MC Lwin Oo

MC Lwin Oo

Sharing is Caring!

Oo Cho Page မှာ ကြေးအိုး၊ကြေးအိုးဆီချက်၊မုန့်ဟင်းခါး ၊ချဉ်ပေါင်ကြော် တို့ကို ကာတာရှိ ရွှေမြန်မာတွေအတွက် အဓိက ရောင်းချပေးနေပါတယ်။။
မြန်မာအစားအစာနှင့် အခြား အစားအစာ ချက်ပြုတ်နည်း များကိုလည်း လေ့လာနိုင်မှာဖြစ်သလို၊ ကြေးအိုးဆိုင်ဖွင့်လိုသူများ၊ ကြေးအိုးနှင့်ပါတ်သက်၍ သိလိုသူများအတွက်လည်း အကျိုးရှိစေမှာပါခင်ဗျာ။

10/05/2023
20/04/2023

Eid Mubarak

11/04/2023

၀က်သား မစားတဲ့ အမျိုးတွေအတွက် ကျော်သွားပေးဖို့မေတ္တာ ရပ်ခံပါတယ်

မြန်မာစတိုင်လည်း ဖြစ်ရမယ်
ကိုယ်ချက်တာမှလည်း စားချင်တယ်
ပြီးတော့ ထမင်းနဲ့စားမှာ မဟုတ်ဖူးနော်ဆိုတော့
အသားကလည်း ၀က်သား
ပစ္စည်းကလည်း ရှိတာနဲ့ပဲရယ်

ဖြစ်ပါတယ်

ကျွန်တော်ပဲလေ

၀က်သားကို အတုံးသေးသေးလေးတွေလှီးပြီး
ဆား၊ နနွင်း၊ အရောင်တင်၊ ငရုတ်ကောင်းမှုန့်နဲ့ အရင်နယ်။
ကြက်သွန်နီများများလှီးပြီး အရင်ကြွပ်အောင်ကြော်
ကြက်သွန်ဖြူ အကွင်းလိုက်လေးတွေလှီးပြီး ကြော်
ဂျင်းလည်း အချောင်းရှည်ရှည်လေးတွေ လှီးပြီးကြော်

အကုန်လုံးကို ဆယ်ထားပြီးတော့

အခုန ဆီပူထဲ ၀က်သားထည့်ပြီး ကြွပ်အောင်ကြော်လိုက်တယ်
ကြွပ်တယ်ဆိုပေမယ့် ‌ေခြာက်ကပ်ပြီးမာတာမဟုတ်ဖူး‌ေနာ်၊ ၊အပြင်ကကြွပ်ပြီး အတွင်းသားက အိနေတာမျိုး၊။
ပြီးတော့ ကြော်နေတဲ့ ၀က်သားထဲကို ကြက်သွန်နီ နဲနဲထည့်ပြီး ဆက်ကြော်လိုက်တယ်၊ အဲ အားလုံး ချခါနီးတော့ ပဲငံပြာရည် အပြစ်ရှိတယ်ဆိုတာနဲ့ နဲနဲထည့်ပြီး ကြော်ပေး ‌၊ နောက်ဆုံး ငရုတ်သီးစိမ်းလေးတွေ ထည့်လိုက်တယ်။

ပန်းကန်ထဲကို ၀က်သားထည့်ပြီး အပေါ်က ကြက်သွန်ဖြူနီ၊ဂျင်း ကြော်ထားတာ လေး တင်လိုက်တယ်။

သံပုရာသီးဖြစ်ဖြစ်၊ သံပုယိုသီးဖြစ်ဖြစ် ရှိရင်တော့ တစ်မျိုးပိုကောင်းမှာပဲ

ဒါပေမယ့်လည်း ရှိတာနဲ့ အဆင်ပြေသလို ချက်ပေးတာကို ကြိုက်လွန်းလို့ ခေါင်းမဖော်တာ မြင်ရတော့ စိတ်ကျေနပ်ရပြန်တယ်လေ

ကျွန်တော် ချက်တာကို စားချင်လွန်းလို့ ခဏခဏ တောင်းဆိုတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်အတွက် ချက်ပေးဖြစ်တာလေးကို မျှဝေတာပါ။

အသုံးလိုတဲ့သူတွေ ယူသွားကြပြီး
မလိုအပ်တဲ့သူတွေ ကျော်သွားကြဖို့ မေတ္တာ ရပ်ခံရင်း
စိတ်ထဲက ဆန္ဒအတိုင်း ချက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Lwin Oo

07/12/2022

6.12.2022
First Night Out

27/08/2022

Love what you eat
Eat what you love

26/07/2022

ခင်ရာ ဆွေမျိုး
မင်ရာ ဟင်းကောင်းတဲ့
ဘာဟင်းရယ် ညာဟင်းရယ်မှတော့ မဟုတ်ဘဲ
ငြုပ်သီးထောင်းလေးနဲ့ တို့စရာလေးကလည်း
မြိန်ရှက်စေနိုင်တာပါပဲ

ဘယ်သူနဲ့ စားတာလဲ ဆိုတာကလည်း
တခါတရံမှာ ဟင်း ဘယ်လောက်ကောင်းတယ်
ဘာဟင်းနဲ့ စားတယ်ဆိုတာထက် 😍😍😍😍

အမေပြောသလိုပဲ စေတနာလေးတွေထည့်ချက်တော့ စေတနာတွေ ပါလို့ထင်တယ်
အခုချိန်ထိ ဆိုးဆိုးရွားရွား ဟင်းပွဲတွေတော့ မထွက်လာသေးဘူးရယ်

MC Lwin Oo

12/07/2022

Tea time နဲ့ ခေါက်ဆွဲပြုတ်ပဲဆို သိပ်မဟုတ်သေးပါဘူး
ဒီတခါ နားရက်ရရင်ဖြင့်
မာလာရှမ်းကောလေး
ကော ဦးမယ် ဆိုပြီး
အားတင်းထားသေးပါတယ်
အခုတော့ ကြက်သားချီလီပလာတာလေးနဲ့
လက်ဖက်ရည်လေးက တညတာ အဖော်ပေါ့

မာလာရှမ်းကော စားချင်တဲ့သူ လက်ညှိုးထောင်😝😁

Photos from MC Lwin Oo's post 10/06/2022

စိတ်ကူးပေါက်ရာလေးတွေကို
ဆန္ဒရှိသလို ချက်စားဖြစ်ပါတယ်
Standard တွေ Method တွေ မရှိတော့ဘဲ
စိတ်ထဲ ရှိသလို လုပ်နေရချိန်လည်း
စားလို့ကောင်းတာပါပဲ

ဘယ်လိုချက်ချက် ဘယ်လိုကောင်းကောင်း
အမေ့မီးဖိုချောင်ထဲက ငါးပိရည်ကျိုလေးနဲ့
အမေ့လက်ရာလေးတွေတော့ လွမ်းတယ်

ကျွန်တော့်လိုပဲ အမေ့ လက်ရာ လွမ်းတဲ့ သူတွေ ရှိရင် up သွားကြ။

အမေ့လက်ရာတွေထဲမှာ ကျွန်တော် သတိတရနဲ့ ပိုလွမ်းဖြစ်တာက

❤️❤️ပဲပြားကြော်နှပ်လေးပါပဲ❤️❤️

ပဲပြားကြော်နှပ်လေး အကြောင်း သတိရပြီဆို ငယ်ဘ၀ကိုပါ ခဏ ပြန်သွားကြည့်မှ ရတော့မယ်

ကျွန်တော် ငယ်ငယ်က မပူမပင် ကျောင်းတက်ရဖို့ အမေက
ဟသ်ာတ မြို့ပေါ်မှာ ဆေးရွက်ကြီးတွေကို အစီးစည်းရတဲ့ အလုပ်လုပ်တယ်

ကျွန်တော့်ကို မေးကြတယ် အိမ်ရယ် မိသားစုရယ် ခွဲနေရတော့ မလွမ်းဘူးလားတဲ့
တစ်ဦးတည်းသော သား
အမေတခု သားတခုမို့ သနားကြတာထင်ပါတယ်

အင်းဗျ
မိသားစုနဲ့ ခွဲနေရတာ ချစ်ရတဲ့ သူတွေနဲ့ ဝေးရတယ်ဆိုတာ က
အခုမှ မဟုတ်ဖူးလေ
အသက် 7နှစ်လောက်ကတည်းက
နေလာခဲ့ရ၊ကြုံလာခဲ့ရတာဆိုတော့ နေသားကျ၊ကျင့်သားရသွားတယ် ဆိုရမလား။
အရမ်းကြီ့း လွမ်းနေတာတော့ မရှိတော့ဘူးဗျ။

အခုလို အမေ့လက်ရာလေးတွေ လွမ်းမိတာလောက်တော့ ရှိတာပေါ့လေ။

ပြန်ဆက်ရရင်
အမေက ဟသ်ာတမှာ နေတယ်။
ကျွန်တော်က ရွာမှာ နေတယ်။
ကျွန်တော်တို့ နယ်ဖက်ကနေ ဟသ်ာတကို မော်တော်နဲ့ သွားရတာ များတယ်။
စနေ ၊ တနဂ်နွေ တပါတ်ခြားတိုင်း မော်တော်ပါတ် ကြုံတယ်ဗျ။

ကျွန်တော်တို့ရွာကနေ စနေနေ့ မော်တော်ထွက်ရင်
ဟသ်ာတ ကနေ ရွာကို တနဂ်နွေနေ့ပြန်လို့ရတယ်ပေါ့။

အာ့လို တပါတ်ခြားတိုင်း ကျွန်တော် အသွားအပြန် လုပ်‌ေနကြပဲ။
မော်တော်ခ ကို အာ့တုန်းက ကလေးမို့ မယူကြဖူးဗျ။

‌ဟသ်ာတ ကမ်းနားဆိပ်ကနေ မြို့ထဲ ဈေးကြီးထိဆို ကားခက 100 လား။ 150 လား မသိတော့ဘူး။
ဆိုက်ကားနဲ့ဆိုရင် နဲနဲ ပိုပေးရတယ် ထင်တယ်။

အာ့လို သွားလည်ပြီဆိုရင် ရွာမှာ ကျွန်တော် က အဖွားတွေနဲ့ နေတာမို့
(ကျွန်တော် အမေကြီး(အဖွား) နဲ့ နေရတာပဲ ပျော်ခဲ့တယ်။)
တခြားတွေမှာ နေရင် အနှိမ်ခံရတယ်လို့ ခံစားရတယ်။
အမေကြီးနဲ့ဆို ကျွန်တော့်ကို ချစ်တာ ခံစားလို့ရတယ်လေ။ထားတော့
အာ့တာကြောင့် အမေက ၂ပါတ်စာ စားစရာ၊သောက်စရာ၊ ပိုက်ဆံ ၊ စီစဉ်ပေးတယ်‌ဗျ။အမေ စီစဉ်ပေးတဲ့ စားစရာ တွေမှာ ကုန်ခြောက်တွေအပြင်
ငါးပြာရည်ကြော်၊ ငါးခြောက်ကြော် ကအစ အကုန်စုံတာဗျ။ ရေရှည်အထားခံတဲ့ ခေါက်ဆွဲ၊ကြာဇံ အပြင် ဆီ၊ ကြက်သွန်ဖြူနီ၊ ဂျင်း၊ အကုန်စုံတာပါပဲ။
အာ့တာတွေ ထမ်းပြီး ကမ်းနား ဆင်းရတာတော့ မလွယ်ဖူးဗျ။

ကျွန်တော်လမ်းမှာ စားဖို့ ထမင်းချိုင့်ကအစပေါ့လေ။
ဟသ်ာတကနေ မနက် ၉.၃၀, လောက် စထွက် ရွာကို အစောဆုံးက ၄နာရီဆိုတော့ တနေကုန် စာနေမယ့် သူ့သားဗိုက်အကြောင်း အမေ သိတာပါ့။

ကျွန်တော်က မုန့်ပဲ သားရေစာ စားလည်း ထမင်းမစားရရင် ဗိုက်၀တယ်လို့ မထင်တဲ့က‌ကောင်လေ😁

အာ့လို စီစဉ်ပေးနေကျ ဆိုတော့ တပါတ်တော့ အမေ ချက်ပေးတာ ပဲပြားကြော်နှပ်တဲ့

အစပ်ကြိုက်ပြီး
ငါ‌းဆို ချက်တာမစား
ကြော်ပြီး နှပ်ပေးမှ စားတဲ့ ကျွန်တော့်အကြောင်းသိတဲ့အမေက
ပဲပြားကို ကြော်ပြီး
ခရမ်းချဉ်သီးရယ်၊ ငြုပ်သီးခွဲကြမ်းရယ်နဲ့
ပြန်နှပ်ပေးတာများ
ကျွန်တော် ကြိုက်ပြီကောဗျာ

ငယ်ငယ်ကတည်းက အမေ့ခဗျာ တစ်ယောက်ထဲ ရုန်းကန်ပြီး အစစအရာရာ ဦးဆောင်နေရတာမို့
ကျွန်တော် တို့ ထမင်းဝိုင်းလေးမှာတော့ တမယ်စားလေးတွေ များတယ်‌ဗျ။

ဟင်းတွေ စုံအောင် ချက်ကျွေးချင် ရှာမယ် ဆိုတာ သိပေမယ့် ကျွန်တော်လည်း အဲ့ဒီ တမယ်စားလေးတွေနဲ့ပဲ တကယ် မြိန်ခဲ့တယ်။
တကယ်လည်း ကြိုက်တယ်ဗျာ

အခုလည်း တစ်ယောက်ထဲဆို များသော အားဖြင့် တမယ်စားပဲ ချက်စားဖြစ်တာ များပါတယ်။

ကျွန်တော် ဟသ်ာတနဲ့ ရွာကို အာ့လို အသွားအပြန်လုပ်တာ ဟိုးးးးး မူလတန်း ကနေ အလယ်တန်း၊ အထက်တန်းထိပဲ

အလယ်တန်းတုန်းကဆို မြို့ထဲကနေ ကမ်းနားကြီး ရောက်ဖို့ အမေက ကားနဲ့သွားခိုင်းတယ်၊ မဟုတ်ရင် ဆိုက်ကားစီး ဆိုပြီး အာ့အတွက် ပိုက်ဆံ ‌ပိုပေးတယ်။
ကျွန်တော်တော့ မစီးပေါင်ဗျာ။
အလကား လိုက်ရရင် လိုက်တယ်။
မလိုက်ရရင် လမ်းလျှောက်တာပဲ။

အာ့လမ်းစားရိတ် ပိုက်ဆံ ကျွန်တော့် မုန့်ဖိုးဖြစ်တာပေါ့😁
အာ့တာကြောင့် အပေါ်ဖက်နားလေးမှာ ပစ္စည်းတွေ ထမ်းပြီး လမ်းလျောက်ရတာ မလွယ်ဘူးလို့ ဆ်ုတာပါပဲ😁

စာတောင်ရှည်နေပြီ
အဓိကက အမေ့ ပဲပြားကြော်နှပ်လေး လွမ်းတာဗျ
ကို့ဘာသာလည်း လုပ်စားပါတယ် တခါတလေ
ဒါပေမယ့် အ‌ေမ့လက်ရာတော့ မမီပေါင်ဗျာ။

အမေပြောသလို ဘာလေးချက်ချက် စေတနာလေးပါ ထည့်ချက်ဆိုတာကြောင့်များလား
အမေ့စေတနာတွေကြောင့် ပို‌ေကာင်းတာနေမယ်။
အမေ့ လက်ရာလေးတွေ မစားရတာ ကြာပြီ။
လွမ်းတယ်ဗျာ။

ဒါပေမယ့် အမေ့ကိုတော့ မပြောဖြစ်ဖူးဗျ
တော်ကြာ ကျွန်တော် ရွာပြန်တိုင်း ပဲပြားကြော်ကျွေးနေရင် တောကြက်သားလေး မစားရဘဲနေမှာဆိုးလို့လေ😁တခါတလေ ကျွန်တော် အာ့လို ဉာဏ်ကောင်းသေးတယ်😁

အမေ့လက်ရာ လေးတွေ လွမ်းရင်း
အတိတ်သို့ အတွေးမှာ ခြေဆန့်မိသွားသည်။

02/05/2022

Eid Mubarak 😍❤️

26/04/2022

ဘယ်လိုလေး လှနေလိုက်လဲဆိုတာ
အရမ်းမိုက်
ကိုယ်တိုင်ကြော်ပြီး ကိုယ်တိုင်ပြန်ကျေနပ်
အရသာက နှစ်ဆမိုက်နေရောပဲ
စပြီးရင် မဆုံးချင်တော့လောက်အောင် မိုက်🤤🤤🥢🥢

17/04/2022

မင်္ဂလာပါ
မင်္ဂလာရှိသော နှစ်သစ်လေး ဖြစ်ပါစေ။။
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပြီး အစစအရာရာ အဆင်ပြေ ချောမွေ့ကြပါစေ။

ဒါနဲ့ နှစ်သစ်မှာ
အရသာ ရှိတဲ့
3 step Chicken လေး လုပ်စား ကြည့်ကြမလား?နော်???
ကြက်သားကို ဟင်းအနှစ်လေးနဲ့လည်းစားချင်တယ်🤤🤤
ဒါပေမယ့် ပုံမှန် ချက်နေကြအတိုင်းလည်း ဟင်းလိုမျိုး ချက်မစားချင်ဘူး😏
ကြော်ပြီးလည်းစားချင်တယ် 🤤🤤ဒါပေမယ့် ကြော်လိုက်ပြီး တမျိုးထဲ ခြောက်ကပ်ကပ်လည်း မစားချင်ပြန်ဘူးဆိုရင်တော့🙄

အခု video ထဲက 3 step Chicken လေး အတိုင်း လုပ်စားကြည့်နော်။
ထမင်းပိုစား၀င်ဖို့ အာမခံတယ်။😁😁

VIdeo လေးကြည့်ပြီး မရှင်းရင် လာမေးလို့ရသလို
မင်မင် ချက်တာမှ စားချင်ရင်လည်း Special Request Order တင်လို့ရပါတယ်လို့။

အဆင်ပြေကြပါစေ

23/03/2022

ပေါင်းစည်းခွင့်မရနိုင်မှန်းသိတဲ့ မျဉ်းပြိုင် နှစ်ကြောင်းကိုမှ
ဆုံစေခဲ့ရသလား
ကံကြမ္မာရယ် ခင်ဗျား သိပ်ရက်စက်တယ်ဗျာ

16/03/2022

မနှစ်က ဒီလိုအချိန်တွေပေါ့အားပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်စီကို မေတ္တာစိတ်ရင်းဖြင့် ကျေးဇူးတင်ပါတယ်။
အမှတ်တရတွေ ပြန် share ရင်း
စနေနေ့ ကြေးအိုး ချက်ပါမယ်လို့ အသိပေးချင်ပါတယ်ဗျ။

ဒီတခါ ကြက်နဲ့ ငါးဖယ် အရောတမျိုးထဲ ရောင်းပေးမယ်နော်။
အချိန်ကိုလည်း နေ့လည် ၃နာရီကနေ ၆နာရီအတွင်းပဲ တချိန်ထဲ ပို့ပေးပါ့မယ်ဗျ။

ကြက်ငါးဖယ်ကြေးအိုး = ၂၃
ကြက်ငါးဖယ်ကြေးအိုးဆီချက် = ၂၅

Whatsapp +97466517854 ကနေ လာမှာလို့ ရပါပြီ ခင်ဗျာ။

Thanks , love u all.
MC Lwin Oo

Tuesday အထူးစပါယ်ရှယ်။
Delivery fee အသက်သာဆုံးနဲ့ ပို့ပေးပါတယ်။။
၅ပွဲနဲ့အထက် နီးတဲ့နေရာတွေကို delivery fee မယူပါဘူးနော်။
AlMansoura ဘူတာထိကို ၂ပွဲနဲ့အထက် free delivery နဲ့ပို့ပေးပါမယ်။
၁၆.၃.၂၀၂၁
ငါးဖယ်ကြေးအိုး ၂၄ QR
ငါးဖယ်ကြေးအိုးဆီချက် ၂၆ QR
ကြက်ကြေးအိုး ၂၀QR
ကြက်ကြေးအိုးဆီချက် ၂၂QR

WhatsApp +97466517854

၅ပွဲ မှာရင် ခေါက်ဆွဲဆီချက် တစ်ပွဲစာလည်း လက်ဆောင် ‌ေပေးဦးမှာပါနော်။။။
မနက်ဖြန် တနလ်ာနေ့ ညထိ လက်ခံပေးပါမယ်နော်။။။။

အားလုံးပဲ ဘေးရန်ကင်းကြပါစေဗျာ။

15/03/2022

အပျော်ဆုံး အချိန်တွေ ပြောပါဆိုရင်
ကိုယ်ချက်ထားသမျှကို အားပါးတရ စားကြတဲ့
မိတ်ဆွေတွေကို ကြည့်ပြီး ကြည်နူးရတဲ့ အချိန်တွေပါပဲ။
ငါတို့ နိုင်ငံမှာလည်း အာ့လို အရသာ ရှိလှတဲ့ အစားအစာတွေ ရှိတယ်လို့ တခြားနိုင်ငံသားတွေရှေ့ ဂုဏ်ယူရတာလည်း ပါတာပေါ့လေ😁

မုန့်ဟင်းခါး ဆိုတာ မြန်မာတို့ရဲ့ signature food တစ်မျိုးပဲ မဟုတ်ပါလော။

ဘယ်ဘာသာ၀င်ပဲဖြစ်ပါစေ၊ ဘယ်မျိုးနွယ်စုပဲ ဖြစ်ပါစေ၊ မြန်မာနိုင်ငံသားတွေ ဖြစ်ကြတာနဲ့အညီ မုန့်ဟင်းခါးဆိုတာနဲ့ အင်မတန် နှစ်သက်ကြကြောင်းကိုလည်း ကျွန်တော် ပို၍ သဘောပေါက်ခဲ့ရသည်။

ခင်ရာ ဆွေမျိုး၊ မိန်ရာ ဟင်းကောင်း ဆိုတဲ့ စကားပုံသည်လည်း အမိမြေနဲ့ ဝေးကွာနေကြသော ကျွန်တော်တို့ ပြည်ပရောက် ရွှေတို့အတွက်များ ထားခဲ့လေသလား။

စားစရာတွေ မတင်တာ ကြာလို့ လွန်ခဲ့သော အပါတ်မှ သတိတရ ရိုက်ထားမိသောပုံလေးနှင့် ရောက်တတ်ရာရာ အတွေးလေးများ ပေါင်းစပ်လိုက်ပါသည်။

14/03/2022

Mingalarbar
ဒီနေ့မှာ လိုအပ်မယ့် မိတ်ဆွေတွေ အသုံး၀င်ဖို့အတွက် ကျွန်တော့် အတွေ့အကြုံ တချို့ကို မျှဝေပေးချင်ပါတယ်ဗျ။

PCC Qatar.
Police Clearance Certificate from Qatar CEID(CID)

ဟုတ်ကဲ့
ကာတာရဲ့ အသစ်ပြဌာန်းလိုက်တဲ့ ဥပဒေအရ NOC ( Non Objective Certificate) မရှိဘဲနဲ့လည်း အလုပ် ပြောင်း၊ ကုမ္ပဏီ ပြောင်းလို့ရပါတယ်။ သို့ပေမယ့်

PCC ကို တချို့ ကုမ္ပဏီကြီးတွေ၊ ဟိုတယ်တွေနဲ့၊ အစိုးရ လက်အောက်ခံ အလုပ်တွေ၊ ကုမ္ပဏီတွေအတွက် အဓိက လိုအပ်ပါတယ်။(တချို့သော ကုမ္ပဏီများကြီးသော်လည်းမလိုအပ်တာလည်း ရှိပါတယ်)

မိတ်ဆွေ PCC မလိုဘဲ အလွယ်တကူ ပြောင်းလို့ရတယ်ဆိုရင် အင်မတန် ကံကောင်းတဲ့သူပါပဲ။

ဟုတ်ကဲ့ ကျွန်တော် PCC ယူခဲ့တုန်းက အတွေ့အကြုံကို မျှဝေပေးရင်းနဲ့ ကျွန်တော့်လို မကုန်သင့်တာမကုန် စေဖို့ သတိပြုစရာတွေ၊ လုပ်စရာ ရှိတာတွေကို မျှဝေပေးပါ့မယ်။

PCC ရဖို့ကို Metrash2 ကနေ အလွယ်တကူ လျှောက်ယူလို့ရပါတယ်။
အဓိက လိုအပ်တဲ့ စာရွက်တွေက ၅မျိုးပါ။

၁။ Release letter
၂။NOC
၃။ PCC from Home country or Embassy
၄။ Education Certificate
၅။ Nomination letter

နံပါတ် (၁) ကိုရဖို့က ယခင် အလုပ်ကို Resign တင်လိုက်ရင် သူတို့ က Resign ကို လက်ခံတဲ့ စာ တစ်စောင် ထုတ်ပေးပါတယ်။
အာ့စာထဲမှာ မိမိရဲ့ Notice Period ပါပြီး Last Working Date လည်း ပါပါတယ်။အဲ့တာနဲ့ အဆင်ပြေပါတယ်။

နံပါတ် (၂) ကိုတော့ CEID ကို လိပ်မူပြီး စာတစ်စောင် ရေးပေးဖို့ ယခင် အလုပ်ဟောင်းဆီက တောင်းရပါမယ်။။ ဒါဆို NOC လည်း ရပါပြီ။

လာပါပြီ၊ နံပါတ်(၃) PCC from Home county or Embassy စပြီး ခက်ပါပြီ။ကျွန်တော် မသိခဲ့တာတွေကြောင့်လည်းပါပါသည်။
ကာတာတွင် မြန်မာ သံရုံးမရှိပါ။
ကူဝိတ် သံရုံးသည် ကာတာအတွက် အလုပ်မလုပ်ပေးပါ။
UAE သံရုံးသည် ကာတာအတွက် အလုပ်လုပ်‌ေပးပါသော်လည်း ရဲစခန်း ထောက်ခံချက်အား မိမိ ဇာတိ အပိုင် ရဲစခန်းမှ မူရင်းကို သူတို့ထံ ပို့ရန် လိုအပ်ပြီး၊ သူတို့က ထို မူရင်းကိုမှ နိုတြီ ပြန်ကာ သံရုံးတုံး ထုပေးမည် ဖြစ်ပေသည်။

ထိုသို့ဆိုပါက မြန်မာရှိ ကာတာ သံရုံး တံဆိပ် လိုချင်မှ လိုအပ်ပါလိမ့်မည်။။
ကျွန်တော်ကတော့ သံရုံးက ဖုန်းမကိုင်၊ မေးလ် မပြန်တော့ပါ သဖြင့် မြန်မာပြည်မှာပဲ လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ပထမဆုံး အခုလို တိုင်းရေးပြည်ရာနဲ့အတူ၊ ကိုဗစ် မငြိမ်သက်နေချိန်မှာရဲစခန်း ထောက်ခံစာ ယူရန်မှာ ပုံမှန် အခြေနေ‌ေတွထက် အနည်းငယ် ပိုခက်နိုင်ပါသည်။

ကျွန်တော်သည် ရွာမှ ဖြစ်ကာ အပိုင်နယ်မြို့စခန်းလေးမှာမူ ထောက်ခံစာ ယူရန် မခက်ခဲပဲ၊ လွယ်ကူခဲ့ပါသည်။။

ရဲစခန်းမှ မူရင်း စာရွက် ရရှိသောအခါ နိုတြီ ပြန်ဖို့ လုပ်ရပါတော့သည်။။ နိုတြီပြန်ရန် ရွာ၌ရှိသော အမေက လုပ်ပေးဖို့ အဆင်မပြေပါသဖြင့် FB online ကနေတဆင့် ချိတ်ဆက် ဆောင်ရွက်ခဲ့ရပါသည်။

ပထမအကြိမ် နိုတြီမှာ ၆၀၀၀ ပေးရပြီး ပို့ခနှင့် ၁၀၀၀၀ ကုန်ပါသည်။။

မြန်မာပြည်က ပြန်လာမည့် ညီမ တစ်ယောက် ယူလာပေးမည်ဖြစ်သဖြင့် ကတိုက်ကရိုက် MOFA မပါ၊ သံရုံး တုံးမပါဘဲ နိုတြီ သီးသန့်နှင့် ရောက်လာပါသည်။

ဘာတုံးမှ မပါလာတဲ့ နိုတြီ စာရွက်သည် အသုံးမ၀င်ပါ။

ဒီလိုနဲ့ ဒုတိယအကြိမ် ရဲစခန်းထောက်ခံစာ ထပ်လုပ်၊ နိုတြီ ထပ်ပြန်ရတာပေါ့။ ပိုက်ဆံတခါ ထပ်ကုန်တာပေါ့လေ။

MOFA တုံး ထုပေးဖို့ လိုင်းပေါ် ကနေ ရှာတော့ တစ်ရွက်ကို ၅သိန်းတဲ့။ တယ်လည်း ကျတာကလား။
အာ့တာနဲ့ ကျွန်တော် လာတုန်းက MoFa ထုခဲ့တာ ၅၀၀ ပဲကုန်တယ် ဆိုပြီး ပြောလိုက်မိသေးတယ်။

ဒီလိုနဲ့ အမေကိုယ်တိုင် ရန်ကုန်တက်လာပြီး ကျွန်တော့် ယောက်ဖ အကူအညီနဲ့ MOFA ရုံးကို သွားတော့ မှတ်ပုံတင် မူရင်း၊ အိမ်ထောင်စုစာရင်း မူရင်း၊ အလုပ်သစ်က Offer letter စသဖြင့် တောင်းသေးသတဲ့။
လူကလည်း‌ စောင့်ရ၊တန်းိရ၊တိုးရတာ အဘတို့ တန်ခိုးနဲ့ များတယ်ဆိုပဲ။
မှတ်ပုံတင်က ကျွန်တော်နဲ့ အတူ ဖြစ်နေတာမို့။
ဒီလိုနဲ့ ပွဲစားနဲ့ လုပ်ဖို့ ဖြစ်လာရော။ ဘာမှ မတောင်းဘူးလေ။ တုံးထုမယ့်စာရွက်ရယ်၊ အိမ်ထောင်စုစာရင်း မိတ္တူရယ်ပဲ လိုတာ။ ပိုက်ဆံတော့ (၆၅၀၀၀) ကျတာပေါ့။

တစ်ရွက်ကို။

MOFA ရပြီးရင် မြန်မာပြည်မှာရှိတဲ့ ကာတာ သံရုံးကို သွားပြီး တုံးထုရပါဦးမယ်။

ကျွန်တော့် တုန်းက မြန်မာပြည်မှာ ကာတာသံရုံး ရှိကြောင်း မသိခဲ့ပါ။ မြန်မာပြည်မှာ သံရုံးရှိရင် ကာတာမှာလည်း မြန်မာ သံရုံးရှိရမှာပေါ့၊ မြန်မာပြည်မှာ ကာတာ သံရုံးမရှိဘူးဆိုတဲ့ ပြောသံကြားဖူးတာတွေနဲ့ ကျွန်တော် အာ့မှာ တုံးထုရမယ့်အဆင့်ကို ကျော်ပြီး DHL နဲ့ စာရွက်တွေကို ယူလိုက်ပါတယ်။

DHL က စာရွက်ပို့ခက ၂ရွက်ထဲပေမယ့် ၂သိန်း၀န်းကျင်ကျပါတယ်။၃ရက်လောက်နဲ့ ရောက်လာပါတယ်။

ကာတာက MOFA တုံးရဖို့အတွက် C Ring Road လမ်းပေါ်က Government Complex Office ကို မနက် ၆နာရီ မထိုးခင် အစောဆုံးရောက်ပြီး စောင့်နေခဲ့ပါတယ်။။ ညနေပိုင်းဆို မလုပ်ပေးတော့ဘူးလို့သိရပါတယ်။

မနက် ၆.၄၀ ၀န်းကျင်မှာ အထဲပေး၀င်ပါတယ်၊ ၇.၃၀ ကျော်ထိ လုံခြုံရေးတွေရဲ့ စနစ်တကျ အစဉ်လိုက် စီပေးတဲ့ ခုံလေးတွေမှာ စောင့်ရပါတယ်။ 7.45၀န်းကျင်မှာ တုံကင်နံပါတ်တွေကို အစဉ်လိုက်ရပါတယ်။
ကျွန်တော် အစောဆုံး ရောက်ခဲ့ပြီး တုံကင်နံပါတ် ၁ မရပါ။

ဟုတ်ပါတယ်၊ ကာတာရဲ့ နေရာတော်တော်များများမှာ မိန်းကလေးတွေ ဦးစားပေးတဲ့ ဓလေ့ကြောင့် ကျွန်တော်တို့ထက် နောက်ကျမှ ရောက်လာတဲ့ အမျိုးသမီးများက အရင် တုံကင်ယူပြီး၊ အရင် လုပ်ခွင့်ရကြပါတယ်။

ဒါကြောင့် သင်က မိန်းကလေးဆိုရင် စိတ်ပူဖို့မလိုအပ်ဘဲ ၈နာရီလောက် ရောက်မယ်ဆို လုံလောက်ပါတယ်။
ယောက်ျားလေးဆိူရင်တော့ မနက် ၆နာရီ ၀န်းကျင် ရောက်နေသင့်ပါတယ်။
နောက်ကျရင်၊ ၀င်ခွင့်မရတာ၊ စောင့်ရတာ၊ ညနေပိုင်းမှာ အလုပ်မလုပ်ပေးတာမျိူးတွေကြောင့် ခက်ခဲနိုင်ပါတယ်။

ကျွန်တော့် စာရွက်တွေမှာ မြန်မာ MOFA ပါပေမယ့် ကာတာသံရုံး တံဆိပ်မပါလာပါသဖြင့် ထိုနေ့ကောင်တာ အမျိုးသမီးက သူတို့သံရုံးက မြန်မာပြည်မှာ ရှိကြောင်းနဲ့ အာ့ကနေ အသိမှတ်ပြုကြောင်းပါမှသာ သူတို့က MOFA ထုပေးနိုင်ကြောင်း ရှင်းပြပီး ပြန်လွှတ်ပါတယ်။ သူတို့သံရုံးရှိတာမသိဘူးလားဆိုပြီး အထင်သေးစွာ ကြည့်ပါတယ် ။ ဟုတ်ကဲ့ ကျွန်တော် တကယ်မသိခဲ့တာမို့ အရှက်ကွဲတာ မဆန်းပါ😁။

ကျွန်တော် လည်း အပြင်ပြန်ထွက်၊Google ကနေ ရိုက်ရှာပြီး၊ ဖုန်းနံပါတ်ပါရလို့ ခေါ်ကြည့်တော့ မြန်မာရှိကာတာသံရုံးက အစ်မတွေ စိတ်ရှည်ရှည်၊ချိုချိုသာသာနဲ့ ရှင်းပြကြတယ်။

တစ်ရွက်ကို ဒေါ်လာ ၂၇ ကျပ် ကျသင့်မှာဖြစ်ကြောင်း၊ ကိုယ်စားလုပ်ပေးဖို့ တစ်ဦးသာ လိုအပ်ကြောင်း၊ MOFA သက်တမ်း ၆လ အတွင်းဖြစ်ပြီး၊ ၆လ မကျော်သေးသော မည်သည့် စာရွက်မဆို ရကြောင်း ရှင်းပြကြပါတယ်။
ဒီလိုနဲ့ ကံကောင်းစွာ မြန်မာပြည်ပြန်တဲ့ မိတ်ဆွေ တစ်ယောက်နဲ့ အတူ စာရွက်တွေ ပြန်ထည့်ပေးလိုက်ရပါတော့တယ်။

ဒီလိုနဲ့ ကာတာသံရုံးမြန်မာကနေပါ တံဆိပ်ရရှိပြီးတဲ့နောက် DHL နဲ့ နောက်တကြိမ် ထပ်ယူရပြန်ပါတယ်။ ဒုတိယအကြိမ် DHL က 10ရက်ကျော် ကြာပါတယ်။ ကျွန်တော့်စာရွက်တွေက ကမ္ဘာပါတ်နေကြလို့ပါ😁။

နောက်တကြိမ် အစောကြီး MOFA ရုံးသွားတန်းစီ၊ ဒုတိယ နေရာရ၊ ထုံးစံအတိုင်း အမျိုးသမီးတွေကအရင်လုပ်၊ သူတို့ပြီးမှ၊ ကျွန်တော့်အလှည့်ရောက်တော့ ဒီတခါ ဘာမှ မမေးတော့ပါ။

အိုင်ဒီကတ်၊ တုံကင်စာရွက်နောက်မှာ မိမိဖုန်းနံပါတ်‌ေရးပြီး၊ ဘဏ်ကတ်တို့ကို အဆင်သင့်ပြင်ထားပါ။
မိမိအလှည့်ရောက်ရင် စာရွက်နှင့် အိုင်ဒီ၊ ဖုန်းနံပါတ်ရေးထားတဲ့ တုံကင်စာရွက် ပေးလိုက်ပါ။
သူလုပ်စရာလုပ်ပြီးရင် တစ်ရွက်ကို ကာတာရီရယ် ၁၀၀ ပေးရပါမယ်။ ငွေသားလက်မခံပါ။

ကတ်မရှိရင်လည်း အခြားတစ်ယောက်ကို အကူညီတောင်းလို့ရပါတယ်။
ကျွန်တော့်တုန်းက အမျိုးသမီး တစ်ယောက်ကို ကူညီခဲ့ရပါသေးတယ်။။

အားလုံးပြီးရင် ငွေလက်ခံဖြတ်ပိုင်းရယ်၊ တံဆိပ်ကပ်ထားပြီး အဆင်သင့်ဖြစ်နေတဲ့ စာရွက်တွေကို ပြန်ရပါပြီ။ အာ့ဆို ပြီးပါပြီ။

၄။ Education Certificate
ကျွန်တော် မြန်မာပြည်က ကာတာသံရုံးကို ဖုန်းဆက်မေးတုန်းက အဝေးသင် ဘွဲ့လက်မှတ်ဆို လက်ခံတယ်လို့ ပြောပါတယ်၊ အပြင်က ပြန်ကြားရတာလည်း လက်မခံဘူးလို့လည်း သိရပါတယ်။
အဝေးသင်ကို ထောက်ခံစာဆို မရပါဘူးတဲ့။
တကယ်လို့ အဝေးသင်တက်နေတုန်း မပြီးသေးဘူးဆိုရင် ဆယ်တန်းအောင်လက်မှတ်ဆိုရပါတယ်။

Education Certificate အတွက် အမှတ်စာရင်းမလိုပါ။

သင်ကြားခဲ့တဲ့ ဘာသာရပ်တွေ၊ စာသင်ချိန်မည်မျှ ကြာခဲ့ကြောင်း၊ မည်သည့် ခုနှစ်တွင် ပြီးဆုံးခြင်း ဖြစ်ကြောင်း၊ အစရှိတာတွေ ပါရင် လုံလောက်ပါပြီ။

တကယ်လို့ လိုအပ်ချက်ရှိရင် ကာတာသံရုံးက ပြောပြညွှန်ကြားပါလိမ့်မည်။

နိုတြီပြန်၊ MOFA ထု၊ ကာတာသံရုံး တုံးထု၊ ပြီးရင် ကာတာမှာ MOFA ထု ဒါဆို အားလုံး အဆင်သင့်ဖြစ်ပါပြီ။

ကျွန်တော့်တုံးက တတိယနှစ်အောင်ကြောင်းက ထောက်ခံစာမို့ မရလို့ ဆယ်တန်းအောင်လက်မှတ်ပဲ လုပ်လိုက်ပါသည်၊ ပိုက်ဆံ ၂ခါကုန်သလို၊ နိုတြီကလည်း ပညာရေး စာရွက်မို့ဆိုပြီး ပိုပေးရပါသည်။
MOFA က အသိအစ်မတစ်ယောက် လုပ်ခိုင်းတဲ့သူကတော့ ၄၀၀၀၀ ပဲပေးရတယ်လို့သိရပါတယ်။ကျွန်တော့်တုန်းက ၆၅၀၀၀ ပေးရပါတယ်။

ဒီလိုနဲ့ မြန်မာပြည်က စာရွက်စာတမ်းတွေ ready ဖြစ်တဲ့အခါ ၊ အလုပ်သစ်ရဲ့ Nomination letter ကိုစောင့်ရပါတယ်။
Nomination letter ရတာနဲ့ Metrash2 ထဲက General setting ထဲကို၀င်၊ Police Clearance Certificate ထဲကို၀င်၊ request certificate ကိုနှိပ်၊ လိုအပ်တာလေးတွေ ဖြည့်ပြီး ရင် MOI ကနေ message ၀င်လာပါလိမ့်မယ်။
အာ့တာပြီးရင် ၅ရက်နေ ၇ရက်အတွင်း Approved ရပါလိမ့်မယ်။

Approved ဖြစ်မဖြစ် သိဖို့ MOI က ပို့ထားတဲ့ Message ထဲက ကုတ်နံပါတ်နဲ့ websiteကနေ follow up လုပ်နိုင်သလို၊ Metrash2 ထဲကနေလည်း follow up လုပိနိုင်တဲ့အပြင် MOI ကနေလည်း စာပို့ပါတယ်။

Collection လုပ်တာကတော့ ကျွန်တော့် အလုပ်သစ်က လုပ်ပေးခဲ့တာမို့ ကျွန်တော် မလုပ်ခဲ့ရပါဘူး။
ဘယ်မှာ ဘယ်လို Collection လုပ်ရလဲ သိသူများ မန့်ပေးသွားပါဦး။

MC Lwin Oo

12/03/2022

ပုလဲနက်

11/03/2022

လိုအပ်တဲ့ မိတ်ဆွေများကို မိနစ်သုံးဆယ်သို့ ဖိတ်ခေါ်ပါရစေ

08/03/2022

ဒီPage လေး ကို ဝါသနာတူ အမျိုးတွေ လာခဲ့ကြဖို့ ဖိတ်ခေါ်ပါရစေ။

15/02/2022

မင်္ဂလာပါ
အားလုံး ကျန်းမာကြမယ်လို့ မျှော်လင့်ပါတယ်။

အကြောင်း အမျိုးမျိုးကြောင့် Page မှာ ဘာမှ မတင်နိုင်သလို ကြေးအိုးလည်း မချက် ဖြစ်ဖူး။

သတိတရ မေးနေကြတဲ့ သူတွေ ကို‌ေကျးဇူးတင်အားနာမိသလို၊
အကြောင်းမျိုးမျိုး ကြောင့် မချက်ပေးနိုင်တာကို တောင်းပန်ပါတယ်။

ကြေးအိုး မစားရပေမယ့်
ငါးဖယ်ကြိုက်သူတွေ အတွက်
ငါးဖယ် ခြစ် ပေးပါ့မယ်။

လိုချင်တဲ့သူ ရှိရင် တချက် Whatsapp မှာ လာမေးလို့ ရပါပြီဗျ။

Deli fee လည်း အဆင်ပြေအောင် လုပ်ပေးတာ ဖောက်သည်ကြီးတွေ သိပြီးသားမို့ အထူး ပြောမပြတော့ဘူနော်။

အများကြီး လက်ခံမှာ မဟုတ်တာ ကြောင့် မြန်မြန်လေး Hi ခဲ့ပေးနော်။

Whatsapp@+97466517854

Photos from MC Lwin Oo's post 10/02/2022

ခံစားမိသမျှတစ်နေ့တာ
=================

ပင်လယ်လေတွေ တိုက်‌နေတယ်
ကောင်းကင်ကြီးကလည်း ပြာလို့
ပန်းခြုံ တွေကြားက ထွက်လာတဲ့
ဘောက်ထဲက တီးလုံးသံက လွမ်းဆွတ်ဖွယ်အတိ
စာကလေးတွေက တကျီကျီ
လူသိပ်မရှုပ်‌ေသးတဲ့ စားသောက်ဆိုင်လေးတွေက အစီအရီနဲ့
အထပ်မြင့်မြင့် အဆောက်အအုံတွေကလည်း ထီးထီးမတ်လို့
ကလေးတွေက ပြေးလွှား ဆော့ကစားလို့
တချို့ဆို အမေ့ရင်ခွင်ပိုက် တချို့က လှည်းကလေးတွေနဲ့
သင်္ဘောသားကြီးကလည်း ကုန်းပတ်တွေ သန့်ရှင်း
တချို့ အသက်ကြီးကြီး အန်တီတို့က သူငယ်ချင်းတွေစုလို့ ငယ်ဘ၀လို ပျော်စရာတွေ ရဖို့ အသက်တွေ မေ့ထားကြလေရဲ့
လှိုင်းပုတ် သံတော့ မကြားမိ
သတိမထားမိခဲ့တာလည်း ဖြစ်မယ်
တခါတရံ ပျံတက်သွားတဲ့ ခပ်ပျပျ လေယာဉ်တွေ မြင်တော့ တစ်စုံတစ်ယောက်ပဲ ထွက်ခွာသွားသလိုလို ဆွေးမြေ့မြေ့
ခပ်ကျဲကျဲ နေရောင်အောက်မှာ အပူရှိန်တွေ သိပ်မရတာက အေးမြတဲ့ လေနုသွေး တွေကြောင့်ပါလား
တချို့အတွဲလေးတွေက ကလူကျီစယ်
ကောင်ကလေး ငယ်ငယ် ကောင်မလေး ငယ်ငယ်
သူငယ်ချင်းတွေ ဟိုတစု ဒီတစု
ခုံတန်းရှည်လေးပေါ်က ပင်လယ်ပြင်ထက်မျက်နှာမူထားတဲ့ အန်ကယ်ကြီးကလည်း ချောင်း‌ေလးဟန့်ရင်း ရေပြင်စိမ်းစိမ်းကို အေးအေးလူလူ ငေးမောလို့
သန့်ရှင်းရေး သမားလေးတွေက ‌တီးလုံးသံထွက်နေတဲ့ ဘောက်လိုက်ရှာနေတဲ့ ကျွန်တော့်ကို ကြည့်လို့ ပြုံးစိစိ
ရောင်စုံပန်းကလေးတွေက ရနံ့မသင်းပေမယ့် ကြည့်ရင်းနဲ့ လန်းစေမိ
ရေပြင်စိမ်းစိမ်းပေါ်က ကလေးငယ်တစ်ယောက်ရဲ့ အနီရောင် လေယာဉ်ရုပ်လေးမြင်ပြန်တော့ ၀မ်းနည်းနေမိ
အမှတ်တရ ဓါတ်ပုံတွေ ရိုက်ကြ ပေါက်ကရတွေ ပြောလိုက်နဲ့ သူငယ်ချင်း နှစ်ယောက်ရဲ့ တနေ့တာက အာရဘီနဲ့ စပီး Love Qatar စာတန်းဘုတ်နား ရောက်ခဲ့ပေါ့
လှပါ၏ သို့သော် ကျွန်တော် တကယ်ချစ်တာ မွေးရပ်မြေပါလားလို့ တွေးမိပြန်တော့ အေးမြမြ လေ တချက်အဝေ့ နဲ့ စွန်ပလွန် ပင်ပေါ်က ဆက်ရက် သံတွေကြား မျက်ရည်၀ဲသွားရပြန်တယ်

မပြန်နိုင်သေးဘဲကို

မပြီးသေးဘူးဗျ
ကားလမ်းဟိုဖက်ခြမ်းက ရောင်စုံ တိုက်တွေဖက် ဆက်ကြဦးမယ်
ရန်ကုန်မှာ ကားလမ်းကူးနေကြ ကျွမ်းသမို့မကြောက်ပါဘူး
အရှိန်ပြင်းပြင်းနဲ့မောင်းနေကြတာ အမြန်လမ်း‌က ဟိုင်းဝေး ကားတွေများလားထင်ရ
မသိဘူး ရအောင်ကူးမယ်ဆိူပြီးဟိုဖက်ရောက်
Wifi ပါ free ရတဲ့ ရောင်စုံ တိုက်တွေက အီတလီက မြို့ရဲ့ ပုံစံ‌တူတဲ့
မသိတော့ဘူးဗျာ ဘယ်လောက်ကျယ်လဲဆိုတာ တကယ်ရော အီတလီသူတွေ ရှိနေမလား😁
ရေလည်းဆာသလို၊ ဗိုက်ကလည်း ဟာလှပြီမို့
ခုံတန်းလေးမှာ ခဏထိုင် မီးတိုင်တခုစီတိုင်းက ဘောက်ကလေးတွေ မှာ ထွက်နေတဲ့ အစ်စလာမ် ဘာသာရေး ဘုရားစာတွေ နားမလည်ပေမယ့် နားထောင်ပြီး ပြန်ခဲ့လိုက်တော့တယ်။
ကံမကုန်ရင်တော့ တကယ့် အီတလီမှာ ပြန်ဆုံကြသေးတာပေါ့😁😁😁😁
MC Lwin Oo

Photos from သမားတော်တိုင်းရင်းဆေး's post 04/12/2021

အာ့ကြောင့် ချဉ်ပေါင် များများစားကြပါလို့☺️😁

Photos from MC Lwin Oo's post 14/11/2021

ငါးကင် စားကြဦးမလား😁
အကင်ဖို မရှိဘူးနော်။ ရတယ်။ ဖြစ်အောင်ကင်စားမယ် ။ ပထမ ပုံကိုသာ ရှိုးလိုက်တော့😁

မြေပဲဆံကို
စပါးလင်၊
ကြက်သွန်မြိတ်
ဂျင်း
ကြက်သွန်ဖြူ ထည့်ပြီး
ငရုတ်သီးစိမ်း
သံပုရာရည်၊ ငံပြာရည်၊ ဆား၊အရသာမှုန့်နဲ့ အသုပ်လုပ်ပြီး ငါးကင်နဲ့ တွဲဖက် စားသုံးကြည့်ပါ။
ဂျင်းကို အတုံးသေးသေးလေးတွေ တုံးနော်။
မြေပဲဆံ လျော့ထည့်။ ကျွန်တော့် ပန်းကန်ပုံထဲမှာ၊ လက်လွန်ကြက်သွန်ဖြစ်သွားတာ😁
ငါးကင်အချဉ်ကတော့ မန်းကျည်းချဉ်ပေါ့။
ကျေးဇူးခ ☺️

21/10/2021

သီတင်းကျွတ်အချိန်လေးကစပြီး အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ လိုရာ ဆန္ဒတွေ ပြည့်၀ကြပါစေ။
မတွေ့တာကြာလို့ မေ့နေကြပြီလား။
မကြာခင် ပြန်ပြီး အဆင်ပြေအောင် ချက်ပေးပါ့မယ်။
မြန်မာအစားအစာတွေလည်း ပိုပြီး လွယ်ကူစွာ ၀ယ်နိူင်လာတာရယ်၊ မြန်မာပြည်လည်း ပြန်နိူင်နေကြတာရယ်ကြောင့် တကယ်လိုအပ်နေသေးရင် ချက်ပေးချင်ပါသေးတယ်။
ကျွန်တော် ရောင်းတဲ့ အစားအစာတွေက တကယ်မြန်မာပြည် အလွမ်းပြေစေဖိူ့ရယ်၊ ဈေးသက်သက်သာဆုံးနဲ့ စားနိုင်ဖို့ရယ် အဓိကထားတာမို့။ Page ကိူတော့ like and follow လုပ်ထားပေးပါဦးနော်။။

အားလုံးကို ချစ်ခင်လေးစားလျက်

08/10/2021

မဂ်လာပါ။
မတွေ့တာကြာတော့ မေ့နေကြပြီလား😁။
သတိတရ များစွာရှိလှပါတယ်။ အရမ်း busy ဖြစ်နေတာကြောင့် ပင်ပန်းတာရယ်၊ နားရက်က အဆင်ပြေသလို နားနေရတာမို့ ပြင်ဆင်ချိန်မရတာရယ်၊ ကြေးအိုးချက်ဖို့ ကုန်ကြမ်းစုပြီး ပြင်ဆင်ရတာက အချိန်ပေးရတာတွေကြောင့် မချက်ဖြစ်သေးတာပါဗျ။
သတိတရနဲ့ မေးကြတဲ့ ကိုကို၊မမတို့လည်း တောင်းပန်ပါတယ်။ မကြာခင် ပြန်ချက်ပေးနိုင်ပါ‌ေတော့မယ်☺️။
အားလုံးကို လေးစားတန်ဖိုးထားလျက်

အဆင်ပြေတာနဲ့ ပြန်ချက်‌ေပေးမှာမို့ Page လေးးကိုတော့ လက်မလွှတ်လိုက်ပါနဲ့နော်။။
Set For Lunch လည်း စီစဉ်ပေးဖို့ရှိပါတယ်ဗျ။
တဦးတယောက်စီတိုင်းကို ချစ်ခင်လျက်။

24/08/2021

မဂ်လာပါ။။။။

၂၆ရက်နေ့ ကြာသပတေးနေ့အတွက်
မုန့်ဟင်းခါးလေး ထပ်ချက်ပေးပါဦးမယ်နော်။။

ပွဲအရေအတွက်က အရမ်းကုန်တာ မြန်လို့မို့ မြန်မြန်လေး မှာမှ စိတ်ချရပါမယ်နော်။။

Whatsapp +97466517854

အားလုံး ကျန်းမာ အဆင်ပြေကြပါစေခင်ဗျာ။။

20/08/2021

😍မုန့်ဟင်းခါး
Mohhinkhaa

အားပေးကြတဲ့ တစ်ယောက်စီတိုင်းကို ကျေးဇူးပများကြီး တင်ပါတယ်ခင်‌ဗျာ။။။
စားလို့ အဆင်ပြေကြောင်းသိရတဲ့အတွက်လည်းပိုပြီး၀မ်းသာရပါတယ်။။။
နောက်အခေါက်တွေမှာလည်း အခုထက် ပိုပြီး ကောင်းကောင်းပေးနိုင်ဖို့ ကြိုးစားသွားပါမယ်။။။။
အားလုံး ကျန်းမာအဆင်ပြေကြပါစေ။

နောက်ကျလို့ မရလိုက်တဲ့ သူတွေရယ်၊ ပို့ပေးဖို့ အခက်အခဲကြောင့် အဆင်‌မပြေလို့ မစားလိုက်ရတဲ့ မိတ်ဆွေတွေကို တောင်းပန်ပါတယ်။။

တတ်နိုင်သမျှမြန်မြန် ပြန်ချက်ပေးနိုင်အောင် ကြိုးစားပေးပါ့မယ်။။။။။။။
အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

လိုအပ်ချက်လေးတွေ ရှိရင်လည်း သည်းခံပေးကြပါဦး‌ေနော်။။
အကောင်းဆုံးတွေကို ပေးနိုင်ဖို့ အမြဲတမ်း ပြင်ဆင်နေပါတယ် ခင်ဗျာ။။။

16/08/2021

Edit,
(ချဉ်ပေါင်ကြော်လည်း ရပါမယ်။ ချဉ်ပေါင်မျှစ်နဲ့ ပုဇွန်ပါ ပါ တပွဲကို 20ပါပဲနော်။။။။)

အားလုံး မင်္ဂလာပါ။

မုန့်ဟင်းခါးလေး ချက်ပေးဦးမယ်‌။ဒီတစ်ပါတ်။။။။အားပေးကြပါဦးနော်။။။။

ကြာသပတေးနေ့ အတွက်ပါ။။။။

စားဖူးတဲ့ မိတ်ဆွေတွေတော့ အရသာကို ကောင်းကောင်းသိ‌ေနေပြီးသားမို့ အထူးအထွေ ပြောမပြတော့ဘူး‌ေနော်။။

အရသာပဲလားဆိုတော့ တန်လည်း တန်တယ်လို့😊။

ပွဲအရေအတွက် ကန့်သတ်ထားလို့ မြန်မြန်မှာပေးပါဗျနော်။။

Whatsapp +97466517854

အားလုံးအဆင်ပြေကြပါစေခင်ဗျာ။။။။

13/08/2021

😍😍❤️❤️
Who won this😊

08/08/2021

ကြေးအိုး မျှော်နေကျ၊ မေးနေကျတဲ့ ကိုကို၊မမတို့ အင်္ဂါနေ့ ကြေးအိုးရပါမယ်ခင်ဗျာ။။

Tuesday . 10.8.21

ငါးဖယ်ကြေးအိုးဆီချက် ၂၈
ငါးဖယ်ကြေးအိုး ၂၆
ကြက်ကြေးအိုးဆီချက် ၂၄
ကြက်ကြေးအိုး ၂၂

ပွဲအရေအတွက် အကန့်အသတ်ရှိလို့ မြန်မြန်လေး မှာမှ စိတ်ချရမယ်နော်။

Whatsapp +974665117854

မြန်မြန်လေးလာမှာပေးကြပါနော်။။။။။

အားပေးကြတဲ့ တစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်။။။

အားလုံး အဆင်ပြကြပါစေ။။။။

08/08/2021

Momery

If you wanna be a good leader for people, you must love them first!

04/08/2021

အားပေးကြတဲ့ တစ်ယောက်စီတိုင်းကို အထူးကျေးဇူးတင်ပါတယ်။ အမြဲတမ်းလည်း အားပေးကြပါလို့။
အခုက အရမ်း ပူတဲ့ ရာသီဆိုတော့ အရွက် ရှာရတာ နဲနဲ ခက်ခဲလို့၊ အရင်တပါတ် Monday တုန်းက အရွက်လေး မထည့်ပေးလိုက်နိုင်တာ တကယ် စိတ်မကောင်းဖြစ်ရပါတယ်။
နောက်တပါတ်တွေကျရင် ရအောင် ရှာထည့်ပေးမယ်နော်။။။
အားလုံးကျန်းမာအဆင်ပြေကြပါစေ😍

Photos from MC Lwin Oo's post 29/07/2021

Monday ကြေးအိုး ပြန်ရပါမယ်ဗျို့။😍

AlMansoura ဘူတာထိကို ၂ပွဲနဲ့အထက် free delivery နဲ့ပို့ပေးပါမယ်။
၂.၈.၂၀၂၁
ငါးဖယ်ကြေးအိုး ၂၄ QR
ငါးဖယ်ကြေးအိုးဆီချက် ၂၆ QR
ကြက်ကြေးအိုး ၂၀QR
ကြက်ကြေးအိုးဆီချက် ၂၂QR

WhatsApp-+97466517854

တနင်္ဂနွေနေ့ ညနေ ၄ နာရီထိ လက်ခံပေးပါမယ်နော်။။။။

အားလုံးပဲ ဘေးရန်ကင်းကြပါစေဗျာ။

28/07/2021

Memory 😍

ကံတရားက ကြုံစေ
ဖန်လာခဲ့ အကြောင်းတေက
တနေရာစီ ကြီးခဲ့ကြပေမယ့်
ဆုံလာခဲ့ပုံဖြင့် တအိုး၌ တူညီစွာ
ဘယ်သူဖြင့် များလွန် လှပတယ်မရှိ
ပေါင်းစပ်ဝောာ့ သာလွန်လာ
အရောင်စုံ စုကာဝေးတော့
မြင်သူမှာ ဘ၀င်အေးရပေါ့
စည်းလုံးမှု ပေါင်းစပ်ခြင်းသဘော။

28/07/2021

Hello
အားလုံး မဂ်လာပါ။

ပျောက်တာ နဲနဲကြာသွားပြီဆိုတော့ မေ့တဲ့သူတွေလည်း မေ့ပြီပေါ့😁။

သတိတရနဲ့ မေးကြတဲ့ သူတွေလည်း ကျေးဇူးတင်ပါတယ်။။😍

အလုပ်တွေ များနေတာနဲ့ ချက်ပေးဖို့ မလုပ်ပေးနိုင်တာပါ။

အလုပ်အရမ်းများတဲ့ ရက်တွေမှာ ပိုသိလာရတာတခုက၊ အလုပ်ကလည်း အရမ်းပင်ပန်းတယ်၊ အလုပ်က ကျွေးတာတွေကလည်း ရိုးလာတယ်၊ မြန်မာ အစားအစာလေး စားချင်ပေမယ့် ကိုယ်တိုင် ချက်ဖို့ဆို ပေးရမယ့်အချိန်နဲ့ အဆင်မပြေနိုင်တာရယ်ကြောင့် တစ်စုံတစ်ယောက် ချက်ထားပေးရင် အဆင်ပြေနိုင်တယ် ဆိုတာပဲ။

အာ့တော့ ကျွန်တော်နားရက် ရတဲ့ အချိန်လေးတွေမှာ ပြန်ပြီးတော့ စားးစရာလေးတွေ ချက်ပေးပါ့မယ်။။

အလွမ်းလည်းပြေ၊ အချိန်နဲ့ အင်အားတွေလည်း ချွေတာလို့ ရတာပေါ့နော်။

အော်ဒါကောက်ဖို့ပို့စ် တင်ပေးပါမယ်နော်။။
အားးလုံး ကျန်းမာ အဆင်ပြေကြပါစေ။

09/07/2021

ကန်စွန်းရွက်ကတော့ လူတိုင်းကြော်တတ်ပါတယ်။။😁
စိတ်မကောက်ရဘူးနော်။
စားနိုင်တာလေး ရိုက်ထားရတာ😁😅
နောက်တခါကျ မုန့်ဟင်းခါး ချက်ပြီး တင်‌ေပးဦးမယ်နော်။😍

05/07/2021

မြေပဲကြက်သားးဇီယာ
================
ကြက်ရင်ဘုံသား -၁၅၀ဂရမ်
ကြက်သွန်နီ -၂လုံး
ကြက်သွန်ဖြူ -၂မွှာ
ခရမ်းချဉ်သီး -၂လုံး
မြေပဲ -၅၀ဂရမ်
နှမ်း -၂ဇွန်း
ဆီ -၁၀၀ဂရမ်
ဆား -၁လက်ဖက်ရည်ဇွန်း
ငရုတ်ကောင်းမှုန့်။ -၁ဇွန်း လဖရဇ
အရောင်တင်မှုန့်။ -၁ ၁/၂ ဇွန်း လဖရဇ
နနွင်းမှုန့်။ -၁/၂ ဇွန်း လဖရဇ
ဇီယာမှုန့် -၁ဇွန်းထမင်းစားဇွန်း
ကြက်သွန်မြိတ်။ -အနည်းငယ်။

01/07/2021

ပုံအဟောင်းလေးတွေရယ်၊ deli ပို့ရင်းရိုက်ခဲ့တာလေးတွေ ပေါင်းလိုက်သောအခါ။။၊😍😍😍😍

မှတ်မှတ်ရရ ကားသမား ဂျင်းထည့်ခံရတဲ့ အမှတ်တရလည်း ပါတာပေါ့။
ပိုမှန်တာတော့၊ နောက်ကျောကိုဓါးနဲ့ထိုးခံရတာ။ကျသင့်တဲ့ ပမာဏထက် ၂ဆလောက်တောင်းတယ်။။ပြီးမှ လျော့ပေးတယ်။ ဒါတောင် ကျသင့်တဲ့ပမာဏထက်တော့ များနေတုန်း။ အာ့တော့ ပြောတဲ့ပမာဏထက် လျော့ပေးတယ်လေ ဆ်ုတော့ အော် အင်းပါ။ ကျေးဇူးပါပေါ့။။။😁😁😁😁

တခါတလေ ကိုထင်ထားတာတွေ ဖြစ်မလာတတ်ဖူး။

ကိုယ်က စီးပွား‌ရေး မဆန်လို့မို့ Friend Ship နဲ့ လုပ်ပေးတတ်တိုင်း တပါးသူက စီးပွားရေး မဆန်ဘဲ လုပ်ပေးလိမ့်မယ်လို့ မျှော်လင့်လို့မရတာရယ်။ ကိုက ဘယ်လောက်ခင်ခင်၊ ဘယ်လောက်ရင်းနှီးနှီး၊ အစကတည်းးက သူ့စီးပွားရေးအတွက် တိကျတဲ့ ပမာဏနဲ့ ပြတ်ပြတ်သားသား လုပ်ထား ရမယ်ဆိုတဲ့ သင်ခန်းစာတွေ ရလိုက်တဲ့ အမှတ်တရနေ့လေးပေါ့။☺️

၂၈.၆.၂၀၂၁

01/07/2021

ရိုးရှင်းပြီး အရသာလည်းရှိ။အနံ့လေးလည်း မွှေးတဲ့ ကြက်ပင်စိမ်း။

Want your business to be the top-listed Food & Beverage Service in Doha?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Doha
0000

Other Food & Beverage in Doha (show all)
أسواق الخير AswaQ Alkair أسواق الخير AswaQ Alkair
شارع البيروني مدينة خليفة الجنوبية 901 منطقة 34
Doha

#أسواق الخير تقدم لكم كل ما هو جديد باسعار مناسبة هدفنا التوفير للمستهلك و رضاكم غايتنا تشرفونا تجدو

Siomai King - International Siomai King - International
Doha

Dubbed as “Ang Hari ng Siomai” because it is the first and original in offering 5 pieces of siomai in

Icing Palace Icing Palace
Doha
Doha, 0000

Lutong tatay espesyal Lutong tatay espesyal
Almuntaza
Doha

Foods,friends,fun ��� Food is fuel���

Bread & Butter Bread & Butter
Doha
Doha

Good food with some music! A platform for anyone who believes cooking is impossible. For all who cra

Yummy Tummy Corner Yummy Tummy Corner
Doha City
Doha

Satisfy your cravings for Pinoy favourite delicacies, pre-order today!

Cooking ni Ima Cooking ni Ima
Al Saad
Doha

HOME MADE BICOLANO AND KAPAMPANGAN CUISINE!!! "THE TASTE YOU WILL ABSOLUTELY LOVE AT FIRST BITE"

Mimi's Kitchen مطبخ ميمي Mimi's Kitchen مطبخ ميمي
Doha

It all about food, kitchen and cooking. Know How to cook with a very simplified way step by step. Yo

BAAF all in tindahan BAAF all in tindahan
Doha, 974

ALL-IN ONE SHOP

SOUL FOOD SOUL FOOD
Doha

Authentic Gujarati Food | Masala’s & Pickle Doha, Qatar

TastyTreats_qa TastyTreats_qa
Al Nuaija
Doha

Pre-loved items and tasty treats

B's Homemade Ice Cream B's Homemade Ice Cream
Doha

Artisanal ice cream inspired by Swiss flavours and artisanal techniques.