ထိုင်းရောက်ကရင်နီလူငယ်များစုံစည်းရန်

လုမှုရေး

Photos from Kantarawaddy Times's post 06/09/2024
Photos from ထိုင်းရောက်ကရင်နီလူငယ်များစုံစည်းရန်'s post 06/09/2024

စကစဗမာစစ်တပ်က စစ်ဘေးရှောင်ဒုက္ခသည် စခန်းကို လေယာဉ်နဲ့ ဗုံးကျဲတာ အကြမ်းဖက်သမားရဲ့ လုပ်ရပ်ဖြစ်တယ်။ ဒီလိုအကြမ်းဖက်သမားစကစဗမာစစ်တပ် ကို အဆုံးတိုင် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်သလို သီးခြားလွတ်လပ်သော ကရင်နီနိုင်ငံတော်အထိ ထူထောင်နိုင်ရန် ကြိုးစားသွားမည်။
ဘယ်တော့မှ အကြမ်းဖက်သမားစကစဗမာစစ်တပ် လက်အောက်က ပြည်နယ်အဖြစ် မရပ်တည်နိုင်တော့ဘူး။

https://www.facebook.com/share/p/kya5wMMhNzXGqTZU/?mibextid=oFDknk

Photos from Karenni Human Rights Group's post 15/06/2024
Photos from Migrant Times's post 01/05/2024
22/04/2024

ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဌ စစ်ဦးစီးချုပ်၏ မိသားစုပိုင်နေအိမ်နှင့် ပြည်သူ နေအိမ် ၆ လုံးကို စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဧပြီ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာရှိ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ်PNLO ဒုတိယ ဥက္ကဌ ၂ စစ်ဦးစီးချုပ်၏ မိသားစုပိုင် နေအိမ်နှင့် ဒေသနေပြည်သူ နေအိမ် ၆ လုံးကို အကြမ်းဖက်စစ်တပ် လက်အောက်ခံ PNO ပြည်သူ့ စစ်အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

ယမန်နေ့ ဧပြီလ ၂၀ ရက်မွန်းတည့် ၁၂ နာရီခန့်က ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာရှိ ပအိုဝ်းအမျိုး သား လွတ်မြောက် ရေးအဖွဲ့ချုပ်-PNLO ဒုတိယ ဥက္ကဌ ၂ ၊ စစ်ဦးစီးချုပ်၏ မိသားစုပိုင်နေအိမ်ကို PNO ပြည်သူ့စစ်များက တော်လှန်ရေးကို ဦးဆောင်နေသည့်သူ၏ နေအိမ်ဟုဆိုကာ ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နားခိုက်ကျေးရွာအတွင်းရှိ အခြား နေအိမ် ၆ လုံးကိုလည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO/ PNLA ကို အားပေးသည့် သူများ၏ နေအိမ်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ နေအိမ်များအား မီးရှို့ဖျက်ဆီးမှုကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် အုပ်ချုပ်ရေးမှူး ထွန်းနောင်ခေါင်းဆောင်သည့်အဖွဲ့များနှင့် PNO ပြည်သူ့စစ် အထူးကွန်မန်ဒို တပ်ရင်းမှ တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) သည် စစ်အာဏာရှင်စနစ်ကို စတင်ဆန့်ကျင် တိုက်ခိုက်သည့်အချိန်ကတည်းကပင် ပအိုဝ်းအချင်းချင်း တိုက်ခိုက်မည်မဟုတ်ကြောင်း ထုတ်ပြန် အသိပေးခဲ့ပြီး ယင်းအတိုင်းလည်း ဆက်လက် ကျင့်သုံးခဲ့ကြောင်း ပြောဆိုထားသည်။

ထိုသို့ ကျင့်သုံးသော်လည်း စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် ပအိုဝ်းဒေသကို လက် နက်ကြီးများ မီးလောင်ဗုံးများ လေယာဉ်များဖြင့် ပစ်ခတ်ဖျက်ဆီးနေသည့် စစ်ကောင်စီနှင့် ပူးပေါင်း ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ကို စစ်ကြောင်းထိုးတိုက်ခိုက်ခြင်း ချုံခို တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည့်အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များကို ဖမ်းဆီး သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ယခုနှစ် ဇန်နဝါရီလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ စံဖူးရွာရှိ ပြည်သူ့နေအိမ်များကို စစ်တပ်နှင့် PNO က မီးရှို့ဖျက်ဆီးနေစဉ်။

13/04/2024
Photos from Myanmar Now's post 12/04/2024
07/04/2024

Move Forward ပါတီဖျက်သိမ်းဖို့ တောင်းဆိုမှု ထိုင်းတရားရုံး လက်ခံ

ဘန်ကောက်၊ ဧပြီ ၅

ထိုင်းရွေးကောက်ပွဲကော်မရှင်ရဲ့ Move Forward ပါတီဖျက်သိမ်းရေးတောင်းဆိုမှုကို ကြားနာဖို့ ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက လက်ခံလိုက်ပြီး ပါတီအနေနဲ့ ၁၅ ရက်အတွင်း ချေပနိုင်တယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင် နိုင်ငံရေးပါတီမှတ်ပုံတင်ဌာနက Move Forward ပါတီဖျက်သိမ်းဖို့ ကြိုးပမ်းနေတာပါ။

Move Forward ပါတီဟာ တော်ဝင်ဥပဒေကိုပြောင်းလဲဖို့ ကြိုးပမ်းမှုနဲ့အတူ ဒီမိုကရေစီအစိုးရကို ဖြုတ်ချလိုတဲ့ အထောက်အထားတွေတွေ့ရှိခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင်က တရားရုံးကို တင်ထားတယ်လို့ သိရပါတယ်။

ပါတီရဲ့လုပ်ရပ်တွေဟာ နိုင်ငံရေးပါတီများဆိုင်ရာ ဥပဒေပုဒ်မ ၉၂ ကိုချိုးဖောက်ရာရောက်ပြီး ရန်လိုတဲ့ လုပ်ရပ်တွေဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်က ပါတီဖျက်သိမ်းရေး၊ပါတီအကြီးအကဲတွေကို ရွေးကောက်ပွဲတွေမှာ ဝင်မပြိုင်နိုင်အောင် တားဆီးရေး၊ရွေးကောက်ပွဲဝင်ပြိုင်ခွင့်ရှိသူတွေကို ပါတီအသစ်မှတ်ပုံတင် ခွင့်မပေးရေးအတွက် တရားရုံးမှာလျှောက်တင်ထားပါတယ်။

တော်ဝင်ဥပဒေကိုပြုပြင်ပြောင်းလဲရေး Move Forward ပါတီရဲ့ ကြိုးပမ်းမှုဟာ နိုင်ငံဖွဲ့စည်းပုံဆိုင်ရာ ဘုရင်စနစ်ကို အားလျှော့အောင်လုပ်ဆောင်မှုဖြစ်တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် ပါတီဖျက်သိမ်းရေး ရွေးကောက်ပွဲကော်မရှင်က မတ် ၁၂ ရက်နေ့က ရုံးတော်ကို လျှောက်ထားခဲ့တာပါ။

Move Forward ပါတီက ဥပဒေပြုပြင်ပြောင်းလဲဖို့ အဆိုပြုရာမှာ တော်ဝင်ဥပဒေနဲ့ စွဲချက်တင်လိုတဲ့အချိန်မှာ နန်းတော်ကသာ တိုက်ရိုက်စွဲချက်တင်ရမှာဖြစ်ပြီး နိုင်ငံသမားတွေနဲ့ တခြားသူတွေ စွဲချက်မတင်ဖို့ အဆိုပြုထားပါတယ်။

ဒါ့အပြင် ဒီဥပဒေနဲ့ ပြစ်ဒဏ်ချမှတ်ခံရမှုအတွက်လည်း ပြစ်ဒဏ်လျှော့ချဖို့လည်း ပါတီက တောင်းဆိုခဲ့ပါသေးတယ်။

လွှတ်တော်အမတ်များဆိုင်ရာ ကျင့်ဝတ်ချိုးဖောက်မှု သံသယနဲ့ စစ်ဆေးခံရမယ့် ပါတီခေါင်း ဆောင်ဟောင်း ဖိထာနဲ့ ပါတီရဲ့ လွှတ်တော်အမတ် ၄၄ ဦးတို့ဟာ နိုင်ငံရေးလောကနေ တသက် တာ တားမြစ်ခံရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

Ref:Bangkokpost

31/03/2024

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊
တပ်ရင်းအမှတ်(၂) ဟာ KNDFရဲ့စစ်ဗျူဟာအမှတ်(၂)မှာပါဝင်ပြီးတော့လွိုင်ကော်အပါအဝင်အခြားဆက်စပ်နေရာများမှာ အခြေပြုတာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ ကရင်နီပြည်နယ် လွိုင်ကော်မြို့နှင့်အနီးဝန်းကျင်အတွင်း ရပ်ရွာဒေသပေါင်းစုံမှ
လူအများနှင့် အခြားနီးစပ်ရာပြည်နယ်များမှ လူမျိုးဘာသာပေါင်းစုံ လူငယ်အများစု စု‌စည်းပါဝင်နေကြတဲ့တပ်ရင်းဖြစ်ပါတယ်။

နိုင်ငံအတွင်းက စစ်အုပ်ချုပ်မှုအောက်မှာနေထိုင်နေရဆဲ ပြည်သူလူထုအတွက် လက်ရှိအခြေအနေမှာ စစ်ကောင်စီညစ်လုံးဖြစ်တဲ့
စစ်မှုထမ်းဥပဒေရဲ့ ဆိုးဝါးတဲ့ဖိနှိပ်မှုကြောင့် နောက်ထပ်ကြပ်တည်းမှုကြီးတစ်ရပ်ကို ကြုံနေကြရတာဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာစစ်ကောင်စီရဲ့ဘက်တော်သားအဖြစ် မခံယူချင်တဲ့ လူငယ်လူရွယ်အများအပြားဟာ ရွေးချယ်စရာလမ်းကြောင်းနည်းပါးလာပြီး နိုင်ငံကနေထွက်ခွာရှောင်တိမ်းခြင်းမပြုလုပ်နိုင်လျှင် စစ်ကောင်စီအလိုကျ ဖိနိပ်မှုယန္တရားကို တနည်းနည်းဖြင့်အားဖြည့်ပါဝင်ရခြင်းတို့ကို မလွဲရှောင်သာလုပ်ရတော့မှာဖြစ်ပြီးတော့ နောက်ထပ်ရွေးချယ်မှုတစ်ခုအနေနဲ့ လွတ်‌မြောက်နယ်မြေတွေပိုင်ဆိုင်ထားပြီး ဆက်လက်ဖော်ဆောင်တိုက်ပွဲဝင်နေကြတဲ့တော်လှန်ရေးအဖွဲ့အစည်းတွေဆီမှာ အားဖြည့်ပါဝင်ကြတာပါ။

မိမိတို့တပ်ရင်းအနေနှင့် မီဒီယာပလက်ဖောင်းများပေါ်မှ တရားဝင်တပ်သားသစ်ခေါ်ယူခြင်းများမကြေညာဖြစ်ခဲ့သော်လည်း မြေပြင်အဆက်အသွယ်နှင့်စည်းရုံးရေးများမှတစ်ဆင့် တပ်ရင်းတွင်တာဝန်ထမ်းဆောင်လိုသော ရဲဘော်သွေးသစ်များကို အစီအစဉ်တကျ လက်ခံစီမံကာအခြေခံစစ်သင်တန်း၊ မွမ်းမံသင်တန်းများကို တတ်နိုင်သ၍ ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီ စစ်အုပ်ချုပ်မှုကိုဆန့်ကျင်ကြသူများအတွက် ခုခံတွန်းလှန်ခြင်းလမ်းစဉ်ကနေ ကျနော်တို့က ကြိုဆိုပြီးတော့ နယ်ပယ်အလိုက် အကောင်းဆုံးကူညီနိုင်ဖို့ တတ်နိုင်သ၍ ကြိုးစားသွားမှာဖြစ်ပါတယ်။ စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်တွင်တာဝန်ထမ်း‌ဆောင်လိုသောအတွက် တပ်ရင်းကိုဆက်သွယ်လာသူများရှိနေပြီးတော့ မိမိတို့ဘက်မှလည်း စိစစ်လက်ခံလျက်ရှိပါတယ်။

ယခု အချိန်ထိ တပ်ရင်းတွင် အခြေခံစစ်သင်တန်း(၃)ခု၊ မွမ်းမံစစ်သင်တန်း(၂)ခုကို ပြုလုပ်ပြီးစီးထားခဲ့ပြီး သင်တန်းဆင်းရဲဘော်များ သက်ဆိုင်ရာ နေရာနယ်ပယ်တွေမှာ တာဝန်ထမ်းဆောင်လျက်ရှိနေပါတယ်။
ဆက်လက်ပြီး တာဝန်ထမ်းဆောင်ရန် ရှိနေသော နယ်ပယ်အစုံမှ ရဲဘော်သစ်များအတွက်လည်း ပြင်ဆင်မှုတွေအဆက်မပြတ်ပြုလုပ်နေပါတယ်။
စစ်ရေးအရှိန်တွေ နေရာအနှံမြင့်တက်လာပြီး ရလဒ်အသစ်တွေရရှိနေတာ သိမြင်ကြတဲ့အတိုင်းဖြစ်ပါတယ်။ ပြည်သူလူထုအားဟာ ကျနော်တို့ရဲ့အားပဲဆိုတာ ကျနော်တို့ယုံကြည်ပါတယ်။

ဓာတ်ပုံ-လေ့ကျင့်ရေးသင်တန်းကွင်းတစ်ခုတွင်တွေ့ရသော ဥက္ကဌခွန်ဘီထူး

KNDF Battalion-02
သတင်းနှင့်ပြန်ကြားရေး

◾️KNDF/B-02 (Telegram Channel)
https://t.me/Kndf_b_02


#ကရင်နီအမျိုးသားများကာကွယ်ရေးတပ်
#ကရင်နီ

30/03/2024

အားလုံးဘဲ မင်္ဂလာပါ။ ကျွန်တော်တို့ KNDF တပ်ရင်း အမှတ် ၂၁ မှ "ရေယာဉ်ပြင်ဖို့ ကူပေးစို့ " ဆိုတဲ့ ခေါင်းစဉ်နဲ့ တစ်လ တိတိ Challenge လေး ခေါ်ချင်ပါတယ်ခင်ဗျား။

Challenge ခေါ်ရခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ တပ်ရင်းရဲ့ သယ်ယူပို့ဆောင်ရေး အခန်းကဏ္ဍမှာ အများကြီး အထောက်အကူ‌ပြုပေးတဲ့ ရေယာဉ်များမှာ အသုံးပြုတာ ကြာလာတာနဲ့အမျှ ပျက်စီးယိုယွင်းမှုများ ဖြစ်လာပါတယ်။ မိမိတို့တပ်ရင်း ၏ သယ်ယူပို့‌‌ဆောင်ရေးအတွက် အဓိက အသုံးပြုနေသော ရေယာဉ်များ ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် ပြင်ဆင်စရိတ်များလိုအပ်နေပါတယ်။ လိုအပ်သော ပြင်ဆင်စရိတ်ရရန် တစ်လ တိတိ challenge ပြုလုပ်ရခြင်းဖြစ်ပါတယ်။ဒါကြောင့် ပြည်တွင်းပြည်ပရှိ တော်လှန်မိဘညီအစ်ကိုမောင်နှမများမှ နည်းများမဆိုတတ်နိုင်သလောက် ပါဝင်အားဖြည့်ပေးသွားဖို့ မေတ္တာရပ်ခံလိုပါတယ်။

မိမိတို့တော်လှန်ရေးတပ်အတွက် များစွာ အထောက်အကူပြုမှာဖြစ်တဲ့အတွက် ဝိုင်းဝန်း ကူညီပေးကြဖို့ ထပ်မံ တောင်းဆိုလိုက်ရပါတယ်ခင်ဗျား။ ပိုစ့်လေးကို link ,share ,comment လေးနဲ့ လူသိများအောင် ကူပေးကြပါအုံးနော်။

⏱️ Challenge duration - ၂၁.၃.၂၀၂၄ မှ ၂၁.၄.၂၀၂၄ ထိ
📌 Target Amount - သိန်း ၁၀၀
💸 Payment method - Kpay/ Wave pay/ NuG pay/ SDB

15/03/2024

ခေတ်ပျက်မှ ပျော်စရာဟာ
တန်ဖိုးကြီးမှန်း ငါသိရတယ်

လှလှပပ ရှုံးလိုက်ဖို့ကလွဲရင်
ကျွန်တော့်ကမ္ဘာမှာ ကျန်တာ မရှိတော့ဘူး

ကျွန်တော် လုပ်ပြခွင့် မရှိပါသောတွေ
ကျွန်တော် ပြိုလဲလို့ မဖြစ်ပါသောတွေ
ကျွန်တော် ပိုင်ဆိုင်ဖို့ မဖြစ်နိုင်သောတွေကြား
ရှင်သန်နိုင်ဖို့ဟာ ဇဝေဇဝါ ပါပဲ

နေလို့ လဲ မပျော်
သေလို့လဲ မဖြစ်
ငါတို့ ခေတ်မှ ပျက်နေလိုက်တဲ့ ဘဝ တွေကြား
ငါဟာ သူလိုလို ငါလိုလို
ဘုရင်လိုလို ကျွန်လိုလို
ငရဲမှာ ပျော်လိုက် နိဗ္ဗာန်အား မျှော်လိုက်ပါပဲ ။

#ဒဿ 2024

14/12/2023

မြန်မာ့အရေးဆွေးနွေးပွဲ ထိုင်းနိုင်ငံဦးဆောင်သင့်ဟု ထိုင်းဝန်ကြီးချုပ် ပြောကြား
~~~
■ မြန်မာနိုင်ငံမှာ နှစ်နှစ်ကျော်ကြာပြီဖြစ်တဲ့ ပြည်တွင်းစစ်ရပ်စဲရေးအတွက် စစ်ကောင်စီနဲ့ ဆက်သွယ်ဆွေးနွေးပွဲတွေကို ထိုင်းနိုင်ငံက ဦးဆောင်ပြုလုပ်သင့်တယ်လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံအနေနဲ့ အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးချက်အတိုင်း လိုက်နာမှာဖြစ်ပေမယ့် မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံဟာ ကီလိုမီတာ ၂ဝဝဝ ခန့် နယ်စပ်ချင်းထိစပ်နေတဲ့အတွက် ထိုင်းနိုင်ငံက ဆွေးနွေးပွဲတွေဦးဆောင်မှာကို တခြားအာဆီယံနိုင်ငံတွေအနေနဲ့ သဘောတူနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

အဲဒီစကားတွေကို ထိုင်းဝန်ကြီးချုပ်က ဘန်ကောက်မြို့မှာ နစ်ကီအေးရှား သတင်းဌာနနဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့က ပြုလုပ်တဲ့ တွေ့ဆုံးမေးမြန်းခန်းမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာပြည်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး အသေအချာ ကိုင်တွယ်နိုင်ခြင်းမရှိသေးသလို ဒုက္ခသည်တွေအနေနဲ့ နေထိုင်စားသောက်ရေးနဲ့ ကျန်းမာရေးပြဿနာတွေကို ရင်ဆိုင်နေရတဲ့အပြင် ဒေသခံ ထိုင်းနိုင်ငံသားတွေလည်း အခက်ကြုံနေရတယ်လို့ ပြောပါတယ်။

တစ်ဆက်တည်းမှာပဲ မြန်မာနိုင်ငံကနေ နယ်စပ်ဖြတ်ကျော်ပြီး ဝင်ရောက်လာနေတဲ့ မူးယစ်ဆေးဝါးပြဿနာနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေကိုလည်း သူ့အနေနဲ့ အားရကျေနပ်မှုမရှိဘူးလို့ ဆိုပါတယ်။

မြန်မာ့ပြည်တွင်းရေးပြဿနာဟာ တစ်နေ့တခြားဆိုးဝါးလာနေပြီး တခြားဒေသတွေကိုပါ ပြန့်ပွားကူးစက်နေကြောင်း၊ စစ်ပွဲတွေ နိုင်ငံအနှံ့ဖြစ်နေတာကြောင့် ငွေကြေးလိုအပ်နေတဲ့ အဖွဲ့အစည်းတွေဟာ မူးယစ်ဆေးဝါးတွေကို အရင်ကထက် ပိုမိုရောင်းချလာနေကြကြောင်း၊ ဒါကြောင့် ထိုင်းနိုင်ငံအနေနဲ့ နယ်စပ်ဒေသကို အသေအချာကာကွယ်ဖို့ လိုအပ်ကြောင်းလည်း ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
____________
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပသောအာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေသည့် ထိုင်းဝန်ကြီးချုပ် Srettha Thavisin အား တွေ့ရစဉ်။ (Photo: AFP)

28/08/2023

အချောလေးတို့အဖွဲ့ Live ပြီးခါနီးမှလိုင်းကျသွားလို့ အနူးအညွတ်တောင်းပန်ပါတယ်။ နောက်ရက်တွေမှာလည်းအစီအစဉ်သစ်တွေနဲ့တစ်ဖန်ပြန်လွှင့်ဦးမှာဖြစ်လို့စောင့်ကြည့်ပြီး CB မှာလည်းလာရောက်ထောက်ပို့နိုင်ပါတယ်။
ကမ်ပိန်းက ယနေ့မှစ နောက်လ ၂၃ ရက်နေ့အထိဖြစ်တာကြောင့် တစ်လအတွင်းနည်းများမဆို ပါဝင်နိုင်ပါတယ်လို့ သတင်းစကားလေးပါးပါရစေရှင်။

Photos from สำนักงานประชาสัมพันธ์ จังหวัดแม่ฮ่องสอน's post 15/07/2023
Photos from ထိုင်းရောက်ကရင်နီလူငယ်များစုံစည်းရန်'s post 15/07/2023

อย่าลังเลที่จะถามคำถาม อย่ากลัวที่จะช่วย เหลือพวกเขาเมื่อพวกเขาต้องการคุณมากที่สุด พวกเขาอาจจะมีช่วงเวลาที่ยากลำบากในการ ขอความช่วยเหลือ แต่พวกเขาต้องการความ ช่วยเหลือและกำลังใจ

Photos from ထိုင်းရောက်ကရင်နီလူငယ်များစုံစည်းရန်'s post 15/07/2023

ဒေါနို့ကူးစစ်ဘေးရှောင်စခန်းကို စစ်ကောင်စီမှ အကြောင်းမဲ့ လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူများ အိုးမဲ့အိမ်မဲ့ဖြစ်ပီးနေစရာထိုင်ခင်းနှင့် စားနပ်ရိပ်က္ခာဆေးဝါးများအရေးပေါ်လိုအပ်လျက်ရှိရာ ပြည်တွင်းပြည်ပမှစေတနာရှင်များ နည်းများမဆို အလူငွေများထည့်ဝင်လူူဒါန်းနိုင်ပါသည်🙏🙏🙏🙏

ဆက်သွယ်ရန်
‌ေကျာ်လင်း
0660801242

0343913346
Sai kyaw win
ကာစီကွန်
ပုံ

Photos from Medic Unit - Demoso's post 14/05/2023
08/05/2023
လွိုင်ကော်အကျဉ်းထောင်မှ ပုဒ်မ ၅၀၅ နဲ့ အကျဉ်းကျသူ (၁၀၄) ဦး လွှတ်မြောက် - Kantarawaddy Times 03/05/2023

လွိုင်ကော်အကျဉ်းထောင်မှ ပုဒ်မ ၅၀၅ နဲ့ အကျဉ်းကျသူ (၁၀၄) ဦး လွှတ်မြောက် - Kantarawaddy Times ကန္တာရဝတီတိုင်း( မ် ) ဒီကနေ့ (မေလ၃ရက်) ကဆုန်လပြည့်နေ့အထိမ်းအမှတ် အနေနဲ့ စစ်ကောင်စီက အကျဉ်းသား (၂၁၅၃)ဦးကို လွတ်.....

Photos from Union of Karenni State Youth - UKSY's post 03/05/2023
Photos from SHAN News (Burmese Version)'s post 23/03/2023
17/01/2023

လွိုင်ကော်.စံပြ( ၆ )မိုင်.ဒေါတမကြီး.ဘောလခဲ လမ်းမကြီးအား ပြန်လည်ဖွင့်လစ်

Photos from Pa-O LOYWEl - ပအိုဝ်ႏလိုꩻယွဲး's post 24/12/2022

၄၉၉ လက်တဲ့ဟေ့ တလက်ကဘယ်ပြောက်နေလဲ
🤭🤭

23/12/2022

KNPLF ရဲ့ သဘောထားကြေညာချက်

20/12/2022

မြေပြင်လုံခြုံရေးအခြေအနေကြောင့် နန့်ပန်ချောင်းတလျှောက် သွားလာမှု ကန့်သတ်သတိပေးချက်တစ်ခုကို KNPP(KA)မှထုတ်ပြန်........

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง องค์กรไม่แสวงหาผลกำไร ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Bangkok
���
องค์กรชุมชน อื่นๆใน Bangkok (แสดงผลทั้งหมด)
BKKSW BKKSW
Bangkok

ABAC Photo Club ABAC Photo Club
Assumption University
Bangkok

Now managed by Committee 29th for the year 2023

Capoeira Angola Bangkok Capoeira Angola Bangkok
Capoeira Angola Bangkok, Silom Plaza 3rd Floor, Silom, Bangrak
Bangkok, 10500

Capoeira Angola is a traditional African-Brasilian cultural art that combines dance, acrobatics, play, music, history and philosophy.

Chaobuddha Chaobuddha
Bangkok

คนพุทธควรทำอะไรบ้าง มาหาคำตอบให้ช?

MICE Management MICE Management
9, UM Tower 10th Floor, Ramkhamhaeng Rd., Suanluang
Bangkok, 10250

Event Organizer 02-717-2788

Xandrix Fortaleza Xandrix Fortaleza
Brgy. . 03 . . Arellano. . Street. . . Catanauan. . Quezon
Bangkok, 4311

WorkWize WorkWize
The Street รัชดา ชั้น3
Bangkok, 10400

apcommu apcommu
48 Soi Udomsuk 13, Bangna-Nua, Bangna
Bangkok, 10260

Community for LGBTQI+ people !

TECHBITE Incubator TECHBITE Incubator
KX Knowledge Xchange 110/1 Thanon Krung Thon Buri, Bang Lamphu Lang, Khlong San
Bangkok, 10600

Techbite is a tech venture building incubation/acceleration program by KX Knowledge Xchange

Howspace Howspace
Howspace Studio, Phayathai 4th Floor
Bangkok, 10400

Howspace ตั้งเพื่อเป้าหมายที่จะสร้างพื้นที่ให้แก่กลุ่มคนทุกระดับจนถึงนักเต้นในทุกรูปแบบ

Aradia Oracle Aradia Oracle
Bangkok, 10230

ขออนุญาตยังไม่เปิดรับดูดวงส่วนตัว

Dork Comal Pemalang Dork Comal Pemalang
Bangkok

Welcome to dorks comal!