ACE
For Work - [email protected]
Personal account - NaingLin Swe
08/06/2026
Falcon Daisies အသင်းဟာ ပြည်တွင်းမှာ အစောဆုံးတည်ထောင်တဲ့ MLBB Women အသင်းတွေထဲကတစ်သင်းပါ။
Falcon Daisies ဟာ MLBB Women အသင်းတွေအတွက် အမြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ MLBB Women Invitational - MWI ကို တစ်ကြိမ်မှ တက်ရောက်နိုင်ခြင်းမရှိခဲ့ပါဘူး။
ဒီတစ်ခေါက် MWI 2026 Myanmar Qualifier အတွက်တော့ Falcon Daisies ဟာ အရင်ကနဲ့မတူဘဲ အကြီးအကျယ် ပြင်ဆင်အားဖြည့်ခဲ့ပါတယ်။
နည်းပြအဖွဲ့မှာ God Level တစ်ယောက်ပဲရှိရာကနေ၊ Ram နဲ့ Kyi Sin တို့ အားဖြည့်တယ်၊ ပြီးတော့ Head of Esports ဖြစ်တဲ့ Nyo Chaw ကလည်း ဦးဆောင်တယ်။ အင်ဒို player Starsoyy နဲ့ ဖိလစ်ပိုင် player ArYa တို့ကိုလည်း ပြည်ပကနေ ခေါ်ယူခဲ့တယ်။
အဲ့လောက်အထိ အားစိုက်ထုတ်မှုတွေလုပ်ခဲ့ပေမယ့် တကယ်အလုပ်ဖြစ်ပါ့မလားဆိုတာကို Grand Final ရောက်တဲ့အထိတောင် သံသယဝင်စရာကောင်းနေတုန်းပါပဲ။ (ပြိုင်ဘက်အသင်း Team Secret ကလည်း ကြမ်းနေခဲ့တာကိုး)
ဒါပေမယ့် Falcon Daisies ဟာ အမြဲတမ်းခက်ခက်ခဲရင်ဆိုင်ရတဲ့ ပြိုင်ဘက်အသင်းကို အရေးကြီးဆုံးအချိန်မှာ 4-3 ရလဒ်နဲ့အနိုင်ရရှိပြီး MWI 2026 ကိုတက်ဖို့ အထိုက်တန်ဆုံးအသင်းဖြစ်ကြောင်း လှလှပပသက်သေပြသွားခဲ့ပါတယ်။
✍️
5 party hyper rank
Gold lane time
3 party rank
Alittle နောက်ကျ
5 party rank game
05/06/2026
ဒီနေ့ညနေ ၅ နာရီခွဲမှာ MPL Malaysia တစ်ရာသီလုံးမှာ အရေးကြီးဆုံးလည်းဖြစ်ပြီး ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးဖြစ်မယ့်ပွဲစဉ် ရှိပါတယ်။
SRG vs IG တွေ့ဆုံမှုဟာ MSC 2026 ကို တိုက်ရိုက်တက်ရောက်ခွင့်ရစေမယ့်အခွင့်အရေးလည်းဖြစ်တယ်။
SRG က အမှတ်ပေးဇယား အဆင့် ၁ ဖြစ်ပြီး IG က အမှတ်ပေးဇယား အဆင့် ၂ ဆိုတော့ လက်ရှိအကောင်းဆုံးအသင်းတွေပဲ။
Regular Season မှာတုန်းက ဒီ ၂ သင်းကြား ပြိုင်ဆိုင်မှုပြင်းထန်လွန်းတာကြောင့် လေတိုက်ရာကနေ လက်လွန်ကြက်သွန်တွေဖြစ်ခဲ့သေးတယ်။ KRAMM ပွဲကစားခွင့်ပိတ်ပင်ခံရတဲ့အထိပေါ့။
ဒါကြောင့် ဒီနေ့ပွဲစဉ်ဟာ MSC တက်ရောက်ခွင့်အတွက်ရော၊ ကစားသမားချင်းပြိုင်ဆိုင်မှုရောကြောင့် တော်တော်ကြည့်ကောင်းမယ့်ပွဲတစ်ပွဲ ဖြစ်ပါလိမ့်မယ်။
✍️
5 party rank
play rank game
04/06/2026
ပြိုင်ဆိုင်မှုပြင်းထန်လွန်းတဲ့အပြင် အခက်ခဲဆုံးလည်းဖြစ်တဲ့ MPL PH မှာ Champions ဆုကို ၆ ကြိမ်ရယူဖူးတဲ့သူ ၂ ယောက်ပဲ ရှိပါတယ်။
GOAT ကြီး KarlTzy နဲ့ Jaypee တို့ပါ။
KarlTzy က MPL PH Grand Final မှာ ၁ ခါရှုံးဖူးပေမယ့် …. Jaypee ကတော့ တစ်ခါမှ မရှုံးဖူးသူပါ။
MPL PH S4, S5, S11, S13, S15, S16 နဲ့ S17 တွေမှာ Jaypee ဟာ MPL PH Grand Final ကိုတက်ပြီး Champions ဆုကို အမိအရ ယူခဲ့ပါတယ်။
ဒါတင်မကသေး …
M4 Grand Final ကိုလည်း အရံကစားသမားအဖြစ်တက်ခဲ့ပြီး World Champion တစ်ယောက်ဖြစ်ခဲ့တယ်။
MSC 2025 မှာလည်း Grand Final တက်ခဲ့တယ်၊ Champions ဆု ယူခဲ့ပြန်တယ်။
အဲ့လိုနဲ့ ၈ ကြိမ်တိုင်တိုင် Champions ဆု ရခဲ့တဲ့ Jaypee ဟာ Grand Final ကိုတက်တိုင်း အနိုင်ရတဲ့တစ်ဦးတည်းသော Pro Player အဖြစ် MLBB Esports လောကမှာ ရပ်တည်နေသူ ဖြစ်ပါတယ်။
✍️
คลิกที่นี่เพื่อเป็นสมาชิก?