Play For Fun
ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Play For Fun, ครีเอเตอร์วิดีโอการเล่นเกม, Bangkok.
13/03/2026
Resident Evil မှာ အလုပ်နောက်ကျလို့ အသက်ရှင်ကျန်ခဲ့ပြီး နောက်ပိုင်းဆရာကြီးဖြစ်သွားတဲ့သူတစ်ယောက်ရှိပါတယ်။
အဲ့ဒီသူကတော့ ဇာတ်လိုက်ကျော် Leon S. Kennedy ပဲ ဖြစ်ပါတယ်။
September 28 အလုပ်၀င်ရမှာကို September 29 ညမှာ ရောက်လာတာပဲဖြစ်ပါတယ်။ အကြောင်းရင်းကတော့ အလုပ်မ၀င်ခင်တစ်ရက်မှာ ကောင်မလေးက ထားသွားလို့ အသည်းကွဲ အရက်သောက် hangover ဖြစ်ပြီး Date ပျောက်နေတာကြောင့် တစ်ရက်နောက်ကျပြီး အလုပ်ကို ရောက်လာဖြစ်ပါတယ်။
ပုံမှန်ရက်အတိုင်းသာ ရောက်လာရင် သူလည်း zombie ဖြစ်လောက်ပါတယ်။ Rookie Police လေးဆိုတော့ အခုလောက်လည်း ကြမ်းမယ့်ပုံမပေါ်သေးဘူး 😂
13/03/2026
Raccoon City Police Department ကို နောက်တစ်ကြိမ် ပြန်ရောက်လာတဲ့ Leon ကတော့ အရင်က ရဲသားသစ်လေးမဟုတ်တော့ပေမယ့် အရာအားလုံးကတော့ အဲ့ဒီနေ့ကအတိုင်းပဲ ကျန်ရှိနေတုန်းပါပဲ။
အောက်ကစာတွေကတော့ Leon တစ်ယောက် RPD ကို အလုပ်စခါစ ရဲသားတစ်ယောက် Rookie Police လေးအဖြစ် စရောက်လာမယ့်နေ့မှာ လုပ်ဖော်ကိုင်ဖော်တွေက welcome party လုပ်ပေးဖို့ စီစဉ်ထားကြတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့နေ့မှာပဲ Outbreak ဖြစ်ပြီး RE 2 ဇာတ်လမ်းဖြစ်သွားခဲ့ပါတယ်။
အဲ့ဒါမို့ အချိန်ရရင် Requiem မဆော့ခင် RE2 remake လေးဆော့ကြည့်သင့်ပါတယ်။
12/03/2026
Umbrella Corporation ကို ဘတ်ဂျက်ပါထိခိုက်စေတဲ့ Leon S. Kennedy
Leon တစ်ယောက် RE: Requiem မှာ Umbrella Corp. ရဲ့ Bioweapon တွေဖြစ်တဲ့
Tyrant (Mr. X) - 1
Plant 43 - 1
Lickers - 13
Cerberus - 11 တစ်ကောင်ကို အပြတ်ရှင်းခဲ့ပါတယ်။
Re: Requiem ထဲက The Ark လို့ခေါ်တဲ့ Umbrella Corp. ရဲ့ Underground Research Facility ထဲက computer database ထဲမှာ Mutant တစ်ကောင်ချင်းစီရဲ့ ကုန်ကျစရိတ်တွေ ရေးထားတာမှာတော့
Tyrant - $120 million
Plant 43 - $100 million
Lickers - $14 million (each)
Cerberus - $30 million (each)
Leon အပြတ်ရှင်းခဲ့တဲ့ အရေအတွက်နဲ့ဆို စုစုပေါင်း ဒေါ််လာ 762 သန်းလောက် Umbrella အနေနဲ့ ဘဏ္ဍာရေးထိခိုက်သွားတာ ဖြစ်ပါတယ်။
Umbrella က အဲ့ဘဲကို အပြတ်ရှင်းချင်နေတာလည်း မပြောနဲ့ 😂😂
04/02/2026
Taipei 101 ကို Free Solo Climbing တက်ခဲ့တဲ့ Alex Honnold လိုမျိုး စိတ်၀င်စားတယ်ဆိုရင် အခု Jan 29 ကမှထွက်ထားတဲ့ Cairn ဆိုတဲ့ Rock Climbing Game လေးကို ဆော့ကြည့်ဖို့ အကြံပေးချင်ပါတယ်။
Admin တော့ in-game time 16 days အပြီးမှာတော့ summit ကိုရောက်ပြီးသွားခဲ့ပါပြီ။
ဒီတိုင်း rock climbing တက်နေရတာ မဟုတ်ပဲ storyline ပါပါတော့ ဆော့ရတာတော်တော်လေး ကောင်းတယ်ပြောလို့ရပါတယ်။ တစ်ခြား baby steps တို့ getting over it တို့လို rage feeling မဟုတ်ပဲ တကယ်အပြင်မှာ rock climbing တက်ရသလို adrenaline rush feeling ရစေပါတယ်။
ဆော့ရမှာကတော့ Aava လိုခေါ်တဲ့ ကောင်မလေး တစ်ယောက်အနေနဲ့ပါ။ ၅ နှစ်သမီးတည်းက rock climbing လုပ်ခဲ့တဲ့ rock climber တွေကြား နာမည်ကြီးတဲ့ ကောင်မလေးပေါ့။ ဘယ်သူမှမရောက်ဖူးတဲ့ Mount Kami ရဲ့ တောင်ထိပ်ကို တက်ဖို့ကြိုးစားတဲ့ဇာတ်လမ်းပါ။ လူပေါင်း 159 ယောက်အသက်ကို ယူထားတဲ့ အန္တရာယ်များတဲ့တောင်ကြီးပေါ့။ အဲ့ဒီတောင်ရဲ့တောင်ထိပ်ကိုတက်ဖို့ တကယ်တောင်တက်ရသလို လက်တစ်ချောင်းချင်းစီကို ပတ်တီးစီးတာကအစ အစာဆာနေပြီလား၊ ရေငတ်နေပြီလား၊ ချမ်းနေလားအဆုံး ကြည့်ရပါတယ်။
အန္တရာယ်များပေမယ့် ဘာလို့ဒီလိုခက်ခက်ခဲခဲတွေတက်ကြတာလဲ rock climbers တွေရဲ့ စိတ်ခံစားချက်ကိုလည်း ပေါ်လွင်အောက်ထည့်ထားတယ် ပြောလို့ရပါတယ်။ Game တစ်ခုပဲဆိုပေမယ့် တောင်ထိပ်နားရောက်ခါနီးလေ လက်လျှော့ဖို့အခြေအနေတွေ ပိုများလာလေကနေ အားလုံးကို တင်းခံပြီး နောက်ဆုံးတောင်ထိပ်ရောက်သွားရင် ဂိမ်းဆော့ရင်း motivation ပါရစေမယ့် game တစ်ခုပါပဲ။
ခက်ခဲလို့ဆိုပြီး လမ်းတစ်၀က်ကတော့ လှည့်ပြန်မလာနဲ့ပေါ့ဗျာ...
25/11/2025
အခုနောက်ပိုင်းထွက်လာတဲ့ ဂိမ်းတွေမှာ အရင်တုန်းဂိမ်းတွေလိုမျိုး Loading Screen တွေ ဘာလို့မမြင်ရတော့တာလဲ?
နောက်ပိုင်းဂိမ်းအတော်များများမှာ အဆောက်အဦးနှစ်ခုကြားတို့ ကျောက်တုံးနှစ်ခုကြားတို့ တိုးပြီးသွားရတဲ့ scene လေးတွေ ပါလာပါတယ်။ အဓိကကတော့ ရုတ်တရတ်ကြီး loading screen ကြီးပေါ်လာပြီး ဆော့နေတာ ရပ်သွားတာမျိုးမဟုတ်တော့ပဲ ကြားကိုတိုးပြီးသွားနေတဲ့ အချိန်မှာ ဂိမ်းက နောက်လာမယ့် environment ကို loading လုပ်နေတာဖြစ်ပါတယ်။
ကြားတိုးရတဲ့ gameplay ကြောင့် အရင်ခေတ်က ဂိမ်းတွေလို loading screen ကြီး ထိုင်မကြည့်နေရတော့ပဲ တစ်ဆက်တည်း ဆော့နေရတဲ့ feeling ရတာပဲဖြစ်ပါတယ်။
23/08/2025
Story of Mother Miranda (Mother Miranda ဘ၀ဇာတ်ကြောင်း)
Mother Miranda ဆိုတာ RE: Village ထဲက Main Villain တစ်ယောက်ဖြစ်တဲ့အပြင် RE Universe အတွက်လည်း အရေးကြီးတဲ့ Character တစ်ယောက်ဖြစ်ပါတယ်။
Mother Miranda ရယ်လို့ မဖြစ်ခင်က သူမဟာလည်း လူသားတစ်ယောက်ပဲဖြစ်ပါတယ်။ 19 ရာစုနှစ်အတွင်း မွေးဖွားခဲ့ပြီး Easter Europe က ရွာလေးတစ်ရွာမှာ အခြေချနေထိုင်နေတဲ့ Biologist တစ်ယောက်ပါ။ ဒါပေမယ့် 1919 ခုနှစ်အရောက်မှာတော့ Eve လို့ခေါ်တဲ့ သူ့သမီးလေးကို Spanish Flu ရောဂါကြောင့် ဆုံးရှုံးလိုက်ရပါတယ်။
ပုံနဲ့ စာနဲ့တွဲချင်လို့ တစ်ပုံခြင်းစီ လိုက်ဖတ်ပေးပါဗျ...
22/08/2025
နောက်နှစ်ထဲမှာ ထွက်ရှိလာမယ့် Resident Evil Village ရဲ့ sequel ဖြစ်တဲ့ Resident Evil Requiem မှာ RE Fan တွေရဲ့ အချစ်တော် Leon က Main Character အဖြစ် ပါ၀င်လာတော့မှာ မဟုတ်ပါဘူး။ Grace Ashcroft လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်အနေနဲ့ ဆော့ရမှာဖြစ်ပါတယ်။
Leon မပါတော့တဲ့ အကြောင်းအရင်းကို တင်စားပြောရရင်တော့ ကျွန်တော်တို့ငယ်ငယ်က ဂိမ်းဆိုင်မှာ ဂိမ်းဆော့တာဖြစ်ဖြစ် ဘောလုံးစုကန်ကြတာဖြစ်ဖြစ် “မင်းက ဆော့တတ်တယ် ကန်တတ်တယ် မင်းပါရင်လူမမျှတော့ဘူးကွ” ဆိုတဲ့ သူငယ်ချင်းတစ်ယောက်တော့ ရှိကြမှာပါ။
Developer တွေပြောတာကတော့ “RE: Requiem ကို Pure Horror Experience ပေးချင်တယ် RE ဆိုတာနဲ့ Leon ကို ကျွန်တော်တို့လည်း စဥ်းစားခဲ့ပါတယ်။ ဒါပေမယ့် ရေပုံးလေးပြုတ်ကြတာ အသံလေးကြားတာနဲ့ Leon က ထခုန်မယ့်ကောင်မျိုး မဟုတ်ဘူးလေ” အကုန်လုံးကို လက်သီးတွေကြီး ကျွေးမယ့်ဘဲလေ သူက (စာရေးသူ ကိုယ့်ဘာသာ အပိုထည့်)။ ဒါကြောင့် Grace လို Experience မရှိ အခုမှထိတ်လန့်စရာတွေနဲ့ ကြုံရပြီး တဖြည်းဖြည်း ရင့်ကျက်လာမယ့် Character မျိုးကို ရွေးလိုက်တာပါ။
အဲတေ့ reason က ကို Leon အကြမ်းပတမ်းတွေ အရမ်းလုပ်လို့ မပါခိုင်းတော့တာပဲ ဖြစ်ပါတယ်😂
21/08/2025
၁၉၉၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Metal Gear Solid မှာပါတဲ့ Boss Fight တစ်ခုဟာဆိုရင် အဲ့ခေတ်အချိန်ခါတုန်းက player တွေကို တော်တော်လေးအံ့အားသင့်စေခဲ့ပါတယ်။ Psycho Mantis လို့ခေါ်တဲ့ ဒီ Boss ရဲ့ အစွမ်းကတော့ psychic power နဲ့ လူတွေစိတ်ကိုဖတ်နိုင်တာ လူတွေကို ထိန်းချုပ်နိုင်တာဖြစ်ပါတယ်။
Boss fight မှာဆိုရင်လည်း Player ချမယ့် Move တွေကို အကုန်ရှောင်နိုင်ပြီးတော့ သွေးလုံး၀မလျှော့တာကြောင့် player တွေအနေနဲ့ တကယ်ကြီး သူတို့စိတ်ကိုဖတ်နိုင်နေတာလားဆိုပြီး ထင်ယောင်ထင်မှားဖြစ်ခဲ့ကြပါတယ်။ အဲ့ဒါအပြင် cutscene မှာလည်း ကိုယ့်ကစားဖူးတဲ့ ဂိမ်းတွေရှိရင် “You like Castlevania, don’t you?” ကိုယ့်က ပုံမှန် save လုပ်နေကြသူမဟုတ်ရင် “you’re somewhat reckless”လိုမျိုး ဘာမှမမှတ်ထားရင် ‘your memory is wipe clean” အဲ့လိုမျိုးတွေလည်း ပြောတတ်ပါသေးတယ်။
အဲ့ဒီအချိန်တုန်းက ဂိမ်းတစ်ခုက fourth wall ကိုကျော်လွန်ပြီး player ကို တန်းပြောတာ သိပ်မရှိသေးတဲ့ အချိန်မို့ player တော်တော်များများ ဟာတွေဟင်တွေဖြစ်ခဲ့ကြပါတယ်။ Fourth wall break ဆိုတာ ဥပမာပြောရမယ်ဆိုရင်တော့ Detroit Become Human Loading Screen က Chole က game ထဲ၀င်လာရင် player ကိုစကားပြောတာမျိုးကို ပြောတာပါ။
ဆက်ရရင် Psycho Mantis အဲ့လိုမျိူးတွေ ဘာလို့လုပ်နိုင်တာလဲဆို အဲ့ boss fight ရောက်ပြီဆို MGS game က ကိုယ့်ရဲ့ memory card ကို ဖတ်ပါတယ်။ Card ထဲမှာ Konami က ထုတ်ထားတဲ့ Castlevania တို့ Suikoden တို့လို ဂိမ်းတွေတွေ့ရင် response လုပ်ဖို့ voiceline ကြိုထည့်ထားတာပါ။ သွေးမလျှော့တဲ့ Psycho Mantis ကို ချဖို့အတွက်ဆို Controller ကို Player 1 port ကနေဖြုတ် Player 2 port မှာတပ်ပြီး ဆော့ရင်တော့ မင်းရဲ့ move တွေကို ငါဖတ်လို့မရတော့ဘူးဆိုပြီး အဲ့ချိန်မှ ချလို့ရပါတယ်။
Psycho mantis လို idea အထူးအဆန်းနဲ့ gameplay အဆန်းအပြားတွေလုပ်ခဲ့တာကတော့ အားလုံးသိပြီးသား Hideo Kojima ပဲဖြစ်ပါတယ်။
20/08/2025
2013 လောက်တုန်းက “Send Me to Heaven” ဆိုတဲ့ mobile game တစ်ခု iOS နဲ့ Android နှစ်ခုလုံးမှာ ထွက်ရှိခဲ့ဖူးပါတယ်။
ကိုယ့်ဖုန်းကိုယ် ဘယ်လောက်အမြင့်ထိရောက်အောင် ပစ်နိုင်လဲ ပစ်ပြီးဆော့ရတာပါ။ ဂိမ်းထုတ်တဲ့ developer တွေရဲ့ စိတ်ထားလေးတစ်ခုကတော့ မြင့်သထက်မြင့်အောင်ပြိုင်ပစ်ကြရင်း ပြန်အကျမှာ မဖမ်းနိုင်တဲ့အခါ ကွဲတဲ့ဖုန်းတွေများလာစေချင်တာပါတဲ့။
ထွက်ပြီးသိပ်မကြာပဲ app store တွေပေါ်ကနေ ban ခံခဲ့ရပါတယ် 🤗
17/06/2025
Steam 5/10
IGN 4/10
Eurogamer 1/5 rating နဲ့
အရမ်းကောင်းတယ် (စိတ်ပျက်ဖို့) ပြောခံနေရတဲ့ ဂိမ်းလေး ညကျဆော့ကြပါမယ် ☺️
So you dont have to. Thanks me later 🙂
PC ဆင်ချင်တယ် ဆင်ဖို့စဉ်းစားနေတယ်ဆိုရင်…
10/06/2025
Cannes ပွဲက ပုံတွေတောင် ကြည့်မဝသေးဘူး
ဂိမ်းထဲမှာပါ သွားလှနေရော 🤧
“Elle Fanning in Death Standing 2”
คลิกที่นี่เพื่อเป็นสมาชิก?
ทีมทำอาหาร
เสื้อผ้า
ติดต่อ ธุรกิจของเรา
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
10270