ARPU
Chef uniform
Kitchenနဲပက်သက်တဲအရာများ knowledge. Shareပေးပါတယ် တက်ခြင်သင်ခြင်တဲသူများ 09424819849ကိုဆက်သွယ် ပေးပါ ပညာဒါနအနေနဲသင်ပေးပမယ် viber
Telegramကနေလည်း SSလေးပြပီး မေးနိုင်ပါတယ်
16/03/2026
အမှတ်တရတွေနဲအတူ လေ့လာသင်ယူခြင်တဲသူတွေရှိရင်လာခဲ တက်နိုင်တာသင်ပေးမယ် ဆရာတော့မဟုတ်ဘူး ကြိုးစားသင်ယူနေတဲသူတယောက် ဒီMenuလေးကတော့ကြာခဲပီး အခုတော့အဲစျေးလေးတွေနဲမရတော့ဘူး သင်ခြင်တဲသူရဲစိတ်စေတနာပေါ်ဘဲမူတည့်တယ်နော် အမြန်ဆုံးသာ well come
Hi
27/02/2026
https://youtube.com/-knowledge?si=jn1hyvjqLqfwtfU3
Okkar-knowledge အစားအသောက်နှင့်ပက်သက်ပီး Youtube knowledge မျဝေရာ
27/02/2026
Pizza History (ပီဇာ သမိုင်းကြောင်း)
Pizza က ဘယ်ကစတာလဲ 🍕🍕🍕
Examiner.com မှာပြောထားတာကတော့ Pizzaကအခုနာမည်ကြီးတဲ့ Italyကနေစတင်ခဲ့တာမဟုတ်ပါဘူး။
တကယ်တမ်းတော့ Italy မှာမစခင်တည်းက Pizzaပေါ်တာ သက်တမ်းကြာပြီးဖြစ်ပါတယ်။
Italyမှာမစခင် ဟိုးအရင်တုန်းကတော့ ဂရိနဲ့ဖိုနီးရှား (Phoenicians)လူမျိုးတွေက အမွှေးနံ့သာ ရသာမှုန့်တွေနဲ့စားကြတယ့် (seasoned flatbread) ပါမုန့်ပြားတစ်ချပ်သာဖြစ်တယ်။
Plankuntosလို့တော့ ဂရိတွေကခေါ်ကြတယ်။ ဂရိတွေက Plankuntosခေါ်flatbreadတွေကို စားလို့ရတယ့်ပန်းကန်ပြား (edible plate)အနေနဲ့လုပ်တာဖြစ်ပြီး အပေါ်မှာ အသားနဲ့အရွက်ရောချက်ထားတဲ့stews ဒါမှမဟုတ် စွတ်ပြုတ်(broth)ထည့်ပြီးလည်း စားကြတယ်။
တဖြည်းဖြည်းနဲ့ Plankuntos ကို Italyက Pizzas လို ပြောင်းခေါ်ခဲ့တယ်။ ဒီလိုနဲ့ Plankuntosပါမုန့်ပြား လုပ်နည်းကို Italyနိုင်ငံ Naples ဆီရောက်သွားပြီး Naplesမြို့လမ်းတွေပေါ်မှာ၊စျေးတွေမှာ အခြေခံလူတန်းစားတွေအတွက် စတင်ရောင်းခဲ့တယ်။
Pizza ကို လမ်းဘေးစျေးသည် အထူးသဖြင့် ကောင်လေးတွေက ခေါင်းပေါ်မှာ မီးဖိုသေးလေးတွေရွက်ပြီး Pizzaကို လမ်းတွေပေါ်မှာ ရောင်းကြတယ်။ဒီ Pizzaတွေကိုစျေးပေါပေါနဲ့လုပ်ရောင်းခဲ့ကြတယ်။ သဘာဝအတိုင်းဘာမှမပါတဲ့ ပါမုန့်အပြားကြီးတွေထဲ ဆီနဲ့အမွှေးနံ့သာရွက်တွေပဲထည့်ဖုတ်ပေမယ့် အရသာရှိပြီး ဗိုက်ပြည့်စေတယ်။
တနေ့ ဘုရင် Umbertoနဲ့ ဘုရင်မ Margheritaက Naplesမြို့တွင်း လှည့်လည်ရင်း Pizzeria Brandi ဆိုင်ကိုဝင်ရောက်ကြည့်ရူပြီး Chef Raffaele Esposito ကို pizza အမျိုးမျိုးလုပ်ပေးခိုင်းခဲ့တယ်။
Chef Raffaele Espositoလည်း Italyရဲ့အလံအရောင်တွေဖြစ်တဲ့အနီ၊အဖြူနဲ့ အစိမ်းတို့ကို ကိုယ်စားပြုတဲ့ pizza တစ်မျိုးကို ခရမ်းချဉ်သီး (အနီ)၊ Mozzarella cheese (အဖြူ) နဲ့ ပင်စိမ်း (အစိမ်း)တို့ကိုသုံးပြီး ပြုလုပ်ပေးလိုက်တယ်။
ဒီpizzaကဘုရင်မရဲ့အကြိုက်ဆုံးpizza ဖြစ်ခဲ့ပြီး Pizza Magherita လို့နာမည်ပေးလိုက်တယ်။
အဲ့ချိန်ကစပြီး pizzaက Italyကနေ USနဲ့ကမ္ဘာတစ်ဝန်းမှာ လူကြိုက်များနာမည်ကြီးလာတဲ့ fast foodတစ်မျိုးဖြစ်လာပါတော့တယ်။🍕🍕🍕🍕
အီတလီနိုင်ငံမှာဟိုးရှေးယခင်ကဆင်းရဲသားများစားသုံးခဲ့ရတဲ့အစားအသောက် တခုဖြစ်ပြီးယခုမျက်မှောက်ခေတ် မှာလူတန်းစားအသီးသီးရဲ့အစားအသောက် ဖြစ်နေတဲ့ Pizza အကြောင်း.
Pizza History
၁၆ ရာစုလောက်က အီတလီနိုင်ငံ နေပယ်မြို့နဲ့အနီးပတ်ဝန်းကျင်ဒေသက Flat bread (ပေါင်မုန့်အပြား)ဟာ ဒီခေါတ်မှာစားသုံးနေတဲ့ပီဇာ ရဲ့အခြေခံ ပါဘဲ..ဒါပေမဲ့ ပီဇာဟာ နေပယ်မြို့ကဆင်းရဲသားတွေစားဖို့လမ်းဘေးမှာရောင်းတဲ့မုန့်တခုထက်မပိုခဲ့ပါဘူး..
၁၆ရာစုနောက်ပိုင်း ကိုလံဘတ်စ် တို့အမေရိကကိုရောက်ရှိပြီး ခရမ်းချဉ်သီးပင်လည်းဥရောပကိုရောက်ရှိခဲ့ပါတယ်..အဲ့ဒီ့နောက်ပိုင်းမှာပီဇာကိုခရမ်းချဉ်သီးအနှစ်.. သံလွင်ဆီ..ငါးတို့ကို Top up လုပ်လာပါတယ်..
Italy နိုင်ငံကိုစည်းရုံးတည်ထောင်နိုင်ခဲ့တဲ့ဘုရင်ကြီးberto နဲ့ သူ့မိဘုရား Margherita (မာဂရီတာ)တို့ဟာ နေပယ်မြို့ကို ၁၈၈၉ ခုနှစ်မှာအလည်ရောက်ရှိလာပါတယ်..မင်းမျိုးမင်းနွယ်တွေဆိုတော့ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ပြင်သစ်အစားအစာတွေစားရတာငြီးငွေ့လာပုံရပါတယ်..မိဘုရားက ပီဇာတခုလောက်စားချင်တယ်လို့သိတဲ့အခါ..နေပယ်မြို့ကပီဇာဖုတ်တဲ့သူ Raffaele Esposito ဆိုသူက ပီဇာတခုကိုမိဘုရားကိုဆက်သခဲ့ပါတယ်..
ပီဇာမှာပါဝင်တာကတော့ အဖြူရောင်ဖြစ်တဲ့ဂျုံဖတ်(dough)နဲ့မိုဇာရွဲလားချိစ်..အနီရောင်ဖြစ်တဲ့ ခရမ်းချဉ်သီးအနှစ်..အစိမ်းရောင်ဖြစ်တဲ့ ပင်စိမ်းရွက်(Basil leave)ကိုအပေါ်မှာတင်ပေးလိုက်တာပါပဲ..အဲဒီအရောင်သုံးရောင်ဟာ.အီတလီအမျိုးသားအလံ မွာပါတဲ့ နီဖြူစိမ်း သုံးရောင်ကိုကိုစားပြုထားတာပါလို့လဲဆိုပါတယ်...မိဘုရားကပီဇာကိုကြိုက်နှစ်သက်တဲ့အတွက်..
အဲဒီပီဇာကို မာဂရီတာပီဇာ(Margherita Pizza)ရယ်လို့ယခုခေတ်အထိနံမယ်တွင်နေခဲ့ပါတယ်..ဒါပေမဲ့ပီ ဇာဟာ နေပယ်မြို့နဲ့ပတ်ဝန်းကျင်မွာသာခေါတ်စားခဲ့တာသာဖြစ်ပြီး၁၉၄၀ခုနှစ် ဒုတိယကမ်ဘာစစ်အတွင်းကြမှအီတလီတပြည်လုံးပြန့်နံ့ခဲ့ပါတယ်..အရင်ကဆင်းရဲသားများသာစားသုံးကြတဲ့ Food ဖြစ်ပေမဲ့ မျက်မှောက်ခေတ်မှာတော့ ဟော်တယ်နဲ့စားသောက်ဆိုင် ကြီးများတွင်ပါရောင်းချနေသည်အထိ လူကြိုက်များလာကြပါပြီ။
Greek Cheese, Nut နဲ့ တခြားထည့်စားချင်တဲ့အရာတွေကိုထည့်စားခဲ့ကြပါတယ်..
1889ခုနစ် ဇွန်လမှာPizzeria Brandi ရဲ့ Chef Raffaele Esposito ဆိုသူက အီတလီဘုရင်မ Queen Margherita ကို ဂုဏ်ပြုတဲ့အနေနဲ့ အီတလီနိုင်ငံရဲ့National Flag အရောင်ကိုမှီညမ်းပြီး Daisy ပုံသဏ္ဍာန်ဖြင့် Pizza Margheritaကို တီထွင်ခဲ့ပါတယ်။
အဲ့အချိန်မှစပီး အီတလီတောင်အလယ်ပိုင်းမှာ Pizza ကို တွင်တွင်ကျယ်ကျယ်အစားများလာပီးကမ္ဘာအနှံ့ကိုပျံ့နှံလာခဲ့ပါတယ်။
အခုလက်ရှိ Paratha, Nan စတဲ့ အာရှအစားအစာတွေဟာလဲ Pizzaကိုပုံတူယူပီးပြုထားတယ်လို့ စာတွေမှာဖော်ပြထားပါတယ်။
ပြင်သစ်ကChefတွေက Pizza ဟာအောက်ခြေလူတန်းတွေအများစုစားသုံးကြတဲ့အစားအစာဟုသတ်မှတ်ကြပြီး... သူတို့ရဲ့Puffနဲ့ပြုလုပ်ထားတဲ့ မုန့်အပြားကို Pizza ကဲ့သို့ပြုလုပ်ပြီးစားသုံးခဲ့ကြပါတယ်။
1957ခုနှစ်မှာ Pizza ကို ပထမဆုံး Frozen Pizza အနေနဲ့ US Supermarkets တွေမှာစတင်ရောင်းချလာခဲ့ပြီး ပုံသဏ္ဍာန်အရွယ်အစားပေါင်းစုံပြုလုပ်ပြီးစားသုံးလာကြပါတယ်။
Credit Original Writer
Edit RCphyo
24/02/2026
အမေးများတဲ့ ရှားကော/ချားကော ၊ ပါးကော နဲ့
ဝှားကျောင်း
ဟင်းချက်နည်းတွေ ရေးတင်တဲ့အခါ ပါဝင်တဲ့အမယ်တွေထဲမှာ ဒါလေးတွေပါလာတိုင်း ခဏခဏမေးကြလို့
မသိသေးတဲ့သူတွေ ခွဲခြားပြီး သိနိုင်အောင် ရေးပေးလိုက်ပါတယ်
ရှားကော ပါးကောမှုန့် ဆိုတာ အတော်များများကြားဖူးနေကျဖြစ်ပေမယ့် တချို့လဲ အမှုန့်တစ်မျိုးထဲလို့ထင်နေကြတာရှိပါတယ် တကယ်တော့ ရှားကော (ချားကော)၊ ပါးကော ဆိုတာ အမှုန့်နှစ်မျိုးကို အလွယ် ပေါင်းပြီးခေါ်တာပါ
ရှားကောမှုန့်
သူက (Chinese black cardamom powder) တရုတ်ဖာလာစေ့မှုန့်ပါ ကျမတို့အသိများတဲ့ အိန္ဒိယဖာလာနဲ့
ပုံစံရော အနံ့ရော မတူပါဘူး ဒါပေမယ့် သူလဲ အိန္ဒိယဖာလာလိုပဲ အပြင်ခွံခွာပြီး အထဲက အစေ့လေးတွေကို ကြိတ်ပြီးသုံးကြတာပါ (အမှုန့်က ညိုဝါရောင်သန်းပါတယ်)
နောက်တစ်ခုက တချို့ ရှားကောမှုန့်ကို ဇာတိဖိုလ်သီး(nutmeg) အမှုန့်လို့လဲ ထင်ကြတယ်
မဟုတ်ပါဘူး ၊ ပုံစံဆင်တူတာမို့ အမှတ်မှားကြတာပါ
ပုံမှာ ကြည့်ပါနော်
ပါးကောမှုန့်
သူက (star anise powder) နာနတ်ပွင့်အမှုန့်ပါ
နာနတ်ပွင့်ကတော့ ကျမတို့နဲ့ ရင်းနှီးပြီးသားပါ
ဟင်းတွေထဲမှာ အပွင့်လိုက်ထည့်ချက်ကြသလို အမှုန့်လဲသုံးကြပါတယ် (အမှုန့်က အနည်းငယ်ပန်းရောင်သန်းပါတယ်)
ဝှားကျောင်းမှုန့်
ဝှားကျောင်း ဆိုတာက ( Szechuan red pepper ) တရုတ်ပြည် စီချွမ်နယ်ဘက်ကထွက်တဲ့ အနီရောင်ငရုတ်ကောင်းစေ့ တစ်မျိုးပါ သူက ပုံမှန်ငရုတ်ကောင်းဖြူ /နက် နဲ့ မတူပဲ ပူတဲ့အရသာအပြင် စပ်ပြီးထုံစေတဲ့ အရသာကိုပေးပါတယ်
မာလာရှမ်းကောထဲမှာပါတဲ့ ကိုက်မိရင် လျှာထုံသွားစေတဲ့ အစေ့လေးတွေလို့ပြောလိုက်ရင်တော့ လူတိုင်း သိကြမယ်ထင်ပါတယ် အဲဒါ ဝှားကျောင်းစေ့ပါပဲ
ကျမကတော့ ဝှားကျောင်း အရသာပါတာကိုကြိုက်ပေမယ့် အစေ့လိုက်ကြီးကိုက်မိတဲ့အခါ အရသာအတော်ပြင်းတာမို့ အစေ့ထက် အမှုန့်ကြိတ်ထားတာကို သုံးရတာပိုပြီးသဘောကျပါတယ် (အမှုန့်က အညိုရင့်ရောင်ပါ)
အခုဆိုရင် ရှားကော/ ချားကော ၊ ပါးကောနဲ့ ဝှားကျောင်းမှုန့်တွေအကြောင်း ခွဲခြားသိပြီထင်ပါတယ်
အိမ်မှာသုံးတဲ့ အမှုန့်ထုပ်လေးတွေလဲ ပြပေးထားပါတယ်
တရုတ်စာတွေချည်း ရေးထားတယ်ဆိုရင်တောင် ပုံစံလေးတွေသိပြီမို့ ကိုယ်လိုချင်တဲ့ အမှုန့်ကို ရွေးဝယ်လို့ရပြီနော်
တံဆိပ်အမျိုးမျိုးလာသလို ပြည်တွင်းက ထုတ်တာတွေလဲဝယ်လို့ရပါတယ်
(တရုတ်မဆလာကတော့ ရှားကော ပါးကော ဝှားကျောင်း
ငရုတ်ကောင်းဖြူ + နက် လေးညှင်း စမုံစပါး သစ်ဂျပိုးခေါက် စတာတွေ အချိုးကျရောပြီး စပ်ထားတာပါရှင်)
22/02/2026
#ခရုခေါက်ဆွဲ
#螺螄粉 ( #လော်စစ်းဖန်)
ကျွန်တော့်အမြင် နဲ့
(အရသာကို အနီးစပ်ဆုံးပြောရရင် ရှုမ်းခေါက်ဆွဲ ထဲ ကြာဇံချက်အရည်ထည့်ပြီး စားရသလိုပါပဲ)
ဒီတစ်ခါမှာတော့ လူကြိုက်များလှသော
ခရုခေါက်ဆွဲ (လော်စစ်းဖန်) အကြောင်းပဲ ဖြစ်ပါသည်။
လော်စစ်းဖန်ခေါက်ဆွဲသည်
တရုတ်ပြည် ကွမ်ရှီးပြည်နယ် လျိုကျိုးမြို့ရဲ့
အထင်ကရ စားစရာတစ်မျိုးဖြစ်သည်။
လော်စစ်းဖန်ခေါက်ဆွဲအရသာနှင့် ပတ်သတ်လျှင် ဒူးရင်းသီးနှင့် ဥပမာပေးရပေမည်။
လော်စစ်းဖန်သည် ခရုဖြင့် ချက်ပြုတ်ထားသည့် ခေါက်ဆွဲမျိုးဖြစ်လေရာ ကြိုက်တဲ့လူအတွက်တော့ ကောင်းပြီး မကြိုက်တဲ့လူအတွက်ဆိုလျှင် အနံ့ပင် မခံနိုင်ပေ။
လော်စစ်းဖန်ခေါက်ဆွဲပြုလုပ်ရာတွင်
အဓိကအားဖြင့် ခရုနှင့် ဝက်ရိုးကို
ဖာလာစေ့၊ စမုန်နက်၊ လိမ္မော်ခွံအခြောက်၊ ဇီယာ၊သစ်ခေါက်၊ လေးညှင်းပွင့်၊ ငရုတ်ကောင်းအဖြူ၊ ကရဝေးရွက်၊ နွယ်ချို၊ ချင်းမှုန့် ၊ နာနတ်ပွင့်နှင့်
စမုန်စပါးပင် စသည်တို့ဖြင့် အချိန်ကြာအောင် ပြုတ်ထားပြီး ဆန်ခေါက်ဆွဲလုံးဖြင့် စားသုံးရခြင်းမျိုး ဖြစ်သည်။
အဆာပလာအနေဖြင့် မျှစ်၊ မြေပဲ၊ ကြွက်နားရွက်၊ ဖုကျူ၊ ဟင်းသီးဟင်းရွက်၊ ငရုတ်ဆီချက်တို့ကို ထည့်ရသည်။
အဆာပလာတို့မှာ မိမိနှစ်သက်သလို ထည့်ပြီး အရသာကို ဖြည့်စွက်နိုင်ပေသည်။
ခရုခေါက်ဆွဲ (လော်စစ်းဖန်) သည် ယခုနှစ်အတွင်း တရုတ်ပြည်သာမက အာရှနိုင်ငံများ၌ပင် နာမည်ကြီးလာသည့် ခေါက်ဆွဲမျိုးဖြစ်ပြီး သာမန် လမ်ဘေးဆိုင်လေးမှသည် ဟော်တယ်၊ စားသောက်ဆိုင်များအထိပင် တည်ခင်းရောင်းချနေရသည့် အစားအစာတစ်မျိုး ဖြစ်လာခဲ့သည်။ ၂၀၁၉ ခုနှစ် Covid-19 ကြောင့် အပြင်မထွက်ရသည့်ကာလအတွင်း တရုတ်ပြည်တစ်ဝှမ်း လော်စစ်းဖန်ခေါက်ဆွဲခြောက်ထုပ် ပါကင်ပေါင်း ၂.၅ သန်းကို ရောင်းချခဲ့ရသည်ဟု သိရသည်။
#ခရုခေါက်ဆွဲ_ပါးစပ်ရာဇဝင်
လော်စစ်းဖန်ခေါက်ဆွဲနှင့် ပတ်သတ်ပြီး ပါးစပ်ရာဇဝင်အမျိုးမျိုး ရှိခဲ့သည်။ သေချာတာတစ်ခုက အဆိုပါခေါက်ဆွဲသည် ၁၉၇၀ - ၁၉၈၀ ခုနှစ်ဝန်းကျင်ကာလ တရုတ်ပြည် ယဉ်ကျေးမှုတော်လှန်ရေးအတွင်း လျိုကျိုးမြို့မှ စတင်ခဲ့သည်ဟု ဆိုနိုင်သည်။ ဇာတ်လမ်းမှာ ၄ ၅ မျိုးမက ရှိသည်ဖြစ်ရာ တစ်ချို့ဇာတ်လမ်းများကိုသာ ပြောပြပေးသွားပါမည်။
#ပထမရာဇဝင်
၁၉၈၀ ခုနှစ်ဝန်းကျင်၌ လျိုကျိုးမြို့သို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် ဆန်ခေါက်ဆွဲအမျိုးအစားကို သုံးပြီး ခေါက်ဆွဲရောင်းချသည့် ဆိုင်တစ်ဆိုင်သို့ ရောက်ရှိလာသည်။ သို့သော်လည်း ညနေစောင်းပြီဖြစ်သောကြောင့် ဆိုင်ပိတ်သွားပြီဖြစ်သော်လည်း ဆိုင်ရှင်က တည်ခင်းဧည့်ခံပေးခဲ့သည်။ ဆိုင်တွင် ဝက်ရိုးစွပ်ပြုတ်ကို အခြေခံသည့် ခေါက်ဆွဲအမျိုးအစားများကို ရောင်းချသော်လည်း ရောင်းလို့ကုန်သွားသည့်အတွက် ခရုစွပ်ပြုတ်သာ ကျန်ရှိတော့ကြောင်း ပြောလေသည်။ ဆိုင်ရှင်သည် ခရုစွပ်ပြုတ်ကို ဆန်ခေါက်ဆွဲလုံး (မြီးရှည်ခေါက်ဆွဲ) ထဲ လောင်းထည့်ပြီး ဟင်းသီးဟင်းရွက်၊ မြေပဲကြော်၊ ပဲပိစပ်နှင့် ဟင်းအရံများကို ချကျွေးလေသည်။ ခရီးသွားများလည်း ထိုခေါက်ဆွဲကို ကြိုက်နှစ်သက်သွားသည့်အတွက် လာရောက်မြည်းစမ်းကြသူများကြောင့် နာမည်ကြီးလာခဲ့သည်ဟု ဆိုသည်။ နောက်ပိုင်းတွင် ဆိုင်ရှင်သည် ခေါက်ဆွဲကို အရသာပိုကောင်းအောင် ပြုပြင်ရောင်းချခဲ့သည့်အတွက် ဒေသ၏ နာမည်ကြီး အစားအသောက်တစ်မျိုး ဖြစ်လာခဲ့သည်ဟု ဆိုကြသည်။
#ဒုတိယရာဇဝင်
ဒုတိယဇာတ်လမ်းသည်လည်း ၁၉၈၀ ခုနှစ် လျိုကျိုးမြို့၌ အခြေတည်ထားသည်။ လျိုကျိုးမြို့ ကျယ်ဖန်းတောင်ဘက်လမ်းမရှိ ခေါက်ဆွဲခြောက်ရောင်းချသည့် ဆိုင်မှ အမျိုးသမီးသည် မနက်စာကို ဆန်ခေါက်ဆွဲနှင့် ခရုစွပ်ပြုတ်ကို ချက်ပြုတ်ပြီး စားသောက်မည်ဟုဆိုကာ ချက်ပြုတ်လေသည်။ သူမ၏ ဖန်တီးမှုက အရသာရှိနေသည့်အတွက် လော်စစ်းဖန်ခေါက်ဆွဲကို ရောင်းချရင်း လျိုကျိုး၌ နာမည်ကြီးလာခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် ကျယ်ဖန်းတောင်ဘက်လမ်းမ ရွှေငါးလမ်းကြားရှိ အဆိုပါဆိုင်သည် မူလလက်ရာ လျိုကျိုး လော်စစ်းဖန်ခေါက်ဆွဲဆိုင်ဟု ဆိုကြလေသည်။
#တတိယရာဇဝင်
ထုံးစံအတိုင်း ၁၉၇၀ - ၁၉၈၀ ခုနှစ်ဝန်းကျင် ယဉ်ကျေးမှုတော်လှန်ရေးကြောင့် တရုတ်ပြည်၏ စီးပွားရေးကျဆင်းမှုဒဏ်သည် လျိုကျိုးမြို့ကိုပါ ရိုက်ခတ်လာခဲ့သည်။ ထိုအချိန်က လျိုကျိုးမြို့ လုပ်သားရုပ်ရှင်ရုံသည် အလွန်နာမည်ကြီးလေသည်။ ရုပ်ရှင်ချစ်သူများ၏ အားပေးမှုကြောင့် နေ့ညမပျက် စည်းကားလာပြီး ကူးပုလမ်းညဈေးတန်းကြီး ဖြစ်ပေါ်လာခဲ့သည်။
ထိုညဈေးတန်းတွင် လူတစ်ချို့သည် ရိုးရာအတိုင်း မြစ်ခရုနှင့် ဆန်ခေါက်ဆွဲကို ရောနှောချက်ပြုတ်ထားသည့် ခေါက်ဆွဲတစ်မျိုးကို ရောင်းချလေသည်။ ရုပ်ရှင်ကြည့်ပြီးသည့် လူများကလည်း ထိုခေါက်ဆွဲကို လာရောက်သုံးဆောင်ကြလေသည်။ ထိုအခါ ဆိုင်ရှင်ကို စားသုံးသူများက ဆီလေးနည်းနည်းထည့်ခိုင်း၊ ရေလေးနည်းနည်းထည့်ခိုင်း၊ အဆာပလာမျိုးစုံ ထည့်ခိုင်းရာကနေမှ လျိုကျိုး ခရုခေါက်ဆွဲ (လော်စစ်းဖန်) ဖြစ်လာသည်ဟု ဆိုကြသည်။
မည်သို့ပင်ဆိုစေကာမူ လျိုကျိုးမြို့၏ လော်စစ်းဖန်သည် ကွမ်ရှီးပြည်နယ်နှင့် လျိုကျိုးဒေသ၏ အမှတ်အသား စားစရာတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်လေသည်။ ကွမ်ရှီးပြည်နယ်သည့် ကျွမ့်တိုင်းရင်းသားများ ပြည်နယ်တစ်ခုလုံးကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားသည့်ဒေသဖြစ်သောကြောင့် “ကွမ်ရှီး ကျွမ့်တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ” 廣西壯族自治區 ဟု ခေါ်ဆိုကြသည်။ ကျွမ့်တိုင်းရင်းသားတို့သည် ၁၉၅၉ ခုနှစ်တွင် ကွမ်ရှီးပြည်နယ်ကို အုပ်ချုပ်ခွင့်ရခဲ့သည်။ ထို့ကြောင့် လော်စစ်းဖန် (ခရုခေါက်ဆွဲ) သည် တိုင်းရင်းသားတို့၏ ရိုးရာချက်ပြုတ်နည်းစနစ်များ ပါဝင်နေကြောင်း သေချာပေသည်။
လော်စစ်းဖန်ခေါက်ဆွဲသည် ၂၀၁၄ ခုနှစ်နှောင်းပိုင်းမှ စတင်ပြီး တရုတ်ပြည်တစ်ဝှမ်း ခေတ်စားလာခဲ့ပြီး ခေါက်ဆွဲခြောက်ထုပ်အများအပြားကို ထုတ်လုပ်ရောင်းချခဲ့ရလေသည်။ ၂၀၁၉ ခုနှစ် Covid-19 ဖြစ်ပွားသည့်အခါ လော်စစ်းဖန်ခေါက်ဆွဲထုပ် ဝယ်လိုအားမှာ အလွန်အမင်း မြင့်တက်သွားခဲ့ပြီး ထိုနှစ် တစ်နှစ်တည်းမှာပင် ယွမ်ငွေ ၆ ဘီလီယံဖိုးအထိ ရောင်းချခဲ့ရသည်ဟု သိရသည်။
#ခေါက်ဆွဲချက်ပြုတ်ရန်ပြင်ဆင်ပုံ
လော်စစ်းဖန်ခေါက်ဆွဲသည် ဆန်ခေါက်ဆွဲလုံးဖြင့်
စားသုံးရသည့် ခေါက်ဆွဲပြုတ်မျိုး ဖြစ်သည်။
ခေါက်ဆွဲဖြင့် တွဲဖက်ရန် မြစ်ခရုနှင့် ဝက်ရိုးများကို
ရောပြီး အနည်းဆုံး ၃ နာရီမှ ၁၀ နာရီအထိ
ပြုတ်ထားရမည်။
မြစ်ခရုသည် အနံ့မပြင်းပဲ အချိုအရသာကို
ပေးစွမ်းပါသည်။
ထိုစွပ်ပြုတ်ရည်ထဲသို့
အခြားသော ဆေးဖက်ဝင်ပစ္စည်းများနှင့်
ဟင်းခတ်အမွှေးအကြိုင်များကို ပွက်ပွက်ဆူလာမှ
ထည့်ပေးရမည် ဖြစ်သည်။
ထိုပစ္စည်းအမယ်များမှာ
ဖာလာစေ့အနက်၊ စမုန်နက်အစေ့၊ လိမ္မော်ခွံအခြောက်၊ ဇီယာသစ်ခေါက်၊ လေးညှင်းပွင့်၊ ငရုတ်ကောင်းအဖြူ၊ ကရဝေးရွက်၊ နွယ်ချို၊ ချင်းမှုန့် ၊ နာနတ်ပွင့်၊
စမုန်စပါးပင်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ကို
ထည့်ပေးရမည်။
စားသုံးသည့်အခါ မြေပဲကြော်၊ မျှစ်၊ ကြွက်နားရွက်မှို၊ မှိုခြောက်အနက်၊ ဆလတ်ရွက်၊ ပဲတောင့်ရှည်၊ တို့ဖူးတို့ကို ထည့်ပေးသည်။
များသောအားဖြင့် ပါဝင်သည့်ပစ္စည်းများမှာ တစ်ဆိုင်နှင့် တစ်ဆိုင်တော့ တူညီမှု မရှိကြပေ။
လော်စစ်းဖန်ခေါက်ဆွဲ (ခရုခေါက်ဆွဲ) ဟု ခေါ်ဆိုသော်လည်း ခေါက်ဆွဲပွဲပြင်သည့်အခါ
ခရုအသားဖြင့် မပြင်ဆင်ရပေ။
ထို့ကြောင့် ခေါက်ဆွဲတွင် ခရုအသား မပါဝင်ပေ။
လော်စစ်းဖန်ကို အခြားသော အသားငါး၊ ပင်လယ်စာတို့ဖြင့်လည်း ချက်ပြုတ်နိုင်သေးသည်။
စားသောက်ဆိုင်များတွင် လော်စစ်းဖန်ကို စားသုံးသူအကြိုက် ဝက်သား၊ အမဲသား၊ ကြက်သား၊ ပုဇွန်နှင့် ပင်လယ်စာ စသည့်တို့ဖြင့်လည်း ပြင်ဆင်ရောင်းချပေးလေ့ရှိသည်။
လော်စစ်းဖန်ခေါက်ဆွဲတွင် မပါမဖြစ်အရာမှာ ငရုတ်သီးဖြင့် ပြုလုပ်ထားသည့် ငရုတ်ဆီအနှစ် ဖြစ်သည်။
လော်စစ်းဖန်ခေါက်ဆွဲ ချက်ပြုတ်နည်းသည်
ကြည့်တော့သာ လွယ်မယောင်နှင့်
ချက်ပြုတ်ရခက်သည့်ထဲပါသည်ဟု သိရသည်။
အထူးသဖြင့် အနံ့မပြင်း၊ အနံ့မနံအောင် ချက်ပြုတ်ရန် မလွယ်ခြင်းကြောင့် အကောင်းဆုံးက စားသောက်ဆိုင်မှ မှာစားခြင်း (သို့မဟုတ်) အသင့်စားလော်စစ်းဖန်ခေါက်ဆွဲခြောက်ထုပ်ကို ဝယ်စားခြင်းက ပိုကောင်းသည်ဟု ဆိုကြသည်။
ယခုအခါ လော်စစ်းဖန်ခေါက်ဆွဲခြောက်ထုပ်များကို အလွယ်တကူ ဝယ်ယူလို့ရနေပြီ ဖြစ်သည်။ ထိုခေါက်ဆွဲခြောက်ထုပ်ကို ပြုတ်ထားပြီးနောက် မိမိနှစ်သက်ရာ ဟင်းအမယ်များကို လိုတိုးပိိုလျှော့ ချက်ပြုတ်နိုင်ပေသည်။ ငရုတ်ကောင်း၊ ငရုတ်ဆီအနှစ်၊ ဟင်းသီးဟင်းရွက်၊ အသားငါး၊ ပင်လယ်စာတို့ကို အမယ်များလျှင် များသလို အရသာရှိရှိ ထပ်တိုးချက်ပြုတ်နိုင်သည်။
စားသောက်ဆိုင်များတွင်တော့ မျှစ်ချဉ်၊ မြေပဲကြော်၊ ဆလတ်ရွက်၊ မှိုခြောက်၊ ပဲလိပ်၊ ဘဲခြေထောက်ပေါင်း၊ တို့ဖူး၊ ဝက်အူချောင်း၊ ကြက်ဥပြုတ်တို့က မပါမဖြစ် ထည့်ပေးလေ့ရှိကြသည်။ လော်စစ်းဖန်ခေါက်ဆွဲ၏ အသက်မှာ ခေါက်ဆွဲဖတ် ဖြစ်သည်။ ခေါက်ဆွဲဖတ်သည် လျိုကျိုးဒေသ၏ တမူထူးခြားသော လုပ်နည်းကြောင့် ပို၍ အရသာရှိနေခြင်း ဖြစ်သည်။ လျိုကျိုးဆန်ခေါက်ဆွဲလုံးသည် တခြားဆန်ခေါက်ဆွဲများနှင့် မတူပဲ ဆန်အဟောင်းကို ကြိတ်ပြီးမှ ပြုလုပ်ထားခြင်း ဖြစ်သည်။ တစ်ခုရှိတာက လော်စစ်းဖန်ခေါက်ဆွဲသည် ကြိုက်တဲ့လူများက အလွန်ကြိုက်ကြသော်လည်း အများစုပြောကြသည်က မစင်နံ့နှင့်တူဟု ဆိုကြခြင်း ဖြစ်သည်။
#ကမ္ဘာကျော်ခေါက်ဆွဲ_လော်စစ်းဖန်
လော်စစ်းဖန်ခေါက်ဆွဲသည် ဟန့်၊ မြောင်နှင့် တုန်း တိုင်းရင်းသားတို့၏ ဟင်းလျာအရသာတို့ကို ပေါင်းစည်းထားသည့် စားစရာဟု ဆိုနိုင်သည်။ တရုတ်ပြည်တောင်ပိုင်းမှ ကွမ်ရှီး ကျွမ့်တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်သည် လော်စစ်းဖန်ခေါက်ဆွဲထုပ်များကို တရုတ်ပြည်တစ်ဝှမ်းသာမက အမေရိကန်၊ ကနေဒါ စသည့် နိုင်ငံများအထိ တင်ပို့ကာ ပြည်နယ်ဝင်ငွေကို ရှာဖွေပေးနိုင်ခဲ့သည်။ လျိုကျိုးမြို့လေးသည်လည်း လော်စစ်းဖန်ခေါက်ဆွဲကြောင့် လူသိများ ထင်ရှားလာခဲ့လေသည်။
ဗီယက်နမ်တွင်လည်း လော်စစ်းဖန်ကဲ့သို့ ခရုဖြင့် ချက်ပြုတ်ထားသည့် Bún ốc ဆိုသည့် ခေါက်ဆွဲတစ်မျိုးရှိလေသည်။ Bún ốc ခေါက်ဆွဲကိုတော့ ငှက်ပျောသီးကြော်၊ တို့ဖူးကြော်တို့ဖြင့် တွဲဖက်စားသုံးကြပြီး ဗီယက်နမ်နိုင်ငံ၏ နာမည်စားစရာတစ်မျိုးလည်း ဖြစ်သည်။ စားသောက်ဆိုင်များ၌ပင် ရောင်းချကြပြီး လော်စစ်းဖန်ခေါက်ဆွဲနှင့် တွဲဖက်ရောင်းချလေ့ရှိသည်။
လော်စစ်းဖန်ခေါက်ဆွဲကို တရုတ်ပြည်ရှိ ပေကျင်း၊ ရှန်ဟိုင်း၊ ဟောင်ကောင် စသည့် မြို့ကြီးများတွင် အပြိုင်အဆိုင် ရောင်းချနေကြပြီ ဖြစ်သည်။ စာရင်းများအရ တရုတ်၊ ကနေဒါ၊ အမေရိကန် နိုင်ငံတို့တွင် လော်စစ်းဖန်ခေါက်ဆွဲဆိုင်ပေါင်း ၅၀၀၀ ကျော်ခန့် ရှိနေပြီဟု သိရသည်။ တရုတ်ပြည်ရှိ အွန်လိုင်းစတိုးများတွင် ရောင်းအားအကောင်းဆုံး ခေါက်ဆွဲထုပ်မှာ လော်စစ်းဖန်ခေါက်ဆွဲခြောက်ထုပ်များ ဖြစ်ကြသည်။ Taobao ပေါ်ရှိ Online Shopping လုပ်ကိုင်သူ ၅၀၀၀ ကို စစ်တမ်းကောက်ကြည့်ရာ ထိုဆိုင်များမှ တစ်နေ့လျှင် ပျမ်းမျှ လော်စစ်းဖန်ခေါက်ဆွဲခြောက်ထုပ် ၂ သိန်းကျော် ရောင်းချရကြောင်း သိရသည်။
「天下第一」
တင်ပေးတဲအကိုဆရာကျေးဇူးပါ
22/02/2026
#中医ကျုံးရီ(တရုတ်တိုင်းရင်းဆေးပညာ)
Traditional Chinese medicine (TCM)
中医ကျုံးရီခေါ်
တရုတ်တိုင်းရင်းဆေးပညာရပ်တွင်
၁.တရုတ်တိုင်းရင်းပရဆေးအသုံးချမှုဆေးပညာ中药学
၂.တရုတ်အပ်စိုက်အပူပေးဆေးပညာ针灸
၃.စုပ်ခွက်ကပ်ဆေးပညာ拔罐
၄.မက်ကလောင်ခြစ်ခြင်းဆေးပညာ刮痧
၅.အနှိပ်ဆေးပညာ推拿
၆.အရိုးပြုပြင်ခြင်းအတတ်ဆေးပညာ跌打
၇.အတွင်းအားဆေးပညာ 气功
၈.အာဟာရဆေးအတတ်ပညာ食疗
ဟူ၍ အဓိက ဆေးအတတ်ပညာ၈မျိုးပါဝင်သည်
သမိုင်းမတင်မှီ အချိန်မှ စတင်ပေါ်ပေါက်ပြီး သမိုင်းတင်ခဲ့သည့် အချိန်မှာနှစ်ပေါင်း၃၅၀၀ကျော်ခန့်ပင်ကြာခဲ့ပြီဖြစ်သည်
တရုတ်ဆေးပညာသည် တာအိုဝါဒအတွေးအခေါ်များ ဗုဒ္ဓဝါဒအတွေးအခေါ်များ ရှေးဟောင်းရိုးရာ အတွေးအခေါ်များ နက္ခတ်ဗေဒင်ပညာများ ပါဝင်သော
ဆေးအတတ်ပညာများဖြစ်သည်
ဆေးပညာသမိုင်းတစ်လျောက်မှတ်တမ်းတင်သောအချက်အလက်များဖြင့် လက်ဆင့်ကမ်းသယ်ဆောင်လာသောဆေးပညာဖြစ်သည့်အလျောက် ဆေးကုသပုံကွဲပြားခြင်း ပရဆေးအသုံးချပုံကွဲပြားခြင်း အဆိပ်ရှိပရဆေးများ ဓါတ်သတ္တုများတိရိစ္ဆာန်အရိုးအရေများ အသုံးချမှုအတွက် ဝိဝါဒကွဲပြားမှုများအများအပြားရှိသည်နောက်ပိုင်းတွင် တရုတ်အစိုးရဦးဆောင်မှုဖြင့်ခေတ်သစ်ခန္ဓါဗေဒပညာနှင့်ပူးပေါင်းမှုများ ရောဂါဗေဒပညာနှင့်ပူးပေါင်းမှုများ ပရဆေးဥပဒေသ စံသတ်မှတ်မှုများ သိပ္ပံနည်းကျ မှတ်တမ်းတင်မှုများပြုခဲ့ပါသည်
ဓါတ်၅ပါးအတွေးအခေါ်五行
ယင်းယန် အဖိုအမအတွေးအခေါ် 陰陽
ချီကုန်းခေါ် အတွင်းအားအတွေးအခေါ်
五種流行之氣
နက္ခတ္တနယအတွေးအခေါ်中医占星术
များသည် ဆေးပညာခေါင်းစဥ် ၈ခုလုံးကိုလွှမ်းမိုးသည်
ဓါတ်၅ပါးအတွေးအခေါ်五行 သည်
བོད་ཀྱི་གསོ་བ་རིག་པခေါ် တိဗက်ဗုဒ္ဓဘာသာဆေးပညာအတွေးအခေါ်ဆေးပညာ
တရုတ်ဗုဒ္ဓဘာသာအတွေးအခေါ်ဆေးပညာ 佛教医
တာအိုဝါဒဆေးပညာ道医ဟူသောပင်မ
ဆေးပညာ၃ခု အတွေးအခေါ်များ ရောနှောပါဝင်သည်
သစ်သား木မီး火မြေ土သတ္တု金ရေ水
ဓါတ်၅ပါးဆက်သွယ်ပုံ
တနည်းဆိုသော် bhūmi (earth)မြေ,
ap or jala (water)ရေ, tejas or agni (fire)မီး, marut, vayu or pavan (air or wind)လေ
vyom or shunya (space or zero) or akash (aether or void)အာကာသဟူသောဓါတ်သဘာဝ ၅ပါးဆက်သွယ်ပုံ ပင်ဖြစ်သည်
ယင်းယန် အဖိုအမအတွေးအခေါ် 陰陽ဟူသည် စကြာဝဠာကြီး၏အလင်းအမှောင် အပူအအေး အဖိုအမ အပျော့အမာ အကောင်းအဆိုး အယူဝါဒဖြစ်သည်
ချီကုန်းခေါ် အတွင်းအားအတွေးအခေါ်
五種流行之氣ဟူသည် ဝါယောဓါတ်နှင့်အလားသဏ္ဍာန်တူပြီး အသက်ဓါတ်ကိုယ်တွင်းစွမ်းအင်လှည့်လည်မှုဆိုင်ရာအတွေးအခေါ်ဖြစ်သည် ထို ချီဓါတ်ခေါ် အသက်စွမ်းအင်လှည်လည်ရာလမ်းကြောင်းတို့ကို ဓါတ်၅ပါးအတွေးအခေါ်
ယင်းယန်အတွေးအခေါ် ခန္ဓဗေဒအတွေးအခေါ် တို့ရောနှောတွေးခေါ်ပြီး လမ်းကြောင်းများသတ်မှတ်ထားသည်
နက္ခတ္တနယအတွေးအခေါ်中医占星术
တွင် ယင်းယန်အတွေးအခေါ် ဓါတ်၅ပါးအတွေးခေါ်တို့ ဆင်းသက်လာရာ
တရုတ်နက္ခတ်ပညာများ ရာသီများ ရာသီအလိုက် နက္ခတ်ပြောင်းလဲပုံအရ ဓါတ်များပြောင်းလဲပုံ လူတို့အပေါ် သက်ရောက်ပုံအထိပါဝင်ပြီး တရုတ်ဆေးပညာပါတ်ဝန်းကျင်ကြီးတစ်ခုလုံးကို လွှမ်းမိုးထားသည်
အဓိကတရုတ်ဆေးပညာကုထုံး၈သွယ်တို့တွင်
၁.တရုတ်တိုင်းရင်းပရဆေးအသုံးချမှုဆေးပညာ中药学ကျုံးရောက်ရွှယ်
တွင် 神农本草经ရှန်နွံပန်ဆောင်ကျင်း
黄帝内经ဝှမ်တိနေ့ကျင်းမှစ၍ခေတ်အဆက်ဆက်မှတ်တမ်းတင်ခဲ့ကြသော တရုတ်အမျိုးသားကိုယ်ပိုင်
ပရဆေးအဘိဓါန်များ မှတ်တမ်းများ
ကုထုံးဆေးချက်များ ပရဆေးအကျိုးနှင့်
ပရဆေးအဆိုးမှတ်တမ်းများ ကိုအဓိကအခြေခံပြီး တိဗက်ပရဆေးမှတ်တမ်းများမွန်ဂိုပရဆေးများ အိန္ဒိယအာယုဗ္ဗေဒ နိဃဏ္ဍုကျမ်းများ ဥရောပဟိုမျိုပက်သီဆေးများမှစ၍
ဂရိပါရှန်းအီဂျစ်ပရဆေးပင်မှတ်တမ်းများအထိ ပါဝင်အသုံးချသည်
၂.တရုတ်အပ်စိုက်အပူပေးဆေးပညာ针灸ကျင်းကျို
针ကျင်းဟူသည် Acupunctureအပ်စိုက်ခြင်းဖြစ်ပြီး
灸ကျိုဟူသည်moxibustionအပူပေးခြင်းဖြစ်သည်
针灸ကျင်းကျိုကိုမြန်မာနှင့် ကမ္ဘာတစ်ဝှမ်းလုံးက အပ်စိုက်ပညာAcupunctureဟုအလွယ်ခေါ်နေပါသော်လဲ ချီဓါတ်လှည့်လည်ရာလမ်းကြောင်းများအတိုင်း အပ်စိုက်ခြင်းနှင့်
ပိတ်ဆို့နေသောချီဓါတ်ကို ဖွင့်ပေးနိုင်သော အပူပေးခြင်းပညာကဒွန်တွဲလျက်ရှိပါသည်
အပ်အဖြစ် ဝါးရွှေ ငွေကြေးနီသံသတ္ထုအပ်များကိုသုံးစွဲကြပြီး အပူပေးကုထုံးအတွက် wormwoodခေါ်ဒေါနရိုင်းမျိုးစိတ်အပင်များ၏အရွက်ကို အများဆုံးသုံးခဲ့ကြသည်
သမိုင်းသုတေသီတို့အဆိုအရမူ
ရှေးဟောင်းကျောက်ခေတ် အနှစ် ၁၀၀၀၀ကျော်ကျောက်ခေတ်သစ် အနှစ် ၆၀၀၀ကျော် ကာလကျောက်ဖြင့် ပြုလုပ်သော အပ်များ ဖြင့် ဆေးကုသခဲ့ကြကြောင်းအထောက်အထားများ တွေ့ရှိခဲ့ရသည်ထိုမှ တစ်ဆင့် ဝါးအပ်များ အရိုးအပ်များ ကို ပြောင်းလဲသုံးစွဲခဲ့ကကြောင်း တွေ့ရှိခဲ့ရာအပ်စိုက်ကုထုံးသည် တရုတ် တို့လက်ထဲတွင်ပို၍ထွန်းကား သည်မှန်သော်လဲတရုတ် တို့ တီထွင်ခဲ့သည် မဟုတ်ရှေးလူသား တို့၏ သဘာဝမှရရှိသော ဆေးပညာ တစ်ရပ်ဖြစ်ကြောင်း ကောက်ချက်ချနိုင်သည်
ဟွမ်တိခေါ် ချင်စစ်ဝှမ်(မြန်မာတို့ရှီဝှမ်တီဟုသိကြသည်) နှင့် သူ၏ဆေးဆရာ QiBoတို့ အပ်စိုက်ဆေးပညာအကြောင်း အကြီးအကျယ် ဆွေးနွေးခဲ့ကြကြောင်း တရုတ်တို့၏ ရှေးအကျဆုံး黄帝内经ဝှမ်တိနေ့ကျင်းဆေးကျမ်း၌ ပြဆို ထားသည်su wen နှင့် ling shu အခန်း၂ခန်းသည်အပ်စိုက်ကုထုံး အမေးအဖြေများ ဖြစ်ပြီးအပ်စိုက်ကွက် ၁၆၀မျှ မှတ်တမ်းတင်ထားသည်စစ်မက်ကာလ (421 -221 B.C.), တွင် ကျောက်အပ်များမှ သတ္တု အပ်များသို့ ပြောင်းလဲကြောင်း113B.C မှ အုတ်ဂူအတွင်းဝယ်
ရွှေအပ်၄မျိုး ငွေအပ်၅မျိုး တူးဖော် တွေ့ရှိသည်260-265 A.D., ၌ နာမည်ကျော် တရုတ် ဆေးဆရာ Huang Fu Mi, သည် ရှေးစာပေများ ကိုစုပေါင်း၍
(Zhenjiu Jia Yi Jing).ခေါ် အပ်စိုက်ကျမ်းနှင့်လမ်းကြောင်း များ အကြောင်း ၁၂တွဲပါ ဆေးကျမ်း ကိုပြုစုရာ အပ်စိုက်ကွက် ၃၄၉အထိ တိုးတက် ခဲ့သည်
အပ်စိုက် ပညာ အလွန်ဖွံ့ ဖြိုးသော ကာလမှာSui ခေတ်(581-618) နှင့်Tangခေတ် (618-649 A.D.) တွင်ဖြစ်သည် တန် အစိုးရ၏ တောင်းဆိုမှုဖြင့် သမားတော် Zhen Quanသည်၎င်း Sun Simiao, သည် ၎င်း(Qian Jin Yao Fang).ခေါ် အပ်စိုက် ပညာကျမ်းကိုရေးသားခဲ့ရာ ယခု အချိန် အထိ အသုံးပြုနေသောအပ်စိုက် ပညာများ ဖြစ်ခဲ့သည်Song ခေတ် (960 – 1279) သမားတော်Wang Weiyi
က အပ်စိုက် ကွက် ပုံများ နှင့်တကွ ကျမ်းပြုသည်Ming ခေတ် (1568-1644)တွင်အတွဲ ၁၂၀ရှိသော အပ်စိုက် ပညာ စွယ်စုံကျမ်း ကို
ပြုစု ခဲ့ပြီး အနောက်ဥရောပ နိင်ငံများ အထိ ပျံ့ နှံ့ ခဲ့သည်ထိုသို့ ဖွင့်ဖြိုးခဲ့သော အပ်စိုက် ပညာကိုစစ်တပ်များ တွင်အသုံးချခြင်းစသည်ဖြင့် ကျယ်ပြန့်စွာ သုံးခဲ့သည်1950 တွင် မော်စီတုံး အစိုးရမှတရုတ် တိုင်းရင်းဆေး အနောက်တိုင်းဆေးအပ်စိုက်ပညာတို့ဖြင့် ပေါင်းစပ်ကာဆေးရုံအများအပြားဖွင့်လှစ်ပေးခဲ့သဖြင့် အပ်စိုက်ကုဆေးပညာဖြင့် လူသားတို့၏အသက်ပေါင်းများစွာအတွက်အရေးပါခဲ့သည်ထိုမှတဆင့် အပ်စိုက်ကုမှ တဆင့်ကူးစက်နိုင်သောရောဂါများကို လေ့လာသိရှိပြီးခေတ်သစ်တစ်ခါသုံးအပ်များဖြင့်သုံးစွဲကုသပေးနေသည်မှာယနေ့ထက်တိုင်ဖြစ်သည်
၃.စုပ်ခွက်ကပ်ဆေးပညာ拔罐ပါကွမ့်
သည် အပ်စိုက်ပညာနှင့်တွဲ၍ယနေ့ တရုဆေးကုထုံးများတွင်သုံးစွဲနေသောပညာဖြစ်သည် အပ်စိုက်နှင့်တွဲ၍သော်လည်းကောင်းမတွဲပဲသော်လည်းကောင်း အသုံးပြုသည် တရုတ်ရိုးရာခန္ဓါဗေဒ ယင်းယန်း အယူဝါဒ ဓါတ်၅ပါးနှင့် ချီလမ်းကြောင်းပေါ်မူတည်၍ စုပ်ခွက်ကပ်ရသည် အပ်စိုက်ရာစုပ်ခွက်ကပ်ဟူ၍မူသေမမှတ်ရပါ စုပ်ခွက်ကပ်ခြင်းဆိုင်ရာသီးခြားဆေးကျမ်းအဆောင်ဆောင်ရှိပြီး
ထိုဆေးကျမ်းတို့လာဥပဒေသများအတိုင်းစုပ်ခွက်ကပ်ရပါသည်
၄.မက်ကလောင်ခြစ်ခြင်းဆေးပညာ刮痧ကွားရှားသည်လဲ စုပ်ခွက်ကပ်ဆေးပညာကဲ့သို့ အပ်စိုက်နှင့်တွဲရပြီး ချီဓါတ်ပိတ်ဆို့မှုကို ဖွင့်ပေးသောဆေးပညာဖြစ်သည် တရုတ်သမားတော်တို့ ကသက်ဆိုင်ရာချီလမ်းကြောင်းအတိုင်း သက်ဆိုင်ရာအရည်ပြားအပေါ်ယံလွှာကိုရွေးချယ်ခြစ်ကြသည်ကို တွေ့ဖူးမြင်ဖူးသူများက ဘယ်နေရာခြစ်ရမှန်းမသိ အရမ်းကာရော တပြင်လုံးခြစ်၍လိုက်လုပ်နေကြသည်ကိုတွေ့မြင်နိုင်သည်
刮痧ကွားရှားဆေးပညာသည်လဲ နည်းဥပဒေသကျမ်းအဆောင်ဆောင်ရှိပြီး ထိုနည်းတို့အတိုင်းကုသမှ မှန်ကန်ပါမည်
၅.အနှိပ်ဆေးပညာ推拿ထွီးနာအတွက်
အနှိပ်ပညာဆေးကျမ်းအဆောင်ဆောင်ရှိသည် ဂိုဏ်းဂဏမူဝါဒများစွာရှိပြီး ကြွက်သားနှိပ်နယ်ခြင်း အကြောလျော့ပေးခြင်း အကြောပိတ် အကြောဖွင့်ခြင်း
သွေးလှည့်ပတ်မှုပြုပြင်ခြင်း ချီဓါတ်လမ်းကြောင်းဖွင့်ခြင်းဟူ၍ မြန်မာတို့၏အနှိပ်ပညာလာ သွေးကြောလေကြောအာရုံကြောခွဲခြားနှိပ်နယ်သကဲ့သို့ပင်ဖြစ်သည်
ရိုးရာအတိုင်းနှိပ်နယ်ခြင်းပညာကို သမားတော်မိသားစုအစဥ်အဆက် ဆရာတပည့် အစဥ်အဆက် လက်ဆင့်ကမ်းသယ်ယူလာသည့် အစွမ်းထက်ပညာရပ်တစ်မျိုးဖြစ်သည်
၆.အရိုးပြုပြင်ခြင်းအတတ်ဆေးပညာ跌打တေးတာ သည် အရိုးတည်ဆောက်မှုပုံမမှန်ခြင်း ဘယ်ညာအရိုးမညီမျှခြင်း အဆစ်ချော်ခြင်း ထိခိုက်မိခြင်းအတွက်
အရေးပါသောတရုတ်ရှေးဟောင်းဆေးပညာဖြစ်သည် ဆေးပညာဟုဆိုသော်လဲ
ကိုယ်ခံပညာနှင့်တွဲစပ်သင်ယူရသည်
ပုံမှန်မဟုတ်သောအရိုးကို ပြုပြင်ရာတွင်
ဆေးအကူအညီကိုလဲရရယူပြီး
လူနာကို အတွင်းအားချီဓါတ်အသုံးပြု၍ဖြစ်စေ မသုံးပဲနည်းပညာဖြင့်ဖြစ်စေကုသသည်
ပညာရှင်များယခုအထိကျန်နေသေးသော်လဲ တိမ်ကောလုနီးပါးဖြစ်နေသောပညာရပ်ပင်ဖြစ်သည် ဆရာတပည့် အစဥ်အဆက်ဆက်လက်ထိမ်းသိမ်းပေးထားခဲ့ကြသည်
၇.အတွင်းအားဆေးပညာ 气功ချီကုန်း
တရုတ်တို့၏အယူအဆအရ အသက်စွမ်းအင် ချီဓါတ်သည် သက်ရှိတိုင်း၏
ခန္ဓါကိုယ်တွင်တည့်ရှိပြီး စွမ်းအားကြီးသောချီဓါတ်က စွမ်းအားငယ်သောချီဓါတ်ကို ပြုပြင်နိုင်သည် ဖျက်စီးနိုင်သည်ဟုယုံကြည်ကြသည်
တချို့သောတရုတ်ပညာရှင်တို့သည်
မိမိ၏ချီဓါတ်စွမ်းအင်ကို အသက်ရှုလေ့ကျင့်ခန်းစသော နည်းများဖြင့် လေ့ကျင့်ပြီးရရှိသော ချီစွမ်းအင်ဖြင့် လူနာတို့၏ပျက်စီးသောချီကို ပြုပြင်ပေးနိုင်ကြသည် ထိုသို့ဆေးဝါးအကူအညီမပါပဲ
ချီစွမ်းအင်ဖြင့်ကုသောဆေးပညာကို
气功ချီကုန်းဟုခေါ်သည်
气功ချီကုန်းစွမ်းအင်ကို အနှိပ်ပညာ
အရိုးပြုပြင်ပညာ တို့တွင် အဓိကသုံးသည် သိပ္ပံနည်းကျစမ်းသပ်ရန်ခက်ခဲသော်လဲ တကယ့်ပညာရှင်သည်အလွန်အစွမ်းထက်သဖြင့် ယနေ့ထက်ထိတိုင်ထိုဆေးပညာမှာ မပျောက်ကွယ်ပဲဆက်လက်တည်ရှိနေပါသည်
၈.အာဟာရဆေးအတတ်ပညာ食疗ရှီးလျောင် သည် ရှေးအခါက အာဏှာရှိသူဘုရင်မူးကြီးမတ်ရာသေနာပတိသူဌေးသူကြွယ်တို့လောက၌အလွန်ထွန်းကားပြီး ပြည်သူများကြား၌အနည်းငယ်မျှသာတည်ရှိသည်
ဆေးဘက်ဝင်အသီးအရွက်အသားငါးစသည်တို့ကို လိုက်ရောညီထွေအချိန်အဆနှင့်ချက်ပြုတ်၍ကျန်းမာရေးအထောက်အကူပြုရန်စားသောနေထိုင်ရသောဆေးပညာဖြစ်သည် သမားတော်စားဖိုမှုးအတတ်ပညာဖြစ်သည်
ယနေ့ခေတ်တွင် တရုတ်ပြည်တဝှမ်း
တွင်သာမက ကမ္ဘာတစ်ဝှမ်းတွင် အပ်စိုက်ကုဆေးပညာပြီးလျင် ဒုတိယမြောက်လူအများသဘောကျသောဆေးပညာပင်ဖြစ်ပါသည်
ထိုသို့ ပင်မနည်းလမ်း၈သွယ်တရုတ်ဆေးပညာရပ်သည် ပင်စည်နှင့်တူပြီး ထိုပင်စည်မှ အကိုင်းအခက်အသီးအပွင့်အရွက်တို့ထွက်သကဲ့သို့ တရုတ်ဆေးပညာရပ်ဝန်းသည်လွန်စွာမှကျယ်ဝန်းပါသည် ယနေ့ခေတ်တွင် အနောက်တိုင်းဆေးသိပ္ပံခန္ဓါဗေဒများ ရောဂါဗေဒများကိုပါလက်ခံသင်ကြားပေါင်းစပ်ပေးခြင်း
ကုထုံးဥပဒေသစံသတ်မှတ်ခြင်း ပရဆေးသုံးစွဲမှုစံသတ်မှတ်ခြင်း ကမ္ဘာအဆင့်မှီသတ်မှတ်စံနှုန်းများကိုလိုက်နာခြင်း
အဆိပ်ဖြစ်ရန်စိတ်မချရသောဆေးအမယ်များကိုဖယ်ထုတ်ခြင်း အရှေ့တိုင်းအနောက်တိုင်းကုထုံးပေါင်းစပ်ခြင်းစသည်ဖြင့်အစိုးရဦးဆောင်သော သုတေသနအရပ်ရပ်ဖြင့် ပိုမိုကောင်းမွန်တိုးတက်လျက်ရှိနေပါသည်
#谢飞龙
-中华街
21/02/2026
မကြာခင် ဒီကနေ kitchen နဲပက်သက်တာတွေအကုန် Knowledge. Shareလုပ်ပေးသွားပါမယ်ဗျ🙏🙏🙏
Click here to claim your Sponsored Listing.