THAW ROYAL ZIN
ROYALTHAW
31/08/2025
သာသနာ
၂၅၀၀ သာသနာနှစ်အတွင်း သံဂါယနာ
===========================
ပထမသံဂါယနာ
-------------------
မဟာသက္ကရာဇ် ၁၄၈-ဘီစီ(B.C) ၅၄၄ခုနှစ်၊ ရာဇဂြိုလ် ဝေဘာရတောင် သတ္တပဏ္ဏလိုဏ်ဂူ၌ အဇာတသတ် မင်းကို အမှီပြု၍ အရှင်မဟာကဿပအမှူးရှိသော အရှင်အာနန္ဒာ၊အရှင်ဥပါလိနှင့် ရဟန္တာငါးရာတို့ မုခါရုဠှ (နှုတ်ဖြင့်ရွတ်ဆိုခြင်း) ပထမ သံဂါယနာတင်တော်မူခဲ့ကြပါသည်။
ဒုတိယသံဂါယနာ
--------------------
သာသနာနှစ် ၁၀၀၊ဘီစီ(B.C)၄၄၄ခုနှစ်၊ဝေသာလီပြည် ဝါဠုကာရုံကျောင်းတော်၌ ကာဠာသောကမင်းကို အမှီပြု၍ အရှင်မဟာယသမထေရ် အမှူးရှိသော ရဟန္တာအရှင်မြတ် ခုနစ်ရာတို့ မုခါရုဠှ(နှုတ်ဖြင့်ရွတ်ဆိုခြင်း) ဒုတိယအကြိမ်သံဂါယနာတင်တော်မူခဲ့ကြပါသည်။
တတိယသံဂါယနာ
---------------------
သာသနာနှစ် ၂၃၉ ၊ဘီစီ(B.C) ၃၀၈ခုနှစ်၊ ပါဋလိပုတ်ပြည်(ယခုအဆို-ပတ္တနား) သီရိဓမ္မာသောကမင်းကို အမှီပြု၍ အရှင်မောဂ္ဂလိပုတ္တတိဿမထေရ် အမှူးရှိသော ရဟန္တာတစ်ထောင်တို့ မုခါရုဠှီ (နှုတ်ဖြင့်ရွတ်ဆိုခြင်း) တတိယသံဂါယနာတင်တော်မူခဲ့ကြပါသည်။ထိုအခါမှစ၍ ဟိမဝန္တာတောင်တစ် လျှောက်ရှိ တိုင်းပြည်နယ်အရပ်ရပ်သို့လည်းကောင်း၊ မြောက်ဘက်ရှိ စိန့်တိုင်း အနောက်မြောက်ဘက်ရှိ ကသ္မိရကန္တာရ၊ယောနကတိုင်းတို့သို့လည်းကောင်း သာသနာတော်ပျံ့နှံ့ ရောက်ရှိခဲ့ပါသည်။
စတုတၳသံဂါယနာ
--------------------
၄င်းစတုတၳသံဂါယနာကို တောင်ပိုင်းစတုတၳသံဂါယနာ၊ မြောက်ပိုင်းသံဂါယနာဟု နှစ်မျိုးခွဲ၍ မှတ်ရသည်။ ထိုတွင် သာသနာနှစ်(၄၅၀) ၊ ဘီစီ(B.C) ၉၄ခုနှစ်၊ သီဟိုဠ်ကျွန်း မလယဇနပုဒ်အာလောက လိုဏ်ဂူ၌ ဝဋ္ဋဂါမဏိမင်းကို အမှီပြု၍ ဓမ္မရက္ခိတမထေရ်အမှူးရှိသော သံဃာတော်ငါးရာ တာလပတ္တအက္ခရာ ခေါ် (တောင်ပိုင်းစတုတၳသံဂါယနာ- ပေထက်အက္ခရာ) ကိုတင်တော်မူခဲ့ကြပါသည်။
သာသနာတော်နှစ် ၆၀၀၊ ဘီစီ(B.C) ၁ရာစု အိန္ဒိယမြောက်ပိုင်း ကသ္မိရတိုင်း ဇာလန္ဒရမြို့၌ ကနိလျှကမင်းကို အမှီပြု၍ သုမိတြအသွဃောသမထေရ် ကြီးမှူးသော သံဃာတော်များသည် ပိ၌ကတ်တော်များကို သင်္သကရိုဋ်(သက္ကတ)ဘာသာဖြင့် တင်သော သံသတိတြာရုဠှခေါ် မြောက်ပိုင်း စတုတၳသံဂါယနာကို တင်တော်မူခဲ့ကြပါသည်။ ထိုအခါမှစ၍ ဟိမဝန္တာမှ မြောက်ဘက်ရှိ တိုင်းပြည်နယ်များသို့ ဗုဒ္ဓသာသနာ ရောက်ရှိပျံ့နှံ့ခဲ့ပါသည်။
ပဉ္စမသံဂါယနာ
------------------
သာသနာနှစ် ၂၄၁၂၊ အေဒီ ၁၈၆၈ခုနှစ်၊ မြန်မာပြည် မန္တလေးမြို့တော်၌ မင်းတုန်းဘုရင်မင်းတရားကြီးကို အမှီပြု၍ အရှင်ဇာဂရာဘိဓဇမထေရ်အမှူးပြုသော သံဃာတော် ၂၄၀၀ကျော်တို့ သေလက္ခရာရုဠှ ခေါ် ကျောက်ထက်အက္ခရာ ပဉ္စမသံဂါယနာတင်တော်မူခဲ့ကြပါသည်။
ဆဋ္ဌသံဂါယနာ
----------------
ဆဋ္ဌမသံဂါယနာသာသနာနှစ် ၂၅၀၀၊ အေဒီ ၁၉၅၆ခုနှစ် မြန်မာပြည် ရန်ကုန်မြို့ ကမ်ဘာအေး မဟာပါသာဏ လိုဏ်ဂူတော်ကြီး၌ နိုင်ငံတော်အစိုးရ ကြီးမှူးသော ပြည်သူလူထုကို အမှီပြု၍ ထေရဝါဒငါးနိုင်ငံ(မြန်မာ၊ ထိုင်း၊ ကမေ်ဘာဒီးယား၊ လော၊ သီရိလင်္ကာ) မှ ဆရာတော်များ ကြီးမှူးသော သံဃာတော် ၂၅၀၀ကျော်ကို ပေါတၳကရုဠှ မုခါရုဠှရွတ်ဖတ်ပုံနှိပ်ခြင်း၊ ရွတ်ဆိုခြင်း နှစ်ပါးစုံဖြင့် ဆဋ္ဌသံဂါယနာတင်တော်မူခဲ့ကြပါသည်။
စာဖတ်သူအားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
🆙TT
Click here to claim your Sponsored Listing.
Category
Website
Address
0101