ဆရာတော်ကြီးများ၏ ဓမ္မစာစုများကို စု?
ဖတ်ရှုရာတွင် အဆင်ပြေစေရန် ဓမ္မစာစုများအား Album များဖြင့် စုစည်းထားပါသည်။
==================
မဟာစည်ဆရာတော်
မိုးကုတ်ဆရာတော်
ပါချုပ်ဆရာတော်
သီတဂူဆရာတော်
သစ္စာရွှေစည်ဆရာတော်
မဟာမြိုင်တောရဆရာတော်
မဟာဗောဓိမြိုင်ဆရာတော်
ဓမ္မဘေရီဆရာတော်
ချမ်းမြေ့ဆရာတော်
ဓမ္မဒူတ(မှော်ဘီ)ဆရာတော်
ရွှေပါရမီတောရဆရာတော်
မနာပဒါယီဆရာတော်
ဌေးသာမဏေကျော်ဆရာတော်
သဘာဝတရားရိပ်သာဆရာတော်
မေတ္တာရှင်(ရွှေပြည်သာ)ဆရာတော်
ရဝေနွယ်(အင်းမ)ဆရာတော်
မဇ္ဈိမ

"အနေချောင်တဲ့ဘဝ"
အနေချောင်တဲ့ဘဝက ကိုယ့်ကို ဘာပညာမှ သင်မပေးဘူး၊
တကယ်ကျေနပ်စရာအကောင်းဆုံးက ကိုယ် ဘယ်လောက် ပညာရလိုက်သလဲ၊
ဘယ်လောက် စိတ်နေသဘောထား ကြီးလာသလဲ ဆိုတာပဲ ။
အနေချောင်တယ်ဆိုတာ ဘာမှမလုပ်ဘဲသက်သက်သာသာ နေရတာကိုခေါ်တာ။
ဘာမှမလုပ်ဘဲ နေရတဲ့ဘဝဟာ လေးနက်မှုမရှိဘူး၊ အဓိပ္ပါယ်မရှိဘူး။
အဲဒီလိုဘဝဟာ ဘာမှ ကျေနပ်စရာမကောင်းဘူး။
အနေချောင်တဲ့ဘဝမှာ နေတဲ့သူဟာ လူ့အသိုင်းအဝိုင်းအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ပါတယ် ။
ကိုယ့်တာဝန်ကို ကိုယ်မယူရင် ကိုယ့်တာဝန်ကို တခြားတစ်ယောက်က ယူရမှာပဲ။
အဲဒါ တာဝန်မဲ့တဲ့ကိစ္စ ဖြစ်တယ်။
တာဝန်မဲ့တဲ့သူဟာ ဝန်ထုပ်ဝန်ပိုးဖြစ်တယ် ။
သက်သက်သာသာနေတဲ့သူကို သတိထားကြည့်ပါ။
သူဟာ ဘယ်ကိစ္စကိုမှ ရဲရဲရင့်ရင့်ပြတ်ပြတ်သားသား
မပြောနိုင်ဘူး။
သူ့မှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု မရှိဘူး၊
အရည်အချင်းရှိတဲ့သူနဲ့ ယှဉ်တဲ့အခါအားငယ်တဲ့အမူအရာရှိတယ်။
သူ့တန်ဖိုးကို အလုပ်နဲ့မပြနိုင်ဘူး ။
ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)
("စိတ်ချမ်းသာဖို့လိုရင်းပါ" စာအုပ်မှ)
"The Easy Life"
An easy life doesn't teach you anything worthwhile. What's truly most satisfying is how much knowledge you've gained and how much your character and mindset have matured.
Living easy means living comfortably without doing anything. A life spent doing nothing has no depth, no meaning. Such a life brings no satisfaction.
A person living an easy life becomes a burden to society. If you don't carry your own responsibilities, someone else must carry them. This is an act of irresponsibility. An irresponsible person becomes a burden.
Observe carefully the person who lives too comfortably. They cannot speak boldly and decisively about any matter. They lack self-confidence, and show signs of feeling intimidated when compared with skilled people. They cannot demonstrate their worth through work.

အပူစာကို မစားနဲ့
မီးပူအိမ်ထဲ မကိန်းအောင်းနဲ့
(မိုင်းဖုန်းဆရာတော် အဆုံးအမ)
ယႃႇၵိၼ်ၶွင်ႁွၼ်ႉ
ယႃႇၼွၼ်းၼႂ်းၾႆး
(ၶေႃႈသင်ႇသွၼ် ၶူးဝႃးဝုၼ်းၸုမ်ႉ)
Crd - OBV(Singapore)
ဓမ္မဒါန - ကျေးဇူးတော်ရှင်ဆရာတော်ကြီးများ၏ဓမ္မစာစုများ

၄/၁/၂၀၂၅ ရက်နေ့ ပါမောက္ခချုပ်ဆရာတော်ဘုရား ရေးသားပေးပို့သည့် “ပါဠိမေတ္တာစာ”
ပါဠိမတ်ေတာစာ
——————-
ပုဗ္ဗေ ကတံ ပါပကမ္မံ၊
ခေပယိတွာန သာဓုကံ။
ပုညနော’ ဓုနာကတနေ၊
မုစ်စန်တု ကမ်မဗန်ဓနာ။
(သဗ္ဗေ၊ မလွတ်လပ်သူ၊သတ္တဝါ ဟူသမျှတို့သည်။)
ပုဗ္ဗေ ကတံ ပါပကမ္မံ၊ရှေးဘဝဦး၊
ပြုခဲ့ဘူးသည့်၊လွန်ကျူးဖန်ဖန်၊
မကောင်းကံံကို။
သာဓုကံ ခေပယိတွာန၊မကြွင်း
မကျန်၊တွန်းလှန်ကုန်ခမ်းစေပြီး၍။
အဓုနာကတနေ ပုညနေ၊ယခုဘဝ၊
ပြုရတဖန်၊ ကုသိုလ်ကံကြောင့်။
ကမ္မဗန္ဓနာ၊ ဒုက္ခဆိုးကျိုး၊ အမျိုးမျိုးချဲ့၊ ကံတည်းဟူသောအနှောင်
အဖွဲ့မှ။
မုစ္စန္တု၊ ဝမ်းသာရွှင်ပြ၊ လွတ်
မြောက်ကြပါစေသတည်း။
(၇၇-ကြိမ်မြောက် မြန်မာနိုင်ငံ
လွတ်လပ်ရေးနေ့)
ပါမောက္ခချုပ်ဆရာတော်
(၄၊၁၊၂၅)
Crd - ပါမောက္ခချုပ်ဆရာတော်Page

၃/၁/၂၀၂၅ ရက်နေ့ ပါမောက္ခချုပ်ဆရာတော်ဘုရား ရေးသားပေးပို့သည့် “ပါဠိမေတ္တာစာ”
ပါဠိမတ်ေတာစာ
——————-
သမံ ဓမ္မံ စရိတွာန၊
အတ်တဟိတသုခါဝဟံ။
တုသိတာ သုခိတာ ဟောန္တု၊
မောဒန္တု သန္တဟဒယာ။
(သဗ္ဗေ၊ ကမ္ဘာအနှံ့၊ ပြန့်လျက်
ပေါ်လာ၊သတ္တဝါဟူသမျှတို့သည်။)
အတ္တဟိတသုခါဝဟံ၊
မိမိအကျိုး၊ပွါးတိုးလန်းဖြာ၊
ချမ်းသာပန်းခိုင်၊ ဆောင်ယူနိုင်
သော။ သမံ၊ မျှတ ရွှင်လန်း၊
အေးချမ်းသောအမှုကို။ ဓမ္မံ၊
သူတော်ချစ်ခင်၊ ကျင့်စဉ်မြင့်မား၊
မြတ်တရားကို။ စရိတွာန၊ လိုက်နာ
ရွှင်ပြုံး၊ ကျင့်သုံးကြပါသော
ကြောင့်။ တုသိတာ သုခိတာ
ဟောန္တု၊ ကျေနပ်ဝမ်းသာ၊ လန်းဖြာဟဒယ၊ ချမ်းသာကြပါစေ။
သန္တဟဒယာ၊ ငြိမ်းချမ်းရွှင်ပြုံး၊
အေးမြသောစိတ်နှလုံးရှိကြကုန်
သည်ဖြစ်၍။ မောဒန္တု၊ဝမ်းမြောက်
နိုင်ကြပါစေကုန်သတည်း။
ပါမောက္ခချုပ်ဆရာတော်
(၃၊၁၊၂၅)
Crd - ပါမောက္ခချုပ်ဆရာတော်Page

၂၀၂၅ နှစ်ဦးမေတ္တာ ပို့သလွှာ
🙏🙏🙏
နှစ်သစ်ကူး ဓမ္မလက်ဆောင်
New Year 2025 message from The most Venerable Dr. Khammai Dhammasami (DPhil, Oxford), Oxford Sayadaw, Chief Abbot of Oxford Buddha Vihara (OBVs), Rector and Founder of Shan State Buddhist University Shan State Buddhist University.

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး၏ မေတ္တာ
🙏🙏🙏
PHOTO - ပါချုပ်ဆရာတော် Group

ဒုက္ခမရှိတဲ့နေရာကိုထွက်ပြေးမယ်ဆိုရင်
ထွက်ပြေးစရာနေရာရှိမှာတောင်မဟုတ်ဘူး။
"ဒုက္ခ"တွေကြားထဲမှာပဲ
အဆင်ပြေပြေဖြစ်သွားအောင် နေတတ်ရတယ်။
#အောက်စ်ဖို့ဒ်ဆရာတော်
Crd - ဓမ္မအလင်း

ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော်ဘုရားကြီး ရန်ကုန်မြို့မှာ အဖူးမြော်ခံကြွပါမည်။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
💖 နေ့ရက်။ ။ 10.12.2024 မှ 16.12.2024 အထိ
💖 အချိန်။ ။ 🕙 နံနက် 7:00 တကြိမ်
နေ့လည် 12:00 တကြိမ်
💖 နေရာ။ ။ အင်းလျားရိပ်သာကျောင်း ။
ပညာဘူမိတက္ကသိုလ် ရုံးချုပ်
ရန်ကုန်။
Crd - Ko Nyi

လူတွေ တကယ်လိုချင်တာဘာလဲ ?
🔹လူတွေ တကယ်လိုချင်တာ
ဘာလဲဆိုတော့ စိတ်ချမ်းသာမှု။
စိတ်ချမ်းသာမှုကို လိုချင်တယ်။
ဘာပဲလုပ်လုပ် စိတ်ချမ်းသာမှု
ရမယ်ထင်လို့ လုပ်တာ။
ဥပမာ - ပိုက်ဆံရှာတယ်။
ဘာဖြစ်လို့ ပိုက်ဆံရှာသလဲဆိုတော့
ပိုက်ဆံရှိရင် စိတ်ချမ်းသာမယ်ထင်လို့ပဲ။
ရုပ်ရှင်တွေ TV တွေ ကြည့်တယ်။
ဘာကြောင့်ကြည့်လဲဆိုတော့
အဲ့လိုကြည့်နေရရင်
စိတ်ချမ်းသာမယ်ထင်လို့ပဲ။
စိတ်ချမ်းသာမယ် ထင်လို့
တခြားလည်း အမျိုးမျိုးလုပ်တယ်။
တချို့က စိတ်ဆင်းရဲမှုကို ဖုံးချင်လို့၊
မေ့ထားချင်လို့ လုပ်တယ်။
🔹လူတွေ နေ့စဉ် လုပ်နေတဲ့
အလုပ်တွေကို အခြေခံကျကျ ကြည့်ရင်
သူတို့လိုချင်တဲ့ စိတ်အခြေနေလေး ဖြစ်အောင် ဖန်တီးယူနေတာပဲဆိုတာ တွေ့ရတယ်။
mood တစ်ခု ဖန်တီးယူနေတယ်။
mental state တစ်ခု ဖန်တီးယူနေတယ်။
အမှန်တော့ ကိုယ်တကယ် ပြန်ခံစားနေတာ
ကိုယ့်ရဲ့စိတ် အခြေအနေ၊ ကိုယ့်စိတ်ကို
ကိုယ် အရသာခံတာပါ။
We enjoy our consciousness.
လို့ ပြောလို့ရမယ်။
🔹တကယ်လေးနက်တဲ့ စိတ်ချမ်းသာမှုကို
လိုချင်ရင် ကိုယ့်ကိုယ်ကို လေးစားတဲ့သူ
ဖြစ်အောင် နေဖို့လိုတယ်။
ကိုယ့်ကိုယ်ကို လေးစားတဲ့စိတ်ဟာ
ချမ်းသာတဲ့စိတ် ဖြစ်တယ်။
ကိုယ့်ကိုယ်ကို မလေးစားနိုင်တဲ့သူဟာ
စစ်မှန်တဲ့ စိတ်ချမ်းသာမှုမျိုးကို
ဘယ်လိုမှ မရနိုင်ဘူးနော်။
🔹ကိုယ့်ကိုယ်ကို ဘာကြောင့် မလေးစားနိုင်တာလဲ?
မလုပ်သင့်တာတွေ လုပ်မိတဲ့အခါ
“ ငါမှားသွားလေခြင်း” ဆိုတဲ့
နောင်တဖြစ်တယ်။
လူတွေမှာ အမှား၊ အမှန်ကို ခွဲခြားနိုင်တဲ့
အသိဥာဏ် ရှိပါတယ်။
ဒါကြောင့် မလုပ်သင့်တာ လုပ်မိတဲ့အခါ ရှက်တယ်။
ကိုယ့်ကိုယ်ကို အထင်သေးသွားတယ်။
အဲ့ဒါဟာ တော်တော် ခံရခက်တယ်နော်။
အဲ့ဒါ စိတ်ဆင်းရဲမှုပဲ၊ ဒုက္ခပဲနော်။
🔹ကိုယ့်ကိုယ်ကို မလေးစားတော့တာဟာ
တော်တော်ကြီးတဲ့ စိတ်ဒုက္ခဖြစ်တယ်။
ဒါကြောင့် အမှားနည်းအောင် နေဖို့လိုတယ်။ အမှားနည်းအောင် သတိနဲ့ နေတဲ့
အလေ့အကျင့်ကို လေ့ကျင့်ပြီး အမြဲသတိ ကပ်ထားသင့်တယ်။
🔹မတော်တဆ နည်းနည်းပါးပါး
မှားတာတော့ လူတိုင်းမကင်းပါဘူး။
တမင်တကာ စေတနာဆိုးနဲ့ လုပ်တာမျိုး
မဖြစ်ဖို့ကိုပဲ အထူးသတိထားပြီး
ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။
ကိုယ့်ကိုယ်ကို လေးစားမှုကို
ပြင်းပြင်းထန်ထန် ဖျက်ဆီးမယ့်
ကိစ္စမျိုးဟာ ကြောက်စရာ အကောင်းဆုံးပါပဲနော်။
ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)
“လေးစားပါတယ် ဘဝတန်ဖိုး”
စာမျက်နှာ - (၂၊ ၃ )မှ
(ဓ မ္မ ၏ အ နှစ် သာ ရ)
Crd - Tain Tite
ဓမ္မဒါန - ကျေးဇူးတော်ရှင်ဆရာတော်ကြီးများ၏ဓမ္မစာစုများ

□
အလုပ်တွေ များလွန်းလို့
သတိတွေ မကပ်နိုင်တဲ့ အခါလဲရှိချင်ရှိမှာပေါ့။
လူ့လောကမှာ အလုပ်တွေက များတာကိုး။
ဒါတောင်မှ အလေ့အကျင့်လုပ်မယ်ဆိုရင်
နဲနဲတော့ ရပါတယ်။
နဲနဲလေး အလုပ်ပါးလာတယ် ဆိုတာနဲ့
ချက်ချင်း တရားအားထုတ်တဲ့ အကျင့်လုပ်မှ၊
တစ်မိနစ်ရရ နှစ်မိနစ်ရရ လုပ်ဖို့လိုတယ်။
အဲဒီလိုလုပ်လိုက်ရင် ခဏလေး
စိတ်က ပြန်ပြီးတော့ အေးသွားတယ်။
ခဏလေးငြိမ်းသွားတယ်။
စက္ကန့်ပိုင်းလေး ငြိမ်းသွားရင်တောင်မှ
အင်မတန်အကျိုးများတယ်ဆိုတာ သိဖို့လိုတယ်။
□
တခြား တခြား ကိုယ်တွေ့ကြုံတဲ့
ပုဂ္ဂိုလ်တွေကလဲ ပြောပါတယ်။
အကျိုးသက်ရောက်မှုက အများကြီးရှိပါတယ်။
အဲဒီလို အားထုတ်လာပြီးတော့
တဖြည်းဖြည်း ကြာလာတဲ့ အခါမှာ
စိတ္တာနုပဿနာကို နားလည်လာပြီ။
လောဘစိတ် ဖြစ်တာ သိတယ်၊
ဒေါသစိတ် ဖြစ်တာကို သိတယ်၊
မောဟစိတ် ဖြစ်တာကို သိတယ်၊
မာန ဖြစ်တာ သိတယ်၊
မသိတဲ့ဟာကိုလဲ သိတယ်။
ခုနတုန်းက ဘာမှ မသိလိုက်ဘူး၊
စိတ်က ပျံ့လွင့်သွားတယ်။
သိတဲ့စိတ် မပါဘူး၊ ခု ပြန်သိလိုက်တယ်။
ပျံ့လွင့်တယ်လို့ သိနေတဲ့အချိန်မှာ သိနေပြီ။
ပျံ့လွင့်မှုက မရှိတော့ဘူး။
အဲဒီလို တဖြည်းဖြည်း တဖြည်းဖြည်းနဲ့
အလေ့အကျင့် များလာတဲ့အခါမှာ
စိတ္တာနုပဿနာကို လုပ်ရတာ ပိုလွယ်လာရော။
____________________________
🙏ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)🙏
●"နေ့စဥ်ကြုံတွေ့နေကျ အခက်အခဲများကို ဝိပဿနာ
ရှုမှတ်ခြင်းဖြင့် ကျော်လွှားခြင်းတရားတော်" ..... မှ ●
Crd - Dhamma Darna
ဓမ္မဒါန - www.facebook.com/sayardawsdhammatalkcollections
သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမ ရဲ့ ဘာကြောင့်မငြိမ်းချမ်းတာလဲတရားတော်

အောက်စဖို့ဒ်ဆရာတော်ဘုရားသည် ကျောင်းသား/သူလေးများအတွက် အချိန်ပိုင်း တရားသင်တန်းပို့ချပေးမည်ဖြစ်သောကြောင့် သင်တန်းတက်ရောက်ရန် စိတ်ပါဝင်စားသည့် ကျောင်းသား/သူလေးများသည် အောက်ဖော်ပြပါသင်တန်းခန်းမနေရာသို့
လာရောက်နိုင်ပါကြောင်း ဖိတ်ကြားအပ်ပါသည်။
Growth Mindset and self-development through mindfulness
နေ့ရက်။ ၂၄-နိုဝင်ဘာလ-၂၀၂၄ (တနင်္ဂနွေနေ့)
အချိန်။ ၃:၀၀ နာရီ - ၅:၀၀ နာရီ
နေရာ။ မင်္ဂလာမန္တလေးဟိုတယ် (သဇင်ခန်းမ)
Photo Crd - အောက်စဖိုဒ့်ဆရာတော်page

🙏🙏🙏
အောက်စဖို့ဒ်ဆရာတော် တရားတော်မှတ်စု

ကျေးဇူးတော်ရှင် အောက်စဖို့ဒ့်ဆရာတော်ဘုရား ဟောကြားချီးမြှင့်ပေးမည့် “Growth Mindset and Mindful Compassion” တရားသင်တန်း (မန္တလေး) သို့ မည်သူမဆို စာရင်းပေးသွင်းစရာမလိုဘဲ တက်ရောက်နိုင်ပါသည်။
မှတ်ချက်။ ။ သင်တန်းခန်းမနေရာတွင် အင်တာနက် အဆင်ပြေပါက Facebook live လွှင့်ပေးမည် ဖြစ်သလို Zoom meeting ကနေ လည်း ဝင်ရောက်နာယူနိုင်ပါမည်။
Zoom ID : 988 862 4282
Password : 123456
Crd- အောက်စဖိုဒ့်ဆရာတော်page

ယနေ့ကျရောက်တဲ့ အောက်စဖိုဒ့်ဆရာတော်ဘုရား၏ သက်တော် (၆၀) နှစ်မြောက် ဝိဇာတမွေးနေ့မင်္ဂလာရက်မြတ်မှသည် နောက်နှစ်ပေါင်းရာကျော်တိုင် သက်ရှည်ကျန်းမာစွာဖြင့် ခန္ဓာ့ဝန်ကို သာသနာ့ဝန်ကို လွယ်ကူစွာ ဆောင်ရွက်နိုင်ပါစေ။
ပြည်တွင်းပြည်ပ သာသနာပြုလုပ်ငန်းများလည်း ဆတက်တိုး၍ ဆောင်ရွက်နိုင်ပါစေဘုရား
🙏🙏🙏
คลิกที่นี่เพื่อเป็นสมาชิก?