M9Asia

M9Asia

Share

3,000 ကျပ်နဲ့ ငွေထုတ် ကန့်သတ်ချက်မရှိ စိတ်ကြိုက် ဆော့ကစားလို့ ရနေပါပြီရှင့်

17/06/2026

Xiaomo 17 Pro Max Zoom Test

13/06/2026

iPhone vs Samsung

10/06/2026

"တန်ဖိုးရှိသော စာ" (အချက် ၃၀)

၁။ ဘဝဆိုတာ တိုက်ပွဲတစ်ခုလိုပါပဲ လဲနေရင် ပြန်ထနိုင်အောင် ကြိုးစားပါ
၂။ လူတိုင်းမှာ ကိုယ်စီကိုယ်စီ ဖြေရှင်းနေကြရတဲ့ ဘဝပုစ္ဆာတွေ ရှိပါတယ် ဘယ်လိုဖြေရှင်းမလဲဆိုတာ အဓိကကျပါတယ်။
၃။ တခါတလေ မဖြစ်ချင်တာတွေ ဖြစ်လာရတဲ့အခါ အကောင်းဆုံးရင်ဆိုင် ကျော်ဖြတ်လိုက်ပါ
၄။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးလုပ်တာ ပိုကောင်းပါတယ်။
၅။ အမှားတစ်ခုလုပ်မိတဲ့အခါ ဝန်ခံတတ်ပါစေ။
၆။ ဘဝသီအိုရီတွက်ချက်ရတဲ့အခါ မှားမှာကို မကြောက်ပါနဲ့ အမှားဆိုတာ အတွေ့အကြုံရဲ့ ဆရာတစ်ဆူလိုပါပဲ။
၇။ ဘယ်အလုပ်ကိုပဲလုပ်ရသည်ဖြစ်စေ တန်ဖိုးထားတက်အောင် ကြိုးစားပါ။
၈။ ပညာရှာတဲ့အရွယ်ပညာရှာ ကြင်ရာရှာတဲ့အရွယ် ကြင်ရာရှာပါ
ပညာရှာတုန်း ကြင်ရာမရှာမိပါစေနဲ့
ချစ်တာတစ်ခုတည်းနဲ့ ဘဝတစ်ခုတည်ဆောက်ဖို့ဆိုတာ မလုံလောက်သေးဘူး။
၉။ အသိပညာအတွက် မရှက်ပါနဲ့ ပညာရှာပမာသူတောင်းစားတဲ့။
၁၀။ သင့်ပတ်ဝန်းကျင်ရှိ လူအချို့က သင်အောင်မြင်တာကို အသိအမှတ်ပြုဖို့ မေ့နေကြပြီး သင်ကျရှုံးတဲ့အချိန် လက်ညိုးထိုးဖို့ စောင့်ကြည့်နေကြလိမ့်မယ်
၁၁။ လူတိုင်းကို မယုံမိပါစေနဲ့။ သင်နဲ့ပတ်သက်သူတိုင်း လက်ထဲမှာ မမြင်နိုင်တဲ့ ဓားတစ်လက်ရှိနေတတ်တယ်
၁၂။ ကိုယ့်အပေါ်အမှားလုပ်မိတဲ့အခါ ခွင့်လွှတ်နိုင်ဖို့ ကြိုးစားလိုက်ပါ။
၁၃။ ငွေကြေးနဲ့ပတ်သက်ရင် လူတိုင်းအပေါ် အယုံမလွယ်ပါနဲ့။
၁၄။ အားနာရင် ခါးပါတတ်တယ်။
မဖြစ်နိုင်ရင် လိမ်မားပါးနပ်စွာ ရဲရဲငြင်းဆိုပါ ။
၁၅။ မဖြစ်နိုင်တာကို မမျှော်လင့်ပါနဲ့
မျှော်လင့်ချက်က တနေ့ ဒုက္ခပေးတတ်တယ်။
၁၆။ ချစ်တော့ ချစ်ပါ။ နှလုံးသားနဲ့ အရင်ခံစားပြီးမှ ဦးနှောက်က ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပါ။
၁၇။ ပေးကမ်းပါ စွန့်ကျဲပါ တစုံတခုပြန်ရဖို့ မမျှော်လင့်ပါနဲ့။
၁၈။ လူတိုင်းကို မချစ်နိုင်ရင်တောင် မမုန်းမိအောင် ကြိုးစားပါ။
၁၉။ စေတနာနဲ့မထိုက်တန်ခဲ့ရင် ဥပေက္ခာနဲ့ ပေးဆပ်လိုက်ပါ စိတ်အေးချမ်းပါတယ်။
၂၀။ မဖြစ်နိုင်ဘူးဆိုတာတွေ လက်ခံပါများလာရင် ဖြစ်နိုင်တာတွေ ကွယ်ပျောက်သွားတတ်တယ်။
၂၁။ အပြောမကောင်းရင်တောင် နားထောင်ကောင်းသူဖြစ်အောင် ကြိုးစားပါ။
၂၂။ နည်းနည်းပြောပြီး များများနားထောင်ပါ။
၂၃။ မပေးကမ်းနိုင်ရင်တောင် တတ်နိုင်သလောက် ကူညီပေးလိုက်ပါ လက်တစ်စုံဟာ ယူဖို့အတွက်ဖြစ်သလို ပေးကမ်းတတ်ဖို့လည်း လိုပါတယ်။
၂၄။ ချွေတာသင့်တာ ချွေတာပြီ စုဆောင်းသင့်တာ စုဆောင်းပါ ။ ရေတစ်စက်တန်ဖိုး ရေငတ်မှသိသလို ငွေတစ်ကျပ်တန်ဖိုး ငွေပြတ်မှ သိလာလိမ့်မယ်။
၂၅။ မသိရင် သိသလိုမနေပါနဲ့ ။ မသိရင်မေးပါ ။ အမေးရှိရင် အဖြေတစ်ခုတော့ ရလာမှာပဲ။
၂၆။ တနေ့ စာဖတ်ချိန်သီးသန့်ထားပါ။ စာဖတ်ခြင်းဖြင့် ဦးနှောက်လေ့ကျင့်ပျိုးထောင်ပါ။
၂၇။ သူဘယ်လိုလူလဲဆိုတာထက် ငါဘယ်လိုလူလဲဆိုတာ သုံးသပ်ပါ။
၂၈။ သူတပါးက လက်ညိုးမထိုးခင် ကိုယ်က လက်မထောင်နိုင်အောင် ကြိုးစားပါ။
၂၉။ အချိန်မီကျေးဇူးတင်စကားပြောဖို့ မမေ့သင့်သလို တောင်းပန်စကားပြောဖို့လည်း ဝန်မလေးမိပါစေနဲ့။
၃၀။ လူအချို့က ဝေဖန်လာရင် လက်ခံနိုင်ဖို့ ကြိုးစားပါ။
အောင်မြင်တဲ့လူတစ်ယောက်က ပတ်ဝန်းကျင်ရဲ့ ဝေဖန်ခြင်းဒဏ် ခံနိုင်ရည်ရှိကြရတယ် ။ ရဲရဲရင်ဆိုင်ဖြတ်ကျော်ပါ။

09/06/2026

အဓိကနဲ့ သာမညကို နေရာ မမှားစေနဲ့
တချို့အမှန်တရားတွေက
မချိုမြိန်ပါဘူး ခါးလွန်းလှပါတယ်။
ခါးပေမယ့်လည်း ဆေးဖက်ဝင်ပါတယ်။
လူတချို့က လောကကြီးကို
ဘယ်လိုကောင်းမွန်အောင် လုပ်သင့်ကြောင်း
ပြောနေကြပေမယ့်
အိမ်ကအမေ အဝတ်လျှော်နေတာကိုတော့
ဝိုင်းကူဖို့ မစဉ်းစားကြဘူး။
လူတချို့က သူတပါးကို အရမ်းကူညီချင်ကြတယ်။
ဒါပေမယ့် အိမ်က အဖေ ထင်းခွဲနေတာကိုတော့
ကူလုပ်ပေးဖို့ကို မစဉ်းစားကြဘူး။
လူတချို့က တိရိစ္ဆာန်လေးတွေကို
အရမ်းချစ်ပြကြပါတယ်
အရမ်းလည်း ဂရုစိုက်ကြပါတယ်။
တိရိစ္ဆာန်လေးတွေကို
သနားကြင်နာတတ်တာ ကောင်းပါတယ်။
ဒါပေမယ့်
အိမ်က မိသားစု မောင်နှမ ကျတော့
ဂရုစိုက်ရကောင်းမှန်း ကြင်နာတတ်ရမှန်း
မသိသလို ဖြစ်နေတာတော့
တကယ်ကို မဖြစ်သင့်ပါဘူး။
အတော်လေးကို လွဲနေတယ်လို့ပဲ ဆိုချင်ပါတယ်။
လူတချို့က ရုပ်ရှင် မင်းသား မင်းသမီးတွေ
ဇာတ်ကားထဲမှာ ငိုယိုပြနေတာကိုတော့
သနားပြီး ခံစားနေကြတယ်။
အိမ်က မိဘတွေရဲ့
ရင်ထဲက ဒဏ်ရာတွေကိုတော့
မြင်အောင် မကြည့်ကြဘူး။
မိဘကို စာနာ နားလည်ပေးရမှန်း မသိကြဘူး။
လူတချို့က အခြားသူစိမ်းအပေါ်မှာ
ရိုကျိုးပြနေပေမယ့်
အိမ်က မိဘကိုကျတော့ ရိုသေရမှန်း မသိပြန်ဘူး။
ဒါတွေက အတော်လေးကို
လွဲမှားတဲ့ လုပ်ရပ်တွေပဲလို့ ဆိုချင်ပါတယ်။
အဓိကနဲ့ သာမညကို မခွဲခြားနိုင်တဲ့သူဟာ
စဉ်းစားဆင်ခြင်ဉာဏ် နည်းသူပါပဲ။
ပထမရဲ့ တန်ဖိုးကို မသိပဲ
ဒုတိယ တန်ဖိုးကို မက်မောနေသမျှ
ဒုတိယကိုပဲ တန်ဖိုးထားနေသမျှ
ပထမနဲ့ အဝေးကြီး ဝေးနေကြဦးမှာပဲ။
ပထမတန်ဖိုးနဲ့ လွဲနေရဦးမှာပဲ။
အဓိကဆိုတာ ရှိလျှက်နဲ့ သာမညကိုပဲ
ဦးစားပေးနေရင်တော့
တချိန်မှာ နောင်တတရားပဲ ပိုင်ဆိုင်ရပါလိမ့်မယ်။
ဒါကြောင့် ဘဝမှာ ဘယ်အရာက အဓိက
ဘယ်အရာက သာမညလဲဆိုတာ
ကွဲကွဲပြားပြား သိဖို့ လိုပါလိမ့်မယ်။
ဒါမှသာ ဘယ်အရာကို ဦးစားပေးလုပ်သင့်မှန်း
နားလည်နိုင်မှာပါ......။
with respect - crd

08/06/2026

အထင်လွဲခံရပြီး
ဘာမှ ပြန်မပြောခြင်းဟာ
သဘောထား ကြီးမှု တစ်မျိုးပါ
အဖြစ်အပျက် အမှန်ဆိုတာ
အချိန်က စကားပြောသွားပါလိမ့်မယ်
စိတ်ထိခိုက်သွားပြီး
ဘာမှ ပြန်မပြောခြင်းဟာ
စိတ်ရင်းကောင်းမှုတမျိုးပါ
မေတ္တာ ရဲ့ အအေး အနွေး ဟာ
အချိန်ကသာ သက်သေပြ သွားပါလိမ့်မယ်
အစော်ကား ခံလိုက်ရပြီး
ဘာမှ ပြန်မပြောခြင်းဟာ ခွင့်လွှတ်ခြင်း တမျိုးပါ
အကျင့် ကောင်းတယ် မကောင်းဘူး ဆိုတာ
အချိန်က ရှင်းလင်း ပေးသွားပါလိမ့်မယ်
ဘာကိစ္စ အတွက်ပဲ ဖြစ်ဖြစ်
စိတ်လောပြီး မငြင်းဆိုပါနှင့်
ဘာအကြောင်းအရာကိုမှ
စိတ်လောပြီး မရှင်းပြပါနှင့်
နားလည်ပြီးသား သူအတွက်
ရှင်းပြဖို့ မလိုအပ် သလို......
နားမလည်ချင်တဲ့ သူအတွက်
ရှင်းပြလည်း အပို ဖြစ်နေတတ်တယ်
စကားပြောတတ်ဖို့
နှစ်,နှစ် ပဲ သင်လိုက်ရပေမဲ့
ပါးစပ် ပိတ်တတ်ဖို့
သင့်တစ်တသက်တာ ကြိုးစား ကြည့်လိုက်ပါဦး
ဝမ်းနဲစရာ ကောင်းတာက
အခုထက်ထိ ပါးစပ်က
လွှတ်ခနဲ ဖြစ်လို့ကောင်းတုန်း ဘဝ
အမြင့်ဆိုတာ...
ပညာ ဘယ်လောက်တတ်တယ်
ဗဟုသုတ
ဘယ်လောက် ရှိတယ်ဆိုတာနဲ့ မသက်ဆိုင်ပါ
ဒေါင်ကျကျ ပြားကျကျ
အပြုံး မပျက်တဲ့
မဟာ သဘောထား မျိုးကို
ဆိုလိုပါတယ်
စိတ်သဘောထား ကြီးတယ်ဆိုလဲ
သင် လူဘယ်လောက်များများ သိတယ်
ဘယ်လောက်များများ ခင်မင် တာနဲ့လဲ
မသက်ဆိုင်ပါ....
သင်လူ ဘယ်လောက်များများ ကို
လက်ခံခွင့်လွှတ်နိုင်တာနဲ့ ပိုမိုသက်ဆိုင်ပါတယ်
လောက နိယာမအရ...
အနစ်နာခံတဲ့လူဟာ
နောက်ဆုံးမှာ တကယ်မနစ်နာသလို
ငြင်းခုံမှုမှာ အရှုံးပေးတဲ့ သူဟာလဲ
နောက်ဆုံး တကယ် မရှုံးပါဘူး
ကိုယ့်ကိုကိုယ် ဆုံးမဖို့ ရေးလိုက်ပါတယ်။

07/06/2026

✅“အလုပ်တစ်ခုထဲပဲ မလုပ်နဲ့…✅
တစ်နေ့ကို မိနစ် ၂၀ လောက်တော့
ဖုန်းချထားပြီး…
ဆူညံသံတွေထဲကနေ ခဏထွက်ပြီး…
ငြိမ်ငြိမ်လေး ထိုင်ကာ
ကိုယ့်ဘဝကို ပြန်တွေးကြည့်ပါ။
‘ငါ ဒီနေ့ ဘာအတွက် အလုပ်လုပ်နေတာလဲ…’
‘ငါ ဘယ်ဘဝကို သွားချင်တာလဲ…’
‘ဒီလိုပဲ ဆက်သွားရင်
ငါလိုချင်တဲ့ နေရာကို ရောက်မှာလား…’
လူအများစုက
မနက်ကနေ ညအထိ အလုပ်လုပ်နေကြတယ်…
ဒါပေမယ့်
အလုပ်လုပ်နေရင်းနဲ့ပဲ
ဘဝရဲ့ ရည်ရွယ်ချက်ကို မေ့သွားကြတယ်။
ပိုက်ဆံရှာတာက အရေးကြီးတယ်…
ဒါပေမယ့်
ပိုက်ဆံရှာရင်း ကိုယ့်စိတ်ပျောက်သွားတာက
ပိုကြောက်ဖို့ကောင်းတယ်။
တစ်ခါတစ်လေ…
ခဏရပ်ပြီး တွေးကြည့်မှ
ကိုယ်လျှောက်နေတဲ့လမ်း မှန်မမှန် သိလာတယ်။
ခဏငြိမ်ပြီး စဉ်းစားကြည့်မှ
ဘဝကို ဘယ်လိုပြောင်းရမလဲဆိုတာ မြင်လာတယ်။
အလုပ်ကြိုးစားတဲ့သူတွေ များတယ်…
ဒါပေမယ့်
ကိုယ့်ဘဝကို ပြန်သုံးသပ်တတ်တဲ့သူက
နောက်ဆုံးမှာ ပိုဝေးဝေး ရောက်သွားတယ်။
ဒါကြောင့်…
တစ်နေ့ကို မိနစ် ၂၀ လောက်တော့
ကိုယ့်အတွက် ကိုယ် အချိန်ပေးပါ။
ဘာဖြစ်လို့လဲဆိုတော့…
ဘဝကို ပြောင်းလဲပေးနိုင်တာက
အလုပ်လုပ်တဲ့ လက်တွေထက်
တွေးတတ်တဲ့ စိတ်က ပိုအရေးကြီးလို့ပါ။✨

05/06/2026

ပစ္စုပ္ပန်ပျော်ရွှင်မှုတွေကို မဆုံးရှုံးပါစေနဲ့
လူအများစုဟာ
တစ်နေရာရာကို သွားနေရင်းလည်း
စိတ်က တခြား ရောက်နေတတ်ကြတယ်။
လှပတဲ့ ရှုခင်းတွေကို ဖြတ်သန်းနေရပေမဲ့
မျက်စိက ဖုန်းစခရင်ပေါ်မှာပဲ ရှိနေတာ၊
သူငယ်ချင်းတွေနဲ့ ဆုံပြီး စားသောက်နေရင်းတောင်
အတွေးက မနက်ဖြန်အတွက်
အလုပ်ကိစ္စတွေထဲ နစ်မျောနေတာမျိုးက
အမြဲလိုလို ဖြစ်ပျက်နေတတ်တယ်။
ကိုယ်တိုင်ကတော့ အရာရာကို
မြန်မြန်ဆန်ဆန်နဲ့ အချိန်မီအောင်
လိုက်လုပ်နေတယ်လို့ ထင်ရပေမဲ့
တကယ့်လက်တွေ့မှာတော့
လက်ရှိ ခံစားရမယ့် ပျော်ရွှင်မှုနဲ့ အေးချမ်းမှုတွေကို
တစ်ခုမှ အဖတ်မတင်ဘဲ
ကျော်ပစ်လိုက်သလို ဖြစ်နေရတယ်။
အရသာရှိတဲ့ အစားအစာတစ်ခုကို စားတဲ့အခါ
အာရုံစိုက်ပြီး အရသာခံစားတာ၊
လမ်းလျှောက်တဲ့အခါ
ဘေးပတ်ဝန်းကျင်က လေထုနဲ့
သဘာဝအလှတရားကို သတိပြုမိတာမျိုးဟာ
ရိုးရှင်းပေမဲ့ ဘဝကို
တကယ် အဓိပ္ပာယ်ရှိစေတဲ့ အရာတွေ ဖြစ်တယ်။
လက်ရှိအခိုက်အတန့်ကို လျစ်လျူရှုပြီး
အတိတ်က အကြောင်းအရာတွေကို ပူပန်နေတာ
ဒါမှမဟုတ် မရောက်သေးတဲ့ အနာဂတ်အတွက်
အလွန်အမင်း စိတ်သောက ရောက်နေတာတွေဟာ
ကိုယ်တိုင် ဖန်တီးထားတဲ့
အချိန်ဖြုန်းတီးမှုတွေပဲ ဖြစ်တယ်။
ရုပ်ခန္ဓာက ရှိနေပေမဲ့
စိတ်က ပစ္စုပ္ပန်မှာ မရှိတဲ့အတွက်
ဘဝရဲ့ အဖိုးတန်တဲ့ အခိုက်အတန့်တွေကို
အလဟဿ ဆုံးရှုံးလိုက်ရတာဟာ
အင်မတန် နှမြောဖို့ကောင်းလှပါတယ်။

04/06/2026

တန်ဖိုးရှိတဲ့ မိန်းမ
==
အရည်အချင်း ကွာတယ်။
အတွေ့အကြုံ ကွာတယ်။
မိန်းမချင်း တူတယ်။
ဝတ်စားဆင်ယင်မှု ကွာတယ်။
အပြောအဆို ကွာတယ်။
အနေအထိုင် အပြုအမူ ကွာတယ်။
ဒီတော့... အနေအထားတွေ ကွာတယ်။
အဲဒီ အနေအထားတွေ ကွာတော့…
စိတ်ဓာတ်တွေလည်း ကွာတယ်။
စိတ်ဓာတ်တွေ ကွာတော့..
အဆင့်အတန်းတွေ ကွာတယ်။
အဆင့်အတန်းတွေ ကွာတော့…
တန်ဖိုးတွေလည်း
ကွာခြားသွားတော့တာပေါ့။
အဆင့်အတန်းဆိုတာ...
ငွေကြေးချမ်းသာ ကြွယ်ဝမှုနဲ့ မဆိုင်ဘူး။
အနေအထားဆိုတာ...
စည်းစိမ်ပိုင်ဆိုင်မှုနဲ့ မဆိုင်ဘူး။
စိတ်ဓာတ်တွေနဲ့ပဲ ဆိုင်တယ်။
လုပ်ရပ်တိုင်းဟာ... စိတ်ကြောင့်ဖြစ်တယ်
ငွေကြောင့် မဟုတ်ဘူး။
စိတ်ကောင်းရင် လူကောင်းမယ်။
စိတ်သေရင် လူသေမယ်။
စိတ်ပုပ်ရင် လူပုပ်မယ်၊
မိမိစိတ်ကြောင့်...
ကိုယ် ဘယ်လိုလူဆိုတာဖြစ်လာတယ်။
ဒါကြောင့်...
အဆင့်အတန်းတွေ
တန်ဖိုးတွေ ကွာခြားတယ်ဆိုတာ...
စိတ်ဓာတ်တွေ ကွာခြားလို့ပဲ ဖြစ်ပါတယ်။
မြန်မာပြည်မှာ အမျိုးသမီးဦးရေဟာ
အမျိုးသားဦးရေထက်
( ၂ )သန်းကျော် ပိုများပါတယ်။
မိန်းမတွေ ပေါတယ်။
သို့သော်…
တန်ဖိုးရှိတဲ့ မိန်းမကောင်းတွေတော့
ရှားလာတယ်။
အများနည်းတူ ပြုမူရင်တော့ အများနည်းတူ စာရင်းထဲမှာပဲ ရှိလိမ့်မယ်။
တန်ဖိုးရှိသူ ဖြစ်ချင်ရင်တော့...
တန်ဖိုးရှိအောင် ကြိုးစားနေထိုင်သင့်တယ်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Website

Address

Insein
Yangon
11011