Essential Knowledge

Essential Knowledge

Share

𝐖𝐞 𝐜𝐨𝐧𝐧𝐞𝐜𝐭𝐢𝐧𝐠 𝐲𝐨𝐮 𝐰𝐢𝐭𝐡 𝐦𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠.
𝐖𝐞 𝐰𝐫𝐢𝐭𝐞, 𝐰𝐞 𝐝𝐞𝐬𝐢𝐠𝐧, 𝐰𝐞 𝐦𝐚𝐤𝐞 𝐲𝐨𝐮 𝐬𝐭𝐚𝐧𝐝 𝐨𝐮𝐭.

28/02/2026

🌏နယ်နိမိတ်မရှိတဲ့ အလုပ်အကိုင်အခွင့်အလမ်း "Freelancing"

အခုခေတ်မှာ "အလုပ်လုပ်တယ်" ဆိုတာ ရုံးခန်းထဲမှာ ၉ နာရီကနေ ၅ နာရီအထိ ထိုင်နေရတာမျိုး မဟုတ်တော့ပါဘူး။ Digital ခေတ်ကြီးက ကျွန်တော်တို့ကို Freelance Economy ဆိုတဲ့ ကမ္ဘာသစ်တစ်ခုဆီ ခေါ်ဆောင်သွားပါပြီ။

Freelance လုပ်တာဟာ အပိုဝင်ငွေရှာတာထက် ပိုပါတယ်။ ဒါဟာ ကိုယ့်ရဲ့ Skill ကို ကမ္ဘာ့ဈေးကွက်ထဲအထိ ချပြနိုင်တဲ့ လမ်းကြောင်းတစ်ခုပါ။

✨ Freelance လောကရဲ့ ဆွဲဆောင်မှုရှိတဲ့ အခွင့်အလမ်းများ

Global Market Access: အိမ်မှာထိုင်နေရင်းနဲ့တင် US, UK, Singapore စတဲ့ နိုင်ငံတကာက Client တွေနဲ့ ချိတ်ဆက် အလုပ်လုပ်နိုင်ပါတယ်။

Skill-Based Income: ကိုယ်က Design ဆွဲတာပဲဖြစ်ဖြစ်၊ စာရေးတာပဲဖြစ်ဖြစ်၊ Code ရေးတာပဲဖြစ်ဖြစ်... ကိုယ်ကျွမ်းကျင်တဲ့ Skill အပေါ်မှာပဲ မူတည်ပြီး ဝင်ငွေကို ကိုယ်တိုင် သတ်မှတ်နိုင်ပါတယ်။

Time & Place Flexibility: မိသားစုကို အချိန်ပေးချင်လို့လား? ခရီးသွားရင်း အလုပ်လုပ်ချင်တာလား? Freelance က မိတ်ဆွေကို လွတ်လပ်မှုအပြည့် ပေးနိုင်ပါတယ်။

Continuous Learning: Project အသစ်တိုင်းက အတွေ့အကြုံအသစ်တွေမို့ ကိုယ့်ရဲ့ အရည်အချင်းက အမြဲတမ်း Update ဖြစ်နေမှာပါ။

💡 Freelance အောင်မြင်ဖို့ ဘာတွေလိုအပ်မလဲ?

🔸Freelance လုပ်ပြီဆိုရင် Skill တစ်ခုတည်းရှိရုံနဲ့ မလုံလောက်ပါဘူး။
🔸Personal Branding: ကိုယ်ဘာလုပ်နိုင်လဲဆိုတာ လူတွေသိအောင် ချပြရမယ်။
🔸Communication: Client နဲ့ နားလည်မှုလွဲတာမျိုးမရှိအောင် ပြောဆိုဆက်ဆံတတ်ရမယ်။
🔸Self-Discipline: ဘယ်သူမှ လာမခိုင်းပေမဲ့ သတ်မှတ်ထားတဲ့ Deadline ကို အချိန်မီ အပ်နိုင်ရမယ်။

"သင့်ရဲ့ Skill က ကမ္ဘာကြီးအတွက် ဘယ်လောက်အသုံးဝင်လဲဆိုတာ စမ်းသပ်ကြည့်ဖို့ Freelance ထက် ကောင်းတဲ့လမ်း မရှိတော့ပါဘူး။"

ဒါကြောင့် ကိုယ့်ရဲ့ကျွမ်းကျင်တဲ့ (သို့) ဝါသနာပါတဲ့ အရာကို ရှာဖွေပါ။ Professional ဖြစ်သည်အထိ လေ့လာပါ။ ပြီးရင် ရူးလောက်အောင် ပိုက်ဆံတွေ ရှာလိုက်ပါ။

🔥 မိတ်ဆွေကရော ဘယ်လို Freelance Skill မျိုးကို စိတ်အဝင်စားဆုံးလဲ?

အခုလက်ရှိ မြန်မာနိုင်ငံမှာ Demand အများဆုံးဖြစ်နေတဲ့ Skill တွေထဲက ဘယ်ဟာကို လေ့လာချင်လဲဆိုတာ Comment မှာ ရွေးပေးခဲ့ပါဦး!
(A) Graphic Design & Branding
(B) Content Writing & Copywriting
(C) Digital Marketing & Ads
(D) Web & App Development

ဒီ Content လေးက Freelance
လောကထဲ ခြေလှမ်းစချင်သူတွေအတွက် အကျိုးရှိမယ်ဆိုရင် Share ပေးဖို့ မမေ့နဲ့ဦးနော်! 🚀

Like 👍 and Follow ♥️ for more Knowledge

♦️ 𝐖𝐞 𝐚𝐫𝐞 𝐜𝐨𝐧𝐧𝐞𝐜𝐭𝐢𝐧𝐠 𝐲𝐨𝐮 𝐰𝐢𝐭𝐡 𝐦𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠
♦️ 𝐖𝐞 𝐰𝐫𝐢𝐭𝐞, 𝐰𝐞 𝐝𝐞𝐬𝐢𝐠𝐧, 𝐰𝐞 𝐦𝐚𝐤𝐞 𝐲𝐨𝐮 𝐬𝐭𝐚𝐧𝐝 𝐨𝐮𝐭 *------------------*-----------------*-------------------*

09-687086013
09-978382246
09-792602752

[email protected]

24/02/2026

အအန်ပျောက်ဆေး ဘယ်အချိန်သောက်မလဲ?

မင်္ဂလာပါ Essential Knowledge Team ရဲ့ ကျန်းမာရေး ကဏ္ဍလေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျ။

ကိုယ်က ကားမူးတတ်လို့ အန်ချင်တာပဲဖြစ်ဖြစ်၊ လှေလှိုင်းမူးလို့ ဒါမှမဟုတ် အကြောင်းရင်း တခုခုကြောင့်အန်ချင်လာတာပဲဖြစ်ဖြစ် လိုအပ်လာတဲ့အခါ အအန်ပျောက်ဆေးကို ဘယ်လိုသောက်သင့်လဲ?

Domperidone,Metoclopramide လိုမျိုး အအန်ပျောက်ဆေးကိုသောက်တဲ့အခါ ဆေးအာနိသင် အကောင်းဆုံးရဖို့ အစာမစားခင် ၁၅-၃၀ မိနစ် အလိုမှာ ကြိုပြီး သောက်သင့်ပါတယ်။

အဲ့လို သောက်ခြင်းအားဖြင့် အစာအိမ်လှုပ်ရှားမှုနှေးလို့ဖြစ်တဲ့ ပျို့တက်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း တို့ကို သက်သာစေနိုင်ပါတယ်။

သို့ပေမဲ့ အအန်ပျောက်ဆေးသောက်တဲ့အခါ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ညွှန်ကြားတဲ့အတိုင်းပဲ သောက်သုံးသင့်ပါတယ်။

ဒါ့အပြင် အအန်ပျောက်ဆေးက ရေရှည် ဆက်တိုက် သောက်သုံးဖို့လဲ မသင့်တော်ပါဘူး။

အခုလိုမျိုး ကျန်းမာရေးနဲ့ ပက်သက်ပြီး ဗဟုသုတရစရာတွေကို လက်မလွတ်ရဖို့ Page လေးကို Like & Follow လုပ်သွားပါဦးနော်။

သိချင်တာရှိရင်လည်း အောက်က comment မှာဝင်ရောင်မေးမြန်းသွားလို့ရပါတယ်။

♦️ 𝐖𝐞 𝐚𝐫𝐞 𝐜𝐨𝐧𝐧𝐞𝐜𝐭𝐢𝐧𝐠 𝐲𝐨𝐮 𝐰𝐢𝐭𝐡 𝐦𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠
♦️ 𝐖𝐞 𝐰𝐫𝐢𝐭𝐞, 𝐰𝐞 𝐝𝐞𝐬𝐢𝐠𝐧, 𝐰𝐞 𝐦𝐚𝐤𝐞 𝐲𝐨𝐮 𝐬𝐭𝐚𝐧𝐝 𝐨𝐮𝐭 *------------------*-----------------*-------------------*
09-687086013
09-978382246
09-792602752

[email protected]

20/02/2026

✨🤝 တစ်ယောက်တည်း မရုန်းကန်ပါနဲ့... အောင်မြင်မှုအတွက် "လက်တွဲဖော်" ရှာပါ

(Essential Knowledge by Olivia & Jue ကနေ ဒီနေ့အတွက် အဖိုးတန်တဲ့ အကြံပြုချက်လေး လာပို့ပြီနော်! အဝေးကြီးကို သွားချင်ရင်တော့ အဖော်နဲ့သွားမှ စိတ်ချရမှာပါ!) 🏃‍♂️🏃‍♀️

ဘဝမှာ အောင်မြင်ချင်တဲ့အခါ အရာအားလုံးကို တစ်ယောက်တည်း ထမ်းပိုးထားဖို့ မလိုပါဘူး။ လူတစ်ယောက်ရဲ့ စွမ်းဆောင်ရည်မှာ အကန့်အသတ် ရှိပါတယ်။ ကိုယ့်ရဲ့ အားနည်းချက်ကို ဖြည့်ဆည်းပေးနိုင်မယ့်၊ စိတ်တူကိုယ်တူ ရှိမယ့်သူတွေနဲ့ လက်တွဲတာက ပန်းတိုင်ကို ပိုမြန်မြန် ရောက်စေပါတယ်။ တစ်ယောက်တည်းသွားရင် မြန်ချင်မြန်နိုင်ပေမဲ့၊ အတူတူသွားမှသာ "ဝေးဝေး" ရောက်မှာပါ။ 🗺️

💡 အောင်မြင်ဖော်ရှိခြင်းရဲ့ အားသာချက် (၃) ခု

၁။ "အားနည်းချက်" တွေကို "အင်အား" အဖြစ် ပြောင်းလဲနိုင်တယ် 💎

လူတိုင်းမှာ အားသာချက်ကိုယ်စီ ရှိကြပါတယ်။ ကိုယ်မကျွမ်းကျင်တဲ့ အပိုင်းကို ကျွမ်းကျင်တဲ့သူနဲ့ လက်တွဲလိုက်တဲ့အခါ အလုပ်က ပိုပြီး ပြီးပြည့်စုံသွားပါတယ်။ အချင်းချင်း အပြန်အလှန် ဖြည့်ဆည်းပေးခြင်းက အောင်မြင်မှုအတွက် အတိုဆုံးလမ်းကြောင်းပါပဲ။ 🛡️

၂။ လမ်းခုလတ်မှာ "အားပေးဖော်" ရတယ် 🔋

ဘဝခရီးမှာ စိတ်ဓာတ်ကျတဲ့အချိန်၊ ပင်ပန်းတဲ့အချိန်တွေ ရှိလာမှာပါ။ အဲဒီအခါမှာ ဘေးကနေ တွန်းတင်ပေးမယ့်၊ အကြံဉာဏ်ပေးမယ့် အဖော်ရှိတာက လက်လျှော့မသွားအောင် ကူညီပေးပါတယ်။ တစ်ယောက်တည်းဆိုရင် လဲကျသွားနိုင်ပေမဲ့ အဖော်ရှိရင်တော့ ပြန်ထဖို့ အားရှိတာပေါ့။ ✅

၃။ "အမြင်သစ်" တွေနဲ့ ပိုပြီးတိုးတက်လာစေတယ် ✨

တစ်ယောက်တည်း စဉ်းစားရင် ကိုယ့်အမြင်တစ်ခုတည်းမှာပဲ ပိတ်မိနေတတ်ပါတယ်။ အောင်မြင်ဖော်နဲ့ တိုင်ပင်တဲ့အခါ ကိုယ်မမြင်မိတဲ့ အခွင့်အရေးတွေ၊ အမှားတွေကို ထောက်ပြပေးနိုင်လို့ ပိုပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်လာပါလိမ့်မယ်။ အမြင်ချင်းဖလှယ်ခြင်းက အတွေးအခေါ်ကို ပိုကျယ်ပြန့်စေပါတယ်။ 🏆

"အသင်းအဖွဲ့ကောင်းတစ်ခုဟာ တစ်ဦးချင်းစီရဲ့ အရည်အချင်းထက် ပိုမိုကြီးမားတဲ့ ရလဒ်တွေကို ဖန်တီးပေးနိုင်ပါတယ်။" 👥

ဒီနေ့ကစပြီး အရာရာကို တစ်ယောက်တည်း မလုပ်ပါနဲ့တော့။ စိတ်တူကိုယ်တူရှိတဲ့ အောင်မြင်ဖော်တွေကို ရှာဖွေပြီး အတူတူ ရှေ့ဆက်လိုက်ပါ! 🚀🔥

Essential Knowledge by Olivia & Jue page ကနေ နေ့စဉ်လိုအပ်တဲ့ ခွန်အားဖြစ်စာတွေ ဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ Like and Follow လေးလုပ်ပြီး မိတ်ဆွေတွေကိုလည်း မျှဝေပေးဖို့ မမေ့နဲ့ဦးနော်။

♦️𝐖𝐞 𝐚𝐫𝐞 𝐜𝐨𝐧𝐧𝐞𝐜𝐭𝐢𝐧𝐠 𝐲𝐨𝐮 𝐰𝐢𝐭𝐡 𝐦𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠
♦️ 𝐖𝐞 𝐰𝐫𝐢𝐭𝐞, 𝐰𝐞 𝐝𝐞𝐬𝐢𝐠𝐧, 𝐰𝐞 𝐦𝐚𝐤𝐞 𝐲𝐨𝐮 𝐬𝐭𝐚𝐧𝐝 𝐨𝐮𝐭

ဆက်သွယ်ရန်
09-687086013
09-978382246
09-792602752

[email protected]

20/02/2026

"ဖုန်းတစ်လုံးနဲ့တင် ရုန်းကန်နေရတုန်းလား? သင့် Online Shop ကို Professional ဆန်ဆန် ငွေဝင်ကြမ်းစေမယ့် Digital လက်နက်များ"

🛍️ Online Shop ထောင်ထားပေမယ့်...
မနက်လင်းတာနဲ့ Order စာရင်းတွေ လိုက်မှတ်ရတာ ရှုပ်နေလား?

Chatbox မှာ Reply ပြန်ရတာနဲ့တင် တခြားအလုပ် ဘာမှမလုပ်နိုင်တော့ဘူးလား?

ဒါမှမဟုတ် ပစ္စည်းလက်ကျန် (Stock) စာရင်းတွေ ခဏခဏ မှားနေလို့ စိတ်ညစ်နေရပြီလား?

ဒီလိုမျိုး ပင်ပန်းနေရမယ့် ခေတ် မဟုတ်တော့ဘူးနော်။ သင့်လုပ်ငန်းကို System ကျကျနဲ့ အမြတ်တိုးစေမယ့် Digital Solutions (၄) ခု ကို အမြန်ဆုံး အသုံးချလိုက်ပါ။

✅ Auto-Reply နဲ့ Chatbot (၂၄ နာရီ အရောင်းဝန်ထမ်း)

ဝယ်သူက ဈေးမေးတဲ့အခါ ချက်ချင်းပြန်မဖြေနိုင်ရင် နောက်ဆိုင်ကို ရောက်သွားမှာပဲ။ Chatbot တွေသုံးပြီး Size chart တွေ၊ ဈေးနှုန်းတွေနဲ့ လိပ်စာတောင်းတာတွေကို Auto ပေးထားပါ။

✅ Inventory Management Software (ပစ္စည်းလက်ကျန် မမှားစေရန်)

"ပစ္စည်းရှိတယ်ပြောပြီးမှ မရှိတော့ဘူး" ဆိုတာမျိုးက Brand Image ကို ထိခိုက်စေပါတယ်။ Stock Management Tool တစ်ခုခု သုံးထားရင် ပစ္စည်းဘယ်နှစ်ခုကျန်လဲ၊ ဘယ်ပစ္စည်းက ရောင်းအားအကောင်းဆုံးလဲဆိုတာ စက္ကန့်ပိုင်းအတွင်း သိနိုင်ပါတယ်။

✅ Content Planning Tools (အမြဲတမ်း Active ဖြစ်နေဖို့)

Content တင်ဖို့ အချိန်မရဘူးဆိုတာ အကြောင်းပြချက် မဟုတ်တော့ပါဘူး။ Meta Business Suite လိုမျိုးနဲ့ တစ်ပတ်စာ Post တွေကို ကြိုတင် Schedule လုပ်ထားပါ။ အလုပ်ရှုပ်နေချိန်မှာတောင် သင့် page လေးက ပုံမှန် Post တက်ပြီး Active ဖြစ်နေပါလိမ့်မယ်။

✅ Professional Digital Payment (ဝယ်သူ စိတ်ချစေဖို့)

KPay လိုမျိုး Wallet တွေအပြင် တခြား Payment တွေကို စနစ်တကျ လက်ခံခြင်းက ဝယ်သူကို ပိုပြီး Trust ဖြစ်စေပါတယ်။ ငွေဝင်တာနဲ့ ဖုန်းထဲကို Notification တန်းရောက်မယ့်စနစ်မျိုး (Merchant Account) သုံးခြင်းက စာရင်းစစ်ရတာ ပိုလွယ်ကူစေပါတယ်။

"အောင်မြင်တဲ့ Online Shop ဆိုတာ ပိုင်ရှင်က ပင်ပင်ပန်းပန်းနဲ့ အလုပ်တွေ အားလုံးကို လုပ်နေရတာမျိုး မဟုတ်ဘဲ၊ စနစ်တစ်ခုကို အကောင်းဆုံး လည်ပတ်နိုင်တာမျိုးကို ဆိုလိုတာပါ။"

ဒီအချက်တွေထဲကမှ သင့်ရဲ့ Online Shop မှာ ဘယ် Digital နည်းလမ်းကို လက်တွေ့အသုံးပြုနေပြီလဲ?

ဒီ Content ကို ဖတ်ပြီး သင့်လုပ်ငန်းကို Level မြှင့်ဖို့ အကြံသစ်တွေ ရသွားမယ်လို့ မျှော်လင့်ပါတယ်! ဘယ်အချက်က သင့်အတွက် အသုံးအဝင်ဆုံးဖြစ်မလဲဆိုတာ Comment မှာ ပြောပြခဲ့ဦးနော်။ 👇

Waiting for your thoughts! 👀

Like 👍 and Follow ♥️ for more Knowledge

♦️ 𝐖𝐞 𝐚𝐫𝐞 𝐜𝐨𝐧𝐧𝐞𝐜𝐭𝐢𝐧𝐠 𝐲𝐨𝐮 𝐰𝐢𝐭𝐡 𝐦𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠
♦️ 𝐖𝐞 𝐰𝐫𝐢𝐭𝐞, 𝐰𝐞 𝐝𝐞𝐬𝐢𝐠𝐧, 𝐰𝐞 𝐦𝐚𝐤𝐞 𝐲𝐨𝐮 𝐬𝐭𝐚𝐧𝐝 𝐨𝐮𝐭 *------------------*-----------------*-------------------*
09-687086013
09-978382246
09-792602752

[email protected]

19/02/2026

၂၀၂၆ ရဲ့ Flex က 'စိတ်အေးချမ်းမှု' ပဲ မဟုတ်လား? ☁️✨

​"Work Hard" ဆိုတာထက် "Work Smart & Live Better" ဖြစ်ဖို့ ကြိုးစားနေတဲ့ ၂၀၂၆ ရဲ့ လူငယ်တို့ရေ.. 🥂

​တစ်နေကုန် အလုပ်တွေ၊ လူမှုရေးတွေကြားမှာ "Battery Low" ဖြစ်ပြီး စိတ်ပင်ပန်းနေပြီလား? 🪫

ဒါဆိုရင်တော့ ခဏလောက် အနားယူရင်း ဒီစာလေးကို အတူတူ ဖတ်ကြည့်လိုက်ရအောင်။ ကိုယ့်ရဲ့ စိတ်ပင်ပန်းမှုတွေကို သက်သာစေမယ့် အမြင်သစ်လေးတွေ ပါနိုင်တယ်နော်... 👀👇
​
၁။ အလုပ်တွေနဲ့ပဲ တစ်နေ့တာကို ကုန်ဆုံးနေတုန်းလား? 💼

အရင်တုန်းကတော့ တစ်နေကုန် အလုပ်ရှုပ်နေတာ၊ ညမအိပ်ဘဲ ကြိုးစားနေတာတွေကို ကြည့်ပြီး အားကျခဲ့ကြတယ်လေ။ ဒါပေမဲ့ အခု ၂၀၂၆ မှာတော့ ဒါတွေက ခေတ်မစားတော့ဘူးနော်။ အခုခေတ်မှာ တကယ့်ကို Professional ကျတယ်ဆိုတာ အလုပ်တွေကြားထဲမှာ ကိုယ့်ရဲ့ စိတ်အေးချမ်းမှုကို ဘယ်လောက် ထိန်းနိုင်လဲဆိုတာပါပဲ။

သူများတွေ ဘယ်လောက် မြန်မြန်ပြေးနေလဲဆိုတာထက် ကိုယ်ကရော ကိုယ့်စိတ်လေးကို ဘယ်လောက် Care လုပ်ဖြစ်လဲဆိုတာကမှ တကယ့် Flex ပဲနော်။ 🧘‍♂️💫

​၂။ ကိုယ့်ကိုယ်ကိုယ် ပြန်ဂရုစိုက်တာက "Luxury" တစ်ခုပဲပေါ့ 🌿

အလုပ်ပြီးလို့ အိမ်ပြန်ရောက်ရင် ဖုန်းကို ခဏလောက် ဘေးချထားလိုက်ပါဦး။ Notification တွေကြားမှာ မျက်စိလည်မယ့်အစား ကိုယ်နှစ်သက်တဲ့ သီချင်းလေး နားထောင်တာဖြစ်ဖြစ်၊ အေးအေးဆေးဆေး စာအုပ်ဖတ်တာဖြစ်ဖြစ် လုပ်ကြည့်ပါ။ 🎧📖

ဒါဟာ အချိန်ဖြုန်းတာ မဟုတ်ဘူးနော်။ နောက်တစ်နေ့အတွက် ကိုယ့်ရဲ့ "Creative Battery" ကို အားပြန်သွင်းနေတာ။ ဒီလို ကိုယ့်ရဲ့ Space လေးကို ပိုင်ပိုင်နိုင်နိုင် Manage လုပ်နိုင်တာကမှ တကယ့် Main Character Energy ပဲပေါ့။ 🕯️✨

​၃။ ရလဒ်ထက် ကိုယ့်ရဲ့ Feeling ကို ဦးစားပေးကြည့်ရအောင် ❤️

ဒီနေ့ "အလုပ်တွေ ဘယ်နှခုပြီးသွားလဲ" ဆိုတာထက် "ဒီနေ့ ငါ့စိတ်လေးရော ဘယ်လောက် အေးချမ်းခဲ့လဲ" ဆိုတာကို အရင်မေးကြည့်ပါ။ စိတ်အေးချမ်းမှသာ ရေရှည်မှာ ပိုပြီး အရည်အသွေးရှိတဲ့ Lifestyle ကို ပိုင်ဆိုင်နိုင်မှာပါ။🥰
အောင်မြင်မှုဆိုတာ သူများနဲ့ ပြိုင်ရမယ့် ပြိုင်ပွဲတစ်ခု မဟုတ်ပါဘူး။ ကိုယ့်ရဲ့ စိတ်လက်ပေါ့ပါးမှုနဲ့ အလုပ်ကြားမှာ မျှခြေညီအောင် နေထိုင်တတ်တာကမှ တကယ့် အောင်မြင်မှုအစစ်အမှန်ပါပဲ။ 🌈🌤️

​ဒီလိုမျိုး ပေါ့ပေါ့ပါးပါးနဲ့ ကိုယ့် Lifestyle အတွက် ခွန်အားဖြစ်စေမယ့် အကြောင်းအရာလေးတွေကို အပတ်စဉ် ကြာသပတေးနေ့တိုင်း ည (၇:၀၀) နာရီကနေ (၈:၀၀) နာရီကြား မှာ အမြဲတင်ပေးနေကျမို့လို့ နောက်ထပ် Content အသစ်တွေကို လက်မလွတ်ရအောင် Essential Page လေးကို Like & Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်။ ✨🚀

♦️ We are connect you with marketing
♦️We write, We design, We make you stand out

09-687086013
09-978382246
09-792602752

[email protected]



&entertainment







’s

18/02/2026

နည်းပညာလောကမှာ ဆယ်စုနှစ်တစ်ခုကြာအောင် တစ်ကမ္ဘာလုံးကို လှည့်စားထားနိုင်ခဲ့တဲ့ လျှို့ဝှက်ချက်က ဘာလဲ?🕵️‍♂️

(👩‍💻 မင်္ဂလာပါရှင်။ ကျွန်မတို့ရဲ့ အပတ်စဉ် “နည်းပညာကဏ္ဍ” ဗဟုသုတ မျှဝေမှုအပိုင်းကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ် ❤️)

📈နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ အဲ့ဒီနည်းပညာတွေအပေါ် မှားယွင်းစွာ ယုံကြည်မှုနဲ့ ကောလာဟလတွေဟာလည်း တောမီးလို ပြန့်နှံ့လာခဲ့ပါတယ်။

🙅ယုံကြည်မှု အမှားတွေထဲကမှ တချို့အချက်တွေဟာ သိပ္ပံနည်းကျ အခြေအမြစ်မရှိဘဲ ကျွန်မတို့ရဲ့ နေ့စဉ်လူနေမှုဘဝထဲမှာ အမှန်တရားတစ်ခုလို အမြစ်တွယ်နေတတ်ပါတယ်။

ဒါကြောင့် သမိုင်းတစ်လျှောက် လူအပြောအများဆုံးဖြစ်ခဲ့တဲ့ နည်းပညာ "လျှို့ဝှက်ချက်" နဲ့ "ကောလာဟလ" တွေကို ပြောပြပေးမှာဖြစ်တာကြောင့် ✨

🔎ဘယ်လို ယုံကြည်မှုအမှားတွေက ကျွန်မတို့ နေစဉ်ဘဝထဲ ဝင်ရောက်နေမလဲ ဆိုတာ အခုပဲ ဖော်ထုတ်ကြည့်ရအောင်...🪄

(၁)ဖုန်းရေဝင်ရင် ဆန်အိုးထဲထည့်ခြင်း📱🍚

ဖုန်းထဲရေဝင်တဲ့အခါ ဆန်အိုးထဲထည့်လိုက်မယ်ဆိုရင် ဆန်က ရေငွေ့တွေကို စုပ်သွားလိမ့်မယ်လို့ လူအများက ယုံကြည်ကြပါတယ်။ဒါဟာ ကမ္ဘာမှာ အကြီးမားဆုံးနဲ့ အစွဲအမြဲဆုံး နည်းပညာကောလာဟလတစ်ခုပါ။

❇️ဆန်က ရေငွေ့ကို စုပ်ယူနိုင်စွမ်းရှိတာ မှန်ပေမယ့် ဖုန်းရဲ့ အစိတ်အပိုင်းတွေထဲက ရေတွေကိုတော့ ပြောင်အောင် မစုပ်နိုင်ပါဘူး။

❇️တကယ်တမ်းကျ ဆန်ထဲက ဖုန်မှုန့်တွေနဲ့ ကစီဓာတ်တွေဟာ ဖုန်းထဲဝင်သွားပြီး ပိုလို့တောင် ပျက်စီးစေနိုင်ပါတယ်။

❇️Apple ကလည်း ဒါကို မလုပ်ဖို့ တရားဝင် သတိပေးထားပါတယ်။

(၂)Incognito Mode က သင့်ကို လုံးဝ လျှို့ဝှက်ပေးထားတယ် 🕵️‍♂️💻

Browser တွေမှာ ပါတဲ့ Incognito (သို့မဟုတ်) Private mode ကို သုံးရင် ဘယ်သူကမှ ကိုယ်ဘာကြည့်နေလဲ မသိနိုင်တော့ဘူးလို့ ထင်ကြတာပါ။

❇️Incognito mode က သင့်ရဲ့ Device ပေါ်မှာ History မကျန်အောင်ပဲ လုပ်ပေးနိုင်ပြီး

❇️ သင့်ရဲ့ အင်တာနက် ဝန်ဆောင်မှုပေးသူ (ISP)၊ သင်ရောက်နေတဲ့ Website ပိုင်ရှင်နဲ့ သင့်ရဲ့ ရုံး/ကျောင်းက Network Admin တွေကတော့ သင်ဘာကြည့်နေလဲဆိုတာကို မြင်နေရဆဲ ဖြစ်ပါတယ်။

(၃)Megapixels များလေ ကင်မရာ ကောင်းလေ 📸✨

ဖုန်းဝယ်တော့မယ်ဆိုရင် 48MP, 108MP စသဖြင့် Megapixels အများကြီးပါတာကိုပဲ လူတွေက အကောင်းဆုံးလို့ သတ်မှတ်ကြတာပါ။

❇️Megapixels ဆိုတာ ဓာတ်ပုံရဲ့ အရွယ်အစား ကိုပဲ ဆုံးဖြတ်တာပါ။

❇️ဓာတ်ပုံတစ်ပုံရဲ့ အရည်အသွေးကိုတော့ Sensor ရဲ့ အရွယ်အစား၊ Lens အရည်အသွေးနဲ့ Image Processing Software တွေကသာ အဓိက ဆုံးဖြတ်တာ ဖြစ်ပါတယ်။

(၄)ပါဝါပိတ်သွားမှ အားပြန်သွင်းသင့်တယ်🪫🔋

ဖုန်း၊ Laptop တွေရဲ့ ဘက်ထရီကို ပါဝါပိတ်တဲ့အထိ သုံးပြီးမှ အားအပြည့်သွင်းတာက ဘက်ထရီသက်တမ်းကို ပိုရှည်စေတယ်ဆိုတဲ့ အယူအဆပါ။

❇️ဒါက အရင် Nickel-based ဘက်ထရီတွေတုန်းက မှန်ခဲ့ပေမယ့် အခုခေတ်သုံး Lithium-ion ဘက်ထရီတွေအတွက်တော့ လုံးဝအမှားပါ။

❇️Lithium-ion ဘက်ထရီတွေကို 20% အောက် မကျခင် အားသွင်းတာက ဘက်ထရီသက်တမ်းကို ပိုမို ကြာရှည်စေပါတယ်။

(၅) Mac ကွန်ပျူတာတွေမှာ Virus မဝင်ဘူး🍎🛡️

Windows PC တွေမှာပဲ Virus ဝင်ပြီး Apple ရဲ့ Mac တွေမှာ Virus လုံးဝမဝင်နိုင်ဘူးလို့ ဆယ်စုနှစ်တစ်ခုစာလောက် လူတွေ ယုံကြည်ခဲ့ကြပါတယ်။

❇️ဒါဟာ လုံးဝကိုမှားယွင်းတဲ့အရာပါ။ ဘယ် Operating System မှ Virus ကင်းစင်တာရယ်လို့ မရှိပါဘူး။

❇️အရင်က Mac အသုံးနည်းလို့ Hacker တွေက Target မထားတာဖြစ်ပြီး အခုခေတ်မှာတော့ Mac တွေကို တိုက်ခိုက်မယ့် Malware နဲ့ Virus တွေ အများကြီး ရှိနေပါတယ်။

ဒီလို ကောလာဟလတွေဟာ လူအချင်းချင်း ပြောဆိုရင်းကနေပဲ အမှန်တရားတွေလိုလို ဖြစ်လာခဲ့ရတာပါ။🗣️

🧏နည်းပညာလောကမှာ "ကြားဖူးနားဝ" ထက် "သိပ္ပံနည်းကျ အချက်အလက်" တွေကို ရှာဖွေတာက သင့်ရဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းရာ ရောက်ပါတယ်ရှင်။💫

🏆 နည်းပညာဆိုတာ သိရုံတင် မလုံလောက်ဘဲ လက်တွေ့ အသုံးချတတ်ဖို့လိုသလို မှန်ကန်တဲ့အချက်အလက်တွေဖြစ်ဖို့ကလည်း ပိုအရေးကြီးပါတယ်နော်✨

👤 မိတ်ဆွေတို့ကော အရင်က ဘယ်လိုအမှားတွေ ကြုံဖူးလဲ ဆိုတာ အောက်က Comment မှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ရှင်။

💁‍♀️ ဒီလိုမျိုး ခေတ်နဲ့အညီ တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာကို မျက်ခြည်ပျက်မခံဘဲ ပိုမိုကောင်းမွန်တဲ့ ဘဝ၊ အနာဂတ်တွေ ဖန်တီးရာ အသုံးပြုနိုင်စေဖို့….

‎ကျွန်မတို့ရဲ့ 𝐄𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐏𝐚𝐠𝐞 လေးကနေ နည်းပညာအကြောင်းတွေကို အပတ်စဉ် တင်ဆက်ပေးမှာဖြစ်လို့ 𝐋𝐢𝐤𝐞 𝐚𝐧𝐝 𝐒𝐡𝐚𝐫𝐞 လုပ်ထားဖို့ကိုလည်း မမေ့ပါနဲ့ဦးနော်….✨
‎
‎♦️𝐖𝐞 𝐚𝐫𝐞 𝐜𝐨𝐧𝐧𝐞𝐜𝐭𝐢𝐧𝐠 𝐲𝐨𝐮 𝐰𝐢𝐭𝐡 𝐦𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠
‎♦️𝐖𝐞 𝐰𝐫𝐢𝐭𝐞 , 𝐖𝐞 𝐝𝐞𝐬𝐢𝐠𝐧 , 𝐖𝐞 𝐦𝐚𝐤𝐞 𝐲𝐨𝐮 𝐬𝐭𝐚𝐧𝐝 𝐨𝐮𝐭.
‎*------------------------------------------------------*
‎
‎09-687086013
‎09-978382246
‎09-792602752
‎
‎[email protected]

&Jue

17/02/2026

သင်ယုံကြည်နေတဲ့ အမှန်တရားနဲ့ တကယ့်လက်တွေ့ အမှားများ

မင်္ဂလာပါ Essential Knowledge Team ရဲ့ ကျန်းမာရေး ကဏ္ဍလေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျ။

ကျန်းမာရေးအကြောင်းဆိုရင် လူတွေက “ကြားဖူးနားဝ” ကိုပဲ ယုံပြီး လိုက်နာနေကြတာ များပါတယ်။

ဒါပေမယ့် တချို့သင်ထင်နေတဲ့ အမှန်တရား တွေက တစ်ခါတလေမှာ အမှားတွေလည်း ဖြစ်နေနိုင်ပါတယ်…

ဒီအမှားတွေထဲကမှ သင် အယုံမှားနေနိုင်တဲ့ အမှား (၃) ချက်ကို ပြောပြပေးသွားပါမယ်။

အမှား (၁)❌ “ညဘက်အစာမစားရင် ဝိတ်ကျတယ်”

ညဘက်စားတာကို ရပ်လိုက်ရင် စုစုပေါင်းကယ်လိုရီ လျော့သွားလို့ ဝိတ်ကျနိုင်တာက အမှန်ပါ။

ဒါပေမယ့် အကြောင်းရင်းက “ညဘက်” ဖြစ်နေလို့ မဟုတ်ပါဘူး။

ဝိတ်ကျဖို့ အရေးကြီးဆုံးက Calorie deficit (သင်စားတဲ့ ပမာဏထက် ပိုပြီး လောင်ကျွမ်းမှု) ဖြစ်မှ ရပါမယ်။

ဥပမာ။ ။နေ့လယ်မှာ 3,000 kcal စားပြီး ညဘက် မစားလို့ကတော့ သင့်အနေနဲ့ ဘာမှထူးခြားမှာ မဟုတ်ပါဘူး ❌

တနေ့လုံး 1,800 kcal စားပြီး ည 7 နာရီနောက်မှာ မစားတာဆိုရင်တော့ သင်ဝိတ်ကျနိုင်ပါတယ် ✔️

ဆိုလိုတာက - အချိန်ထက် ပမာဏနဲ့ စုစုပေါင်းကယ်လိုရီက ပိုအရေးကြီးပါတယ်။

🕒 ဒါဆို ညဘက်စားတာ မကောင်းဘူးလား?

အတိအကျကြီး မကောင်းနေတာတော့ မဟုတ်ပါဘူး။

ညဘက်စားရင် ဝိတ်တက်နိုင်တဲ့ အကြောင်းရင်းကတော့

အချို၊ အဆီများတဲ့ snack တွေစားဖြစ်တာ၊ ရုပ်ရှင် ကြည့်ရင်း မသိမသာ ပိုစားမိသွားတာ၊ စိတ်ဖိစီးမှုကြောင့် emotional eating ဖြစ်တာ စတာတွေကြောင့်ပဲဖြစ်ပါတယ်။

ဒါကြောင့် “ညဘက်” မှာ အစာစားတာ မစားတာထက်

ဘာစားလဲနဲ့ ဘယ်လောက်စားလဲ ပေါ်ကိုသာ ပိုပြီး ဂရုစိုက်သင့်ပါတယ်။

အမှား(၂) ❌“ချွေးထွက်များရင် အဆီကျတယ်”

ချွေးဆိုတာ ကိုယ်ခန္ဓာက အပူလျော့ချဖို့ ထုတ်ပေးတဲ့ အရည် တစ်မျိုးပါ။

အဆီလောင်ကျွမ်းတာကတော့ calorie deficit ဖြစ်မှ ရပါမယ်။

ဥပမာ။ ။တစ်နေ့ 2,200 kcal လောင်ကျွမ်းတယ် ဒါကို 1,800 kcal ပဲ စားတယ်ဆိုရင်တော့….

➡️ 400 kcal deficit ဖြစ်တယ်လို့ဆိုနိုင်ပါတယ်။

📌 ချွေးထွက်ပြီး အလေးချိန်ကျသလိုမြင်ရတာက ရေဓာတ်ဆုံးရှုံးခြင်းကြောင့်သာ ဖြစ်ပြီး

သင်သာ ရေပြန်သောက်လိုက်မယ်ဆိုရင်တော့ ကိုယ်အလေးချိန်က ပြန်ပြီး တက်လာမှာပဲ ဖြစ်ပါတယ်။

အမှား (၃)❌ “အအေးမိတာက အေးလို့ဖြစ်တာ”

အအေးမိခြင်းကို ဖြစ်စေတဲ့အရာတွေက ဗိုင်းရပ်စ် (ဥပမာ – Rhinovirus) ကြောင့်ဖြစ်ပါတယ်။

အေးတဲ့ရာသီမှာ ပိုဖြစ်ရတဲ့အကြောင်းကတော့

လူတွေ အိမ်အတွင်း နီးနီးကပ်ကပ် နေတာ ၊လေဝင်လေထွက်နည်းတာ ၊ဗိုင်းရပ်စ် တည်တံ့နိုင်ချိန် ပိုကြာတာကြောင့်ပါ။

“အေးလို့” အအေးမိတာ မဟုတ်ပါဘူး။

ဒါဆိုရင်တော့ သင်အယုံမှားနေနိုင်တဲ့ အမှန်တရားတွေကို သိသွားလောက်ပြီလို့ ထင်ပါတယ်။

အခုလိုမျိုး ကျန်းမာရေးနဲ့ ပက်သက်ပြီး ဗဟုသုတရစရာတွေကို လက်မလွတ်ရဖို့ Page လေးကို Like & Follow လုပ်သွားပါဦးနော်။

♦️ 𝐖𝐞 𝐚𝐫𝐞 𝐜𝐨𝐧𝐧𝐞𝐜𝐭𝐢𝐧𝐠 𝐲𝐨𝐮 𝐰𝐢𝐭𝐡 𝐦𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠
♦️ 𝐖𝐞 𝐰𝐫𝐢𝐭𝐞, 𝐰𝐞 𝐝𝐞𝐬𝐢𝐠𝐧, 𝐰𝐞 𝐦𝐚𝐤𝐞 𝐲𝐨𝐮 𝐬𝐭𝐚𝐧𝐝 𝐨𝐮𝐭 *------------------*-----------------*-------------------*
09-687086013
09-978382246
09-792602752

[email protected]

Photos from Essential Knowledge's post 16/02/2026

𝐄𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐀𝐠𝐞𝐧𝐜𝐲 ၏ 𝐋𝐨𝐠𝐨 ပြောင်းလဲထားမှုအားအသိပေးကြေညာခြင်း

16/02/2026

“ ရှောင်ကောကောပြည်မှာ ကျောင်းဆက်တက်ချင်သူများအတွက် “

🇨🇳China မှာ ကျောင်း ဆက်တက်ချင်တဲ့သူတွေအတွက် ဘာတွေလိုအပ်မလဲ ?

✨နိုင်ငံတကာ ကျောင်းသားအများစုရွေးချယ်ကြတဲ့ ကျောင်းတွေကတော့ ဒီကျောင်းတွေပါ ။

1.Peking University
2.Tsinghua University
3.Fudan University
4.Zhejiang University

🎓Bachelor Degree , Master Degree , PhD , Chinese Language Program တွေ ဆက်တက်နိုင်ပြီး ….

🎓ဘာသာစကား လိုအပ်ချက်အနေနဲ့ Chinese Language HSK level 4 ထိ တက်ထားမှရပါမယ်နော် ။

🎓English ကိုတော့ IELTS program အထိဆိုရပါပြီ ။

🎓Scorlarship program အနေနဲ့ တရုတ်အစိုးရ Scholarship (CSC – Chinese Government Scholarship) ရှိပါတယ်။

🎓ကြိုးစားရင် ကြိုးစားသလောက် Full scholarship ရနိုင်ပါတယ် ။

🎓Passport , Academic transcripts , HSK certificate , Recommendation letter ,Study plan , Medical check report တို့ပြည့်စုံမှ ကျောင်းလျှောက်လို့ရပါမယ် ။

🎓အဓိကအနေနဲ့ Chinese Language level HSK-4 နဲ့ IELTS band score 6 လောက်ထိရအောင် အရင်လုပ်ထားသင့်ပါတယ်နော် ။

🎓2026 မှာတော့ Bachelor တစ်ခုအရယူနိုင်ဖို့အတွက် Education ကဏ္ဍ နဲ့အတူ ပြင်ဆင်ကြရအောင်နော် ။ 🤝❤️

‎♦️𝐖𝐞 𝐚𝐫𝐞 𝐜𝐨𝐧𝐧𝐞𝐜𝐭𝐢𝐧𝐠 𝐲𝐨𝐮 𝐰𝐢𝐭𝐡 𝐦𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠
‎♦️𝐖𝐞 𝐰𝐫𝐢𝐭𝐞 , 𝐖𝐞 𝐝𝐞𝐬𝐢𝐠𝐧 , 𝐖𝐞 𝐦𝐚𝐤𝐞 𝐲𝐨𝐮 𝐬𝐭𝐚𝐧𝐝 𝐨𝐮𝐭.
‎*------------------------------------------------------*
‎
‎09-687086013
‎09-978382246
‎09-792602752
‎
‎[email protected]



university

13/02/2026

🎭 လူတွေမမြင်ရတဲ့ ကွယ်ရာမှာ "သင်ဟာ ဘယ်လိုလူမျိုးလဲ?"

(Essential Knowledge by Olivia & Jue ကနေ ဒီနေ့အတွက် ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်ဖို့ စာလေး လာပို့တာပါ! လူအများရှေ့မှာ တော်ပြနေတာထက် တစ်ယောက်တည်းရှိချိန်မှာ ဘာတွေလုပ်နေလဲဆိုတာက ပိုအရေးကြီးပါတယ်နော်!) 🕵️‍♂️

လူတွေရှေ့မှာတော့ အားလုံးက အကောင်းဆုံးပုံစံမျိုး ပြတတ်ကြပါတယ်။ ဒါပေမဲ့ တကယ့် "စစ်မှန်တဲ့ ကိုယ်ရည်ကိုယ်သွေး" ဆိုတာ ဘယ်သူမှ စောင့်ကြည့်မနေတဲ့အချိန်၊ ဘယ်သူ့ကိုမှ သက်သေပြစရာ မလိုတဲ့အချိန်မှာ ပြုမူတဲ့ အမူအကျင့်တွေပဲ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ လုပ်တဲ့အရာကမှ သင့်ရဲ့ တကယ့်တန်ဖိုး အစစ်အမှန်ပါပဲ။ 🕯️

💡 စိတ်ဓာတ်ကောင်းသူတစ်ယောက်ဖြစ်ဖို့ ရိုးရှင်းတဲ့အချက် (၃) ခု

၁။ "လူသိဖို့" ထက် "စိတ်သန့်ဖို့" ကို အရင်ကြည့်ပါ 💎

နာမည်ကြီးဖို့ထက် ကိုယ့်စိတ်ကိုယ် သိက္ခာရှိဖို့က ပိုအရေးကြီးပါတယ်။ လူရှေ့မှာ ဘယ်လောက်ပဲ ကောင်းပြနေပါစေ၊ ကွယ်ရာမှာ ကိုယ့်ရဲ့ စည်းကမ်းတွေကို ချိုးဖောက်နေမယ်ဆိုရင် အဲဒီကောင်းကွက်တွေက အတုအယောင်ပဲ ဖြစ်ပါလိမ့်မယ်။ ဘယ်သူမှ မမြင်ပေမယ့် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်တဲ့အခါ ရှက်စရာမရှိဖို့က အဓိကပါပဲ။ 🛡️

၂။ အသေးအဖွဲ ကိစ္စလေးတွေမှာတောင် "ရိုးသားပါ" ⚖️

ဘယ်သူမှ မသိနိုင်တဲ့ အမှားအသေးလေးတွေကို ရှောင်တာ၊ ဘယ်သူမှ ခိုင်းမထားတဲ့ အလုပ်လေးတွေကို စေတနာပါပါ လုပ်ပေးတာမျိုးက သင့်ရဲ့ စိတ်ဓာတ်ခိုင်မာမှုကို ပြတာပါ။ အသေးအဖွဲလေးတွေမှာတောင် မရိုးသားရင် ကြီးမားတဲ့ကိစ္စတွေ ရောက်လာတဲ့အခါ ယိုင်လဲသွားတတ်ပါတယ်။ တကယ့်လူတော်ဆိုတာ ဘယ်သူမှ မကြည့်တဲ့အချိန်မှာတောင် မှန်တာကိုပဲ လုပ်တာပါ။ ✅

၃။ "ကိုယ့်ကိုယ်ကိုယ် လေးစားတာ" က အကြီးမားဆုံး အောင်မြင်မှုပါ ✨

သူများက လာချီးမွမ်းတာကို ထိုင်စောင့်နေရတာထက်၊ ကိုယ့်လုပ်ရပ်အပေါ် ကိုယ့်ဘာသာ ကျေနပ်နေတာက ပိုပြီး စိတ်အေးချမ်းရပါတယ်။ တစ်ယောက်တည်း ရှိနေချိန်မှာတောင် မှန်မှန်ကန်ကန် နေထိုင်တတ်ရင် သင့်မှာ ဘယ်သူကမှ လုယူလို့မရတဲ့ "ကိုယ်ပိုင်ယုံကြည်မှု" ရှိလာပါလိမ့်မယ်။ အဲဒီခိုင်မာတဲ့ စိတ်ဓာတ်ကပဲ သင့်ကို ဘဝရဲ့ အခက်အခဲတွေကြားမှာ မလဲအောင် ထိန်းပေးမှာပါ။ 🏆

"ဘယ်သူမှ မကြည့်တဲ့အခါ သင်လုပ်တဲ့အရာက သင့်ရဲ့ စရိုက်အစစ်အမှန်ကို ဖော်ပြနေတာပါ။" 👤

ဒီနေ့ကစပြီး လူရှေ့မှာတင် မဟုတ်ဘဲ တစ်ယောက်တည်း ရှိနေချိန်မှာပါ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနိုင်တဲ့ လူတစ်ယောက်အဖြစ် နေထိုင်ကြည့်ရအောင်လား! 🚀🔥

Essential Knowledge by Olivia & Jue page ကနေ နေ့စဉ်လိုအပ်တဲ့ ခွန်အားဖြစ်စာတွေ ဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ Like and Follow လေးလုပ်ပြီး မိတ်ဆွေတွေကိုလည်း မျှဝေပေးဖို့ မမေ့နဲ့ဦးနော်။

♦️𝐖𝐞 𝐚𝐫𝐞 𝐜𝐨𝐧𝐧𝐞𝐜𝐭𝐢𝐧𝐠 𝐲𝐨𝐮 𝐰𝐢𝐭𝐡 𝐦𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠
♦️ 𝐖𝐞 𝐰𝐫𝐢𝐭𝐞, 𝐰𝐞 𝐝𝐞𝐬𝐢𝐠𝐧, 𝐰𝐞 𝐦𝐚𝐤𝐞 𝐲𝐨𝐮 𝐬𝐭𝐚𝐧𝐝 𝐨𝐮𝐭

ဆက်သွယ်ရန်
09-687086013
09-978382246
09-792602752

[email protected]

13/02/2026

🇲🇲 “ဖေဖော်ဝါရီ ၁၃ – သမိုင်းကို မွေးဖွားခဲ့တဲ့ နေ့” 🇲🇲

✨ယနေ့ဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးသမိုင်းမှာ အလွန်အရေးပါတဲ့ နေ့တစ်နေ့ပါ။

✨၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ နတ်မောက်မြို့တွင် မွေးဖွားခဲ့သူကတော့ နိုင်ငံတော်၏ ဖခင်ကြီးလို့ ဂုဏ်ပြုခေါ်ဝေါ်ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ပါတယ်။

✨သူဟာ လူငယ်ဘဝကတည်းက နိုင်ငံချစ်စိတ် ပြင်းထန်ခဲ့ပြီး လွတ်လပ်ရေးရရှိဖို့အတွက် စွမ်းအားအပြည့်နဲ့ တိုက်ပွဲဝင်ခဲ့သူပါ။

✨သူ့ရဲ့ သတ္တိ၊ ဦးဆောင်နိုင်မှုနဲ့ အနာဂတ်မြန်မာနိုင်ငံအတွက် မျှော်မှန်းချက်တွေဟာ ယနေ့ထိ လူမျိုးစုအားလုံးရဲ့ စိတ်ထဲမှာ အားထားရာအလင်းတန်းတစ်စင်းလို တောက်ပနေဆဲ ဖြစ်ပါတယ်။

✨ဖေဖော်ဝါရီ ၁၃ ရက်နေ့ကိုလည်း “ကလေးများနေ့ “အဖြစ် သတ်မှတ်ထားပြီး အနာဂတ်မျိုးဆက်သစ်တွေကို အားပေးသည့် နေ့တစ်နေ့အဖြစ် ကျင်းပကြပါတယ်။

✨ဒါဟာလည်း ဗိုလ်ချုပ်ရဲ့ လူငယ်များအပေါ် မျှော်လင့်ချက်နဲ့ အနာဂတ်အမြင်ကို ပြန်လည်သတိရစေတဲ့ အဓိပ္ပါယ်ရှိတဲ့ နေ့တစ်နေ့ပါ။

ယနေ့မှာတော့ သူ့ရဲ့ စိတ်ဓာတ်၊ အားမာန်နဲ့ နိုင်ငံချစ်စိတ်သည် ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝထဲမှာ ဆက်လက်ရှင်သန်စေနေဆဲပါ ။ 🇲🇲✨

♦️ 𝐖𝐞 are 𝐜𝐨𝐧𝐧𝐞𝐜𝐭𝐢𝐧𝐠 𝐲𝐨𝐮 𝐰𝐢𝐭𝐡 𝐦𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠
♦️ 𝐖𝐞 𝐰𝐫𝐢𝐭𝐞, 𝐰𝐞 𝐝𝐞𝐬𝐢𝐠𝐧, 𝐰𝐞 𝐦𝐚𝐤𝐞 𝐲𝐨𝐮 𝐬𝐭𝐚𝐧𝐝 𝐨𝐮𝐭 *------------------*-----------------*-------------------*
09-687086013
09-978382246
09-792602752

[email protected]

12/02/2026

🇲🇲 ပင်လုံကစခဲ့တဲ့ တို့ပြည်ထောင်စု (၇၉) နှစ်မြောက် 🇲🇲

မင်္ဂလာပါရှင်။ ဒီနေ့ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ဟာ Olivia တို့ မြန်မာနိုင်ငံသားအားလုံးအတွက် အနှစ်သာရရှိလှတဲ့ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ ပဲ ဖြစ်ပါတယ်။

​ဒီနေ့ဟာ လွန်ခဲ့တဲ့ ၁၉၄၇ ခုနှစ်တုန်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ပင်လုံမြို့မှာ တွေ့ဆုံပြီး "ပင်လုံစာချုပ်" ကို လက်မှတ်ရေးထိုးခဲ့ကြတဲ့ နေ့ထူးနေ့မြတ်နေ့တစ်နေ့ပါပဲ။ "သွေးချင်းညီအစ်ကိုတွေ အတူတူလက်တွဲပြီး လွတ်လပ်ရေးယူမယ်" ဆိုတဲ့ အဆိုပါ သန္နိဋ္ဌာန်ကနေ ဒီနေ့ရဲ့ ပြည်ထောင်စုကြီး ဖြစ်တည်လာခဲ့တာပါ။

​ဒါကြောင့် .. "သမိုင်းဝင် ပင်လုံစာချုပ်ကနေ စတင်ခဲ့တဲ့ စည်းလုံးညီညွတ်မှု အင်အားတွေဟာ ဒီနေ့ ၂၀၂၆ ခုနှစ်မှာ (၇၉) နှစ်တိုင်တိုင် ခိုင်မြဲခဲ့ပါပြီ။

Olivia တို့ရဲ့ ​Essential page အဖွဲ့ဝင်တွေ အနေနဲ့လည်း ဒီနေ့မှာ ကျရောက်တဲ့ ပြည်ထောင်စုနေ့ကို ဂုဏ်ပြုရင်း... မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး စိတ်အေးချမ်းသာစွာနဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေကို အတူတကွ လက်တွဲထုဆစ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။"

♦️ 𝐖𝐞 are 𝐜𝐨𝐧𝐧𝐞𝐜𝐭𝐢𝐧𝐠 𝐲𝐨𝐮 𝐰𝐢𝐭𝐡 𝐦𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠
♦️ 𝐖𝐞 𝐰𝐫𝐢𝐭𝐞, 𝐰𝐞 𝐝𝐞𝐬𝐢𝐠𝐧, 𝐰𝐞 𝐦𝐚𝐤𝐞 𝐲𝐨𝐮 𝐬𝐭𝐚𝐧𝐝 𝐨𝐮𝐭 *------------------*-----------------*-------------------*
09-687086013
09-978382246
09-792602752

[email protected]

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Address

Yangon South Dagon
Yangon