Latsinu Women Agency

Latsinu Women Agency

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Latsinu Women Agency, องค์กรทางการเมือง, Bangkok.

27/10/2024

“သတင်းဆာင်းပါးများရေးသားခြင်း” လက်စွဲစာအုပ် - PDF ဖိုင် အခမဲ့ ရယူနိုင်ပါပြီ

မြန်မာသတင်းစာဆရာတွေအတွက် အခုအချိန်ဟာ သတင်းဆောင်းပါး (Feature Stories) တွေအကြောင်းဆွေးနွေးဖို့အသင့်တော်ဆုံးအချိန်လို့ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ သတင်းဆောင်းပါးတွေဟာ အရေအတွက်ရောအရည်အသွေးပါ လျော့ကျလာလို့ပါပဲ။

ဒီလိုဖြစ်ရခြင်းကအကြောင်းအမျိုးမျိုးကြောင့်ဖြစ်ပါလိမ့်မယ်။ နိုင်ငံရေးအခြေအနေကြောင့် ပြည်သူတွေက လတ်တလောဖြစ်တဲ့ သတင်းတွေ (Hard News) တွေကိုပဲမြန်မြန်သိချင်နေတာ၊ သတင်းစာဆရာတွေကိုယ်တိုင်က အန္တရာယ်တွေကြားထဲကသတင်းတိုတွေကို အချိန်နဲ့ တပြေးညီတင်ပြနေကြရတာ၊ သတင်းဌာနတွေက ပြည်ပကနေသတင်းထုတ်လုပ်ရတဲ့အခါ သတင်းရင်းမြစ်တွေနဲ့ ထိတွေ့ဖို့ခက်ခဲတာစတဲ့ စိန်ခေါ်မှုတွေရှိနေပါတယ်။

ဒီစာအုပ်ထဲမှာ
(၁) သတင်းဆောင်းပါးဆိုတာဘာလဲ။
(၂) ဘာကြောင့်သတင်းဆောင်းပါးတွေကအရေးကြီးတာလဲ။
(၃) သတင်းဆောင်းပါးတွေဘယ်နှမျိုးလောက်ရှိသလဲ။
(၄) စတိုရီစိတ်ကူးတွေထုတ်လုပ်ခြင်း။
(၅) သတင်းဆောင်းပါးအတွက်ပြင်ဆင်ခြင်း။
(၆) အဖွင့်ကိုရေးသားခြင်း။
(၇) သစ်စေ့စာပိုဒ်ကိုရေးသားခြင်း။
(၈) Zoom-In & Zoom-Out ရေးသားခြင်း။
(၉) ပြောစကားများကိုအသုံးပြုခြင်း။
(၁၀) သတင်းဆောင်းပါးကိုယ်ထည်နဲ့ အဆုံးသတ်ကိုရေးသားခြင်း။
(၁၁) ကျင့်ဝတ်ဆိုင်ရာလိုက်နာရန်အချက်တွေနဲ့
(၁၂) သတင်းဆောင်းပါးအတွက် အနှစ်ချုပ်အကြံပေးချက်တွေ ပါဝင်ပါတယ်။

သတင်းဆောင်းပါးတွေပိုမိုထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ပြီး လက်စွဲစာအုပ်အနေနဲ့ ရေးသားထားတဲ့ PDF ဖိုင် ကို မည်သူမဆို Download ရယူနိုင်ပါတယ်။

Download ရယူရန်

Computer Version
https://www.mediafire.com/file/99m821uuvbkbxqy/Feature_Writing_Manual_computer_version_-_exp.pdf/file

Mobile Version

https://www.mediafire.com/file/a64ezvyurdh4sxf/Feature_Writing_Manual_mobile_version_-_exp.pdf/file

The Tanintharyi Times

30/08/2024

Feminist Participatory Action Research ကို အသုံးတည့်မည့် လပ်ဆီနူးညီအမများအတွက် ပြန်လည်ဝေမျှပေးပါတယ်ရှင်။

အသေးစိပ်ကို link တွင် ကြည့်ပါရန် 👇👇

| Curious about Feminist Participatory Action Research?

Feminist Participatory Action Research or FPAR, challenges the idea that communities do not have enough understanding of their own issues and that they do not have enough knowledge for critical analysis. They do!

✊Find out more in this guide on 'Research as Resistance' that outlines selected tools adopted by APWLD and partners for over a decade. And watch this space as we expand this guide and add more tools to support your own FPAR journey.

🔗Read the full guide, visit apwld.org!

DVB | လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုဖြင့် တိုင်ကြားခံထားရသူကို NUG တာဝန်မှ ယာယီရပ်ဆိုင်း 28/06/2024

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုဖြင့် တိုင်ကြားခံထားရသူကို NUG တာဝန်မှ ယာယီရပ်ဆိုင်း

DVB June 25, 2024

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနဲ့ တိုင်ကြားခံထားရတဲ့ အိန္ဒိယနိုင်ငံဆိုင်ရာကိုယ်စားလှယ်၊ ဆလိုင်းအိုက်ဇက်ခင်ကို တာဝန်မှ ယာယီရပ်ဆိုင်းထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန အိန္ဒိယနိုင်ငံ မြန်မာကိုယ်စားလှယ်ရုံးရဲ့ ကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်ဟာ လက်အောက်ဝန်ထမ်း အမျိုးသမီးတဦးကို လိင်အမြတ်ထုတ်မှုနဲ့ တိုင်ကြားခံထားရတဲ့ ကိစ္စအပေါ် မြန်မာအမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) နဲ့ ချင်းအမျိုးသမီးအဖွဲ့အစည်းတွေ အပါအဝင် အမျိုးသမီးအဖွဲ့တွေက အရေးယူဆောင်ရွက်ပေးဖို့ NUG အစိုးရထံ တောင်းဆိုထားတာပါ။

ဒီတိုင်ကြားစာကိစ္စ ဌာနတွင်း စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်နေကြောင်းနဲ့ ဒီကာလမှာ ဆလိုင်းအိုက်ဇက်ခင်ကို တာဝန်မှ ယာယီရပ်ဆိုင်းထားကြောင်းနဲ့ ဒီကိစ္စနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်၊ အမြတ်ထုတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတို့မှ ကာကွယ်ခြင်းဆိုင်ရာ မူဝါဒ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီသို့ လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်း NUG ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နစ်နာသူအမျိုးသမီးက ချင်းတိုင်းရင်းသူဖြစ်ပြီး ဆလိုင်းအိုက်ဇက်ခင်ရဲ့ အတွင်းရေးမှူးလည်း ဖြစ်တယ်လို့ နစ်နာသူရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားချက်အရ သိရပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းထဲမှာ ဖြစ်တဲ့အတွက် ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုမျိုး လုပ်ဆောင်စေချင်တယ်လို့ ချင်းအမျိုးသမီးအဖွဲ့အစည်းတွေကလည်း NUG ထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။

NUG ထံ အိတ်ဖွင့်ပေးစာ ပေးပို့တဲ့အထဲ ပါဝင်တဲ့ ချင်းအမျိုးသမီး အဖွဲ့အစည်း Latsinu Women Agency တာဝန်ရှိသူ Senri က “တော်လှန်ရေးထဲမှာ ပါဝင်နေသူအချင်းချင်း ဘာဖြစ်လို့ ကျား၊ မ ရေးရာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကို ဘာလို့ခံရတယ်ဆိုတဲ့ အဲဒီရှုထောင့်ကကြည့်ရင် တော်တော်ကို အော့နှလုံးနာစရာ ဖြစ်တယ်ပေါ့။ တော်လှန်သူအချင်းချင်း ရဲဘော်ရဲဘက်ဆိုတဲ့ ကာကွယ်စောင်မပြီး ရည်ရွယ်ချက်ချင်း အတူတူသွားကြရမှာကို ဒါ အမြတ်ထုတ်တာ ဖြစ်နေတဲ့အတွက် ချင်းလူမျိုးမဟုတ်လည်း တခြားသူတွေဆိုလည်း ကျမတို့ ရှုတ်ချမှာဖြစ်တယ်၊ social punishment ကောင်းကောင်းပေးဖို့လည်း လိုတယ်။ ပြီးတော့ ဒီဟာကို လုံးဝ အရေးယူဖို့ကိုလည်း NUG က သူ့လမ်းကြောင်းနဲ့ သူသွားမယ်လို့ မျှော်လင့်ပါတယ်။ ဒီလိုကျူးလွန်သူတွေက လုံးဝ မှတ်လောက်သားလောက်အောင် သင်ယူဖို့လည်း လိုအပ်တာကို ဒီလိုကြောင့် အိတ်ဖွင့်ပေးစာ ပေးပို့ရတဲ့အကြောင်းလည်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

နစ်နာသူကို NUG အနေနဲ့ ကာကွယ်ဆောင်ရွက်ပေးဖို့၊ ပွင့်လင်းမြင်သာတဲ့ အရေးယူမှုတွေနဲ့အတူ တရားမျှတမှုဆောင်ရွက်ဖို့ စတဲ့အချက်လေးချက်ကိုလည်း အိတ်ဖွင့်ပေးစာထဲမှာ တောင်းဆိုထားပါတယ်။

အမျိုးသမီးတွေကို ဦးတည်ပြီး ကျား မ အခြေပြုကျူးလွန်မှုတွေကို တားမြစ်ဖို့ ရည်ရွယ်တဲ့အတွက် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း မြန်မာအမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) - WLB ကလည်း ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးအသိုက်အဝန်းထဲမှာ ကျူးလွန်သူတွေက ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်နေတဲ့ ကိစ္စတွေ ထပ်မဖြစ်ဖို့နဲ့ ကျူးလွန်သူရဲ့ တာဝန်ယူ တာဝန်ခံမှုကို အဓိက တောင်းဆိုတယ်လို့ WLB ရဲ့ အထွေထွေအတွင်းရေးမှူး မနာင်းမို့မို့က ပြောပါတယ်။

“တော်လှန်ရေးကာလ ၃ နှစ်အတွင်းမှာ အာဏာပါဝါရှိတဲ့သူတွေက ကျူးလွန်ခဲ့တဲ့ကိစ္စတွေ အများကြီးရှိတယ်။ ရှိတဲ့အထဲမှာမှ တကယ့်ကို တရားမျှတမှုပေးတာရယ်၊ ကျူးလွန်တဲ့သူတွေ အပြစ်ပေး အရေးယူတာတွေက ပျက်ကွက်ခဲ့တာတွေ ရှိတယ်ပေါ့။ အဓိကကတော့ အမျိုးသမီးတွေကို ဦးတည်ပြီးတော့ ထိပါးနှောင့်ယှက်တာ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာတွေကို ကျမတို့ လုံးဝလက်မခံဘူး။ စစ်တပ်နဲ့ အာဏာရှင်ကို ဆန့်ကျင်နေတဲ့ အစုအဖွဲ့တွေအနေနဲ့ ပြစ်ဒဏ်ပေးခြင်းက ကင်းလွတ်တဲ့အလေ့အထ system no impunity ကင်းလွတ်ခွင့်ပေးတဲ့ စနစ်ကို အဓိက မီးမောင်းထိုးပြချင်တာ ဖြစ်ပါတယ်။”

အဖြစ်မှန်ပေါ်ပေါက်ပြီး တရားမျှတမှု ဆောင်ရွက်နိုင်ရေးအတွက် NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ဆိုင်ရာ ဝန်ကြီးဌာနက အမှုကို လက်ခံဆောင်ရွက်နေပြီး လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုမူခြင်းဆိုင်ရာ အကာအကွယ်ပေးရေးမူဝါဒ (Protection of Sexual Harassment, Exploitation and Abuse) PSHEA policy အရ ဆောင်ရွက်နေတယ်လို့ ဝန်ကြီးဌာနက ဝန်ကြီး နော်ဆူဇန်နာလှလှစိုးက DVB ကို ပြောပါတယ်။

“အိတ်ဖွင့်ပေးစာတွေ ကျမတို့ လက်ခံရရှိပါတယ်။ သူတို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဘက်ကတော့ ကျမတို့ဘက်ကို မှတ်တမ်းမှတ်ရာတွေ လွှဲပေးပြီးပြီပေါ့နော်။ ကျမတို့ဆီမှာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုဆိုင်ရာ ဥပဒေရှိတယ်လေ။ PSHEA policy လို့ခေါ်တယ်။ Protection of sexual Harassment, Exploitation and Abuse policy ပေါ့။ အဲဒါက ၂၀၂၂ ကတည်းက ကျမတို့ ပြဋ္ဌာန်းထားတာဖြစ်တယ်။ ဗဟိုကော်မတီထဲကနေ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ပြီးတော့ လုပ်နေပါတယ်။ ကျမတို့က အဲဒီလိုကိစ္စမျိုးတွေကို လက်ခံလို့မရဘူး၊ သည်းခံလို့မရဘူး။ လွန်ကျူးတဲ့သူတွေကို ခွင့်လွှတ်ပေးလိုက်ခြင်းအားဖြင့် ဆိုတဲ့သဘော သက်ရောက်တယ်။ အဲဒီအတွက် ကျမတို့ကတော့ ကျူးလွန်လည်း ကျူးလွန်တဲ့အ‌ေလျာက် ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

စွပ်စွဲခံထားရတဲ့ ကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်ကိုတော့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး သိလိုတာတွေကို DVB က မေးခွန်းပေးပို့ မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားလာတာ မရှိသေးပါဘူး။

သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ “လက်ရှိဖြစ်​ပေါ်​နေသည့် သတင်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအ​နေဖြင့် မိမိထံ တိုက်ရိုက်ဆက်သွယ်​ မေးမြန်းနိုင်ပါ​ကြောင်းနဲ့ လေးစားစွာ အပြည့်အဝ ပူး​ပေါင်း​ဆောင်ရွက်သွားပါမည်” လို့ ရေးသားထားတာ တွေ့ရပါတယ်။

နစ်နာသူဟာ ဝန်ကြီးဌာနမှာ အတွင်းရေးမှူးအဖြစ် လုပ်ကိုင်ခဲ့ပြီး အထက်လူကြီးရဲ့ လိင်အမြတ်ထုတ်မှု ခံခဲ့ရတာကို တိုင်တန်းခဲ့ရာမှာ အလုပ်ထုတ်ခံခဲ့ရတဲ့အတွက် မကျေနပ်ကြောင်းနဲ့ ကိုယ်တိုင် အလုပ်ထွက်ကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်မှာ ဧပြီလက တင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ တာဝန်ရှိသူတွေကို အရေးယူဆောင်ရွက်ပေးဖို့ အမျိုးသမီးအဖွဲ့တွေက NUG အစိုးရကို တိုက်တွန်းနေတာ ဖြစ်ပါတယ်။

မူရင်း
https://burmese.dvb.no/post/657746?fbclid=IwZXh0bgNhZW0CMTEAAR0UW_9bYO7pkGsulEqnAZMIA4MoooSWe_txDyi1z1oRORMMtv7sDFKEEkY_aem_IsfpIGRWrMVHP7BniYI3nA

DVB | လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုဖြင့် တိုင်ကြားခံထားရသူကို NUG တာဝန်မှ ယာယီရပ်ဆိုင်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနဲ့ တိုင်ကြားခံထားရတဲ့ အိန္ဒိယနိုင်ငံဆိုင်ရာကိုယ်စားလှယ်၊ ဆလိုင်းအိုက်ဇက.....

25/06/2024

အကောင်ထည်ဖော်ရေး ဗဟိုကော်မတီထုတ်ပြန်ချက် ၁/၂၀၂၄-PSHEA

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန​၏အိန္ဒိယနိုင်ငံကိုယ်စားလှယ်အပေါ် တိုင်ကြားချက်နှင့်ပတ်သက်၍ လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းတို့မှကာကွယ်ခြင်းဆိုင်ရာမူဝါဒ (PSHEA)အကော်အထည်ဖေါ်ရေးကော်မတီ​၏ သတင်းထုတ်ပြန်ချက်အမှတ် ၁/၂၀၂၄ -PSHEA ကို ယနေ့ ဇွန် ၂၅ ရက်နေ့စွဲဖြင့်ထုတ်ပြန်ကြေညာသည်။

25/06/2024

တိုင်ကြားခံရသူ (အိန္ဒိယ နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်၊ ဆလိုင်းအိုက်ဇက်ခင်) အား တာဝန်မှယာယီရပ်ဆိုင်းထားပြီးကြောင်းနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတို့မှ ကာကွယ်ခြင်းဆိုင်ရာ မူဝါဒအကောင်အထည်ဖော် ရေး ဗဟိုကော်မတီသို့ လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
နိုင်ငံခြားရေးဝန်ကြီးဌာန

သတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်

၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးနှင့်ပက်သက်သည့် တိုင်ကြားစာကိစ္စနှင့်စပ်လျဉ်း၍ ဌာနတွင်း စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်လျက်ရှိကြောင်းကို ကနဦး ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

၂။ ဌာနတွင်း ကြားနာစစ်ဆေးမှုများ ပြုလုပ်နေစဉ် ကာလအတွင်း တိုင်ကြားခံရသူ (အိန္ဒိယ နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်၊ ဆလိုင်းအိုက်ဇက်ခင်) အား တာဝန်မှယာယီရပ်ဆိုင်းထားပြီး ဖြစ်သည်။

၃။ ယခုအခါ အဆိုပါဌာနတွင်း စစ်ဆေးကြားနာမှုအစီရင်ခံစာနှင့် ဆက်စပ်စာရွက်စာတမ်း များကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတို့မှ ကာကွယ်ခြင်းဆိုင်ရာ မူဝါဒအကောင်အထည်ဖော် ရေး ဗဟိုကော်မတီသို့ လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်းနှင့် ဗဟိုကော်မတီ၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြာင်း အသိပေးထုတ်ပြန်အပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

Photos from Zalen's post 24/06/2024

အမျိုးသားညီညွတ်ရေးအစိုးရ ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ အိန္ဒိယ သမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် အပါအဝင် အလားတူ လိင်အကြမ်းဖက်မှုကျူးလွန်သူများကို ပွင့်လင်းမြင်သာမှုရှိစွာ ထိရောက်တဲ့အပြစ် ပေး ဖို့ အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) နဲ့ ချင်းအမျိုးသမီးအဖွဲ့အစည်းများက တောင်းဆိုထားပါတယ်။

Photos from The Tanintharyi Times's post 24/06/2024

“အခု ကျူးလွန်သူကလည်း နစ်နာသူကို ဘာသာရေး၊ လူမှုရေးဘက်က ပုဂ္ဂိုလ်တွေကို သုံးပြီး ဖျန်ဖြေကြေအေးဖို့ လွှတ်ထားတယ်၊ အလုပ်ပြန်ရချင်လား၊ နစ်နာသူမျိုးနွယ်စုထုံးစံအတိုင်း တောင်းပန်တာ လိုချင်လား၊ တခြားဘာလိုချင်လဲ မေးခိုင်းတယ်၊ လူမှုကွန်ရက်မှာ အားလုံးပြီးသွားပြီလို့ ပြန်တင်ရေးပေးပါတဲ့” ဆိုပြီး ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ထုတ်ပြန်ချက်အဖွဲ့မှာပါတဲ့ ချင်းအမျိုးသမီး Senri က တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။.
ချင်းအမျိုးသမီးအရေး လှုပ်ရှားနေတဲ့ နေနူးအဖွဲ့ရဲ့ ဒါရိုက်တာ မိုင်လဲန်ကတော့ အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်ဟာ သူ့လက်အောက်အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေကို လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်တာတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး အမျိုးသမီးတွေက တိုင်ကြားတဲ့အခါမှာ NUG ဘက် နှုတ်ဖြင့်သတိပေးခြင်းသာ ပြုလုပ်ခဲ့တယ်လို့ ဆိုထားပါတယ်။

“ကျူးလွန်တဲ့ ရာဇဝင်ရှိတယ်ဆိုတဲ့အချက်ကိုပါ ထည့်သွင်းစဉ်းစားသင့်တယ်လို့ ကျမ မြင်တယ်၊ အပြစ်ဒဏ်ဟာ နှုတ်နဲ့ သတိပေးတာထက် ပိုပြင်းထန်သင့်ပါတယ်၊ သူတို့ရဲ့ (NUG) ပေါ်လစီအတိုင်း ကျူးလွန်ခြင်းခံရတဲ့ အမျိုးသမီးကိုလည်း အလုပ်ထုတ်မယ့်အစား လိုအပ်တဲ့ အကာအကွယ်နဲ့ ပံ့ပိုးကူညီမှုတွေကို ပေးသင့်တယ်” လို့ နေနူးအဖွဲ့ရဲ့ ဒါရိုက်တာ မိုင်လဲန်က ဆိုပါတယ်။

Photos from Thet Htwe Naing - Freelance Journalist's post 24/06/2024

အိန္ဒိယက NUG ကိုယ်စားလှယ် ကို အရေးယူပေးဖို့ အမျိုးသမီး အဖွဲ့တွေ တောင်းဆို

ဇွန် ၂၄ - ၂၀၂၄

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အိန္ဒိယ နိုင်ငံ ကိုယ်စားလှယ် က ရုံးအတွင်းရေးမှူး အမျိုးသမီး ကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက် အမြတ်ထုတ်မှု နဲ့ ပတ်သက်ပြီး NUG အနေနဲ့ အရေးယူပေးဖို့ အမျိုးသမီး အဖွဲ့တွေရဲ့ ကြေညာချက်တွေ အခုရက်ပိုင်း ထွက်ပေါ်လာ ပါတယ်။

အဲဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး NUG က ကိုယ်စားလှယ်ဖြစ်သူကို နှုတ်နဲ့ သတိပေးခဲ့ပြီး ကာယကံရှင် အမျိုးသမီးကို အလုပ်က ရပ်နားလိုက်တဲ့ အတွက် အဲဒီ အမျိုးသမီးက မျှတမှု မရှိဘူးဆိုပြီး သူ့ဘာသာသူ ရာထူးက ထွက်တယ်ဆိုပြီး NUG ကို စာတင်ခဲ့တာ ဖြစ်ပါတယ်။

အခုသတင်း ထွက်ပေါ်လာပြီးနောက်မှာတော့ အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ အမျိုးသမီးမဟာမိတ်အဖွဲ့ - မြန်မာ နဲ့ ချင်းအမျိုးသမီး အဖွဲ့အစည်းတွေက ကြေညာချက် အသီးသီးထုတ်ပြန်ပြီး NUG ကိုယ်စားလှယ်ကို အရေးယူပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

via
Thet Htwe Naing - Freelance Journalist

Photos from Latsinu Women Agency's post 23/06/2024

ချင်းတော်လှန်ရေးအမျိုးသမီးအား အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးငှာန၊ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးကိုယ်စားလှယ်မှ ဋ္ဌာနတွင်းလိင်အမြတ်ထုတ်မှုအတွက် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များမှ တရားမျှတစွာ ချက်ချင်းအရေးယူဆောင်ရွက်ပေးရန် ချင်းအမျိုးသမီးအဖွဲ့စည်းများမှ အိတ်ဖွင့်ပေးစာ

31/05/2024

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းပြည်ပနေ မြန်မာ ပြည်သူ ပြည်သားများ မိမိနေ့စဉ်ကြုံတွေ့ရတဲ့ အခက်အခဲ၊ ဖိနှိပ်မှု၊ စသည်များကို လျို့ဝှက်ပေးပို့ထားနိုင်သည်ဟု ချင်းသတင်းမီဒီယာတစ်ခုဖြစ်သည့် မှ ၎င်းလူမှုစာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဆက်သွယ်ရန်

Email: [email protected]
Signal: +959 954 627 062
Telegram: +666 600 10576

ပြည်သူ့ပေးစာ ကဏ္ဍသစ် စဖွင့်ပါပြီ
========
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်သူပြည်သားတွေဟာ ပြည်တွင်းသာမက ပြည်ပမှာပါ အတိဒုက္ခရောက်နေကြပါတယ်။
မိမိတို့နေ့စဉ်ကြုံတွေ့တဲ့ အခက်အခဲ၊ ဖိနှိပ်မှု၊ ပြဿနာတွေကို အများပြည်သူသိအောင် ရင်ဖွင့်လိုရင် ကျနော်တို့မီဒီယာဆီ အချိန်မရွေးပေးပို့နိုင်ပါတယ်။ လုံခြုံရေးအရ စာပေးပို့သူနာမည်ကိုတော့ လျို့ဝှက်ထားပါမယ်။
Email: [email protected]
Signal: +959 954 627 062
Telegram: +666 600 10576

Photos from Urgent Action Fund for Feminist Activism's post 22/05/2024

ဖေးမိနစ်လှုပ်ရှားမှုတွင် အရင်း​မြစ် အထောက်အပံံ့နည်းရခြင်းအကြောင်း 👇👇👇

06/05/2024

Institute of Chinland Study မှ အာဏာသိမ်းပြီး ၃ နှစ်တာကာလအတွင်း လေ့လာသုတေသနပြုခဲ့သည့် "ချင်းပြည်" ပါဝါတည်ရာ၊ လာရာ၊ လားရာ၊ ဖြန့်ကျက်ရာ လေ့လာဆန်းစစ်ချက်" ဆိုသည့် အစီအရင်ခံစာအား ထုတ်ပြန်

"ချင်းပြည် " ပါဝါတည်ရာ၊ လာရာ၊ လားရာ၊ ဖြန့်ကျက်ရာ လေ့လာဆန်းစစ်ချက်"

ချင်းပြည်နိုင်ငံရေး ရေစီးသစ်သည် ချင်းသမိုင်းတစ်လျှောက်လုံးတွင် မကြုံဖူးလောက်သည့် အပြောင်းအလဲများ ဆိုက်တိုက်ဖြစ်ပေါ်နေပြီး အခွင့်အလမ်းသစ်များ၊ စိန်ခေါ်မှုအသစ်များနှင့် မျှော်မှန်းချက်အသစ်များစွာ ဖြစ်ပေါ်လာခဲ့သည်။

နိုင်ငံရေးအစုအဖွဲ့အသစ်များ၊ လက်နက်ကိုင် အစုအဖွဲ့အသစ်များ၊ အုပ်ချုပ်ရေးအသစ်များ၊ ပြည်နယ်လုံးဆိုင်ရာ စုဖွဲ့မှုအသစ်များ အင်အားကောင်းကောင်းဖြင့် ဖြစ်ထွန်းပေါ်ပေါက်လာခဲ့သည့်အပြင် လတ်ဆတ်သည့် နိုင်ငံရေးနိုးကြားမှု၊ အမျိုးသားရေးနိုးကြားမှုများဖြင့် ပေါင်းစပ်လိုက်သည့်အခါ စိတ်ဓာတ်တက်ကြွဖွယ်ရာ ရောင်ချည်သစ်များ လင်းကျင်းလာခဲ့သည်။

တစ်ပြိုင်နက်တည်းတွင် အဆောက်အဆုံအဟောင်းဖြိုချမှုဖြစ်စဥ်အတွင်း ပွတ်တိုက်မှုများ၊ စိန်ခေါ်မှုများ၊ အကန့်အသတ်များ၊ နည်းနာပိုင်း အားနည်းမှုများ ကြုံနေရဆဲဖြစ်ပြီး အထူးသဖြင့် Top -Down ချဥ်းကပ်မှု၊ စဥ်းစားမှု၊ အမူအကျင့်များနှင့် Bottom-Up ချဉ်းကပ်မှု၊ စဥ်းစားမှုများအကြား ကြီးမားသော အယူဝါဒ (ideology)နှင့် လက်တွေ့လုပ်ဆောင်မှု (practice) ကြား ကွာဟမှုရှိနေခြင်းဖြစ်သည်။

အာဏာသိမ်းပြီး ၃-နှစ်သာကာလအတွင်း ချင်းပြည်ရှိ နိုင်ငံရေးပါဝါနှင့် အခင်းအကျင်း အပြောင်းအလဲများကို ICS အနေဖြင့် လေ့လာသုတေသနပြုခဲ့ရာ အားတက်ဖွယ်ရာ၊ သင်ခန်းစာယူဖွယ်ရာ၊ ချင့်ချိန်ဖွယ်ရာ၊ ရှောင်ရှားဖွယ်ရာများစွာတွေ့ရှိရသည်။

ယခု သုတေသနစာတမ်းအား အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေး-စစ်ရေး အစုအဖွဲ့များ၊ ပညာရပ်ဆိုင်ရာလေ့လာသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံတကာ ချင်းလူမှုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများ(NGO/INGO)မှ ကိုးကားနိုင်သည့် အချက်အလက်ဖြစ်သည့်အပြင် ချင်းပြည်၏ အခြေအနေသစ်အား ပို၍နည်းလည်နိုင်စေရန်နှင့် အထောက်အကူဖြစ်နိုင်စေရန် နှမ်းစေ့မျှသောမျှော်လင့်ချက်ထက် ပိုမျှော်လင့်ပါသည်။

ဤ သုတေသနအား စိတ်ဝင်စားသော မိတ်ဆွေများ၊ရဲဘော်၊ရဲဘက်များ၊ အဖွဲ့အစည်းများအနေဖြင့် [email protected] တွင် email ပို့၍ သော်လည်းကောင်း၊ ယခု ICS ၏ page မှ တစ်ဆင့်သော်လည်းကောင်း စာတိုပေးပို့၍ ရယူနိုင်ပါသည်။

ICS မှာ လေ့လာသုတေသနပြုခဲ့သည့် "ချင်းပြည် " ပါဝါတည်ရာ၊ လာရာ၊ လားရာ၊ ဖြန့်ကျက်ရာ လေ့လာဆန်းစစ်ချက်" ဆိုသည့် အစီအရင်ခံစာအား ထုတ်ပြန်နိုင်ရန် အဖက်ဖက်မှ ဝိုင်းဝန်းကူညီပေးကြသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအား ကျေးဇူးအထူးတင်ရှိကြောင်း ထပ်လောင်းပြောကြားလိုပါသည်။

ထို့အပြင် နိုင်ငံရေး၊ စစ်ရေးအစုအဖွဲ့များအပါအဝင် အလွှာပေါင်းစုံ ပါဝင်ရေး၊ နိုင်ငံရေးစကားပြောဆိုဆွေးနွေးမှု ( political dialogue) အပြင် နိုင်ငံရေးဆုံမှတ်ရှာဖွေရာတွင် အထောက်အပံ့ပြုနိုင်စေမည်အကြောင်းနှင့် လက်ရှိချင်းပြည်သည် အစိတ်စိတ်အမွှာမွှာနှင့် အကွဲအပြဲ (fragmentation) ဖြစ်နေခြင်း မဟုတ်ပဲ မတူညီသော လူမှုအသိုင်းအဝိုင်းပေါင်းစုံ စုပေါင်းနိုင်ရေးအတွက် နည်းလမ်းရှာဖွေသည့်ကာလ၊ နိုင်ငံရေးသဘောတူညီချက် မရနိုင်သေးသည့်ကာလသာလျင် ဖြစ်သည့် နည်းတူ ယခုသုတေသနတွေ့ရှိချက်များအားဖြင့် တစ်စုံတစ်ရာ အထောက်အကူပြုနိုင်ပါစေကြောင်း ဆန္ဒပြု ဆုမွန်ကောင်းတောင်းပါသည်။

မိတ်ဆွေများ၊ ရဲဘော်၊ရဲဘက်များ၏ အကြံပြုချက်များ၊ ဝေဖန်ချက်များအား ကြိုဆိုပါသည်။

လေးစားစွာဖြင့်
Institute of Chinland Studies Team

Photos from Latsinu Women Agency's post 22/04/2024

မိမိတို့ရေခံမြေခံ ဒေသန္တရဖြစ်တည်ချက်နဲ့ ဆက်စပ်တဲ့ ကျားပဓာနစနစ်ကို ချေမှုန်းထားတဲ့ စနစ်သစ်တစ်ခုကိုပြောင်းလဲဖို့ဟာ ကျွနိုပ်တို့လပ်ဆီနူးရဲ့ ရူပါရုံဖြစ်ပါတယ်။

လက်ရှိကျားပဓာနစနစ်တွေကို ဖိနှိပ်မှု၊ သာတူညီမျှမှုကင်းမဲ့ခြင်း၊ အကြမ်းဖက်မှုတွေရဲ့ ရေသောက်မြစ်လို့ မှတ်ယူထားကြသလို ၎င်းဆက်စပ် ပြသနာကိုပိုမိုနားလည်ဖို့ အောက်ပါမေးခွန်းလေးတွေနဲ့ တွေး
ကြည့်ကြရအောင်။

ကျားပဓာနစနစ်ဟာ ဘာကို ပြောတာလဲ?

ကျားပဓာနရဲ့ ဆန့်ကျင်ဘက်တွေက ဘယ်လို အနှစ်သာရတွေရှိတာပါလိမ့်?

ကျားပဓာနစနစ်ဟာ ဘာ့ကြောင့် ဖေမိနစ်လှိုင်းအားလုံးရဲ့ ဘုံရန်သူဖြစ်ရပါသလဲ?

လူ့အသိုင်းဝိုင်းအတွက် ဘယ်လို အားနည်းချက်တွေနဲ့ တွေ့ရတတ်ပါသလဲ?

၎င်းစနစ်တွေကို ပြောင်းလဲနိုင်ရင် သက်ဆိုင်ရာလူမှုနိုင်ငံရေးအဝန်းအဝိုင်းမှာ ဘယ်လို အာမခံချက်တွေရှိနိုင်မလဲ?

၎င်းကျားပဓာနစနစ်ကို မပြောင်းလဲနိုင်ရင် ဘာတွေနောက်ဆက်တွဲ ဖြစ်ပေါ် နေမှာပါလိမ့်?

မိတ်ဆွေခေါင်းထဲမှာ ပေါ် လာတဲ့ မေးခွန်းကိုလည်း ကောမန့်မှာ မျှပေးဖို့ဖိတ်ခေါ် ပါတယ်။

14/04/2024

Taiwan Aid ကစီစဉ်ပြီး Ming Yi Foundation က ငွေကြေးပံ့ပိုးပေးတဲ့ NGO Fellowship Program Batch 2 ဖွင့်ဖို့ရှိပါတယ်။

Program ကာလ တစ်လကြာမှာဖြစ်ပြီး လူဦးရေ ၁၅ ယောက်ကို သေချာရွေးချယ်သွားမှာဖြစ်ပါတယ်။ Program မှာပါဝင်တဲ့အစီအစဉ်တွေကတော့ Taipei, Taiwan ကိုသွားရောက်ပြီး လေးရက်ကြာတဲ့ capacity-building workshops တက်ရောက်ခွင့် Taiwan မှာရှိတဲ့ NGO လုပ်ငန်းတွေကို ၃ ပတ်ကြာ လက်တွေ့ကွင်းဆင်းလေ့လာခွင့်
collaboration projects တွေ တီထွင်ဖန်တီးခွင့်တွေရရှိမှာဖြစ်ပါတယ်။

ဘယ်သူတွေလျောက်လို့ရလဲ?
NGO နယ်ပယ်မှာ လုပ်သက်အနည်းဆုံး ၃ နှစ်ရှိထားသူ community development, environment, education, gender, human rights, media and information technology, LGBTQ+, medical service, social welfare စတာတွေမှာ အတွေ့အကြုံရှိသူ
အသက် ၂၅ - ၄၀ ကြားဖြစ်ရမယ်
September 29 to October 26 2024 အတွင်း Taiwan ကို ခရီးထွက်နိုင်ရပါမယ်



စိတ်ဝင်စားတယ်ဆိုရင် -
More information - https://bit.ly/4d9ASkn
Apply here - https://bit.ly/4cTOrnM
Batch 1 recap - https://bit.ly/4cV8F0e
Program fee - fully funded for airfare, accommodation, food, transportation and stipend.
Deadline - June 1, 2024

လူမှုအကျိုးပြုအလုပ်တွေကို စိတ်အားထက်သန်တဲ့ NGO နယ်ပယ်က ညီအစ်မတို့ရေ …
.

Taiwan Aid ကစီစဉ်ပြီး Ming Yi Foundation က ငွေကြေးပံ့ပိုးပေးတဲ့ NGO Fellowship Program Batch 2 ဖွင့်ဖို့ရှိပါတယ်။

Program ကာလ တစ်လကြာမှာဖြစ်ပြီး လူဦးရေ ၁၅ ယောက်ကို သေချာရွေးချယ်သွားမှာဖြစ်ပါတယ်။ Program မှာပါဝင်တဲ့အစီအစဉ်တွေကတော့ Taipei, Taiwan ကိုသွားရောက်ပြီး
✅ လေးရက်ကြာတဲ့ capacity-building workshops တက်ရောက်ခွင့်
✅ Taiwan မှာရှိတဲ့ NGO လုပ်ငန်းတွေကို ၃ ပတ်ကြာ လက်တွေ့ကွင်းဆင်းလေ့လာခွင့်
✅ collaboration projects တွေ တီထွင်ဖန်တီးခွင့်တွေရရှိမှာဖြစ်ပါတယ်။



ဘယ်သူတွေလျောက်လို့ရလဲ?
✴️ NGO နယ်ပယ်မှာ လုပ်သက်အနည်းဆုံး ၃ နှစ်ရှိထားသူ
✴️ community development, environment, education, gender, human rights, media and information technology, LGBTQ+, medical service, social welfare စတာတွေမှာ အတွေ့အကြုံရှိသူ
✴️ အသက် ၂၅ - ၄၀ ကြားဖြစ်ရမယ်
✴️ September 29 to October 26 2024 အတွင်း Taiwan ကို ခရီးထွက်နိုင်ရပါမယ်



စိတ်ဝင်စားတယ်ဆိုရင် -
More information - https://bit.ly/4d9ASkn
Apply here - https://bit.ly/4cTOrnM
Batch 1 recap - https://bit.ly/4cV8F0e
Program fee - fully funded for airfare, accommodation, food, transportation and stipend.
Deadline - June 1, 2024



အဆင်ပြေပါစေနော်

10/04/2024

၁၉၈၂ နိုင်ငံသားဥပဒေ ဖျက်သိမ်းရေး၊ အကြမ်းဖက်စစ်တပ်၏ ပြည်သူ့စစ်မှုထမ်းဥပဒေကို အလျှင်အမြန် တုန့်ပြန်ဆောင်ရွက်ရန် အပါအဝင် အချက် ၃ ချက်ကို ဒုတိယအကြိမ် ပြည်သူ့ ညီလာခံက အတည်ပြု ဆုံးဖြတ်

ဧပြီလ ၁၀ ရက်

အကြမ်းဖက်စစ်တပ်၏ တရားမဝင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အလျှင်အမြန်တုန့်ပြန်ဆောင်ရွက်ရန် အပါအဝင် အချက် ၃ ချက်ကို ဒုတိယအကြိမ် ပြည်သူ့ညီလာခံတွင် ဆုံးဖြတ်အတည်ပြုနိုင်ခဲ့ကြောင်း NUCC ဒုတိယ အကြိမ် ပြည်သူ့ညီလာခံ ကျင်းပရေးကော်မတီမှ ဦးနန္ဒာစစ်အောင်က ရန်ကုန်ခေတ် သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

ဧပြီလ ၄ ရက်နေ့မှ ၉ ရက်နေ့အထိ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှ ဦးဆောင်ကျင်းပ သော ဒုတိယအကြိမ် ပြည်သူ့ ညီလာခံတွင် တက်ရောက်သူ ကိုယ်စားလှယ်များမှ ဆွေးနွေးသုံးသပ် ချက်များ၊ အဆိုပြုချက်များ၊ အကြံပြုချက်များထဲမှ ဒေသန္တရာ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး ကိစ္စ၊ အကြမ်းဖက်စစ်တပ်၏ တရားမဝင်ပြည်သူ့စစ်မှုထမ်းဥပဒေကိစ္စနှင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ သား ဥပဒေကိစ္စများကို ဆုံးဖြတ်အတည်ပြု နိုင်ခဲ့ကြောင်း သိရသည်။

ဒေသန္တရ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး ကိစ္စကို မြေပြင်အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး ယန္တရားများဖြစ်သည့် (ပအဖ၊ ပကဖ၊ ပလဖ) တို့ကို ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီ စနစ် တကျ လုပ်ဆောင်နိုင်ရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် အတွက် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် သက်ဆိုင်ရာ တော်လှန်ရေး အင်အားစုများအကြား ဟန်ချက်ညီ လုပ်ဆောင်နိုင်သော ယန္တရား များအဖြစ် သုံးသပ်ပြင်ဆင် တည်ဆောက်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အလားတူ အကြမ်းဖက်စစ်တပ်၏ တရားမဝင် ပြည်သူ့စစ်မှုထမ်းဥပဒေကိစ္စနှင့် ပတ်သက်၍ အကြမ်း ဖက်စစ်တပ်၏ တရားမဝင်ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်တိုက်ဖျက်ရန်နှင့်ယင်းဥပဒေကြောင့် ဖြစ်ပေါ်လာသော သက်ရောက်မှုများကို လူထုနှင့် တော်လှန်ရေးအင်အားစု အသီးသီး ပူးပေါင်းပြီးမဟာဗျူဟာမြောက် အလျင်အမြန် တုန့်ပြန်ဆောင်ရွက်ရမည်ဖြစ်သည်ဟု ဆိုသည်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေသည် ဖျက်သိမ်းရမည့် ဥပဒေဖြစ်သည်ကို ဒုတိယအကြိမ် ပြည် သူ့ ညီလာခံကြီးမှ ဆုံးဖြတ်လိုက်ပြီး ယင်းဥပဒေဖျက်သိမ်းရေးနှင့် ပတ်သက်၍ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ် ဖော်ပြချက်ပါ ကြားကာလ ဥပဒေပြုရေး အခန်း ၅ ၏ ဖော်ပြချက်များအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဒီညီလာခံနဲ့ပတ်သက်ပြီး NUCC ကနေ ထုတ်ပြန်ချက် ၂ ခုရှိပါတယ်၊ နောက်ဆက်တွဲ အကြံပြုချက် တွေရှိမယ်၊ အဆိုပြုချက်တွေရှိမယ်ပေါ့၊ ဒါတွေကိုလည်း ပူးတွဲပြီး ထုတ်ပြန်ထားပါတယ်။ ညီလာခံက နေ အတည်ပြုဆုံးဖြတ်ချက်ချနိုင်ခဲ့တာကတော့ ဒီ ၃ ချက်ကိုပဲ ပေါ့၊ ဒီအချက်တွေကို ဘယ်လို ဆက် လက်ပြီးတော့ အကောင်အထည်ဖော်မလဲဆိုတာတော့ ဆက်လက်လုပ်ဆောင်ရမယ့် ကိစ္စတွေ ဖြစ်ပါ တယ်၊ ညီလာခံကနေ လမ်းညွှန်ပေးတာပေါ့၊ ဘယ်လိုဆောင်ရွက်မလဲဆိုတာကတော့ NUG နဲ့ NUCC ကြားမှာ ပြန်လည်ဆွေးနွေးတာတွေရှိမှာပေါ့၊ လက်ရှိကတော့ ညီလာခံရဲ့ဆုံးဖြတ်အဆင့်ပဲ ရယူတာ ပေါ့၊ ဟု NUCC ဒုတိယ အကြိမ် ပြည်သူ့ညီလာခံ ကျင်းပရေးကော်မတီမှ ဦးနန္ဒာစစ်အောင် က ရန် ကုန် ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

ထို့ပြင် ကျန်ရှိသော ဆွေးနွေးအဆိုပြုချက်များကို ညီလာခံ၏ အဆိုပြုချက်များနှင့် သဘော ထား စုစည်း ချက်များ အဖြစ် သတ်မှတ်ကာ သက်ဆိုင်ရာ နိုင်ငံရေး ဦးဆောင်အစု အဖွဲ့များမှ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်နှင့် အညီ ညှိနှိုင်းတိုင်ပင် ဆောင်ရွက်သွားကြရန်လည်း ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ညီလာခံတက်ရောက်သူ ကိုယ်စားလှယ်များမှ ဆွေးနွေးသုံးသပ်ချက်များ၊ အဆိုပြုချက်များ၊ အကြံပြု ချက် များကို ညီလာခံမှ မှတ်တမ်းတင်ခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံရေး ဦးဆောင်အစုအဖွဲ့များမှ ဖက်ဒ ရယ် ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီ ညှိနှိုင်းတိုင်ပင် ဆောင်ရွက်သွားကြရန်လည်း ဆုံးဖြတ်ခဲ့ကြောင်း NUCC က ထုတ်ပြန်ထားသည်။

အဆိုပါ ပြည်သူ့ညီလာခံကို ၆ လတစ်ကြိမ်ပုံမှန်ကျင်းပသွားမည်ဖြစ်ပြီး ယခု ဒုတိယအကြိမ် မြောက် ပြည်သူ့ညီလာခံသို့ နွေဦးတော်လှန်ရေးအတွင်း တိုက်ပွဲဝင်နေကြသော အင်အားစုများမှ ပြည် ထောင် စုလွှတ်တော် ကိုယ်စားပြုကော်မတီအပါအဝင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံ ရေးပါတီ ကိုယ်စားလှယ်များ၊ နွေဦးတော်လှန်ရေး အင်အားစုများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်း သား လက်နက်ကိုင်တော်လှန်ရေးအင်အားစုများမှ ကိုယ်စားလှယ်များ၊ ကြားကာလ ပြည်နယ်/ ဖက် ဒရယ် ယူနစ်ကောင်စီ များမှ ကိုယ်စားလှယ်များ စုစုပေါင်း ညီလာခံ ကိုယ်စားလှယ် ၂၀၄ ဦး တက် ရောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ညီလာခံ၌ ပါဝင်ဆွေးနွေးရန် အထူးဖိတ်ကြားထားသူ ၁၀၄ ဦး၊ လေ့လာ သူ ၁၂၈ ဦးရှိခဲ့ပြီး တက်ရောက်သူများထဲတွင် အမျိုးသား ၆၄ ဒသမ ၉ ရာခိုင်နှုန်း၊ အမျိုးသမီး ၃၄ ဒသမ ၃ ရာခိုင်နှုန်း နှင့် အခြား ၀ ဒသမ ၈ ရာခိုင်နှုန်း တက်ရောက်ခဲ့ကြောင်း သိရသည်။

Photos from Khonumthung Burmese's post 29/03/2024

၊ အရေးတကြီးဖြေရှင်းရမည့် ချင်းပြည်က မီးတွင်းမိခင်သေဆုံးမှုနှင့် မွေးကင်းစကလေးသေဆုံးမှု

ခိုနူမ်းသုန်သတင်း၊ ၂၉ မတ် ၂၀၂၄

(002MG)

တတိယမြောက်ကလေးမွေးဖွားဖို့ နေ့စေ့လစေ့ကိုယ်၀န်လွယ်ထားသော ဒေါ်လှမေ(အမည်လွှဲ) သည် အရင်ကလိုပဲ ကျေးရွာထဲကအရပ်လက်သည်နှင့် ပြန်မွေးမည်ဟုတွေးထားသော်လည်း မမွေးနိုင်သည့်အတွက် ကျေးလက်ဆေးပေး ခန်းရှိရာ တိုက်နယ်အမှတ်(၃) ကို ရောက်လာချိန်မှာတော့ သူ့ဗိုက်ထဲက ကလေးက အသက်မရှိတော့ပါဘူး။

ဒေါ်လှမေသည် မင်းတပ်မြို့နယ် တိုက်နယ်အမှတ် (၁၄)ရှစ်ကလူးကျေးရွာကဖြစ်ကြပြီး လမ်းပန်းဆက်သွယ်ရေးကြမ်း တမ်းသော တောင်ပေါ်လမ်းမှာ ဆိုင်ကယ်ငှါးပြီး ဆရာ၀န်ရှိသည့် တိုက်နယ်အမှတ် (၃)က ကျေးရွာတစ်ရွာထဲကို ရောက်လာသည့်အချိန်မှာ ဗိုက်ထဲက ကလေးသည် လှုပ်ရှားမှုမရှိတော့ဘဲ အသေနှင့်သာမွေးဖွားခဲ့ရသည်ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီ တာဝန်ခံ ကိုလောရင့်ကပြောသည်။

သူလာတာ တော်တော်လေးဝေးတယ်။ နေ့စေ့လစေ့ရောက်တော့ မွေးတယ်။ မမွေးနိုင်ဘူး၊ သွေးတွေက ဆင်းလာ တယ်။ သူတို့က ဆိုင်ကယ်ငှားလိုက် ကားငှားလိုက်နဲ့ ရောက်လာကြတာ။ အလ်ထာစောင်းနဲ့ကြည့်တော့ ကလေးက သေသွားပြီ။ ကလေးအမေပြောတာတော့ ဆေးရုံကိုရောက်တဲ့အချိန် ကလေးက တစ်ချက်လှုပ်သေးတယ် ပြောတယ်။ အသက်ထွက်သွားတာနေမှာပေါ့။ ကျနော်တို့မြေမြုပ်ပေးလိုက်ကြတယ် ဟု ကိုလောရင့်ကပြောသည်။

စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်းကစ၍ ကျန်းမာရေးစောင့်ရှောက်မှုပိုမိုဆိုး၀ါးလာနေသည့် ချင်းပြည်နယ် ကျေးလက်ဒေသက မိခင်အများစုသည် ဒေါ်လှမေကဲ့သို့ ကြုံတွေ့သူဒုနှင့်ဒေးရှိသည်။ ကျေးလက်ဒေသမှာ ဆေးပေးခန်း မရှိခြင်း၊ ဆရာ၀န်မရှိခြင်း၊ ဆေး၀ါးမလုံလောက်ခြင်းတို့ကြောင့် ချင်းပြည်နယ်က မိခင်များသည် မိမိတို့၏ရင်သွေးငယ် များကို မဆုံးရှုံးသင့်ပဲ ဆုံးရှုံးနေကြရခြင်းဖြစ်သည်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း ပိုမိုဆိုး၀ါးလာသည့် မီးတွင်းမိခင်နှင့်မွေးကင်းစကလေးသေဆုံးမှု

စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက် ၃ နှစ်အတွင်းမှာ မင်းတပ်မြို့နယ်တစ်ခုတည်းမှာပင် မွေးကင်းစကလေးငယ် သေဆုံးမှု ၂၀ ကျော်ခန့်ရှိခဲ့သည်ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီစာရင်းအရသိရသည်။ မွေးကင်းစကလေး ငယ်များသေဆုံးမှုများသည့်နည်းတူ မီးတွင်းသေဆုံးသည့် မိခင်များလည်းတိုးလာနေသည်ဟု သိရသည်။

မင်းတပ်မြို့နယ်တွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်းကစ၍ ၂၀၂၃ ခုနှစ်အထိ ၃ နှစ်အတွင်းမှာ စစ်ဘေးတိမ်းရှောင်းရင်း မီးတွင်းမိခင်သေဆုံးသူ ၁၂ ဦးရှိခဲ့သည်ဟု ကိုလောရင့်ကပြောသည်။

ချင်းပြည်နယ်၊ထန်တလန်မြို့နယ်မှာလည်း စစ်ဘေးတိမ်းရှောင်ရင်း မွေးကင်းစကလေးငယ်နှင့် ကိုယ်ဝန်ဆောင် မိခင်များ သေဆုံးမှုရှိနေကြောင်း ချင်းပြည်နယ် ထန်တလန်မြို့နယ်အတွင်း စစ်ဘေးရှောင်များအရေး ကူညီပေးနေသူများ ထံမှ သိရသည်။

ကိုယ်ဝန်ဆောင်တွေက သီကိရ်ဆေးရုံမှာလာကြတာပေါ့ အဝေးကလာတော့ အချိန်မီမရောက်နိုင်လို့ သေသွား တဲ့သူ တွေရှိတယ်။ မှတ်မှတ်ရရ ၂၀၂၂ ခုနှစ်တုန်းက သီကိရ်ဆေးရုံမှာ တလအတွင်းမှာ မွေးကင်းစ ကလေး ၃ ယောက်တောင် သေဆုံးမှုရှိခဲ့တယ်။ ဆေးရုံလာပေမဲ့ အချိန်မီမလာနိုင်တော့အမေ့ဗိုက်ထဲမှာ သေသွားလို့ ခွဲစိတ်ပြီးမှ ထုတ်ရတယ်၊ နောက် ပြီး စောင့်ရှောက်မှုလုံလုံလောက်လောက်မရှိတော့ တစ်ယောက်ဆို ကိုယ်ဝန် ၈ လ လောက်မှာ Abortion (ကိုယ်၀န် ပျက်ကျ) ဖြစ်သွားတာပေါ့နော်၊ နောက်တစ်ယောက်ဆို မွေးပြီ ဒါပေမဲ့ ကလေးကမကျန်းမာတော့ လသားမှာပဲ သေဆုံး သွားတာပေါ့၊ အပြင်းထန်ဆုံးအခြေအနေပါ ဟု ထန်တလန်မြို့နယ်က စစ်ဘေးရှောင်များ အရေးကူညီဆောင်ရွက်ပေး နေသူ အမျိုးသားတစ်ဦးကပြောသည်။

ထန်တလန်မြို့သည် စစ်ကောင်စီတပ်ဖွဲ့က တမြို့လုံးပြာကျသွားအောင် မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် ဒေသခံ ပြည်သူ များသည် ထန်တလန်မြို့နယ်အတွင်းက ကျေးရွာများနှင့် အိန္ဒိယ-မြန်မာနယ်စပ်ဘက်တွင် စစ်ဘေးတိမ်း ရှောင်နေ ကြရသည်မှာ ယခုဆိုလျှင် ၃ နှစ်ထဲရှိလာပြီဖြစ်သည်။

စစ်ဘေးရှောင်ကာလဆိုတော့ အမျိုးသမီးတွေက ကလေးမမွေးဖို့ဆိုပြီး တချို့ကစိတ်ပိုင်းဖြတ်တာပေါ့၊ ဒါပမယ့်နှစ်က ကြာလာပြီဆိုတော့ ကလေးယူကြလာတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဆိုရင် တအား ဒုက္ခ ရောက်တာ၊ အမျိုး သမီးနဲ့ ပတ်သက်တဲ့ ရောဂါတွေဆိုရင်လဲ ပြမယ့်နေရာမရှိဘူးလေ၊ အများစုက ရွာမှာပဲ နေတာဆိုတော့လေ။ တတ်နိုင် တာမတတ်နိုင်တာအပထား တအားဆိုးတဲ့အခါကျတော့ ဟားခါး သို့မဟုတ် တတ်နိုင်တဲ့သူကျတော့ မီဇိုရမ် အိုင်ဇောလ် ဖက်သွားတယ်၊ ဖျားနာတာကစအထူးသဖြင့် (၂) နစ်အောက်ကလေး တွေဆိုရောဂါဖြစ်ရင် တအားဒုက္ခရောက်တယ် ဟု ထန်တလန်မြို့နယ်ကျေးရွာတရွာမှာ စစ်ဘေးရှောင်သည့်အမျိုးသမီးတစ်ဦးကပြောသည်။

စစ်အာဏာသိမ်းမှု ၃ နှစ်တာကာလအတွင်း ချင်းပြည်နယ်တ၀န်းလုံးမှာ မွေးကင်းစကလေးသေဆုံးမှုနှင့် မီးတွင်းမိခင် သေဆုံးမှုစာရင်းကို လုံခြုံရေးအခက်အခဲ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် အသေးစိတ်ကောက်ယူ နိုင်ခြင်း မရှိသည့်အတွက် သေဆုံးမှုများမှာ ယခုထက်ပိုများနိုင်သည်ဟု သိရသည်။

မွေးကင်းစကလေးသေဆုံးမှုနှင့် မီးတွင်းမိခင်သေဆုံးမှု ဘာကြောင့်အဖြစ်များရလဲ?

လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ကျန်းမာရေးစောင့်ရှောက်မှုပိုင်းတွင် လိုအပ်ချက်များစွာရှိနေသည့် ချင်းပြည်နယ်တွင် ယခင်စစ်အာဏာသိမ်းမှုမဖြစ်ပွားခင်ကလည်း မွေးကင်းစကလေးသေဆုံးမှု၊ မီးတွင်းမိခင်သေဆုံးများရှိခဲ့သော် လည်း ယခုကဲ့သို့ ဆိုးဆိုး၀ါး၀ါးမရှိခဲ့ပေ။

စစ်အာဏာသိမ်းမှုမဖြစ်ပွားခင် NLD အစိုးရလက်ထက်တုန်းက ချင်းပြည်နယ်အစိုးရအနေဖြင့် ကိုယ်၀န်ဆောင်မိခင် သေဆုံးမှုနှင့် မွေးကင်းစကလေးငယ်သေဆုံးမှုလျှော့ကျစေရေးအတွက် စီမံကိန်းများဖော်ဆောင်ကာ မိခင်များနှင့် ကလေးငယ်များအား ကာကွယ်ရေးထိုးပေးခြင်း၊ ငွေကြေးထောက်ပံ့ခြင်း၊ အဟာရဖြည့်စွပ်စာများပေးအပ်ခြင်းများ ပုံမှန် ပြုလုပ်နိုင်ခဲ့သည်ဟုသိရသည်။

သို့သော်လည်း ထိုအစီစဉ်များမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် မြို့ပေါ်တချို့ကလွဲ၍ ကျန်ကျေးလက်ဒေသများတွင် စစ်ကောင်စီအစိုးရအနေဖြင့် ဆက်လက်ဖော်ဆောင်နိုင်ခြင်းမရှိတော့သည့်အပြင် ချင်းပြည်နယ်တ၀န်းလုံးတွင် စစ်မီး အရှိန်ဟုန်းဟုန်းတောက်လောင်လာကာ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများကလည်း ထဲထဲ၀င် ၀င်ကူညီပံ့ ပိုးပေးနိုင်ခြင်းမရှိကြတော့ပေ။

မြို့နယ် ၉ မြို့နယ်ရှိသည့် ချင်းပြည်နယ်တွင် စစ်ကောင်စီက ၈ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီး စစ်ရေး၊ လုံခြုံရေးတင်းတင်းကြပ်ကြပ်ဆောင်ရွက်ထားသည့်အတွက် အရပ်ဖက်အဖွဲ့အစည်းများကလည်း လူထုကျန်းမာ ရေး စောင့်ရှောက်မှုပိုင်းမှာ ပိုမိုအခက်ကြုံကြရသည်ဟုဆိုသည်။

မင်းတပ်မြို့နယ်ထဲက မီးတွင်းမိခင်သေဆုံးမှုနှင့် မွေးကင်းစကလေးငယ်များသေဆုံးမှုများလာရသည့် အခြေအနေနှင့် ပတ်သက်၍ မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းစီမံခန့်ခွဲမူ ကော်မတီတာဝန်ခံ ကိုလောရင့်က ယခုလိုပြောဆိုသည်။

၃ နှစ်အတွင်းမှာ ကလေးတွေမွေးတယ် သေတယ်။ အမျိုးသမီးတွေလည်း ဆေးဝါးမလုံလောက်မူကြောင့် မီးဖွားရင်း နဲ့ဆုံးတာများတယ်။ ကိုယ်ဝန်ဆောင်တွေဆိုရင် ရွာလက်သည်နဲ့ပဲ မွေးတာ။ သယ်ယူပို့ဆောင်ရေးကလည်းဆိုင်ကယ်နဲ့ သွားဖို့ လမ်းကလည်းတအားကြမ်းတာ ကျောက်ခဲလမ်း၊ တချို့နေရာဆိုမိုးတွင်းဆိုရင် မြေပြိုတာတွေ လမ်းပန်း ဆက် သွယ်ရေးခက်တယ်၊ ဆေးဝါးထောက်ပံ့မှုအရမ်းနည်းတယ်၊ ဆေးဝါးအကူညီတွေရယ်၊ မိခင်ရဲ့ ကိုယ်ဝန် ဆောင်စဥ်ကာလ မှာအာဟာရပါတဲ့ အစားအသောက်တွေ၊ ပြီးရင် စိတ်ပူပန်မှုတွေက တအားများတယ်၊ မီးဖွားရင်းနဲ့ ကလေးလေးမွေး လာပြီး ဆုံးသွားတာများတယ် ဟု ကိုလောရင့်ကပြောသည်။

စစ်ဘေးရှောင်အမျိုးသမီးမှာ ကိုယ်ဝန်ဆောင်ချိန်လိုအပ်သော ကိုယ်ဝန်ဆောင် အားဖြည့်ဆေးဝါးများ ၊ ကိုယ်ဝန်ဆောင် စဉ်ကာလ ကျန်းမာရေးအသိပညာ၊ ဗဟုတသုသိရှိမူနည်းပါးခြင်း၊ အမျိုးသမီးများအနေဖြင့် စစ်ဘေးရှောင်နေရသော အခြေအနေတွင် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများကြောင့် ကလေးမီးဖွားချိန်တွင် ရိုက်ခတ်မှုများကြုံနေရခြင်းဖြစ်သည်ဟု ထန်တလန်မြို့က စစ်ဘေးရှောင်ကူညီရေးအဖွဲ့ဉီးဆောင်သူတစ်ဦးကလည်းပြောဆိုသည်။

ကိုယ်ဝန်ဆောင် အားဆေးတွေလဲ မသောက်ရတော့ဘူး၊ မဝယ်နိုင်ကြတော့ဘူး၊ Calcium ဖြစ်ဖြစ် Iron တောင် ဝယ် မသောက်နိုင်တော့တဲ့အခြေနေကို တွေ့ရတယ်။ စစ်ဘေးရှောင်ရခြင်းရဲ့ နောက်ဆက်တွဲပေါ့ စိတ်ဓါတ်ရေး ရာမှာ စိတ် ဖိစီးမှုတွေ စိတ်ကျတာတွေ ကြုံကြရတာဆိုတော့ ဟင်းကောင်းလဲမစားနိုင်၊ အသီးတောင်မဝယ် မစားနိုင်တော့တာ အသားဆိုရင်တောင် တပါတ်မှာ တခါတောင်မစားရတော့ဘူး၊ ပျော်ရွှင်စရာမရှိတော့ သလိုမျိုးခံစားရတာပေါ့ ဒါကလဲ ကိုယ်ဝန်ဆောင်မိခင်ရော၊ ကလေးငယ်တွေအတွက်ရော တော်တော်လေး ထိခိုက်မှုရှိတယ်" ဟု ၎င်းကပြောသည်။

အရေးပေါ်ကူညီဖြေရှင်းရမည့်ပုစ္စာ

ချင်းပြည်နယ် လူဦးရေ၏ ၇၅ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်ကြပြီး ကျေးလက်ဒေသတွင် သားဖွားခန်း မရှိခြင်း၊ ကျန်းမာရေး၀န်ထမ်းမလုံလောက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ အသိပညာပိုင်းအားနည်း ခြင်း အပြင် စစ်အာဏာသိမ်းမှုကြောင့် စစ်ဘေးရှောင်နေရခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ဆေး၀ါး မလုံလောက်ခြင်း တို့ကြောင့် မိခင်နှင့်ကလေးငယ်သေဆုံးမှုများလာရခြင်းဖြစ်သည်ဟု သိရသည်။

ယခုလက်ရှိအနေအထားတွင် ချင်းပြည်နယ်က တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း ကိုယ့်ဒေသ မြို့နယ်အသီး သီးတွင် ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်များဖော်ဆောင်နေပြီဟုဆိုသော်လည်း ကျန်းမာရေးစောင့်ရှောက်မှုပိုင်းတွင် လိုအပ် ချက်များစွာရှိနေဆဲဖြစ်သည်။

ယခုနှစ်ဖေဖော်၀ါရီလ ၁ ရက်နေ့က စတင်ဖွဲ့စည်းလိုက်သော ချင်းပြည်အစိုးရအဖွဲ့ကလည်း ရက် ၁၀၀ စီမံကိန်းတွင် ချင်းပြည်နယ်အတွင်းက ပညာရေးနှင့် ကျန်းမာရေးပိုင်းကို ဦးစားပေးဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့သည်။

သို့သော် လည်း ယခုလက်ရှိအနေအထားတွင် ချင်းပြည်နယ် ကျေးလက်ဒေသက ပြည်သူများနှင့် စစ်ဘေးရှောင်ပြည်သူ များသည် ကျန်းမာရေးစောင့်ရှောက်မှုအဆိုး၀ါးဆုံးအခြေအနေကို ရင်ဆိုင်ဖြတ်သန်းနေကြရပြီး ယင်းကိစ္စကို အရေး ပေါ် ကူညီဖြေ ရှင်းနိုင်ခြင်းမရှိပါက ချင်းပြည်၏ ကြယ်ပွင့်များကို မွေးထုတ်ပေးသော မိခင်များနှင့် ကလေးငယ်များ၏ အနာဂတ် ရှေ့ရေးသည် ဆက်လက်မှောင်မိုက်နေဦးမည်ဖြစ်သည်။

Photo credit - Mindat Township IDPs Camp Management Committee

ပုံစာ - မင်းတပ်မြို့နယ်ထဲက စစ်ဘေးရှောင်မွေးကင်းစကလေးငယ်သေဆုံးမှု။

https://www.facebook.com/share/KwtvrY6eU79SpiRj/?mibextid=GqhPTb

ต้องการให้ธุรกิจของคุณ องค์กร ขึ้นเป็นอันดับหนึ่ง บริการภาครัฐ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

วิดีโอทั้งหมด (แสดงผลทั้งหมด)

16Days Of Activism #latsinu#GBV#feminism

เว็บไซต์

ที่อยู่


Bangkok
095