Shwe Pyi Thar Township Garment Union

Shwe Pyi Thar Township Garment  Union

Share

4_ October-2024

Photos from Shwe Pyi Thar Township Garment  Union's post 11/06/2026

ဘယ်မှာ မှ မကြား ဘူးတဲ့ နို့တစ်ကြေး နဲ့
တာဝန်မခံ ရဲ တဲ့ လူတွေကြားမှာ
တောင်းဆိုမှူပြုခဲ့တဲ့ အလုပ်သမားတွေ ရဲ့ အပြီးသတ်ရလဒ်က
လက်မခံနိုင်စရာ ညှိနှိုင်းချက်တွေဘဲ ဖြစ်တယ်။
OT ညလုံးပေါက်ခေါ်ခဲ့တဲ့အတွက်
အရေးယူမှူကတော့
လေပေါ်ပျောက် သွား ပီ ပေါ့။

Photos from Solidarity of Trade Union Myanmar's post 11/06/2026

#တိုင်းအလည

Photos from Shwe Pyi Thar Township Garment  Union's post 11/06/2026

တိုင်း အထည်ချုပ်ဖွဲ့စည်းရေးနှင့်ပါတ်သက်ပြီး
အင်းစိန်မြို့နယ် အထည်ချုပ် နှင့်အတူ အစည်းအဝေးကျင်းပခြင်း အမှတ်တရ

Photos from Shwe Pyi Thar Township Garment  Union's post 09/06/2026

(၈) ရက်မြောက်နေ့တောင်းဆိုမှူ

ောလင်း

08/06/2026

“RESERVED Brand ချုပ်လုပ်သည့် U&G (Myanmar) Fashion စက်ရုံတွင် အလုပ်သမားများအား ညဉ့်နက်သည်အထိ အချိန်ပို (OT) မဆင်းပါက အလုပ်ထုတ်မည်ဟု ခြိမ်းခြောက်အဓမ္မခိုင်းစေနေ”
ရန်ကုန်၊ ဇွန် ၈ (၂၀၂၆)
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်၊ အမှတ် (၁၄၀) တွင် ဖွင့်လှစ်ထားပြီး အလုပ်သမားအင်အား (၁၀၀၀) ဝန်းကျင်ဖြင့် လည်ပတ်နေသည့် U&G (Myanmar) Fashion Co., Ltd (GTIG-1) အထည်ချုပ်စက်ရုံတွင် ဆိုးရွားသော လုပ်ငန်းခွင်ဆိုင်ရာ ဖိနှိပ်မှုများနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ ကြုံတွေ့နေရကြောင်း အလုပ်သမားများက အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသည့် STUM သို့ ဆက်သွယ်သတင်းပေးပို့လာသည်။
အဆိုပါစက်ရုံတွင် အလုပ်သမားများအား တစ်ရက်ခြားတစ်ခါ ညနေ (၆:၀၀) နာရီမှ ညဉ့်နက်ပိုင်း ည (၁၁:၃၀) နာရီအထိ အချိန်ပို (OT) များကို အတင်းအဓမ္မ ဖိအားပေးခေါ်ယူနေသည်မှာ တစ်လကျော်ခန့် ရှိနေပြီဖြစ်ကြောင်း သိရသည်။

စက်ရုံအတွင်း ကြုံတွေ့နေရသည့် အဓိကဖိနှိပ်မှုများမှာ -
၁။အလုပ်ထုတ်မည်ဟု ခြိမ်းခြောက်၍ OT ဆင်းခိုင်းခြင်း: အချိန်ပို (OT) မဆင်းလိုသည့် အလုပ်သမားများအား "အလုပ်ထုတ်ပစ်မည်" ဟု ဥပဒေမဲ့ ခြိမ်းခြောက်ကာ ဖိအားပေးပြီး အဓမ္မဆင်းခိုင်းနေခြင်း။
၂။နိုင်ငံခြားသား ဝန်ထမ်းများကိုယ်တိုင် ဖိနှိပ်ခိုင်းစေခြင်း: စက်ရုံတွင်းရှိ တရုတ်နိုင်ငံသား ဝန်ထမ်းနှင့် မန်နေဂျာကိုယ်တိုင် လုပ်ငန်းခွင်ထဲအထိ ဝင်ရောက်ကာ အလုပ်သမားများအား အတင်းအဓမ္မ ဖိအားပေးခိုင်းစေမှုများ ပြုလုပ်နေခြင်း။
၃။နေ့စားအလုပ်သမားများအပေါ် ခေါင်းပုံဖြတ်ခြင်း: နေ့စားအလုပ်သမားများအား ခေါ်ယူခိုင်းစေပြီး ၎င်းတို့စိတ်တိုင်းမကျပါက လုပ်ငန်းခွင်ဝင်သည့် (၁) ရက်တည်းဖြင့် အလုပ်မှ ချက်ချင်းထုတ်ပစ်ခြင်းများ ပြုလုပ်နေခြင်း
၄။အလုပ်သမားများ၏ အခြေခံအခွင့်အရေးများ ပိတ်ပင်ခြင်း: အလုပ်သမားများ ဥပဒေအရ ရရှိခံစားသင့်သည့် အခြေခံရပိုင်ခွင့်နှင့် အခွင့်အရေး အတော်များများကို စက်ရုံဘက်မှ ပိတ်ပင်တားဆီးထားခြင်း ဖြစ်ပါသည်။

ယနေ့ ဇွန်လ (၈) ရက်နေ့တွင်လည်း ညဉ့်နက် (၁၁:၃၀) နာရီအထိ စက်ရုံရှိ လိုင်း (Line)၊ ပါကင် (Packing) နှင့် မီးပူတိုက် (Ironing) ဌာနများမှ အလုပ်သမားဦးရေ (၃၀) ခန့်အား အချိန်ပို ဆက်လက်ဆင်းခိုင်းနေကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ U&G (Myanmar) Fashion Co., Ltd (GTIG-1) စက်ရုံ၌ ပိုလန်နိုင်ငံအခြေစိုက် နိုင်ငံတကာအမှတ်တံဆိပ်ဖြစ်သော RESERVED Brand အဝတ်အထည်များကို ချုပ်လုပ်နေခြင်း ဖြစ်သည်။
နိုင်ငံတကာ Brands များအနေဖြင့် မိမိတို့၏ ကုန်ပစ္စည်းထုတ်လုပ်မှုကွင်းဆက် (Supply Chain) တွင် အလုပ်သမားအခွင့်အရေးကို လေးစားလိုက်နာရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ မရှိစေရန် တာဝန်ရှိသော်လည်း၊ လက်ရှိ မြန်မာနိုင်ငံရှိ စက်ရုံတွင် အလုပ်သမားများအား ယခုကဲ့သို့ လူသားမဆန်စွာ ညနက်သန်းခေါင်အထိ ဖိအားပေးခေါင်းပုံဖြတ်နေမှုအပေါ် သက်ဆိုင်ရာ ကုန်အမှတ်တံဆိပ် တာဝန်ရှိသူများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများအနေဖြင့် အမြန်ဆုံး စောင့်ကြည့်စစ်ဆေးပြီး ထိရောက်စွာ အရေးယူ ပေးရန် တောင်းဆိုအပ်ပါသည်။

#အလုပ်သမားအခွင့်အရေး

Photos from Solidarity of Trade Union Myanmar's post 08/06/2026

Photos from Shwe Pyi Thar Township Garment  Union's post 06/06/2026

Lida အထည်ချုပ်စက်ရုံ တောင်းဆိုမှု (၆) ရက်မြောက်နေ့တွင် အလုပ်သမား (၁၈၄) ဦးအထိ ပူးပေါင်းပါဝင်လာ
​ယနေ့ (၆-၆-၂၆) ရက်နေ့ နံနက်ပိုင်းတွင် Lida အထည်ချုပ်စက်ရုံ၌ တောင်းဆိုမှု ပြုလုပ်နေကြသော အလုပ်သမား (၁၇၆) ဦးနှင့်အတူ အခြားအလုပ်သမားများ ထပ်မံပူးပေါင်းလာသဖြင့် စုစုပေါင်း အလုပ်သမား (၁၈၄) ဦးအထိ ရှိလာပြီး တောင်းဆိုမှုများကို အရှိန်မြှင့် ဆောင်ရွက်နေကြောင်း အလုပ်သမားများထံမှ သိရသည်။
​တောင်းဆိုရာတွင် ပါဝင်သည့် အလုပ်သမားခေါင်းဆောင်တစ်ဦးက လက်ရှိအခြေအနေနှင့် ပတ်သက်၍ အောက်ပါအတိုင်း ပြောကြားခဲ့သည်။
​"ဟုတ်ပါတယ်ဗျ။ အခုဆိုရင် စက်ရုံမှာရှိတဲ့ အလုပ်သမား အားလုံးနီးပါး ကျွန်တော်တို့နဲ့အတူတကွ ပူးပေါင်းပြီး ပါဝင်တောင်းဆိုနေကြပါတယ်။ လောလောဆယ်အထိတော့ တစ်စုံတစ်ရာ ပြေလည်မှု မရသေးပါဘူး။ ကျွန်တော်တို့ကို ကူညီဖြေရှင်းပေးဖို့အတွက် ရွှေပြည်သာမြို့နယ် အထည်ချုပ်အလုပ်သမားသမဂ္ဂဆီကိုလည်း အကူအညီ တောင်းခံထားပါတယ်ခင်ဗျာ။"
​ထို့အပြင် စက်ရုံတွင်း၌ စူပါဗိုက်ဆာ (Super) များ၏ ဖိအားပေးစေခိုင်းမှုကြောင့် လုပ်ငန်းခွင်ဝင်နေရသည့် အလုပ်သမားများသည်လည်း ဆက်လက်သည်းမခံနိုင်တော့သဖြင့် လစာထုတ်ယူပြီး အလုပ်မှ ထွက်ခွာသွားကြကြောင်း သိရသည်။
​Building Power Fighting Back!
ရဲဘော်တို့ အောင်မြင်ပါစေ။ ✊🏻✊🏻✊🏻✊🏻
​ #စုပေါင်းအရေးဆိုမှု #စုပေါင်းတောင်းဆိုမှု ောလင်း #ဆဲဆိုခြိမ်းခြောက်မှု

Photos from Shwe Pyi Thar Township Garment  Union's post 05/06/2026

Lida Garment အလုပ်သမားများ၏ တောင်းဆိုမှူ (၅) ရက်မြောက်နေ့

အလုပ်ရှင်အား EC စာချုပ်ပါ အချက်များကို ချိုးဖောက်သဖြင့် အလုပ်သမားများမှ All Super၊စက်ရုံဘက် မှ Producting Manager အားအလုပ်မှ ထုတ်ပေးရန်အလုပ်သမားများတောင်းဆိုနေကြခြင်းဖြစ်သည်။
ပြသနာ ဖြစ်ပေါ်စေသော မူလ အစ မှာ
ပြီးခဲ့တဲ့ စနေနေ့ ၃၀-၅-၂၀၂၆ နေ့ တွင် OT အောလင်း ခေါ်ရာ အလုပ်သမားများမှ မဆင်းနိုင်သဖြင့် (သူမ) မှ အော်ဟစ်ဆဲဆိုခြင်း၊ ခြိမ်းခြောက်ခြင်း၊ လိုင်းတွင် ချထားသော အော်ဒါ များ ကို ပြန်တမ်း ခြင်းများ ပြုလုပ်ခဲ့သဖြင့်အလုပ်သမား များနှင့်အခြေအတင် စကား များရာ မှ စတင်ခဲ့ခြင်းဖြစ်သည်။
၁-၆-၂၆ နေ့တွင် လုပ်ငန်းခွင်အတွင်း စက်လိုင်း
များမှ စတင် ၍ တောင်းဆိုမှူ ပြုရာ ယနေ့တွင် နောက်ထပ် (၁၀) ဦး ထပ်မံ တိုးလာသဖြင့် စုစုပေါင်း တောင်းဆိုသူ ဦးရေ မှာ ၁၈၃ ဦးအထိ ရှိလာခဲ့ပါသည်။
ညှိနှိုင်းမှူ မှာ (၂) ကြိမ် တိတိ ရှိ ခဲ့ပြီး နှစ်ဘက် သဘောတူညီမှူမရခဲ့ပါ။
ယခုလာမည့် တနင်္လာနေ့ ၈-၆-၂၀၂၆ နေ့ နံနက် ၁၀:၀၀ နာရီတွင် သာဓုကန် စက်မှူဇုန် ရုံး တွင် နောက်ဆုံးအကြိမ်အဖြစ် ထပ်မံ ညှိနှိုင်းပါမည်။

ောလင်း
#စုပေါင်းအရေးဆိုမှူ၊စုပေါင်းတောင်းဆိုမှူ

Photos from Solidarity of Trade Union Myanmar's post 04/06/2026

#ရပသအလရ
ောလင်း

Photos from Shwe Pyi Thar Township Garment  Union's post 02/06/2026

ဒုတိယနေ့တောင်းဆိုမှူ
2-6-26
Li Da Myanmar Garment

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

4(b), SuPoundYone Lane
Yangon
11411