Mon State Federal Council - MSFC

Mon State Federal Council - MSFC

แชร์

MSFC is a political organization representing Mon State and Mon people during the Spring Revolution.

15/06/2025

#မွန်ပြည်ဖက်ဒရယ်ကောင်စီ

15/06/2025
15/06/2025

မွန်ပြည်ဖက်ဒရယ်ကောၚ်စီ (MSFC) တတိယအကြိမ်ညီလာခံသို့ ပေးပို့စာ
ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောၚ်စီ (PNFC) ၏ဂုဏ်ပြုသဝဏ်လွှာ

#မွန်ပြည်ဖက်ဒရယ်ကောင်စီ

Photos from Mon State Federal Council - MSFC's post 11/06/2025

မွန်ပြည်နယ်ဖက်ဒရယ် ပညာရေးကောင်စီဖွဲ့စည်းပြီးကြောင်းကြေညာခြင်း။

ရက်စွဲ။ ။၂၀၂၅ ခုနှစ်၊ ဇွန်လ(၁၀)ရက်

မြန်မာပြည်သူ ပြည်သားတို့၏သဘောထားဖြင့်တန်ဖိုးထားရွေးချယ်တင်မြှောက်ခဲ့သောပြည်သူ့အစိုးရကို အကြမ်းဖက်စစ်တပ်ကလက်နက်အားကိုးဖြင့် မတရားဖမ်းဆီးခဲ့သည်။ ထို့ကြောင့်အမှန်တရားကို ချစ်မြတ်နိုးသော ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းများသည် အကြမ်းဖက် စစ်တပ်ကို ဆန့်ကျင်ကြောင်းကို အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်၍ အမှန်တရားဘက်မှ ရပ်တည်ပြီးနွေဦးတော်လှန်ရေးကို စတင်ဆင်နွှဲခဲ့ကြသည်။ ထိုသို့ CDM ပြုလုပ် ရာတွင် နိုင်ငံတစ်ဝန်းရှိ ဌာနဆိုင်ရာ အသီးသီးမှ နိုင်ငံ့ဝန်ထမ်းများနှင့်အတူ မွန်ပြည်နယ်အတွင်းရှိ အဆင့်မြင့်ပညာ၊ အခြေခံပညာမှဆရာ/မများနှင့် ကျောင်းသား၊ကျောင်းသူများ ပါဝင်ခဲ့ကြသည်။ ဝန်ထမ်းများနှင့်နည်းတူ အမှန်တရားကိုမြတ်နိုးသော ပြည်သူများလည်းတစ်ခဲနက် ပါဝင်ခဲ့ကြသည်။ ကျွန်ုပ်တို့၏မွန်ပြည်နယ် တွင်ဝန်ထမ်းများ၊ဆရာ/မများနှင့်ကျောင်းသား/သူများဦးဆောင်လှုပ်ရှားခဲ့ သောသပိတ်စစ်ကြောင်းများစွာ ရှိခဲ့သည်မှာ အားလုံးအသိပင် ဖြစ်သည်။

အကြမ်းဖက် စစ်ကောင်စီသည်လက်နက်အားကိုးဖြင့်ပြည်သူလူထုနှင့် နိုင်ငံ့ဝန်ထမ်းများ အပေါ်ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဥပဒေမဲ့ မတရားပြုလုပ်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ ဖမ်းဝရမ်း များထုတ်ပြန်ခြင်း စသည့်လူမဆန်သောလုပ်ရပ်များကို အချိန်နှင့်အမျှ လုပ်ဆောင်ခဲ့၊ လုပ်ဆောင်နေဆဲဖြစ်နေသည်မှာ (၄)နှစ်ကျော်နီးပါးရှိလာပြီးဖြစ်သည်။ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ စ၍ ယနေ့အချိန်ထိ နိုင်ငံဝန်ထမ်းများနှင့်အတူ ကျွန်ုပ်တို့ ပညာရေး CDM ဝန်ထမ်းများ ၊ ကျောင်းသား/သူများသည် ပြည်သူတစ်ရပ်လုံးနှင့်အတူ ရပ်တည်ကာ မယိမ်းမယိုင်သောစိတ်ဓာတ်ဖြင့် နိုင်ရာဝန်ကို ထမ်းကာ နွေဦးတော်လှန်ရေးတွင်ယနေ့အချိန်ထိ ပါဝင်ဆင်နွှဲနေဆဲဖြစ်ပါသည်။

မွန်ပြည်နယ် ဖက်ဒရယ်ပညာရေးကောင်စီကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁)ရက် နေ့တွင် ဖွဲ့စည်းခဲ့သည်။ မွန်ပြည်နယ်ဖက်ဒရယ်ပညာရေးကောင်စီသည် စုံလင်ကွဲပြားမှုကိုလက်ခံပြီး လူ့အခွင့်အရေးကို အခြေခံသော ဖက်ဒရယ်ပညာရေးယန္တရား ပေါ်ပေါက်စေရေး၊ ဒေသန္တရသင်ရိုးများပါဝင်သည့် ပညာရေးစနစ် ဖြစ်ထွန်းလာရေး ကျား/မ လူမျိုးဘာသာမရွေး အခွင့်အရေးတန်းတူ ရရှိစေရေး၊ ပညာရေး CDM နိုင်ငံ့ဝန်ထမ်းများ၊ CDM ကျောင်းသား/သူများ၊ ပညာရေးလုပ်သားများအားလုံးနှင့် သက်ဆိုင်သောမူဝါဒရေးဆွဲရေး၊ ပြည်နယ်ယူနစ်တစ်ခုအတွင်း ပြည်နယ်အလိုက် ဗလငါးတန်ပြည့်ဝပြီး ဘက်စုံစွမ်းဆောင်ရည်ပြည့်ဝသော ပညာရေး ကျွမ်းကျင်ပညာရှင်များ ဖြစ်လာရေး၊ ကလေးများအားလုံးအကျုံးဝင်သည့် ပညာရေးဝန်ဆောင်မှုများပေးစွမ်းနိုင်ရေး၊ သက်မွေးပညာရပ်များနှင့် ပညာရေးသုတေသန လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ပြည်နယ် ယူနစ်အတွင်း ပညာရေးလုပ်ငန်းများကို ချိတ်ဆက်ဆောင်ရွက်နိုင်ရေး စသည့်မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်။

မွန်ပြည်နယ်ဖက်ဒရယ်ပညာရေးကောင်စီကိုအောက်ပါအစုအဖွဲ့များဖြင့်ဖွဲ့စည်းခဲ့ပါသည်။
(က)အဆင့်မြင့်ပညာကဏ္ဍ
(ခ)သက်မွေးပညာကဏ္ဍ
(ဂ)အခြေခံပညာကဏ္ဍ
(ဃ)ကျောင်းသားများကဏ္ဍ(အဆင့်မြင့်/အခြေခံ)
(င)တိုင်းရင်းသားပညာရေးကဏ္ဍ
(စ)အခြားအစုအဖွဲ့ ကဏ္ဍ တို့ဖြင့် ဖွဲ့စည်းခဲ့ပါသည်။

မွန်ပြည်နယ်အတွင်းရှိ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သောအခြေခံပညာနှင့်အဆင့်မြင့်ပညာမှ ဆရာ/မများ၊ ရုံးပိုင်းဆိုင်ရာမှ နိုင်ငံ့ဝန်ထမ်းများ၊ CDMကျောင်းသား/သူများ၏ အနစ်နာခံပေးဆပ်မှု များကို မွန်ပြည်နယ်ဖက်ဒရယ်ပညာရေးကောင်စီမှ အသိအမှတ်ပြုပြီး လေးလေးနက်နက်လေးစားစွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

05/06/2025

#လလောင်တြးပေါဲဗ္တိုက်

#စစ်ဆင်ရေးသတင်းထုတ်ပြန်ချက်

(ဗမာဘာသာသတင်းအောက်တွင် ဖတ်ပါ၊)

စၟတ်တ္ၚဲ။ ။ဂိတုဂျောန် ၅၊ သၞာံ ၂၀၂၅၊

ဒပ်ပၠန်ဂတးဍုင်မန် (MSRF) ကေုာံ ဒပ်မဟာမိတ်ပံင်တောဲဂမၠိုင်တအ် က္တဵုဒှ်ပေဲါဗ္တိုက်ဆေင်မုက် ပ္ဍဲကွာန်ဂြင်စိင်၊ ပွိုင်တိုက်ကွာန်သၟိင် (မင်းသား)၊ ရးတနင်္သဳ ပၞာန်ဗၟာ မဖျေံလဝ်ဗ္ဒိုပ်ဂှ်ရ။

ပ္ဍဲစၟတ်တ္ၚဲ ဂိတုဂျောန် ၂ သၞာံ ၂၀၂၅ အခိင် နူဂယး ဗၞတ် ၈:၀၀ နာဍဳ ဂှ် ဒပ်ဂတးဍုင်မန် (MSRF) ကေုာံ ဒပ်မဟာမိတ် ပံင်ကောံဂမၠိုင်တအ် အဃောဇက်အာလုပ်ဗ္တိုက် ဒပ်ကံင်ဇြဳပၞာန်ဗၟာ မဖျေံလဝ်ဗ္ဒိုပ် ပ္ဍဲကွာန်ဂြင်စိင် ပွိုင်တိုက် ကွာန်သၟိင်ဂှ် ဒပ်ကံင်ဇြဳပၞာန်ဗၟာ ဗၞတ်ဇြဟတ်ၜိုတ် (၃၀) တၠတအ် တိတ်ဂြးတိဍာ်တုဲ က္တဵုဒှ်ပေဲါ ဗ္တိုက်ဆေင်မုက်ရ။

သ္ပဟိုတ်နူ လပါ်ဇကု ဂွံကၠာတုဲ လပါ်ကံင်ဇြဳပၞာန်ဗၟာတအ် ဟွံအောန်နူ (၆) တၠ ချိုတ်တုဲ ဗၞတ် (၁၃) တၠဂှ် ဒးဝပ်နွံ ဂွံတီကေတ်ပရိုင်နူဇရေင်ညးဒေသအပ္ဍဲရ၊ ပေဲါဗ္တိုက်ဝွံ လအ်အခိင်ဗၞတ် ၜိုတ် (၃၀) မိနေတ် က္တဵုဒှ် ပန်ပှော်ရေင်သကအ်ရ။

သ္အာင်နူဂှ်ပၠန် ဒပ်ပံင်ကောံမဟာမိတ်တအ် ကလေင်ပန်ဟပၠုပ် လွဟ်ဇၞော် (၆၀ မမ) ကု ဒပ်ကံင်ဇြဳပၞာန်ဗၟာ မဖျေံလဝ်ဗ္ဒိုပ်ပ္ဍဲကွာန်ဂြင်စိင်ဂှ် လပါ်ကံင်ဇြဳဳပၞာန်ဗၟာတအ်ပၠတ်ကၠေင်ဒးဝပ်နွံဂှ်လေဝ် ဂွံတီကေတ်တုဲ လၟိဟ်ဂှ် ဟွံတီချိုတ်ပၠိုတ် အဃောလ္ၚတ်ဂၠိုက်ဂၠာဲမံင်ရ။

အပ္ဍဲပေဲါဗ္တိုက်ဂှ်ဝွံ လပါ်ဒပ်ပၠန်ဂတးမဟာမိတ်ဂမၠိုၚယင်တအ် ဟွံက္လိဂွံဝပ်တုဲ ဗွဲမအံင်ဇၞးဂှ် ကလေင်ပဲါတိတ်ကၠုင်မာန်ရ။

ဂကောံမပါလုပ် အပ္ဍဲပေဲါဗ္တိုက်ဝွံ ဒပ်ပၠန်ဂတးဍုင်မန် (MSRF)၊ တံဒပ်ဒဝ်န ဒပ်ပါ် (၃) - KBDF၊ LPF၊ တံဒဝ်န ဒပ်ပါ် (၂) - YGF၊ NMSP-AD ကေုာံ တံဒပ်ပ္ကတ်ပ္ကေင် Nonentity Coach တအ် ပံင်ကောံတုဲ ပါလုပ်ချဳဒရာင်ရ။

***********************
#စစ်ဆင်ရေးသတင်းထုတ်ပြန်ချက်။

ရက်စွဲ။ ။၂၀၂၅ ဇွန်လ ၅ရက်

မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် မဟာမိတ်
ပူးပေါင်းတပ်များမှ တင်္နသာရီတိုင်း ရေဖြူမြို့နယ်၊ မင်းသားကျေးရွာအုပ်စု၊ ဆင်စွယ်ကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်တို့ ၂၀၂၅ ခုနှစ် ဇွန်လ ၂ရက်နေ့ နံနက် ၈ နာရီခန့်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့်မဟာမိတ်ပူးပေါင်းတပ်များသည် ဆင်စွယ်ကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်အား တိုက်ခိုက်ရန် သွားနေစဉ် နယ်မြေရှင်းလင်းရေးထွက်လာသော စစ်ကောင်စီတပ်အင်အား(၃၀)ခန့်နှင့် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး လက်ဦးမှု ရယူကာ တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည်။

မိမိဖက်မှ လက်ဦးမှု ရယူနိုင်ခြင်းကြောင့် စစ်ကောင်စီတပ်သား (၆)‌ဦးထက်မနည်း သေဆုံးခဲ့ပြီး( ၁၃ )ဦး ခန့် ဒဏ်ရာရရှိခဲ့သည်။ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု မိနစ် (၃၀) ခန့် ကြာမြင့်ခဲ့သည်။

ဒါ့အပြင် ဆင်စွယ်ကျေးရွာအတွင်းတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကိုလည်း ၆၀ မမလက်နက်ကြီး (၅)လုံးဖြင့် ပစ်ခတ်ခဲ့သည်။
လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့်စစ်ကောင်စီ တပ်သားများ ထိခိုက်မှုအား အသေးစိတ်မသိရှိရသေးပေ။

တိုက်ပွဲအတွင်း မိမိတို့ တော်လှန်ရေးမဟာမိတ် ပူးပေါင်းအဖွဲ့များမှ တစ်စုံတရာ ထိခိုက် / ဒဏ်ရာ မရရှိဘဲ အောင်မြင်စွာ ခွာစစ်ဆင်နိုင်ခဲ့သည်။

အဆိုပါစစ်ဆင်ရေးကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ဒေါနစစ်ကြောင်း(၃)-KBDF၊ LPF ၊ ဒေါနစစ်ကြောင်း (၂) - YGF ၊ NMSP (AD) နှင့် Nonentity Coach လေ့ကျင့်ရေးတပ်ဖွဲ့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။



#မွန်ပြည်တော်လှန်ရေးတပ်
#ဒပ်ပၠန်ဂတးဍုင်မန်
#မွန်

31/05/2025

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်နေ့အတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာနမှ ပေးပို့သည့် သဝဏ်လွှာ



#ကာကွယ်ရေးဌာန

28/05/2025

#"မမာဲပၠန်ဂတး သွက်မန်ဗၠးၜး ၂၀၂၅”
#ဌာနပေရၚ်စဵုဒၞာ - ကံင်ဇြဳဖေဝ်​​ဒရေဝ်ဍုင်မန်
#”စုပေါင်းကူညီ လွတ်မြောက်ရေးမဲထီ ၂၀၂၅”
ကာကွယ်ရေးဌာန မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)
#ကဵုဒြဟတ်ကဵု မမာဲ ဌာနပေရၚ်စဵုဒၞာ - ကံင်ဇြဳဖေဝ်​​ဒရေဝ်ဍုင်မန် (MSFC) အိုတ်ညိ၊
ကေတ်အဆက်နူမုက်လိက်ဏအ် ကေုာံ
ဂၞန်စက်ဖုင် 0823603780 တုဲ သီုကဵု ကေတ်အဆက်ကု #နာဲဗဂေါမာန် #နာဲဗညာမန် မာန်မံင်ရအဴ။
#ကာကွယ်ရေးဌာန မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ပူးပေါင်းထောက်ပို့အဖွဲ့များ မဲထီလက်မှတ်ကို ဝယ်ယူခြင်းဖြင့် တော်လှန်ရေးထဲပါဝင်နိုင်ကြပါတယ်။
ထီလက်မှတ်ဝယ်ယူနိုင်ရန် ယခု page
မှတဆင့်ဆက်သွယ်ဝယ်ယူနိုင်ပြီး
ထိုင်းနိုင်ငံမှ ဖုန်းနံပါတ် 823603780 အားဆက်သွယ်မေးမြန်းဝယ်ယူနိုင်ပါတယ်။
ထီလက်မှတ် တစ်စောင်လျှင်
ထိုင်း ၁၀၀ ဘတ်၊
မလေးရှား ၁၅ ရင်းဂစ်၊
မြန်မာ ၁၀,၀၀၀ ကျပ်၊
ဩစတေလျား ၅ ဒေါ်လာ၊
စင်္ကပူ ၅ ဒေါ်လာ၊
အမေရိက ၃ ဒေါ်လာ၊
ဥရောပ ၃ ယူရို၊
ကိုးရီးယား ၄,၀၀၀ ဝန်၊
ဂျပန် ၅၀၀ ယန်း၊
မဲထီဖွင့်လှစ်မည့်နေ့ ဩဂုတ်လ ၃၁ ရက်နေ့ ၂၀၂၅ ခုနှစ်( ၃၁.၈.၂၅)။
ရရှိလာတဲ့ အကျိုးအမြတ်များကို မွန်ပြည်ဖက်ဒရယ်ကောင်စီ နိုင်ငံရေးဦးဆောင်မှုခံယူထားသည့် မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF နှင့် မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်ကာကွယ်ရေးတပ် MSDF တို့၏ စစ်ရေးရာအသုံးစရိတ်များကို ထောက်ပံံ့ပေးသွားနိုင်ရန်နှင့် အတူတကွစစ်ရေးအရှိန် ပိုမိုမြှင့်တင်နိုင်ရန် ရည်ရွယ်ထားပါတယ်။
*ပထမဆု - ဆိုင်ကယ် တစ်စီး (ဘတ် ၇၀,၀၀၀ တန်)
*ဒုတိယဆု - ရွှေတစ်က်ပ်သား (ဘတ် ၅၂,၅၀၀)
*တတိယဆု - iPhone 13
နှင့်သိမ့်ဆုပေါင်း 10 ဆု

#ဒပ်ပၠန်ဂတးဍုင်မန် #ဒပ်စဵုဒၞါညးဍုင်ကွာန်_ဍုင်ရေဝ်

Mon State Revolutionary Force - MSRF

https://www.facebook.com/share/p/1A6vdpQ9pB/

26/05/2025

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)မှ ကြီးမှူးပြီး MSFC တပ်ဖွဲ့များဖြစ်ကြသည့် မွန်ပြည်တော်လှန်ရေတပ် MSRF၊ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF နှင့် MSFC နိုင်ငံရေးစစ်ရေးမဟာမိတ် မွန်ပြည်ကာကွယ်ရေးတပ် MSDF တို့အတွက် အထောက်အပံ့ဖြစ်စေမည့် (၇၈)နှစ်မြောက် မွန်တော်လှန်ရေးနေ့ထီလက်မှတ်ဖွင့်ပွဲအခမ်းအနား (25/05/2025)

Photos from Mon State Federal Council - MSFC's post 25/05/2025

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP(AD) နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ပူးပေါင်းမှု အပေါ် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ၏ အမြင်သဘောထား ထုတ်ပြန်ချက်

ရက်စွဲ။ ၂၅ မေလ ၂၀၂၅

၁။ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP(AD) နှင့် မွန်ပြည် လွတ်မြောက်ရေးတပ်တော် (MLA) ပူးပေါင်းမှု နှင့် ရာမညမွန်တပ်တော် (Ramanya Mon Army) ဖွဲ့စည်းမှုသည် အပြုသဘောဆောင်သော တိုးတက်မှုဟု မိမိတို့မှ ယူဆသည်။

၂။ မိမိတို့အနေဖြင့် တစ်ခုတည်းသောမွန်တပ်တော် ဖြစ်ပေါ်ရေး အယူအဆကို လုံးဝလက်ခံထားပြီး ရာမညစစ်ကြောင်းနှင့်တကွ တစ်ခုတည်းသောတပ်တော် ပေါ်ပေါက်ရေးအတွက် လိုအပ်သောလုပ်ငန်းများအား ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ အကောင်အထည်ဖော်ခဲ့ပါသည်။

၃။ သို့သော် ထိုသို့ပူးပေါင်းရာတွင် MSFC တွင် ရှိသည့် တော်လှန်ရေးအင်အားစုများနှင့် ပြည်နယ်မှ အင်အားစုများ လိုလားနေသော ညီညွတ်ရေးကို အဓိကဦးစားပေးသည့် အတူတကွ ပူးပေါင်းဆောင်ရွက်မှုပုံစံ (Coming Together Model) သည်သာလျှင် အသင့်တော်ဆုံးဟု မိမိတို့အနေဖြင့် ယူဆပါသည်။ မျက်မှောက်နိုင်ငံရေးစစ်ရေးအခင်းအကျင်း အရ နိုင်ငံရေးစစ်ရေး အဖွဲ့အစည်းတစ်ခုတည်း၏ ဦးဆောင်မှုအစား အားလုံးပါဝင်သည့် (All Inclusive) ယခင်က ဖဆပလ, အာဖရိကန်အမျိုးသားကွန်ကရက် (ANC) ညွန့်ပေါင်း/တပ်ဦး စုဖွဲ့မှုပုံစံနှင့် စုဖွဲ့သင့်သည်ဟု မိမိတို့ MSFC မှ ရှုမြင်ပါသည်။

၄။ ၂၀၂၅ ခုနှစ် မတ်လ ၂၁ ရက်နေ့ တွင် ပြည်နယ်ဖက်ဒရယ်ယူနစ် ပေါ်ပေါက်ရေးအတွက် NMSP(AD) နှင့် နိုင်ငံရေးဆွေးနွေးမှုများအရ အတူတကွ ပူးပေါင်းခြင်းထက် NMSP(AD) တစ်ဖွဲ့တည်းအောက်သို့ သွားရောက်ပူးပေါင်းခြင်း (Coming Under Model) ကိစ္စကိုသာ တင်ပြခြင်းကြောင့် နိုင်ငံရေးအရ MSFC မှာ တပ်ပေါင်းစုပုံစံ ပြည်နယ်ယူနစ်ပုံစံ ဖြစ်နေခြင်းကြောင့် ပူးပေါင်းဆောင်ရွက်ရေးမှာ မအောင်မြင်ခဲ့ပေ။

၅။ အထက်ပါအမြင်သဘောထားကို အခြေခံထားသည့် ‘တစ်ခုတည်းသော မွန်တပ်တော်ဖြစ်ပေါ်ရေး အကြံပြုစာ’ တစ်စောင်ကို MSFC မှ NMSP(AD) နှင့် MLA တို့ထံ ၂၈/၀၃/၂၀၂၅ ရက်နေ့တွင် ပေးပို့ခဲ့သော်လည်း MLA မှသာ အကြောင်းပြန်ခဲ့သည်။ NMSP(AD) မှ အကြောင်းမပြန်ခဲ့ပေ။

၆။ သို့သော်လည်း စစ်အာဏာရှင်စနစ်နှင့် မည်သည့်အာဏာရှင်စနစ်ကိုမဆို တိုက်ဖျက်သွားရန်၊ ဖက်ဒရယ်ပြည်ထောင်စုအတွင်း မွန်ပြည်ပေါ်ပေါက်ရေး ဆောင်ရွက်သွားရန် စသည့် MSFC ၏ နိုင်ငံရေး ရည်မှန်းချက်များသည် NMSP(AD) ၏ နိုင်ငံရေးရည်မှန်းချက်များနှင့် များစွာ တူညီနေသည့်အတွက် ပူးပေါင်းဆောင်ရွက်ရေးနည်းလမ်းများကို ရှာဖွေသွားမည်။ MSFC လက်အောက်ရှိ တပ်များနှင့် မဟာမိတ်တပ်များမှလည်း ရာမညတပ်တော်နှင့်အတူ လက်ရှိစစ်အာဏာရှင်စနစ်အား တိုက်ခိုက်ရာတွင် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ

ဆက်သွယ်ရန်

၁။ နိုင်ဒင်းပလဟံသာ (Signal: +61 406 157 744)
၂။ ဒေါက်တာသီရိမွန်ချမ်း (Signal: +66 927 544 895)
၃။ မိသုတဂျော် (Signal: +66 935 385 190 )

ต้องการให้ธุรกิจของคุณ องค์กร ขึ้นเป็นอันดับหนึ่ง บริการภาครัฐ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Bangkok