NOAH Special Burmese Foods
Nearby schools & colleges
West Bay –Dafna-district, United Nation Street, opposite to the Lebanese School
Special Burmese Foods for you
ကာတာရောက် မြန်မာမိသားစုများအားလုံး မင်္ဂလာပါ
🇲🇲🇶🇦
မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေကြောင်း NOAH အဖွဲ့သားများမှ ဦးစွာပထမ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ် 🙏
အခက်အခဲတွေကြားထဲက ဘဝကို အကောင်းဆုံး ရုန်းကန်နေကြတဲ့ မိသားစုဝင်တွေ၊ လက်ရှိအလုပ်အပြင် နောက်ထပ် ဝင်ငွေလမ်းကြောင်းသစ်တစ်ခုကို တည်ဆောက်ချင်သူတွေအတွက် ကျွန်မတို့ NOAH မှ သတင်းကောင်းတစ်ခု ပါးပါရစေ.
မကြာခင်မှာ ကျွန်မတို့ NOAH အဖွဲ့သားများ ကာတာနိုင်ငံမှာ စားသောက်ဆိုင် စတင်ဖွင့်လှစ်ရန်ရည်ရွယ်ထားပါတယ်.
မြန်မာ့ရိုးရာအစားအစာတွေတင်မကဘဲ စျေးကွက်ထိုးဖောက်နိင်မဲ့ အသစ်အသစ်သောမုန့်များ ဖန်တီးကာ ပုံစံအသစ် လက်ရာအသစ် ကိုယ်ပိုင်တီထွင်မှု အသစ်များနဲ့ လုပ်ဆောင်ကာ ဈေးကွက်ကို ထိုးဖောက်သွားမှာပါ
ရိုးရာနှင့် ခေတ်မီဆန်းသစ်မှု ပေါင်းစပ်ထားသော Menu များဖြင့် ဈေးကွက်ချဲ့ထွင်ပြီး မြန်မာပြည်သူများသာမက အခြားသော လူမျိုးများအတွက်ပါ ဖန်တီးသွားပါမယ်
ဒီခရီးစဉ်မှာ ကျွန်မတို့နဲ့အတူ စီးပွားရေးအရ အကျိုးတူလက်တွဲမယ့် Shareholders (ရှယ်ယာရှင်များ) ကို ဖိတ်ခေါ်လိုပါတယ်။
✅ ပွင့်လင်းမြင်သာမှုရှိသော အမြတ်ခွဲဝေမှု
✅ ဆန်းသစ်သော စီးပွားရေး Model
✅ ခိုင်မာသော လက်တွဲဆောင်ရွက်မှု
ထည့်၀င်မှုငွေပမာဏအနည်းအများပေါ်မူတည်ကာ အမြတ်အစွန်းပြန်လည်သတ်မှတ်ပေးမှာပါမယ်
မိမိရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ရင်း ဘဝကို တဖက်တလမ်းက မြှင့်တင်ဖို့ ကျွန်မတို့နဲ့အတူ လက်တွဲလိုက်ရအောင် 🤝✨
23/04/2026
Order လေးတွေ ညနေ ၄ နာရီမှာ ပိတ်ပါမယ်ရှင်
ကျေးဇူးပါချစ်တ်ို့ရေ 😘😘
21/04/2026
ကာတာက ချစ်မိတ်ဆွေတို့ရေ... 👋
အသစ်အဆန်း မုန့်လေးတစ်မျိုး ထပ်ပါလာပြီနော် ✨ "ကောက်ညှင်းထိုးမုန့်" လေးပါရှင်...ချိုချိုဆိမ့်ဆိမ့် အရသာလေးနဲ့မို့ အကြိုက်တွေ့စေမှာ အသေအချာပါပဲနော် 😍💨
အခြားသော မုန့်များနဲ့အတူ လာမဲ့ သောကြာနေ့ (24.04.2026) အတွက် Order တွေ စတင်ကောက်ခံနေပါပြီရှင် 📝🛍️
ဒီတစ်ခါတော့ Delivery time လေး အနည်းငယ် ပြောင်းလဲချင်ပါတယ်ရှင့် 🕒 နေ့လည် ၁၂ နာရီ ကနေ စတင်ပြီး ညနေ ၄ နာရီ အတွင်းကို အိမ်အရောက် ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်ရှင် 🛵🏠
အရသာရှိတဲ့ မုန့်လေးတွေ မြည်းစမ်းဖို့ အခုပဲ Order တင်လိုက်တော့နော်... 💖✨
6608 4338
17/04/2026
ကာတာက ချစ်ရတဲ့ မိတ်ဆွေများရှင်... ဒီနေ့မှာယူအားပေးကြတဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်နော် 🥰🙏
ဒီ ၂၀၂၆ ခုနှစ်သစ်မှာ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လိုရာဆန္ဒတွေ ပြည့်ဝကြပါစေလို့ NOAH မိသားစုကနေ ချစ်ခင်စွာဖြင့် ဆုတောင်းပေးလိုက်ပါတယ်ရှင် 🌸✨🎀
16/04/2026
ချစ်တို့ရေ မနက်ဖြန်အတွက် Order လေးတွေအတွက် ဒီနေ့နေ့လည် ၅ နာရီတွင် ပိတ်ပါမည်ရှင်
15/04/2026
၂၀၂၆ သင်္ကြန်စာ မုန့်လုံးရေပေါ်လေးတွေနဲ့အတူ ပြန်လာပြီနော် ✨
သောကြာနေ့ (17.04.2026) အတွက် order လေးတွေကို အခုကတည်းက စတင်ကောက်ခံနေပါပြီရှင် 🍡💖
Qatar မြို့နယ်အတွင်းက ချစ်ရတဲ့သူတွေအတွက် အထူးအစီအစဉ်အနေနဲ့...
✅ QR 20 ဖိုးနှင့်အထက် မှာယူသူတိုင်း Delivery Free 🚚✨
✅ ဒါ့အပြင် မုန့်လုံးရေပေါ်လေးကို ၂ ဗူးဝယ် ၁ ဗူး လက်ဆောင် (Buy 2 Get 1) လေးစီစဥ်ထားပါပြီရှင် 😍🎁
အမြန်ဆုံးလေး Hello လုပ်လိုက်တော့ရှင့် 📲💨
6608 4338
#သင်္ကြန်စာ #မုန့်လုံးရေပေါ် ✨☀️
14/04/2026
အခုလာမဲ့ သောကြာအတွက် Order လေးတွေဖွင့်ပြီနော် ချစ်တို့ 😘😘😍
မုန့်ဖတ်ထုတ်လေးပါလာပြီနော်
12/04/2026
ဒီအပတ် သောကြာအတွက် Order လေးတွေဖွင့်ပြီနော် ချစ်တို့ 😘😘😍
10/04/2026
အခုလို အများကြီး မှာယူကြတဲ့ ကာကာတ်ို့ကို အထူး ကျေးဇူးတင်ရှိပါတယ် 😘😘😘
နောက်အပတ်ပြန်တွေ့မယ်နော်
08/04/2026
ချစ်တို့ရေ... လာမယ့်သောကြာမှာ မြန်မာပြည်ကြီးကို လွမ်းရင်းနဲ့ အဆာပြေမုန့်လေးတွေ တူတူစားရအောင်နော်! 🥨🇲🇲 မမေ့နဲ့ဦးနော်... စောင့်နေမယ်ရှင့်! 🌈✨🙆♀️
6608 4338
Click here to claim your Sponsored Listing.
Telephone
Website
Address
Old Airport
Doha
00000