Guys in the Kitchen

Guys in the Kitchen

အသက်ရှင်ကျန်းမာဖို့ နေစဉ်လိုအပ်တဲ့

Photos from Guys in the Kitchen's post 02/06/2024

ပဲစိမ်းမှုန့်လေးကိုကြိုပြီး တို့ဟူးလုပ်

ရှောက်ရွက်လေး ဆီချက်လေးနဲ့ကို မကျည်းရည်လေးနဲ့နယ် ပဲမှုန့်လေးထည့်းပြီး သုပ်

ဂျုံကြာဇံလေးပါရောသုပ် ထမင်းလေးနဲ့စား

စွန်တန်ဟင်းရည်လေးပါချက်

Photos from Guys in the Kitchen's post 29/05/2024

အိမ်မှာ ကိုယ့်ဟာကိုယ် လုပ်စားဖြစ်တဲ့ တို့ဟူးနွေးလေး

ပဲစိမ်းမှုန့်ကို ဆားသကြား ဆနွင်းနဲ့ရော ရေဖျော် မီးအေးလေးနဲ့ ကြို

စေးလာပြီဆို အိုးကနေချ ခေါက်ဆွဲဖတ်လေး ရေနွေးဖျောထားတဲ့အပေါ်လောင်း

ပဲငံပြာရည်/ကြာညို့ လောင်း မြေပဲမှုန့် ဆီချက်ဆီ ငရုပ်သီးကြော်လေးဖြူး နံနံပင်အုပ်

ပြီးရင် ရောနယ်ပြီး စားချလိုက်တာပဲ …

😍😍😍😋😋😋😋

Photos from Guys in the Kitchen's post 25/05/2024

မုန့်ဟင်းခါးကြိုက်ကြတဲ့သူရှိလား

မုန့်ဟင်းခါးဆိုရင် ဘာပါမှ ဘယ်လိုချက်မှဆိုတဲ့ အစွဲရှိလား

မုန့်ဟင်းခါးကို ဘယ်လိုအချိန်တွေမှာ ပိုစားချင်ကြလဲ

Photos from Guys in the Kitchen's post 21/05/2024

ညစာ မျှစ်ပြုတ်အစပ်သုပ် ကန်စွန်းရိုးနီချဉ်ဟင်း နဲ့ ငါးခြောက်ပုန်းရည်ချက်

မျှစ်လေးကို ၂ ရေလောက်ပြုတ် ကြက်သွန်နီစိမ်း ဆီချက် ပဲမှုန့် မြေပဲ ငရုပ်သီးစပ်စပ်လေးနဲ့ နယ်သုပ်

ကန်စွန်းရိုးနီကို ငါးရွှေလေး ၂ တုံးကျန်တာနဲ့ ချဉ်ဟင်းချက်

ငါးဘဲဖြူခြောက်လေးကို ပုန်းရည်ကြီးနဲ့ ချက်

မိုးအေးတာနဲ့ အတော်ပဲ … 😋😋😋

Photos from Guys in the Kitchen's post 19/05/2024

နာစီလာမက် (Nasi Lemak) လို့ခေါ်တဲ့ မလေးရှား ထမင်းပွဲလေးလုပ်နည်းကို နောက်နေ့ကျ တင်ပေးပါမယ်နော်

19/05/2024

ဒီ ကြီးကြီးက ကိုယ်တွေငယ်ငယ် ကတည်းကအမြဲသောက်ခဲ့တာ ကိုယ်တွေသက်တမ်းအရဆိုရင်ပဲ နှစ် ၄၀ ရှိပြီ ဘယ်အချိန်သောက်သောက် အရသာမပြောင်းလဲဘူး ပြီးတော့ အမြဲမှတ်မိတယ် ကိုယ်တွေကို …. 😍😍😍🙏🏻🙏🏻🙏🏻

Photos from Guys in the Kitchen's post 18/05/2024

မာလာရှမ်းကော အိမ်ချက်

Aro က မာလာရှမ်းကောအနှစ်နဲ့ ချက်လိုက်တာ အထုံစေ့တွေများပြီးဝူးဝါးရူးဝါးတွေဖြစ်ကုန်ရော ဒါပေမယ့် စားကောင်း 😋😋😋😋

အရွက်တွေ အဆာပလာတွေအကုန်ပြုတ် ကင်းမွန်လေးလဲပြုတ်

အကုန်အဆင်သင့် ဖြစ်ပြီဆို မာလာရှမ်းကောအနှစ်လေးကို အိုးပူထဲထည့် ပြီးရင် အကုန်ရောချလိုက်တာပဲ

ပြီးမှ မြေပဲလေးနဲ့ နှမ်းလေးကို နံနံပင်လေးနဲ့ရောအုပ် ထမင်းဖြူလေးနဲ့စား …. ဟုတ်နေတာပဲ … 🥰🥰🥰

17/05/2024

ခရမ်းချဉ်သီးပန်ထွေဖျော် ….

ခရမ်းချဉ်သီးလေးနဲ့ ငရုပ်သီးလေးပြုတ်

ကြက်သွန်နီနဲ့ထောင်း… အရသာလေးထည့်

နံနံပင်လေးအုပ် ….

စားလို့အရမ်းကောင်း … 😋😋😋😋

17/05/2024

ကြက်ဥပြုတ် နည်းလေးပါ

Photos from Guys in the Kitchen's post 14/05/2024

အုန်းနို့ခေါက်ဆွဲလေးကို ဘူးသီးကြော်နဲ့

အမှန်တော့ ညှပ်ခေါက်ဆွဲနဲ့ စားချင်တာ

Photos from Guys in the Kitchen's post 13/05/2024

ငါးရွှေလေးရလို့ ၃ တုံးပြုတ်ပြီး ရခိုင်မုန့်တီလေးချက်စားလိုက်တယ်

အရမ်းအလုပ်ခံမနေတော့ဘူး ငါးပြုတ်ရည်ထဲ ကြက်သွန်ဖြူ ချင်း စပါးလင်ထောင်းထည့်ပြီး ငရုပ်ကောင်းလေးခတ်လိုက်တယ်

မိုးရွာတာနဲ့ အတော်ပဲ … ချက်ချိန်က နာရီဝက်လောက်ပဲကြာ

😝😝😝😝

12/05/2024

ထမင်းချက်တဲ့အခါ ဒါတွေသိထားရမယ်

၁. ရှာလကာရည်

ရှာလကာရည်ကတော့ ထမင်းသိုးခြင်းကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။
ရာသီဥတုပူပြင်းတဲ့ အချိန်တွေမှာ ရှာလကာရည်လေးကို တစ်စက်လောက်ထည့်ပြီးချက်ပေးပါ။ ထမင်းရဲ့ အနံ့အရသာကို ပေါ်လွင်စေရုံသာမက ထမင်းသိုးခြင်းမှလည်း ကာကွယ်ပေးပါတယ်။

၂. ဘီယာ

ပေါ်ဆန်မွှေးဆန် ဝယ်စားလို့မရလို့ စိတ်မညစ်နဲ့နော်။ တကယ်လို့ သင့်အိမ်မှာရှိတဲ့ ဆန်ဟောင်းက အထားကြာသွားပြီး ချက်လိုက်တဲ့ အခါမှာ ဆန်သစ်လောက် မကောင်းတာတို့ အနံ့မကောင်းတို့ဆိုရင် ထမင်းချက်တဲ့ အခါမှာ ဘီယာကို အနည်းငယ်လောက် ထည့်ပြီး ချက်ပေးပါ။
ဒါဆိုရင် ပေါ်ဆန်မွှေးဆန်လို မွှေးပျံတဲ့ အနံ့နဲ့ ထမင်းကိုရရှိစေပါမယ်နော်။

၃. မြေပဲဆီ

ဆန်ဖွာဖွာကြီး မစားချင်ဘူးဆိုရင် ထမင်းချက်တဲ့ အခါမှာ ဆားအနည်းငယ်နဲ့ ဆီအနည်းငယ်ကို ထည့်ပြီး ရောမွှေပြီး ချက်ပေးပါက ဆန်ဖွာခြင်းမရှိတဲ့ ခံတွင်းတွေ့စေမှာပါနော်။

၄. ဆား

လက်ကျန်ထမင်းကြမ်းကို ပြန်နွှေးတဲ့ အခါမှာ ဆား အနည်းငယ် ထည့်ပြီး နွှေးပေးခြင်းဖြင့် အနံ့ဆိုးများကို ပျောက်ကင်းစေသည့်အပြင် ထမင်းကြမ်းကလည်း နူးနူးညံ့ညံ့လေးနဲ့မို့ တဖန်ပြန်ပြီး စားလို့ကောင်းပါတယ်။

၅. အရက်ဖြူ (သို့မဟုတ် ) ဆန်အရက်

ထမင်းအိုးတည်နေရင်း မီးပျက်တဲ့ အချိန်တွေမှာဆိုရင် ထမင်းက ကျက်တဝက် မကျက်တဝက် ဖြစ်နေတက်ပါတယ်။
အဲ့လို အချိန်မျိုးနဲ့ ကြုံတဲ့ အခါမှာ အရက်ဖြူကို ထမင်းစားဇွန်း ၂ ဇွန်းလောက်ထည့်ပြီး နွှေးခြင်းဖြင့် ထမင်းကို လုံး၀ ကျက်စေပါတယ်။
ပြောရရင်တော့ ဆန်ကို တပြေးတည်း ပြန်ကျက်စေပါတယ်။

၇. ကြက်သွန်မြိတ်

ထမင်း အိုးနှပ်နေတဲ့ အချိန်မှာ ထမင်းတူးသွားပါက ထမင်းကြားမှာ ကြက်သွန်မြိတ် တစ်ပင် ကို ထည့်ပြီး ခဏအုပ်ထားပေးပါက တူးနံ့များကို ယူပစ်သလို သက်သာပျောက်ကင်းစေပါတယ်။

၈. လက်ဖက်

ရေနွှေးကြမ်းကို ထမင်းချက်တဲ့နေရာမှာ
ထည့်ပြီး သာမန်အတိုင်း ထမင်းချက်ပါက
ထမင်းရဲ့ အနံ့အရသာကို ပြည့်စုံရုံသာမက အာဟာရလည်း ဖြစ်ပါတယ်။
လက်ဖက်ခြောက်တွေကိုတော့ ဆယ်ထားပြီး ရေနွှေးကြမ်းရည်ကိုသာအသုံးပြုပါနော်။

၉. သံလွင်ဆီ

ထမင်းချက်တဲ့ အခါမှာ သံလွင်ဆီ အနည်းငယ် ထည့်ပြီး ချက်ပေးပါက ဆန်ထဲရှိ သကြားဓာတ်တိုးမြင့်မှုကို ထိန်းချုပ်နိုင်တဲ့ အပြင် အစာအိမ်ကိုလည်း ဥပဓ်မဖြစ်စေနိုင်ပါဘူး။
ဆီးချိုရှိတဲ့ ရောဂါသည်တွေ အတွက်လည်း သင့်လျှော်ပါတယ်။

- original writer
#ထမင်းဝိုင်း

10/05/2024

၅ မိနစ် ညစာ …

မန်ကျည်းရွက် ဟင်းရည်

ခရမ်းချဉ်သီးသုပ်

ဒါပဲ

Photos from Guys in the Kitchen's post 01/01/2024

The first meal of 2024 ….

#နှမ်းဖတ်ချဉ်သုပ် #ပဲသီးကြော်

Photos from Guys in the Kitchen's post 18/12/2023

စတော်ဘယ်ရီသီးသုပ်

ငံပြာရည်လေးရယ် ငရုပ်သီးမှုန့်လေးရယ် ရောနယ်လိုက်တာ

ချို ချဉ် ငံ စပ်လေး

#စတော်ဘယ်ရီသီး

Photos from Guys in the Kitchen's post 16/12/2023

ချဉ်ပေါင်လဲ ငါးဖယ်လိုပဲ အကြိုက်မတူပြန်ဘူး

တယောက်က ကြော်မှ

တယောက်က အရည်လေးနဲ့ ဟင်းရည်လေးချက်မှ

အဲ့ဒါကြောင့် အိမ်ကချက်ရပြုတ်ရတဲ့သူတွေလဲ စိတ်ညစ်ရတာ

ဘယ်လိုချက်တာပိုကြိုက်ကြလဲ

ချဉ်ပေါင်ကြော်လား ချဉ်ပေါင်ချဉ်စပ်ဟင်းရည်လား

#ချဉ်ပေါင်ရွက် #ချဉ်ပေါင်ကြော် #ချဉ်ပေါင်ဟင်းရည် #ငါးရံ့

Photos from Guys in the Kitchen's post 14/12/2023

ငါးဖယ်ခြစ်လေးရလို့ဝယ်လာတယ်

ချက်တဲ့သူတွေညှိမရလို့ ကိုယ့်အကြိုက်ကိုယ်ချက်

တယောက်တမျိုး ၂ မျိုးချက်လိုက်တယ် …

တမျိုးက အစိမ်းကိုပဲ ခရမ်းချဉ်သီး နံနံပင်လေးနဲ့ အချဉ်ရည်ချက်

တမျိုးက ကြော်ပြီး ညှပ် ပြီးမှ ကြက်သွန်နီ ငရုပ်သီးနဲ့ ပြန်ကြော်

ဘယ်လိုချက်တာ ပိုကြိုက်ကြလဲ

😁😁😁😁😁😁

#ငါးဖယ်ခြစ်

Photos from Guys in the Kitchen's post 27/11/2023

တန်ဆောင်မုန်းလအတွက် ရာသီစာ

#မယ်ဇလီဖူး #ငါးရံ့ ဟင်း

အမှန်တော့ ထိုင်း ပြက္ခဒိန်နဲ့မှားပြီး ဒီနေ့ကို အဖိတ်နေ့ထင်နေတာ … Eric Myint Maung ကချက်ထားတာတွေတပုံကြီးကို အလုပ်များနေတာကြောင့်မတင်ဖြစ်တာ

မယ်ဇလီဖူးကို ပြုတ်မယ် ပြုတ်ပြီးသားလဲ ထပ်ပြူတ်မယ် ပြီးရင် အခါးရည်တွေညှစ်ထားမယ်

ငါးကတော့ ကြိုက်တာသုံးလို့ရပေမယ့် ငါးရံ့ပဲကြိုက်လို့ ငါးရံ့ပဲ သုံးထားတယ် အရိုးမများပဲ စားလို့အဆင်ပြေလို့

ထုံးစံအတိုင်း ကြက်သွန်ဖြူနီ ဆီသတ်ပြီး ခရမ်းချဉ်သီးထည့်မယ် ငရုပ်သီးစိမ်းထောင့်ထည့်ပြီး ငါးကိုအရင်ချက်မယ်

ငါးလေးအပေါ်ယံတင်းပြီး ကျတ်စပြုလာရင် မယ်ဇလီဖူးတွေထည့်မယ် ပြီးရင်ရေလေးထည့်ပြီး အရသာချိန် ပြီး အကျတ်ချက်မယ်

ဆီပြန်မယ် ရေကျန်မယ် ငါးနူးပြီဆိုရင်တော့ ကျိတ်လိုက်တော့ အကြိုက် … 😜😜😜😜

ကိုယ်တွေတော့ တခါစား ၃ ပန်းကန်ပဲ

ချက်ကြပါဦး ….

ာဝန် ရဲ့ပြောပြချက်အရဆို

မယ်ဇလီဖူးမှာ ဘာတွေပါ

ဆေးပေါင်းခဖို့ စားကြတဲ့ မယ်ဇလီဖူးလေးမှာ

ကလိုရိုဖီး
ကယ်လ်ဆီယမ်
သံဓာတ်
နီကာဆင်
ဘိုင်အိုတင်
ဖောလစ်အက်ဆစ်
မဂ္ဂနီဆီယမ်
ဖော့စဖရိတ်
ပိုတက်ဆီယမ်
​ဗီတာမင် C
​ဗီတာမင် D
​ဗီတာမင် E
​ဗီတာမင် K တို့ပါဝင်နေပါတယ်။

မယ်ဇလီဖူးက သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ဆီးချို ရှိသူတွေအတွက် သင့်တော်တဲ့ ဓာတ်စာတစ်ခုပါ။ ဆီးချိုဖြစ်နိုင်ခြေကိုလည်း နည်းစေပါတယ်။

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်။

မယ်ဇလီဖူးမှာပါတဲ့ saponins လို့ခေါ်တဲ့ သဘာဝဒြပ်ပေါင်းက ဘက်တီးရီးယားတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ အစာခြေလမ်းကြောင်းကို ဒုက္ခပေးတဲ့ ဘက်တီးရီးယားတွေကိုရော အရေပြားကို ထိခိုက်စေတဲ့ ဘက်တီးရီးယားတွေကိုပါ ဖယ်ရှားပေးနိုင်တာပါ။ မှိုပိုးတွေကိုလည်း တိုက်ဖျက်ပေးပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေနိုင်တယ်။

မယ်ဇလီဖူးရဲ့ နောက်ထပ်အာနိသင်တစ်ခုက လေဒီလေးတွေရဲ့ ဆီးလမ်းကြောင်းပိုးဝင်တာကို အထိရောက်ဆုံး သက်သာစေနိုင်တာပါ။ ဘက်တီးရီးယား ပေါက်ဖွားမှုကို ဟန့်တားပေးပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။

ဝမ်းမှန်စေတယ်။

မယ်ဇလီဖူးက သဘာဝ ဝမ်းနုတ်ဆေးတစ်မျိုးပါ။ အစာခြေစနစ်ကို ကျန်းမာစေပြီး အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေတာကြောင့် ဝမ်းချုပ်တတ်သူတွေအတွက် အထူးသင့်တော်ပါတယ်။

ရာသီလာစဉ် နာကျင်ကိုက်ခဲတာကို သက်သာစေတယ်။

မယ်ဇလီဖူးရဲ့ နောက်ထပ် အာနိသင်တစ်ခုက လေဒီလေးတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကို သက်သာစေတာပါ။ ရာသီသွေးကို မှန်စေပြီး သွေးတွေ အများကြီး ဆင်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

သွေးတွင်းကိုလက်စထရော ကျစေတယ်။

မယ်ဇလီဖူးက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး ကိုယ်အလေးချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ ဝိတ်ကျချင်သူတိုင်း စားပေးသင့်ပါတယ်။ အခြောက်ခံပြီး ရေနွေးနဲ့ စိမ်သောက်ပေးလို့လည်း ရပါတယ်။

အရေပြား ကျန်းမာစေတယ်။

မယ်ဇလီဖူးက အရေပြားပေါ်က အမာရွတ်တွေ၊ အမညစက်တွေကိုလည်း သက်သာစေနိုင်ပါတယ်။ အခြောက်ခံ အမှုန့်လုပ်ပြီး ရေနဲ့ ခပ်ပျစ်ပျစ်ဖျော်လို့ အရေပြားပေါ်မှာ လိမ်းပေးလို့ ရသလို စားပေးလို့လည်း ရပါတယ်။

ကိုယ်နံ့ကင်းစေတယ်။

ကိုယ်နံ့ပြင်းတာကြောင့် စိတ်ညစ်နေတယ်ဆိုရင် သဘာဝဆေးနည်းလေးဖြစ်တဲ့ မယ်ဇလီဖူးကို စားပေးပါ။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကိုယ်နံ့ပြင်းတာကို သက်သာစေမှာပါ။

အဲ့လိုလေးတွေကို လေ့လာရပါတယ်

ပြီးတော့ သတိထားစရာလေးကိုလဲ ဒီလိုပြောပြထားပါတယ်

ဘာတွေ သတိထားရမလဲ

လူတိုင်း စားလို့ ရပါတယ်။ ဒါပေမယ့် တန်ဆေး လွန်ဘေးဆိုသလို အလွန်အကျွံ မစားမိဖို့တော့ လိုပါမယ်။ အလွန်အကျွံ စားမယ်ဆိုရင် ဝမ်းသွားတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဆီးချိုရှိနေသူတွေလည်း အများကြီး စားတာမျိုး မလုပ်ပါနဲ့။

ဘယ်သူတွေ မစားသင့်ဘူးလဲ

မယ်ဇလီဖူးက ဆေးဖက်ဝင်တယ်ဆိုပေမယ့်

ရောဂါတစ်ခုခု ရှိတာကြောင့် ဆေးသောက်နေရသူတွေ
ရောဂါအခံ ရှိသူတွေ
ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မေမေတွေ၊ ကလေးတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။

#မယ်ဇလီဖူး #ငါးရံ့

Photos from Guys in the Kitchen's post 29/05/2023

ခရမ်းချဉ်သီးငပိချက် ချက်မလို့ပဲ ပျင်းတာနဲ့

ခေါက်ဆွဲသုပ်ဖြစ်သွားတယ်

ရှိတာလေးတွေရှာကြံလိုက်တော့

ခေါက်ဆွဲလေးရယ် အာလူးလေးရယ် ပဲပြားကြော်လေးရယ် ပဲတီချဉ်လေးရယ်ရှိနေတာနဲ့ပဲကျတ်မှုန့်လေး မန်ကျည်းချဉ်လေးနဲ့ ဆီချက်လေးအမြန်ချက်ပြီး နယ်စားလိုက်တယ်

ဂေါ်ဖီလေးကိုတော့ ငရုပ်ကောင်းမှုန့် လေးနဲ့ ၁၀ မိနစ် ဟင်းခါးလေးအမြန်ချက် ….

ရပ်ကွက်ထဲမှာဆို အသုပ်သည်ဆီ ခနခန သွားစားပြီး ဟင်းရည် တွေ ၃-၄ ခွက်တောင်းသောက်ကြ

အခုတော့လဲ ……

Photos from Guys in the Kitchen's post 26/05/2023

Singapore လိုဆိုရင်တော့ Simple Food la ပေါ့

မြန်မာ အတွက်လဲ တကယ့်ကို အခြေခံလူတန်းစားအတွက် ပုံမှန်စားစရာတမျိုးပါ…

မျှစ် ချဉ်ပေါင်ဟင်း နဲ့ ငပိရည်တို့စရာ …

တခုတော့ ရှိတယ် အဲ့နောက်ကွယ်က တခုချင်းစီရဲ့ ပြင်ဆင်ရတာတွေ

အမေတွေနဲ့ တမိသားစုလုံးအတွက်ပြင်ဆင်နေရတဲ့ သူတွေပဲ နားလည်မှာ …

မျှစ်ချဉ်ပေါင်အတွက် မျှစ်ကို ၂ ရေလောက်ပြုတ်ရတယ် ရေပြန်ဆေးရတယ် ချဉ်ပေါင်ရွက်ခြွေရတယ် ပုစွန်ထည့်ချင်ရင်ပုစွန်ကိုင်ရတယ် …

ငပိရည်ကောင်းရဖို့ ထမင်းရည်လိုတယ် ရေကျိုငပိလေးလိုတယ် ဆနွင်းကောင်းကောင်းနဲ့ ထည့်ကြိုမှ တကယ့်အနံ့အရသာကိုရတယ် ဒီထက် ဇာချဲ့ချင်ရင်တော့ ကြက်သွန်ဖြူ ငရုပ်သီးစိမ်းကို မီးဖုတ်ပြီး ပုစွန်ခြောက်မှုန့်နဲ့ထောင်းပြီး ငရုပ်သီးလှော်ထည့်ပြီး ငပိရည်ဖျော်ရတယ်

တို့စရာအတွက်က စျေးကဝယ်တဲ့ တို့မြှုတ်သီးရွက်လေးတွေဝယ်စားဖို့အဆင်ပြေပေမယ့် ပဲတီချဉ်ကျတော့ ကိုယ်တိုင်လုပ်မှပဲအဆင်ပြေမယ် ပဲပင်ပေါက်ကိုရေဆေး ဆန်ဆေးရည်ထဲ ဆားဖျော်ထည့်ပြီး ၃-၄ ရက်လောက်စိမ်ထားမှ လိုချင်သလိုရတယ်

ကြည့်လိုက်ရင်တော့ ချဉ်ပေါင်ဟင်းနဲ့ ငပိရည်တို့စရာပါပဲကွာ လို့ဆိုပေမယ့် အမေတွေ အိမ်ရှင်မတွေအတွက်တော့ ရိုးရှင်းတဲ့ အစားအစာ မဟုတ်တာတော့အသေအချာပါပဲ …

စေတနာပါမှ မေတ္တာရှိမှ စားထိုက်မှ စားရတဲ့ ရိုးရှင်းတဲ့မြန်မာ ထမင်းဟင်းပဲဖြစ်ပါတယ် …..

Photos from Guys in the Kitchen's post 25/12/2022

ထိုင်းမှာလဲ မြန်မာအကြော်လေးတွေရှိတယ်

18/12/2022

မြန်မာရိုးရာလူကြိုက်အများဆုံးဟင်းထဲက အမယ်တွေ …

ဘာဟင်းပါလိမ့် ……..

21/07/2022

ဘုရားပွဲသွားစားမယ်

Photos from Guys in the Kitchen's post 17/07/2022

#ကြက်ဘူးသီးကာလသားချက် 🐓🐓🐓🍐🍐🍐

က ကာလသားတွေဆိုတော့ ကာလသားဟင်းချက်ကြတာပေါ့ ... 😉😉😉 (နောက်ဆုံး ၂ ပုံကို မကြည့်ပါနဲ့နော် 🤫🤫🤫) 🍁🍁🍁

#ကြက်သား လိုမယ် #ဘူးသီး နုနု လိုမယ်

ကြက်သားတွေကို #ဆား #နနွင်း နဲ့ #ငရုပ်သီးမှုန့် နဲ့ နယ် နှပ်ထားမယ် အရိုးအသားဆိုပိုကောင်းတယ် မြန်မာကြက် (ကြက်မာ) ဆိုပိုကောင်းပါတယ်

#ကြက်သွန်ဖြူ #ကြက်သွန်နီ နဲ့ #ဂျင်း ကို #စပါးလင် နဲ့ အတူ ဆီသတ်မယ် မွှေးလာရင် ကြက်သားထည့်ပြီး မွှေမယ် ချက် လုံးမယ် #ဘူးသီး လေးတွေကို စိတ်ထားမယ် အခွံမခွာလဲရတယ် ရင့်တယ်ဆိုရင်တော့ ခွာပေါ့

ချက်ထားတဲ့ကြက်ကို ရေရောမယ် ကြက်အနူးစိတ်ကြိုက်ရပြီဆိုရင် အရသာသေချာချိန်ပြီး ဘူးသီးတွေထည့်ပါမယ်

ဘူးသီးကနုရင် အကျတ်မြန်တတ်တော့ မီးကို သတိထားချိန်ပြီး ချပါ ပြီးရင် မဆလာလေးအုပ်ချလိုက်ပါ

နောက်ဆုံး ၂ ပုံကဟာတော့ ထည့်လဲရတယ် မထည့်လဲရတယ် သဘောပါနော် 😉😉😊😉🤣🤣🤣🤣

ကြက်သားကာလသားချက်လေးက ဒီအတိုင်း အိမ်မှာ ချက်စားရင်လဲ စားဝင်ပါတယ် သူနဲ့ အလိုက်ဖက်ဆုံးက #ငပိထောင်း ပါ အဲ့ဒီတော့ ငပိထောင်းလေးပါ ကြိုပြင်ထားပြီး မိသားစုတွေ စားလိုက်ကြပါ 😄😄😄😄😄

Photos from Guys in the Kitchen's post 16/07/2022

#ငါးရံ့ဆန်လှော်ဟင်း

က ဒီနေ့တော့ ငါးရံ့ဆန်လှော်လေး ချက်ကြည့်ကြတာပေါ့

နေထိုင်မကောင်း အစားအသောက်ပျက်နေတယ် ထမင်းစားချင်စိတ်မရှိဘူးဆိုရင်တော့ ဒါလေးက စားဝင်စေမှာပါ

#ငါးရံ့ တကောင်ကို အတုံးလေးတွေတုံးပြီး #ငရုပ်သီးမှုန့် #နနွင်းမှုန့် နဲ့ အရသာမှုန့်တို့နဲ့ နယ်ဖတ်နှပ်ထားပါ

#ကြက်သွန်ဖြူ #ကြက်သွန်နီ တို့နဲ့အတူ #ဂျင်း #စပါးလင် တို့နဲ့ရော ကြိတ်ပြီး ဖယ်ထားပါ

#ဆန် စားပွဲတင်ဇွန်း ၄ ဇွန်းစာကို မွှေးလာတဲ့အထိ လှော်ပါ (တချို့ကတော့လှော်ပြီး ကြိတ်ပြီးချက်တယ် ကိုယ်တွေကတော့ ဟင်းပြစ်ခဲမှာစိုးလို့ ဒီတိုင်းပဲထည့်တယ်)

ဆီထည့်ပြီး ငါးတုံးလေးတွေကို အပေါ်ယံတင်းအောင် အရင်ကြော်ပါ အဲ့ဒါမှ အရည်ချက်တဲ့အခါပုံမပျက်အောင်

ငါးလေးတွေ နေတော်ရင် ကြိတ်ထားတဲ့ ဟင်းခတ်နှစ်တွေထည့်ပြီး သမအောင်မွှေချက်ပါ စပါးလင် အမြီးလေးတွေကိုပါ ထုံးပြီးထည့်ပါ အနံ့ပိုမွှေးအောင်

ဆီလေးပြန်ပြီး စပါးလင်အနံ့လေးသင်းပြီဆို လှော်ထားတဲ့ ဆန်ကိုထည့်ပါ ရောမွှေပြီး ရေလေးပါ ထည့်ပြီးတည်လိုက်ပါ

အရသာအပေါ့အငန်စိတ်ကြိုက်ချိန်ပြီး ဆန်လေးတွေလဲ ကျတ်ပြီဆို ချလို့ရပါပြီ

ထမင်းစားမဝင်လဲကိစ္စမရှိဘူး ဆန်ပါပြီးသားဆိုတော့ စားလို့လဲဝင်တယ်

အရသာလေးကလဲ ငါးရဲ့အချို စပါးလင် ငရုပ်သီးတို့ရဲ့ အစပ် နဲ့ အတော်လေးကောင်းပါတယ်

နေထိုင်မကောင်း အစားအသောက်ပျက်နေတယ်ဆိုရင်တော့ လုပ်စားကြည့်ပါ အလုပ်လဲမရှုတ်သလို အရသာလဲ ထူးထူးခြားခြားလေး ခံစားရမှာပါ

ဆန်စေ့ အစား ဆန်ပြုတ်ထုတ်က အမှုန့်လဲထည့်လို့ရပါတယ်

Photos from Guys in the Kitchen's post 15/07/2022

#ကြက်မရမ်းပြားချဉ်စပ်ဟင်းရည်

ကတော့ဒီတခါ ခံတွင်းပျက်နေတဲ့သူတွေအတွက် စားကောင်းစေမယ့်ဟင်းလေးချက်ဖြစ်တယ်

သူငယ်ချင်းတယောက်က ကိုဗစ် ပြန်ဖြစ်တော့ ခံတွင်းလိုက်အောင်ရယ် အာဟာရဖြစ်တာရယ်ကိုတွေးပြီးချက်ဖြစ်တယ်

သူကလဲ မွန်မလေးဆိုတော့ #မရမ်းပြား နဲ့ချက်တဲ့ဟင်းလေးတွေကြိုက်မှာပဲလေ ☺️☺️☺️

အဲ့ဒီတော့ #မရမ်းပြား ၄-၅ ပြား #ငရုပ်သီးစိမ်း #ဂျင်း နဲနဲကြီးကြီး #ကြက်သွန်ဖြူ #ကြက်သွန်နီ လေးတွေလိုပါမယ် #ကြက်သား ကတော့ မပါမဖြစ်ပေါ့

စွပ်ပြုတ်ပုံစံဖြစ်တဲ့အတွက် ဆီနဲနဲ လေးပဲထည့်ပြီး ကြက်သွန်ဖြူနီနဲ့ငရုပ်သီးစိမ်းတွေကိုအရင် လှော်ပါမယ်

မွှေးလာတဲ့အခါ ကြက်သားနဲ့ဂျင်းတုံးထည့်ပြီး ခနချက်ပါမယ်

အားလုံးရောသမပြီး ကြက်သားလဲ စပြီး အပေါ်ယံတင်းလာပြီဆို မရမ်းပြားနဲ့ ရေထည့်ပြီး ချက်ပါ့မယ်

အရည်အနည်းအများနဲ့ အရသာအပေါ့အငန်ကိုတော့ စိတ်ကြိုက်ချိန်ပါ အဓိကကတော့ မရမ်းပြားရဲ့ အရသာ နဲ့ ငရုပ်သီးရဲ့အရသာကို ကျော်မသွားစေနဲ့ပေါ့နော် 😜😜

ကဲ ချက်လို့ပြီးရင်တော့ ဒီအတိုင်းပဲထိုင်သောက်သောက် ထမင်းနဲ့ပဲစားစား အတော်ပဲ

ကိုယ်တွေကတော့ ထမင်းနဲ့ အရည်များများဆမ်းပြီး ငပိရည် အနှစ်လေးနဲ့ ခေါက်စားလိုက်တယ် နေမကောင်းတဲ့သူတော့မသိ ကိုယ်တွေက စားလို့ကောင်း😬😬😬😬

ကိုဗစ်တွေပြန်လည်လာပြီ ဆိုတော့ သတိထားကြပါ အရည်နဲ့ရေ များများသောက် များများစားကြပါ ဂရုစိုက်ကြပါ

Photos from Guys in the Kitchen's post 08/07/2022

က #ဝက်သားအချိုချက်

#ဝက်သား ကို #ဂျင်း #ကြက်သွန် နဲ့ ဆီ နဲ့နယ် နှပ်

#သကြားညို ကို အိုးထဲအရင်ထည့် သကြားအရည်ပျော်ပြီးညိုလာရင် ဝက်သားထည့် မွှေ ပြီးရင် ရေထည့် မီးအေးအေးနဲ့နှပ်

ကိုယ်တွေတော့ ၃ နာရီကျော် ၄ နာရီလောက်ကို ချက်လိုက်ရတာ 😜😜😜😜

ဝက်သားအချိုချက်လေးနဲ့ ငပိရည် လေးနဲ့ကတော့လိုက်မှလိုက်ပဲ

ဂလု ....

Photos from Guys in the Kitchen's post 30/06/2022

ကနေ ဒီတခါတော့ #ခရမ်းသီးမီးဖုတ်သုပ် လေးလုပ်စားဖြစ်တယ်

#ခရမ်းသီး တွေကိုမီးဖုတ်ပြီး ဈေးထဲရောင်းတာတွေတွေ့ဖူးကြမှာပါနော်

ဒီမှာတော့ ခရမ်းသီးမီးဖုတ် ဝယ်ရင် #ငရုပ်သီးမီးကင် နဲ့ #ကြက်သွန်ဖြူမီးကင် လေးပါ တွဲရပါတယ်

ဒီတော့ #ကြက်သွန်နီ လေးစိတ်မယ် အရသာမှုန့်လေးနဲ့ ဆီစိမ်းလေးပေါက်ပြီး နယ် လိုက်တယ်

ခုနက မီးဖုတ်ထားတဲ့ အရာတွေရဲ့အနံ့က ပိုပြီးထင်ရှားလာပြီး စားလို့ပိုကောင်းသွားတယ်

တကယ်တော့ နံနံပင်နဲ့ ပုစွန်ခြောက်မှုန့်ပါရင် ပိုကောင်းမှာ

စားကြည့်ကြနော် ....

Photos from Guys in the Kitchen's post 28/06/2022

#ဘဲဥငါး‌‌သီးစုံပဲဟင်း

ကနေ ဒီတခါတော့ ဘဲဥသီးစုံပဲဟင်းလေးချက်ဖြစ်တယ်

#ဘဲဥ ကအဆီနှစ် ပြည့်ပြည့်ဝဝနဲ့ စားလို့ကောင်းလို့ ကြိုက်တယ် သူ့ကိုအရင်ပြုတ်ပြီး အခွံခွာ အပေါ်ယံလေးမွှန်းပြီး အရသာမှုန့်နဲ့နယ်ထား

ပြီးရင် #ဂျင်း #ကြက်သွန်ဖြူ #ကြက်သွန်နီ လေးကို ကြိတ်ထား #ငါးခြောက် လေးကို တုံးပြီး ရေစိမ်ထား အမှန်တော့ ငါးရံ့ခြောက်နဲ့စားချင်တာ ဒီ မှာက ရှာရမလွယ်လို့

ကြက်သွန်ဖြူနီ ကို ငရုပ်သီးမှုန့်နဲ့ ဆီသတ် ပြီးရင် #ခရမ်းချဉ်သီး တွေထည့်ပြီး ချက် ပြီးတော့ ငါး‌ခြောက်လေးကို အရင်ချက်မယ်

ပြီးတော့မှ ဘဲဥလေးတွေထည့်မွှေမယ် #အာလူး ထည့်မယ် ရေအနည်းငယ်နဲ့ #မန်ကျည်း ရည်လေးပါထည့် #ကုလားပဲ လေးကို ရေစိမ် ပြီး ပြုတ်ထားတာကို ကြိတ်ထည့် ၁၀ မိနစ်လောက် ချက်ထားမယ် ဒါမှ အရသာတွေဝင်လာမှာ မေ့လို့ #ငရုပ်သီးစိမ်း လေးတွေပါထည့်လိုက် အရသာကောင်းအောင်

၁၀ မိနစ်လောက်ကြာရင် တော့ အာလူးလေးကိုစမ်းကြည့် ပျော့လာရင်တော့ #ရုန်းပဒေသီး လေးတွေထည့်မယ် #ပျဉ်းတော်သိမ် ရှိရင်တော့‌ပိုကောင်းတာပေါ့ #မဆလာ လေးပါအုပ်လိုက် ပိုပြီး ရှလွတ်တာပေါ့

အမေတွေကတော့ အိမ်ကသူတွေစားစေချင်လို့ သေချာချက်ပေးကြမှာပါပဲ စားရတဲ့သူတွေက ဂျီးများခွင့်ရှိပေမယ့် ဒီလိုဟင်းချက်ပေးပြီဆိုရင်တော့ တကယ် စိတ်စေတနာ ရှိပြီး အလုပ်ရှုတ်ခံနိုင်မှ ချက်လို့ရတဲ့ ဟင်းပါနော်

ကဲ ... ကိုယ့်ရဲ့ ချစ်ခြင်း မေတ္တာတွေကို ဒီလိုဟင်းလေးချက်ပြီး ပြလိုက်ကြရအောင်လေ .. နော်

Photos from Guys in the Kitchen's post 15/06/2022

ရဲ့ညစာလေးပါ

မချက်မပြုတ်ရပေမယ့် ချက်ရတာထက် အလုပ်ရှုတ်ပါတယ် 🥴🥴🥴🥴

#ဆလပ်ရွက် #ပန်းဂေါ်ဖီစိမ်း #ခရမ်းချဉ်သီး #ပဲပင်ပေါက် #မြေပဲပင်ပေါက် #နေကြာစေ့ #သံလွင်သီး #မှို #ဝက်ဘေကွန် #ဂဏန်းသားခြောက် #ပေါင်မုန့်ခြောက် #ချိစ် #ဂျာမန်ဝက်အူချောင်း နဲ့ #အုန်းဆီ တို့ကို ရောနယ်ပြီး စားလိုက်တာပဲ 😁😁😁😁

အကုန်အကျလဲပိုများသလို အလုပ်လဲတကယ်ရှုတ်တာပါ ပြင်ဆင်ရင်း စားချလိုက်တာက တဝက်လောက်ရှိမယ် 😬😬😬😬

ဒါပေမယ့် တခါတလေတော့လဲ မဆိုးပါဘူးလေ 🤪🤪🤪🤪

Dressing တွေကတော့ ကြိုက်လို့ ၂ မျိုးသုံးလိုက်တယ် နဲ့

ရှိတာနဲ့ လုပ်စားကြပါဦး ပုံလေးတွေလဲ ပြသွားကြပါနော် သရေတူတူကျကြတာပေါ့ 🤤🤤🤤🤤

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ธุรกิจการปรับปรุงบ้าน ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

วิดีโอทั้งหมด (แสดงผลทั้งหมด)

မုန့်ဟင်းခါးကြိုက်ကြတဲ့သူရှိလား မုန့်ဟင်းခါးဆိုရင် ဘာပါမှ ဘယ်လိုချက်မှဆိုတဲ့ အစွဲရှိလားမုန့်ဟင်းခါးကို ဘယ်လိုအချိန်တွေမှ...
အုန်းနို့ခေါက်ဆွဲလေးကို ဘူးသီးကြော်နဲ့ အမှန်တော့ ညှပ်ခေါက်ဆွဲနဲ့ စားချင်တာ
၅ မိနစ် ညစာ …  မန်ကျည်းရွက် ဟင်းရည်   ခရမ်းချဉ်သီးသုပ်   ဒါပဲ
The first meal of 2024 ….#နှမ်းဖတ်ချဉ်သုပ် #ပဲသီးကြော် #guysinthekitchen
စတော်ဘယ်ရီသီးသုပ်ငံပြာရည်လေးရယ် ငရုပ်သီးမှုန့်လေးရယ် ရောနယ်လိုက်တာချို ချဉ် ငံ စပ်လေး#စတော်ဘယ်ရီသီး #GuysintheKitchen
ငါးဖယ်ခြစ်လေးရလို့ဝယ်လာတယ်ချက်တဲ့သူတွေညှိမရလို့ ကိုယ့်အကြိုက်ကိုယ်ချက်တယောက်တမျိုး ၂ မျိုးချက်လိုက်တယ် …တမျိုးက  အစိမ်းက...
ဘုရားပွဲသွားစားမယ်
ဒီတခါတော့ စျေးက ဝယ်လို့မရတဲ့ဟာလေး ချက်ပြီလေ #ပိန်းရိုးပုစွန်ကြော်ချက် ပိန်းရိုးက ရိုးရိုးတော့ဟုတ်ဘူး Hein Min Latt Nurse...
အမဲမြေအိုးချက် ….. coming soon #guysinthekitchen #အမဲသား #မြေအိုး

เว็บไซต์

ที่อยู่

Bangkok
วัสดุอุปกรณ์งานครัว อื่นๆใน Bangkok (แสดงผลทั้งหมด)
เมียผมชอบกินเผ็ด เมียผมชอบกินเผ็ด
Bangkok

#เมียผมชอบกินเผ็ด #อะไรก็ได้ใส่พริก

กาแฟโบราณ JayAeh กาแฟโบราณ JayAeh
49/84
Bangkok, 10230

ชาตอง 666 #ชาตรามือ# ถุงกรอง ตรามือ#โอเล

Favvy Kitchen Stainless กล้วยน้ำไทการช่าง Favvy Kitchen Stainless กล้วยน้ำไทการช่าง
3947 พระราม 4 พระโขนง คลองเตย
Bangkok, 10110

ร้านเครื่องครัว Kitchen stainless and Bakery equipment supply เครื่องครัวสแตนเลส อุปกรณ์เบเกอรี่

เนื้อแดดเดียวมันแทรก By กูกู้ เนื้อแดดเดียวมันแทรก By กูกู้
ประชาอุทิศ
Bangkok, 10140

คุณภาพของเนื้อมันแทรกที่ดี หมักและตากอย่างลงตัว จึงเกิดเป็น กูกู้ เนื้อมันแทรกแดดเดียว

Krave - ลองทำกิน Krave - ลองทำกิน
Bangkok

Learning ingredients and recipes both local and different cultures from savory, snacks, dessert and bakery.

เจ๊ฝ้ายหมูกระทะ เจ๊ฝ้ายหมูกระทะ
วิภาวดี16/33
Bangkok, 10900

หมูกระทะหอมกรุ่น จากแดนอีสานอุบลเรา

Yummy  Me yum Yummy Me yum
พญาไท
Bangkok, 10330

น้ำยำ 5 แบบ 5 สไตล์ บวกกับวัตถุดิบคุณภาพ. ซี๊ดซ๊าดในแบบที่คุณช

She Home Cooking and More She Home Cooking and More
Bangkok

home cooking must be clean, simple and easy

SteetFood SteetFood
Bangkok

Follow Like Share!

Phallyផលី Cooking Phallyផលី Cooking
326 Soi Rama IX 17, Bang Kapi, Huai Khwang
Bangkok, 10310

បងប្អូនទាំងអស់បើចូលចិត្ត follow page ម្នាក់មួយផងណាបងប្អូន

Food HDTV Food HDTV
625/1 Sathupradit 49 Sathupradit Road
Bangkok, 10120

Chinese Traditional Food