All Things All May

All Things All May

Share

All Things All May

19/02/2026

လမ်းလျှောက်ပါ 💛

17/02/2026

ရန်ကုန်မနက်ခင်းတွေဆို ကိုယ်ကဘဲမနိုးတာလား ဆောင်းကဘဲမပီပြင်တော့လားဘဲ😄

အခုလိုနယ်မြို့လေးမှာကျတော့ ဆောင်းအကုန်နွေအကူးမရောက်တစ်ရောက်လေးမှာတောင် အေးစိမ့်နေတုန်း ❤️❄️

#ကော်ဖီ

16/02/2026

ဧရာဝတီတိုင်းရဲ့တစ်နေရာမှာတော့
အုန်းသီးစျေးကပိုပြီးနက်နဲလာပြီ 🤔

တစ်လုံး ၅၀၀၀ တဲ့😬😅

15/02/2026

အရင်ကဆို အုန်းသီးတစ်လုံးမှ ၁၀၀၀ ၁၂၀၀ အခုတော့ တစ်လုံး ၃၀၀၀ ဖြစ်သွားပြီ 😄

ဩတော့ ဒီရက်ပိုင်း အုန်းရည်ကို နေ့တိုင်းနီးပါးသောက်ဖြစ်နေတာ တစ်ခါတစ်လေ Chia Seeds လေးနဲ့ရောသောက်😁

13/02/2026

ဘယ်ကစရမှန်းမသိရင် လမ်းလျှောက်ပါ

12/02/2026

ဒီနေ့ပိတ်ရက်ဆိုတော့ဘာလုပ်ကြမှာလဲ

ဩတော့အခုမှထပြီး အိမ်မှာချက်တဲ့မုန့်ဟင်းခါးပေါ့ပေါ့လေးရယ် ကော်ဖီမဲမဲလေးရယ်သောက်ပါမယ် 🥰

မုန့်ဟင်းခါးကိုအရမ်းကြိုက်တဲ့အထဲမပါပေမယ့် အိမ်ကချက်ထားရင်တော့စားလိုက်ပါတယ် အပြင်ဆိုင်တွေမှာ စားလေ့မရှိပါဘူး စားဖြစ်ရင်တောင်ဆိုင်တော်တော်ရွေးပါတယ် အဓိကကတော့အရသာအရမ်းပြင်းတာတွေမစားနိုင်တာပါ

ဩတို့မြန်မာလူမျိုးအများစုက အရသာပိုင်းမှာ ထိထိမိမိလေးတွေမှစားချင်ကြတာလေနော် ချဉ်ချဉ်ငံငံစပ်စပ်လေးဆိုတာမျိုးပေါ့

ဒါတွေက မြန်မာပြည်မှာနေရင်တော့မထူးဆန်းပါဘူး ဒါပေမယ့် တစ်သက်လုံးစားလာတဲ့အခါ ကာလအပိုင်းအခြားတစ်ခုရောက်လာရင် အစာကဆေးမဟုတ်တော့ဘဲ ဘေးဖြစ်လာပါတယ်

စားချင်တာရှိရင်တော့စားမယ် သို့သော် ကိုယ့်အတွက်ဘေးမဖြစ်အောင်စားတတ်မယ်ဆို ဩတို့တွေအချိန်ကြာကြာကျန်းကျန်းမာမာနေကြရမှာပါ

🥳 ဥပမာ ဒီနေ့ကစပြီး အရသာလေးလေးမှစားတတ်တာ စားနေကြဆိုတဲ့သူတွေ နည်းနည်းလေးအငံလျှော့စားကြည့်ကြရအောင်

🥳 မုန့်ဟင်းခါးစားရင် ဟင်းရည်အရသာပေါ့လို့ဆိုပြီး ငံပြာရည်ထပ်မထည့် ငရုတ်သီးမှုန့်လေးလဲနည်းနည်းလျှော့ပြီး စားကြည့်ကြရအောင်

ကြီးကြီးမားမားမဟုတ်ပါဘူး တစ်နေ့ချင်းဆီ သေးသေးလေးတွေပြောင်းလဲသွားကြမယ်နော် ❤️

#မုန့်ဟင်းခါး #မနက်စာ

10/02/2026

ကစားမလား နားမလား 💛

Photos from All Things All May's post 02/02/2026

ကော်ဖီခါးခါးမဲမဲလေးကို ဘယ်လိုသောက်ရပါ့မလဲဆိုတဲ့သူတွေအတွက် ☕️

တစ်ကျိုက်ထဲသာမော့ချလိုက်ပါလို့ပြောချင်ပေမယ့် 😜🤭 ကော်ဖီဆိုတာ အရသာခံသောက်မှပိုကောင်းတာမဟုတ်ဘူးလားနော် 🥰

ဩကိုယ်တိုင်လဲ

အသင့်ဖျော်ကော်ဖီထုတ်တွေအပြင် Nescafe Red Cup အမှုန့် + Coffee Mate + သကြား - ကို နှစ်ပေါင်းများစွာသောက်ခဲ့ပါတယ်

နေ့စဉ်နေ့တိုင်း ၂ခွက် ၃ ခွက်သောက်တဲ့ အကျင့်ကို တဖြေးဖြေးချင်းစီ ပြင်ကြည့်မယ်လို့စိတ်ကူးရမှ ကော်ဖီနဲ့ ဆေးဖြစ်ဝါးဖြစ်ဘယ်လိုယှဉ်တွဲနေထိုင်လို့ရမလဲဆိုတာ ရှာဖွေရင်း အခုလို အဆင့်ဆင့်ပြောင်းလဲဖြစ်ခဲ့တာပါ

☕️ ကော်ဖီကြမ်း (ကော်ဖီမှုန့်ကို နှပ်ထားတာပါ) + နွားနို့ (coffee mate အစားထိုး) + White Sugar

☕️ကော်ဖီကြမ်း + နွားနို့ + Brown Sugar

☕️ကော်ဖီကြမ်း + နွားနို့

☕️ကော်ဖီကြမ်း

ရက်ပိုင်းလေးမဟုတ်ဘဲ အဆင့် တစ်ဆင့်နဲ့တစ်ဆင့်ကြားလချီကြာရာကနေ အခုဆိုရင် ကော်ဖီကြမ်းတစ်မျိုးတည်းသောက်နိုင်သွားတာ 📆 ၃နှစ်ရှိပြီဆိုတော့ သူ့ကိုအရသာခံပြီးသောက်နိုင်တဲ့အခြေအနေရောက်သွားပါပြီ

ဝိတ်ချချင်တာဘဲဖြစ်ဖြစ် ကျန်းမာရေးအတွက် Lifestyle ပြောင်းချင်လို့ဘဲဖြစ်ဖြစ် ကော်ဖီကြမ်းသောက်ကြည့်မယ်ဆိုသူများ ဩလိုဘဲ တစ်ဆင့်ပြီးတစ်ဆင့်ဖြေးဖြေးချင်း ပြောင်းလဲကြည့်ကြပါနော် ❤️

02/02/2026

နွေ 💛

Video ထဲမှာ ကော်ဖီခွက်လေးရှာကြည့်ပါဦး ☕️

ကော်ဖီကြိုက်သူတွေအတွက် ကော်ဖီကြမ်းသောက်တဲ့အကြောင်းလေး ပြောပြဦးမယ်နော်

Sending sunshine your way. Good morning! 😊

29/01/2026

၃၀ကျော် အန်တီတစ်ယောက်လုပ်တဲ့ လေ့ကျင့်ခန်းများထဲမှ ကောက်နုတ်ချက်တစ်ချို့🤭

Photos from All Things All May's post 27/01/2026

ဩနဲ့ထမင်းနဲ့ရန်မဖြစ်ထားပါဘူး 😂

ထမင်းမစားဘဲ ကန်စွန်းဥ ပြောင်းဖူး အာလူးအစားထိုးတာက ၁ လလောက်ပါ

အဲ့ဒီကာလအတွင်းမှာ အပြင်စာတွေလဲရှောင်ခဲ့တယ် Gym မှာလဲ Strength exercises + Cardio သေချာလုပ်ခဲ့တဲ့အတွက် ဩလိုချင်တဲ့အနေအထားအထိ
ဝိတ်ချနိုင်ခဲ့ပါတယ်

ဒါပေမယ့် ထမင်းလဲစား တစ်ခါတစ်လေ စားချင်တာတွေလဲလျှောက်စားပြီး ဝိတ်တွေဇွတ်မတက်တော့မယ့်နည်းလမ်းကိုသိသွားကတည်းက

🍚 ထမင်းစားရမှာ

❌ ပြန် “ဝ” မှာ မကြောက်တော့ပါဘူး 😌

အဲ့နည်းလမ်းကိုပြောပြမယ် အခုတော့ ပုံလေးတွေကြည့်ဦးနော် 😁❤️

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon