Ecora Solutions
Go Green with Ecora Energy 🔋
Ecora နဲ့အတူ သဘာဝအနာဂတ်သို့ 🔋
10/03/2026
ဆိုလာပြားကို ဘာလို့ ပုံမှန် ရေဆေးပေးသင့်တာလဲ ☀️
နယ်ဘက်မှာဆို ဒီကိစ္စက ပိုသိသာပါတယ်။
ဖုန်တွေ၊ မြေမှုန့်တွေ များတာကြောင့်
ဆိုလာပြားတွေက ညစ်ပတ်လွယ်ပြီး အားဝင်နှုန်း ကျဆင်းလာတတ်တာကြောင့်ပါ ‼️
ဆိုလာပြားပေါ်မှာ ဖုန်တွေ အလွှာလိုက် တက်နေရင် နေရောင်ခြည်ကို ကောင်းကောင်းမရလို့
ဘက်ထရီထဲ အားဝင်တာ အရမ်းနှေးသွားပါတယ်။
အဲ့ကနေမှ ဆိုလာက ဘာဖြစ်မှန်းမသိ၊ အားမ၀င်ဘူးဆိုတဲ့ ပြဿနာတွေ ကြားလာရတာပါ
ဒါကြောင့် ဆိုလာတွေမှာ ဖုန်တွေအရမ်းများလာတဲ့အခါ
မနက်စောစော ဒါမှမဟုတ် ညနေပိုင်းနေအေးချိန်တွေမှာ ဆိုလာပြားကိုသန့်ရှင်းပေးလိုက်ပါ။
ဒီလို ပုံမှန်သန့်ရှင်းပေးတဲ့ခါ အားဝင်နှုန်းကို မထိခိုက်စေတော့ပါဘူး ...
ဆိုလာပြားသန့်ရှင်းနေတဲ့အခါ ဘက်ထရီအားပြည့်ဖို့ အချိန်ပိုမြန်သွားတာကို သိသိသာသာ မြင်တွေ့ရမှာပါာ 🤝🏼
ပစ္စည်းတစ်ခုကို ရေရှည်အသုံးပြုနိုင်ဖို့ဆိုရင် သုံးနည်းမှန်ဖို့လည်း မမေ့ပါနဲ့ခင်မျာ ✅
09/03/2026
AC/DC Power Station ဆိုတာ ဘာလဲ?
ဘယ်လိုရွေးမလဲ?
Power Station ဆိုတာ အလွယ်ပြောရရင်
အိတ်ဆောင် ဓာတ်အားပေးစက်ရုံလေးပါပဲ။
⚡ DC Output (တိုက်ရိုက်အသုံးပြုနိုင်)
12V မီးသီး၊ USB ပေါက်နဲ့ ဖုန်းအားသွင်းခြင်း စတာတွေ သုံးနိုင်ပါတယ်။
အားသာချက်က Inverter မလိုလို့ အားလေလွင့်မှု နည်းပြီး အသုံးခံချိန် ပိုကြာနိုင်ပါတယ်။
⚡ AC Output (အိမ်သုံးပလပ်)
Battery ထဲက DC ကို Inverter နဲ့ AC ပြောင်းပြီး ထုတ်ပေးတာဖြစ်ပါတယ်။
ပန်ကာ၊ TV၊ Laptop စတာတွေ Plug ထိုးသုံးနိုင်ပါတယ်။
အသုံးခံချိန်နဲ့ သုံးနိုင်မယ့်ပစ္စည်းအရွယ်အစားကတော့ (Watt) နဲ့ (Wh) ပေါ်မူတည်တယ်။
ဒါကြောင့် ၀ယ်ယူမယ့်အခါမှာတော့
👉 Output Watt (W)
👉 Battery Capacity (Wh)
ကို သေချာစစ်ဆေးဖို့ လိုပါတယ်။
တစ်ခုခုတိုင်ပင်ဆွေးနွေးချင်တာရှိရင်တော့
m.me/EcoraSolutions ကနေတဆင့်
ဆက်သွယ်နိုင်ပါတယ်ခင်မျာ 🤝🏼
07/03/2026
Power Station ဝယ်ရင် ဒီ (၂) ချက်ပဲကြည့်👇🏻
1️⃣ Output Watt (W) - ဘာတွေ သုံးလို့ရမလဲ?
- (W) ဆိုတာက စက်က တစ်ချိန်တည်း ပေးနိုင်တဲ့ အားပါ။
- သုံးမယ့်ပစ္စည်းရဲ့ Watt ထက် နည်းနည်းပိုမြင့်တဲ့ W ရှိရပါမယ်။
- ဥပမာ 60W ပန်ကာဆိုရင် အနည်းဆုံး 100W Output လောက်လိုအပ်ပါတယ်။
📌 Watt ကြီးလေလေ ပန်ကာ၊ TV၊ Laptop စတဲ့ အားများတဲ့ ပစ္စည်းတွေကို သုံးနိုင်ပါတယ်။
2️⃣ Battery Capacity (Wh) - ဘယ်လောက်ကြာကြာ သုံးနိုင်မလဲ?
(Wh) ကကျ စက်ထဲမှာ သိုလှောင်ထားနိုင်တဲ့ စွမ်းအင်ပမာဏပါ။
📌 (Wh) ကြီးလေလေ မီးသီးတွေဘာတွေဆိုရင် ပိုကြာကြာ သုံးနိုင်ပါတယ်။ (AC သုံးရင်တော့ နည်းနည်းလျော့နိုင်ပါတယ်)
(W) သုံးနိုင်မယ့် ပစ္စည်းအရွယ်အစားကို ဆုံးဖြတ်ပေးပြီး
(Wh) က သုံးနိုင်မယ့် ကြာချိန်ကို ဆုံးဖြတ်ပေးပါတယ် ✅
မှန်ကန်တဲ့ Power Station ရွေးချယ်ဖို့ဆိုရင် သင်လိုချင်တဲ့ အားပမာဏ၊ သုံးချင်တဲ့နေရာပေါ်မူတည်ပြီး ရွေးချယ်ရမှာပါ...
အသေးစိတ်ကို m.me/EcoraSolutions ကနေတဆင့် တိုင်ပင်နိုင်ပါတယ်ခင်မျာ 🤝🏼
06/03/2026
လယ်ထဲ ကိုင်းထဲအထိ အိမ်ကမီးကို သယ်သွားလို့ရပြီဗျာ ❕
Solacity Portable Power Station🚜💡
နယ်ဘက်က မိဘပြည်သူတွေအတွက် မီးလိုင်းမရှိလည်း
အိမ်မှာလိုပဲ လျှပ်စစ်ပစ္စည်းတွေ သုံးနိုင်ဖို့ ဒီ Power Station လေးက အဆင်သင့်ရှိနေပါပြီ။
➡️ အခြားနဲ့မတူဘဲ ပေါ့ပါး သေသပ်တယ်။ Box လေးထဲမှာ အားလုံးကို စုစည်းပေးထားလို့ ဆိုင်ကယ်ပေါ်တင်သွားရုံပါပဲ။
➡️ Digital Display လည်းပါဝင်တယ်။ ဘက်ထရီအား ဘယ်လောက်ကျန်လဲ မျက်စိနဲ့ မြင်နေရတော့ ချိန်ညှိပြီး သုံးနိုင်တာပေါ့။
➡️ Second မို့ အားမခံမှာ ပူစရာမလိုပါဘူး။ကျွန်တော်တို့ကိုယ်တိုင် Load Test စနစ်တကျ စမ်းသပ်ထားပြီးသားပါ။
ဈေးနှုန်းကိုလည်း အသက်သာဆုံးဖြစ်အောင် စီစဉ်ပေးထားပါတယ်ခင်မျာ။
အသေးစိတ်ကို m.me/EcoraSolutions
ကနေတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်မျာ 🤝🏼
04/03/2026
ကျေးလက်ရဲ့ လယ်တဲထဲက ညတွေမှာ... မြို့ပြလိုမျိုး လင်းထိန်နိုင်ဖို့ Solacity ရှိတယ် 💡
လယ်ထဲ၊ ကိုင်းထဲမှာ အလုပ်လုပ်ရတဲ့သူတွေအနေနဲ့ ဈေးကြီးပေးပြီး အသစ်ဝယ်ဖို့ ဝန်လေးနေပါသလား?
ကျွန်တော်တို့ဆီမှာ အသစ်တစ်လုံးရဲ့ ဈေးထက် အများကြီး သက်သာပြီး
အရည်အသွေးကောင်းမွန်တဲ့ Second-hand Battery Box လေးတွေ ရှိပါတယ်။
အာမခံလည်း ပါ၀င်တဲ့အတွက် ဘယ်လောက်အား လိုချင်တယ်ဆိုတာ ပြောပြီး စိတ်ချလက်ချ မှာယူရုံပါပဲ မိတ်ဆွေ 🤝🏼
ကျေးလက် လုပ်ငန်းခွင်တွေမှာ အသုံးတည့်ဖို့အတွက် ဈေးနှုန်းရော အရည်အသွေးပါ မျှတတဲ့ ရွေးချယ်မှုအတွက်
Ecora Solutions 🌱🔋
အသေးစိတ်စုံစမ်းရန် 👇🏻
m.me/EcoraSolutions
03/03/2026
ရနိုင်တာလေးတွေပါ✅
လိုအပ်ရင် မှာယူနိုင်ပါတယ်
လက်ကားဈေး ရှိပါတယ်ခင်ဗျာ 🥰
02/03/2026
"ဘက်ထရီဝယ်ရင် Ah (Ampere Hour) များလေ ပိုကောင်းလေပဲလား? 🤔
တကယ်တော့ ကိုယ်သုံးမယ့် ပစ္စည်းပေါ် မူတည်ပါတယ်။
ဥပမာ- မီးချောင်း၊ ပန်ကာလောက်ပဲ ဆိုရင်
Solacity 12 LFP 1000 (Ah 100) က အဆင်ပြေပေမဲ့၊
တစ်အိမ်လုံး လင်းထိန်နေချင်တယ်၊
ရေခဲသေတ္တာပါ ပေးချင်တယ်ဆိုရင်တော့
Solacity 12 LFP 3000 (Ah 300)
ဒါမှမဟုတ် 4000 (Ah 400) ကို သွားသင့်ပါတယ်။
Ah များလေလေ မီးပြတ်တဲ့အချိန်မှာ အကြာကြီး ပိုသုံးရလေလေပါပဲ။
Solacity မှာက Ah 100 ကနေ 400 အထိ ရှိတော့
ကိုယ့် Budget နဲ့ လိုအပ်ချက်ကို ချိန်ညှိရတာ အရမ်းလွယ်သွားတာပေါ့။
အသေးစိတ်စုံစမ်းရန် 👇🏻
m.me/EcoraSolutions
Battery အဟောင်းက ကောင်းသေးတယ်ဆိုပြီး အသစ်တစ်လုံးနဲ့ တွဲသုံးဖို့ စဉ်းစားနေလား?
ဒါဟာ လုံးဝမလုပ်သင့်တဲ့ အမှားတစ်ခုပါ။ Internal Resistance (အတွင်းခုခံမှု) မတူတဲ့အတွက် အဟောင်းက အသစ်ရဲ့ စွမ်းအင်တွေကို စုပ်ယူပြီး Battery အသစ်ရဲ့ သက်တမ်းကို သိသိသာသာ တိုတောင်းသွားစေနိုင်ပါတယ်။ 🚫
01/03/2026
မီးထွန်းရုံ wifi ချိတ်ရုံပဲ
ဈေးလည်း အများကြီး မသုံးချင်ဘူး
အာမခံ ပါတာလည်း လိုချင်တယ်ဆိုတဲ့ မိတ်ဆွေတို့ကတော့
12 V 100 Ah. လေးကို ရွေးချယ်နိုင်ပါတယ်ခင်ဗျာ🥰
အိမ်ရောက်ငွေချေ/ ဂိတ်ချ ငွေချေ ရပါတယ်
01/03/2026
"ဘက်ထရီဝယ်တော့မယ်ဆိုရင် Volt (V) ကို အရင်ကြည့်ဖို့ မမေ့နဲ့နော်! ⚡
ကိုယ့်မှာရှိတဲ့ Inverter က
12V လား၊ 24V လား၊ 48V လားဆိုတာ အရင် သိရပါမယ်။
🛑 12V Inverter သုံးရင် Solacity 12 Series (၅ သိန်း ကနေ ၁၇ သိန်းကြား) ကို ရွေးပါ။
🛑 Inverter အကြီးစားတွေအတွက်ဆိုရင်တော့ Solacity 25 LFP (24V တန်းဝင်) ဒါမှမဟုတ် Solacity 48 LFP တွေကို သုံးရပါတယ်။
ဗို့အားချင်း ကိုက်ညီမှ စက်တွေ မထိခိုက်မှာပါ။
ကိုယ့်အိမ်က စက်နဲ့ ဘယ်ဟာကိုက်မလဲ မသေချာရင်
m.me/EcoraSolutions CB မှာ လာမေးလိုက်ပါ၊
ကျွန်တော်တို့ တွက်ချက်ပေးပါ့မယ်!"
Click here to claim your Sponsored Listing.
Category
Website
Address
Yangon