Zero Score

Zero Score

Share

𝗶𝗕𝗲𝘁 𝟳𝟴𝟵 & 𝟱𝟱𝟱 𝗠𝗶𝘅 ဝန်ဆောင်မှု ရယူရန် 𝗩𝗶𝗯𝗲𝗿
𝟬𝟵 𝟳𝟳𝟰 𝟭𝟱𝟴 𝟱𝟲𝟮

𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝗙𝗿𝗲𝗲 𝗧𝗶𝗽 𝗖𝗵𝗮𝗻𝗻𝗲𝗹
t.me/betting555Mix

𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺
t.me/ZeroScoreibet789betting

04/09/2026

ဖာရန် တောရက်စ် ကတော့ ဘာစီလိုနာ အသင်းကနေ ဥရောပ ချန်ပီယံ ပီအက်စ်ဂျီ အသင်းဆီ ယူရို သန်း ၅၀ နဲ့ ပြောင်းရွှေ့ခဲ့တာဟာ သူစိန်ခေါ်မှု အသစ်တွေ ရယူဖို့အတွက် ကြီးမားတဲ့ ခြေလှမ်း တစ်ရပ် ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ အသက် ၂၆ နှစ်အရွယ် စပိန် တိုက်စစ်မှူးဟာ လာမယ့် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အသင်းဟောင်း ဘာစီလိုနာနဲ့ ပြန်လည် ဆုံတွေ့ရတော့မှာ ဖြစ်တာကြောင့် စိတ်လှုပ်ရှားဖွယ်ရာ အခိုက်အတန့် ဖြစ်လာမယ်လို့ ဆိုပါတယ်။

​၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီးမှာ ဘာစီလိုနာရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တဲ့ တောရက်စ်ဟာ ပီအက်စ်ဂျီ အသင်းဆီ ရောက်ရှိလာခဲ့တာပါ။ ဘာစီလိုနာ ဘက်ကလည်း တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီး တစ်ယောက် ချီကာဂို ဖိုင်ယာ အသင်းဆီ ထွက်ခွာသွားခဲ့တာကြောင့် တောရက်စ်ကို အဓိက တိုက်စစ်မှူးအဖြစ် အားကိုးဖို့ ပြင်ဆင်ခဲ့ပေမယ့်လည်း စာချုပ်သက်တမ်း ကုန်ဆုံးတော့မည့် စပိန်သားကတော့ ဥရောပ ချန်ပီယံဆီ ပြောင်းရွှေ့ဖို့ စိန်ခေါ်မှုကိုသာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ အသင်းနဲ့အတူ လီဂူးဝမ်း မိတ်ဆက်ပွဲမှာတင် စတေဒ် ရန်းနဲ့ ပွဲစဉ်၌ လူစားဝင် ကစားကာ ၂ ဂိုး ပေးထားရတဲ့ အခြေအနေကနေ ၂ ဂိုး သွင်းယူပေးပြီး ၂-၂ သရေ ရလဒ် ရအောင် ကူညီပေးခဲ့ပါတယ်။

​အကူးအပြောင်းနဲ့ ပတ်သက်ပြီး တောရက်စ်က
“ပီအက်စ်ဂျီနဲ့ ဆက်သွယ်မှုတွေက ကမ္ဘာ့ဖလား မတိုင်မီကတည်းက စတင်ခဲ့တာပါ။ သူတို့ဘက်က ဆက်သွယ်လာပြီး အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီအချိန်ကတည်းက ပီအက်စ်ဂျီလို အသင်းကြီးမှာ ကစားချင်တဲ့စိတ် ရှိနေခဲ့တာကြောင့် ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ချနိုင်ခဲ့တာပါ။ ဒါဟာ ငါ့ကစားသမားဘဝအတွက် ဂုဏ်ယူစရာ ကြီးမားတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်သလို ဥရောပ ချန်ပီယံအသင်းဆီ ရောက်ရှိလာတာလည်း ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ၎င်းက “ပီအက်စ်ဂျီဟာ လက်ရှိအချိန်မှာ ဥရောပရဲ့ အကောင်းဆုံး အသင်းဖြစ်ပြီး နောက်ဆုံး ချန်ပီယံလိဂ် ၂ ကြိမ်ဆက် ရရှိထားတာက ပြိုင်ဘက်တွေအပေါ် ဖိအား ပိုများစေပါတယ်။ ငါတို့အနေနဲ့ ပိုပြီး တိုးတက်အောင် ကြိုးစားသွားမှာဖြစ်သလို ၃ ကြိမ်ဆက် ချန်ပီယံလိဂ်ဖလား ရရှိအောင်လည်း ကူညီပေးသွားမှာပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

​ဒါ့အပြင် ပီအက်စ်ဂျီ နည်းပြ လူးဝစ် အင်းနရီးဂေးနဲ့ ပြန်လည် လက်တွဲခွင့် ရရှိတာဟာလည်း ဒီပြောင်းရွှေ့မှု ဖြစ်လာဖို့ အဓိက အကြောင်းရင်း တစ်ခု ဖြစ်ခဲ့ပါတယ်။
“စပိန် လက်ရွေးစင် အသင်းကို စရောက်တည်းက လူးဝစ် အင်းနရီးဂေးဟာ ငါ့အတွက် အဖေတစ်ယောက်လိုပါပဲ။ သူက ငါ့အပေါ် အမြဲမပြတ် ယုံကြည်မှု ပေးခဲ့သလို ပီအက်စ်ဂျီဆီ ပြောင်းရွှေ့ဖို့အတွက်လည်း ယုံကြည်မှု ပေးခဲ့တာပါ။ ဒီယုံကြည်မှုကို ဒီရာသီ ကွင်းအတွင်း ခြေစွမ်းပြပြီး ပြန်လည် ကျေးဇူးဆပ်သွားမှာပါ” လို့ တောရက်စ်က ဖွင့်ဟခဲ့ပါတယ်။

​လာမယ့် အောက်တိုဘာ ၂၀ ရက်နေ့ ပါရီမြို့ ပက်ခ် ဒက်စ် ပရင့်စ် ကွင်းမှာ ကစားရမည့် ၂၀၂၆-၂၇ ချန်ပီယံလိဂ် ပွဲစဉ်မှာတော့ ပီအက်စ်ဂျီနဲ့ ဘာစီလိုနာတို့ ထိပ်တိုက် တွေ့ဆုံနေပါတယ်။ “ဘာစီလိုနာနဲ့ ကစားရမည့်ပွဲကတော့ အထူးသီးသန့် ဖြစ်နေမှာပါ။ သူတို့ဟာ ၄ နှစ်ခွဲကြာ ငါ့ရဲ့ အသင်းဖော်တွေ ဖြစ်ခဲ့ကြတာကြောင့် ငါ့အတွက်ရော အသင်းအတွက်ပါ စိတ်လှုပ်ရှားစရာ ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ ပီအက်စ်ဂျီနဲ့ ဘာစီလိုနာ ပွဲစဉ်တိုင်းဟာ အမြဲတမ်း အထူးသီးသန့် ဖြစ်နေလေ့ ရှိတာကြောင့် ငါတို့ အနိုင်ရအောင် ကြိုးစားသွားမှာပါ” လို့ စပိန် တိုက်စစ်မှူး ဖာရန် တောရက်စ်က အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။

04/09/2026

ဟောလိဝုဒ်ရဲ့ နာမည်ကျော်သရုပ်ဆောင် ဟယူး ဂျက်ခ်မန်း ဟာ အင်္ဂလန်ချန်ပီယံရှစ်ကလပ် နောဝစ်ချ်စီးတီး အသင်းရဲ့ ရှယ်ယာအချို့ကို ဝယ်ယူဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

​ဒီလိုဝယ်ယူဖို့ ပြင်ဆင်နေတာ ကြောင့် Deadpool ဇာတ်ကားထဲက ၎င်းရဲ့ တွဲဖက်သရုပ်ဆောင်နဲ့ လက်ရှိ ဝရက်ခ်ဟမ်း အသင်းပိုင်ရှင်ဖြစ်သူ ရိုင်ယန် ရေးနိုးဒ်စ် နဲ့ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ပြိုင်ဘက်တွေ ဖြစ်လာတော့မှာပါ။

​အသက် ၅၇ နှစ်အရွယ် သြစတြေးလျမင်းသား ဟယူး ဂျက်ခ်မန်းရဲ့ မိခင်ဖြစ်သူဟာ နောဝစ်ချ်မြို့သူတစ်ဦး ဖြစ်တာကြောင့် ၎င်းဟာ နောဝစ်ချ်အသင်းရဲ့ ပရိသတ်တစ်ဦး ဖြစ်လာခဲ့တာပါ။ ဟယူး ဂျက်ခ်မန်းက talkSPORT နဲ့ အင်တာဗျူးမှာ အင်္ဂလိပ်ဘောလုံးလောကထဲ ပါဝင်ပတ်သက်ဖို့ အခွင့်အရေးနဲ့ ပတ်သက်ပြီး အလွန်စိတ်ဝင်စားနေသလို လက်ရှိမှာလည်း ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း၊ ရိုင်ယန်အတွက် ဝမ်းသာပေမဲ့ မိမိကတော့ နောဝစ်ချ်အသင်းဘက်ကပဲ ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

​ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းက ဟယူး ဂျက်ခ်မန်းဟာ Deadpool and Wolverine ဇာတ်ကားထဲက ရိုင်ယန် ရေးနိုးဒ်စ်နဲ့အတူ ဝရက်ခ်ဟမ်းအသင်းရဲ့ ပွဲစဉ်ကို သွားရောက်ကြည့်ရှုခဲ့ပါသေးတယ်။ ရိုင်ယန် ရေးနိုးဒ်စ်နဲ့ သရုပ်ဆောင် ရော့ဘ် မက်ခ်အယ်လ်ဟန်နီ တို့ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဝရက်ခ်ဟမ်းအသင်းဟာ ၂၀၂၂ ကနေ ၂၀၂၅ ခုနှစ်အတွင်း ၃ နှစ်ဆက်တိုက် တန်းတက်နိုင်ခဲ့ပြီး အမျိုးသားလိဂ် ကနေ ချန်ပီယံရှစ်ပြိုင်ပွဲအထိ ရောက်ရှိလာခဲ့ကာ ခုချိန်မှာတော့ ပရီးမီးယားလိဂ်အထိ တက်လှမ်းနိုင်ဖို့ ကြိုးပမ်းနေတာပါ။

​ဟယူး ဂျက်ခ်မန်းက ကာရိုးရိုးဒ် ကွင်းကို ရောက်ဖူးသလို နောဝစ်ချ်အသင်းကိုလည်း ချစ်မြတ်နိုးကြောင်းနဲ့ ယခုနှစ်မှာ နောဝစ်ချ်ရော ဝရက်ခ်ဟမ်းပါ ပရီးမီးယားလိဂ်ကို တန်းတက်သွားကြလိမ့်မယ်လို့ ခန့်မှန်းထားကြောင်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။
​ဒါ့အပြင် ၂၀၁၀ ပြည့်နှစ်တုန်းက နောဝစ်ချ်အသင်းမှာ ရင်းနှီးမြှုပ်နှံဖို့ အခွင့်အရေး ရခဲ့ပေမဲ့ ငြင်းပယ်ခဲ့ဖူးကြောင်းလည်း ၎င်းက ပြန်လည်ပြောပြခဲ့ပါတယ်။ ထိုစဉ်က အသင်းမှာ ရင်းနှီးမြှုပ်နှံသူအဖြစ် ပါဝင်ဖို့ စာလက်ခံရရှိခဲ့ပေမဲ့ ကွင်းထဲကို မိခင်ဖြစ်သူနဲ့အတူ တစ်ခါပဲ ရောက်ဖူးတာကြောင့် မမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီနောက်ပိုင်း နောဝစ်ချ်အသင်း ရလဒ်တွေ ကောင်းမွန်လာခဲ့တာကြောင့် မိမိရဲ့ ဆုံးဖြတ်ချက် လွဲမှားခဲ့တယ်လို့ ၎င်းက ဝန်ခံခဲ့ဖူးပါတယ်။

​လက်ရှိမှာတော့ အမေရိကန် သန်းကြွယ်သူဌေး မာ့ခ် အက်တာနာစီယို ဟာ နောဝစ်ချ်အသင်းရဲ့ အများစုရှယ်ယာရှင်အဖြစ် ရှိနေတာပါ။ မီးဝေါကီး ဘရူးဝါးစ် ဘေ့စ်ဘောအသင်းရဲ့ ပိုင်ရှင်လည်းဖြစ်သူ မာ့ခ် အက်တာနာစီယိုဟာ ၂၀၂၄ ခုနှစ် သြဂုတ်လမှာ ဒေးလီးယား စမစ်သ် နဲ့ မိုက်ကယ် ဝင်းဂျုန်းစ် တို့ထံမှ အသင်းရဲ့ အဓိကထိန်းချုပ်ခွင့်ကို လွှဲပြောင်းရယူခဲ့တာ ဖြစ်ပါတယ်။

04/09/2026

🚨 အာဆင်နယ်အတွက် ထိုးနှက်ချက်
ချဲလ်ဆီးနဲ့ ဒါဘီပွဲမတိုင်မီ အဓိကကစားသမား ၅ ဦးအထိ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရ

​ဒီတစ်ပတ်မှာ ယှဉ်ပြိုင်ရမယ့် ချဲလ်ဆီးနဲ့ လန်ဒန်ဒါဘီ ပွဲကြီးပွဲကောင်းမတိုင်မီ အာဆင်နယ်အသင်းနည်းပြ မီကယ် အာတေတာ တစ်ယောက် လူထုတ်ယူရေးအတွက် ခေါင်းခဲစရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အာမီးရိတ်ကွင်းမှာ ကစားရမယ့် ဒီပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တဲ့ ကြာသပတေးနေ့ လေ့ကျင့်ရေးအစီအစဉ်မှာ အသင်းရဲ့ ပထမအသင်းဆင်း အဓိကကစားသမားနှစ်ဦး ပါဝင်လာနိုင်ခြင်း မရှိတာကို တွေ့ရပါတယ်။

​သတင်းဖော်ပြချက်တွေအရ အာဆင်နယ်ရဲ့ ချဲလ်ဆီးနဲ့ ပွဲအတွက် ပြင်ဆင်မှုတွေဟာ ထိခိုက်ဒဏ်ရာ ပြဿနာတွေကြောင့် လှုပ်ခတ်သွားခဲ့တာဖြစ်ပါတယ်။ လန်ဒန် ကောလ်နီ မှာ ပြုလုပ်ခဲ့တဲ့ ကြာသပတေးနေ့ လေ့ကျင့်ရေးအစီအစဉ်မှာ အသစ်ခေါ်ယူထားတဲ့ ကွင်းလယ်လူ ဘရူနို ဂီမာရိုက်စ် နဲ့ နောက်ခံလူ ခရစ်စတီယန် မော့စ်ကီရာ တို့ ပါဝင်လာခဲ့ခြင်း မရှိပါဘူး။ ဒီကစားသမားနှစ်ဦး မရှိတာကြောင့် လာမယ့်သီတင်းပတ်ကုန် ပရီးမီးယားလိဂ် ရာသီအဖွင့် ပွဲစဉ်ကောင်းတွေကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကြိုးစားနေတဲ့ အာဆင်နယ်အတွက် သူတို့နှစ်ဦး ပါဝင်နိုင်မလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။

​နယူးကာဆယ် ယူနိုက်တက်ကနေ ပေါင် ၇၅ သန်းနဲ့ နွေရာသီမှာ ပြောင်းရွှေ့လာခဲ့တဲ့ ဘရာဇီးလ် ကွင်းလယ်လူ ဂီမာရိုက်စ်ဟာ ပေါင်ခြံဒဏ်ရာ ပြဿနာနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ကိုဗင်ထရီ နဲ့ ရာသီအဖွင့်ပွဲစဉ်ကို လွဲချော်ခဲ့ရသလို တနင်္လာနေ့က ဗီလာ ကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာလည်း လူစားဝင်ကစားသမားအဖြစ် မိနစ် ၂၀ နီးပါးမျှသာ ဝင်ရောက်ကစားနိုင်ခဲ့တာပါ။ နည်းပြ အာတေတာအနေနဲ့ ကွင်းလယ်လူသစ်ရဲ့ ကြံ့ခိုင်မှုကို အထူးဂရုစိုက်နေပြီး အသင်းမှာ ကွင်းလယ်ကစားသမား အင်အားတောင့်တင်းတာကြောင့်လည်း သတိထား ကိုင်တွယ်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဇာဗီ အလွန်ဆိုရဲ့ ချဲလ်ဆီးအသင်းနဲ့ ပွဲလို အရေးကြီးတဲ့ လန်ဒန်ဒါဘီမှာ အဆင့်မြင့် ကစားသမားတစ်ဦးကို ဆုံးရှုံးရတာက အသင်းရဲ့ ကစားကွက် စီးဆင်းမှုကို ထိခိုက်စေနိုင်ပါတယ်။

​မော့စ်ကီရာရဲ့ အခြေအနေကတော့ နည်းပြအဖွဲ့အတွက် ပိုပြီး စိုးရိမ်စရာဖြစ်နေပါတယ်။ စပိန်နောက်ခံလူဟာ ဗီလာပါခ့် မှာ ကစားခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တာကြောင့် ပွဲချိန် ၇၉ မိနစ်မှာ အက်ဇရီ ကွန်ဆာ နဲ့ လူစားလဲခဲ့ရတာပါ။ ပွဲအပြီးမှာ နည်းပြ အာတေတာက မော့စ်ကီရာရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ မဟုတ်ဘဲ ကြိုတင်ကာကွယ်တဲ့ အနေနဲ့သာ လူစားလဲခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

​အသက် ၂၂ နှစ်အရွယ် စပိန်နောက်ခံလူ တနင်္ဂနွေနေ့ပွဲမှာ ပါဝင်နိုင်ခြင်း မရှိပါက ပေါင် ၅၁ သန်းနဲ့ ဗီလာ ကနေ ပြောင်းရွှေ့လာတဲ့ ကွန်ဆာအတွက် အာမီးရိတ်ကွင်းမှာ ပထမဆုံးအကြိမ် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရလာတော့မှာဖြစ်ပါတယ်။

​ဂန်းနားတို့ရဲ့ ခံစစ်ပိုင်း စိုးရိမ်စရာတွေက ဒီလောက်နဲ့ မပြီးသေးဘဲ ဂျူရီယန် တင်းဘာ ပါဝင်နိုင်ဖို့ အခြေအနေမှာလည်း သံသယရှိနေပါတယ်။ ဒါ့အပြင် ဆာလီဘာ ဟာလည်း ကမ္ဘာ့ဖလားပြိုင်ပွဲစဉ်အတွင်း ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အနားယူနေရတာကြောင့် ရာသီအစမှာတင် အာတေတာရဲ့ အသင်းအင်အား စမ်းသပ်ခံနေရတာပါ။

​လက်ရှိမှာတော့ အာဆင်နယ်နဲ့ ချဲလ်ဆီး အသင်းနှစ်သင်းစလုံးဟာ ရာသီအဖွင့် နှစ်ပွဲစလုံး အနိုင်ရရှိထားပြီး အမှတ်ပေးဇယား ထိပ်ပိုင်းမှာ ရမှတ်အပြည့် ရရှိထားကြတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းက ကိုဗင်ထရီ ကို ၃-၀၊ ဗီလာ ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ချဲလ်ဆီးအသင်းကတော့ ဖူလ်ဟမ် ကို ၃-၂၊ ဘရိုင်တန် ကို ၄-၃ ဆိုတဲ့ ရလဒ်တွေနဲ့ အနိုင်ရရှိထားတာကြောင့် ဒီပွဲဟာ အစောပိုင်း ကာလမှာတင် ထိပ်ဆုံးနေရာအတွက် အပြိုင်အဆိုင် ကြမ်းမယ့် ပွဲကောင်းတစ်ပွဲ ဖြစ်လာတော့မှာပါ။

03/09/2026

လီဗာပူးအသင်းရဲ့ နွေရာသီ အပြောင်းအရွှေ့ မဟာဗျူဟာနဲ့ ပတ်သက်လို့ နည်းပြချုပ် အန်ဒိုနီ အာရိုလာ က ကာကွယ်ပြောဆိုလိုက်ပြီး အသင်းအနေဖြင့် အရေအတွက်ထက် အရည်အသွေးကိုသာ ဦးစားပေး ခေါ်ယူခဲ့တာဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားလိုက်ပါတယ်။

​ဒီနွေရာသီမှာ လီဗာပူးဟာ အပိုဆုကြေးအပါအဝင် ပေါင် ၁၂၃ သန်းအထိ ကုန်ကျနိုင်တဲ့ ဘရက်ဒလီ ဘာကိုလာ ကို ခေါ်ယူခဲ့သလို ပေါင် ၁၂၅ သန်းတန် အလက်ဇန္ဒား အီဆာ့ခ် ၊ ပေါင် ၁၁၆ သန်းတန် ဖလိုရီယန် ဗက်ဇ် တို့ ပါဝင်တဲ့ တိုက်စစ်တန်းကို အားဖြည့်ခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ အသားတင်အသုံးစရိတ် အများဆုံးအသင်း ဖြစ်လာခဲ့တာပါ။
ဘာကိုလာဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က အပြောင်းအရွှေ့ မပြီးဆုံးမီ Paris Saint-Germainအတွက် ပါဝင်ကစားပေးခဲ့ခြင်း မရှိသေးပေမဲ့ လာမယ့် သောကြာနေ့မှာတော့ အိပ္စဝစ်ချ် နဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်မှာ စတင်ပွဲထွက်လာဖို့ ရှိနေပါတယ်။

​အသင်းရဲ့ သုံးစွဲမှုမှာ ညာနောက်ခံလူ၊ ခံစစ်ကွင်းလယ် သို့မဟုတ် ညာတောင်ပံတိုက်စစ် စတဲ့ ရာထူးတွေအတွက် ကစားသမားသစ် ပါဝင်ခဲ့ခြင်း မရှိပေမဲ့ ဘာကိုလာကို မိုဟာမက် ဆာလာ ၏ နေရာဟောင်းမှာ ကောင်းကောင်းအသုံးပြုနိုင်မယ်လို့ နည်းပြ အာရိုလာက ယုံကြည်နေပြီး အသင်းရဲ့ ချဉ်းကပ်ပုံဟာ လုံးဝမှန်ကန်တယ်လို့ အခိုင်အမာ ပြောဆိုသွားခဲ့ပါတယ်။

​လီဗာပူး နည်းပြချုပ် အာရိုလာက
"ကျွန်တော်တို့ ပြုလုပ်ခဲ့တဲ့ ခေါ်ယူမှုတွေအားလုံးအတွက် အလွန်ကျေနပ်မိပါတယ်။ 'တခြားနေရာတွေမှာရော ကစားသမားသစ်တွေ ပိုပြီးလိုချင်သေးလား' ဆိုတဲ့ နောက်ထပ်မေးခွန်းကိုလည်း ကျွန်တော် သိပါတယ်။ အဆုံးသတ်မှာတော့ အသင်းဘက်က အခုခေါ်ယူလိုက်တဲ့ ကစားသမားတွေဟာ ကျွန်တော်တို့အသင်းကို ပိုမိုကောင်းမွန်စေမယ့်သူတွေလို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ မတူညီတဲ့ အကြောင်းပြချက်တွေကြောင့် ကျွန်တော်တို့ မယူဖို့ ဆုံးဖြတ်ခဲ့တဲ့ တခြားရွေးချယ်စရာတွေလည်း ရှိခဲ့ပါတယ်။ အချို့က ကိုယ့်မှာရှိပြီးသားထက် ပိုမိုမကောင်းမွန်စေလို့ အားကစားဆိုင်ရာ အကြောင်းပြချက်တွေကြောင့်ဖြစ်ပြီး၊ အချို့ကတော့ ဈေးကွက်အခြေအနေအရ အဓိပ္ပာယ်မရှိတာကြောင့် ဘဏ္ဍာရေးဆိုင်ရာ အကြောင်းပြချက်တွေကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ အခု ကျွန်တော်တို့မှာ ဘာတွေရှိလဲဆိုတာ သိရလို့ ကျေနပ်မိသလို အသင်းမှာ အရည်အသွေးများစွာ ရှိနေပါပြီ။ အခုအချိန်ဟာ ကျွန်တော်တို့အပြင် ကစားသမားတွေနဲ့ ကျွန်တော်ပါ ရှိပြီးသားအရည်အသွေးတွေကို ပိုမိုတိုးတက်အောင် လုပ်ဆောင်ရတော့မယ့် အချိန်ပါပဲ" လို့ ဆိုခဲ့ပါတယ်။

​လီဗာပူးဟာ ဘရိုက်တန်မှ ရန်ကူဘာ မင်းတေး နဲ့ ခရစ္စတယ်ပဲလေ့စ်မှ အစ္စမေးလာ ဆား တို့ကို ခေါ်ယူဖို့ လေ့လာစုံစမ်းခဲ့သေးပေမဲ့ သဘာဝညာတောင်ပံကစားသမား မရှိတဲ့အပေါ် အာရိုလာက စိုးရိမ်မှုမရှိဘဲ ဘာကိုလာ၊ ဗစ်တာ မူးညော့ဇ် ၊ ကော်ဒီ ဂက်ပို နဲ့ ရီယို ငူမိုဟာ တို့နဲ့တင် လုံလောက်တဲ့ အကာအကွယ် ပေးနိုင်မယ်လို့ သုံးသပ်ထားတာပါ။

​ဆက်လက်ပြီး နည်းပြက
"ကျွန်တော်တို့အနေနဲ့ ညာဘက်နေရာ သီးသန့်အတွက် ကစားသမားတစ်ယောက်ထက် အကောင်းဆုံး ကစားသမားတွေကိုပဲ ပိုင်ဆိုင်ထားချင်ခဲ့တာပါ။ ကျွန်တော်ဖြတ်သန်းခဲ့တဲ့ အရင်အသင်းတွေတုန်းကလည်း တောင်ပံကစားသမား အားလုံးကို ဘေးနှစ်ဘက်စလုံးမှာ ကစားဖို့ တောင်းဆိုလေ့ရှိတာ ယဉ်ပါးနေပါပြီ။ သူတို့အားလုံးနီးပါး ဘယ်ဘက်မှာ ပိုပြီးကစားခဲ့ဖူးကြပေမဲ့ ညာဘက်မှာလည်း ကောင်းမွန်တဲ့ နေရာယူမှုတွေကို ကျွန်တော် မြင်တွေ့ထားပါတယ်။ ရီယိုက ဘယ်ဘက်မှာ ပိုပြီး အထူးပြုနိုင်ပေမဲ့ ညာဘက်မှာလည်း တိုးတက်အောင် ကစားလိုတဲ့ စိတ်ဆန္ဒ ရှိနေတာကို ပြသထားပါတယ်။ ဘရက်ဒလီတောင်မှ ညာရော ဘယ်ပါ ကစားနိုင်တာပါ။ အိုလံပစ် လီယွန်နိစ် မှာ စတင်ခဲ့တုန်းကဆိုရင် သူ ညာဘက်မှာ ပိုပြီး စတင်ကစားခဲ့တာ ဖြစ်ပါတယ်။ ရှိနေတဲ့ တောင်ပံကစားသမား လေးယောက်စလုံးအတွက် ကျွန်တော် ကျေနပ်မိသလို ဒီနေရာ နှစ်ခုစလုံးကို အပြည့်အဝ လွှမ်းမိုးထားနိုင်မယ်လို့လည်း သေချာပါတယ်" လို့ ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။

03/09/2026

အာဆင်နယ်အသင်းရဲ့ ကစားသမားသစ် ခရစ္စတို ဆိုးလစ် ဟာ ပရီးမီးယားလိဂ်ရဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အကောင်းဆုံးနဲ့ အတန်ဆုံး ခေါ်ယူမှု ဖြစ်လာလိမ့်မယ်လို့ မန်ချက်စတာယူနိုက်တက် ဂန္ထဝင်နောက်ခံလူဟောင်း ရီယိုဖာဒီနန် က သုံးသပ်လိုက်ပါတယ်။

ဂရိလက်ရွေးစင် တောင်ပံကစားသမား ဆိုးလစ်ဟာ အီးမီးရိတ်စတာဒီယမ်ကို ပေါင် ၃၄ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး စတင်ပြသနေတဲ့ ခြေစွမ်းတွေကြောင့် အသင်းရဲ့ ဂန္ထဝင်တိုက်စစ်ကစားသမားအချို့နဲ့တောင် နှိုင်းယှဉ်ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။

​အာဆင်နယ်အသင်းဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့ပြီးနောက် ဒီနွေရာသီမှာ နာမည်ကြီးကစားသမားတွေကို ငွေကြေးအမြောက်အမြား သုံးစွဲပြီး ခေါ်ယူခဲ့ပါတယ်။ ဒါပေမဲ့ ဖာဒီနန်ကတော့ ကလပ်ဘရုဂ် အသင်းထံကနေ ရောက်လာခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် ဂရိတောင်ပံကစားသမား ဆိုးလစ်ရဲ့ ခေါ်ယူမှုဟာ အသင်းရဲ့ အကောင်းဆုံးနဲ့ အတန်ဆုံး ခေါ်ယူမှု ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေတာပါ။

​ဖာဒီနန်က သူ၏ YouTube ချန်နယ်မှာ ဂရိကြယ်ပွင့်ရဲ့ စတင်ခြေစွမ်းနဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုကို အထူးတလည် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

"အပြောင်းအရွှေ့ဈေးကွက်မှာ ဘယ်သူ့ကို ခေါ်ယူခဲ့တာ အကောင်းဆုံးလဲလို့ မေးရင် ကျွန်တော်ကတော့ ခုထိ မြင်တွေ့ထားရသလောက် ဆိုးလစ် ကိုပဲ ရွေးချယ်ချင်ပါတယ်။ ပေါင် ၃၅ သန်းဝန်းကျင်နဲ့ ရခဲ့တဲ့ သူ့ရဲ့ခြေစွမ်း၊ လျင်မြန်ဖြတ်လတ်တဲ့ တောင်ပံကစားဟောင်း၊ ကောင်းမွန်တဲ့ အမျှော်အမြင်နဲ့ ပြိုင်ဘက်ဧရိယာအတွင်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်တာကို တွေ့ရပါတယ်။ အာဆင်နယ်ရဲ့ အပြောင်းအရွှေ့အဖွဲ့ဟာ သိပ်ကိုကောင်းမွန်တဲ့ အလုပ်တစ်ခုကို လုပ်ဆောင်နိုင်ခဲ့တာပါ။ ကျွန်တော် စောစောစီးစီးပဲ ကြိုပြောရရင် သူဟာ ဒီရာသီရဲ့ ပေးရတဲ့ဈေးနဲ့ ရလိုက်တဲ့ စွမ်းဆောင်ရည်အရ အတန်ဆုံး ခေါ်ယူမှု ဖြစ်လာပါလိမ့်မယ်" လို့ ဖာဒီနန်က ပြောဆိုခဲ့ပါတယ်။

​အာဆင်နယ်နည်းပြ မိုက်ကယ် အာတေတာ ဟာ သမိုင်းဝင် အမှတ်ပေးဖလားကို ရရှိခဲ့ပြီးနောက်မှာ အသင်းကို ပိုမိုတောင့်တင်းအောင် ပြင်ဆင်ခဲ့တာပါ။ လန်ဒန်မြောက်ပိုင်းကလပ်ဟာ ဒီနွေရာသီမှာ ကစားသမားအင်အား ထပ်မံဖြည့်တင်းဖို့ ပေါင် သန်း ၂၀၀ နီးပါး သုံးစွဲခဲ့ပြီး အသင်းရဲ့ အနက်ရော အသွင်ကိုပါ မြှင့်တင်ခဲ့တာ ဖြစ်ပါတယ်။

​"သူတို့ ငွေအမြောက်အမြား သုံးစွဲခဲ့သလို သိပ်ကို တော်တော်လေး ကောင်းမွန်အောင်လည်း သုံးစွဲနိုင်ခဲ့တာကို တွေ့ရပါတယ်။ အသင်းကို ပိုမို တောင့်တင်းအောင်၊ သန်မာအောင်နဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု ပိုရှိအောင် ပြင်ဆင်ခဲ့ကြပါတယ်။ ဆိုးလစ် ရောက်ရှိလာမှုနဲ့အတူ လိမ္မာပါးနပ်တဲ့ ကစားဟန်ကိုပါ ရရှိခဲ့ပြီး သူဟာ ပွဲစကတည်းက စူးရှပြီး ထက်မြက်တဲ့ ပုံစံရှိတာကြောင့် လက်ရှိဈေးကွက်မှာ သိပ်ကို တန်ကြေးရှိတဲ့ ခေါ်ယူမှုတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် အက်ဇရီ ကွန်ဆာ လို ထိပ်တန်း ဗဟိုနောက်ခံလူ၊ စိတ်ချရပြီး ပွဲအများကြီး ကစားပေးနိုင်သူကိုပါ ရရှိခဲ့တာ ဖြစ်ပါတယ်" လို့ ဖာဒီနန်က ဆက်လက် ရှင်းပြခဲ့ပါတယ်။

​ဂရိကြယ်ပွင့် ဆိုးလစ်ရဲ့ ရာသီဖွင့်ပွဲစဉ် စွမ်းဆောင်ရည်ပြီးနောက် သူ့အပေါ် ချီးကျူးမှုတွေ ပိုမိုမြင့်တက်လာခဲ့တာပါ။ အာဆင်နယ် တောင်ပံကစားသမားဟောင်း သီအို ဝဲလ်ကော့တ် ကလည်း ဆိုးလစ်ရဲ့ တိုက်ရိုက်ထိုးဖောက်နိုင်စွမ်းနဲ့ ပထမဆုံး ဘောလုံးထိန်းချုပ်မှု ကောင်းမွန်မှုတို့ဟာ အလက်ဆစ် ဆန်းချက်ဇ် ရဲ့ ကစားဟန်နဲ့ ဆင်တူကြောင်း ပြောကြားခဲ့ပါတယ်။

​ထရော့ဆာ ရဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုနဲ့ ဆန်းချက်ဇ်ရဲ့ ပေါက်ကွဲအားရှိတဲ့ သဘာဝကို ပေါင်းစပ်ထားတဲ့ ဒီလိုကစားဟန်မျိုးဟာ အာတေတာရဲ့ ဘယ်တောင်ပံတိုက်စစ်အတွက် အတိုင်းအတာသစ်တစ်ခုကို ပေးစွမ်းနိုင်ခဲ့တာပါ။ ဖာဒီနန်ကလည်း ဒီအယူအဆကို ထောက်ခံခဲ့ပြီး လက်ရှိ စျေးကွက်ပေါက်စျေးတွေအရ ဒီအပြောင်းအရွှေ့ဟာ အံ့အားသင့်စရာကောင်းလောက်အောင် တန်ကြေးရှိကြောင်း ပြောဆိုခဲ့ပါတယ်။

​အာဆင်နယ်အသင်းဟာ ချန်ပီယံဆုကို ကာကွယ်ဖို့အတွက် အသင်းကနေ ကစားသမားအချို့ကိုလည်း ရှင်းထုတ်ခဲ့ပါတယ်။ ဘရာဇီးတိုက်စစ်မှူး ဂါဘရီယယ် မာတီနယ်လီ ကို အယ်လ်ဟီလာ အသင်းထံ ပေါင် ၅၆ သန်းနဲ့ ရောင်းချခဲ့သလို၊ ဂါဘရီယယ် ဂျေးဇူး ကို ဘာစီလိုနာအသင်းထံ ပေါင် ၈.၆ သန်းနဲ့ စေလွှတ်ခဲ့တာပါ။ ဒါ့အပြင် လီယန်ဒရို ထရော့ဆာ၊ ယာကု ကီဗီအော ၊ ဖာဘီယို ဗီအေးရာ နဲ့ ခရစ်စတီယန် နော်ဂတ် တို့လည်း အသင်းကနေ ထွက်ခွာခဲ့ကြတာကြောင့် နည်းပြ အာတေတာအနေနဲ့ အမှတ်ပေးဖလားကို ကာကွယ်ဖို့အတွက် အသင်းကို ပိုမိုသပ်ရပ်အောင် ပြင်ဆင်ခွင့် ရရှိခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ အဝင်အထွက် ပြုလုပ်ခဲ့ပုံတွေဟာ ခက်ခဲတဲ့ ရာသီသစ်အတွက် အပြည့်အဝ ပြင်ဆင်ပြီးသား ဖြစ်စေခဲ့တယ်လို့ ဖာဒီနန်က ယူဆနေပြီး "အာတေတာနဲ့ သူ့ရဲ့ အာဆင်နယ်အဖွဲ့ဟာ သူတို့ လုပ်ဆောင်ခဲ့တဲ့ အပြောင်းအရွှေ့ လုပ်ဆောင်ချက်တွေအပေါ် တိတ်တဆိတ် ကျေနပ်နေကြလိမ့်မယ်" လို့ နိဂုံးချုပ် သုံးသပ်ထားပါတယ်။

Photos from Zero Score 's post 03/09/2026

𝗙𝗿𝗲𝗲 𝗧𝗶𝗽 တွေ နေ့တိုင်း တင်ဆက်ပေးနေပြီး
လချုပ် အမြဲအမြတ်ထွက်နေတဲ့ ချန်နယ် လင့်ခ်
အောက်တွင် ချပေးထားပါသည် ခင်ဗျာ ။

💎 𝗗𝗶𝗮𝗺𝗼𝗻𝗱 𝗨𝘀𝗲𝗿 𝗧𝗶𝗽 💎
တူးလော့စ် & လိုင်လီ
{ 1 : 15 AM } ⏰
{ ကိုယ်တိုင် သိန်: 𝟮𝟬𝟬 ကစားထားပါတယ် }

✅ 𝗖𝗵𝗮𝗻𝗻𝗲𝗹 𝗙𝗿𝗲𝗲 𝗧𝗶𝗽 ✅
ကက်ဂလီယာရီ & ဗီရိုနာ
{ 1 : 30 AM } ⏰
{ ကိုယ်တိုင် သိန်: 𝟮𝟬𝟬 ကစားထားပါတယ် }


𝗙𝗿𝗲𝗲 𝗧𝗶𝗽 ၊ ယူဆာ 𝗧𝗶𝗽 များ ရယူရန် ၊ သိန်: ရာချီ ကစားထားသည့် မှတ်တမ်းများအား ကြည့်ရှုရန် အောက်တွင် ချပေးထားသော 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 ချန်နယ်အား ဝင်​ပေးပါ မိတ်ဆွေ ။

⚽ 𝗶𝗕𝗲𝘁 𝟳𝟴𝟵 - 𝟱𝟱𝟱 𝗠𝗶𝘅 - 𝗦𝗽𝗼𝗿𝘁 𝗫 𝗭𝗼𝗻𝗲

🎁 𝗡𝗲𝘄 𝗔𝗰𝗰 - 𝟭𝟬 % 𝗕𝗼𝗻𝘂𝘀

☎ 𝗩𝗶𝗯𝗲𝗿 - 𝟬𝟵 𝟳𝟳 𝟰𝟭 𝟱𝟴 𝟱𝟲𝟮
- 𝟬𝟵 𝟳𝟵 𝟯𝟭 𝟯𝟵 𝟯𝟬𝟳

📲 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - t.me/betting555Mix

03/09/2026

"အရမ်း ရည်မှန်းချက်ကြီးရမယ် ၊ အရမ်း မြန်ဆန်ရမယ်၊ ပြီးတော့ အရမ်းလည်း လိမ္မာပါးနပ်ရမယ်" ဆိုပြီး ပီအက်စ်ဂျီကို ရှုံးပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဒူးထောက်ခဲ့ရပြီးနောက် နည်းပြ မာကေး အာတေတာက အာဆင်နယ်ရဲ့ အပြောင်းအရွှေ့ စီမံကိန်းနဲ့ ပတ်သက်လို့ ကြိမ်းဝါးခဲ့ဖူးပါတယ်။ ဂန်းနားတို့ဟာ ဒုတိယနေရာက အသင်းကို ၇ မှတ်အသာနဲ့ ၂၂ နှစ်အကြာမှာ ပထမဆုံး ပရီးမီးယားလိဂ် ဖလားကို မ
ယူနိုင်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း ပုံမှန်ပွဲကစားချိန်အတွင်း တစ်ပွဲမှ မရှုံးဘဲ လူးဝစ် အင်းနင်းကေးရဲ့ အသင်းကို ပင်နယ်တီမှာပဲ ရှုံးခဲ့တာပါ။ ဒါပေမဲ့ အသင်းရဲ့ တိုက်စစ်ပိုင်းကို ပိုမို အဆင့်မြှင့်တင်ပေးနိုင်မယ့် ဂိမ်းအပြောင်းအလဲလုပ်နိုင်သူ တိုက်စစ်မှူးတစ်ဦးကိုတော့ နွေရာသီမှာ အသင်းက မဖြစ်မနေ လိုက်ရှာခဲ့ပါတယ်။

​ပြီးခဲ့တဲ့ နွေရာသီက ပေါ်တူဂီကလပ် စပို့တင်းဆီကနေ ပေါင် ၆၄ သန်းနဲ့ ရောက်လာတဲ့ ဗစ်တာ ဂျိုကီရက်စ်ဟာ အာဆင်နယ်အတွက် ပထမဆုံးရာသီမှာ ၂၁ ဂိုး သွင်းပေးခဲ့ပေမဲ့ အာတေတာရဲ့ အစီအစဉ်မှာ အံဝင်ခွင်ကျ ဖြစ်ရဲ့လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ ဘယ်တောင်ပံမှာလည်း လီယန်ဒရို ထရော့ဆာဒ် ခြေစွမ်းကျသွားသလို ဂေဘရီယယ် မာတီနဲလီလည်း ချန်ပီယံလိဂ်မှာ ၆ ဂိုး သွင်းခဲ့ပေမဲ့ လိဂ်မှာ ၁ ဂိုးပဲ သွင်းနိုင်ခဲ့ပါတယ်။ အခုတော့ အဲဒီနှစ်ယောက်လုံး အသင်းကနေ ထွက်သွားကြပြီဖြစ်ပါတယ်။ ပြည်တွင်းနဲ့ ဥရောပ ဖလားနှစ်ထပ်ကွမ်း ရလုနီးပါး ဖြစ်ခဲ့တဲ့ အသင်းအတွက် အဆင့်မြင့်တိုက်စစ်မှူး ရှာရတာကတော့ တကယ်ကို မလွယ်ကူခဲ့တာပါ။

​အာဆင်နယ်ဟာ ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းတွေထဲက တစ်သင်း ဖြစ်ချင်နေတာပါ။ အားကစားဒါရိုက်တာ အန်ဒရီယာ ဘာတာဟာ ပစ်မှတ်တော်တော်များများကို တစ်ပြိုင်နက်တည်း ချဉ်းကပ်လေ့ရှိသူဖြစ်ပြီး အာဆင်နယ်ဟာ မော်ဂန် ရော့ဂျာစ်၊ ဘရက်ဒလီ ဘာကိုလာ၊ ဂျူလီယန် အယ်လ်ဗာရက်ဇ်နဲ့ ဗင်နီဆီးယပ်စ် ဂျူနီယာတို့ကို စိတ်ဝင်စားခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှ မခေါ်နိုင်ခဲ့ပါဘူး။ ဗင်နီဆီးယပ်စ်ကို ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သစ် ကိစ္စပေါ် မူတည်ပြီး ခေါ်ဖို့ ကြိုးစားခဲ့ပေမဲ့ မက်ဒရစ်က လုပ်ခ ပိုတိုးပေးလိုက်လို့ မရခဲ့ပါဘူး။ မော်ဂန် ရော့ဂျာစ်အတွက် ပေါင် သန်း ၈၀ ထက် ပိုမပေးချင်တာကြောင့် ပေါင် ၁၁၇ သန်း ပေးလိုက်တဲ့ ချဲလ်ဆီးဆီ ပါသွားခဲ့ပါတယ်။ လီဗာပူးက ဘာကိုလာကို ရသွားပြီးနောက် အယ်လ်ဗာရက်ဇ် တစ်ယောက်ပဲ ကျန်ခဲ့ပေမဲ့ မက်ဒရစ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်လိုက်တာကြောင့် တိုက်စစ်မှူးသစ် ရရေး အာဆင်နယ်ရဲ့ အိပ်မက်တွေ ပျက်ပြားခဲ့ရတာပါ။

​ဒါပေမဲ့လည်း အာဆင်နယ်ဟာ အက်စတွန်ဗီလာကို နိုင်ခဲ့တဲ့ပွဲမှာ အသင်းရဲ့ အင်အားကို ပြသနိုင်ခဲ့ပါတယ်။ နယူးကာဆယ် အသင်းခေါင်းဆောင် ဘရူနို ဂီးမားရိုက်စ်ကို ပေါင် ၇၅ သန်း၊ အက်စတွန်ဗီလာက အက်ဇရီ ကွန်ဆာကို ပေါင် ၅၅ သန်း၊ ပီယဲရိုး ဟင်ကာပီကို ပေါင် ၃၄.၅ သန်းနဲ့ ကလပ်ဘရဂ်ျက ခရစ်စတို တဇိုလစ်ကို ပေါင် ၃၄ သန်းနဲ့ ခေါ်ယူခဲ့တာပါ။ ကွန်ဆာဟာ ပြီးခဲ့တဲ့ရာသီက Ground Challenge အနိုင်ရရှိမှု ၇၃.၁ ရာခိုင်နှုန်းနဲ့ ဘောလုံးပေးပို့မှု တိကျမှု ၉၅ ရာခိုင်နှုန်းနဲ့ လိဂ်ရဲ့ အကောင်းဆုံး နောက်ခံလူ ဖြစ်ခဲ့သလို၊ ဝီလီယမ် ဆာလီဘာနဲ့ ယူးရီးယန်း တင်းဘာတို့ ဒဏ်ရာရနေလို့ ခေါ်ခဲ့တာဖြစ်ပါတယ်။ ထွက်ခွာသူတွေထဲမှာ မာတီနဲလီက အယ်လ်ဟီလယ်ကို ပေါင် သန်း ၆၀ နဲ့ ပြောင်းဖို့ နီးစပ်နေပြီး ထရော့ဆာဒ်က ဘက်ဆီးတပ်စ်၊ ခရစ်စတီယန် နောဂတ်က အက်ဗာတန်၊ ဂေဘရီယယ် ဂျေးဇူးက ဘာစီလိုနာဆီ ပြောင်းသွားခဲ့ကြတာပါ။

​တောင်ပံကစားသမား နှစ်ဦး ထွက်သွားပြီး တစ်ဦးပဲ အစားထိုးနိုင်ခဲ့လို့ ပရိသတ်တွေ စိုးရိမ်နေကြပေမဲ့ ပဲလေ့စ်မှာ တောက်ပခဲ့တဲ့ အီဘရီချီ အီဇီကို ဘယ်တောင်ပံမှာ သုံးနိုင်သလို ဒဏ်ရာက ပြန်ကောင်းလာတဲ့ ကိုင် ဟားဗာတ်ဇ်နဲ့ မာကယ် မီရီနိုတို့လည်း ရှိနေပါတယ်။ အာဆင်နယ်အနေနဲ့ ထိပ်တန်း တိုက်စစ်မှူး မခေါ်နိုင်ခဲ့လို့ ဇန်နဝါရီမှာဖြစ်ဖြစ်၊ လာမယ့် နွေရာသီမှာဖြစ်ဖြစ် ထပ်ကြိုးစားခွင့် ရှိနေသေးတာပါ။ အာဆင်နယ်မှာ ဥရောပရဲ့ အကောင်းဆုံး အသင်းလူစာရင်း ရှိနေပြီး ချန်ပီယံဆုကို ကာကွယ်ဖို့ ရေပန်းစားနေဆဲ ဖြစ်ပေမဲ့ ဂိုးရဖို့ ရုန်းကန်ရတဲ့ ပွဲတွေ ရှိလာရင်တော့ တိုက်စစ်မှူးသစ် မခေါ်ခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေကိုတော့ ရှောင်လွှဲရခက်ပါလိမ့်မယ်။

03/09/2026

မန်ချက်စတာစီးတီးအသင်းဟာ လာမယ့်ရာသီအတွက် ကွင်းလယ်ပိုင်းကို အကြီးအကျယ် ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး စုစုပေါင်း ပေါင် ၄၅၈ သန်းအထိ သုံးစွဲခဲ့တာကြောင့် နွေရာသီ အပြောင်းအရွှေ့တစ်ခုအတွင်း စံချိန်တင် သုံးစွဲမှုအဖြစ် စံချိန်သစ်တင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလို မဟာအဆင့် သုံးစွဲမှုတွေရဲ့ နောက်ကွယ်မှာတော့ မေးခွန်းထုတ်စရာ အချက်အချို့ ကျန်ရှိနေသေးတာကို တွေ့ရပါတယ်။

​မန်စီးတီးအသင်းရဲ့ နည်းပြသစ် အန်ဇို မာရက်စကာဟာ နည်းပြ ပက် ဂွါဒီယိုလာရဲ့ နေရာမှာ အစားဝင်ရောက်လာပြီးနောက် အားကစားဒါရိုက်တာ ဟူးဂိုး ဗီယားနားထံမှ အပြည့်အဝ ထောက်ပံ့ကူညီမှု ရရှိခဲ့ပါတယ်။ ဒါကြောင့်လည်း အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးကို တစ်နွေရာသီအတွင်းမှာတင် နှစ်ကြိမ်တိုင်တိုင် စံချိန်ချိုးခဲ့တာပါ။ မာရက်စကာရဲ့ ချဲလ်ဆီးအသင်းမှ အသင်းခေါင်းဆောင်ဟောင်း အန်ဇို ဖာနန်းဒက်စ်ကို ဗြိတိန်စံချိန်တင် ပေါင် ၁၂၅ သန်းနဲ့ ခေါ်ယူခဲ့သလို၊ နော့တင်ဟမ် ဖောရက်စ်အသင်းမှ အယ်လီယော့ အန်ဒါဆန်ကို ပေါင် ၁၁၆ သန်း၊ မော်ရိုကို လက်ရွေးစင် ၁၈ နှစ်အရွယ် အေးယု ဘူအက်ဒီကို ပေါင် ၈၆ သန်း စသဖြင့် အသီးသီး သုံးစွဲခဲ့ကြပါတယ်။ ဒီကစားသမား သုံးဦးဟာ စီးတီးရဲ့ အဓိက အဝယ်တော်တွေ ဖြစ်ခဲ့ပါတယ်။

​တစ်ဖက်မှာလည်း အသင်းခေါင်းဆောင် ဘားနားဒိုး ဆေးဗား၊ ၂၀၂၄ ဘာလွန်ဒီအောဆုရှင် ရိုဒရီ၊ တီဂျာနီ ရိန်းဒါးစ်နဲ့ နီကို ဂွန်ဇားလက်စ်တို့ ထွက်ခွာသွားခဲ့တာကြောင့် မန်စီးတီးရဲ့ ကွင်းလယ်ဟာ လုံးဝဥဿုံ ပြောင်းလဲသွားခဲ့ပါတယ်။ အသင်းတာဝန်ရှိသူတွေကတော့ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း ပြုလုပ်ခဲ့တဲ့ အပြောင်းအရွှေ့ လုပ်ဆောင်ချက်တွေအပေါ် အလွန်ကျေနပ်နေကြပြီး၊ ၂၀၂၃ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အင်တာမီလန်ကို အနိုင်ရခဲ့တဲ့ လူစာရင်းထဲမှ လေးဦးသာ အသင်းမှာ ကျန်ရှိတော့သည်အထိ အနာဂတ်အတွက် ပြင်ဆင်မှုတွေကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

​အခုအခါမှာတော့ နည်းပြ မာရက်စကာအနေနဲ့ နေရာတိုင်းလိုလိုမှာ ထိပ်တန်းကစားသမား နှစ်ဦးစီ ပိုင်ဆိုင်ခွင့် ရရှိထားပြီ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ရာသီစတင်ချိန်ကထက် ပိုမိုတောင့်တင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားပြီလို့ ယုံကြည်နေကြပါတယ်။ ဒါပေမဲ့ နည်းပြ မာရက်စကာအနေနဲ့ ဒီကွင်းလယ်ကစားသမားသစ်တွေကို စနစ်တကျ ဘယ်လိုပေါင်းစပ် အသုံးပြုမလဲဆိုတာနဲ့ တိုက်စစ်မှူး အားလင်း ဟာလန်းအတွက် အရန်တိုက်စစ်မှူး မရှိတော့တဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာကတော့ စိတ်ဝင်စားစရာ မေးခွန်းတစ်ခု ဖြစ်နေဆဲပါ။

​နည်းပြ မာရက်စကာဟာ ပွဲစဥ်အလိုက် ကွင်းလယ်ပုံစံကို လေးယောက်တန်း လေးထောင့်ပုံစံ (Box) ဒါမှမဟုတ် စိန်ပွင့်ပုံစံ (Diamond) တွေနဲ့ ပြောင်းလဲအသုံးပြုလေ့ ရှိပါတယ်။ ကွင်းလယ်သစ်တွေထဲမှာ အန်ဒါဆန်ကို ရိုဒရီရဲ့ နေရာမှာ အဓိက ထိန်းကျောင်းသူအဖြစ် သုံးစွဲနေတာတွေ့ရပြီး၊ လူငယ်ကစားသမား ဘူအက်ဒီကိုတော့ အန်ဒါဆန်ရဲ့ အရန်အဖြစ် အသုံးပြုသွားဖို့ ရှိနေပါတယ်။ ဒါ့အပြင် အန်ဇို ဖာနန်းဒက်စ်ဟာလည်း ကွင်းလယ်ခံစစ်ရော၊ တိုက်စစ်ပိုင်းမှာပါ ကစားနိုင်တဲ့ ဘက်စုံသုံး ကစားသမားတစ်ဦး ဖြစ်တာကြောင့် အသင်းအတွက် အဓိက အားထားရာ ဖြစ်လာမှာပါ။

​အကြီးမားဆုံး စိုးရိမ်စရာကတော့ တိုက်စစ်ပိုင်းမှာ အသက် ၂၆ နှစ်အရွယ် အဓိကတိုက်စစ်မှူး အားလင်း ဟာလန်းတစ်ဦးတည်းသာ အထိုင်တိုက်စစ်မှူးအဖြစ် ကျန်ရှိတော့တာ ဖြစ်ပါတယ်။ အရန်တိုက်စစ်မှူး မာမူးရှ်က စပါးအသင်းသို့ ထွက်ခွာသွားခဲ့ပြီး လူငယ်တိုက်စစ်မှူး မူဘာမာကလည်း အငှားနဲ့ ထွက်ခွာသွားခဲ့တာကြောင့် ဟာလန်း ဒဏ်ရာရရှိခဲ့ရင် သို့မဟုတ် အနားပေးဖို့ လိုအပ်လာရင် အစားထိုးဖို့ ခက်ခဲသွားနိုင်ပါတယ်။ အသင်းဘက်ကတော့ တောင်ပံကစားသမားတွေဖြစ်တဲ့ ဆေမန်ညိုနဲ့ နာဒီယာယေးတို့ကို လိုအပ်ပါက တိုက်စစ်မှူးနေရာမှာ အစားထိုး ကစားခိုင်းဖို့ စီစဉ်ထားပေမဲ့ ဒီကစားသမားတွေဟာ တစ်ရာသီကို ဂိုး ၂၀ နီးပါး သွင်းယူပေးနိုင်တဲ့ သွင်းဂိုးစံချိန် မရှိကြသေးတာကြောင့် ဟာလန်း မရှိပါက မန်စီးတီးတို့ တိုက်စစ်ပိုင်း အခက်တွေ့သွားနိုင်ပါတယ်။

03/09/2026

အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းသစ်တွေဟာ ‘Big Six’ လို့ ခေါ်တဲ့ ထိပ်သီး ၆ သင်းကိုပဲ ဆက်လက် အကာအကွယ် ပေးထားပြီး အက်စတွန်ဗီလာနဲ့ နယူးကာဆယ်တို့လို ထိပ်သီးနေရာကို စိန်ခေါ်လာတဲ့ အသင်းတွေကိုတော့ အဓိက ကစားသမားတွေ မဖြစ်မနေ ထုတ်ရောင်းရတဲ့ အခြေအနေဆိုးဆီ တွန်းပို့လိုက်ပါတယ်။

​နွေရာသီ အပြောင်းအရွှေ့ ရာသီဝက် ပိတ်သိမ်းသွားခဲ့ပြီ ဖြစ်တာကြောင့် အင်္ဂလန် ထိပ်တန်းလိဂ်ရဲ့ အလယ်အလတ်အဆင့် ရည်မှန်းချက်ကြီး အသင်းတွေဟာ လိဂ်ရဲ့ စည်းမျဉ်းသစ်တွေကြောင့် ခါးသီးတဲ့ ရလဒ်တွေကို စတင် ရင်ဆိုင်နေကြရပါတယ်။
​ပြီးခဲ့တဲ့ ရာသီ အဖွင့်ပွဲစဉ်တုန်းက အက်စတွန်ဗီလာနဲ့ နယူးကာဆယ်တို့ ဗီလာပါ့ခ်မှာ ရင်ဆိုင်ကစားခဲ့စဉ် ပရိသတ် နှစ်ဖက်စလုံးက "ပရီးမီးယားလိဂ်ဟာ အကျင့်ပျက်ခြစားနေတယ်" ဆိုပြီး တစ်လှည့်စီ ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။ ဗီလာနဲ့ နယူးကာဆယ်တို့ဟာ ပရီးမီးယားလိဂ်ရဲ့ အမြတ်အစွန်းနဲ့ ရေရှည်တည်တံ့မှုဆိုင်ရာ စည်းမျဉ်း (PSR) ရဲ့ ဆိုးကျိုးတွေကို နှစ်ရှည်လများ အဆိုးရွားဆုံး ခံစားခဲ့ရသူတွေလို့ မိမိတို့ကိုယ်ကို ယူဆထားကြတာ ဖြစ်ပါတယ်။

​အဲဒီပွဲ မတိုင်မီမှာပဲ နယူးကာဆယ် နည်းပြဟောင်း အက်ဒီဟောင်းက "အဲဒီ စည်းမျဉ်းတွေကြောင့် အသင်းတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကတော့ ကျွန်တော်တို့ အသိဆုံးပါ။ မရောင်းချင်တဲ့ ကစားသမားတွေကို ရောင်းထုတ်ရတာ၊ အသင်းကို အင်အားဖြည့်ဖို့ ဝယ်ယူချင်တဲ့ ကစားသမားတွေကို မဝယ်နိုင်တာမျိုးတွေဖြစ်ပြီး အဲဒီပြဿနာတွေက ကျွန်တော်တို့ဆီကနေ အလွယ်တကူ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး" လို့ သတင်းထောက်တွေကို ရင်ဖွင့်ခဲ့ပါတယ်။

​အက်ဒီဟောင်းရဲ့ ပြောကြားချက်ကို ဗီလာ နည်းပြ အူနိုင်း အမ်မရီကလည်း ထောက်ခံခဲ့ပြီး ပွဲစဉ်လက်ကမ်းစာစောင်မှာ အဆိုပါ စည်းမျဉ်းတွေကို ပြန်လည်သုံးသပ်ဖို့ တောင်းဆိုခဲ့ပါတယ်။
​အူနိုင်း အမ်မရီက "ဘဏ္ဍာရေး စည်းမျဉ်းတွေက အသင်းမှာ ရင်းနှီးမြှုပ်နှံမှုကို ထိန်းချုပ်ထားတာကြောင့် ဒီနွေရာသီဟာ စိန်ခေါ်မှုများစွာနဲ့ ပြည့်နှက်နေခဲ့တာကို ငြင်းလို့မရပါဘူး။ ဘဏ္ဍာရေး ထိန်းချုပ်မှု စည်းမျဉ်းတွေဟာ အသင်းတွေ ဒေဝါလီခံတာနဲ့ အကြွေးမဆပ်နိုင်တာတွေကို ကာကွယ်ဖို့ ရည်ရွယ်ချက်ကောင်းနဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပရော်ဖက်ရှင်နယ်တွေအနေနဲ့ ဒါကို ပြန်လည်သုံးသပ်သင့်ပါတယ်။ အကြောင်းကတော့ စီမံခန့်ခွဲမှုကောင်းတဲ့ အသင်းတွေအတွက် ဒီ စည်းမျဉ်းဟာ အကန့်အသတ်တစ်ခု ဖြစ်လာပြီး အားကစားဆိုင်ရာ အောင်မြင်မှုရပြီးနောက် ဝင်ငွေ တိုးတက်လာဖို့ အချိန်ယူရတာကြောင့် ပိုမိုမြင့်မားတဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ခွင့် ရတော့မှာ မဟုတ်လို့ပါ" လို့ ရေးသားခဲ့ပါတယ်။

​အူနိုင်း အမ်မရီ တောင်းဆိုခဲ့သလိုပဲ ပရီးမီးယားလိဂ်ဟာ ၂၀၂၆-၂၇ ရာသီ မစတင်မီမှာ ဘဏ္ဍာရေး စနစ်သစ်တစ်ခုကို စတင်မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ စကွဒ်ကုန်ကျစရိတ် အချိုးအစား စည်းမျဉ်း (SCR) နဲ့ စနစ်ဆိုင်ရာ ကြံ့ခိုင်ရေး စည်းမျဉ်း (SSR) တို့ကို ကျင့်သုံးတာဟာ ဗီလာနဲ့ အခြား ရည်မှန်းချက်ကြီး အသင်းတွေအတွက် ထိပ်သီးအသင်းတွေနဲ့ စီးပွားရေး ကွာဟချက်ကို ကျဉ်းမြောင်းစေဖို့ ကူညီပေးနိုင်မှာ မဟုတ်ဘဲ လာမယ့်နှစ်တွေမှာ ဒီကွာဟချက်က ပိုမိုကြီးမားလာနိုင်တယ်လို့ အများက သံသယဝင်နေကြပါတယ်။

​အမြတ်အစွန်းနဲ့ ရေရှည်တည်တံ့မှု စည်းမျဉ်း (PSR) ကို ၂၀၁၃ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး ယူအီးအက်ဖ်အေး (UEFA) ရဲ့ ဘဏ္ဍာရေးဆိုင်ရာ မျှတစွာ ယှဉ်ပြိုင်ရေး စည်းမျဉ်း (FFP) ကို တုံ့ပြန်တဲ့အနေနဲ့ ပရီးမီးယားလိဂ်က စတင်ခဲ့တာ ဖြစ်ပါတယ်။ FFP ဟာ တာဝန်မဲ့တဲ့ ပိုင်ရှင်တွေရဲ့ စည်းမဲ့ကမ်းမဲ့ သုံးစွဲမှုတွေကြောင့် အသင်းတွေ ပြိုကွဲမသွားအောင် ကာကွယ်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။

​အဆိုပါ စနစ်နှစ်ခုလုံး ဆင်တူသော်လည်း ပရီးမီးယားလိဂ် စည်းမျဉ်းရဲ့ အဓိကအချက်မှာ အသင်းတွေအနေနဲ့ သုံးနှစ်တာ ကာလအတွင်း ပေါင် ၁၀၅ သန်းထက် ပိုမို ဆုံးရှုံးမှု မရှိစေရဆိုတဲ့ အချက်ဖြစ်ပြီး ဒါဟာ ဥရောပပြိုင်ပွဲ မဝင်ရောက်နိုင်တဲ့ အသင်းတွေကိုလည်း ဆက်လက်ယှဉ်ပြိုင်နိုင်အောင် ခွင့်ပြုပေးထားတာကြောင့် UEFA စည်းမျဉ်းထက် ပိုမိုသက်သာမှု ရှိခဲ့ပါတယ်။

​သို့သော်လည်း နှစ်တွေကြာလာတာနဲ့အမျှ ဘဏ္ဍာရေး စည်းမျဉ်းတွေဟာ အချို့အသင်းတွေ အဆင့်တက်လှမ်းရေးကို ဟန့်တားနေတယ်လို့ ခံစားချက်တွေ ကြီးထွားလာခဲ့ပါတယ်။ အထူးသဖြင့် ခွင့်ပြုထားတဲ့ ဆုံးရှုံးမှုပမာဏကို ငွေကြေးဖောင်းပွမှုနဲ့အညီ ဘယ်တော့မှ ပြင်ဆင်ညှိနှိုင်းပေးခြင်း မရှိခဲ့တာကြောင့် ဖြစ်ပါတယ်။

​အဓိက ပြဿနာမှာ ပိုင်ရှင်သစ်တွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှု အပြည့်အဝ ပြုလုပ်ရန် အခွင့်အရေး မရရှိခြင်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် နယူးကာဆယ် အသင်းကို ဆော်ဒီ အများပြည်သူဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ (PIF) က ၂၀၂၁ ခုနှစ်မှာ ဝယ်ယူခဲ့သော်လည်း ပိုင်ရှင်တွေ မဟာချမ်းသာ ချမ်းသာနေသည့်တိုင်အောင် 'Big Six' အသင်းတွေဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်၊ လိဗာပူးလ်၊ အာဆင်နယ်၊ စပါး၊ ချဲလ်ဆီးနဲ့ မန်ချက်စတာ စီးတီးတို့လောက် ဝင်ငွေ မရရှိသေးတဲ့အတွက် ကစားသမားသစ်တွေအတွက် ငွေကြေး အများအပြား မသုံးစွဲနိုင်ခဲ့ပါဘူး။

​The Price of Football ပေါ့ဒ်ကတ်စ်မှ ကီရန် မက်ဂွိုင်ယာက GOAL သို့ ပြောကြားရာမှာ "စည်းမျဉ်းတွေရဲ့ မူလရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် ပိုင်ရှင်သစ်တွေအနေနဲ့ ချဲလ်ဆီး ပိုင်ရှင်ဟောင်း ရိုမန် အဗရာမိုဗစ်ချ်နဲ့ မန်စီးတီး ပိုင်ရှင် ရှိခ် မန်ဆာတို့လို ငွေကြေးအမြောက်အမြား ရင်းနှီးမြှုပ်နှံပြီး အသင်းကို ဆုဖလား ရရှိတဲ့ အသင်းအဖြစ် ပြောင်းလဲပစ်တာကို တားဆီးထားသလို ဖြစ်နေပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။

​ဒါဟာ 'Big Six' အသင်းတွေအတွက် စည်းမျဉ်းတစ်မျိုး၊ အခြားအသင်းတွေအတွက် စည်းမျဉ်းတစ်မျိုး ဖြစ်နေတယ်ဆိုတဲ့ မကျေနပ်မှုတွေကို ဖြစ်ပေါ်စေခဲ့ပြီး ပြီးခဲ့တဲ့ နွေရာသီကလည်း အဆိုပါ အယူအဆကို ပြောင်းလဲနိုင်ခဲ့ခြင်း မရှိပါဘူး။

​မန်စီးတီး အသင်းရဲ့ ဘဏ္ဍာရေး စည်းမျဉ်း ဖောက်ဖျက်မှု ပုဒ်မ ၁၀၀ အတွက် အဆုံးအဖြတ်ကို စောင့်ဆိုင်းနေရဆဲ ဖြစ်သလို ချဲလ်ဆီး အသင်းဟာလည်း အဗရာမိုဗစ်ချ် ခေတ်က တရားမဝင် အေးဂျင့်တွေဆီ လျှို့ဝှက် ငွေပေးချေမှုတွေအတွက် ဒဏ်ငွေ အနည်းငယ်မျှနဲ့ လွတ်မြောက်သွားခဲ့ချိန်မှာ နယူးကာဆယ်နဲ့ ဗီလာ အသင်းတို့ကတော့ အဓိက ကစားသမားတွေကို ရောင်းထုတ်ကာ အသင်းကို ပြန်လည် တည်ဆောက်ခဲ့ရပါတယ်။

​နယူးကာဆယ်ဟာ ပြီးခဲ့တဲ့ ရာသီက အလက်ဇန်းဒါး အိုက်ဆာခ်ကို လိဗာပူးလ်ဆီ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောင်းချခဲ့ရပြီးနောက် ယခုနွေရာသီမှာလည်း အကောင်းဆုံး တိုက်စစ်မှူး အန်သိုနီ ဂေါ်ဒွန်၊ အသင်းခေါင်းဆောင် ဘရူနို ဂီမာရိုက်စ်နဲ့ ကွင်းလယ်လူ ဆန်ဒရို တိုနာလီ တို့ကို ထပ်မံ ရောင်းထုတ်ခဲ့ရပါတယ်။ ဗီလာ အသင်းသည်လည်း ကစားသမား ထွက်ခွာမှု ဒဏ်ကို ပိုမို ခံစားခဲ့ရပါတယ်။

​မေလ ၂၀ ရက်က ဖရိုင်းဘဝတ် အသင်းကို အနိုင်ရရှိပြီး ယူရိုပါလိဂ် ဗိုလ်စွဲခဲ့တဲ့ ပွဲထွက် ၁၁ ယောက်အနက် ၆ ယောက်အထိကို အသင်းရဲ့ အကျိုးအတွက်ဆိုကာ ရောင်းထုတ်ခဲ့ရပါတယ်။ ဝါရင့် ကစားသမားတွေဖြစ်တဲ့ အဲမိလီယာနို မာတီနက်ဇ်နဲ့ လူကပ်စ် ဒီးဂ်နီးတို့ ထွက်ခွာသွားတာ မဆန်းသော်လည်း မော်ဂန် ရော်ဂျာစ့်ကို ချဲလ်ဆီးဆီ ရောင်းထုတ်လိုက်ရခြင်းနဲ့ အာဂျင်တီးနား တောင်ပံကစားသမား အယ်လီဟန်ဒရို ဂါနာချို ရောက်ရှိလာခြင်းတို့အတွက် ဗီလာ ပရိသတ်တွေ အလွန် စိတ်ပျက်ခဲ့ရပါတယ်။

​ထို့ပြင် လွန်ခဲ့တဲ့ နှစ်ရာသီမှာ အဆင့် ၁၇ သာ ရရှိခဲ့တဲ့ စပါး အသင်းက ငွေကြေး အမြောက်အမြား သုံးစွဲနေချိန်မှာ ဗီလာ ပရိသတ်တွေရဲ့ ဒေါသဟာ ပိုမို ကြီးထွားလာခဲ့ပါတယ်။

​ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ကမ္ဘာ့အသုံးအစွဲဆုံး အသင်းတွေထဲမှာ ပါဝင်ခဲ့တဲ့ ဗီလာ အသင်း ဘဏ္ဍာရေး ဒုက္ခရောက်ရတဲ့ အဓိက အကြောင်းရင်းမှာ ဝင်ငွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို လစာအဖြစ် သုံးစွဲခဲ့ရခြင်းနဲ့ ကစားသမား ရောင်းချရာမှာ အမြတ်မထုတ်နိုင်ခဲ့ခြင်းတို့ကြောင့် ဖြစ်ပါတယ်။

​သို့သော်လည်း ဘဏ္ဍာရေးနဲ့ သမိုင်းကြောင်းဆိုင်ရာ အကြောင်းပြချက်တွေကြောင့် ဗီလာနဲ့ နယူးကာဆယ်တို့ဟာ ချဲလ်ဆီး သို့မဟုတ် မန်စီးတီးတို့လို ကစားသမားတွေကို သိုလှောင်ထားနိုင်တဲ့ အနေအထားမှာ မရှိကြပါဘူး။

​ကီရန် မက်ဂွိုင်ယာက "ကစားသမားတွေဟာ အနုပညာလက်ရာတွေလိုပဲ သတ်မှတ်ထားတဲ့ တန်ဖိုး မရှိကြပါဘူး။ UEFA ရဲ့ စည်းမျဉ်းတွေက အပြောင်းအရွှေ့တွေကို တင်းကျပ်ထားပေမဲ့ ပရီးမီးယားလိဂ် စည်းမျဉ်းတွေကတော့ ပိုမို လျှော့ပါးပါတယ်" လို့ ထောက်ပြခဲ့ပါတယ်။

​PSR အစား SCR နဲ့ SSR စနစ်များ ပြောင်းလဲလိုက်ခြင်းက အခြေအနေကို ပြောင်းလဲစေမည်လား သို့မဟုတ် မူလ အခြေအနေအတိုင်းပဲ ဆက်လက် တည်ရှိနေမည်လား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ပရီးမီးယားလိဂ်ဟာ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်တဲ့ အသင်းတွေကို ၇၀ ရာခိုင်နှုန်းသာ ခွင့်ပြုထားသော်လည်း လိဂ်အတွင်း အသင်းတွေရဲ့ ကွင်းတွင်း သုံးစွဲမှုကို ဝင်ငွေရဲ့ ၈၅ ရာခိုင်နှုန်းအထိ ခွင့်ပြုပေးထားပါတယ်။

​ပရီးမီးယားလိဂ် စီးအီးအို ၈စ်ချက် မာစတာစ့်က "ကျန်တဲ့ အသင်းတွေ အပြိုင်အဆိုင် ဖြစ်စေဖို့ ရင်းနှီးမြှုပ်နှံနိုင်အောင် ကျွန်တော်တို့ ပိုမို လျှော့ပါးပေးထားပါတယ်။ စကွဒ်ကုန်ကျစရိတ် အချိုးအစား စည်းမျဉ်းကလည်း ဒီလို ယှဉ်ပြိုင်နိုင်စွမ်းကို ပိုမို ခိုင်မာစေမယ်လို့ မျှော်လင့်ပါတယ်" လို့ ရှင်းပြခဲ့ပါတယ်။

​ထို့ပြင် ပရီးမီးယားလိဂ်က အဆိုပါ စည်းမျဉ်းသစ်တွေဟာ အသင်းတွေအတွက် အခြား ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့ လွတ်လပ်ခွင့် ပေးထားကြောင်းနဲ့ သုံးနှစ်စာ ကာလအစား ရာသီအလိုက် ဆန်းစစ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

​အကဲခတ်တွေကတော့ အဆိုပါ စည်းမျဉ်းသစ်တွေကြောင့် အသင်းတွေဟာ ဘဏ္ဍာရေး မျှခြေ ထိန်းသိမ်းဖို့အတွက် အကယ်ဒမီထွက် ကစားသမားတွေကို ပိုမို ရောင်းချလာရလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။ ခရစ္စတယ် ပေးလေ့စ် ဥက္ကဋ္ဌ စတိဗ် ပါရစ်ရှ်က ဘရန့်ဖို့ဒ်၊ ဘရိုက်တန်၊ ဘုန်းမောက်၊ ဖူဟမ်နဲ့ လိဒ်စ် အသင်းတို့ စည်းမျဉ်းသစ်ကို ကန့်ကွက်ခဲ့ကြတာကို သတိထားသင့်ကြောင်း ထောက်ပြခဲ့ပါတယ်။
​သို့သော်လည်း စည်းမျဉ်းတွေ မရှိပါက ပိုမို ကြီးမားတဲ့ ဘဏ္ဍာရေး ကွာဟချက်တွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ၈စ်ချက် မာစတာစ့်က ဆိုပါတယ်။

​၎င်းက "ကျွန်တော်တို့ လိဂ်ဟာ စည်းမျဉ်းတွေ မရှိရင် အတော်လေး ပြောင်းလဲသွားမှာပါ။ ဗီလာ အသင်းဟာ ဥရောပပြိုင်ပွဲကို လေးကြိမ်ဆက်တိုက် ဝင်ရောက်နိုင်ခဲ့သလို ယူရိုပါလိဂ် ဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ နယူးကာဆယ် အသင်းမှာလည်း အပြောင်းအလဲတွေ ရှိနေပြီး နည်းပြသစ် မက်သီးယပ်စ် ဂျိုက်စလီနဲ့အတူ ရှေ့ဆက်နေတာ ဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

​ပရီးမီးယားလိဂ်ရဲ့ ရေပန်းစားမှုဟာ အဆိုပါ ဘဏ္ဍာရေး အငြင်းပွားမှုတွေကြောင့် လျော့ကျသွားဖွယ် မရှိဘဲ ‘Big Six’ အသင်းတွေရဲ့ ပရိသတ်အများစုမှာ လက်ရှိ အခြေအနေကို ကျေနပ်နေကြဆဲ ဖြစ်တာကြောင့် ရှေ့လျှောက်လည်း ဒီအတိုင်းပဲ ဆက်လက် တည်ရှိနေဦးမှာ ဖြစ်ပါတယ်။

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Category

Address

Yangon