MMGA

MMGA

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก MMGA, จำหน่ายและบริการตู้ขายสินค้าแบบหยอดเหรียญ, Bangkok.

24/01/2026

🛑 ၁၄ ရက်အပြင်မထွက်ရေးကမ်ပိန်း

♦️သတိပြုနိုင်ရန်

၁၄ ရက်အပြင်မထွက်ရေးကမ်ပိန်းဆိုတာက အကြောင်းမရှိသေရေးရှင်ရေး မဟုတ်ရင် မသွားလာတာကို ဆိုလိုတာပါ။

စက်ရုံအလုပ်သမားတွေကတစ်နေ့လုပ်မှ တစ်နေ့စားဘ၀ တွေ ဖြစ်တဲ့ အတွက်က စိန်ခေါ်မှုကြီးပါတယ်။

အလုပ်ပါမသွားလို့ အလုပ်ပြုတ်သွားရင် လဲ မကောင်းပါဘူး။

ဘာမှမလုပ်ပဲ ‌အိမ်မှာနေနိုင်တဲ့ အနေအထားရှိတဲ့ သူတွေက လုံး၀ အပြင်မသွားခြင်းဖြင့်ပါ၀င်ပါ။

စက်ရုံလုပ်သားတွေကတော့ အလုပ်နဲ့အိမ် အိမ်နဲ့ အလုပ်ပဲ ရှိပါမယ်။

ဒီကြားထဲ လုံး၀ အပြင်မထွက်တာကို ဆိုလိုပါတယ်။

လမ်းသလားမှုလုံး၀ရှောင်ရှားရန်

ကျန်းမာရေးကိစ္စကတော့ မဖြစ်မနေ ထွက်ကြရတာ ရှိပါမယ်။

အလုပ်မသွားရင်လဲ ပလိန်းကြီး ၄ ရက် ၅ ရက် ဆက်တိုက်ပျက်ရင် အလုပ်ပြုတ်သွားနိုင်တယ်မဟုတ်လား။

သောက်စားတဲ့နေရာတွေလုံး၀မသွားနဲ့၊ပွဲလမ်းသဘင်နေရာတွေလုံး၀မသွားနဲ့၊အလုပ်နဲ့အိမ် အိမ်နဲ့အလုပ် အဲလိုပဲ ဖြစ်စေချင်ပါတယ်။

ကျနော်တို့စုစည်းရင်ရပါတယ်။

ကွန်ပလိန်းတွေသိပ်မတက်တာကောင်းပါတယ်။

၁၀ ရက်ကျော်နဲ့ ဒီမှာ လုံလုံခြုံခြုံနေနိုင်မဲ့ အခြေအနေနဲ့ လဲလိုက်တာပါ။

အချိန်တစ်ခု နေရအုံးမဲ့ နိုင်ငံဖြစ်တာကြောင့် အရိုးများသလေး ချေးခါးသလေး လုပ်လို့မရပါဘူး။

အားလုံးနားလည်ကြမယ်လို့ထင်ပါတယ်။

စား၀တ်နေရေး အခက်အခဲ မရှိသူတွေ အေးဆေးနေနိုင်သူတွေကတော့ ရာနှုန်းပြည့်ပါ၀င်နိုင်မယ်လို့ ယုံကြည်ပါတယ်။

နှုတ်ခမ်းမွှေးဘက်ကိုတောင် ပြန်လှည့်သွားမဲ့ အခြေ အနေ ဖြစ်တာကြောင့် တစ်ခါတည်းဖြေရှင်းလိုက်နိုင်မဲ့နည်းလမ်းလဲ ဖြစ်ပါတယ်။

23/01/2026

ထိုင်းရောက်မြန်မာနိုင်ငံသားတွေဒီရက်တွေမှာ အထူးဂရုစိုက်တာကောင်းပါတယ်။နယ်စပ်နေရာတွေမှာပိုပြီးသတိထားရမဲ့အချိန်ဖြစ်နေပြန်ပါတယ်။

နေရာစုံမှာခုတ်မှု၊ရိုက်မှုတွေတစ်ချိန်ထဲ ဖြစ်နေတဲ့အချိန် T မီဒီယာတွေရဲ့ Highlights လုပ်ဖော်ပြမှုတွေကလဲ ဒီပြသာနာတွေကို ပိုဆိုးတဲ့အမြင် ဖြစ်‌လာအောင်လုပ်နေတာမျိုး ဖြစ်သွားပါတယ်။

အားလုံးဂရုစိုက်ကြပါ။

စိတ်အလိုလိုက်ပြီးတုံ့ပြန်တာတွေလဲ မဖြစ်အောင်ဂရုစိုက်ပါ။

တစ်ခဏတာ ဖြစ်လာတဲ့ဒေါသနောက်ကို လိုက်မိရင်းနဲ့ မဆုံးနိုင်တဲ့ နောက်ဆက်တွဲတွေ၊အကျိုးဆက်တွေကို ကိုယ်တစ်ဦးတည်းမဟုတ်ပဲ အများက ဆက်ကြုံတွေ့ရနိုင်လို့ဖြစ်ပါတယ်။

တစ်ချို့တွေလဲ စာတွေတင်ပြီး မေတ္တာရပ်ခံနေတာတွေလုပ်နေကြတာတွေ့ပါတယ်။

အားလုံးအဆင်ပြေကြပါစေဗျ။

ဂရုစိုက်ကြပါမိတ်ဆွေတို့ခင်ဗျာ။

15/12/2025

ဟာသ ဇာတ်လမ်းအတို အပိုင်း - ၂

28/11/2025
17/11/2025

"THE REVO BOX " တော်လှန်ရေးရဲ့ ရတနာသေတ္တာကို ဖွင့်ချလိုက်ပါပြီ!

အားလုံးမျှော်လင့်စောင့်စားနေတဲ့ “Tarpehhser” ရဲ့ နှစ်ကုန်အထူးအစီအစဉ်ကို ကြေညာလိုက်ပါပြီ။

ဒါဟာ ရိုးရိုးဖိနပ်တစ်ရံမဟုတ်ဘဲ၊ တော်လှန်ရေးရဲ့ ဂုဏ်သိက္ခာ၊ ကြိုးစားအားထုတ်မှူအမှတ်တရ နဲ့ ခံစားချက်တွေကို စုစည်းထည့်သွင်းထားတဲ့ “The Revo Box” ဖြစ်ပါတယ်။

“What’s in the Revo Box?” - ရတနာသေတ္တာထဲမှာ ဘာတွေပါမလဲ?

ယနေ့မှစ၍ “Tarpehhser” ဖိနပ်တစ်ရံ ဝယ်ယူလိုက်တာနဲ့ အောက်ပါအရာအားလုံးကို တစ်စုတစ်စည်းတည်း ပိုင်ဆိုင်ရမှာဖြစ်ပါတယ်-

1. 👟 “Tarpehhser Sneaker” တစ်ရံ( တော်လှန်ရေးရဲ့ ခြေလှမ်း)

2. 👕 Limited Edition T-Shirt တစ်ထည်
(တော်လှန်အနုပညာရှင် ရေးဆွဲထားတဲ့ သမိုင်းဝင် ဂန္ထဝင်ဒီဇိုင်း T-Shirt )

3. 🧦 “ဆက်လျှောက်” ခြေအိတ်တစ်စုံ (မရပ်မနား ရှေ့ဆက်မယ့် ခရီးအတွက် အဖော်မွန်)

4. 💥 သမိုင်းဝင် Code နံပါတ်(တိုက်ပွဲမြေမှ ကျည်ခွံအစစ်ပေါ်မှာ ရေးထိုးထားတဲ့ မိတ်ဆွေတို့အတွက် တစ်ခုတည်းသော သမိုင်းမှတ်တိုင်)

5. ✨ Premium ထုတ်ပိုးမှု( အထူးမှာယူထားသော ကြွေဗူးခွံ နှင့် ကတ္တီပါအိတ် တို့ဖြင့် ဂုဏ်ယူဖွယ်ရာ ထုတ်ပိုးမှု)

🔥 အထူးသတင်းကောင်း 🔥

ဒီအစီအစဉ်ဟာ တစ်လတာ (Nov 16 - Dec 16) အတွင်းမှာ “Tarpehhser” ဖိနပ် မည်သည့်အရောင်ကို ဝယ်ယူသည်ဖြစ်စေ အထက်ပါ “Revo Box” အပြည့်အစုံကို ရရှိမှာဖြစ်ပါတယ်။

ဒါဟာ ဝယ်ယူခြင်းမဟုတ်ပါဘူး၊

နွေဦးတော်လှန်ရေးထဲက သမိုင်းကြောင်းတခုကို သိမ်းပိုက်ခြင်းပါ။

မိတ်ဆွေတို့ရော တော်လှန်ရေးရဲ့ ရတနာသေတ္တာကို ပိုင်ဆိုင်ဖို့ အသင့်ဖြစ်ပြီလားဗျ ?

01/11/2025

"တော်လှန်စစ်အတွက် သင်တို့ကို အလိုရှိသည်"✊

17/10/2025

SME လုပ်ငန်းတစ်ခုရဲ့ စနစ်ကို Corporation လို စနစ်မျိုးချလို့မရပါဘူး။
ကိုယ်ဒူးကိုယ်ချွန်နဲ့ စခဲ့ရ တဲ့လုပ်ငန်းတိုင်းက လူသားဆန်ခြင်း၊ ရင်းနှီးမှု Relationship နဲ့ နားလည်မှု တွေနဲ့ စတင်ခဲ့ရတာပါ။ ကိုယ်နဲ့ ကိုယ့်ဝန်ထမ်းတွေ အတူရုန်းကန်ခဲ့ရတယ်။ နားလည်မှု တွေနဲ့ လုပ်ခဲ့ရတယ်။

တစ်ချိန်မှာ ..

စနစ်တစ်ခုကို လိုအပ်လာလို့ .. စနစ်ချမယ်ဆိုပြီးတော့ ဟိုလူခေါ်၊ဒီလူအပ် လုပ်ကြတဲ့အခါမှာ Corporation ကြီးတွေရဲ့ ပုံစံအတိုင်း SOP တွေချ၊ လုပ်ငန်းစဉ်တွေသတ်မှတ်နဲ့ ဟိုဖောင်ဖြည့် ဒီဖောင်ဖြည့် ၊ ကုန်ကျစားရိတ်တွေ တစ်ပုံကြီးနဲ့ လုပ်ပြီးသကာလ ..

SOP စာအုပ်ကြီးသာ ဖြစ်လာတယ်..

လုပ်ငန်းမှာ စနစ်တစ်ခု ရှိသာရှိ၊ မလည်ပတ်တဲ့ စက်ကြီးတစ်ခုလိုပဲ။

အဓိကအချက်
========
အသေးစားအလတ်စားလုပ်ငန်း SMEတွေမှာ စနစ်ချရင် .. အဓိက အရေးကြီးတာက စနစ်ချ မလွန်စေဖို့ပဲ။

နားလည်မှုတွေအပြည့် နဲ့ လည်ပတ်နေတဲ့လုပ်ငန်းတစ်ခုက

ချက်ခြင်းကြီး စက်ရုပ်ဆန်ပြီး လည်ပတ်တဲ့လုပ်ငန်းတစ်ခုဖြစ်အောင်ကြိုးစားတာဟာ အန္တရယ်များပါတယ်။

စက်ရုပ်ဆန် တာဟာ .. စနစ်ကျတာ မဟုတ်ပါဘူး။

ဒါကြောင့် ..

ကိုယ့်လုပ်ငန်းမှာ စနစ်တစ်ခုကို အကောင်အထည်ဖော်မယ်ဆိုရင်

လူသားဆန်ခြင်းလဲ မပျောက်အောင် ...

စက်ရုပ်ဆန်ခြင်း လဲ မရောက်အောင် ...

ကြားချပြီး မျှယူရတဲ့ စနစ်တစ်ခု ဖြစ်လာအောင် တည်ဆောက်ရပါတယ်။

ဘယ်လို စနစ်မျိုးလဲ ဆိုတော့ ..

B.O.S.S လို့ခေါ်တဲ့ စနစ်မျိုးပါ။

Business Operation System for SME ဆိုတာကို အတိုကောက်ယူထားတာပါ။ အဓိပ္ပါယ်ကတော့ . .အသေးစားအလတ်စားလုပ်ငန်းများအတွက် လုပ်ငန်းလည်ပတ်မှု စနစ်ကောင်းတစ်ခု တည်ဆောက်ခြင်း .. ပေါ့။

အသေးစိတ်တော့ မပြောတော့ပါဘူး .. စိတ်ဝင်စားရင် မကြာခင် သင်တန်းရှိပါတယ်၊ ဒီမှာ ကြည့်ပါ 👉https://www.facebook.com/share/v/17Y7rssqeZ/

၂၀၁၈ လောက်ကတည်းက သင်ခဲ့ပြီး လုပ်ငန်းပေါင်း ၆၀၀ ကျော်ကို အကျိုးပြုကူညီနိုင်ခဲ့တဲ့ သင်တန်းတစ်ခုပါ။

နောက်ဆုံးဖွင့်ခဲ့တာက လွန်ခဲ့တဲ့ (၂) နှစ်တုန်းကပါ .. ကြာကြာမှ တစ်ခါဖွင့်တတ်လို့ ဒီတစ်ခေါက် မတက်ဖြစ်ရင် နောက်ထပ် အကြာကြီးစောင့်ရတတ်တဲ့သင်တန်းမျိုးပါ။

တက်မယ်ဆိုရင် မာသင် m.me/marthin.fb ကို BOSS လို့မက်ဆေ့ပေးပို့ထားဗျာ။

#မာသင်
#စီးပွားရေးအကြံပေး

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง วาณิชย์ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่

Bangkok
10240