YGN Time

YGN Time

Share

ပုံပြင်တွေနဲ့ ဖန်တီးထားတဲ့ အချိန်နာရီများ
(Stories behind the Watch)

22/02/2026

AI ခေတ်မှာ နာရီပတ်နေသေးတာလား

ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေဟာ Screen တွေ၊
Notification တွေကြားမှာ နစ်မွန်းနေခဲ့တာ ကြာပါပြီ
အချိန်ကြည့်ဖို့ ဖုန်းကို ဖွင့်လိုက်တိုင်း
တခြား App တွေဆီ ရောက်သွားပြီး အချိန်တွေ
အလဟဿ ကုန်သွားတတ်တာ ကျွန်တော်တို့အားလုံး ကြုံဖူးကြမှာပါ
Smartwatch တွေကလည်း Notification တွေနဲ့
ကျွန်တော်တို့ကို ဒီဒီဂျစ်တယ်လောကကြီးထဲမှာပဲ
အမြဲရှိနေအောင် ချုပ်နှောင်ထားသလို ဖြစ်နေပါတယ်

ဒါကြောင့်ပဲ ကျွန်တော်ကတော့ အခုနောက်ပိုင်း
Mechanical/Analog Watch တွေဘက်ကို ပိုပြီး စိတ်ညွတ်လာမိပါတယ်

၁။ Single-Purpose Tool ရဲ့ အားသာချက်
ကျွန်တော်တို့ဆီမှာ iPhone 15 လိုမျိုး
အရာအားလုံး လုပ်နိုင်တဲ့ Device တွေ ရှိနေပေမဲ့၊
ဓာတ်ပုံရိုက်ဖို့ဆိုရင် Sony a6400 လို Camera သီးသန့်ကိုပဲ သုံးချင်ကြတယ်။
အလားတူပါပဲ၊ နာရီဆိုတာလည်း အချိန်ကြည့်ဖို့ဆိုတဲ့
Single-purpose အတွက်ပဲ ဖြစ်သင့်ပါတယ်။

Analog နာရီတစ်လုံးကို ပတ်ထားတဲ့အခါ ဒီဂျစ်တယ်ဆူညံသံ (Digital Noise) တွေကြားကနေ လွတ်မြောက်သွားပြီး ငြိမ်းချမ်းတဲ့ ခံစားချက်ကို ရစေပါတယ်။ နာရီကို ငုံ့ကြည့်လိုက်တဲ့အခါ တခြား ဘာအနှောင့်အယှက်မှ မရှိဘဲ "အချိန်" ကိုပဲ တည့်တည့်မတ်မတ် အာရုံစိုက်ခွင့်ရတာဟာ ဒီခေတ်ကြီးမှာ တကယ့်ကို တန်ဖိုးရှိတဲ့ အခိုက်အတန့်ပါ။

၂။ ဘက်ထရီကျွေးရတာထက် "နှလုံးခုန်နေတာ" ကို ပိုနှစ်သက်ခြင်း
Smart Device တွေဟာ ၁ နှစ်၊ ၂ နှစ် ကြာရင် ခေတ်နောက်ကျသွားပြီး အသုံးမဝင်တော့တာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ Mechanical နာရီတွေကတော့ ဆယ်စုနှစ်နဲ့ချီပြီး သားစဉ်မြေးဆက် လက်ဆင့်ကမ်းသွားလို့ ရတဲ့အထိ ခိုင်မြဲပါတယ်။

Smartwatch တွေက အမြဲတမ်း အားသွင်း (ဘက်ထရီ ထမင်းကျွေး) နေရပေမဲ့၊ Mechanical နာရီထဲက စက်သွားလေးတွေ လည်ပတ်နေတာကတော့ လူတစ်ယောက်ရဲ့ နှလုံးခုန်သံလိုမျိုး "အသက်ရှိနေတယ်" လို့ ခံစားရစေပါတယ်။ အမြဲတမ်း အားသွင်းစရာမလိုဘဲ စက်မှုအတတ်ပညာနဲ့ လည်ပတ်နေတဲ့ အလှတရားက တကယ့်ကို အရသာရှိပါတယ်။

၃။ အချိန်ကို စီမံခန့်ခွဲသူ ဖြစ်လာခြင်း
မြန်ဆန်လွန်းတဲ့ ဒီဂျစ်တယ်ခေတ်ကြီးထဲမှာ
Analog နာရီလေးကို ကြည့်လိုက်တာက
ကျွန်တော်တို့ရဲ့ အချိန်တွေကို နှေးသွားစေသလို
ခံစားရစေပါတယ်။ နာရီတစ်လုံးကို ပတ်ထားခြင်းအားဖြင့်
ကျွန်တော်တို့ဟာ ဒီဂျစ်တယ်လောကရဲ့ ကျွန် မဟုတ်တော့ဘဲ၊
ကိုယ့်ရဲ့ အချိန်ကို ကိုယ်တိုင် ပိုင်ဆိုင်ပြီး စီမံခန့်ခွဲသူ (Owner of our time) ဖြစ်လာတာပါ။

ကျွန်တော့်မိတ်ဆွေကရော ဘယ်နာရီကိုပတ်ထားလဲ
ကိုယ့်ကို ဒီဂျစ်တယ်ကမ္ဘာထဲမှာပဲ ပိတ်လှောင်ထားမယ့်အရာလား?
ဒါမှမဟုတ် အချိန်ရဲ့ တန်ဖိုးကို အစစ်အမှန် ခံစားရစေမယ့် အရာလား?
မိတ်ဆွေတို့ရဲ့ အမြင်ကိုလည်း Comment မှာ ပြောပြသွားပါအုံး

21/02/2026

ယောက်ျားစစ်စစ်တွေက နာရီမဝတ်ဘူးဆိုတာ

20/02/2026

F-91W in Bagan

11/01/2026

Bill Gates ကနာရီဝယ်ဖို့ ၃ သိန်းပဲ တတ်နိုင်တာလား

ဒီမေးခွန်းက ရယ်စရာတော့ ကောင်းပါတယ်
သူ့ပိုင်ဆိုင်မှုက ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်
သူသာလိုချင်ရင်
Rolex နဲ့ Patek Philippe ကအရှားပါးဆုံး Model တွေကို
တစ်နေ့ တစ်လုံး လဲဝတ်ရင်တောင် သူ့ပိုက်ဆံက ပဲ့သွားမှာ မဟုတ်ဘူး

ဒါပေမဲ့... သူ့လက်ကောက်ဝတ်မှာ အမြဲတမ်းတွေ့ရတာ
Casio Duro (MDV-106)
မြန်မာငွေ (၃) သိန်းခွဲလောက် အရုပ်လို နာရီလေး

ဘာကြောင့်လဲ?

− သူက နာရီရဲ့ "ကျွန်" မဟုတ်ဘူး
Rolex ဝတ်ထားရင် အစင်းရာထင်မှာ ကြောက်ရတယ်
ပျောက်မှာ ကြောက်ရတယ်
Bill Gates အတွက် နာရီဆိုတာ သူ့အချိန်ကို ပြပေးရမယ့် အရာပဲ
သူ့ကို ဒုက္ခပေးမယ့်အရာ မဟုတ်ဘူး။

− တန်ဖိုးဆိုတာ လူမှာပဲ ရှိတယ်
တချို့က နာရီဈေးကြီးမှ လူရာဝင်မယ်လို့ ထင်ကြတယ်
သူကတော့ ပြောင်းပြန်တွေးတယ်
"ငါဝတ်လိုက်ရင် ဒီနာရီက တန်ဖိုးတက်သွားမှာ" ဆိုတဲ့ ယုံကြည်မှု။

(၃) သိန်းခွဲတန်ပဲ ဝတ်ဝတ်၊ (၃) ထောင်တန်ပဲ ဝတ်ဝတ်
Bill Gates က Bill Gates ပါပဲ။

− သူဌေးအစစ်တွေက မကြွားဘူး
တကယ်ပြည့်ဝနေတဲ့ စပါးနှံတွေက ခေါင်းငုံ့တယ်တဲ့
သူများအထင်ကြီးခံရဖို့၊ Show Off လုပ်ဖို့ သူတို့ စိတ်မဝင်စားတော့ဘူး
သူတို့ စိတ်ဝင်စားတာ "Productivity" (အလုပ်တွင်ဖို့) တစ်ခုတည်းပဲ။

ကိုယ်က Patek တွေ Rolex တွေ မဝတ်နိုင်လို့ အားငယ်စရာ မလိုပါဘူး
Bill Gates တောင်မှ သူ့စိတ်ကြိုက်
ရွေးချယ်ခွင့်ရှိတဲ့အချိန်မှာ Casio ကိုပဲ ရွေးခဲ့ပါသေးတယ်။

ကိုယ့်လက်မှာ ဝတ်ထားတာ (၃) သိန်းခွဲတန်ပဲ ဖြစ်ဖြစ်
အဓိကက အဲ့ဒီနာရီကို ဝတ်ထားတဲ့ "လူ" ရဲ့ တန်ဖိုးက ဘယ်လောက်ရှိလဲ ဆိုတာပါပဲ။

နာရီက ခင်ဗျားကို တန်ဖိုးသတ်မှတ်တာ မဟုတ်ဘူး
ခင်ဗျားက နာရီကို တန်ဖိုးသတ်မှတ်ပေးရမှာပါ

10/01/2026

လက်ကောက်ဝတ်ပေါ်က နာရီလား ဒါမှမဟုတ် လက်ထိပ်လား

Smartwatch ဝတ်ထားတဲ့သူတွေ စိတ်ဆိုးချင်လဲဆိုးပါ
အမှန်တရားတစ်ခုကို ပြောပြချင်လို့

ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် "Smart" ဖြစ်တယ် ထင်နေတာလား?
တကယ်တမ်းကျတော့ ခင်ဗျားက သူ့ရဲ့ "Slave ကျွန်" ဖြစ်နေတာ

− Notification ဆိုတဲ့ "သံကြိုး"
အရင်တုန်းက ဖုန်း အိတ်ကပ်ထဲရှိရင် လွတ်လပ်သေးတယ်
အခုတော့ Message ဝင်တိုင်း၊ Noti ဝင်တိုင်း
ခင်ဗျားလက်ကောက်ဝတ်က တုန်ပြီ

သခင်က လှမ်းခေါ်ရင် တုန်ပြရတဲ့ ဒီဂျစ်တယ် သံကြိုးတစ်ခုလိုပဲ
ခင်ဗျား အချိန်ကို သိတာမဟုတ်ဘူး
အမိန့်နာခံနေရတာ။

− Battery ဆိုတဲ့ "ထမင်းခွက်"
G-Shock တစ်လုံးက ဘက်ထရီ ၁၀ နှစ် ခံတယ်
Automatic နာရီတစ်လုံးက ခင်ဗျား လှုပ်ရှားနေသရွေ့ ရှင်သန်တယ်။

Smartwatch ကတော့ ညရောက်တိုင်း အားသွင်းကြိုး လိုက်ရှာရတယ်
သူ့ကို အစာမကျွေးရင် နောက်နေ့ သူသေပြီ
ခင်ဗျားက နာရီပိုင်ရှင် မဟုတ်ဘူး
သူ့ကိုပြုစုစောင့်ရှောက်ရတဲ့သူဖြစ်နေတာ။

နာရီဆိုတာ ကိုယ့်ကို "အချိန်" ပေးရမယ်
"ဒုက္ခ" မပေးရဘူး။

Notification တွေ ပိတ်ပြီး
ရိုးရိုးလက်တံနာရီလေး ပြောင်းဝတ်ကြည့်လိုက်ပါဗျာ

"လွတ်လပ်ခြင်း" ဆိုတာ ဘာလဲ
ပြန်ခံစားရလိမ့်မယ်။

YGN Time

08/01/2026

"ပိုက်ဆံတွေ ပေါလွန်းလို့ လွှင့်ပစ်ချင်နေတာလား"
ဒါဆိုရင်တော့ Gucci နာရီ ဝယ်လိုက်ပါ

ကိုယ့်ကိုယ်ကိုယ်ထင်နေတာက Gucci တို့
Armani တို့ ဝတ်ထားရင် RK လိုလို၊ "High Class" လိုလိုပေါ့
တကယ်တမ်း နာရီသမားတွေရဲ့ မျက်လုံးထဲမှာတော့
မင်းက Fashion သားကောင် သက်သက်ပဲ

အမှန်တရားက ခါးတယ်
ဒေါ်လာ (၅၀၀) ပေးဝယ်လိုက်တဲ့ နာရီမှာ
Logo တန်ဖိုးက ဒေါ်လာ (၄၉၀)
အတွင်းက နာရီစက်က (၁၀) ဒေါ်လာတန် အပေါစား

သူတို့က အင်္ကျီချုပ်တဲ့ ကုမ္ပဏီတွေ
နာရီလုပ်တဲ့သူတွေ မဟုတ်ဘူး
မင်းရဲ့ "မသိနားမလည်မှု" ကို Logo တစ်ခုကပ်ပြီး
ဈေးကြီးကြီးနဲ့ ရောင်းစားသွားတာ

တကယ်တမ်း ကိုယ့်ပိုက်ဆံကို တန်ဖိုးထားရင်
Seiko Tissot G-Shock ဝယ် သမိုင်းကို ဝယ်ပါ Quality ကို ဝယ်။

Logo ကို မဝယ်ပါနဲ့
သူများမြှောက်ပေးတိုင်း ခံရတဲ့ "သားကောင်" မဖြစ်စေပါနဲ့။

07/01/2026

အိတ်ထဲမှာ ဖုန်းရှိနေတာပဲ
နာရီပတ်ဖို့ လိုသေးလို့လား

သတိထားမိလား
ဖုန်း Screen ကို ဖွင့်လိုက်တာနဲ့ ခင်ဗျားမြင်ရတာ "အချိန်" တစ်ခုတည်း မဟုတ်ဘူး

Messenger က အသံတွေ
Facebook က Drama တွေ၊ သူများကိစ္စတွေ
အချိန်လေး သိချင်ရုံနဲ့ ဖုန်းထုတ်ကြည့်လိုက်ကာမှ ကိုယ့်ရဲ့ "Focus" ပါ အခိုးခံလိုက်ရရော။

လက်ပတ်နာရီကတော့ မတူဘူး
သူ့ကို ငုံ့ကြည့်လိုက်ရင် သူက "အချိန်" တစ်ခုတည်းကိုပဲ ပေးတယ်
ဘာ Notification မှ မပါဘူး၊ ဘာ Drama မှ မပါဘူး။
( Smart Watch တွေမပါ )

ဖုန်းကြည့်တယ်ဆိုတာ Technology ရဲ့ အစေခံ လုပ်နေတာ
နာရီကြည့်တယ်ဆိုတာ ကိုယ့်အချိန်ကို ကိုယ်ပြန်ပိုင်စိုးတာ

ဒါကြောင့် နာရီဝတ်တယ်
အချိန်ကြည့်ဖို့ သက်သက် မဟုတ်ဘူး
ကျွန်တော့်ရဲ့ "Focus" ကို ပြန်လိုချင်လို့

31/12/2025

၂၀၂၅ ရဲ့ နောက်ဆုံးစာရွက်ကို ခွာလိုက်တယ်
၂၀၂၆ ကို ချိတ်လိုက်တယ် စက္ကန့်ပိုင်းပဲ ကြာတယ်။ လွယ်ပါတယ်။

ဒါပေမဲ့ ရင်ထဲမှာ မလွယ်ကူတဲ့ ကိစ္စတစ်ခု ရှိတယ်။
"လူတွေ"

ပြန်စဉ်းစားကြည့်ရင် နှစ်စတုန်းက
ကိုယ်နဲ့အတူ ရှိနေခဲ့တဲ့ လူတချို့၊
အခု နှစ်ကုန်တဲ့အချိန်မှာ ပါမလာတော့ဘူး။

တချို့က နေရာဒေသတွေ ဝေးသွားကြတယ်
တချို့ကျတော့ ဘယ်တော့မှ ပြန်မဆုံနိုင်တော့တဲ့
နေရာတစ်ခုကို ထွက်ခွာသွားကြတယ်။

"နောက်နှစ်ကျရင် ဆုံကြမယ်နော်"
ဒီစကားက တချို့လူတွေအတွက်တော့
ဘယ်တော့မှ တည်မယ့်ကတိ မဟုတ်တော့ဘူး။

နှစ်သစ်ကူးဆိုတာ ပျော်ပွဲရွှင်ပွဲသက်သက် မဟုတ်ပါဘူး
ဘေးနားမှာ ကျန်ရစ်နေသေးတဲ့ သူတွေကို
တန်ဖိုးထားဖို့ သတိပေးတဲ့ ခေါင်းလောင်းသံပါ။

ကမ္ဘာပေါ်မှာ အတိကျဆုံး နာရီကတောင်
ကုန်ဆုံးသွားတဲ့ တစ်စက္ကန့်ကို ပြန်ခေါ်ပေးလို့ မရပါဘူး။

ဒါကြောင့် လာမဲ့ နှစ်သစ်မှာ ပိုက်ဆံတွေ အများကြီး ရှာနိုင်တာထက်၊
ရှိနေတဲ့သူတွေကို "ချစ်တယ်" လို့ ပြောနိုင်ဖို့ လိုတယ်။

အလုပ်တွေ ဘယ်လောက်ရှုပ်ရှုပ် မိဘတွေကို စကားပြောဖို့ အချိန်ဖဲ့ပါ
"အားမှတွေ့မယ်" ဆိုပြီး ရွှေ့နေမယ့်အစား၊
ရတုန်းခဏလေး ဝင်တွေ့လိုက်ပါ။

ဘာလို့လဲဆိုတော့ နာရီလက်တံတွေက
ဘယ်တော့မှ နောက်ပြန်မလှည့်လို့ပါပဲ။

Happy New Year ပါ
ရှိနေတဲ့ အချိန်လေးမှာ ရှိနေတဲ့ လူတွေကို တန်ဖိုးထားနိုင်ကြပါစေ

27/12/2025

တစ်နှစ်လုံးဝတ်ခဲ့တဲ့ နာရီကို ပြန်ထုတ်ကြည့်လိုက်

ဘောင်ပေါ်မှာ အစင်းရာတွေ
မှန်သားပေါ်မှာ ခြစ်ရာတွေ
ဆိုင်ကဝယ်လာတုန်းကလို မဟုတ်တော့ဘူး။

ဒါပေမဲ့ ခြစ်ရာ ဆိုတာ အတွေ့အကြုံပဲ
ခြစ်ရာမရှိတဲ့ နာရီတစ်လုံး ပိုင်ဆိုင်ထားတာကမှ
ရှက်စရာကောင်းတာ
အဲဒါ တစ်နှစ်လုံး ဘာမှမလုပ်ခဲ့ဘူးဆိုတဲ့ သက်သေ။

ပြန်စဉ်းစားကြည့်ရင်
ဒီနှစ် ဇန်နဝါရီတုန်းက ဒီနာရီကို စဝတ်တဲ့ "ခင်ဗျား" နဲ့
အခု ဒီဇင်ဘာမှာ ဒီနာရီကို ပြန်ကိုင်ထားတဲ့ "ခင်ဗျား"... တူမှမတူတော့တာ။

အလုပ်တွေကြားထဲ ပြာယာခတ်ခဲ့တာတွေ
ဒေါသထွက်ပြီး ဘဝကြီးကို လက်သီးနဲ့ ထိုးချင်ခဲ့တာတွေ
အရာအားလုံးက နာရီပေါ်မှာ ကျန်ခဲ့တယ်။

နာရီရော၊ လူရော ခြစ်ရာပွန်းရာရှိမှ ပိုလှတာ
အသစ်အတိုင်း ကျန်နေတယ်ဆိုရင် ခင်ဗျား ဘာမှမလုပ်ခဲ့လို့ပဲ။

Respect to all Survivors of 2025.

25/12/2025

ဒီမနက် နိုးလာတော့ ခေါင်းရင်းမှာ Rolex တစ်လုံး
အိပ်မက်မက်နေတာဆိုရင်တော့ ပြန်အိပ်လိုက်ပါအုံး
Santa ဆိုတာ ကလေးတွေအတွက်ပဲ ရှိတာပါ။

လူကြီးဖြစ်လာရင်တော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ်လက်ဆောင်ပေးရတဲ့
ဘဝတူတွေက ပိုများပါတယ်

တကယ်တမ်းကျတော့
အကောင်းဆုံးလက်ဆောင်က "နာရီ" မဟုတ်ပါဘူး။

နာရီဆိုတာ ငွေရှိရင် ဆိုင်မှာ သွားဝယ်လို့ရတယ်
မိသားစုနဲ့ အတူကုန်ဆုံးခွင့်ရတဲ့ "အချိန်" ကတော့
ဘယ်ဆိုင်မှာမှ ဝယ်လို့ မရပါဘူး။

Merry Christmas ပါ
လက်ကောက်ဝတ်မှာ နာရီမရှိရင်နေပါစေ၊
ဘေးနားမှာ ချစ်ရတဲ့လူတွေ ရှိနေသေးရင် အဆင်ပြေပါတယ်။

Want your business to be the top-listed Jewelery/watch Store in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon