ဝယ်လို့ရသလို ၊ အွန်လိုင်းကနေ ကြိုဝယ်ထားတဲ့ လက်မှတ်တွေကိုလည်း သက်ဆိုင်ရာ အရောင်းကောင်တာမှာ Physical Ticket ပြန်လဲရမှာ ဖြစ်ပါတယ် ၊

Physical Ticket ပြန်လဲပြီးရင် ရလာတဲ့ လက်မှတ်မှာ ကိုယ်ကားစီးရမယ့် Platform No ပါမှာဖြစ်ပြီး ၊ သက်ဆိုင်ရာ Platform ကနေ သွားစောင့်စီးရပါတယ် ။ ကားအများစုက ကားမထွက်မှီ (၁၅) မိနစ်အလိုခန့်မှ Platform ကို ရောက်လာပြီး ခရီးသည်များတင်ဆောင်ကာ ပြန်ထွက်သွားတတ်ကြပါတယ်။Platform တစ်ခုထဲမှာ ကားလိုင်းပေါင်းစုံက ဝင်လိုက်ထွက်လိုက်နဲ့ ခရီးသည်တင်ဆောင်လေ့ ရှိတာမို့ အချို့တွေကားမှားစီးတက်ကြပါတယ် ၊ ကိုယ်တက်ရမယ့် ကားမှန် မမှန်ကို သက်ဆိုင်ရာ ကားမောင်းသူ ၊ ယာဉ်နောက်လိုက်တွေကို လက်မှတ်ပြပြီး သေချာမေးပြီးမှ စီးပါလို့ အကြံပေးပါရစေ။

မှတ်ချက် ။ ။လွတ်လပ်စွာ မျှဝေနိုင်ပါတယ်။ တဆင့်ပြန်ကူးတင်ခြင်း ခွင့်မပြုပါ

Photos from Hand Over Hand's post 11/02/2025

မနက်ဖြန် ပို့မယ် Blind Box တွေ
ညတွင်းချင်း ထုတ်ပိုးနေပါပြီ

BKK မှာရှိတဲ့ လူသုံးကုန် ၊ စားသောက်ကုန် ၊ အဝတ်အထည် နှင့် အလှအပပစ္စည်းတွေ
BKK U Kaung ဆီ မှာယူ လို့ရတယ်နော်

ယံုကြည်စိတ်ချစွာအလုပ်အပ်နိုင်ပြီး အမြန်ဆုံးနဲ့အတန်ဆုံးဝန်ဆောင်မှုပေးပါတယ်ခင်ဗျ ✌️
🙏🙏🙏

11/02/2025

ထိုင်းနိုင်ငံ မှာရှိတဲ့ BKK Made တွေလိုချင်တယ်ဆို
အခုပဲ page messenger ကနေမှာယူလိုက်တော့နော် 👋

11/02/2025

🇹🇭 လူအတော်များများ မသိကြသေးတဲ့ ထိုင်းပွဲတော်ကြီး (၅)ခု 🎉

ထိုင်းနိုင်ငံအတွင်း ထိုင်းလူမျိုးတွေ Celebrate လုပ်ကြတဲ့ ထိုင်းရိုးရာအခမ်းအနားတွေထဲမှာ လူအတော်များများသိပ်မသိကြသေးတဲ့ အခမ်းအနားကြီး (၅)ခုအကြောင်းကို ဗဟုသုတရစေနိုင်ဖို့အတွက် Sabai Job ကနေ မျှဝေပေးသွားမှာဖြစ်ပါတယ်။

🔸 Royal Ploughing Ceremoney (Phuet Mongkhon)
Royal Ploughing Ceremony (Phuet Mongkhon) ကတော့ May လအတွင်းမှာကျင်းပတဲ့အခမ်းအနားတစ်ခုဖြစ်ပြီး ရက်အတိအကျမရှိပဲ နှစ်တိုင်းမတူကွဲပြားတဲ့ရက်မှာ ကျင်းပလေ့ရှိကြပါတယ်။ ဒီအခမ်းအနားကို Public holiday အဖြစ်သတ်မှတ်ကြပြီး ထိုနေ့ဟာ လယ်သမားများအတွက်တော့ အရေးကြီးတဲ့ အခမ်းအနားတစ်ခုဖြစ်ပါတယ်။
Royal Ploughing Ceremony ပွဲတော်မှာ နွားနှစ်ကောင်ကို အသုံးပြုပြီး လယ်ယာထွန်ခြင်းပြုလုပ်ပြီး၊ နွားများအတွက် အစားအစာမျိုးစုံ ပူဇော်ကြပါတယ်။ နွားများရဲ့ စားသောက်ရွေးချယ်မှုအပေါ်မူတည်ပြီး တစ်နှစ်တာ စိုက်ပျိုးရေးအခြေအနေကို ခန့်မှန်းကြပါတယ်။
ဒီအခမ်းအနားရဲ့ အဓိကရည်ရွယ်ချက်ကတော့ စိုက်ပျိုးရေးကောင်းမွန်စေဖို့နဲ့ သီးနှံများစိုက်ပျိုးရာတွင် မင်္ဂလာရှိစေရန်ဆုတောင်းခြင်းဖြစ်ပါတယ်။

🔸 Asanha Bucha Day
Asanha Bucha Day ကို (2025) ခုနှစ် ဇူလိုင်လ (10 )ရက်နေ့မှာကျင်းပသွားမှာဖြစ်ပြီး ထိုနေ့ဟာ မြတ်စွာဘုရားရှင်ပထမဆုံး ဓမ္မစကြာတရားတော်ကို ဟောကြားခဲ့တဲ့နေ့ဖြစ်ပါတယ်။ ထိုနေ့ကိုထိုင်းနိုင်ငံမှာ အများပြည်သူအားလပ်ရက်တစ်ရက်အဖြစ် သတ်မှတ်ကြပါတယ်။
ထိုင်းလူမျိုးများဟာ Asanha Bucha Day မှာ ဘုန်းကြီးကျောင်းသို့ သွားရောက်ကပ်လှူဒါန်းခြင်း၊ တရားနာခြင်း၊ တရားထိုင်ခြင်းများ ပြုလုပ်ကြပါတယ်။ ညနေပိုင်းတွင် ဝိယန်တိယန် (ဝတ်ပြုလှည့်လည်ခြင်း) အခမ်းအနားကိုလည်း ကျောင်းများတွင် ကျင်းပကြပါတယ်။

🔸 Khao Phansa Day
Khao Phansa Day ကို (2025) ခုနှစ် ဇူလိုင်လ (11) ရက်တွင် ကျင်းပမှာဖြစ်ပြီး ထိုနေ့ဟာ သီတင်းသုံးသကာလရဲ့ အစဖြစ်ပြီး ဘုန်းတော်ကြီးများ သုံးလကြာဘုန်းကြီးကျောင်း၌နေထိုင်ကာ သီတင်းကျင့်ကြတဲ့ ကာလဖြစ်ပါတယ်။
Asanha Bucha Day နှင့် Khao Phansa Dayတို့ဟာ တူညီတဲ့ ဗုဒ္ဓဘာသာဆိုင်ရာ အထိမ်းအမှတ်နေ့တွေဖြစ်ပေမယ့်လည်း လုပ်ဆောင်တဲ့ အခမ်းအနားများမှာ အနည်းငယ်ကွာခြားပါတယ်။
Asanha Bucha Day မှာ မြတ်စွာဘုရားရှင်ရဲ့ ပထမဆုံး ဓမ္မစကြာတရားဟောကြားမှုကို ဂုဏ်ပြုကြပြီး ဝိယန်တိယန် (ဝတ်ပြုလှည့်လည်ခြင်း) အခမ်းအနားများကျင်းပကြပါတယ်။ Khao Phansa Day မှာတော့ သီတင်းသုံးသကာလအတွင်း ဘုန်းတော်ကြီးများ ဘုန်းကြီးကျောင်း၌ နေထိုင်ပြီး သာသနာပြုလှုပ်ရှားမှုများ ပြုလုပ်ကြပါတယ်။

🔸 King Rama IX Memorial Day
King Rama IX Memorial Dayကတော့ October (13) ရက်နေ့မှာဖြစ်ပြီး 2016မှာ ဆုံးပါးသွားတဲ့ King Bhumibol Adulyadej (King Rama IX)အတွက် ရည်ရွယ်ကျင်းပတဲ့ Memorial Dayပဲဖြစ်ပါတယ်။
Father of the Nation လို့လည်းသိရတဲ့ King Bhumibol Adulyadej ကတော့ ဘုရင်ဖြစ်တဲ့ သက်တမ်း အနှစ်(၇၀)မှာ ထိုင်းနိုင်ငံရဲ့ ပညာရေး၊ စီးပွါးရေး၊ ဆက်သွယ်ရေး အစစအရာရာကို ပြုပြင်တိုးတက်အောင်လုပ်ပေးခဲ့တဲ့ ထိုင်းလူမျိုးတွေရဲ့ လေးစားမှုကိုရရှိခဲ့တဲ့ ဘုရင်တစ်ပါးပဲဖြစ်ပါတယ်။
Public Holiday လည်းဖြစ်တဲ့အတွက် ထိုင်းလူမျိုးတွေအနေနဲ့ ထိုနေ့မှာ memorial eventsတွေဆီသွားကြသလို အလှူအတန်းတွေလည်း ပြုလုပ်ကြပါတယ်။

🔸 King Chulalongkorn Memorial Day
နောက်ထပ် ထိုင်းလူမျိုးတွေ ချစ်ခင်ပြီးလေးစားရတဲ့ ဘုရင်ဖြစ်တဲ့ King Chulalongkorn (King Rama V)ရဲ့ Memorial Dayဖြစ်တဲ့ King Chulalongkorn Memorial Dayကတော့ October 23မှာပြုလုပ်တဲ့ Public holidayတစ်ခု ဖြစ်ပါတယ်။
King Chulalongkornကတော့ ကျွန်စနှစ်ကိုဖျက်သိမ်းခဲ့ရုံသာမက ထိုင်းနိုင်ငံရဲ့ modernizationကို စတင်ခဲ့တဲ့ ဘုရင်တစ်ပါးဖြစ်ပါတယ်။ ထိုင်းလူမျိုးတွေကတော့ King Chulalongkornအတွက် ဆောက်လုပ်ထားတဲ့ မော်ကွန်းတိုင် သို့မဟုတ် ရုပ်တုတွေမှာ ပန်းစည်းလာချတာ သို့မဟုတ် အလှူအဒါန်းလုပ်ကြတာမျိုး ပြုလုပ်ကြပါတယ်။
ဒါဆို အခုမျှဝေပေးခဲ့တာကတော့ အများပြည်သူရုံးပိတ်ရက်တွေဖြစ်ပြီး စည်စည်ကားကား ကျင်းပကြတဲ့ ထိုင်းရိုးရာအခမ်းအနားကြီး (၅)ခုအကြောင်းကို မျှဝေပေးခဲ့တာဖြစ်ပါတယ်။

ဒီပို့စ်ကိုဖတ်နေတဲ့သူတွေအနေနဲ့ရော Thai Local Events/Ceremonies တွေထဲမှာ အကြိုက်ဆုံးအခမ်းအနားရှိလား? ရှိတယ်ဆိုရင် Comment မှာ📲မျှဝေပေးခဲ့နိုင်ပါတယ်။

11/02/2025

ထိုင်းLocalတွေပဲ့သီးသန့်ရှိတဲ့ မြန်မာတွေမသိသေးတဲ့ Fashion Mallတခု👌

ဘယ်လိုသွားရမလဲဆိုတော့ မြို့ထဲကနေ Blue လိုင်းတောင်လျှောက်စီးသွားပြီး Phahon Yohtin MRT မှာဆင်းပြီးတော့ ၅မိနစ်လေး ခုံးတံတားကနေလမ်းလျှောက်သွားတာနဲ့ ရောက်ပါပြီ

fashion mall ဆိုတော့ အဝတ်အစား/ဖိနပ်/အိတ်/မျက်မှန် အကုန်လုံးကိုရှိနေတာပါ

•တခုရှိတာက သူ့မှာ Brand store တော့မရှိပါဘူူ
သူတို့နိုင်ငံသား အထည်ဆိုင်တွေကိုတစုတစည်းထဲ တနေရာထဲမှာရောင်းစေတဲ့သဘောဆောင်သလိုပါပဲ့ အကုန်Local တွေချည်းပါ 😂

Shopping ထွက်ချင်ရင် ဒီနေရာလေးကို listလေးထဲထည့်ထားလို့ရအောင် sharing လုပ်ပေးလိုက်ပါတယ်။
#ဘန်ကောက်ရဲ့ဈေးဝယ်နေရာ — at Union Mall Ladphrao.

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon