7043

7043

I am the cause , I am the reason Experiencing the way I am "Who will do anything for own sake"

เปิดเหมือนปกติ

[07/31/21]   အခန်း (၁၁.၅)

အခန်းထဲက ထွက်တော့ မစီမာ က ထမင်းကြော် စားမလား လို့မေးတော့ ကျနော့်ကို American Breakfast ပဲလုပ်ပေးပါလို့ ပြောလိုက်တယ်။

စားပွဲပေါ်မှာ Nescafé တဇွန်း ၊ သကြား ၂ ဇွန်း ၊ Coffee mate ၂ ဇွန်း နဲ့ဖျော်ပြီး Ovaltine တဇွန်းခပ်ထားတဲ့ အဖြူရောင် ခွက်ဟာ အသင့်ရှိနေတယ်။ မစီမာ ကိုစောင့်ရင်း ဘေးနား က စာအုပ်စင်ပေါ်က ဖတ်လက်စ စာအုပ်တွေထဲက တအုပ် ကိုဆွဲယူလိုက်တော့ ၊ George Orwell 1984 ဖြစ်နေတယ် ၊ မေ့တေ့တေ့ ဖြစ်နေလို့ Bookmark လေးကနေပြန်လှန်လှောမှ ကိုယ်ဖတ်ပြီးထားခဲ့တဲ့ နေရာကနေ အရှိန်နည်းနည်း ပြန်ရတယ်။

၁၀ မိနစ်လောက်ကြာတော့ မစီမာ က မနက်စာ လာချပေးတော့ ပန်းကန်ထဲက scramble egg တွေက ပျော့အိနေစွာ နှင့် ခက်ရင်း နှင့် တူးဆွမှာကို ကြိုလင့်နေသယောင်။ ဘာနှင့်တူလဲ ဆိုတော့ တခါမှ ယောင်္ကျား နှင့် မအိပ်ရသေးဘူးလို့ ပြောပြီး အပျိုဟန်ဆောင်မ တွေဟာ ယောင်္ကျား တွေနှင့် ကုတ်ကမြင်း ထနေဖို့ အသင့်ဖြစ်နေသလိုနှင့်တူတယ် လို့ သူ့စိတ်ထဲကတွေးမိတယ်။

မစီမာ က သူရှေ့မှာ ဆား၊ငရုတ်ကောင်းမှုန့် ၊ Saracha ငရုတ်ဆီ နှင့် နာနတ်ယို ခွက်တွေ ကို အလျားလိုက်တန်း​နေအောင်သေချာချပေးသွားရင်း “ပြည့်ဖြိုး ဘာလိုသေးလဲ လို့မေးတော့” စိုင်းပြည့် ဆီကိုဖုန်းဆက်ပေးပြီး ညနေ အိမ်လာခဲ့ဖို့ပြောပေးပါလို့ပဲ ပြောရင်း ဆက်စားနေလိုက်တယ်။

“ဟုတ်ကဲ့ပါ” လို့ပြန်ပြောတာကို ဘာမှ ပြန်မပြောတော့ပဲ လက်တဖက် က ပန်းကန်ရှေ့က ဆား၊ငရုတ်ကောင်းမှုန့် ၊ Saracha ငရုတ်ဆီ နှင့် နာနတ်ယို ခွက်တွေ ကို သေချာ စီစီရီရီ ထပ်တန်းနေအောင်ထပ်လုပ်လိုက်တယ်။

[07/05/21]   :…:

[03/27/21]   “နွေးနွေနွှေး”

တခါက
သပြေခက် နှင့်
စံပယ် ကုံး
အခု တော့
ခေါင်ရမ်းပန်း နှင့်
သားရေကြိုး


မြတ်စွာ ဘုရား
ကယ်ပါ။

#7043
#2732021
#နွေ:နွေနွှေး”

[03/08/21]   ၃ တောင်ဝတ် ထမီ
(အခုခေတ်မှာ ၄ တောင် တမိုက်လျော့)

မိန်းမတို့ဘုန်းဆံထုံး တော့ဟုတ်ပါလိမ့်မယ်။
တကယ်တော့လည်း ဘုန်းရှိသည် မရှိသည် ကို ကျနော်တို့မသိနိုင်ပါ။

ဘုန်းဆိုသည်မှာ အယူသည်း တို့၏ ကံအနိမ့်မြင့်ကို တိုင်းတာသည့် ပေတံ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ။ မြတ်စွာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးကို ခွဲမွေးခဲ့တာမဟုတ်ပါဘူး ၊ အရမ်းကြီးတွေ divine intervention တွေပါမနေခဲ့ပါဘူး ၊ မယ်တော် က မတ်တပ်ရပ်လျက် နှင့် ဖွားမြင်တော်မှုတယ် ပြောပါတယ်။ အဲ့နည်းဟာ လည်း ရှေးက တကယ်ကျင့်သုံးခဲ့ကြတယ်လို့ သိရပါတယ်။

အမှန်တကယ်တော့ divine ဖြစ်ချင်း မဖြစ်ချင်းထက် ဘုန်းလက်ရုံးဆိုတာက ကိုယ့်ရဲ့ မွေးရာပါ အရည်အချင်း ၊ ပါရမီ နှင့် ကံ တို့နှင့်ပဲသတ်ဆိုင်ပါတယ်။ မွေးရာပါ အရည်ချင်းကလည်း မရှိ ၊ ပါရမီ ကလည်း မပါ၊ ကံကတော့ ကောင်းနေခဲ့ရင်တော့ လည်း တမျိုးတမည်ပေါ့လေ။ ကံကံ၏ အကျိုးတရားဟာ အတော်ကို နက်နဲလှပါတယ် ။ အထုံပါရမီ နှင့် ကံ ဟာအတော်ကိုကွဲပြားပါတယ်။ (နောက်အချိန်ရရင်ရေးမယ်စိတ်ကူးပါတယ်)

ကျနော် စိတ်အတော်ကျနေခဲ့တုန်းက ကောင်းတာလုပ်တိုင်း ကောင်းတာဖြစ်မလာတဲ့ ဘာသာကိုမယုံတော့ဘူးဆိုပြီး ဘာသာမဲ့ လုပ်မယ် စဉ်းစားရင်း တိုက်တိုက် ဆိုင်ဆိုင် ရွှေတိဂုံ မှာ ဘုန်းကြီးတပါး နှင့် တိုးမိပါတယ်။ တိုက်ဆိုင်တာက အဲ့နေ့က ဘုရားနောက်ဆုံးတက်ခြင်းအနေ နှင့် သွားတာပါ ။ အဲ့ဒီ ဘုန်းဘုန်း က အရင် က ဝက်သတ်သမားပါ ၊ သူ့ရဲ့ ကုသိုလ်ကံတရားက အားကောင်းခဲ့တော့ အခု သူသိက္ခာတော် အတော်ရပြီးပါပြီ ။ ကျနော် နှင့် တိုးမိတော့ ထူးဆန်းစွာ နှင့်ပဲ ကံကံ၏ အကျိုးတရား နှင့် “အဟောင်းစား” ဆိုတဲ့ လက်တွေ့ ဗုဒ္ဓဘာသာ သီအိုရီတခု လေ့လာခဲ့ရပါတယ် ။

အဟောင်းစား ဆိုတာကတော့ အကြမ်းဖျင်း အားဆိုရင် ရှေးဘဝ အဆက်ဆက် က ဖြည့်ဆည်းခဲ့တဲ့ ပါရမီ နှင့် ပြုလုပ်ခဲ့တဲ့ ကံ (ကုသိုလ်၊အကုသိုလ်) ကိုဆိုလိုတာပါ။ ငွေတွေစုခဲ့သလိုပဲ ကျနော်တို့ ဟာ ဘဝ ပေါင်းများစွာက ထို ကံ တွေကို ပြုလုပ် ၊စုစည်းခဲ့ရတာပါ ။ အဲ့အစုအထုပ်ကြီးတွေရဲ့ အကျိုးဆက်ဟာ ယနေ့
အချိန်မှာ လာပြီး အကျိုးဆက်အနေနှင့် ခံစားနေရတာပါပဲ။

ခံစားရတဲ့ အကျိုးဆက်ချင်းဟာ မတူပေမယ့်
ကျနော်တို့ဟာ မျက်မှောက် မှာပြုမှုနေထိုင်မှု နှင့် ယှဉ်တွဲပြီး ရလဒ် အနေနဲ့ ကုသိုလ် ၊ အကုသိုလ် အသစ်တွေ ဖြစ်ရပါတယ် ။ ဘယ်သူမှ လာပြီးပြုတာမဟုတ်ပေမယ့် မိမိ ပြုခဲ့ရတဲ့ အကျိုးဆက်တွေပါပဲ။ “ပုရိမာ” ဆိုတဲ့ ရှေးဘဝ အဆက်ဆက်က ကောင်းမှု ကုသိုလ် အားနည်းခဲ့တော့ ဒီဘဝ မှာ ဟိုဟာဆိုလည်း ယုံရ ဒီဟာဆိုလည်း ယုံရ နှင့် ရှင်သန်နေရတာပါပဲ။

ငါ့ဘဝ ဆိုးရွားလိုက်တာ ၊ ငါပဲ ခံနေရတယ်ဆိုပေမယ့် ကိုယ့်ကိုပြုမှုနေတဲ့ သူကိုကြည့်ရင်သူက အသစ်တွေယူနေတာပါ ၊ကိုယ်က အဟောင်းတွေဆပ်ပေးနေရတာပါ လို့မှတ်ယူနိင်ပါတယ်။ သူ့ရဲ့ အကုသိုလ် အသစ် တွေထဲမှာ ကိုယ့်အတိုး အဆစ်မပါအောင်ကတော့ ကိုယ်ပဲလိမ္မာပါးနပ်ရမှာဖြစ်ပါတယ်။ မြတ်စွာဘုရားရဲ့ ဝါဒ ဟာပျော့ညံ့ခြင်းမဟုတ်ပါဘူး ၊ ရဲရင့်ခြင်း နှင့် ပညာဉာဏ်ကြီးမားခြင်းပါ။ အဲ့တော့ ဘာမှဟုတ်တဲ့ အယူသည်းမှုတွေ နှင့် ဘဝ ကိုဖြတ်သန်းခဲ့ကြတဲ့ တချို့အချိန်တွေကို ပြန်ကြည့်ရင် နှမျောစရာတွေပါ။

အဲ့တော့ ဘုန်းလက်ရုံးကြီးလှပါပြီဆိုတဲ့ ယောင်္ကျားကြီးတွေက ထမီ ကို ကံ နိမ့်မှာဆိုတဲ့ အကြောင်းပြချက်ကြောင့် ထိရတို့ရမှာ ကြောက်တယ်ဆိုတော့ မြန်မာ့ လူမှုပတ်ဝန်းကျင်က လက်တွေ့စဉ်းစားကြည့်ရင် ရယ်စရာကြီးပါ။

အဝတ်လျှော်စက်မှာ ထမီထည့်မလျှော်ရဘူးတို့ ၊ ဓမ္မတာ လာနေချိန်မှာ အတူမအိပ်ရဘူးတို့ ၊ ထမီ နဲ့ မထိရဘူးတို့ စသဖြင့် အယူသည်းမှုတွေဟာ ရိုးရာ လား ဘာသာရေး လားဆိုတာ ခွဲခြားသိမြင်နိင်စွမ်း မရှိခဲ့တာ အတော်ကိုကြာနေခဲ့ပါပြီ ။ အမြစ်တွယ်သလို တွယ်နေတဲ့ လူ့စံနှုန်းအဟောင်း တွေဟာ ခေတ်နဲ့အတူ လိုက်ပါပြောင်းလဲသင့်နေပါပြီ။ အဲ့တော့ အမျိုးသမီးတွေရဲ့ DIVINE POWER ဆိုတာ ဘာလဲဆိုရင်တော့ မိခင် ဖြစ်ခွင့်ပါပဲ။

ဒါ့ကြောင့် မြတ်စွာဘုရား အပါအဝင် ကြီးမြတ်လှပါတယ်ဆိုတဲ့ ဆရာ့ဆရာကြီးတွေ အားလုံး လေဥ ကနေမမွေးပါဘူး လို့ပြောရင်း နိဂုံးချုပ်ပါရစေ။ သုံးတောင် ဝတ် ထမီ အောက်ဝင်ရင် ၊ ထိရင် ဘုန်းနိမ့်မှာ ကြောက်တယ်ဆိုတော့ ဘုန်းလက်ရုံးကြီးလှပါတယ် ဆိုတဲ့ ကိုးတောင်ဝတ် ယောင်္ကျား တွေထက် စွမ်းနေတာပါလားလို့ မှတ်ချက်ပြုမိပါတယ်။

[02/07/21]   “ ဉက္ကောဋေယျ “

[12/27/20]   (7043)

AMYGDALA
PREFRONTAL CORTEX
HIPPOCAMPUS

သို့
သက်ဆိုင်သူ

အထက်ဖော်ပြပါများကို
အသစ်လဲပေးပါ။

လေးစားစွာဖြင့်
စိုင်းပြည့်ဖြိုးအောင်။

[12/21/20]   (၇၀၄၃)

Cotton Candy တွေ
ရေနှင့် ထိတွေ့တဲ့ အခါ

စိမ့်ဝင်ပျော်ဝင်ပြီး
ပျောက်ကွယ်
သွားသလို။

#writingistherapy

[12/19/20]   ကျမ

ကျမ အပျိုပါ
Deep throat နှင့်
swallow တော့ရပါတယ်

ကျမ အပျိုပါ
ဉမ္မာဒန္တီ Operation
တော့လုပ်ထားပါတယ်

ကျမ အပျိုပါ
ကျမတန်ဖိုးက အမြှေးပါး
နှင့် စျေးဖြတ်ပါတယ်

ကျမအပျိုပါ
ကျမ ဘဝ မှာ အိမ်ထောင်ကျပြီး
ကလေးမွေး မှ အဓိပ္ပါယ်ရှိမှာပါ။

ကျမအပျိုပါ
တခြား မိန်းမ
အတင်းကို တခြား
ယောင်္ကျားဖျင်း တွေဆီက
လိုက်စုံစမ်းပါတယ်။

ဟုတ်ကဲ့
ကျမ အပျိုပါ
တန်ဖိုးကြီး
နွားတကောင်
လိုပါတယ်။ ။

[12/13/20]   ချစ်တယ်လား ?

ကလေးနှင့် ပွဲတက် လင် ရဖို့တော့
ချစ်တယ် လာ မပြောပါနှင့်။

ဆုတောင်းလေ။

08/12/2020

“တနေ့ ဒီလိုပဲ ထလာလိုက်တယ်”

ပါးရိုက်လိုက် တဲ့
လက်ဖဝါးပေါ်မှာ
Glitter
အပြောင်အလက်
တွေ

လည်ပင်းညှစ်တော့
ငြီးသံ သဲ့သဲ့ နှင့်
နံရိုးတွေဟာ
ကိုက်ချိုးပစ်ချင်စရာ။

“တနေ့ ဒီလိုပဲ ထလာလိုက်တယ်”

ပါးရိုက်လိုက် တဲ့
လက်ဖဝါးပေါ်မှာ
Glitter
အပြောင်အလက်
တွေ

လည်ပင်းညှစ်တော့
ငြီးသံ သဲ့သဲ့ နှင့်
နံရိုးတွေဟာ
ကိုက်ချိုးပစ်ချင်စရာ။

29/10/2020

“7043”

EMO တွေကို
နားထောင်သော်လည်း
ကျမ သည်
အီမို မ မဟုတ် တော့ပါ။

အလွမ်းတွေကို
ကျမ အပိုင်သိမ်းလိုက်ပြီ

အဲ့တော့

ကိုပြည့်ဖြိုးကျော်
၁၂/ဗဟန(နိင်) ၀၉၇၀၄၃

ရှင်သွားလိုရာ
သွားနိုင်ပါပြီ။ ။

#စျာန်မိုးသူ
#writingistherapy
#7043

“7043”

EMO တွေကို
နားထောင်သော်လည်း
ကျမ သည်
အီမို မ မဟုတ် တော့ပါ။

အလွမ်းတွေကို
ကျမ အပိုင်သိမ်းလိုက်ပြီ

အဲ့တော့

ကိုပြည့်ဖြိုးကျော်
၁၂/ဗဟန(နိင်) ၀၉၇၀၄၃

ရှင်သွားလိုရာ
သွားနိုင်ပါပြီ။ ။

#စျာန်မိုးသူ
#writingistherapy
#7043

[10/21/20]   “စိုင်းပြည့်ဖြိုးအောင်”

ငါ တယောက်တည်း
နေဦးမယ်။

လူတွေနှင့်
ဝေးတဲ့နေရာ မှာ
ခဏတာ ဖြစ်ဖြစ်ပေါ့။

တခြားမဟုတ်ဘူး
လေလည်ရင်
မွှေးတယ်ထင်ပြီး

လိုက်ရှုကြဦးမှာ
အားနာလို့။ ။

စျာန်မိုးသူ

#7043
#writingistherapy
#poems
#burmese
#myanmar
#poems
#myanmarburma

16/10/2020


အဆိပ်တွေ
တော့ ပိုပြင်း
ပါလေ့စေ


#စျာန်မိုးသူ
#writer
#writingistherapy


အဆိပ်တွေ
တော့ ပိုပြင်း
ပါလေ့စေ


#စျာန်မိုးသူ
#writer
#writingistherapy

25/09/2020

ရေးပါပြီကွယ် ။

ရေးပါပြီကွယ် ။

[09/07/20]   (၇၀၄၃)

အနှစ် (၂၀) စာ အလွမ်းတွေကို
မစစ်မှန်တဲ့ အနမ်းတွေနဲ့ပဲ
ပြောပြလိုက်တာ
ရင်ဘတ်ထဲ ရောက်ရောပဲ။

မရောက်တော့လည်း
ဖြည့်တွေးပေါ့
မင်း အခုသိပြီပဲ။

#စျာန်မိုးသူ
#wrotingistherapy

[09/01/20]   အသစ်

ရင်ဘတ်ကြီးပေါက်နေတာ
ကလွဲလို့ ၊ မနက်အသစ်
လူ အသစ် ၊ အားလုံး အသစ်။

#စျာန်မိုးသူ
#writingistherapy

[08/30/20]   မနက်ဖြန် ၊ အသစ် ။

[08/13/20]   ကြိုး
🧶

ခုန်တယ်
ကျော်တယ်
တုပ်တယ်
ရှည်ရှည်နဲ့ လှန်းတယ်
ဆွဲတယ်
ချည်တယ်

ဘာမှ အစစ်မဟုတ်
ဘာမှ အမှန်မဟုတ်

ကြိုးကကျိုး မဟုတ်
ကျိုးက ကြိုးမဟုတ်
သုံးလွန်း တင်တင် မတင်တင်

ကြိုးကကြိုးပဲ။

#စျာန်မိုးသူ

[08/08/20]   ကဗျာအသစ်💬🖊

ကြိုး
🧶

#စျာန်မိုးသူ
𝓼𝓾𝓷𝓭𝓪𝔂

[08/04/20]   ယင်း

အရုဏ်မှာ
အနုကြမ်းစီး ပြီး
အဖန်တလဲလဲ
အဖြစ်သည်းရ
တဲ့ အထိအတွေ့
တွေ နှင့် သူဟာ
ကျမ ရဲ့ ကမ္ဘာကို
အကြိမ်ကြိမ်
ကိုင်လှုပ်ခဲ့။

#စျာန်မိုးသူ
#writingistherapy

[08/04/20]   💬↗️🌈

30/07/2020

ရင်ထဲက အသံတွေပျောက်ဆုံးပြီး
ပါးစပ်ထဲက အသံတွေကျယ်လာတဲ့နေ့။

ရှင်ကြီးရယ်
ကြမ်းလိုက်တာ။

#စျာန်မိုးသူ
#writingistherapy

30/07/2020

လက်ဖက်ရည်ကြိုက်သူ

သကြား ၊ နို့ဆီ
ထန်းလျက် လောက်
နှင့် တက်မလာကြနဲ့။

ကျမ က ရှင့်ရဲ့
Milk & Honey
ပါ။

#စျာန်မိုးသူ
#writingistherapy

26/07/2020

ခေါင်းစဉ်တွေကို ကိုယ် ကြိုက်သလိုတပ်ပြီး ဖတ်ပါ။

(စာဖတ်သူတွေလဲ ဘယ်ခေါင်းစဉ်ကြိုက်လဲဆိုတာကို comment ပေးပါဦး)

၁ (ကမ္ဘာလေးထပ် ပုစ္ဆာ)
၂ (လေးယောက် တယောက်)
၃ (၁/၄ + ၁/၄ + ၁/၄ + ၁/၄ x ၁/၁)
၄ (Foursome)

(အစ)

ကမ္ဘာ လေးထပ် မှာ
သူတို့ လေးယောက် နှင့်
ကျမ ဆုံခဲ့ရတယ် ။

စိုရွှဲ၊ ရှတ၊ နာကြင် ပြီးနောက်
ကျမ တဖြုတ်ဖြုတ် နှင့်
ကြွေကျခဲ့ရတယ်။ ။

(အဆုံး)

#စျာန်မိုးသူ
#ကျမ
#writingistherapy
#ကဗျာ
#easays

26/07/2020

ကဗျာ အသစ် လာပါပြီ ။ #စျာန်မိုးသူ

[07/24/20]   🪔💄👄👅
TGIF

23/07/2020

ဒါ အမှန်ပဲလေ။

#စျာန်မိုးသူ
#eyeswideshut
#writingistherapy

20/07/2020

#စျာန်မိုးသူ
#writingisrherapy
#yangon
#myanmar
#essays

[07/18/20]   ရှင်လိုက်မလာပါနှင့် ၊ ကျမ ခဏ ထွက်သွားပါ့
မယ် ။ ရှင် ပျော်ပါးရအောင် ကျမ ကိုယ်စား
ကိုယ်ပွါးလေးတွေထားခဲ့ပေးမယ်။

တချိန်အားလုံးတူတူပျော်ပါးအောင်သူတို့လေးတွေကို ကျမ သင်ခဲ့ပေးမယ် ၊ ရှင့် Butterfly De******at အကြောင်း ။

/ကျမ နှင့်သူ၏ မကြင်နာခြင်းများ

#စျာန်မိုးသူ
#writingistherapy
#yangon
#myanmar
#essays

18/07/2020

သူ့ရဲ့ အချစ်ကို ကျမ နားလည်ဖို့

#စျာန်မိုးသူ
🔊 Myo Kyawt Myaing

15/07/2020

“တရက် ဆေးလိပ် (၁၅) လိပ်
သောက်သလို အသက်တို
တယ်တဲ့ ကွယ်။”

_

#စျာန်မိုးသူ

[07/14/20]   Time is not linear ... so I have never left and you are still making love with me as I am still breathing down on a mountain of curls and smooching over your curves, we are still in the lime light . While our lips are engage , our serpentine tongues are still sharing the wetness of each other . The essence of your sweat & scent still favor my demeanor over your tights .

Yes , I am a god and I have , has been & will alway be .

Yes , Time is a non-leaner construct . Tears sweat over the butterfly deep throat while I construct , the whole world burns at the desire of your embrace I found it to unleash my escape.

#စျာန်မိုးသူ
#writingistherapy

12/07/2020

ရှင့် ကို ကျမ မယူ ခိုင်းပါဘူး ၊ အဖမ်းလည်းမခံခိုင်းပါဘူး ဒါကြောင့် မသေလိုက်ပါနဲ့ ၊ ကျမ ချစ်ပါရစေ။

#သူ၏မကြင်နာခြင်းများ
#စျာန်မိုးသူ
#writingistherapy

[07/11/20]   ... .. .

[07/10/20]   “ဇွဲကပင်တောင်ပေါ်မှာ Portal
ပွင့်နေတယ်ကြားတယ်
သူ များ သွားတေ့ာမလား”

#စျာန်မိုးသူ
#ကျမနှင့်သူ၏မကြင်နာခြင်းများ

Artist’s Info

ဈာန်မိုးသူ @ Zen Moe Thu is a Myanmar Writer / Visual Enthusiastic in Yangon. Occasionally writes Poems & Essays but currently, developing a psychotic fiction novel.

/FootPrints
Featured in Mockingjay / EU independent online media
Solo Exhibition Sponsored by Singha / Bangkok

วิดีโอทั้งหมด (แสดงผลทั้งหมด)

ที่อยู่


Bangkok
Bangkok
10250
Bangkok บริการถ่ายภาพอื่นๆ (แสดงผลทั้งหมด)
Testing photo Testing photo
Bangkok, 10000

Design Photo Display Cover

Sanamgolf Gallery Sanamgolf Gallery
SanamGOLF's Room
Bangkok, 10140

Freelance Photographer :: Graduate Day / Wedding Caremony / Prewedding / Event / Concert Call me Te

Peachy Photo Peachy Photo
Bangkok
Bangkok

PHOTOGRAPHER BASED IN BANGKOK EVENT / WEDDING / PRE-WEDDING / GRADUATION / PACKSHOT / INTERIOR

Takkie photographer Takkie photographer
Bangkok

รับถ่ายภาพนะคร้าบ สนใจสอบถามรายละเอียดเพิ่มเติมได้ที่ 0634153562 // แต๊กก คร้าบ

Camera Maker Camera Maker
เลขที่ 1879-1881 ถนนเสรีไทย แขวงคลองกุ่ม เขตบึงกุ่ม
Bangkok, 10240

Camera Maker ตัวแทนนำเข้าอุปกรณ์ถ่ายภาพชั้นนำ พร้อมจัดจำหน่าย

SectorsevenStudio&Production SectorsevenStudio&Production
8/247
Bangkok, 10220

บริการโปรดักชั่นทุกประเภท รับตัดต่องานวิดีโอทุกรูปแบบ มีกล้องรวมทั้งอุปกรณ์ให้เช่า

The Doe Studio The Doe Studio
188/261-2 Praditmanutham 5 Ladprao 84 Wangthonglang
Bangkok, 10310

ให้เช่าสตูดิโอ ฉากขาวผนังโค้ง3ด้าน หน้ากว้าง6 ลึก 11 สูง3 เมตรในห้องเดียวกัน ยังมีผนังเทา กว้

Share memory by Photo Share memory by Photo
Phachautic
Bangkok

ไอ้หมาถ่าย ไอ้หมาถ่าย
338
Bangkok, 10230

Page ช่างภาพ รับงานถ่ายปริญญา งานแฟชั่น งาน Wedding และงานทั่วไป อีกมามาย Line : Fewblaxkpen tel: 088-2932538

CLOUD Studio CLOUD Studio
93 ถ.เทอดไท บางยี่เรือ ธนบุรี
Bangkok, 10600

สตูดิโอสำหรับถ่ายภาพ วีดีโอ สินค้า สัตว์เลี้ยง

EDU Photo and Creative Media Club EDU Photo and Creative Media Club
Bangkok

Photo and Creative Media