MBC CCD

MBC CCD

Share

Brief Background History. From 2015, this department mainly focuses on information services of the MBC and the Language and Regional Conventions.

Christian Communication Department (CCD)

VISION
# To establish strong genuine fellowship between God and human being.
# To Strengthen positive communications prevalent amongst people. MISSION
# To implement information services of the Myanmar Baptist Convention (MBC) efficiently and effectively.
# To provide necessary assistance to the Myanmar Baptist Convention (MBC), its department and related

24/05/2026

Praise song
Music Traininees
Tedim Baptist Church Yangon
24.5.2026, (9:30)am

24/05/2026

Church Choirs
Tedim Baptist Church Yangon
24.5.2026, (9:30)am

24/05/2026

MBC LDPD
Choirs
Church Music Traininees
At Tedim Baptist Church Yangon
24.5.2026, (9:30)am

24/05/2026

MBC LDPD
Church Music Traininees
At Immanuel Baptist Church

Photos from MBC CCD's post 24/05/2026

ပင်တေကုတ္တေနေ့အကြောင်းသိကောင်းစရာ
=================================
ဆရာရဲမင်း

နိဒါန်း
*******
ခရစ်ယာန်လောကတွင် "ပင်တေကုတ္တေနေ့" ကို "သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်ရာနေ့" သို့မဟုတ် "အသင်းတော်၏ မွေးနေ့ " ဟု အလေးအမြတ်ပြု ခေါ်တွင်ကြပါတယ်။
နှစ်စဉ် ရှင်ပြန်ထမြောက်ရာပွဲနေ့‌ပြီး‌နောက်
ရက်ပေါင်း(၅၀)ပြည့်မှာ ကျ‌ရောက်ပါတယ်။
အကျဉ်းချုပ်ဖော်ပြပါမယ်။

၁။ဓမ္မဟောင်းကျမ်းနောက်ခံသမိုင်း
**********************************
ပင်တေကုတ္တေနေ့ဟာ ဓမ္မဟောင်းကျမ်းက
ဣသရေလလူမျိုးတို့ရဲ့ “ခုနစ်သီတင်းပွဲ”
(Feast of Weeks / Shavuot) ကို
အခြေခံထားခြင်း ဖြစ်ပါတယ်။
ဣသရေလလူမျိုးများဟာ ဘုရားသခင်
မိန့်မှာချက်အရ - Nisan (နီဆန်)လ (၁၆)ရက်နေ့ (အဦးသီးပူဇော်ပွဲ၊ ယဇ်ပုရောဟိတ်မင်းက
ချီလွှဲရာပူဇော်သက္ကာ ကောက်လှိုင်းကို
ပူဇော်သည့်နေ့) က စပြီး ခုနစ်ပတ် တိတိ
ရေတွက်ရပါတယ်။

၇ ရက် ၇ ပတ် (၄၉ ရက်) ပြည့်မြောက်ပြီးနောက်၊ အလွန် ပထမဦးဆုံးနေ့ ဖြစ်သည့်
(ရက်ပေါင်း ၅၀ မြောက်နေ့) တွင်
ဤပွဲတော်ကို စည်ကားသိုက်မြိုက်စွာ
ကျင်းပကြရပါတယ်။
(ထွက်မြောက်ရာ ၃၄:၂၂၊ တောလည်ရာ ၂၈:၂၆-၃၁၊ ဝတ်ပြုရာ ၂၃:၁၅-၂၁)

၂။ပင်တေကုတ္တေစကားလုံးအဓိပ္ပာယ်
*************************************
"ပင်တေကုတ္တေ" ဆိုသည်မှာ ဂရိစကားလုံး Pentecostē′ (ပင်တယ်ကိုစ်တယ်) ကနေ ဆင်းသက်လာပြီး "၅၀ မြောက်သောနေ့
(Fiftieth)" ဟု တိုက်ရိုက်အဓိပ္ပာယ်ရပါတယ်။
မြန်မာကျမ်းစာတွင် ဆရာယုဒသန်က
မူရင်းဂရိအသံထွက်ကို ယူကာ
"ပင်တေကုတ္တေ" ဟု သုံးနှုန်းခဲ့ခြင်း ဖြစ်သည်။ တကယ်တော့မြန်မာလိုပြန်ဆိုရလျှင်
"ရက် ၅၀ ပြည့်ပွဲ" ဖြစ်သည်။
👉ဓမ္မဟောင်း ကာလတွင် -
ပသခါပွဲနေ့ကစပြီး ရက်ပေါင်း ၅၀ မြောက်နေ့ ဖြစ်သည်။
👉ဓမ္မသစ် (ယနေ့) ကာလတွင် -
သခင်ယေရှု ရှင်ပြန်ထမြောက်ပြီးနောက်
(၅၀)ရက် မြောက်သောနေ့ (သို့မဟုတ်)
သခင်ယေရှု ကောင်းကင်ဘုံသို့ တက်ကြွတော်မူပြီး (၁၀) ရက်မြောက်သောနေ့ ဖြစ်သည်။

၃။ ဓမ္မဟောင်းနှင့်ဓမ္မသစ်ချိတ်ဆက်နေမှု
****************************************
👉ဓမ္မ‌ဟောင်းကသီးနှံကောက်သစ်များအတွက် ကျေးဇူးတော်ချီးမွမ်းခြင်း
👉ဓမ္မသစ်က ဝိညာဉ်ရေးရာ ကောက်ရိတ်သိမ်းခြင်း (လူပေါင်း ၃၀၀၀ ကယ်တင်ခြင်းရခြင်း)

👉ဓမ္မ‌ဟောင်းက သိနာတောင်ပေါ်တွင်
မောရှေအားဖြင့် "ကျောက်ပြားပေါ်၌
ရေးထားသော ပညတ်တော်" ပေးအပ်သည့်နေ့။
👉ဓမ္မသစ်က မာကု အထက်ခန်းမ၌
ယုံကြည်သူတို့၏ "နှလုံးသားကျောက်ပြားပေါ်၌ ဝိညာဉ်တော်ပညတ်" ရေးထိုးသည့်နေ့။

👉ဓမ္မ‌ဟောင်းက ပညတ်တော်ပေးသောနေ့တွင် အပြစ်ကြောင့် လူပေါင်း (၃,၀၀၀) သေဆုံးခဲ့သည်။ (ထွက် ၃၂:၂၈)
👉ဓမ္မသစ်က ဝိညာဉ်တော်ဆင်းသက်သောနေ့တွင် လူပေါင်း(၃,၀၀၀) အသက်ရှင်ခြင်း (ကယ်တင်ခြင်း) ရရှိခဲ့သည်။ (တမန် ၂:၄၁)

၄။သန့်ရှင်း‌သောဝိညာဉ်တော်ဆင်းသက်ခြင်း
*******************************************
ဓမ္မသစ်ကျမ်း၊ တမန်တော်ဝတ္ထု အခန်းကြီး (၂) တွင် တမန်တော်များနှင့် ယုံကြည်သူများ
တစ်စုတဝေးတည်း ဆုတောင်းနေကြစဉ် -
လေပြင်းမုန်တိုင်းကဲ့သို့သော အသံသည်
အိမ်တစ်အိမ်လုံးကို ပြည့်စေခဲ့သည်။
မီးလျှံနှင့်တူသော လျှာတို့သည် ကွဲပြားလျက် ယုံကြည်သူတိုင်းအပေါ်သို့
ဆင်းသက်နားနေခဲ့သည်။

သူတို့အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသဖြင့်၊ ဝိညာဉ်တော်ပေးတော်မူသောအတိုင်း အခြားသော ဘာသာစကား (မျိုးစုံ) ဖြင့်
ဟောပြောခဲ့ကြသည်။

ထိုနေ့တွင် ကမ္ဘာအရပ်ရပ်မှ ရောက်လာသော
ဣသရေလလူမျိုးများသည် မိမိတို့ဒေသ အသီးသီး၏ ဘာသာစကားဖြင့် ဘုရားသခင်၏ ကြီးမြတ်သော အမှုတော်များကို ကြားရသဖြင့်၊ အံ့ဩမိန်းမောခဲ့ကြပြီး၊ တမန်တော်ပေတရု၏ တရားဒေသနာကြောင့် လူပေါင်း (၃,၀၀၀) ခန့် နောင်တရကာ နှစ်ခြင်းခံ၍ ခရစ်တော်ကို မိမိတို့၏ ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံခဲ့ကြသည်။
ထိုနေ့သည် "အသင်းတော် (Church)"
စတင် ပေါ်ပေါက် တည်ဆောက်သောနေ့
ဖြစ်လာခဲ့သည်။

၅။ယုံကြည်သူများအတွက် ဝိညာဉ်ရေးရာ
နှိုးဆော်ချက်
***************************************
ပင်တေကုတ္တေနေ့ဟာ အတိတ်က ဖြစ်ရပ်တစ်ခုကို အမှတ်ရရုံသက်သက် ကျင်းပတဲ့ပွဲ မဟုတ်ပါဘူး။ ယနေ့ခေတ် အသင်းတော်များနှင့်
ယုံကြည်သူတိုင်းအတွက်
အောက်ပါအတိုင်း စိန်ခေါ်နှိုးဆော်နေပါတယ်။

၁။ ဝိညာဉ်တော် တန်ခိုးကို ခံယူရန် -
ကျွန်ုပ်တို့သည် မိမိကိုယ်ပိုင်ခွန်အားဖြင့် သာသနာပြု၍မရပါ။
သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးတော်ကို နေ့စဉ်ခံယူဖို့ လိုအပ်ကြောင်း သတိပေးနေသည်။

၂။ ဧဝံဂေလိလုပ်ငန်းကို အရှိန်အဟုန်မြှင့်ရန် -
ပင်တေကုတ္တေနေ့သည် အခန်းအောင်း ဆုတောင်းခြင်းမှသည် လမ်းမပေါ်ထွက်၍ သတင်းကောင်း ကြေညာခြင်းသို့ ကူးပြောင်းသောနေ့ ဖြစ်သည်။

၃။ စည်းလုံးတဲ့အသင်းတော် ဖြစ်ရန် -
လူမျိုးစုံ၊ ဘာသာစကားစုံသော်လည်း ဝိညာဉ်တော်တစ်ပါးတည်းဖြင့် ခရစ်တော်၏အိမ်တော်တွင် တစ်လုံးတစ်ဝတည်း ဖြစ်ရမည်ကို ဖော်ပြနေသည်။

ထို့ကြောင့် ယနေ့တိုင် ခရစ်ယာန်အသင်းတော်များက ပင်တေကုတ္တေနေ့ကို အမှတ်ရကျင်းပရင်း၊
မိမိတို့အသက်တာထဲတွင်
သန့်ရှင်းသောဝိညာဉ်တော်ဘုရား အုပ်စိုးလျက်
ဧဝံဂေလိတရားတော်
အရှိန်အဟုန်ဖြင့် ပြန့်ပွားရေးအတွက်
ဆုတောင်းဆက်ကပ်ကြရန်
တိုက်တွန်းနှိုးဆော်အပ်ပါသည်။

မူရင်း-ဆရာရဲမင်း
https://www.facebook.com/share/p/1DzHUYTZT8/

#ပင်တေကုတ္တေနေ့ #သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်ရာနေ့ #အသင်းတော်မွေးနေ့ #ဆရာရဲမင်း

16/05/2026
16/05/2026

ဖူးသာဖြူနေ့ဒေသနာ

ဒေါက်တာနေလင်းအောင်
တွဲဖက်တာဝန်ခံ၊ ဧသဌာန
ကရင်နှစ်ခြင်းအဖွဲ့ချုပ်

Photos from MBC CCD's post 16/05/2026
16/05/2026
14/05/2026

ဖူးသာဖြူနေ့အကြိုအစီအစဉ်
ချီးမွမ်းခြင်း
ကရင်နှစ်ခြင်းအဖွဲ့ချုပ်

Want your place of worship to be the top-listed Place Of Worship in Yangon?
Click here to claim your Sponsored Listing.

Telephone

Address

Yangon

Opening Hours

Monday 09:00 - 16:30
Tuesday 09:00 - 16:30
Wednesday 09:00 - 16:30
Thursday 09:00 - 16:30
Friday 09:00 - 16:30