Healthy Food For You
Easy Cook by Htet

အရသာရှိမဲ့ ပုံမျိုး ❤

Fish Cake (ငါးအသားပြား) လေးနဲ့
ကိုရီးယား ဆန်ကြရအောင်
လုပ်နည်းလေး က မခက်ဘူးနော်
အိမ်မှာလုပ်တော့ သန့်ရှင်း လတ်ဆတ်ပြီး
စျေးတန်တန် နဲ့ အများကြီး စားရတာပေါ့

လွယ်လွယ်ကူကူနည်းလမ်း နဲ့ အိမ်မှာလုပ်စားနိုင်စေဖို့ အညာမုန့်ပြားသလက် လုပ်နည်း 💙🤍
1.မွှေးဆန်မှုန့် အစိမ်းထုပ် - 4.5 ထုပ်
2.ဆိုဒါ - တဇွန်းနဲ့ တဝက် ( teaspoon)
3.ရေ - 1500 ml
4.ဆား - တဇွန်း ( teaspoon)
5.ကြက်ဥ - နှစ်လုံး ( မုန့်လုပ်ခါနီးမှ ခေါက်ပြီး.ထည့်ရန်)
အမှတ် 1 မှ 4 ကိုရောစပ်ပြီး မုန့်မလုပ်ခင် 4-5 နာရီလောက်ကြို ပြီးစပ်ထားပါ
မုန့်လုပ်ခါနီးမှ ကြက်ဥ နှစ်လုံး ခေါက်ထည့်ပါ
ကြက်သွန်မိတ် တွေကိုညှပ်ပြီး ပဲပြုတ်နှင့်ရောပါ
နှမ်း နဲ့ ဆားကို လိုသလောက်ရောထောင်းပါ
အိမ်မှာရှိတဲ့ရိုးရိုးဒယ်အိုးကို ဆီလေးတွေသုတ်သုတ်ပြီး လုပ်စားလို့ရပါတယ်
#ပြန်လည်မျှဝေခြင်းဖြစ်ပါသည်
မင်မင် မောင်လေး Bangkok iconsiam သွားတုန်းက vlog လေး

ကန်စွန်းရွက် ကို စိမ်းအောင် ကြော်နည်း
ကန်စွန်းရွက်ကြော်ပြီး မမဲအောင် ပုံလေးတွေအောက်မှာ
ရေးပေးထားပါတယ်

Bubble tea နဲ့ မာလာရှမ်းကော
စားချင်တာ ရွေးချယ်လိုက်ပါ

ပြန်လည်မျှဝေပေးတာပါ
ကြက်သားသီးသန့်ပဲသုံးလို့ရသလို မေမေမွန် ကတော့ တခြားဟင်းခတ်အမွှေးအကြိုင်လည်းပါချင်တာမို့ ကြက်သွန်နီ၊ ကြက်သွန်ဖြူပါထည့်သုံးထားပါတယ်။
ဒါဆိုလုပ်နည်းလေးဆက်ကြည့်ပေးပါဦးနော်။
ပါဝင်ပစ်စည်းများ
✅ ကြက်ရင်ပုံတစ်ခြမ်း
✅ ကြက်သွန်နီ
✅ ကြက်သွန်ဖြူ
✅ ဂျင်းမှုန့်
✅ ဆား
✅ ငရုတ်ကောင်းမှုန့်
ပြုလုပ်နည်း
1️⃣ ကြက်ကတော့ အသားမှုန့်လုပ်ဖို့အတွက်သုံးတာမို့ CP ကြက်ပဲသုံးထားပါတယ်။ ကြက်ရင်ပုံကို အရေခွံမထည့်ပဲ ဆား၊ ဂျင်းမှုန့်(ဂျင်းမှုန့်အစား ဂျင်းရည်ဖြစ်စေ၊ ဂျင်းပြားဖြစ်စေထည့်ပါ)၊ ငရုတ်ကောင်းမှုန့်တို့ထည့်နယ်ပြီး ရေနွေးကိုအသားတဝက်အနေထိပဲထည့်ပြီး ရေခမ်းပြုတ်ပါတယ်။ မီးအရမ်းအပြင်းမထားပဲမီးအနေတော်နဲ့ရေခမ်းတဲ့ထိပြုတ်ပါ။
2️⃣ ကြက်သားရေခမ်းရင် အသားနည်းနည်းခြောက်အောင်ထိအအေးခံထားပြီး အသားကိုပါးပါးလွှာလှီးပါ။ အထူအပါးညီအောင်လှီးနိုင်ရင်ပိုကောင်းပါတယ်။ ကြက်သွန်နီ ကြက်သွန်ဖြူပါလှီးပါတယ်။ ထည့်ဖုတ်မဲ့ဗန်းထဲနေရာအထူအပါးမျှအောင်ဖြန့်ခင်းပေးပါ။
3️⃣ Oven ကို 220°C လောက်အပူပေးပြီး မိနစ် ၂၀မှ ၂၅မိနစ်ထိ အသားခြောက်အောင်ဖုတ်ပေးဖို့လိုပါတယ်။ (Air fryer သုံးလည်းရပါတယ်)
ဒီနေရာမှာ ကြက်သားက ထူပြီးကြက်သွန်နီ/ဖြူကပါးရင် တူးပါမယ် အထူအပါးညီနိုင်ရင်ကောင်းပါတယ်။ ပိုစိတ်ချစေချင်ရင် အချိန်၁၀မိနစ်လောက်ကြက်သားကိုဖုတ်ပြီးမှကြက်သွန်လှီးတာထည့်ပေးပါ။
4️⃣ အသားလည်းခြောက်ပြီဆို ကြိတ်စက်မှာအကုန်ထည့်ပြီး တခါကြိတ်ပေးပါ။ အမှုန့်ညှက်တဲ့ထိလိုချင်တဲ့အတွက် နောက်၂ကြိမ်ကို ပမာဏခွဲခွဲပြီးကြိတ်ပေးပါတယ်။ ကြိတ်တဲ့အခါထပ်ပြီး ငရုတ်ကောင်းမှုန့်နည်းနည်းထပ်ထည့်ပေးပါတယ်(မထည့်လည်းရ)။ စက်ကဖုတ်တဲ့အချိန် တူးတာမျိုးပါခဲ့ရင် ဖယ်ပြီးမှကြိတ်ပေးပါ။
ဒါဆိုရင်တော့ စိတ်လည်းချရတဲ့ မေမေကိုယ်တိုင်လုပ်ပေးတဲ့ အသင့်သုံး ကြက်သားဟင်းခတ်မှုန့်လေးရပါပြီ။
ကြက်သားတစ်ခြမ်း၊ ကြက်သွန်နီအသေး ၂လုံး၊ ကြက်သွန်ဖြူ တစ်လုံးရဲ့တစ်ဝက်သုံးတာ 95g ပဲရပါတယ်။ လေလုံအောင်ဗူး၊ ဖန်ပုလင်းထဲထည့်သိမ်းထားပေးဖို့လိုပါတယ်။
🔸 Oven မရှိတဲ့မေမေတို့အတွက်က မကပ်အိုးတစ်လုံးရှိရင်ရပါပြီ။ ကြက်သားကိုပြုတ်ပြီးတဲ့အဆင့်ရောက်ရင် လုပ်ရလွယ်ကူအောင် အသားကိုပါးပါးလှီးပြီး ခြောက်အောင်နေပြပေးဖို့လိုပါတယ်။ ကြက်သွန်နီ/ဖြူကိုလည်း လှီးပြီးခြောက်အောင်နေပြပေးပါ။
🔸 အိုးမှာ (ဆီမသုတ်ရ) အစိုမကျန်အောင် ပိုခြောက်အောင်လှော်တဲ့ပုံစံလုပ်ပေးရပါမယ်(လက်ကမပြတ်မွှေပေးပါ မီးမပြင်းရပါ)။ ခြောက်ပြီဆိုမှ ကြိတ်စက်နဲ့ကြိတ်ပေးပါ။ ဒီနည်းနဲ့လည်း စက်မပါပဲလုပ်လို့ရပါတယ်။
နောက်တခေါက် ကြက်သားဟင်းခတ်အခဲ stock cubes လုပ်နည်းလေးမျှဝေနိုင်ဖို့လုပ်ပေးပါဦးမယ်။ ဒီနည်းနဲ့ခပ်ဆင်ဆင်ဖြစ်မယ်ထင်တယ် ဟိုးအရင်က မေမေမွန် Chicken Floss, Pork Floss, Fish Floss, Salmon Floss ဆိုပြီးတင်ပေးဖူးပါတယ် သူကတော့ ဒီလောက်အမှုန့်မညှက်ပဲ Butter လေးသုံးပြီးလုပ်တဲ့နည်းပါ။ အဲဒါလေးလည်း Link လေးပြန်ထည့်ပေးထားပါတယ်။ ကျန်တဲ့ Link လေးတွေပြန်ရှာပြီးထည့်ပေးပါ့မယ်။ မေမေတို့အားလုံးအဆင်ပြေကြပါစေရှင်။
https://www.facebook.com/103100724405913/posts/262021751847142/
စေတနာများစွာဖြင့်
မေမေမွန် ❤️
#ကြက်သားမှုန့်
#ဟင်းခတ်မှုန့်

မြန်မာမှန်ရင် လက်ဖက်သုပ် မကြိုက်သူမရှိဘူးလားလို့
Hi everyone! 🌟 You can support me by sending Stars - they help me earn money to keep making content you love.
Whenever you see the Stars icon, you can send me Stars!
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เบอร์โทรศัพท์
ที่อยู่
Bangkok
10250
เวลาทำการ
จันทร์ | 09:00 - 17:00 |
อังคาร | 09:00 - 17:00 |
พุธ | 09:00 - 17:00 |
พฤหัสบดี | 09:00 - 17:00 |
ศุกร์ | 09:00 - 17:00 |
เสาร์ | 09:00 - 17:00 |