Zaw Computer Class

Zaw Computer Class

Share

Computer ပညာဒါနသင်တန်းများ

Photos from Zaw Computer Class's post 13/10/2025

Computer Basic ပညာဒါန
Zoom အတန်းလေးဖြစ်ပါမယ်။
စိတ်ဝင်စားတဲ့လူ ဆက်သွယ်နိုင်ပါတယ်။
တက်မယ့်လူ 10 ယောက်လောက်အနည်းဆုံးရှိရင် စပြီးတော့ သင်ပေးပါမယ်။ 🌧️

Edit.
Add ပေးပါ
Messenger မှာ hi ပေးပါ။
အခြေခံမှစမှာဆိုတော့ ကျွမ်းကျင်အဆင့်များ ကျော်သွားပေးပါ။
သင်တန်းကြေး ၅၀၀၀ကျပ်သာ

Photos from Zaw Computer Class's post 12/10/2025

Computer ထဲမှာစိုက်ထားတဲ့ RAM စစ်နည်း..............................................................

Computer အသုံးပြုနေတဲ့ သူတစ်ယောက်အနေနဲ့ ကိုယ့် Computer ကို RAM Upgrade တိုးချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ်လက်ရှိသုံးနေတဲ့ Computer မှာသုံးထားတဲ့ RAM ကိုစစ်ချင်လို့ပဲဖြစ်ဖြစ် ဘယ်လိုစစ်ဆေးရမယ်ဆိုတာကို အခု Post မှာဖော်ပြပေးသွားမှာဖြစ်ပါတယ်။

၁။ ပထမဆုံး RAM စစ်ဖို့အတွက် Windows Key+R နှိပ်ပြီး Run box ခေါ်ပေးရပါမယ်။

၂။ Run box ထဲမှာ cmd လို့ရိုက်ပြီး Enter နှိပ်လိုက်ရင် Command prompt box ကျလာမှာဖြစ်ပါတယ်။

- Computer ထဲမှာ RAM စိုက်လို့ရတဲ့ DIMM Slot ဘယ်လောက်ပါလဲကြည့်ချင်ရင် Command prompt box ထဲမှာ
wmic memphysical get memorydevices

လို့ရိုက်ပြီး Enter နှိပ်လိုက်ရင် RAM စိုက်လို့ရတဲ့ Slot ဘယ်လောက်ပါလဲဆိုတာတွေ့ရမှာဖြစ်ပါတယ်။

- Computer ထဲက လက်ရှိစိုက်ပြီးအသုံးပြုနေတဲ့ RAM ရဲ့ Speed ကိုစစ်ချင်ရင် Command prompt box ထဲမှာ
wmic memorychip get speed

လို့ရိုက်ပြီး Enter နှိပ်လိုက်ရင် Speed ဘယ်လောက်ရှိလဲဆိုတာကို MHz နဲ့ဖော်ပြမှာဖြစ်ပါတယ်။ (ဥပမာ - 1333, 1600, 2133, 2400)
ကိုယ့် Computer ထဲမှာ လက်ရှိစိုက်ထားတဲ့ RAM ရဲ့ Speed က 2400MHz ဆိုပါတော့။ နောက်ထပ် RAM တစ်ချောင်းထပ်စိုက်မယ်ဆိုရင် 2400MHz ကိုဝယ်ဖို့လိုပါတယ်။ 2400MHz မဟုတ်ပဲ 2133MHz ထပ်စိုက်ရင်တော့ Computer က Speed နည်းတဲ့ 2133MHz နဲ့ပဲအလုပ်လုပ်သွားမှာဖြစ်ပါတယ်။
တစ်ချို့ Computer တွေမှာ CPU ထဲမှာရှိတဲ့ Memory Controller က 2133MHz ပဲအထောက်အပံ့ပေးတယ်ဆိုရင်လည်း ကိုယ်က 2400MHz (၂) ချောင်းစိုက်ထားရင်တောင် 2133MHz နဲ့ပဲအလုပ်လုပ်မှာဖြစ်ပါတယ်။

- Computer ထဲမှာလက်ရှိစိုက်ထားတဲ့ RAM ကဘယ် DIMM Slot မှာစိုက်ထားလည်းကြည့်ချင်ရင် Command prompt box ထဲမှာ
wmic memorychip get devicelocator

လို့ရိုက်ပြီး Enter နှိပ်လိုက်ရင် ကိုယ်စိုက်ထားတဲ့ RAM နေရာက DIMM A မှာလား၊ DIMM B မှာလားသိနိုင်မှာဖြစ်ပါတယ်။

- Computer ထဲမှာစိုက်ထားတဲ့ RAM အကြောင်းအလုံးစုံသိချင်တယ်ဆိုရင်တော့
wmic memorychip get banklabel,devicelocator,caption,capacity,speed

လို့ရိုက်ပြီး Enter နှိပ်လိုက်ရင် RAM ကို ဘယ် DIMM Slot မှာစိုက်ထားလဲ၊ Capacity (bytes) ဘယ်လောက်ရှိလဲ၊ Speed ဘယ်လောက်ရှိလဲဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။

Computer ထဲမှာလက်ရှိစိုက်ထားတဲ့ RAM က DDR4 2400 4GB ဆိုပါစို့။ Computer ကို 8GB RAM ဖြစ်စေချင်ရင် ကိုယ်နောက်ထပ် Upgrade လုပ်မယ့် RAM ကလည်း DDR4 2400 4GB ပဲထပ်စိုက်တာကောင်းပါတယ်။ ထပ်စိုက်မယ့် RAM က Speed တူ၊ Capacity (GB) တူဖြစ်နေတာကပိုအဆင်ပြေပါတယ်။
ဒါပေမဲ့ ကိုယ်ကနောက်တစ်ချိန်မှာ 16GB အထိ RAM Upgrade လုပ်ဖို့ရှိရင်တော့ Computer ထဲမှာ စိုက်ထားတဲ့ RAM 4GB ကိုဖြုတ်ပြီး 8GB တစ်ချောင်းတည်းစိုက်တာကပိုသင့်တော်ပါတယ်။ အဲသည်လို 4GB ကိုဖြုတ်ပြီး 8GB တစ်ချောင်းတည်းစိုက်လိုက်တာက နောက်တစ်ချိန်မှာ Computer ထဲကို 8GB ပြန်တိုးစိုက်လို့ ပိုအဆင်ပြေစေပါတယ်။

အားလုံးအဆင်ပြေကြပါစေ။

Credit - IT Workshop

Photos from Zaw Computer Class's post 11/10/2025

computer basic and advance excel သင်တန်းအားလာရောက်တက်ရောက်နိုင်ပါသည်။
Computer basic course တွင်
1.Microsoft word
2.Microsoft excel and
3.Microspft powerpoint
4.English,myanmar typing
5. Folder တည်​​ဆောက်ခြင်းနှင့်
6.shortcut keysများကို သင်ကြားပေးမှာဖြစ်ပီး

advance excel course တွင်
1.Logical functions
2.Math and statistics
3.Date and time
4.Text
6.Formula errorတို့ကို သင်ကြားပေးမှာဖြစ်ပါသည်


သင်တန်းချိန်ကို တပတ်နှစ်ရက်ဖြင့် မိမိအဆင်ပြေမဲ့အချိန်ညှိနှိုင်းနိုင်ပါသည်

သင်တန်းစမည့်ရက် -

သင်တန်းလိပ်စာ =တိုက်၄ (၀၀၁)၊ဂန္ဓာမာလမ်း၊၉၂ရပ်ကွက်၊ယုဇနအပိုင်း(၂)၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ရန်ကုန်မြို့။
ဆက်သွယ်ရန်-09254411259
🫶အတက်သင်ပေးမှာဖြစ်ပါတယ်။

သင်တန်းကာလ - နှစ်လ(တပတ်ကိုနှစ်ရက်သာ)
သင်တန်းကြေး - ၃၀၀၀၀ကျပ် သာ

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Dagon Seikkan Township
Yangon
11011