In Real Life Vlog

In Real Life Vlog

แชร์

House of characters(H.O.C)

26/03/2026

သေချာတာတော့ အရင် Snape လိုစကားတစ်လုံးချင်းပြောမှာမဟုတ်လောက်ဘူး တော်ကြာလူမဲဆိုတော့ Rap ရွတ်သလိုဖြစ်နေတယ်ဆိုပြီး ပြင်နိုင်တယ်။

ဆံပင်တောင် လူမဲ Signature ကျစ်ဆံမြှီး နဲ့ ဒါပေမဲ့ ဒီ Snape ကို Potter အရမ်းမုန်းမယ်မထင်ဘူး၊ Original Version လောက်လည်း ဇာတ်နာမပြလောက်ဘူး။ လူမဲဖြစ်ခြင်းရဲ့ ကောင်းကျိုးတွေပေါ့လေ

Photos from In Real Life Vlog's post 25/03/2026

ရုပ်ရှင်ဆိုတာ လူသားတွေရဲ့ အကောင်းဆုံးဖန်တီးမှုတွေထဲကတစ်ခု။ အကောင်းဆုံးဖန်တီးမှု ကို တစ်ယောက်တစ်မျ်ိုးမရိုးအောင် ဖန်တီးကြရင်း တဖြည်းဖြည်း ဒါတွေပဲမြင်နေရပြီး ငြီးငွေ့စရာကောင်းလာတယ်။ အဲ့ထဲကမှ Animation ဇာတ်လမ်းတွေလည်း ထိုနည်းတူပဲ တစ်ခါလာလည်း ဒီ Plot ဒီ Type ကိုပဲ မတူတဲ့ပုံ မတူတဲ့ အမြင်ကနေပဲရိုက်ပြရင်း တော်တော်လေးပျင်းစရာကောင်းလာတယ်။

Animation ဆိုတာကလေးတွေအတွက်ထုတ်ရတာဖြစ်တော့ ဇာတ်ကောင်တွေက ချစ်စရာ ၊ မြင်လိုက်တာနဲ့ သဘောကျချင်စရာ ကောင်းအောင်ဖန်တီးကြရတယ်။

Animation တစ်ခုအောင်မြင်ချင်ရင် ဥပမာ ဟာသဆန်ရမယ်ဆိုရင် ပထမဆုံး ဇာတ်ကောင်တွေချစ်စရာကောင်းရမယ် ၊ Animation Theme ကလည်း ကြည့်ရတာပေါ့ပေါ့ပါးပါး ရောင်စုံဖြစ်ရမယ် ရီစရာဟာသတွေပါရမယ် ငပေါလုပ်ရမယ် ဝမ်းနည်းစရာဆိုရင်တော့ ဇာတ်နာပြရင်ကိုရပြီ ဒါပေမဲ့ ဇာတ်ကောင်တွေကတော့ ချစ်စရာကောင်းနေရမယ်။ ဒါပေမဲ့ ကာတွန်းထဲမှာ တကယ့် Master Piece လို့အော်နေကြတဲ့ ဇာတ်လမ်းကတော့ အပေါ်မှာပြောခဲ့တာတွေ နဲ့တော်တော်များများကွဲထွက်နေတယ်။ Animation နာမည်ကတော့ Rango ပါပဲ။

24/03/2026

Monsterverse ထဲမှာ King Ghidorah ကို ရေခဲပြင်အောက်မှာ ဘယ်သူက ပိတ်လှောင်ခဲ့တာလဲ ။

​Shimo ရဲ့ Frostbite Breath ကြောင့်လို့ထင်ရပေမဲ့ Ghidorah လို တော်တော်လေးကျမ်းတဲ့ကောင်ကို Shimo တစ်ယောက်တည်း တော့န်ိုင်မှာမဟုတ်တာ ေ သ ချာတယ်။ အဲ့တော့ ဘယ်လို Ghidorah ကို အေးခဲပြီး ပိတ်လှောင်ခဲ့ကြလဲ။

သိတဲ့တိုင်း Ghidorah ကကမ္ဘာပေါ်ကကောင်မဟုတ်ဘူး။ ဒါပေမဲ့ Ghidorah ကမ္ဘာမြေပေါ်ကို ရောက်လာချိန်မှာ Titan တွေမှာ အဖွဲ့နှစ်ဖွဲ့ကွဲသွားခဲ့တယ်။ တစ်ဖွဲ့က Ghidorah ကို အညံ့ခံခဲ့ပြီး နောက်တစ်ဖွဲ့က Shimo နဲ့ Godzilla ရဲ့ ဘိုးဘေးဖြစ်တဲ့ Dagon တို့ ဦးဆောင်ပြီး ပြန်လည်ခုခံခဲ့ကြတာပါ။

ရှေးခေတ် Phoenicians တွေရဲ့ မှတ်တမ်းမှာ Dagon ကို ကြွေလာတဲ့ကြယ်ကို အနားယူရာနေရာကို ပို့ဆောင်ပေးသူ လို့ တင်စားခေါ်ဝေါ်ခဲ့ကြတယ်။ ဒီနေရာမှာ ကြွေလာတဲ့ကြယ် ဆိုတာ ကောင်းကင်က ဆင်းလာတဲ့ King Ghidorah ကို ဆိုလိုတာဖြစ်ပြီး အနားယူရာနေရာ ဆိုတာကတော့ Ghidorah ကို ပိတ်လှောင်ထားတဲ့ ရေခဲပြင်ကိုပြောတာပါ။ အဲ့တော့ Ghidorah ကိုပိတ်လှောင်ခဲ့သူက Shimo မပါရင်တောင် Dagon ကတော့ အရေးပါတဲ့နေရာကပါဝင်ခဲ့တယ်။ ဒါပေမဲ့ Director Michael Dougherty ရဲ့ အဆိုအရ Ghidorah ကို အနိုင်ယူပြီး ရေခဲပြင်အောက် ရောက်သွားအောင် လုပ်ခဲ့တာက လက်ရှိ Godzilla ပါပဲ။

King of the monsters ထဲက ရေအောက် နံရံဆေးရေးပန်းချီတွေမှာ မြင်တွေ့ရတဲ့ Ghidorah နဲ့ တိုက်ခိုက်နေတဲ့ Godzilla ပုံတွေက တကယ်တော့ အခုလက်ရှိ Godzilla ပါပဲ ။ ဒီတိုင်းအနိုင်ယူလို့မရတာသေချာတော့ Godzilla အနေနဲ့ Shimo အကူညီမပါရင်တောင် Dagon အကူညီယူကိုယူရနိုင်တယ်။ King of Monsters မှာတောင် လူသားတွေအကူညီကြောင့်အများကြီးအထောက်အကူဖြစ်ခဲ့တာဆိုတော့ ။

ဒါဆို Dagon ဘယ်လိုအဆုံးသက်လဲ။ Dagon က နောက်ပိုင်းမှာ MUTO Prime နဲ့ တိုက်ခိုက်ရင်း အသက်ထွက်ခဲ့ပြီး MUTO ရဲ့ မျိုးဥတွေ အကောင်ပေါက်ဖို့အတွက် Dagon ထဲမှာဥတွေချပေးခဲ့ပါတယ်။ ၂၀၁၄ ရုပ်ရှင်မှာ မြင်ခဲ့ရတဲ့ မို င်းတွင်းထဲက Titan အရိုးစုက Dagon ရဲ့ ရုပ်အ လော င်း အရိုးစု ဖြစ်ပြီး၊ အဲ့ဒီထဲက ထွက်လာတဲ့ MUTO နှစ်ကောင်ကိုတော့ အခုလက်ရှိ Godzilla ကပဲ ပြန်ပြီးအနိုင်ယူခဲ့ပါတယ်။ ဒီအရိုးစုက Dagon ဆိုတာကို Godzilla: Aftershock Comic ထဲမှာလည်း ပြထားသေးတယ်။

ဒါပေမဲ့ ဘာလို့ Muto တွေက Godzilla ထဲမှာ သားဖောက်ခဲ့တာလဲကတော့စိတ်ဝင်စားဖို့ကောင်းတယ်၊ တကယ်လို့ဖြစ်နိုင်ရင် Monsterverse ကို Kong တို့ Godzilla တို့ ဘိုးဘေးခေတ်က တိုက်ပွဲတွေကိုပိုမြင်ချင်တာတော့အမှန်ပဲ။

22/03/2026

တကယ်တော့ Kung-fu Panda 1 ရဲ့ အဓိက Main Villain က Tai Lung မဟုတ်ဘူး Master Shifu ။ Shifu ကအတ္တများရင်း သူဖြစ်ချင်ခဲ့တဲ့အရာကိုအခြားသူတွေကိုအတင်းခိုင်းစေခဲ့တဲ့ သူတစ်ယောက် ၊ ဒီလိုပြောလို့လည်း Shifu ကမှားနေတာတော့လည်း မဟုတ်သေးပြန်ဘူး။ ဘာလို့ဆို Shifu ရဲ့ငယ်ဘဝကလည်းတော်တော်လေးဝမ်းနည်းစရာကောင်းခဲ့တာ။

Shifu ငယ်ငယ်တုန်းက သူ့အဖေက Con Artists တစ်ယောက် အလွယ်ပြောရရင် ငွေလိမ်တဲ့ကောင်ပေါ့ သူက တစ်မြို့ပြီးတစ်မြို့သွားရင် ငွေလိမ်နေတက်တဲ့သူ ဒီလိုနဲ့ Master Oogway တို့မြို့ရောက်လာရင်း Shifu အဖေက ရှီရုန်း က သူ့ကို အထုပ်တစ်ထုပ်ပေးပြီး Jade Palace လှေကားမှာ ထားခဲ့ရင်း ဒီမှာပဲ စောင့်နေ၊ ငါးမိနစ်နေရင် ပြန်လာခဲ့မယ် လို့ ကတိပေးခဲ့ပါတယ်။

​Shifu က အဲဒီ ငါးမိနစ်ကို ထပ်ခါထပ်ခါ ရေတွက်နေခဲ့ပါရင်း ငါးမိနစ်က နာရီပေါင်းများစွာ ကြာသွားပေမဲ့ သူ့အဖေ ပြန်မလာခဲ့ပါဘူး။ နောက်ဆုံးမှာတော့ Master Oogway က သူ့ကို ခေါ်ယူစောင့်ရှောက်ခဲ့ပါတယ်။ ဒီလိုနဲ့ Oogway ရဲ့ လက်အောက်မှာ Shifu က ပထမဆုံးသော The First Furious Five ရဲ့ အဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ပထမဆုံး Furious Five အဖွဲ့ဝင်တစ်ယောက် လမ်းမှားရောက်သွားတဲ့အခါ Master Shifu တစ်ယောက်ပဲ Jade Palace မှာဆက်နေခဲ့ပါတယ်။

အဲဒီအချိန်တုန်းက Shifu ကသူရဲကောင်းတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူတို့အဖွဲ့ လမ်းခွဲလိုက်ကြတဲ့အခါ သူချစ်ရတဲ့ အမျိုးသမီးကလည်း သူ့ကို ထားသွားခဲ့ပါတယ်။

အဲ့အချိန်ကစပြီး Shifu က ဘယ်သူ့ကိုမှ သူ့နှလုံးသားထဲ အနီးကပ် ပေးမဝင်တော့ပါဘူး။ ဒီလိုနဲ့ အချစ်ရေးလက်လျော့လိုက်တဲ့ ကောင်ဆိုတော့ သိုင်းပညာကိုပဲ အလေးပေးရတော့တာပေါ့။ Master Oogway ရဲ့လေ့ကျင့်ပေးမှုတွေကြောင့် Master Shifu က ရှိတောင်ရှိမလာသင့်တဲ့ Kung-fu အထိပါတက်ပြီး သိုင်းပညာမှန်သမျှအကုန်သိ အကုန်တက်ပါတယ်။ သူ့ရည်မှန်းချက် နဂါးသူရဲကောင်းဖြစ်လာဖို့ပါ။ ဒါပေမဲ့ Master Oogway က သူ့ကိုနဂါးသူရဲကောင်းအဖြစ်မရွေးတဲ့အခါ သူ့ရည်မှန်းချက် ပျက်စီးခဲ့ပါတယ်။ ဒီလိုနဲ့ နေလာလိုက်ရင်း တစ်ရက် ကျားသစ်လေးတစ်ကောင် တံခါးရှေ့ရောက်လာတဲ့အထိပါပဲ။

နှလုံးသား အေးခဲနေတဲ့ Shifu က Tailung ကို သားအရင်းလိုမွေး သူသိထားတာအကုန်လေ့ကျင့်ပေးရင်း သူဖြစ်ချင်ခဲ့တဲ့ နဂါးသူရဲကောင်း အိပ်မက်ကို Tailung အပေါ်ဆက်ရှင်သန်စေခဲ့တယ်။ ဒါပေမဲ့ Oogway က Tailung ကိုမရွေးတဲ့အခါနောက်တစ်ကြိမ်အိပ်မက်ပျက်ခဲ့ရပြီး သူ့သားကိုပါဆုံးရှုံးခဲ့ရတယ်။

မိဘကလည်းပစ်ထားခဲ့ ၊ ဖြစ်ချင်ခဲ့တဲ့အိပ်မက်ကလည်း အိပ်မက်အတိုင်းပဲ ဘာမှဖြစ်မလား ၊ ဆော်လဲပစ် ၊ သားကလည်း ကိုယ့်အိပ်မက်ကြောင့်ဆုံးရှုံးလိုက်ရပါသေးတယ်။

22/03/2026

Spider-Man 3 ကောင်ထဲမှာ အချမ်းသာဆုံး က Tom Spider-Man ပဲ Tony ပေးတဲ့အမွေမရှိတော့တာတောင် အေးဆေးအလုပ်လုပ်ရင်း ZFlip နဲ့ကြမ်းနေတဲ့ဆရာသမား ၊ အမွဲဆုံးကတော့ ဆရာကြီး Tobey ပေါ့ ၊ အိမ်ရှင်မမြင်သ၍ အိမ်လခ ပေးစရာမလိုဘူးဆိုတဲ့ Logic နဲ့ဆရာကြီး ။

Andrew ကတော့ အအေးဆေးဆုံးပဲ Aunt May အလုပ်လုပ်နေတော့ စိတ်ဓါတ်ကျရင်တောင် အိမ်တွင်းအောင်းနေလို့ရတယ်။ ဗိုက်ဆာရင် အန်တီ ဘာရှိလဲမေးလိုက်ရုံပဲ

Photos from In Real Life Vlog's post 19/03/2026

ကျွန်တော်တို့တွေ ငယ်ငယ်ကတည်းက ကြည့်ခဲ့ရတဲ့ Jurassic Park နဲ့ Jurassic World ဇာတ်ကားတွေထဲက ဒိုင်နိုဆောတွေက တကယ့် ဒိုင်နိုဆော အစစ်တွေ မဟုတ်ပါဘူး ။ Version အမျိုးမျိုးထုတ်ခဲ့တဲ့ ဒီ Jurassic World ထဲက ဒိုင်နိုဆောတွေက လွန်ခဲ့တဲ့ နှစ်သန်း ၆၀ လောက်က ကမ္ဘာ့ကုန်းမြေပြင်ကို အုပ်စိုးခဲ့တဲ့ သတ္တဝါတွေ မဟုတ်ကြဘူး။

Jurassic World ထဲက ဒိုင်နိုဆောတွေက လူသားတွေရဲ့ မျိုးရိုးဗီဇပြုပြင်ခြင်း Genetic Engineering နည်းပညာ ကိုသုံးပြီး ဖား တွေရဲ့ DNA နဲ့ပေါင်းစပ် ဖန်တီးထားတဲ့ Theme Park Monsters တွေသာ ဖြစ်ပါတယ်။ လူသားတွေက Theme Park လုပ်ပြီး ခရီးသွားတွေစီကငွေရှာရင် တစ်ဖက်မှာလည်း အခြားရည်ရွယ်ချက်တွေရှိနေပါတယ်။

ဒီလို ဖန်တီးထားတဲ့ သတ္တဝါတွေကို နိုင်ငံရေးနဲ့ စ စ် တ ပ် က နောက်ကွယ်ကနေ ဇီဝလက်နက် အဖြစ် အသုံးပြုဖို့ ကြံစည်နေတယ်ဆိုတာပါ။

​ဒီတစ်ခါ ရုပ်ရှင်သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး Franchise တစ်ခုဖြစ်တဲ့ Jurassic World ထူးခြားတဲ့ Theory တွေ ဒိုင်နိုဆောတွေရဲ့ သဘာဝတွေအကြောင်းကိုလေ့လာကြပါမယ်။

18/03/2026

DreamWorks ရဲ့ အအောင်မြင်ဆုံး ဇာတ်လမ်းတွေထဲက တစ်ခုဖြစ်တဲ့ Megamind ထဲက Metroman က ဘာလို့ Hero ဘဝကိုစိတ်ကုန်သွားလဲ တကယ့် မူရင်း Story မှာ Metroman ဘယ်လိုဖြစ်သွားလဲဆိုတာ ဒီတစ်ခေါက်ပြောပြပါမယ်။

Metro Man က အစောပိုင်း ဇာတ်ညွှန်းမှာ Uberman လို့ အမည်ပေးထားခဲ့တာပါ။ Uberman က လူတိုင်းရဲ့ ချစ်ခင်မှုကို ရရှိထားပေမဲ့ လူတွေထင်သလောက်တော့ မတော်တဲ့သူ တစ်ယောက်အဖြစ် ပုံဖော်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ Uberman က နေ့တိုင်းလူတွေကအန္တရယ်တွေ ဒုက္ခ အမျိုးအမျိုးကနေကာကွယ် ကူညီပေးတဲ့ Hero ပါ။ အဲဒီမှာ ထူးဆန်းတဲ့ အချက်တစ်ခု ရှိပါတယ်။ သူက သက်ကြီးရွယ်အို အဖွားအိုတစ်ယောက်အတွက် ဖန်ပုလင်း အဖုံးဖွင့်ပေးတာကအစ နေ့တိုင်း လူ့သက်ပေါင်းများစွာကို ကယ်တင်ပေးနေတာတောင် မြို့သူမြို့သားတွေက သူ့အပေါ် စိတ်ဝင်စားမှု မရှိတော့ပါဘူး။

ကျေးဇူးတင်တာမျိုးလည်း မရှိတော့သလို စိတ်လှုပ်ရှားတာမျိုးလည်း မရှိတော့ပါဘူး။ လူတွေက သူတို့ ဒုက္ခရောက်တိုင်း Metro Man က လာကယ်မယ်ဆိုတာကို အလိုအလျောက် မျှော်လင့်နေကြတာပါ။ ပြောရရင် အဲ့တာမင်းလုပ်ရမဲ့အလုပ်ပဲ လို့မြင်လာကြတာပါ။

ရလဒ်အနေနဲ့ Metro Man က လူတွေက သူ့ကို တန်ဖိုးမထားတော့ဘူးလို့ ခံစားလာရပါတယ်။ သူတစ်ပါးကို ကူညီဖို့ ဘဝကို မြှုပ်နှံထားပေမဲ့ လူတွေကတော့ သူရှိနေတာကိုပဲ သာမန်ကိစ္စတစ်ခုလို သဘောထားလာကြပါတယ်။ သူက မြို့ရဲ့ နေ့စဉ်ဘဝထဲက အစိတ်အပိုင်းတစ်ခုလို ဖြစ်နေတဲ့ သမားရိုးကျ အရာတစ်ခု ဖြစ်သွားခဲ့ပါတယ်။ ဒါ့အပြင် သူကိုယ်တိုင်လည်း သူရဲကောင်း လုပ်ရတာကို စိတ်မဝင်စားတော့တဲ့အတွက် သူ ​ေ သသွားပြီဆိုပြီး ဟန်ဆောင်လိုက်တာ ဖြစ်ပါတယ်။

မူရင်းဇာတ်ညွှန်းမှာ Metro Man က Metro City ရဲ့ ပြည်သူတွေကို Tighten ရဲ့ လက်ထဲမှာ ပစ်မထားခဲ့ပါဘူး။ တကယ်တော့ သူက သူရဲကောင်း လုပ်ရတာကပဲ သူ့ရဲ့ ကံကြမ္မာနဲ့ ရည်မှန်းချက် ဖြစ်တယ်ဆိုတာကို နားလည်သွားပြီး နောက်ဆုံးမှာ ပြန်လာခဲ့ပါတယ်။ သူနဲ့ Tighten တိုက်တော့မယ်လို့ ထင်ထားခဲ့ပေမဲ့ Metroman က Tighten ရဲ့ လေဆာနဲ့ အပစ်ခံလိုက်ရပြီး ပြာဖြစ်သွားပြီး အရိုးစုပဲ ကျန်ရစ်ခဲ့ပါတယ်။

ဒါကြောင့် Megamind ဟာ ကြေးနီလက်အိတ်ကို အသုံးပြုပြီး Tighten ကို အနိုင်ယူခဲ့ရပါတယ်။မူရင်းဇာတ်လမ်းထဲမှာ ကြေးနီက Metroman ရဲ့တကယ့်အားနည်းချက်ပါ။ မူရင်းဇာတ်ညွှန်းမှာ Metroman ကို ဇာတ်သိမ်းပိုင်းမှာ သ တ် လိုက်တာကြောင့် Megamind ကလည်း သူရဲကောင်းဖြစ်အောင်သူကိုယ်တိုင်ကြိုးစားခဲ့ရပါတယ်။ အဲ့တာကြောင့် မူရင်းဇာတ်လမ်းထဲက Metroman က နောက်ဆုံးမြင်ခဲ့ရတဲ့ Metroman ထက်ပိုပြီး Storyline ပိုမိုက်ပါတယ်။

Photos from In Real Life Vlog's post 13/03/2026

ငယ်ငယ်တုန်းက စနေ၊ တနင်္ဂနွေ မနက်ခင်းတွေဆိုတာ ကျွန်တော်တို့အတွက် TV မှာ နေရာယူရမယ့် အချိန်တွေပါ။ မုန့်စားရင်း TV ကနေ Doraemon ကိုစောင့်ကြည့်ခဲ့တဲ့အချိန်တွေက တကယ်ကောင်းတဲ့ အမှတ်တရတစ်ခုပါပဲ ၊ နောက်ပိုင်းအခွေဝယ်တဲ့ခေတ်ရောက်လာတော့လည်း Doraemon ကိုအသည်းအသန် ရှာဝယ်ကြသလို Doraemon ပါတဲ့ ပစ္စည်းလေးတွေကလည်း ကလေးတွေ အမြဲဝယ်စုကြတဲ့အရာတွေထဲကတစ်ခုပါ။

နိုဘီတာ ရဲ့ ပျင်းရိမှုတွေ၊ ဖက်တီး ရဲ့ အနိုင်ကျင့်မှုတွေ၊ ကိုဖြိုး (Suneo) ရဲ့ ကြွားဝါမှုတွေ၊ ပြီးတော့ မိနီ (Shizuka) ရဲ့ ချစ်စရာကောင်းတဲ့ အပြုံးတွေ ဒါတွေအကုန်လုံးက ကျွန်တော်တို့ရဲ့ မသိစိတ်ထဲမှာ အမြဲအမှတ်ရနေမဲ့အရာတစ်ခုပါ။ ဒါပေမဲ့ Doraemon ဘယ်လို ဇာတ်သိမ်းသွားလဲ။ Doraemon ရဲ့တကယ့်ဇာတ်သိမ်းအစစ်ကဘယ်လိုလဲ။

ဒီနေ့ Post မှာ Doraemon ဘယ်လိုဇာတ်သိမ်းခဲ့လဲဆိုတာပြောပါမယ်။ တကယ်တော့ ဒီ Post ကို Video အနေနဲ့တင်ခဲ့တာပါ။ ဒါပေမဲ့ video က သူများကိုထိခိုက် စေပါတယ်ဆိုပြီး အဖျက်ခံရတာကြောင့် channel ပါ warning ထိသွားပါတယ်။ အဲ့တာကြောင့် ဒီကြားထဲ Video တွေဆက်မလုပ်ဖြစ်သေးတာပါ။ အားပေးကြတဲ့ တစ်ယောက်စီကိုကျေးဇူးအထူးတင်ပါတယ်။

Photos from In Real Life Vlog's post 11/03/2026

Kaiju တွေကဘာလို့ ကမ္ဘာမြေကိုပဲလာတိုက်ခိုက်ကြလဲ။ အားနေ ကမ္ဘာကိုပဲရောက်လာပြီး ဆွမ်းကြီးလောင်းနေရလဲ။

တကယ်ဆို Universe တစ်ခုလုံးမှာ သူတို့သွားနေလို့ရတဲ့ Planet တစ်ခုမကရှိပေမဲ့ ဘာလို့ အားရှိ ကမ္ဘာကိုပဲရောက်လာနေကြရလဲ။ ဒီ Post မှာ ဖြစ်နိုင်ခြေတွေ Theory တွေကိုပြောပါမယ်။ ကမ္ဘာမြေကိုလာမှ ဇာတ်ကားရိုက်လို့ရမှာဆိုပေမဲ့ Monster တွေကရောသိပ္ပံနည်းကျဆိုရင်ရော ဘယ်လောက် ဖြစ်နိုင်လဲဆိုတာပြောကြပါမယ်။

ထင်မြင်ယူဆချက်လေးတွေကိုလည်းပြောခဲ့နိုင်ပါတယ်။

Photos from In Real Life Vlog's post 06/03/2026

ရုပ်ရှင်သမိုင်းတစ်လျှောက်လုံးမှာ ကြောက်စရာကောင်းတဲ့ သတ္တဝါတွေ Alien တွေအများကြီး မိတ်ဆက်ခဲ့ပေမဲ့ Xenomorph တွေက မိတ်ဆက်ခဲ့တဲ့အထဲမှာ အမိုက်ဆုံး အကောင်းဆုံး နဲ့ စီးပွားရေးလုပ်လို့အကောင်းဆုံးပဲ။

Xenomorph ဆိုတာ ရုပ်ရှင်ထဲက သာမန် Alien တစ်ကောင် ဆိုတာထက် လူသားတွေရဲ့ အနက်ရှိုင်းဆုံး အကြောက်တရားတွေကို ပုံဖော်ထားတဲ့ ပြယုဂ်တစ်ခု ဖြစ်သလို၊ ဇီဝဗေဒ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း Survival အတွက် အမြင့်ဆုံး ဆင့်ကဲပြောင်းလဲမှု Greatest Evolution ကို ရောက်နေတဲ့သက်ရှိမျိုးနွယ်ဝင်တွေလည်းဖြစ်ပါတယ်။

ဒီတစ်ခါ Xenomorph တွေအကြောင်း အသေးစိတ်လေ့လာကြပါမယ်။

Photos from In Real Life Vlog's post 04/03/2026

ဒီတစ်ခါတော့ လက်တွေ့ဘဝရဲ့ အကောင်းဆုံး အဖော်မွန် ခွေးလေးတွေ ကြောင်လေးတွေနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးရှိထားတဲ့ဇာတ်ကောင်တွေကို List လုပ်ပါမယ်။

ကိုယ်ကြိုက်တဲ့ဆက်ဆံရေးလေးတွေကိုလည်းပြောခဲ့ကြပါဦး။ ဒါနဲ့ အပျော်သဘောသာဖတ်ပါရန်။

03/03/2026

Matrix ဇာတ်လမ်းထဲမှာ Agent Smith သာအနိုင်ရသွားရင် လူသား တွေနဲ့ စက်တွေကြား ဘယ်လိုပြဿနာတွေဖြစ်လာနိုင်လဲ။ တကယ်တော့ Agent Smith က Matrix System ရဲ့ Security Bot တစ်ကောင် ဒါပေမဲ့ သူက Matrix အတွက်ရော လူသားတွေအတွက်ရော ဘာလို့ အန္တရယ်ကောင်ဖြစ်လာရလဲ။

Matrix နောက်ဆုံး Revolution ထဲမှာ Smith Program က စက်တွေတောင် ထိန်းချုပ်မရတော့တဲ့အထိဆိုးတဲ့ Virus တစ်ကောင်ဖြစ်လာတယ်။ နောက်ဆုံး Neo နဲ့တိုက်ခိုက်တော့လည်း Smith နိုင်သွားပေမဲ့ Neo ကသူကိုယ်တိုင် Smith Code ကိုဖျက်ပစ်ပြီး အနိုင်ယူခဲ့တယ်။ တကယ်လို့သာ Neo မနိုင်ပဲ NeoSmith သာဖြစ်သွားရင် ပထမဆုံး ကျဆုံးမှာက စက်ကမ္ဘာပါ။

စက်ကမ္ဘာရဲ့ အရာအားလုံးကို Smith ထိန်းချုပ်လိုက်နိုင်ပြီး လူသားတွေနဲ့ဖြစ်နေတဲ့တိုက်ပွဲမှာ Zion လည်း ကျဆုံးသွားပါလိမ့်မယ်။ မကျဆုံးရင်တောင် Smith က လက်တွေ့ကမ္ဘာအထိ လူသားတွေကို ထိန်းချုပ်နိုင်တော့ ကျန်ခဲ့တဲ့လူသားတွေကလည်း Smith Clone တွေဖြစ်လာနိုင်တယ်။ Matrix 3 မှာတုန်းကလည်း Bane ကိုထိန်းချုပ်ခဲ့တော့ နောက်ပိုင်း Zion ကလူသားတွေအကုန်လုံးကလည်း Smith ကိုယ်ပွားတွေဖြစ်လာနိုင်တယ်။

နောက်ဆုံး Matrix System ကြီးတစ်ခုလုံးကလည်း Smith တွေပဲကျန်တော့တာဖြစ်လို့ လူသား Battery တွေကလည်း နိုးထလာတာမဟုတ်ရင် အကုန်အသ တ် ခံရနိုင်တယ်။ တကယ်တော့ smith လိုချင်တာ အရာအားလုံး အဆုံးသက်ပါ Matrix 1 Security Bot ဘဝတုန်းက Matrix ကိုကာကွယ်ခဲ့တယ် Matrix 2 မှာ Smith Clone တွေပွားဖို့ Matrix ကိုထိန်းချုပ်ဖို့ လုပ်လာတယ် နောက်ဆုံး Matrix 3 ကတော့ ဘာမှဆက်လုပ်စရာမရှိတော့ပဲ အရာအားလုံး ပျက်စီးသွားမဲ့ သဘောတရားကိုဖော်ညွှန်းပါတယ်။

အဲ့တာကြောင့် တကယ်လို့သာ Smith နိုင်သွားရင် စက်ကမ္ဘာ နဲ့ လူသား ကမ္ဘာ အရာအားလုံးပျက်သွားမှာပါ။တကယ်တော့ Smith က Delete Button ဖြစ်ပါတယ်။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่

Bangkok