KS Computer Class

KS Computer Class

Share

ရလဒ်သည်သာအဓိက
(၃)ရက်တက်ကြည့်ပါ၊ ထိရောက်မှုမရှိဘူးလို့ခံစားရပါက သင်တန်းကြေးအပြည့်ပြန်အမ်းမည်။

03/01/2026

🤦မာလာရှမ်းကော တစ်ပွဲစားမလား?
😎ဘဝအတွက် ပညာတစ်ခု သင်မလား?
🤩မာလာရှမ်းကော တစ်ပွဲမှာ အသားတွေ၊ အသီးအရွက်တွေနဲ့ အရသာရှိရှိ စားလိုက်ရင် မိနစ် ၃၀ အတွင်း ဗိုက်ဝသွားမှာပါ။
😍ဒါပေမဲ့ အဲ့ဒီ ၁၅,၀၀၀ ကျပ်ကိုပဲ ကိုယ့်အတွက် ပြန်ရင်းနှီးလိုက်ရင်ကော?
မာလာရှမ်းကော = မိနစ် ၃၀ အရသာ။
ကွန်ပျူတာအခြေခံသင်တန်း = တစ်သက်တာ အလုပ်အကိုင် အခွင့်အလမ်း။

သင်တန်းမှာ Microsoft Word, Excel, PowerPoint နဲ့ အခြေခံသိသင့်တာတွေ အကုန်ပါဝင်ပြီး တစ်သက်တာလုံး ထပ်ခါထပ်ခါ လေ့လာခွင့်ရမှာပါ။

🎯ကျွန်တော်တို့ သင်တန်းဘက်မှ အာမခံချက် (၄) ချက်။

🟢 KS Computer Class ဟာ ရလဒ် ဦးစားပေးသင်တန်း ဖြစ်ပါတယ်။ Video တွေနဲ့ စာတွေ့ချည်းပဲ သင်ပေးတာမျိုး မဟုတ်ပါဘူး။ သင်ခန်းစာ တစ်ခုပြီးတိုင်း လက်တွေ့လုပ်ဆောင်ရမယ့် Assignment နှင့် Mission တွေကို အတိအကျ ချမှတ်ပေးထားပါတယ်။

🟢 Assignment တွေကို လိုက်ပါ လုပ်ဆောင်ရင်း Lesson အားလုံး Complete ဖြစ်သွားပါက ကျွန်တော်တို့ သင်တန်းဘက်ကို Certificate တောင်းယူနိုင်မှာ ဖြစ်ပါတယ်။

🟢 Video Class တွေရဲ့ အားနည်းချက်ဖြစ်တဲ့ သင်တန်းသားများအနေဖြင့် လေ့လာမှု မထိရောက်မှာ စိုးရိမ်ကြတာကို နားလည်ပါတယ်ခင်ဗျာ။ အဲ့ဒီအတွက်လဲ လေ့ကျင့်ခန်း အစီအစဉ်များကို အတိအကျ ချမှတ်ထားပြီး လေ့ကျင့်နေရင်း အဆင်မပြေပါက အချိန်မရွေး မေးမြန်းနိုင်မယ့် Support Team ရှိပါတယ်။

🟢 သင်တန်းသားများအနေဖြင့် မိမိ ကွန်ပျူတာမှာ လိုအပ်သော Software များကိုလဲ တစ်သက်တာ စိတ်ကြိုက်တောင်းယူနိုင်ပါမယ်။

📣ပုံမှန်သင်တန်းကြေး - ၂၀၀၀၀ ကျပ်

Dec31 ရက်နေ့ မှ Jan 31 နေ့အထိ အပ်နှံသူ အယောက် (၅၀) အတွက် သင်တန်းကြေးကို

✅ အထူးလျှော့ဈေး

🎯 (၁၅၀၀၀) ကျပ် နဲ့ တက်ရောက်ခွင့် ရရှိမှာဖြစ်ပါတယ်ခင်ဗျာ။
#ကွန်ပျူတာသင်တန်း #ကွန်ပျူတာ #သင်တန်း

02/01/2026

🙏🙏🙏ဒီနေ့လို ပြာသိုလပြည့် အမေများနေ့မှာ မိခင်တိုင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေကြောင်း KS Computer Class မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။🙏🙏🙏

ပညာတတ်ကြီးဖြစ်ဖို့၊ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ဖို့ဆိုတာ အမေတိုင်းရဲ့ မျှော်လင့်ချက်ပါ။

​အမေ ဂုဏ်ယူရတဲ့ သားသမီးကောင်းတွေဖြစ်အောင်၊ နည်းပညာခေတ်မှာ ခေတ်နောက်မကျတဲ့ လူငယ်တွေဖြစ်အောင် အတူတူ ကြိုးစားကြရအောင်ဗျာ။ 💪✨

"သူငယ်ချင်းတို့ရော ဒီနေ့ အမေ့ကို ဘယ်လို စပရိုက် (Surprise) လုပ်ပေးဖြစ်လဲ? မန့် (Comment) မှာ ပြောခဲ့ပါဦး"
#အမေများနေ့

Photos from KS Computer Class 's post 02/01/2026

Microsoft Word ရဲ့ အသုံးဝင်ဆုံး Shortcut များ အပိုင်း(1)
#ကွန်ပျူတာသင်တန်း #ကွန်ပျူတာ

31/12/2025

😱မနက်ဖြန် 2026 ရောက်ပြီ။
🥲ဘာလုပ်ရမှန်းမသိ Plan တွေ ချနေတုန်းလား?
😎ဒီနှစ်တော့ အလုပ်ထဲမှာ သူများခိုင်းတာပဲ လုပ်နေရတဲ့ဘဝကနေ ရုန်းထွက်ရအောင်။
Word Excel PowerPoint ဆိုတာ အခြေခံပဲ၊ ဒါပေမယ့် ဒါကို ကျွမ်းကျင်မှ အလုပ်ထဲမှာ မျက်နှာပွင့်မှာ။

🎯KS Computer Class မှာက Video ကြည့်ရုံတင်မဟုတ်ဘူး၊
🎯တကယ်တတ်အောင် Lesson တစ်ခုချင်းစီမှာ Mission တွေ Assignment တွေစီစဉ်ထားတယ်။
🎯၃ ရက် တက်ကြည့်လို့ စိတ်တိုင်းမကျရင် ပိုက်ဆံအပြည့်ပြန်ယူသွား။

😱အယောက် 50 ပဲ ရမယ့် အထူးလျှော့ဈေး ဒီနေ့စပြီ။
😎အချိန်ဖြုန်းမနေနဲ့တော့ အယောက် 50 ဆိုတာ ခဏလေးပြည့်တာ။
သင်တန်းအပ်ရန် Page Messenger ကို ဒိုးကြမယ်။

#ကွန်ပျူတာသင်တန်း #သင်တန်း

Photos from KS Computer Class 's post 31/12/2025

😱၂၀၂၆ ခုနှစ်အတွက် ဦးစားပေးလေ့လာသင့်တဲ့ အရာတစ်ခုတည်းကိုပဲ ပြောရရင်...

🎯၂၀၂၆ ခုနှစ်ဟာ AI (Artificial Intelligence) ကိရိယာတွေကနေတစ်ဆင့် AI Agents (လူကိုယ်တိုင် ခိုင်းစရာမလိုဘဲ အလုပ်တွေကို အစအဆုံး လုပ်ဆောင်ပေးမယ့် စနစ်များ) အရှိန်အဟုန်နဲ့ တိုးတက်လာမယ့် နှစ်ဖြစ်ပါတယ်။
🟢အဲဒီအချိန်မှာ AI ကို သိရုံတင်မကဘဲ မိမိရဲ့ လုပ်ငန်းခွင် ဒါမှမဟုတ် နေ့စဉ်ဘဝမှာ AI နဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်ရမလဲဆိုတာက အရေးအကြီးဆုံး ဖြစ်လာပါလိမ့်မယ်။
🎯၂၀၂၆ မှာ AI က လူတွေရဲ့ အလုပ်အကိုင်တွေကို အစားထိုးတာထက် AI ကို သုံးတတ်တဲ့လူတွေက AI မသုံးတတ်တဲ့လူတွေကို အစားထိုးသွားမယ့် အခြေအနေမျိုး ဖြစ်လာမှာပါ။
🟢ဒါကြောင့် ဒီပညာရပ်ကို တတ်မြောက်ထားရင် ဘယ်နယ်ပယ်မှာမဆို ခေတ်နောက်ကျမကျန်ခဲ့ဘဲ ရှေ့တန်းကရှိနေမှာ ဖြစ်ပါတယ်။
#ကွန်ပျူတာသင်တန်း

Photos from KS Computer Class 's post 30/12/2025

သင်တန်းအသေးစိတ်ကို တစ်ပုံချင်းစီမှာ ဖတ်နိုင်ပါတယ်။
#ကွန်ပျူတာ #ကွန်ပျူတာသင်တန်း #သင်တန်း

29/12/2025

KS ကွန်ပျူတာသင်တန်းကို မတက်ပါနဲ့😎

လာမယ့် 2026 မှာ Computer တတ်ချင်တယ်ဆိုတဲ့ စိတ်ကူးရှိရင်... KS Computer Class ကို အဝေးဆုံးက ရှောင်ပါ။
ကျွန်တော် အတည်ပြောနေတာပါ။

ဘာလို့လဲဆိုတော့...
ကျွန်တော်တို့သင်တန်းက Video ဖိုင်ကြည့်ပြီး အေးဆေး ပြီးသွားမယ့် သင်တန်းမျိုး မဟုတ်လို့ပါ။
ခင်ဗျား တကယ် ပင်ပန်းရလိမ့်မယ်။
သင်ခန်းစာ Lesson Video ကြည့်ရုံနဲ့ တတ်မယ် ထင်နေလား?
No.
သင်ခန်းစာတိုင်းမှာ ခင်ဗျားရဲ့ Skill ကို စမ်းသပ်မယ့် Mission တွေ ရှိပါတယ်။
အဲဒါကို မကျော်ဖြတ်နိုင်ရင် နောက်တစ်ဆင့် ပေးမတက်ပါဘူး။
ကျွန်တော်တို့ Support Team က ခင်ဗျား ကို တစ်ယောက်တည်း ပစ်မထားပါဘူး အိမ်မက်ထဲအထိ လိုက်နှောင့်ယှက်နေမှာဖြစ်ပါတယ်🤦။
ဒါကို 'ဒုက္ခ' လို့ မြင်တဲ့လူဆိုရင် မလာပါနဲ့။
'ဒါမှ တကယ်တတ်မှာ' လို့ မြင်တဲ့ လူနည်းစုအတွက်ပဲ နေရာရှိတယ်။

ဒါပေမဲ့ ဒီ 'ဒုက္ခ' ကို ခံနိုင်ရင်တော့... Word, Excel, PowerPoint က ခင်ဗျားအတွက် ကလေးကစားစရာ ဖြစ်သွားမယ်။

🟢Software တွေ အကုန် တစ်သက်တာ Free ပေးမယ်။
🟢အဓိက အချက်က... ၃ ရက် တက်ကြည့်လို့ သင်တန်းကထိ‌ရောက်မှုမရှိဘူးလို့ ခံစားရရင် တစ်ကျပ်မကျန် ငွေပြန်အမ်းမယ်။
🎯ကျွန်တော်က လူအရေအတွက်ထက် Result (ရလဒ်) ကိုပဲ ရောင်းတာပါ။"🎯

😱ဇန်နဝါရီအတွက် အယောက် 50 ပဲ လက်ခံပါမယ်။
😱ပြီးခဲ့တဲ့လမှာလဲ လူပြည့်မြန်တာမို့ နေရာမရလိုက်တဲ့လူ‌ တွေရှိတယ်။

ကျွန်တော်တို့နဲ့အတူတူ မိမိရဲ့ Skill ကို Challenge လုပ်မယ်ဆိုရင် အခုပဲ Commentမှာ 'Challenge' လို့ ပို့ထားလိုက်ပါ။
ခင်ဗျားက တကယ် ကြိုးစားမယ့် လူနည်းစုထဲမှာ ပါ၊ မပါ ကျွန်တော် စောင့်ကြည့်နေပါမယ်။
#ကွန်ပျူတာသင်တန်း #သင်တန်း #ကွန်ပျူတာ

26/12/2025

😩သင့်ရဲ့ CV နဲ့ Report တွေက ဘာလို့ ကြည့်ရဆိုးနေတာလဲ?
​အချက်အလက်တွေ ဘယ်လောက်ကောင်းကောင်း Alignment မမှန်ရင် Professional မဆန်ပါဘူး။ လူအများစု မှားတတ်တဲ့ အချက် (၃) ချက်ကို သိထားပြီးပြီလား?

​၁။ ခေါင်းစဉ်ကို Center ထားပြီး စာပိုဒ်တွေကို Justify မလုပ်ထားတာ။

၂။ စာပိုဒ်တစ်ခုရဲ့ အဆုံးမှာ စာလုံးတစ်လုံးတည်း ကျန်နေတာ (Widows/Orphans)။

၃။ Alignment ညှိဖို့ Spacebar ကို အားကိုးနေတာ (ဒါက စာရိုက်တဲ့အခါ အမှားဆုံးအချက်ပါပဲ)။

​စနစ်တကျ Alignment ညှိတတ်ခြင်းက သင့်ရဲ့ Document ကို တစ်ဖက်လူ ဖတ်ချင်စဖွယ်ဖြစ်အောင် ဆွဲဆောင်နိုင်ပါတယ်။

နေသားတကျရှိပြီး ကြည့်ကောင်းတဲ့ Document တစ်ခုဖြစ်ဖို့ Alignment (စာသားညှိခြင်း) က အရေးကြီးဆုံးပဲနော်။ 📑

Microsoft Word မှာ စာရိုက်တဲ့အခါ Alignment (၄) မျိုးကို ကျွမ်းကျင်အောင် သုံးတတ်ဖို့ လိုပါတယ်။

Left Alignment (Ctrl + L): စာသားတွေကို ဘယ်ဘက်ကပ်ညှိပေးတာပါ။ ပုံမှန်စာတွေ၊ စာပိုဒ်တွေအတွက် အသုံးအများဆုံးပါ။

Center Alignment (Ctrl + E): စာသားတွေကို အလယ်မှာ ထားတာပါ။ ခေါင်းစဉ် (Title) တွေအတွက် သုံးပါတယ်။

Right Alignment (Ctrl + R): စာသားတွေကို ညာဘက်ကပ်ညှိတာပါ။ ရက်စွဲ (Date) နဲ့ လိပ်စာတွေ ရေးတဲ့အခါ သုံးရပါတယ်။

Justify (Ctrl + J): ဘယ်ရောညာပါ ညီသွားအောင် ညှိပေးတာပါ။ စာအုပ်တွေ၊ Report တွေမှာ ပရော်ဖက်ရှင်နယ် ဆန်ဆန် ကြည့်ကောင်းချင်ရင် ဒါကို သုံးရပါမယ်။

Shortcut လေးတွေကိုပါ မှတ်ထားရင် အလုပ်ပိုမြန်တာပေါ့။

​✅ Word ရဲ့ Hidden Features တွေနဲ့ စာရွက်စာတမ်း ပြင်ဆင်နည်းတွေကို အသေးစိတ်လေ့လာချင်ရင်တော့...
KS Computer Class မှာ အသေးစိတ်သင်ကြားနေပါပြီ။

#ကွန်ပျူတာသင်တန်း #သင်တန်း #ကွန်ပျူတာ

24/12/2025

🤦ကွန်ပျူတာသုံးရင်း Error တစ်ခုတက်လို့ပဲဖြစ်ဖြစ်၊
🤔လုပ်နည်းတစ်ခုခုကို သူငယ်ချင်းကို မေးချင်လို့ပဲဖြစ်ဖြစ်...
😫တစ်ဆင့်ချင်းစီကို Screenshot တွေ အပုံလိုက်ရိုက်ပြီး ပို့နေရတာ အချိန်ကုန်တယ်မဟုတ်လား? 😫

တခါတလေကျရင်လည်း ကိုယ်ဘာနှိပ်လိုက်လို့ ဘာဖြစ်သွားမှန်း ကိုယ့်ကိုယ်ကိုယ် ပြန်မသိတော့တာမျိုးလည်း ရှိတတ်ပါတယ်။

🎯ဒီပြဿနာကို ဖြေရှင်းဖို့ Windows ထဲမှာတင် အသင့်ပါပြီးသား၊ ဒါပေမဲ့ ၉၀% သော လူတွေ သတိမထားမိတဲ့ Steps Recorder ဆိုတဲ့ Tool လေး ရှိပါတယ်။

🛠 ဒါလေးက ဘာလုပ်ပေးတာလဲ?
သူ့ကို ဖွင့်ပြီး Start Record နှိပ်ထားလိုက်ရုံပါပဲ။
သင် Mouse နဲ့ ဘယ်နေရာကို နှိပ်လိုက်တယ်၊ ဘယ် Window ကို ဖွင့်လိုက်တယ်ဆိုတာကို သူက အလိုအလျောက် မှတ်သားသွားမှာပါ။

အဆုံးသတ်လိုက်တဲ့အခါ သင်လုပ်ဆောင်ခဲ့သမျှ အဆင့်တိုင်းကို:
တစ်ပုံချင်းစီ Screenshot ရိုက်ပေးမယ်။
"User clicked Left Cut on..." ဆိုပြီး စာသားနဲ့ပါ အသေးစိတ် ဖော်ပြပေးမယ်။
ဒါတွေအားလုံးကို File တစ်ခုတည်းနဲ့ သေသေသပ်သပ် ထုတ်ပေးမှာပါ။

💡 ဘယ်လိုသုံးမလဲ?
🟢Keyboard က Windows Key + R ကို နှိပ်ပါ။
🟢ပေါ်လာတဲ့ Box ထဲမှာ psr လို့ ရိုက်ထည့်ပြီး Enter ခေါက်ပါ။
🟢Start Record ကို နှိပ်ပြီး သင်ပြချင်တဲ့ အဆင့်တွေကို လုပ်ပြလိုက်ပါ။
🟢ပြီးရင် Stop Record နှိပ်ပြီး File ကို Save လုပ်လိုက်ရုံပါပဲ။

ဒီ File လေးကို ကျွမ်းကျင်တဲ့သူဆီ ပို့ပေးလိုက်ရုံနဲ့ သင် ဘာအမှားလုပ်ခဲ့လဲ၊ ဘယ်နားမှာ Error တက်တာလဲဆိုတာ သူတို့ ချက်ချင်း သိသွားပါလိမ့်မယ်။ အချိန်ကုန်လည်း သက်သာသလို ပိုပြီးတော့လည်း Professional ဆန်သွားတာ‌ပေါ့ ...
မဟုတ်ဘူးလားဗျာ။😎
#ကွန်ပျူတာသင်တန်း #သင်တန်း

24/12/2025

ကွန်ပျူတာကို အခြေခံကစပြီး ပိုင်ပိုင်နိုင်နိုင် တတ်မြောက်ချင်တယ်ဆိုရင် KS Computer Class က အဆင်သင့်ရှိနေပါပြီ။
#ကွန်ပျူတာသင်တန်း #ကွန်ပျူတာ #သင်တန်း

Website

Address

Myanmar
Yangon
11181