Thanlwin Visuals

Thanlwin Visuals

แชร์

📸

09/06/2025

Shot by Thanlwin Visuals

Photos from Thanlwin Visuals's post 26/10/2024

In frame - Nay Nwel Zin Linn - Gu Guu

24/10/2024

ကင်မရာစရိုက်မယ့် သူတွေ စောစောစီးစီး သိထားသင့်တဲ့အချက်များ

📸 Social media က အရာရာမဟုတ်ပါဘူး။

တခါတလေကျတော့ social media မှာ post မတင်ဖြစ်ဘူးဆို ကိုယ်ကပဲ သူများတွေထပ်နောက်ကျကျန်ခဲ့သလိုလို ထင်နေတတ်ပါတယ်။
သူများတွေ ဘာတွေလုပ်နေလဲဆိုတာ အချိန်တိုင်းကြည့်နေမယ့်အစား ကိုယ့်အလုပ်နဲ့ client တွေကို အချိန်ပိုပေးသင့်ပါတယ်။

📸 Trends တွေနောက်ပဲ အမြဲမလိုက်ပါနဲ့။

ကျွန်တော်တို့ဟာ social media မှာသူများ ဒါလုပ်ရင် ကိုယ်လဲ ဒါဆိုပြီး Trends တွေနောက်ပဲလိုက်နေတတ်ပါတယ်။ ဒီ trend တွေကလဲ အချိန်ကာလ ခဏပြီးရင် ပျောက်သွားတာပါပဲ။ Trends တွေနောက်ပဲ လိုက်နေရင် ကိုယ်တိုင်လဲ Burn out ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် Trends တွေနောက်လိုက်မယ့်အစား ကိုယ်တကယ်ကြိုက်တဲ့ အရာမျိုးကိုရှာပြီးရိုက်ကြည့်ပါ။ ဒါကတော့ ရေရှည်အတွက်အကောင်းဆုံးနည်းလမ်းပါပဲ။

📸 Likes တွေ Followers တွေက နံပါတ်တွေပါပဲ။

Likes တွေ followers တွေကတော့ လူတိုင်းလိုချင်ကြပါတယ်။ ဒါပေမယ့် ဒီနံပါတ်လေးတွေနဲ့ပဲ ကိုယ့်ရဲ့တန်ဖိုးကို မဖြတ်မိဖို့လိုပါတယ်။

📸 လမ်းပျောက်တာ ပုံမှန်ပါ။

ကျွန်တော်ကိုယ်တိုင်လဲ ဘာလုပ်ရမှန်းမသိ လမ်းပျောက်တဲ့ အချိန်တွေ အများကြီးရှိပါတယ်။ ဘာလုပ်ရမယ်ဆိုပြီး အတိအကျကြီး မရှိပါဘူး။ ဘယ်သူမှလဲ ဘာဖြစ်မယ်ဆိုတာမသိပါဘူး။ လုပ်ရင်း ကိုင်ရင်း ရိုက်ရင်းနဲ့ပဲ အမြဲသင်ယူလေ့လာနေရပါတယ်။ လမ်းပျောက်နေလို့ အများကြီး စိတ်မညစ်ပါနဲ့။ ပုံမှန်လေးလုပ်သွားပါ။

📸 သူများတွေနဲ့ ကိုယ့်ကိုကိုယ် လိုက်မယှဉ်ပါနဲ့။

ကိုယ့်ကိုကိုယ် တခြားသူတွေနဲ့လိုက်ယှဉ်နေမယ်ဆိုရင် ကိုယ့်ရဲ့ creativity တွေပါ ကျလာပါလိမ့်မယ်။ တစ်ယောက်နဲ့တစ်ယောက် ဘယ်သူမှ မတူကြပါဘူး။ ကိုယ့်ရဲ့ ပင်ကိုယ် style ကိုသာ focus လုပ်ပြီး ဖြည်းဖြည်းချင်း develop လုပ်သွားပါ။

✨ ကိုယ်ဘာလို့ ကင်မရာစရိုက်ဖို့ ဆုံးဖြတ်ခဲ့လဲဆိုတာ သတိရပါ။ Just be yourself and keep creating! 📸

အားလုံးပဲ အဆင်ပြေကြပါစေ။

Photos from Thanlwin Visuals's post 23/10/2024

Lighting မသုံးပဲ Natural Light တခုတည်းနဲ့ ဘယ်လိုရိုက်မလဲ။

တစ်ပုံချင်းစီ နှိပ်ကြည့်သွားလို့ရပါတယ်။

Photos from Thanlwin Visuals's post 16/10/2024

Stills from random clips.
Sony A7IV + 20mm
Rotate your phone 📱

Which frame is your favorite?

10/10/2024

Bold ink and quiet streets.
With Aeint Ha Na - ဟန

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริการถ่ายภาพ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

ประเภท

เว็บไซต์

ที่อยู่

Bangkok